အခန်း (၂၂-၂၄)
Vol. 2 Ch. 22-24
အပိုင်း ( 22 )
မင်းကိုယ်မင်း အောင်နိုင်သူလို့ ထင်နေတယ်ပေါ့လေ၊ ဒါပင်မဲ့ ငါမရှုံးဘူးကွ
လုချန်ရှန်းနှင့် နင့်ယုရှင်းတို့မှာ မြို့အတွင်းတွင် လမ်းပတ်လျှောက်နေလျက်ရှိသည်။
ဘေးတစ်ဖက်တွင် ရှိနေသည့် နင့်ယုရှင်းသည် အချိန်အတော်ကြာ တွန့်ဆုတ်တွန့်ဆုတ် ဖြစ်နေခဲ့ပြီးမှ စကားစပြောလာခဲ့သည်။
“ စီနီယာအစ်ကိုလု၊ ကျွန်မဆီမှာ ဝိညာဥ်ကျောက်တုံး တစ်ချို့ ရှိနေသေးတယ်လေ။ တကယ်လို့ အဲ့တာကို လိုချင်တယ်ဆိုရင်၊ နင်ဝယ်လိုက်သင့်တယ်လေ “
လုချန်ရှန်းသည် သူမကို ပြန်လှည့်ကြည့်လာခဲ့သည်၊ ဒေါသနှင့် နောင်တတို့မှာ သူ၏မျက်နှာပေါ်မှ လုံးဝပျောက်ကွယ်သွားပြီဖြစ်ပြီး၊ သူသည် ယခင်ကကဲ့သို့ အေးဆေးတည်ငြိမ်နေခဲ့ပြီ ဖြစ်သည်။
“ တစ်ထောင်လောက်ပဲ တန်တဲ့ ပစ္စည်းတစ်ခုပေါ်မှာ တစ်သောင်းသုံးချင်နေတယ်ဆိုပေါ့၊ နင့်ဦးနှောက်က မှိုတက်သွားတာလား “
“ ဒါပင်မဲ့ အဲ့တာက ကြက်သွေးရောင် ဖီးနစ်မြက်လို့ ရှင်ပြောခဲ့တယ် မဟုတ်ဘူးလား။ ပြီးတော့ ဘိုးဘေးက အဲ့တာကို လိုချင်နေတယ်ဆို။ တကယ်လို့ အဲ့တာကို မယူသွားနိုင်ဘူးဆိုရင် …….. “
“ ဘိုးဘေးလား “ လုချန်ရှန်းသည် မျက်မှောင်ကြုတ်ကာ စကားပြန်ပြောလာခဲ့သည် “ ငါ့ရဲ့ အဆင့်အတန်းလေးနဲ့ဆိုရင်၊ ငါက ဘိုးဘေးနဲ့ ဘယ်လိုလုပ် အဆက်အသွယ်လုပ်နိုင်မှာလဲဟ “
“ အဲ့တာက …… “
ဤအချိန်တွင် နင့်ယုရှင်းသည် လုချန်ရှန်းက တစ်ဖက်လူ ကြားသွားစေရန်အတွက် တမင်သက်သက် အသံပို့လွှတ်ခဲ့သည်ဆိုသည်ကို နားလည်သွားခဲ့သည်။
၎င်းကို တွေးမိသွားသောအခါတွင် သူမသည် သူ့ကို ထပ်မံ၍ ငေးကြည့်မိသွားခဲ့သည်၊ သူမသည် ဤလူက အနည်းငယ် ဉာဏ်များသည်ဟု ရုတ်တရက် ခံစားသွားခဲ့ရသည်။
သို့သော် သူမသည် မအောင့်ထားနိုင်တော့ဘဲ၊ မေးမြန်းလာခဲ့သည် “ ဒါပင်မဲ့ ရှင်က ကြက်သွေးရောင် ဝိညာဥ်မြက်ကို လိုချင်နေတယ်ဆိုတာ သေချာတယ်လေ၊ အခုက အဲ့တာကို မလိုချင်တော့ဘူးလား “
လုချန်ရှန်းသည် တဟားဟားရယ်မောနေတော့သည်။ သို့သော် မည်သည့်စကားမှ ပြန်မပြောလိုက်ပေ။ အဲ့တာက အနှေးနဲ့ အမြန်ဆိုသလို ငါ့ဟာဖြစ်လာတော့မှာပါ။ ဟိုကောင်က ငါ့ကို တော်တော်လေး စော်ကားနေခဲ့တာ၊ ငါမလှုပ်ရှားဘူးဆိုရင် သွေးကြောင်သလို ဖြစ်သွားမှာပေါ့။ ဒါပင်မဲ့ လောနေဖို့လည်း မလိုပါဘူးလေ
တစ်ချိန်တည်းမှာပင် လူငယ်သည် အဝေးမှ လူနှစ်ဦးအနားသို့ ချဥ်းကပ်သွားကာ၊ အခြေအနေကို ရှင်းပြလိုက်ရာ၊ ထိုလူနှစ်ဦးမှ ဝိညာဥ်ကျောက်တုံးများ ထုတ်ပေးလာခဲ့သည်။ သူသည် အောင်နိုင်သူ၏ အပြုံးမျိုးဖြင့် ဝိညာဥ်ဆေးပင်ကို ယူဆောင်လာခဲ့သည်။
သို့သော် ဆေးပင်ကို မြင်လိုက်ရသောအချိန်တွင် အဘွားအို မျက်မှောင်ကြုတ်သွားခဲ့သည်။
သူ့ဘေးနားရှိ လူငယ်မှ မေးမြန်းလာခဲ့သည် “ အကြီးအကဲ၊ ဘာဖြစ်လို့လဲဗျ။ အဲ့ဆေးပင်နဲ့ ပတ်သက်ပြီးတော့ တစ်ခုခု မှားနေလို့လား “
“ အဲ့တာက ကြက်သွေးရောင် ဝိညာဥ်မြက်ပဲ “
အဘွားအိုသည် အက်ရှရှဖြစ်နေသော အသံဖြင့် ပြန်ပြောလာခဲ့သည်။
“ ဘာဖြစ်တာလဲဗျ “ အရှေ့တွင် ရှိနေသည့် လူငယ်သည် ဇဝေဇဝါ ဖြစ်သွားကာ မေးမြန်းလာခဲ့သည်။
အဘွားအိုမှ စကားထပ်ပြောလာခဲ့သည် “ အဲ့တာက ကြက်သွေးရောင် ဝိညာဥ်မြက်ပဲ။ နင်က အဲ့တာကို ဝယ်ဖို့အတွက် တကယ်ကြီးကို ဝိညာဥ်ကျောက်တုံး နှစ်သောင်းကျော် သုံးခဲ့တာပဲ “
ဘုတ် ဖပ်
သေတ္တာသည် မြေပြင်ပေါ်သို့ ပြုတ်ကျသွားပြီး၊ အဘွားအိုမှ ထိုလူငယ်ကို ပါးရိုက်လိုက်သည်။
လူငယ်သည် မြေပြင်ပေါ်ကို ဒူးထောက်ကျသွားခဲ့ပြီး၊ မယုံကြည်နိုင်ဖြစ်နေသော အမူအရာဖြင့် ဆေးပင်ကို စိုက်ကြည့်နေတော့သည်။
“ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ သူပြောတာကို ကျွန်တော် သေချာကြား …….. “
သူသည် သူ၏စကားကို ပြီးဆုံးအောင် မပြောနိုင်တော့ဘဲ၊ တစ်စုံတစ်ခုကို နားလည်သွားသည့်အလား မျက်လုံးများ ပြူးကျယ်သွားခဲ့သည်။
အဘွားအိုသည် သူမ၏မျက်လုံးများကို မှိတ်ကာ အသက်ကို ပြင်းပြင်းရှရှ ရှူသွင်းနေတော့သည် “ ငါတို့အားလုံး သူလှည့်စားတာကို ခံလိုက်ရပြီ “
လူငယ်၏ အမူအရာ ဆိုးရွားနေပြီး၊ ဒေါသတကြီး ဖြစ်သွားခဲ့သည်။
သူသည် ဖြစ်ရပ်တစ်ခုလုံးကို စောင့်ကြည့်နေခဲ့ပြီး၊ သံသယတစ်ချို့ ရှိခဲ့သော်လည်း ကျိုးကြောင်းဆီလျော်နေပုံရပြီး၊ အဆိုပါ ဆေးပင်ထံမှ ထူးခြားသော စွမ်းအင်လှိုင်းတစ်ခု ပေါ်ထွက်နေသည်ကို အာရုံခံမိခဲ့သောကြောင့်၊ ၎င်းကို အသည်းအသန် ဝယ်ယူခဲ့ခြင်းဖြစ်သည်။
သို့သော် ရလဒ်ကမူ လှည့်စားခံလိုက်ရခြင်းသာ ဖြစ်နေခဲ့သည်။
“ ချီးပဲ၊ ငါသူ့ကို သတ်မယ် “
“ ငြိမ်ငြိမ်နေနေစမ်း “
လူငယ်က လုချန်ရှန်းကို လိုက်ရှာရန် ပြင်လိုက်သည့် အချိန်တွင် အဘွားအိုမှ အော်ငေါက်လာခဲ့သည်။
“ တကယ်လို့ နင်သူ့ကို ထိရဲနေမယ်ဆိုရင်၊ နတ်ကောင်းကင်ဂိုဏ်းကတောင် နင့်ကို ကာကွယ်ပေးနိုင်မှာ မဟုတ်ဘူး။ ငါတို့က ဘာ့ကြောင့် ဒီရောက်လာရလဲဆိုတာကို မမေ့နဲ့ “
ထိုစကားကို ကြားလိုက်ရသောအခါတွင် သူစိတ်တည်ငြိမ်သွားခဲ့သည်၊ သို့သော် သူ့စိတ်ထဲတွင် ရှိနေသည့် မကျေနပ်ချက်များကမူ မည်သို့မျှ မလျော့ပါးသွားခဲ့ပေ။
“ ကျွန်တော်သူ့ကို ဒီတိုင်း လွှတ်ပေးထားမှာ မဟုတ်ဘူး “
အဘွားအိုမှ ပြန်ပြောလာခဲ့သည် “ သွားမယ်၊ ကန်းယွင်ဂိုဏ်းကို အရင်သွားကြမယ် “
လူအုပ်ကြီးသည် သူမ၏ အနောက်မှ လိုက်သွားတော့သည်၊ ထိုလူငယ်သည် မြေပြင်ပေါ်တွင် ရှိနေသည့် သေတ္တာကို ကတုန်ကရင် ဖြစ်နေသော လက်များနှင့် ကောက်ယူလိုက်သည်။
သူသည် ဆယ်ကျော်သက် လူငယ်တစ်ဦးကြောင့် အလှည့်စားခံလိုက်ရလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။
လုချန်ရှန်းကမူ ဂိုဏ်းသို့ အလောတကြီး မပြန်သွားဘဲ၊ နင့်ယုရှင်းကို စားသောက်ဆိုင်တစ်ခုဆီသို့ ခေါ်သွားခဲ့သည်။
အားရပါးရ စားသောက်ခဲ့ပြီး ပြန်ထွက်လာခဲ့သည့် အချိန်တွင်၊ နင့်ယုရှင်းမှ မေးမြန်းလာခဲ့သည် “ အခု ဂိုဏ်းကို ပြန်ကြတော့မှာလား “
“ မလောပါနဲ့၊ ငါနဲ့ တစ်နေရာရာကို အရင်လိုက်ခဲ့ “
နင့်ယုရှင်း တွေးတောစဥ်းစားနေသည့် အချိန်မှာပင် သူသည် ယခင်က လည်ပတ်ခဲ့သော ဆိုင်ထံသို့ သူမကို ပြန်လည်ခေါ်ဆောင်လာခဲ့သည်။
ဆိုင်ရှင်သည် သူ့ကို ပြုံးပြုံးရွှင်ရွှင် နှုတ်ဆက်လာခဲ့သည်။
“ မိတ်ဆွေလေး ချန်ရှန်း “ ဆိုင်ရှင်သည် အပြုံးဖြင့် အဝတ်အိတ်တစ်လုံးကို ကမ်းပေးလာခဲ့သည် “ မင်းရဲ့ ဆေးပင်ကြောင့်ပဲ ငါတို့က ဒီလိုဈေးကောင်းကောင်းနဲ့ ရောင်းချနိုင်ခဲ့တာပါ။ ဒီမှာ မင်းရဲ့ တစ်သောင်းနှစ်ထောင်ပါ။ ဒီလိုအရောင်းအဝယ်ကောင်းရှိတယ်ဆိုရင် ထပ်လာခဲ့ပါဦး “
“ ပြဿနာ မရှိဘူး “
လုချန်ရှန်းသည် ထိုအိတ်ကို လက်ခံလိုက်သည်။
နင့်ယုရှင်း မှင်သက်သွားခဲ့သည်။
“ စီနီယာအစ်ကို၊ အဲ့တာက ဘာလဲ “
“ ဝိညာဥ်ကျောက်တုံးလေ “
“ အဲ့တာကို ဘယ်ကရတာလဲ “
“ အကျိုးဆောင်ခလေ “
“ ဟင် …… “
ကောင်မလေးသည် မယုံကြည်နိုင် ဖြစ်သွားခဲ့သည်။
ယခင်က နင့်ယုရှင်းထံသို့ အသံမပို့လွှတ်ခင် အချိန်တွင်၊ သူသည် ပူးပေါင်းဆောင်ရွက်ရန်အတွက် ဆိုင်ရှင်ထံသို့ အရင်ဦးဆုံး အသံပို့လွှတ်ခဲ့လေသည်။
“ ဒါပင်မဲ့ သူက အဲ့တာကို ဈေးကြီးပေးဝယ်မယ်ဆိုတာကို ရှင်က ဘယ်လိုလုပ် သေချာနေရတာလဲ။ အလိမ်ပေါ်သွားမှာကို မကြောက်ဘူးလား “ ဟုနင့်ယုရှင်းမှ မေးမြန်းလိုက်သည်။
လုချန်ရှန်းမှ ပြန်ပြောလိုက်သည် “ အဲ့တာက ဆိုင်ရှင်ရဲ့နည်းလမ်းလေ “
မည်သည့်အရာများ ဖြစ်ပျက်နေလဲဆိုသည်ကို မသိသော်လည်း၊ သူမသည် စိုးရိမ်တကြီး ဖြစ်သွားခဲ့သည်။
“ သူတို့က နတ်ကောင်းကင်ဂိုဏ်းကလေ။ တကယ်လို့ ဒီအကြောင်းကို သိသွားမယ်ဆိုရင်၊ ရှင်က ဂိုဏ်းရဲ့ ကာကွယ်မှုကို ရထားမယ်ဆိုရင်တောင်မှ၊ ဆိုင်ရှင်က …… “
“ အဲ့တာက ကောင်းကင်ဘုံ လျှို့ဝှက်စံအိမ်ရဲ့ ပိုင်ဆိုင်မှုလေ။ တကယ်လို့ သူတို့က အဲ့တာကို ထိရဲမယ်ဆိုရင်၊ သူတို့က ကန်းယွင်မြို့ကနေ ထွက်သွားနိုင်မှာ မဟုတ်ဘူး။ ကောင်းကင်ဘုံ လျှို့ဝှက်စံအိမ်က နတ်ကောင်းကင်ဂိုဏ်းထပ် နည်းနည်းလေးမှ အားမနည်းဘူး “
“ ဆိုတော့ ရှင်က အဲ့လိုဖြစ်လာလိမ့်မယ်လို့ မျှော်လင့်ထားပြီးတော့၊ ကြိုတင်ကြံစည်ခဲ့တာပေါ့ “
လုချန်ရှန်းမှ ခေါင်းခါပြလိုက်သည် “ သူပြဿနာလာရှာမယ်ဆိုတာကို ဘယ်သူက ကြိုသိမှာလဲ။ ငါက အဲ့အကြံကို ရုတ်တရက် ရသွားတာ “
လူနှစ်ဦးသည် တစ်ခဏခန့် တိတ်ဆိတ်ငြိမ်သက်သွားခဲ့သည်။
တစ်ခဏအကြာတွင် နင့်ယုရှင်းမှ စကားစပြောလာခဲ့သည် “ စီနီယာအစ်ကိုလု “
“ ဘာလဲ “
“ ရှင်တော်တော် ရက်စက်တာပဲ “
“ သေချာတာပေါ့ “
လုချန်ရှန်းသည် အပြုံးဖြင့် ထွက်ခွာသွားခဲ့သည်။
နင့်ယုရှင်းသည် သူ၏ပုံရိပ်ကို ကြည့်နေရင်းဖြင့်၊ အတွေးနက်သွားခဲ့သည်။ ထိုလူနှင့် အချိန်ကြာကြာ ပိုဆက်ဆံရလေလေ၊ သူက ထူးခြားသော လူတစ်ယောက်ဖြစ်သည်ဟု သူမ ပိုခံစားလာရလေလေ ဖြစ်နေခဲ့သည်။
လူများကို လိမ်လည်လှည့်ဖျားရာတွင် အမှန်ပင် ရက်စက်လွန်းနေခဲ့သည်။
“ သူက ငါ့လူဖြစ်နေတာ ကံကောင်းတယ်၊ သူငါ့ကို သစ္စာဖောက်မှာ မဟုတ်ဘူး “
နင့်ယုရှင်းသည် ကံကောင်းသည်ဟု ခံစားသွားခဲ့ရသည်။ အကယ်၍ သူကသာ သူမကို ပစ်မှတ်ထားလာခဲ့မည်ဆိုပါက၊ သူမသည် သူမက အလှည့်စားခံလိုက်ရပြီဆိုသည်ကိုပင် သိလိမ့်မည် မဟုတ်ပေ။
တစ်ခြားသော တစ်နေရာ၌
အဘွားအိုသည် ကန်းယွင်မြို့မှ ထွက်ခွာလာခဲ့ပြီးပြီ ဖြစ်ပြီး၊ မြို့တံခါးဝတွင် ရုတ်တရက် တောင့်တင်းသွားကာ၊ အမူအရာ မည်းမှောင်သွားပြီး၊ တောင်ဝှေးကို ကိုင်ထားသည့် သူမ၏လက်မှာ ကတုန်ကရင် ဖြစ်သွားခဲ့သည်။
“ အကြီးအကဲ၊ ဘာဖြစ်လို့လဲဗျ “
လူငယ်သည် ဇဝေဇဝါ ဖြစ်နေသော အမူအရာဖြင့် စကားပြောလာခဲ့သည်။
ဖပ်
သူသည် နောက်ထပ်တစ်ကြိမ် ပါးရိုက်ခံလိုက်ရသည်။
ဤတစ်ကြိမ်တွင် သူသည် မြေပြင်ပေါ်သို့ လဲကျသွားပြီး၊ ခေါင်းပေါက်ကွဲတော့မည့်အလား ဖြစ်နေသည့် ပြင်းထန်သော နာကျင်မှုတစ်ခုကို ခံစားလိုက်ရသည်။
အဘွားအိုသည် သူ့ကို ကြည့်ကာ စကားစပြောလာခဲ့သည် “အရူး၊ အားလုံးက နင့်ကြောင့်ချည်းပဲ “
သူမ၏စိတ်စွမ်းအားက ကန်းယွင်တစ်မြို့လုံးကို ဖုံးလွှမ်းနေသောကြောင့်၊ လုချန်ရှန်းက ဆေးဆိုင်သို့ ပြန်လာခဲ့သည့် ဖြစ်ရပ်ကို အာရုံခံမိသွားကာ စိတ်မချမ်းမသာ ဖြစ်သွားခဲ့သည်။
တစ်ခြားလူများက ထိုအကြောင်းကို သိလိုက်ရသောအခါတွင်၊ အမူအရာများ မည်းမှောင်သွားကြသည်။
နတ်ကောင်းကင်ဂိုဏ်း၏ ဂုဏ်သိက္ခာရှိသော အကြီးအကဲတစ်ဦးက တပည့်တစ်အုပ်ကို ဦးဆောင်ကာ ဤနေရာသို့ ရောက်လာခဲ့သည်၊ သို့သော် သာမန်ကောင်လေးတစ်ဦး၏ အရှက်ခွဲခြင်းကို ခံလိုက်ရသည်။
အရာအားလုံးမှာ သူ့ကို သွားဆွချင်နေသော လူငယ်ကြောင့် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
သူတို့သည် သူတို့က အောင်မြင်မှုကို အမိဖမ်းနိုင်ခဲ့ပြီဟု ထင်နေခဲ့သော်လည်း၊ သူတို့အားလုံးသည် အစကတည်းက တစ်ဖက်လူ၏ လှည့်စားမှုအောက်တွင်သာ ရှိနေခဲ့ကြသည်။
“ လုချန်ရှန်း၊ ငါမင်းကို သေစေချင်တယ် “
သူသည် မြေပြင်ပေါ်မှ ပြန်ထကာ တစ်ခြားလူများကို အမှီလိုက်ရန် အချိန်အတော်ကြာ ယူလိုက်ရသည်၊ ထို့နောက်တွင် သူတို့အားလုံးသည် ကန်းယွင်ဂိုဏ်းသို့ ဦးတည်သွားကြတော့သည်။
လုချန်ရှန်းကမူ နင့်ယုရှင်းနှင့်အတူ ချင်းယွင်တောင်ထွဋ်ဆီသို့ အေးအေးလူလူ ပြန်ရောက်လာခဲ့သည်။
နတ်ကောင်းကင်ဂိုဏ်းမှ လူများ ရောက်လာသည့် အချိန်တွင်၊ ဂိုဏ်းသည် သူတို့ကို ကြိုဆို ဖျော်ဖြေပေးခဲ့ကြသည်။ သို့ရာတွင် သူတို့အားလုံး၏ အမူအရာများက ကြောက်ခမမ်းလိလိ မည်းမှောင်နေကြသောကြောင့် သူတို့အားလုံး ဇဝေဇဝါ ဖြစ်သွားကြသည်။
သို့ရာတွင် မည်သူကမှ မေးခွန်းမထုတ်ရဲကြပေ။
လုချန်ရှန်းသည် နင့်ယုရှင်းကို ကြည့်ကာ စကားပြောလိုက်သည် “ ဂျူနီယာညီမလေး၊ ဒီနေ့နဲ့ မနက်ဖြန်တော့ နားလိုက်တော့။ သဘက်ခါကျမှ ပြန်စကြမယ် “
“ ကောင်းတယ် “ နင့်ယုရှင်းမှ ခေါင်းငြိမ့်ပြလာခဲ့ကာ၊ သူမ၏ အခန်းဆီသို့ ပြန်သွားခဲ့သည်။
လုချန်ရှန်းကမူ ဆေးလုံးများ စတင်၍ သန့်စင်နေတော့သည်။
နင့်ယုရှင်းက သူ့ဓားရည်ရွယ်ချက်၏ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားကို တောင့်မခံနိုင်သောကြောင့်၊ သူသည် သူမ၏ ရုပ်ခန္ဓာကို အဆင့်တက်သွားအောင် လုပ်ပေးရမည် ဖြစ်သည်။
ကျိုးချင်ယုမှာလည်း ထို့အတိုင်းသာလျှင် ပြုလုပ်ခဲ့ရသည်။ သူသည် ကျင့်ကြံနေရင်းဖြင့် ဓားလမ်းစဥ်ကို နားလည်လာသည့် အချိန်တွင် သူ၏ရုပ်ခန္ဓာကို အဆင့်မြှင့်တင်၊ ပြင်ဆင်ခဲ့ရသည်။
လုချန်ရှန်းသည် သူ့အတွက် အသင့်တော်ဆုံးဖြစ်မည့် ကျင့်ကြံရေး နည်းစနစ်တစ်ခုကို ကူညီရှာဖွေပေးခဲ့သည်၊ တဖြည်းဖြည်းဖြင့် သူသည် သူ့စီနီယာအစ်ကို၏ တိုးတက်မှုကို စစ်ဆေးရန်အတွက် ညနတ်ဆိုးအဖြစ် ပြောင်းလဲသွားခဲ့သည်။ အကယ်၍ ပြဿနာတစ်ခုခုကို ရှာတွေ့ခဲ့မည်ဆိုပါက၊ သူ့ကို အသိပေးရန် နည်းလမ်းတစ်ခု ရှာမည် ဖြစ်သည်။
၎င်းကပင် ကန်းယွင်၏ ဓားအင်မော်တယ်လေးကို ပုံဖော်ထုဆစ်ပေးခဲ့ခြင်း ဖြစ်သည်။
ကျိုးချင်ယုကိုပင် လေ့ကျင့်ပေးခဲ့သောကြောင့်၊ နင့်ယုရှင်းကို လေ့ကျင့်ပေးရန်မှာ မည်သို့မျှ ခက်ခဲနေလိမ့်မည် မဟုတ်ပေ။
ထို့အပြင် ဆေးလုံးများကို သန့်စင်နေသည့် အချိန်တွင်၊ သူသည် မျက်လုံးများက ချင်းယွင်တောင်ထွဋ်အား စိုက်ကြည့်နေသည်ကို အာရုံခံမိသွားခဲ့သည်။ ၎င်းတို့သည် ညသန်းခေါင်ယံအကျော်မှ ပျောက်ကွယ်သွားခဲ့သည်။
………………………………………………………………………………………………………………………………………
အပိုင်း ( 23 )
ဓားတာအို အဆင့်၈လား
ထိုနေ့ညတွင် မည်သည့်ကိစ္စမှ မဖြစ်ပေါ်လာခဲ့ပေ၊ လုချန်ရှန်းသည် နောက်တစ်ရက်တွင် တစ်နေ့လုံး မပေါ်လာခဲ့ပေ။
နင့်ယုရှင်းသည် ထိုနေရာတွင် စောင့်ဆိုင်းနေရင်းဖြင့် အတွေးယာဥ်ကြောအတွင်းသို့ အချိန်ကြာ ကျဆင်းသွားခဲ့သည်။
လုချန်ရှန်းသည် တတိယမြောက်နေ့၏ မနက်ခင်းတွင် ပေါ်ထွက်လာခဲ့သည်။
“ စီနီယာအစ်ကိုလု “
လုချန်ရှန်းသည် လက်ဆန့်တန်းလာခဲ့ကာ၊ ဆေးပုလင်းနှစ်လုံး ပေးလာခဲ့သည်။
“ နင့်ကို ဓားဂူဆီ ခေါ်သွားပေးမယ် “
“ အင်းးး “
ဆေးပုလင်းများကို လက်ခံခဲ့ပြီးသည့်နောက်တွင် သူမသည် သူ့အနောက်သို့ လိုက်သွားခဲ့သည်။
နတ်ကောင်းကင်ဂိုဏ်း ရောက်ရှိလာမှုကြောင့် ဂိုဏ်းသည် ယခင်နှစ်ရက်အတွင်းတွင် ခါတိုင်းထပ် ပိုမိုတိတ်ဆိတ်ငြိမ်သက်နေခဲ့သည်။
ဓားဂူမှာ လူသူကင်းမဲ့လေ့ရှိသောကြောင့်၊ ကျင့်ကြံရေးနှင့် အဆင့်ထိုးဖောက်မှုများအတွက် အလွန်တရာ သင့်တော်နေခဲ့သည်။
ဓားဂူအတွင်းသို့ ရောက်ရှိလာခဲ့ပြီးသည့်နောက်တွင် နင့်ယုရှင်းသည် လုချန်ရှန်း၏ ညွှန်ကြားမှုအတိုင်း ဆေးတစ်လုံး သောက်ကာ ၎င်းကို စတင်၍ သန့်စင်နေတော့သည်။
ဆေးလုံးများသည် သူမ၏ ရုပ်ခန္ဓာကို ပြင်ဆင်ပေးနိုင်ကာ၊ သူမကို ပိုမိုအဆင့်မြင့်သော နယ်ပယ်ဆီသို့ ပို့ဆောင်ပေးနိုင်လေသည်။
သူမ၏ ကျင့်ကြံရေးနှင့် ရုပ်ခန္ဓာစွမ်းအားက တိုးတက်လာသည်နှင့်တစ်ပြိုင်နက်၊ သူမသည် ဤနေရာတွင် ရှိနေသည့် ဓားစွမ်းအင်ကို အသုံးပြု၍ သူမကိုယ်သူမ ပြင်ဆင်ကာ၊ ဓားပညာ အဆင့်၂သို့ အရောက်သွားနိုင်မည် ဖြစ်သည်။
ထိုနေရာမှစ၍ အချိန်ယူကာ ဖြေရှင်းရမည့် အခက်အခဲလေးများ ပေါ်ပေါက်လာမည် ဖြစ်သည်။
ဤကာလအတွင်း၌ လုချန်ရှန်းသည် လုပ်စရာမရှိသောကြောင့် ပတ်ဝန်းကျင်ကို ပျင်းရိစွာ လှည့်ပတ်ကြည့်ရှုနေခဲ့သည်။
တစ်ချိန်တည်းမှာပင် ဓားဂူ၏ အပြင်ဘက်တွင် ပုံရိပ်နှစ်ခု ပေါ်ထွက်လာခဲ့သည်။
၎င်းတို့အနက်မှ တစ်ဦးသည် ယခင်က လုချန်ရှန်းကို ရန်စစော်ကားခဲ့သည့် လူငယ် ဖြစ်သည်။
သူနှင့်အတူး ကန်းယွင်ဂိုဏ်း၏ အတွင်းစည်း တပည့် တစ်ဦးပါနေခဲ့ပြီး၊ သူသည် သူ့အား ဂိုဏ်းအတွင်းရှိ နေရာများဆီသို့ လိုက်လံမိတ်ဆက်ပေးနေပုံရသည်။
“ ညီအစ်ကို ဝမ်မင်၊ ဒါက ငါ့ကန်းယွင်ဂိုဏ်းရဲ့ ဓားဂူပဲ “ ဟုကန်းယွင်ဂိုဏ်း တပည့်မှ ပြောလိုက်သည်။
ထိုစကားကို ကြားလိုက်ရသောအချိန်၌ ဝမ်မင်၏ နှုတ်ခမ်းများမှာ အပြုံးတစ်ခုအဖြစ် တွန့်ကွေးသွားခဲ့သည်၊ သူ၏အကြည့်ကမူ မပြောင်းမလဲ တည်ငြိမ်နေခဲ့သည်။
“ ဆိုတော့ ဓားဂူဆိုတာက ဒီဟာပေါ့။ ကျိုးချင်ယုက ဒီမှာ အမြဲကျင့်ကြံနေတာမလား “
“ စီနီယာအစ်ကိုကျိုးက ဒီကို ခဏခဏ လာတတ်ပါတယ် “
“ ဒါဆိုရင်လည်း သွားကြည့်ကြစို့ “
ဝမ်မင်သည် စကားပြောဆိုရင်းဖြင့် ရှေ့တက်သွားတော့သည်။
ကန်းယွင်ဂိုဏ်း၏ တပည့်မှာ မျက်မှောင်ကြုတ်သွားခဲ့သည်၊ သို့သော် သူသည် မည်သည့်စကားမှ ထုတ်မပြောလိုက်ပေ။
ဂိုဏ်းခေါင်းဆောင်သည် သူတို့၏ တောင်းဆိုမှုများကို တတ်နိုင်သမျှ ဖြည့်ဆည်းပေးရန်နှင့် သူတို့ကို ကောင်းကောင်းမွန်မွန်ဆက်ဆံရန် ညွှန်ကြားထားခဲ့သည်။
လျှို့ဝှက်ချက်များသာ မပါဝင်လာသေးသရွေ့ ဓားဂူသို့ သွားခြင်းက ကိစ္စကြီးတစ်ခု မဟုတ်သောကြောင့် သူသည် နှုတ်ဆိတ်နေရန် ရွေးချယ်လိုက်သည်။
သို့ရာ၌ ဓားဂူအတွင်းသို့ ဝင်လာခဲ့ပြီးသည့်နောက်တွင် လုချန်ရှန်းကို မြင်တွေ့လိုက်ရသောကြောင့် သူအံ့ဩသွားခဲ့သည်။
“ လုချန်ရှန်း၊ ငါနဲ့ မြန်မြန်ဆန်ဆန် ပြန်တွေ့ရလိမ့်မယ်လို့ မထင်ထားဘူးမလား “ ဝမ်မင်သည် လှောင်ပြုံးပြုံး၍ စကားစပြောလိုက်သည်။
အတွင်းစည်းတပည့်သည် အနည်းငယ် မျက်နှာပျက်သွားခဲ့သည်။
လုချန်ရှန်းသည် သူ့ကို လှည့်ကြည့်ကာ၊ အနည်းငယ် အံ့ဩသွားသော လေသံမျိုးဖြင့် ပြန်ပြောလိုက်သည် “ ငါကံဆိုးနေတယ် ထင်တယ် “
“ ဟမ့်၊ လျှာစောင်းကတော့ ထက်နေတာပဲ “
“ မင်း နတ်ကောင်းကင်ဂိုဏ်းရဲ့ တပည့်တစ်ယောက်ဖြစ်ပင်မဲ့၊ ဒါပင်မဲ့ ဟိုတစ်နေ့က ငါ့ကို တမင်သက်သက် ပစ်မှတ်ထားခဲ့ပြီးတော့ ငါ့ရဲ့ဆေးပင်ကို ခိုးသွားတယ်။ အခုရော ဘာလိုချင်နေပြန်ပြီလဲ။ ငါ့ကို လာလှောင်နေတာလား “
လုချန်ရှန်း၏ စကားသည် ဝမ်မင်ကို မျက်နှာပျက်သွားစေခဲ့သည်။
ထိုဆေးပင်အကြောင်း တွေးမိရုံဖြင့်ပင် သူဒေါသတကြီး ဖြစ်သွားခဲ့သည်။
သူသည် လုချန်ရှန်းကြောင့် ထပ်ခါတလဲလဲ ပါးရိုက်ခံခဲ့ရသည်။ ၎င်းတို့အားလုံးမှာ သူ့ရှေ့မှ လူကြောင့်သာ ဖြစ်ပေါ်လာခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် သူသည် ထိုလူ့ကို တစ်ချိန်လုံး စောင့်ကြည့်နေခဲ့ပြီး၊ ဤနေရာသို့ လိုက်လာခဲ့ခြင်းဖြစ်သည်။
ပြဿနာဖြစ်တော့မည်ဟု အနံ့ရသွားသောအခါတွင် အတွင်းစည်းတပည့်မှ အလောတကြီး စကားဝင်ပြောလာခဲ့သည် “ ညီအစ်ကိုဝမ်မင်၊ သွားကြတာပေါ့ကွာ၊ စီနီယာအစ်ကို ချန်ရှန်းရဲ့ ကျင့်ကြံရေးကို မနှောင့်ယှက်ပဲ နေကြစို့ “
“ ထွက်သွားရမှာလား။ ဟက် “
သူ၏ နှုတ်ခမ်းဖျားမှ အေးစက်စက် ရယ်သံတစ်သံ ပေါ်ထွက်လာခဲ့သည်။
သူ၏မျက်လုံးများ အတွင်းတွင် အေးစက်စက် အလင်းတန်းတစ်ခု ဖြစ်တည်လာခဲ့သည်။ တစ်ချိန်တည်းမှာပင် ဓားဂူအတွင်းရှိ ဓားစွမ်းအင်များ စတင်၍ လှုပ်ခတ်လာခဲ့ပြီး၊ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါတစ်ခုကို ဖော်ထုတ်လာခဲ့သည်။
“ ငါနှစ်ရက်လုံးလုံး စောင့်နေခဲ့တာက ဒီနေ့၊ ဒီအချိန်အတွက်ပဲ။ ဘာကိစ္စ ငါထွက်သွားရမှာလဲ “
ထိုစကားကို ကြားလိုက်ရသော အခါတွင် အတွင်းစည်းတပည့်၏ အမူအရာမှာ သိသိသာသာ ပြောင်းလဲသွားသည်။
ဝမ်မင်ကို ဧည့်ခံရန် တာဝန်အပေးခံလိုက်ရခြင်းသည် သူက ဉာဏ်ပြေးသည့် လူတစ်ဦး ဖြစ်သည်ဆိုသည်ကို သက်သေပြနေခဲ့သည်။ သူသည် မည်သည့်အရာများ ဖြစ်ပျက်လာမလဲဆိုသည်ကို ချက်ချင်းနားလည်သွားကာ၊ စကားတစ်ခွန်းမှ မပြောဘဲ၊ ဓားဂူအပြင်ဘက်သို့ လှည့်ပြေးသွားတော့သည်။
လုချန်ရှန်းကမူ ဝမ်မင်ကို ကြည့်နေရင်းဖြင့် မျက်မှောင်ကြုတ်သွားခဲ့သည် “ မင်းက ငါ့ကို ဒီနေရာမှာ တိုက်ခိုက်ဖို့ လုပ်နေတာလား “
ကျွီ ကျွီ
ဓားအော်သံ တစ်ခု ရုတ်တရက် ပေါ်ထွက်လာခဲ့သည်၊ ဝမ်မင်၏ လက်ချောင်းများ လှုပ်ရှားသွားသည်နှင့်အမျှ ပတ်ဝန်းကျင်ရှိ ဓားစွမ်းအင်တို့မှာလည်း အလိုက်သင့် လိုက်ပါ ရွေ့လျားလာခဲ့သည်။
“ ဒီနေရာက တကယ်ထူးခြားတာပဲ။ ထောက်လှမ်းမှုတွေကို ပိတ်ဆို့ပေးနိုင်တယ်။ တကယ်လို့ မင်းကို ဒီနေရာမှာ သတ်လိုက်မယ်ဆိုရင်တောင်မှ၊ သူတို့က ဘာကိုမှ သိရမှာ မဟုတ်ဘူး။ ဓားဂူမှာ မထင်မှတ်ထားတဲ့ ဖြစ်ရပ်တစ်ခုခု ပေါ်လာပြီးတော့ မင်းသေသွားတယ်လို့ပဲ သူတို့က ပြောကြလိမ့်မယ်။ သူတို့က မင်းအတွက်ကြောင့်နဲ့ နတ်ကောင်းကင်ဂိုဏ်းကို အာခံရဲလိမ့်မယ်လို့ ငါမယုံဘူး “
သူ၏စကားများမှာ ရန်စနေသည့် အရိပ်အငွေ့များဖြင့် ပြည့်နှက်နေခဲ့သည်။
လုချန်ရှန်းမှ အေးအေးလူလူ ပြန်ပြောလိုက်သည် “ မင်းက ဒီလောက်ကြီးအထိတောင် တွက်ချက်ထားတယ်လား “
သူသည် မည်သို့မျှ မအံ့ဩသွားခဲ့ပေ။
တစ်ဖက်လူက သူ့အား ဂိုဏ်းသို့ စရောက်လာခဲ့သည့် အချိန်ကတည်းက စောင့်ကြည့်နေသည်ဆိုသည်ကို သူသိနေခဲ့သည်။
ထိုကောင်က သူ့အား မကျေမချမ်း ဖြစ်နေသည်ဆိုသည်ကို သိနေခဲ့သော်လည်း၊ ကန်းယွင်ဂိုဏ်း အတွင်းမှာပင် အမှန်တကယ် လှုပ်ရှားလာရဲလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။
ဝှစ်
ချက်ချင်းဆိုသလိုပင် ဝမ်မင်မှ သူ၏လက်ကို မြှောက်လာခဲ့ရာ၊ သူ၏ဓားရည်ရွယ်ချက် ပေါက်ထွက်လာခဲ့ပြီး၊ ဓားဂူတစ်ခုလုံးတွင် ရှိနေသည့် ဓားစွမ်းအင်များကို ရွေ့လျားသွားစေခဲ့သည်။
“ ဓားပညာ အဆင့်၄ “ ဟုလုချန်ရှန်းမှ ပြောလိုက်သည်။
ဝမ်မင်သည် ဘဝင်ခိုက်နေသော အမူအရာမျိုးဖြင့် ပြန်ပြောလာခဲ့သည် “ ဒီနေ့ဓားဂူမှာ ဖြစ်လာမဲ့ ဖရိုဖရဲဖြစ်ရပ်အတွက် ငါတို့လုပ်နိုင်တာ ဘာမှမရှိဘူး “
လုချန်ရှန်းမှာလည်း သဘောတူညီစွာဖြင့် ခေါင်းငြိမ့်ပြလိုက်သည် “ ဟုတ်တယ်၊ ဒီနေ့ ဓားဂူမှာ ဖရိုဖရဲ ဖြစ်ရပ်တစ်ခု ပေါ်လာလိမ့်မယ်လို့ ငါမထင်ထားခဲ့မိဘူး “
“ ဟားဟား၊ ကြည့်ရတာတော့ မင်းက မင်းရဲ့ စိတ်ပိုင်းဆိုင်ရာ အခြေအနေကို ကြိုပြီးတော့ ပြင်ဆင်လိုက်တဲ့ပုံပဲ “
လုချန်ရှန်းသည် ခေါင်းငြိမ့်ပြကာ၊ စကားထပ်ပြောလိုက်သည် “ မင်းလည်း ကြိုတင်ပြင်ဆင်မှုတစ်ချို့ လုပ်သင့်တယ် “
“ စိတ်မပူပါနဲ့၊ ငါလုပ်ပြီးသားပါ “
ထိုစကားလုံးများ ပေါ်ထွက်လာသည်နှင့်တစ်ပြိုင်နက်၊ ဓားစွမ်းအင် ပေါက်ထွက်လာခဲ့သည်။
ပတ်ဝန်းကျင်တွင် ရှိနေသည့် ကျောက်နံရံများသည် အစက်အပျောက်များ ထသွားကာ၊ ဓားရာများဖြင့် ပြည့်နှက်သွားခဲ့သည်။ ဓားရည်ရွယ်ချက် ပေါ်ထွက်လာသည်နှင့်တစ်ပြိုင်နက် ဓားစွမ်းအင်များက အလိုက်သင့် လိုက်ပါလှုပ်ရှားလာခဲ့ပြီး၊ ချက်ချင်း မုန်တိုင်းထန်သွားစေခဲ့သည်။
“ သေ “
ဝမ်မင်၏ အသံ ပဲ့တင်ထပ် ပျံ့လွင့်လာခဲ့သည်။
သို့ရာတွင် ထိုအချိန်၌ လုချန်ရှန်းမှာ အေးဆေးတည်ငြိမ်နေစဲပင်။ သူ၏လက်ကို မြှောက်၍ လက်ညှိုးလိုက်ရာ၊ မှော်စွမ်းအားတစ်ခုသည် နင့်ယုရှင်း၏ ဘေးတစ်ဖက်သို့ ကျရောက်သွားကာ၊ အလင်းအကာအရံတစ်ခုအဖြစ် ပြောင်းလဲသွားပြီး၊ သူမကို ကာကွယ်ပေးနေတော့သည်။
ထို့နောက်တွင် သူ၏လက်ကို ဖြည်းဖြည်းချင်း ထပ်မြှောက်လိုက်ရာ၊ ပေါက်ထွက်လာနေသည့် ဓားစွမ်းအင်က လေထုအတွင်းတွင် အေးခဲရပ်တန့်သွားသည့်အလား ဖြစ်သွားသည်။
“ ဘာဖြစ်နေတာလဲဟ “
ဝမ်မင်၏ စိတ်နှလုံးသား လှုပ်ခတ်သွားခဲ့သည်၊ သူထိန်းချုပ်နေသည့် ဓားစွမ်းအင်က ရပ်တန့်သွားခဲ့ပြီ ဖြစ်သည်။
ရပ်တန့်သွားသည့် ဓားစွမ်းအင်သည် အနည်းငယ် လှုပ်ခါသွားပြီး၊ အသံတစ်သံကို ထုတ်လွှတ်လာခဲ့သည်။ ဓားစွမ်းအင်သည် ဓားစွမ်းအင် ဖြစ်နေစဲပင် ဖြစ်သည်၊ သို့သော် ထိန်းချုပ်မှုကင်းမဲ့သွားကာ၊ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားတစ်ခုကို ဖန်တီးလာခဲ့သည်။
ရွှမ် ရွှမ်
များပြားလွန်းလှသော ဓားစွမ်အင်များသည် ကောင်းကင်ထက်သို့ ထောင်တက်သွားခဲ့သည်။
လုချန်ရှန်းသည် ဝမ်မင်ကို အေးအေးဆေးဆေး ကြည့်ရှုကာ၊ တိတ်တဆိတ် စူးစမ်းလေ့လာနေခဲ့သည်။
“ ဓားပညာ အဆင့်၈လား။ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ “
ဝမ်မင်သည် မယုံကြည်နိုင် ဖြစ်သွားခဲ့သည်။ သူသည် ထိုလူ့ထံမှ ပေါက်ထွက်လာသည့် ဓားစွမ်းအင်ကို အာရုံခံမိသွားကာ၊ အသက်ခုနစ်နှစ်(သို့)ရှစ်နှစ်အရွယ် ကလေးတစ်ဦးကဲ့သို့ ငေးကြည့်နေမိခဲ့သည်။
၎င်းမှာ လွန်စွာကြောက်မက်ဖွယ်ကောင်းသော ဓားပညာအဆင့် ဖြစ်သည်။
ဓားပညာသည် လေ့ကျင့်ရ ခက်ခဲလွန်းလှသည်။ အဆင့်၈ကို မဆိုထားနှင့်၊ အဆင့်၇ကပင် မရေမတွက်နိုင်လောက်သည်အထိ များပြားလွန်းလှသော ပါရမီရှင်များကို ဖိနှိပ်ရန် လုံလောက်နေခဲ့သည်။ ဤမျှ ငယ်ရွယ်သော အသက်အရွယ်တွင် ထိုကဲ့သို့ အဆင့်မျိုးအထိ ရောက်ရှိရန်အတွက်၊ မည်ကဲ့သို့သော အရည်အချင်းနှင့် ဇွဲမျိုးလိုအပ်လဲဆိုသည်ကို သူမသိပေ။
နတ်ကောင်းကင်ဂိုဏ်းအတွင်းမှာပင်၊ အနည်းငယ်မျှသော လူနည်းစုကသာလျှင် ထိုအဆင့်သို့ ရောက်ရှိနိုင်ကြသည်၊ သူတို့ကပင် ထိုအဆင့်သို့ ရောက်ရှိရန်အတွက် နှစ်ရာနှင့်ချီ၍ အချိန်ယူရလေ့ရှိသည်။
သို့သော် ယခု၌ သူ့အရှေ့တွင် ရှိနေသည့် အသက်နှစ်ဆယ်ပင် မပြည့်သေးသည့် လူငယ်လေးမှာလည်း ထိုအဆင့်သို့ ရောက်ရှိနေခဲ့လေသည်။
ထိုအချိန်တွင် သူသည် လုချန်ရှန်း မင်းလည်းပြင်ဆင်ထားသင့်တယ်ဟု မည်သည့်အတွက်ကြောင့် ပြောခဲ့ရလဲဆိုသည်ကို နားလည်သွားခဲ့သည်။
“ မဟုတ်ဘူး “
ဓားစွမ်းအင် ပေါက်ထွက်လာကာ၊ ကောင်းကင်ဘုံ အော်မြည်လာမှုနှင့်အတူ၊ စွမ်းအားတစ်ခုက သူ၏ခန္ဓာကိုယ်ကို ထိုးဖောက်လာခဲ့သည်။
သွေးထွက်ခြင်း(သို့) အော်သံပေါ်ထွက်လာခြင်းတို့ မရှိဘဲ၊ လူတစ်ဦးသည် ဓားစွမ်းအင်၏ နှိပ်စက်မှု ဆင်းသက်လာသည့် အချိန်တွင်၊ လုံးဝပျောက်ကွယ်သွားခဲ့သည်။
လုချန်ရှန်းသည် အေးဆေးတည်ငြိမ်သော အမူအရာဖြင့် ၎င်းတို့အားလုံးကို စောင့်ကြည့်နေခဲ့သည်။ ဝမ်မင်ပျောက်ကွယ်သွားကာ၊ လက်စွပ်တစ်ကွင်းနှင့် အိတ်တစ်လုံးသာ မြေပြင်ပေါ်တွင် ကျန်နေခဲ့သည်။
သူသည် ထိုပစ္စည်းများကို ကောက်ယူလိုက်သည်၊ ၎င်းတို့ထဲတွင် ကြက်သွေးရောင် ဝိညာဥ်မြက်ပါ ပါဝင်နေခဲ့သည်။
ထို့နောက်တွင် သူသည် နင့်ယုရှင်းထံသို့ ဖြည်းဖြည်းချင်း လမ်းလျှောက်သွားကာ၊ ထိုနေရာတွင် ထိုင်ချလိုက်ပြီး၊ ဓားဂူကို လျစ်လျူရှုထားကာကာ ဓားစွမ်းအင်က ကောင်းကင်ဘုံကို လှုပ်ခါသွားစေ၍၊ ဤနေရာရှိ လှုပ်ခတ်မှုအား တစ်ခြားလူများက သတိပြုမိသွားစေခြင်းကို မတားဆီးလိုက်ပေ။
ထိုအချိန်တွင် နတ်ကောင်းကင်ဂိုဏ်း၏ အကြီးအကဲနှင့် မိုးပြာတိမ်တိုက်ဂိုဏ်း၏ ဂိုဏ်းချုပ်ကပင် ထိုဖြစ်ရပ်ကြောင့် အံ့ဩတုန်လှုပ်သွားကာ၊ ဂိုဏ်းတစ်ခုလုံး ကြောက်ခမမ်းလိလိ တိတ်ဆိတ်ငြိမ်သက်သွားခဲ့သည်။
………………………………………………………………………………………………………………………………………….
အပိုင်း ( 24 )
ကျွန်တော့်အတွက် တရားမျှတမှု ရှာပေးကြပါ
ဓားဂူတစ်ခုလုံး ဖရိုဖရဲဖြစ်နေခဲ့ကာ၊ ကြောက်မက်ဖွယ်ကောင်းသည့် စွမ်းအားကို ထုတ်လွှတ်လာခဲ့သည်။
ဓားစွမ်းအင်သည် ကောင်းကင်ထက်သို့ ထောင်တက်သွားပြီး၊ ကောင်းကင်ယံကို တုန်ခါသွားစေကာ၊ ကန်းယွင်ဂိုဏ်းတစ်ခုလုံးကို နှိုးဆွသွားခဲ့သည်။
ဝမ်မင်နှင့်အတူ လိုက်လာခဲ့ကာ၊ ဓားဂူအပြင်ဘက်တွင် ရှိနေသည့် အတွင်းစည်းတပည့်မှာလည်း ကြောက်လန့်တကြား ဖြစ်သွားကာ၊ မြေပြင်ပေါ်သို့ ပြိုလဲသွားခဲ့သည်။
သူသည် ဆိုးရွားသော ကိစ္စတစ်ခုခု ဖြစ်လာတော့မည်ဟု ခံစားနေရသောကြောင့် ဓားဂူအပြင်ဘက်သို့ လှည့်ထွက်သွားကာ၊ ဂိုဏ်းထံသို့ သတင်းပို့ရန် ပြင်နေခဲ့သည်၊ သို့သော် သူထွက်သွားပြီးသည့်နောက် သိပ်မကြာခင် အချိန်မှာပင်၊ ဓားဂူဖျက်စီးခံလိုက်ရလေသည်။
“ ဘာတွေ ဖြစ်နေတာလဲ “
လော့ထျန်းသည် ချက်ချင်း ရောက်ရှိလာခဲ့ပြီး၊ ဓားဂူကို ကြည့်နေရင်းဖြင့် စိတ်နှလုံးသား လှုပ်ခတ်သွားခဲ့သည်။
အဆိုပါ စွမ်းအားမှာ အလွန်တရာ ကြောက်မက်ဖွယ်ကောင်းနေခဲ့သည်။ ထိုအထဲတွင် ပိတ်မိနေမည်ဆိုပါက၊ သေလုမျောပါး ဖြစ်သွားလိမ့်မည် ဖြစ်သည်။
နတ်ကောင်းကင်ဂိုဏ်း၏ အဘွားအိုပါ ရောက်ရှိလာခဲ့ပြီး၊ အဆိုပါ ဓားစွမ်းအားကြောင့် အံ့အားသင့်သွားခဲ့သည်။
ကန်းယွင်ဂိုဏ်း၏ ဓားဂူကို ကန်းယွင်ဂိုဏ်း၏ ပထမဦးဆုံး ဂိုဏ်းချုပ်ဖြစ်သူက ဓားလမ်းစဥ်ကို သူ၏တပည့်များက နားလည်သွားစေရန်နှင့် သူတို့ကိုယ်တိုင် ကျင့်ကြံနိုင်စေရန်အတွက် ရည်ရွယ်တည်ဆောက်ပေးခဲ့ခြင်း ဖြစ်သည်။
၎င်းက ရံဖန်ရံခါတွင် ထိန်းချုပ်မှု လွတ်သွားတတ်သော်လည်း၊ ဤကဲ့သို့သော လှုပ်ခတ်မှုမျိုးမှာ တစ်ကြိမ်တစ်ခါမှ မဖြစ်ပေါ်လာခဲ့ဖူးပေ။
တောင်ထွဋ်တစ်ခုချင်းစီတိုင်း၏ တောင်ထွဋ်သခင်များနှင့် အကြီးအကဲများ အလောတကြီး ရောက်ရှိလာခဲ့သည်။
လော့ထျန်းသည် ထိုမြင်ကွင်းကို စောင့်ကြည့်နေခဲ့ပြီး၊ ဓားဂူအတွင်းရှိ အရှိန်အဝါသည် ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားခဲ့သည်။
ထိုအချိန်မှသာလျှင် ဓားဂူအပြင်ဘက်တွင် တစ်စုံတစ်ဦး ရှိနေသည်ကို မြင်တွေ့လာခဲ့ရသည်။
“ လီယု၊ ဘာတွေဖြစ်နေတာလဲ “ အကြီးအကဲတစ်ဦးမှ မေးမြန်းလိုက်သည်။
လီယုဟု အမည်ရသည့် တပည့်သည် နောက်လှည့်ကြည့်လာခဲ့ပြီး၊ သူ၏ပါးစပ်ကို အကြိမ်ပေါင်းများစွာ ဖွင့်လာခဲ့သော်လည်း၊ မည်သည့်အသံမှ မပေါ်ထွက်လာခဲ့ပေ။
“ ဒီကလေးက ဘယ်လောက်တောင် ကြောက်နေလဲဆိုတာကို ကြည့်လိုက်ကြဦး။ ဆိုးရွားတဲ့ ကိစ္စတစ်ခုခု ဖြစ်သွားပြီနဲ့တူတယ် “ အကြီးအကဲတစ်ဦးသည် အသာအယာ သက်ပြင်းချ၍ ပြန်ပြောလာခဲ့သည်။
သို့ရာတွင် တစ်ခြားလူတစ်ဦးမှ စကားဝင်ပြောလာခဲ့သည် “ သူက တာအိုရောင်းရင်း ဝမ်မင်ကို အဖော်ပြုပေးနေရမှာ မဟုတ်ဘူးလား။ သူဒီမှာ ဘာလုပ်နေတာလဲ “
“ လီယု၊ မကြောက်နဲ့၊ ဘာဖြစ်သွားတာလဲ၊ ငါ့ကို ဖြည်းဖြည်းချင်းပြော “
ထိုအချိန်တွင် ဓားဂူအတွင်းရှိ လှုပ်ခတ်မှုမှာ တဖြည်းဖြည်း ငြိမ်သက်သွားကာ၊ သူသည်လည်း တဖြည်းဖြည်း သတိပြန်ဝင်လာခဲ့သည်။
“ ဝမ်မင်က ဓားဂူထဲကို ဝင်သွားပါတယ်၊ ကျွန်တော်လည်း သူနဲ့အတူ လိုက်သွားပါတယ်၊ ပြီးတော့ ……. ပြီးတော့ …….. သူ …….. “
“ သူဘာဖြစ်လို့လဲ “ လော့ထျန်း မျက်မှောင်ကြုတ်သွားခဲ့သည်။
လီယုမှ စကားဆက်ပြောလာခဲ့သည် “ သူက စီနီယာအစ်ကို ချန်ရှန်းကို သတ်ချင်နေပါတယ် “
“ ဘာဖြစ်တယ် “
ထိုစကားကို ကြားလိုက်ရသောအခါတွင်၊ အားလုံး၏ အမူအရာများ ပြောင်းလဲသွားသည်။
မျက်လုံးပေါင်းများစွာသည် ထိုဘက်သို့ ရောက်ရှိသွားခဲ့သည်။
“ သူက ချန်ရှန်းကို သတ်ချင်နေတာလား “
“ ဘာလို့လဲ “
“ ချန်ရှန်းက ဓားဂူကို ဘယ်လိုလုပ် လာနိုင်မှာမို့လို့လဲ “
သူတို့သည် နားမလည်ကြသော်လည်း၊ အမူအရာများ မည်းမှောင်သွားခဲ့သည်။
အကယ်၍ ကျိုးချင်ယုကသာ ထိုအကြောင်းကို သိသွားမည်ဆိုပါက မည်သည့်အရာများ ဖြစ်ပေါ်လာလိမ့်မည်နည်း
ကျိုးချင်ယုသည် လောကီရေးရာကိစ္စများကို လျစ်လျူရှုထားလေ့ရှိသော်လည်း၊ သူ၏ဂျူနီယာ ညီငယ်ကိုတော့ လွန်စွာကာကွယ်ပေးတတ်သည်။ အကယ်၍ တစ်ယောက်ယောက်ကသာ လုချန်ရှန်းကို သတ်ချင်နေသည်ဆိုပါက၊ သူငြိမ်နေမည် မဟုတ်ပေ။
ထို့အပြင် သူသည် အလွန်တရာ ခေါင်းမာပြီး၊ ထိုလူက မည်သူဖြစ်နေမလဲ ဆိုသည်နှင့် သူ၏နောက်ခံက မည်သည့်အရာ ဖြစ်နေမလဲဆိုသည်ကို ဂရုစိုက်နေလိမ့်မည် မဟုတ်ပေ။
၎င်းတို့အပြင် ကန်းယွင်ဂိုဏ်းအတွင်းတွင် ကန်းယွင်ဂိုဏ်း၏ တပည့်ကို သတ်ဖြတ်ခြင်းမှာ ဂိုဏ်းကို လုံးဝဂရုမစိုက်ဘူးဟု ပြသနေခြင်း ဖြစ်သည်။
အဘွားအို၏ အမူအရာမှာလည်း အနည်းငယ် မည်းမှောင်သွားခဲ့သည်။ ဝမ်မင်က ထိုနေရာသို့ သွားမည်ကို သူမ ကြိုသိခဲ့ရသော်လည်း၊ သူမသည် မည်သို့မျှ မတားဆီးခဲ့ပေ။
ဤအချိန်တွင် သူမသည် ရန်လိုနေသော အကြည့်များကို ခံစားလိုက်ရသည်။
“ မြန်မြန်သွားစစ်ဆေးလိုက် “
ဓားဂူအတွင်းရှိ အခြေအနေက တည်ငြိမ်သွားပြီဆိုသည်ကို မြင်လိုက်ရသောအချိန်တွင် လော့ထျန်းသည် စုံစမ်းစစ်ဆေးရန်အတွက် တစ်စုံတစ်ဦးကို စေလွှတ်လိုက်သည်။
အကြီးအကဲတစ်ဦးသည် အနီးအနားသို့ ချဥ်းကပ်သွားတော့သည်၊ သို့သော် သူမရောက်သွားခင် အချိန်မှာပင် ဓားဂူအတွင်းမှ ဦးခေါင်းတစ်လုံး ပြူထွက်လာခဲ့သည်။
ထိုလူမှာ လုချန်ရှန်းပင် ဖြစ်နေခဲ့သည်။
သူ၏ဘေးနားတွင် ဇဝေဇဝါ ဖြစ်နေပုံရသည့် နင့်ယုရှင်း ရှိနေခဲ့သည်။
သူမ၏မျက်လုံးများ ပြန်ဖွင့်လာခဲ့သည့် အချိန်တွင် သူမသည် သူမ၏ ပတ်ပတ်လည်တွင် ရှိနေသည့် အရာအားလုံးက ကြီးမားသော ကပ်ဘေးကြီးတစ်ခုကို ကျော်ဖြတ်ထားရသည့်အလား ဖြစ်နေသည်ကို မြင်တွေ့ခဲ့ရသည်။
“ ချန်ရှန်း “ အကြီးအကဲတစ်ဦးမှ အော်ခေါ်လာခဲ့ပြီး၊ အလောတကြီး ရှေ့တက်လာခဲ့သည် “ မင်းအသက်ရှင်နေသေးတာပဲ။ ကောင်းတယ် “
သူအသက်ရှင်နေသေးသည်ကို မြင်လိုက်ရသောအခါတွင် လူတိုင်း စိတ်သက်သာရာရသွားခဲ့သည်။
သို့ရာတွင် သူတို့သည် အနည်းငယ် ကြောင်အမ်းအမ်း ဖြစ်သွားခဲ့သည်။
ချီသိပ်သည်းခြင်း အဆင့်၇တွင် ရှိနေသည့် ဝမ်မင်က လုချန်ရှန်းကို သတ်ဖြတ်ချင်သည်ဆိုပါက၊ သူ၏လက်ကောက်ဝတ်ကို တစ်ကြိမ်မျှသာ လှုပ်ရှားလိုက်ရမည် ဖြစ်သည်။
ထိုလူစုကို မြင်တွေ့လိုက်ရသောအခါတွင် လုချန်ရှန်းသည် ထိတ်လန့်တုန်လှုပ်နေဟန် ဟန်ဆောင်နေခဲ့သည်။
“ ကျွန်တော်က အားလုံးကို ထပ်မတွေ့ရလောက်တော့ဘူးလို့ ထင်နေခဲ့တာ “
သူသည် ကတုန်ကရင်ဖြင့် စကားပြောကာ၊ ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရှုနေခဲ့သည်။
၎င်းသည် အဆိုပါ လူစုကို ဝမ်းနည်းကြေကွဲသွားစေခဲ့သည်။
လော့ထျန်း၏ အမူအရာ ပျော့ပျောင်းသွားကာ မေးမြန်းလာခဲ့သည် “ လုချန်ရှန်း၊ ဘာတွေဖြစ်ခဲ့တာလဲ “
“ ဂိုဏ်းချုပ်၊ နတ်ကောင်းကင်ဂိုဏ်းရဲ့ ဝမ်မင်က ဓားဂူထဲကို ဝင်လာခဲ့ပြီးတော့ ကျွန်တော့်ကို သတ်မယ်လို့ ခြိမ်းခြောက်ခဲ့ပါတယ်။ ကံကောင်းလို့ ကျွန်တော် အသက်ရှင်နေခဲ့တာပါ “
လူတိုင်း ထပ်မံ၍ မျက်မှောင်ကြုတ်သွားခဲ့သည်။
ထို့နောက်တွင် လော့ထျန်းမှ ထပ်မံ၍ မေးမြန်းလာခဲ့သည် “ ဝမ်မင် ဘယ်မှာလဲ “
“ သေပြီ “
“ သူဘယ်လိုသေသွားတာလဲ “
ထိုစကားကို ကြားလိုက်ရသောအချိန်တွင် လူတိုင်းမှင်သက်သွားခဲ့သည်။ မင်းတောင် အသက်ရှင်နေသေးတာကို ဝမ်မင်က ဘာကိစ္စသေသွားရတာလဲဟ
လုချန်ရှန်းမှ ပြန်ပြောလိုက်သည် “ သူကျွန်တော့်ကို သတ်ဖို့ကြိုးစားခဲ့တာက ဓားဂူကို ဖရိုဖရဲ ဖြစ်သွားစေခဲ့ပါတယ်။ သူက ဓားစွမ်းအင်ကြောင့် ပေါက်ကွဲထွက်သွားတာပါ။ ကျွန်တော်နဲ့ ဂျူနီယာ ညီမလေးက ကပ်ပြီးတော့ လွတ်လာခဲ့တာပါ၊ ကျွန်တော့်အတွက် တရားမျှတမှု ရှာပေးဖို့ တောင်းဆိုပါတယ် “ ဟု လုချန်ရှန်းမှ ရှင်းပြလိုက်သည်။
လူတိုင်း မှင်သက်သွားကြသည်။ နင့်ယုရှင်းက ကန်းပြည်နယ်ရှိ အချမ်းသာဆုံး ပုဂ္ဂိုလ်၏ သမီးဖြစ်နေသောကြောင့်၊ သူမထံတွင် ကာကွယ်ရေးနည်းလမ်းတစ်ချို့ ရှိနေခြင်းမှာ ပုံမှန်သာလျှင် ဖြစ်သည်။
လုချန်ရှန်းက သူမအနားတွင် ကပ်နေရင်းဖြင့် ဤအကြပ်အတည်းကို ကျော်လွှားနိုင်ခဲ့ခြင်းမှာ ကျိုးကြောင်းဆီလျော်သော ဖြစ်ရပ်တစ်ခုဖြစ်သည်။
အကြီးအကဲတစ်ချို့သည် အမူအရာ မည်းမှောင်သွားကာ၊ နတ်ကောင်းကင်ဂိုဏ်း၏ အဘွားအိုကို လှည့်ကြည့်နေကြတော့သည်။
လျူယွင်တောင်ထွဋ်၏ တောင်ထွဋ်သခင် လင်းပေါ်သည် တိုက်ရိုက်စကားပြောလိုက်သည် “ အကြီးအကဲ ကျောက်ကျင်း၊ ကျေးဇူးပြုပြီးတော့ ဖြေရှင်းချက်တစ်ခုပေးပါ “
ထိုစကားကို ကြားလိုက်ရသောအခါတွင် အဘွားအိုသည် မျက်မှောင်ကြုတ်သွားကာ၊ လုချန်ရှန်းကို ချက်ချင်းငေးကြည့်လာခဲ့သည်။
ထိုအချိန်တွင် လုချန်ရှန်းမှာလည်း စကားဝင်ပြောလာခဲ့သည် “ ဟုတ်တယ်၊ ကျွန်တော်က ခင်ဗျားတို့နဲ့ ဘာရန်ငြှိုးမှ မရှိဘူးလေ။ ကျွန်တော်က ဝမ်မင်ရဲ့ လူသိရှင်ကြား အရှက်ခွဲတာနဲ့ လှောင်ပြောင်တာကို ခံခဲ့ရပြီးပြီလေ။ ဒီနေ့တော့ ခင်ဗျားတို့က ကျုပ်ကို တရားမျှတမှု ပေးကိုပေးမှရမယ်”
ထိုစကားကို ကြားလိုက်ရသောအခါတွင် ကျောက်ကျင်း၏ အမူအရာမှာ ပို၍ရုပ်ဆိုးသွားခဲ့သည်။
အရှက်ခွဲခံလိုက်ရတဲ့ လူက ဘယ်သူလဲဟ
သို့ရာတွင် သူမသည် ထိုအချိန်က ကိစ္စကို ပြန်ပြောလိုစိတ် မရှိပေ။
နတ်ကောင်းကင်ဂိုဏ်း၏ ဂုဏ်သရေရှိ အကြီးအကဲဖြစ်သည့် သူမသည် ကလေးသာသာမျှသာ ရှိသည့် လူငယ်တစ်ဦး၏ လှည့်စားခြင်းကို ခံလိုက်ရကာ၊ မျက်နှာလုံးဝပျက်ခဲ့ရသည်။
သို့သော် ယခုတွင်ကား နာကျင်ရမည်ဆိုလျှင်တောင်မှ၊ မာနကို မျိုသိပ်ထားရုံသာ တတ်နိုင်လေသည်။
အကယ်၍ လုချန်ရှန်းက သူမကို အော်ငေါက်နေမည်ဆိုလျှင်တောင်မှ၊ သူမသည် ဆယ်ကျော်သက်တစ်ဦး၏ လိမ်ညာခြင်းအား ခံခဲ့ရသည်ဆိုသည်ကို ထုတ်ပြောမည် မဟုတ်ပေ။
“ မင်းသူခိုးလေး “
ကျောက်ကျင်းသည် အံတကြိတ်ကြိတ် ဖြစ်သွားခဲ့သည်၊ တစ်ချိန်တည်းမှာပင် ဝမ်မင်က အသုံးမကျဘူးဟု ခံစားသွားခဲ့ရသည်။
လုချန်ရှန်းသည် ဟန်ဆောင်ပန်ဟောင် ဒေါသထွက်နေခဲ့သော်လည်း၊ သူ၏ စိတ်နှလုံးသားမှာ အလွန်တရာ တည်ငြိမ်နေခဲ့သည်။
သူသည် တစ်ဖက်လူက ထိုကိစ္စအား ထုတ်မပြောဖို့သာ များသည်ဆိုသည်ကို ကောင်းစွာ သိရှိနေခဲ့သည်၊ ကျင့်ကြံသူ အများစုသည် ဂုဏ်သိက္ခာကို အလွန်တရာ တန်ဖိုးထားကြသည်၊ အထူးသဖြင့် နတ်ကောင်းကင်ဂိုဏ်းကဲ့သို့သော ဂိုဏ်းကြီးများ ဖြစ်သည်။
အကယ်၍ သူမက အရှက်ကင်းမဲ့နေကာ၊ ထိုကိစ္စကို ထုတ်ပြောလာခဲ့မည်ဆိုလျှင်တောင်မှ၊ လုချန်ရှန်း၏ ဂုဏ်သတင်းကြောင့် ၎င်းကို မယုံကြည်မည့်လူသာ များပြားနေမည် ဖြစ်သည်။
အားလုံးသည် ၎င်းက လုပ်ကြံဇာတ်ကြီးဟုသာ ထင်သွားကြမည် ဖြစ်သည်။
ဝမ်မင်သေဆုံးသွားခြင်းအတွက် လုချန်ရှန်းကို မည်သူကမှ သံသယမဝင်ကြပေ။
အသက်ဆယ့်ခုနစ်နှစ်(သို့) ဆယ့်ရှစ်နှစ်အရွယ် လူငယ်တစ်ဦးက မည်မျှပင် ထူးချွန်ထက်မြက်နေပါစေ၊ မြင့်မြတ်နယ်မြေမှ အဆိုပါ မြင့်မြတ်သားတော်များနှင့် ယှဥ်နိုင်လိမ့်မည် မဟုတ်ပေ။
အကယ်၍ ထိုကဲ့သို့သော စွမ်းရည်မျိုး ရှိနေမည်ဆိုပါက၊ မည်သူက ဤနေရာမျိုးတွင် ဆက်နေနေလိမ့်မည်နည်း
သူမသည် ဝမ်မင်ကို ကောင်းစွာသိရှိနေခဲ့သည်၊ သူသည် ဆော့ကစားခြင်းနှင့် ကြွားလုံးထုတ်ရခြင်းတို့ကို နှစ်သက်လေ့ရှိပြီး၊ ဓားဂူ၏ ဓားစွမ်းအင်ကို အသုံးပြုကာ၊ ပြိုင်ဘက်ကို သတ်ဖြတ်ရန် ကြိုးပမ်းလိမ့်မည် ဖြစ်သည်။
“ အဲ့တာက တစ်ဖက်သတ်ဇာတ်လမ်းကြီးက သူက ငါ့ကို အကွက်ဆင်၊ မဆင်ဆိုတာကို ဘယ်သူကသိမှာလဲ “ ကျောက်ကျင်းသည် နောက်မဆုတ်ဘဲ၊ သူမ၏ မာနကို ဆက်လက်၍ ထိန်းသိမ်းထားခဲ့သည်။
လော့ထျန်းသည် လေးလေးနက်နက် ဖြစ်နေသော လေသံမျိုးဖြင့် ပြန်ပြောလာခဲ့သည် “ လုချန်ရှန်းက ဝမ်မင်ကို သတ်ပြီးတော့ ဒီနေရာမှာ ငိုယိုပြီး တရားမျှတမှု လာတောင်းနေတာ ဖြစ်နိုင်မလား “
လုချန်ရှန်းသည် ထိုစကားကိုကြားလိုက်ရသောအခါတွင် တအံ့တဩဖြစ်သွားခဲ့သည်၊ သူသည် ဂိုဏ်းချုပ်ကို ငေးကြည့်နေတော့သည်။ ဂိုဏ်းချုပ်က တကယ်တော်တာပဲ ၉၀%ကျော်ကို မှန်နေတယ်
ကျောက်ကျင်းမှ လှောင်ပြောင်ပြောဆိုလာခဲ့သည် “ ဘယ်သူသိမှာလဲ။ ဘာလို့ သူ့ရဲ့ စိတ်ဝိညာဥ်ကို ရှာဖွေခွင့်မပေးရတာလဲ၊ အမှန်တရား ပေါ်လာမှာပေါ့ ”
“ နင်က ငါ့ကန်းယွင်ဂိုဏ်းကို စော်ကားရဲနေတာလား “ လော့ထျန်းသည် မကျေမချမ်း ဖြစ်သွားခဲ့သည်။
ကျောက်ကျင်းမှ ပြန်ပြောလိုက်သည် “ ဂိုဏ်းချုပ်က ကျွန်မကို တိုက်ခိုက်ချင်လို့လား “
စကားပြောဆိုရင်းဖြင့် သူသည် လော့ထျန်းထပ် မည်သို့မျှ အားမနည်းသည့် အူတိုင်ဖွဲ့စည်းခြင်း အဆင့်၈ အရှိန်အဝါကို ထုတ်လွှတ်လိုက်သည်။
အားလုံး၏ အကြည့်များ ပြောင်းလဲသွားကာ၊ တစ်ဦးကိုတစ်ဦး ငေးကြည့်နေကြတော့သည်။
“ မှန်လား၊ မှားလားဆိုတာကို အချိန်က ဆုံးဖြတ်ပေးသွားလိမ့်မယ်။ အကြီးအကဲ ကျောက်ကျင်းက တစ်ခြားလူတွေကို ဖိနှိပ်ချင်နေတာလား “ ဟုလော့ထျန်းမှ လှောင်ပြောင်လိုက်သည်။
ကျောက်ကျင်းသည် ရယ်ရယ်မောမောဖြင့် ပြန်ပြောလာခဲ့သည် “ ဂိုဏ်းချုပ်လော့က တကယ်ကို ပလွှားကြီးစိုးလွန်းတာပဲ၊ ဒါပင်မဲ့ ငါ့ရဲ့ နတ်ကောင်းကင်ဂိုဏ်းကတော့ ပြဿနာတွေကို မကြောက်ဘူး “
“ မင်း …… “
လူအုပ်ကြီးသည် ဒေါသတကြီး ဖြစ်သွားကြသည်။ နတ်ကောင်းကင်ဂိုဏ်းက ဒီကိစ္စကို အသုံးချပြီးတော့ ငါတို့ဂိုဏ်းကို ခြိမ်းခြောက်ချင်နေတာလား
လော့ထျန်း၏ အမူအရာမှာလည်း မည်းမှောင်သွားခဲ့သည်။
လုချန်ရှန်းမှာလည်း သူ့ကို စိုက်ကြည့်လိုက်ပြီး၊ သူ၏ စိတ်ထဲတွင် လူသတ်လိုစိတ်တစ်ခု ဖြစ်ပေါ်လာခဲ့သည်။
သူတို့မလှုပ်ရှားရသေးခင် အချိန်မှာပင်၊ အားကောင်းသော ဖိအားတစ်ခု ဆင်းသက်လာကာ၊ ကျောက်ကျင်းကို ဖိချလာခဲ့သည်။
သူမ၏ အမူအရာ သိသိသာသာ ပြောင်းလဲသွားပြီး၊ စကားပြောရန် ပြင်လိုက်သည်။ ထိုအချိန်တွင် မှော်စွမ်းအားတစ်ခု မြင့်တက်လာခဲ့ပြီး၊ သူမ၏မျက်နှာပေါ်သို့ ရိုက်ချက်တစ်ခု ကျဆင်းလာခဲ့သည်။
“ ဖပ် “ ၎င်းသည် အဝေးသို့ပင် ပဲ့တင်ထပ်ပျံ့လွင့်သွားခဲ့သည်။
ကျောက်ကျင်း၏ မျက်နှာသည် လျင်မြန်စွာ ရောင်ရမ်းသွားပြီး၊ သူမ၏မျက်နှာပေါ်တွင် ထင်ရှားသော အနီရောင် လက်ဝါးရာတစ်ခု ပေါ်လာခဲ့သည်။ သူမသည် ထိုနေရာတွင် လဲကျသွားခဲ့သည်။
သို့သော် ၎င်းမှာ အဆုံးသတ် ဟုတ်မနေခဲ့ပေ။
စွမ်းအားတစ်ခုသည် သူမကို မတင်လိုက်ကာ၊ အချက်ပေါင်းများစွာ ထပ်ရိုက်လာပြီး၊ အသက်ရှူခွင့်ပင် မပေးခဲ့ချေ။
“ အတင့်ရဲချက် “
ကျောက်ကျင်းမှ ဟိန်းဟောက်လာခဲ့သည်၊ သူမသည် ကန်းယွင်ဂိုဏ်း၏ အတွင်းပိုင်းသို့ စိုက်ကြည့်နေတော့သည်။
တစ်ချိန်တည်းမှာပင် ဩဇာအာဏာနှင့် ဘုန်းတန်ခိုးတို့ဖြင့် ပြည့်နှက်နေသည့် အသံတစ်သံ ပေါ်ထွက်လာခဲ့သည်။
“ နင့်ရဲ့ မျက်လုံးကို ပြူးပြီးကြည့်ထား၊ ဒါက ငါ့ရဲ့ ကန်းယွင်ဂိုဏ်း၊ နင်တို့ရဲ့ နတ်ကောင်းကင်ဂိုဏ်း မဟုတ်ဘူး။ ဒီနေရာမှာ နင်ထင်သလို လုပ်နိုင်တယ်လို့ ဘယ်သူက ခွင့်ပြုပေးထားလို့လဲ “
လူတိုင်း အံ့ဩမှင်သက်သွားကြသည်။
“ ဘိုးဘေး “
လုချန်ရှန်းမှာလည်း အတွေးနက်သွားခဲ့သည်။ ဘိုးဘေးက သိုသိုသိပ်သိပ် နေတတ်ပင်မဲ့ သူ့လူတွေကို ကာကွယ်ပေးပြီးတော့ တော်တော်ကြီးကို အစွမ်းထက်နေတာပဲ