← Chapters

အခန်း (၄၃-၄၅)

Vol. 3 Ch. 43-45

အခန်း (၄၃-၄၅)

Vol. 3 Ch. 43-45

အပိုင်း ( 43 )

ကျွန်တော်က အဲ့ကို ဘာသွားလုပ်ရမှာလဲ

ကန်းပြည်နယ်၏ ပဋိပက္ခတို့မှာ တဖြည်ဖြည်းလျော့ပါးသွားခဲ့ပြီဖြစ်သည်။

အင်အားစုအားလုံး ပုန်းအောင်းသွားကြပြီ ဖြစ်သည်၊ သို့သော် ကန်းယွင်ဂိုဏ်း၏ လက်စားချေမှုများက ဆက်လက်၍ ဖြစ်ပွားနေသေးသည်။

လော့ထျန်းသည် တောင်ထွဋ်သခင်များကို ဦးဆောင်ကာ၊ သူတို့၏ အသိုက်များကို လိုက်လံဖျက်စီးနေသည့် အချိန်တွင်၊ ဘိုးဘေးကမူ ဂိုဏ်းကို စောင့်ရှောက်ရင်းဖြင့် ကျန်ရစ်နေခဲ့သည်၊ မည်သူကမှ ကန်းယွင်ဂိုဏ်းကို ထပ်မံ၍ ငမ်းငမ်းတက် မလိုချင်ကြတော့ပေ။

သူတို့က ကန်းပြည်နယ်ရှိ တစ်ခြားဂိုဏ်းနှစ်ခုအား သုတ်သင်ရှင်းလင်းလိုက်သည်ဆိုသည်ကို မည်သူက မသိဘဲနေမည်နည်း

ပို၍ အရေးကြီးသော အရာမှာ ကန်းယွင်ဂိုဏ်းအတွင်းတွင် ဓားတာအို၏ အဆင့်၉ ကျင့်ကြံရေးကို ပိုင်ဆိုင်ထားသည့် မွေးရာပါ ဝိညာဥ်အဆင့် ကျင့်ကြံသူတစ်ဦး ရှိနေခြင်းဖြစ်သည်၊ မွေးရာပါ ဝိညာဥ်အဆင့် ပညာရှင်နှစ်ဦးမှာ သူတို့အားလုံးကို ကူရာကယ်ရာမဲ့သကဲ့သို့ ခံစားသွားရစေခဲ့သည်။

ဓားတာအို အဆင့်၉ဆိုသည်မှာ မည်သည့်အရာဖြစ်သနည်း။ ၎င်းသည် မွေးရာပါ ဝိညာဥ်အဆင့်ကိုပင် ခြိမ်းခြောက်နိုင်စွမ်းရှိသည့် အရာဖြစ်သည်။

၎င်းက ယွဲ့ပြည်ထောင်တွင် ပြိုင်ဘက်ကင်းပြီဟု မပြောနိုင်သော်လည်း၊ ထိုကဲ့သို့ ဖြစ်ရန် အတော်လေး နီးစပ်နေခဲ့ပြီ ဖြစ်သည်။

ကန်းယွင်ဂိုဏ်း၏ ဘိုးဘေးသည် ဂိုဏ်းတစ်ခုလုံးကို ငေးမောကြည့်ရှုနေရင်းဖြင့်၊ ညနတ်ဆိုးက မည်သူဖြစ်နေမလဲဆိုသည်ကို တွေးတောစဥ်းစားနေခဲ့သည်။

သူသည် တစ်ချိန်လုံး ပုန်းကွယ်နေခဲ့ပြီး၊ အရေးအကြီးဆုံး အခိုက်အတန့်တွင် ဂိုဏ်းတစ်ခုလုံးကို ကယ်တင်လာခဲ့သည်။ သူနှင့် ဂိုဏ်းအကြားတွင် မည်သည့်ပက်သတ်ဆက်နွယ်မှု(သို့) ဆက်ဆံရေးမှ မရှိဘူးဟု ပြောဆိုမည်ဆိုပါက၊ ၎င်းကို မည်သူမှ ယုံကြည်ကြလိမ့်မည် မဟုတ်ပေ။

ထို့အပြင် ဧရာမ အစီအရင်ကြီးတစ်ခုလည်း ရှိနေသေးသည်၊ ဤဖြစ်ရပ်မတိုင်ခင် အချိန်အထိ သူကိုယ်တိုင်ကပင် ၎င်း၏ တည်ရှိမှုကို မသိခဲ့ပေ။

“ အဲ့တာက ချင်းယွင်တောင်ထွဋ်သခင်များလား “

ထိုလူ့ထံတွင်သာ ထိုကဲ့သို့သော လုပ်နိုင်စွမ်းရှိနေခဲ့သည်၊ သို့သော် တစ်ခဏအကြာတွင် သူသည် သူ၏ဦးခေါင်းကို ခါရမ်းနေတော့သည်။

“ အဲ့ဒီ လုချန်ရှန်းလေးတော့ မဖြစ်နိုင်ဘူးမလား “

သူသည် ဧရာမ အစီအရင်ကြီးက ချင်းယွင်တောင်ထွဋ်ထံမှ ပေါ်ထွက်လာခဲ့ပြီး၊ မွေးရာပါ ဝိညာဥ်၏ အရှိန်အဝါကလည်း ချင်းယွင်တောင်ထွဋ်ပေါ်တွင်သာ အရင်ဦးဆုံး ပေါ်လာခဲ့သည်ဆိုသည်ကို အာရုံခံမိခဲ့သည်။

အဆိုပါ တောင်ထွဋ်ပေါ်တွင် လူလေးဦးသာလျှင် ရှိနေခဲ့သည်၊ ကျိုးချင်ယုနှင့် ယဲ့တျန်ရီတို့ကမူ တိုက်ပွဲတွင် ပါဝင်ဆင်နွှဲနေခဲ့သည့်အတွက် လုချန်ရှန်းနှင့် နင့်ယုရှင်းတို့နှစ်ဦးသာလျှင် ကျန်နေတော့သည်။

အကယ်၍ နင့်ယုရှင်းထံတွင် ထိုကဲ့သို့သော စွမ်းရည်မျိုး ရှိနေမည်ဆိုပါက၊ သူမသည် ဤနေရာသို့ ရောက်လာခဲ့လိမ့်မည် မဟုတ်ပေ၊ ထို့ကြောင့် လုချန်ရှန်းတစ်ဦးသာလျှင် ကျန်နေတော့သည်။

၎င်းကို တွေးတောစဥ်းစားနေခဲ့ပြီးသည့်နောက်တွင်၊ သူသည် ၎င်းက အတော်လေး ဟာသဆန်လွန်းသည်ဟု ခံစားသွားရကာ၊ တဟားဟား ရယ်မောနေတော့သည်။ အကယ်၍ လုချန်ရှန်းက ထိုကိစ္စကို ဝန်ခံပြောဆိုလာရဲမည်ဆိုလျှင်တောင်မှ၊ သူသည် ၎င်းကို ယုံကြည်ရဲမည် မဟုတ်ပေ။

အဆုံးတွင် သူသည် အတွေးများနေခြင်း ရပ်တန့်လိုက်သည်၊ ထိုလူ့ထံတွင် မကောင်းသော ရည်ရွယ်ချက်များ မရှိသောကြောင့်၊ သူသည် ဤအတိုင်း လွှတ်ပေးထားလိုက်တော့မည် ဖြစ်သည်။

နတ်ကောင်းကင်ဂိုဏ်းမှာလည် ဤကိစ္စကို သိရှိသွားကာ၊ သူတို့၏ စိတ်ရင်းကို ပြသရန်အတွက် လူတစ်ချို့ စေလွှတ်လာခဲ့သည်။ ထို့လူသေဆုံးခဲ့ပြီ ဖြစ်သောကြောင့်၊ အရေးယူ အပြစ်ပေးခြင်း မပြုလုပ်နိုင်တော့ဘဲ၊ လျော်ကြေးသာလျှင် ပေးအပ်နိုင်တော့လေသည်။

ကျောက်ကျင်းနှင့် တစ်ခြားလူများ၏ လုပ်ရပ်များမှာ နတ်ကောင်းကင်ဂိုဏ်းကို ကိုယ်စားမပြုနိုင်ပေ၊ လော့ရှန်လင်းကြောင့် မည်သူက အလျင်စလို မလှုပ်ရှားရဲကြတော့ပေ။

လုချန်ရှန်းကမူ သူ၏ ဇိမ်ရှိသော ဘဝကို ဆက်လက်၍ အရသာခံနေခဲ့ပြီး၊ သူ၏ပိုင်ဆိုင်မှု အကုန်လုံးကို ဝိညာဥ်ကျောက်တုံးအဖြစ် ပြောင်းလဲလိုက်ကာ၊ ဝိညာဥ်ကျောက်တုံး သုံးသိန်းခွဲအထိ ပိုင်ဆိုင်သွားခဲ့သည်။ သို့သော် ၎င်းတို့အားလုံးမှာ သူ့လက်ထဲတွင် ဖင်ပူအောင်ပင် ရှိမနေခဲ့ဘဲ၊ တစ်ကြိမ်ကျင့်ကြံရုံဖြင့် ကုန်ဆုံးသွားခဲ့သည်။

ရလဒ်အနေဖြင့် ကြွယ်ဝသော ဝိညာဥ်ချီတို့မှာ မည်သို့မျှ အလေအလွင့် မဖြစ်သွားဘဲ၊ သူ၏ မှော်စွမ်းအားများအဖြစ်သာ ပြောင်းလဲသွားခဲ့သည်၊ သို့သော် သူသည် မွေးရာပါ ဝိညာဥ်အဆင့်၂နှင့် အတော်လေး လှမ်းနေသေးစဲဖြစ်သည်။

သူလိုအပ်သည့် ဝိညာဥ်ချီ ပမာဏမှာ ပိုပို၍ ကြောက်မက်ဖွယ်ကောင်းလာခဲ့ပြီ ဖြစ်သည်။

ဤကာလအတွင်းတွင် မည်သည့်နှောင့်ယှက်မှုမှ ထပ်မံ၍ မပေါ်ပေါက်လာခဲ့ပေ။ အစတွင် သူသည် ကျိုးချင်ယုအား နတ်ကောင်းကင်ဂိုဏ်းထံသို့ မည်ကဲ့သို့ ပို့လွှတ်ရမလဲဆိုသည်ကို တွေးတောစဥ်းစားနေခဲ့သည်၊ သို့သော် သူသည် အူတိုင်ဖွဲ့စည်းနယ်ပယ်သို့ အဆင့်တက်ရန်အတွက် တံခါးပိတ်ကျင့်ကြံနေပြီဆိုသည်ကို သူသိရှိသွားခဲ့သည်။

ယွဲ့ပြည်ထောင် အနှံ့ရှိ ဂိုဏ်းအားလုံးထံမှ ပါရမီရှင်များ စုဝေးကြမည့် ပြည်ထောင်စစ်ပွဲ စတင်ကျင်းပမည့်အချိန် ကျရောက်လာတော့မည် ဖြစ်သည်။ နတ်ကောင်းကင်ဂိုဏ်းသို့ ထိပ်ဆုံး အယောက် ၃၀ကသာ ဝင်ရောက်နိုင်မည်ဖြစ်သော်လည်း၊ လူတစ်ဦးက အူတိုင်ဖွဲ့စည်းခြင်းအဆင့်သို့ ရောက်ရှိသွားသည်နှင့်တစ်ပြိုင်နက်၊ မည်သူကမှ သူ၏နေရာကို လှုပ်ခါနိုင်တော့မည် မဟုတ်ပေ။ ၎င်းသည် လုချန်ရှန်းက အလုပ်ရှုပ်ရမည့် အရေးကို သက်သာသွားစေမည် ဖြစ်သည်။

ကျိုးချင်ယု၏ အရည်အချင်းနှင့်ဆိုပါက၊ အကယ်၍ သူ့ကို ကောင်းကောင်း လေ့ကျင့်ပေးလိုက်မည်ဆိုပါက၊ သူ၏အနာဂတ်မှာ အကန့်အသတ်မဲ့သွားလိမ့်မည် ဖြစ်သည်၊ သို့သော် ကန်းယွင်ဂိုဏ်းသည် သူ၏ လုပ်နိုင်စွမ်းနှင့် အလားအလာကို အပြည့်အဝ ဆွဲတင်ပေးနိုင်လိမ့်မည် မဟုတ်ပေ။

သူသည် အရင်းအမြစ်များနှင့် လမ်းညွှန်မှု(သို့) သင်ပြမှုတစ်ချို့ကို အမြဲတမ်း လိုအပ်နေလိမ့်မည် ဖြစ်သည်။

ထို့ကြောင့် သူ့ကို နတ်ကောင်းကင်ဂိုဏ်းဆီသို့ စေလွှတ်လိုက်ခြင်းကသာလျှင် အကောင်းဆုံး ရွေးချယ်မှုဖြစ်သည်။

ထို့နောက်တွင် လုချန်ရှန်းသည် သူက မည်ကဲ့သို့ ကျင့်ကြံသင့်လဲဆိုသည်ကိုသာ တွေးတောစဥ်းစားရမည် ဖြစ်သည်။

သူ၏သိလိုစိတ်ကို နှိုးဆွပေးနေသည့် တစ်ခုတည်းသော အရာမှာ နင့်ယုရှင်းက ထူးဆန်းသော အကြည့်များဖြင့် သူ့ကို အဆက်မပြတ် စိုက်ကြည့်နေခြင်းပင် ဖြစ်သည်။

သူမသည် လုချန်ရှန်းကို သံသယဝင်နေခဲ့ပြီဖြစ်သည်။

ထိုနေ့က ချင်းယွင်တောင်ထွဋ်ပေါ်တွင် သူမတို့နှစ်ဦးတည်းသာလျှင် ကျန်နေခဲ့သည်။ သူမသည် မွေးရာပါ ဝိညာဥ်နယ်ပယ် ကျင့်ကြံသူ အကြောင်းကို ရှင်းရှင်းလင်းလင်း မသိသော်လည်း၊ သူမကို ကယ်တင်ခဲ့သည့် ထိုလူက ချင်းယွင်တောင်ထွဋ်ပေါ်တွင် ရှိနေခဲ့သည်ဆိုသည်ကိုတော့ ကောင်းစွာ သိရှိနေခဲ့သည်။

ထို့အပြင် ယခင်က သူမကို သင်ကြားပေးခဲ့သည့် လုချန်ရှန်း၏ လမ်းညွှန်မှုများမှာ မည်သို့မျှ မှားယွင်းမနေခဲ့ပေ။ အကယ်၍ သူကသာ ထိုလူဖြစ်နေခဲ့မည်ဆိုပါက၊ အရာအားလုံးက ယုတ္တိတန်နေမည် မဟုတ်လော။

သို့သော် သူမသည် လုချန်ရှန်းက သူ၏နေ့စဥ်ဘဝတွင် ပြုလုပ်မည့် အရာရာတိုင်းကို မြင်တွေ့ခဲ့ဖူးသည်၊ ထိုကဲ့သို့သော လူမျိုးက ထိုမျှသန်မာအားကောင်းနေမည်လော။

အတွေးပေါင်းများစွာ ပေါ်ထွက်လာခဲ့ပြီး၊ သူမ၏ စိတ်ခံစားချက်များ ပြောင်းလဲနေခဲ့သည်၊ သူမသည် အဖြေများကို ရှာဖွေနေခဲ့သော်လည်း၊ မည်သည့်ရလဒ်မှ မပေါ်ထွက်လာခဲ့ပေ။

သူမက သူ့ကို မည်မျှကြည့်ရှုနေခဲ့ပါစေ၊ သူသည် ရုပ်ရည်ချောမောခြင်းမှတစ်ပါး ထိုပုဂ္ဂိုလ်နှင့် တူညီသည့် မည်သည့်အချက်မှ ရှိမနေခဲ့ပေ။

တစ်ခဏခန့် ကြာခဲ့ပြီးသည့်နောက်တွင် ကန်းပြည်နယ်တစ်ခုလုံး အေးချမ်းတည်ငြိမ်သွားကာ၊ အရာအားလုံးက ပုံမှန်အခြေအနေသို့ ပြန်လည်ရောက်ရှိသွားသည့်အလား ဖြစ်သွားခဲ့သည်။

လုချန်ရှန်းကမူ ဝိညာဥ်ချီ ကြွယ်ဝသော တောင်တစ်တောင်ကို ရှာတွေ့ခဲ့ပြီး၊ မနက်စောစော ထွက်သွားကာ၊ ဝိညာဥ်ချီများကို တစ်နေကုန် စုပ်ယူကျင့်ကြံနေခဲ့ပြီး၊ ညနေစောင်းမှ အိမ်ပြန်လေ့ရှိကာ၊ ထိုဖြစ်စဥ်ကိုသာလျှင် ထပ်ခါတလဲလဲ ပြုလုပ်နေခဲ့သည်။

ကျင့်ကြံရေး၏ ညှဥ်းပန်းနှိပ်စက်မှု မရှိတော့သောကြောင့်၊ သူသည် ပို၍လုံ့လဝီရိယရှိလာခဲ့သည်၊ သို့သော် သူသွားခဲ့သည့် နေရာတိုင်းမှာ ညှိုးနွမ်းခြောက်သွေ့သွားပြီး၊ ယခင်အတိုင်း ပြန်လည်ကောင်းမွန်လာရန်အတွက် လပေါင်းများစွာကြာရှည်သည်အထိ အချိန်ယူရလေ့ရှိသည်။

အချိန်များ ဖြတ်သန်းသွားကာ၊ မျက်စိတစ်မှိတ်အတွင်းမှာပင် တစ်လတာ ကုန်ဆုံးသွားခဲ့သည်။ ကန်းယွင်ဂိုဏ်းမှာ လုံးဝတည်ငြိမ်သွားခဲ့ပြီဖြစ်ပြီး၊ ပြည်ထောင်စစ်ပွဲမှာလည်း စတင်လာတော့မည် ဖြစ်သည်။

ယွဲ့ပြည်ထောင်ရှိ အမျိုးမျိုးသော အင်အားစုများသည် စိတ်အားထက်သန်စွာဖြင့် ပြင်ဆင်နေကြကာ၊ သူတို့၏ သက်ဆိုင်ရာ ပါရမီရှင်များကို ကျင့်ကြံရန် တိုက်တွန်းနှိုးဆော်နေခဲ့သည်။ အဘယ်ကြောင့်ဆိုသော် တစ်စုံတစ်ဦးက နတ်ကောင်းကင်ဂိုဏ်းသို့ ဝင်နိုင်ခဲ့မည်ဆိုပါက၊ သူ၏ မူလဂိုဏ်းမှာ ၎င်း၏ ကာကွယ်မှုကို ရရှိမည်ဖြစ်သောကြောင့် ဖြစ်သည်။

အကယ်၍ ထိုလူကသာ ကောင်းကောင်းလုပ်ဆောင်နိုင်ခဲ့မည်ဆိုပါက၊ သူ၏ဂိုဏ်းတစ်ခုလုံးကို ကြွယ်ဝချမ်းသာစေသွားနိုင်ပေသည်။

ထို့ကြောင့် အင်အားစုတိုင်းမှာ ထိုကိစ္စကို အထူးတလည် အာရုံစိုက်နေခဲ့ကြသည်။

တစ်ချို့သည် ပြင်ဆင်မှုများကို စောစောစီးစီး ပြုလုပ်ခဲ့ကာ၊ သူတို့ဂိုဏ်း၏ ကျင့်ကြံရေး အရင်းအမြစ် အများစုကို သူတို့၏ ပါရမီအကောင်းဆုံးသော လူများထံသို့ ပုံအောကာ၊ ယွဲ့ပြည်ထောင်ကဲ့သို့ ဖွံ့ဖြိုးတိုးတက်မှု နှေးကွေးကာ အခွင့်အလမ်းကျဲပါးသည့်‌ နေရာမှ ခုန်ထွက်ရန် ကြိုးပမ်းနေကြသည်။

ကန်းယွင်ဂိုဏ်းမှာလည်း ပြင်ဆင်နေကြသည်၊ သူတို့သည် တောင်ထွဋ်တစ်ခုချင်းစီတိုင်း၏ ကိုယ်ပိုင်တပည့်/ ပင်မတပည့်များအနက်မှ သင့်လျော်သော ကိုယ်စားလှယ်လောင်းများကို ရွေးချယ်ထားခဲ့ပြီးပြီ ဖြစ်သည်။

ကျိုးချင်ယုကိုမူ မည်သို့မျှ စိုးရိမ်ပူပန်နေရန် မလိုအပ်ပေ၊ သူသည် အူတိုင်ဖွဲ့စည်းခြင်းနယ်ပယ်သို့ ရောက်ရှိတော့မည်ဖြစ်ကာ၊ မတော်တဆမှု မရှိဘူးဆိုပါက၊ သူသည် နတ်ကောင်းကင်ဂိုဏ်းသို့ သေချာပေါက် ဝင်နိုင်မည် ဖြစ်သည်။

တစ်ခြားလူများကမူ ဤကာလအတွင်းတွင် အဆင့်ထိုးဖောက်ရန်အတွက် အရူးအမူး ကြိုးစားအားထုတ်နေကြသည်။

ယဲ့တျန်ရီမှာလည်း ပြည်ထောင်စစ်ပွဲတွင် ပါဝင်မည့် လူစာရင်းတွင် ပါဝင်နေခဲ့သည်။

လုချန်ရှန်းတစ်ဦးတည်းကသာလျှင် ချင်းယွင်တောင်ထွဋ်ပေါ်တွင် အေးအေးလူလူ လှဲလျောင်းကာ၊ အလုပ်များနေသည့် လူအုပ်ကြီးကို စောင့်ကြည့်နေခဲ့သည်၊ သို့သော် သူသည် လုံးဝပျင်းရိနေခြင်းမျိုး မဟုတ်ပေ။

သူသည် ကျိုးချင်ယု၏ ဓားတာအိုကို မည်ကဲ့သို့ အဆင့်မြှင့်တင်ပေးရမလဲဆိုသည်ကို တွေးတောစဥ်းစားနေခဲ့သည်၊ ကြိုတင်ပြင်ဆင်ထားခြင်းက ပိုကောင်းပေသည်။

ထိုနည်းလမ်းနှင့်သာဆိုပါက ကျိုးချင်ယုသည် နတ်ကောင်းကင်ဂိုဏ်း၏ အာရုံစူးစိုက်မှုကို ပိုမိုဆွဲဆောင်နိုင်လိမ့်မည် ဖြစ်သည်။ အကယ်၍ သူကသာ နတ်ကောင်းကင်ဂိုဏ်း၏ တပည့်ခေါင်းဆောင် ဖြစ်လာမည်ဆိုပါက၊ လုချန်ရှန်းသည် သူ၏ ကိုယ်ပိုင်ဘေးကင်းလုံခြုံရေးအတွက် သူ့ကို အားကိုးနိုင်ကာ၊ အရင်းအမြစ်များကို လုယူခြင်းအတွက် နေ့တိုင်း တိုက်ခိုက်၊ သတ်ဖြတ်ရမည့် ပြဿနာများကို ကွေကွင်းသွားစေမည် ဖြစ်သည်။

ထိုပြဿနာကို သူတွေးတောစဥ်းစားနေသည့် အချိန်မှာပင်၊ ယဲ့တျန်ရီ ရောက်ရှိလာကာ၊ သူ့ကို မေးခွန်းထုတ်လာခဲ့သည်။

“ ဂျူနီယာညီလေး၊ မင်းက ဘာလို့ ဒီနေရာမှာပဲ ရှိနေရသေးတာလဲ “

ယဲ့တျန်ရီသည် သူဂျူနီယာ ညီငယ်ကို ကြည့်ကာ မျက်မှောင်ကြုတ်သွားခဲ့သည်။ တစ်ခြားလူများက အလေလိုက်နေသည့် အချိန်တွင်၊ သူအလေလိုက်နေခဲ့သည်။ တစ်ခြားလူများက အလုပ်များနေသည့် အချိန်မှာလည်း၊ သူသည် မည်သည့်ကိစ္စမှ မရှိသည့်အလား အလေလိုက်နေသေးလေသည်။

လုချန်ရှန်းသည် သက်ပြင်းချကာ ပြန်ပြောလိုက်သည် “ မကြာသေးခင် အချိန်ကမှ ကျွန်တော်က အထိတ်တလန့်ဖြစ်ခဲ့ရတာလေ၊ အခု ကျွန်တော့်ရဲ့ တာအိုနှလုံးသားကို တည်ငြိမ်အောင် လုပ်နေတာလေ၊ စီနီယာအစ်ကိုရ။ ကိစ္စတစ်ခုခု ရှိလို့လား “

“ မင်းရဲ့တာအိုနှလုံးသားကို တည်ငြိမ်အောင် လုပ်တာလား “

ယဲ့တျန်ရီသည် နက်နက်နဲနဲ မျက်မှောင်ကြုတ်သွားခဲ့သည်၊ ကြောက်သွားတယ်ဆိုတာက ပုံမှန်ပါပဲ၊ ဒါပင်မဲ့ တာအိုနှလုံးသားဆိုတာကြီးကတော့ မင်းဆီမှာ ရှိရောရှိလို့လားဟ

“ ပြည်ထောင်စစ်ပွဲ စတော့မယ်လေ။ မပြင်ဆင်သေးဘူးလား “

“ ဘာအတွက် ပြင်ဆင်ရမှာလဲ “ လုချန်းရှန်သည် အနည်းငယ် အံ့အားသင့်သွားခဲ့သည်။

“ စစ်ပွဲမှာ ပါဖို့ပေါ့ဟ “

“ စစ်ပွဲမှာ ပါတာလား။ ဘယ်သူလဲ၊ ကျွန်တော်လား “

“ ဟုတ်တယ်လေ၊ မင်းက လူစာရင်းထဲပါတာကို မသိဘူးလား “

“ ကျွန်တော်က လူစာရင်းထဲမှာ ပါတာလား။ ဘယ်အချိန်ကတည်းကလဲ “

ယဲ့တျန်ရီမှ ခေါင်းငြိမ့်ပြလိုက်သည် “ ဂိုဏ်းက မင်းကို နေရာတစ်နေရာပေးခဲ့တယ်လေ၊ အဲ့တာက ဘိုးဘေးကိုယ်တိုင် စီစဥ်ပေးလိုက်တာ။ မင်းမသိဘူးလား “

“ ကျွန်တော် မသိဘူး “ လုချန်ရှန်းသည် တစ်ခဏခန့် မှင်သက်သွားခဲ့သည်၊ ထို့နောက်တွင် သူသည် စိုးရိမ်တကြီး ဖြစ်သွားခဲ့သည် “ ဘိုးဘေးက ရူးသွားတာလား။ တစ်ဂိုဏ်းလုံးမှာမှ နေရာသုံးဆယ်ပဲရှိတဲ့ဟာကို၊ ကျွန်တော့်ကို တစ်နေရာပေးလိုက်တယ်ပေါ့လေ “

“ ဂျူနီယာညီလေး၊ ပေါက်ကရတွေ မပြောစမ်းနဲ့ “ ယဲ့တျန်ရီမှ ဆူပူလာခဲ့သည်။

“ သူသွေးဆုံးသွားတာလား၊ ဒါမှမဟုတ်၊ သူရူးသွားတာလား။ သူက ကျွန်တော့်ကို ဘာလုပ်စေချင်နေတာလဲ။ တစ်ခြားတစ်ယောက်ယောက်ကို ပေးလိုက်တာက ပိုမကောင်းဘူးလား။ မဟုတ်ဘူး၊ ကျွန်တော် သူနဲ့ စကားသွားပြောမှဖြစ်မယ် “

လုချန်ရှန်းသည် စိုးရိမ်တကြီး ဖြစ်သွားကာ၊ ဘိုးဘေးထံသို့ အလောတကြီး ပြေးထွက်သွားတော့သည်။

ငါ့ဘဝက လုံးဝကို ပြီးပြည့်စုံနေပြီလေ၊ ငါ့ကို အဲ့လိုကစားပွဲမျိုးထဲကို ဘာလို့ ပါခိုင်းလိုက်ရတာလဲ

“ ပေါက်ကရတွေကွာ “ ယဲ့တျန်ရီမှ ကျယ်လောင်စွာ အော်ငေါက်လာခဲ့သည် “ ဂိုဏ်းရဲ့ ဆုံးဖြတ်ချက်က ဘယ်လိုပဲဖြစ်နေပါစေ၊ မင်းကို ပေးလိုက်ပြီဆိုမှတော့ ကောင်းကောင်းကြိုးစားတော့လေ “

“ ဒါပင်မဲ့ …… “

“ မင်းက ဖိအားအောက်မှာ ရောက်နေတယ်ဆိုတာကို ငါသိပါတယ်၊ မင်းရဲ့ ကျင့်ကြံရေးနဲ့ ဒီလိုတိုက်ပွဲမျိုးကို ဝင်ပြိုင်ခိုင်းတာက မင်းအတွက် တော်တော်လေးကို များနေပါတယ်၊ ဒါပင်မဲ့ အဲ့တာက မင်းကို ပြုပြင်ပြောင်းလဲပေးတာ မဟုတ်ဘူးလား။ အဲ့တာက ဂိုဏ်းက မင်းကို တန်ဖိုးထားတယ်ဆိုတာကို ပြနေတာလေ၊ မင်းသဘောတူတယ်မလား “

“ သဘောတူတာလား “

ငါ့ဖင်ကြီးကို သဘောတူလိုက်လေ

လုချန်ရှန်းသည် အချိန်အတော်ကြာအထိ ငေးငိုင်သွားခဲ့သည်၊ သူ့ထံတွင် ဘိုးဘေးကို သွားရောက်ရိုက်နှက်လိုစိတ်များ တဖွားဖွား ဖြစ်ပေါ်လာခဲ့သည်။

……………………………………………………………………………………………………………………………………

အပိုင်း ( 44 )

အဆက်အသွယ်က အဲ့လောက်လောင် အားကောင်းတာလား

ကန်းယွင်တောင်ထွဋ်အောက်၌

လုချန်ရှန်းသည် ဤနေရာတွင် အချိန်အတော်ကြာ ဟိုလျှောက်ဒီလျှောက် ဖြစ်နေခဲ့သည်။

သူသည် တောင်ပေါ်သို့ တက်ကာ၊ ဘိုးဘေးနှင့် စကားပြောချင်နေရုံသာမက၊ ထိုအဘိုးကြီးကို မှတ်လောက်သားလောက် ဖြစ်သွားသည်အထိပါ ရိုက်နှက်ချင်နေခဲ့သည်။

သူသည် ဂိုဏ်းတွင်သာ အေးအေးချမ်းချမ်း နေချင်ပေသည်၊ သို့သော် ဘိုးဘေးကမူ သူ့ကို စစ်ပွဲတွင် ပါဝင်ခိုင်းခဲ့သည်၊ အဲ့တာက ဂိုဏ်းချုပ်က နားပူနားဆာသွားလုပ်လိုက်တာကြောင့် ဖြစ်နိုင်တယ်

ဆယ်နှစ်တာ ကျင့်ကြံခဲ့ပြီးသည့်နောက်တွင်၊ သူသည် ပြင်ပကမ္ဘာကြီးက မည်မျှ ကြောက်မက်ဖွယ်ကောင်းလဲဆိုသည်နှင့် ကန်းယွင်ဂိုဏ်းကဲ့သို့ အေးချမ်းတည်ငြိမ်သော နေရာမျိုးက လွန်စွာ ရှားပါးသည်ဆိုသည်ကို သိနေခဲ့သည်။

နတ်ကောင်းကင်ဂိုဏ်းဆိုသည်မှာ မည်သည့်အရာဖြစ်သနည်း၊ ၎င်းမှာ လူများကို ဝါးမြိုသော နေရာတစ်ခု ဖြစ်သည်။

သူကဲ့သို့ ဖန်လုံအိမ်ထဲတွင် ကြီးပျင်းလာခဲ့သည့် နူးညံ့သော ပန်းလေးတစ်ပွင့်က ငရဲကဲ့သို့သော နေရာ၏ ရက်စက်ကြမ်းကြုတ်မှုများကို မည်ကဲ့သို့ တောင့်ခံနိုင်လိမ့်မည်နည်း

အဆုံးတွင် သူသည် ကန်းယွင်တောင်ထွဋ်ပေါ်သို့ တက်သွားရန် စိတ်ပိုင်းဖြတ်လိုက်သည်။ အကယ်၍ ယနေ့တွင် ဘိုးဘေးကို ဖိနှိပ်ရမည်ဆိုလျှင်တောင်မှ၊ သူသည် ပြည်ထောင်စစ်ပွဲတွင် ပါဝင်လိမ့်မည် မဟုတ်ပေ။

ထိုကဲ့သို့ ဆုံးဖြတ်လိုက်ပြီးသည့်နောက်တွင် သူသည် ချက်ချင်းတက်သွားရန်ပြင်လိုက်သည်၊ သို့သော် ထိုအချိန် ပုံရိပ်တစ်ခုက အဝေးမှ ချဥ်းကပ်လာနေသည်ကို သူမြင်တွေ့သွားခဲ့သည်။

၎င်းမှာ လော့ထျန်းဖြစ်သည်။

သူသည် ဂိုဏ်းချုပ်ကို ကြည့်ကာ၊ အပြုံးဖြင့် နှုတ်ဆက်ရန် ပြင်လိုက်သည်။

သို့ရာတွင် လော့ထျန်း၏ အမူအရာမှာ မည်းမှောင်နေခဲ့သည်။

“ မင်းက ဘိုးဘေးကို ဘာဆေးတိုက်လိုက်တာလဲ။ သူက မင်းကို နေရာတစ်ခုပေးဖို့အတွက် ငါ့ကို အနိုင်ကျင့်ခဲ့တယ် “

“ ဂိုဏ်းချုပ်၊ အဲ့တာက ဘာကိုဆိုလိုတာလဲဗျ “

“ ငါဘာကိုဆိုလိုတာလဲ ဟုတ်လား။ မင်းကိုယ်မင်း မသိဘူးလား “ လော့ထျန်းသည် အေးစက်စွာ နှာခေါင်းရှုံ့လာခဲ့သည်။

လုချန်ရှန်းသည် မျက်မှောင်ကြုတ်သွားကာ၊ စကားပြန်ပြောလိုက်သည် “ ဂိုဏ်းချုပ်၊ အဲ့တာက မဟုတ်မမှန်တဲ့ စွပ်စွဲချက်တစ်ခုနော်။ ကျွန်တော်က အဲ့ကို သွားချင်နေတယ်လို့ ထင်နေတာလားဗျ “

“ မင်းမသွားချင်ဘူးလား။ ဒါဆိုရင်လည်း ဘိုးဘေးကို မင်းကိုယ်တိုင် သွားပြောလိုက် “

လော့ထျန်းသည် နှာမှုတ်လာခဲ့ကာ၊ သူ၏အကျ်ီလက်ကို ခါ၍ ထွက်သွားတော့သည်။

“ ဟေး၊ ဒီအဘိုးအိုပေါက်စကတော့ကွာ “

လုချန်ရှန်း မျက်မှောင်ကြုတ်သွားခဲ့သည်။ သူမသွားချင်ဘူးဟု ပြောပြခဲ့သော်လည်း၊ လော့ချန်းမှာ သူ့ကို မျက်နှာသာ မပေးခဲ့ပေ။

“ ခင်ဗျားစောင့်နေလိုက်၊ နောင်အနာဂတ်မှာ ခင်ဗျားက ကောင်းကောင်းကြီး ကျင့်ကြံနိုင်အောင် ကျုပ်ကူညီပေးမယ် “ လုချန်ရှန်းသည် ထိုကဲ့သို့ ပြောဆိုကာ၊ ထွက်သွားရန် ပြင်လိုက်သည်။

သို့ရာ၌ ထိုအချိန်တွင် ကန်းယွင်တောင်ထွဋ်ပေါ်မှ ဘိုးဘေး၏ အသံ ပေါ်ထွက်လာခဲ့သည်။

“ ချန်ရှန်း၊ တက်လာခဲ့ “

လုချန်ရှန်းသည် တွေဝေတုံ့ဆိုင်းနေခြင်း မရှိဘဲ၊ ပြေးတက်သွားတော့သည်။ ယနေ့တွင်၊ သူသည် ကိစ္စများကို ရှင်းလင်းအောင် လုပ်ရမည် ဖြစ်သည်။

တောင်ထွဋ်ပေါ်ရှိ ခန်းမအတွင်းသို့ ရောက်ရှိသွားသော အချိန်တွင် ဘိုးဘေးသည် ဝင်ပေါက်ကို ကျောပေးကာ မတ်တပ်ရပ်နေလျက်ရှိသည်၊ သူရောက်လာသည်ကို အာရုံခံမိသွားသောအခါတွင် ဘိုးဘေးသည် သူ့ကို လှည့်ကြည့်လာခဲ့သည်၊ သူ၏မျက်နှာပေါ်တွင် အပြုံးတစ်ခု ဆင်မြန်းထားခဲ့သည်။

“ ဘိုးဘေး “

“ မင်းရောက်လာပြီပဲ “

ဘိုးဘေးသည် စကားပြန်ပြောလာခဲ့ကာ၊ ထိုင်ချရန် လက်ဟန်ခြေဟန် ပြလာခဲ့သည်။

လုချန်ရှန်းသည် ကိန်းကြီးခမ်းကြီး လုပ်မနေဘဲ၊ ဘိုးဘေး၏ ဘေးနားတွင် ထိုင်ချလိုက်သည်။

သူ စကားမပြောရသေးခင် အချိန်မှာပင်၊ ဘိုးဘေးမှ စကားစပြောလာခဲ့သည် “ လော့ထျန်းကို အပြစ်တင်မနေပါနဲ့။ သူက မင်းကို ပစ်မှတ်ထားနေတာ မဟုတ်ဘူး၊ သူက မင်းရဲ့ ကောင်းကျိုးအတွက် လုပ်ပေးနေတာပါ။ သူကလည်း မင်းကို မစွန့်စားစေချင်ဘူးလေ။ တကယ်လို့ မင်းတစ်ခုခု ဖြစ်သွားမယ်ဆိုရင်၊ သူက အဲ့ကောင်မလေး၊ ရှန်လင်းကို ရှင်းပြနိုင်မှာ မဟုတ်ဘူး “

“ ကျွန်တော် သူ့ကို အပြစ်မတင်ပါဘူးဗျာ “ လုချန်ရှန်းမှ ပြန်ပြောလိုက်သည် “ ကျွန်တော်က ……. “

“ မင်းကို စစ်ပွဲမှာ ဘာလို့ ပါခိုင်းလိုက်ရလဲဆိုတာကို မင်းသိချင်လား “

“ ဟုတ်၊ ဘာလို့လဲ “

“ ဘာလို့လဲဆိုတော့ ငါမင်းအပေါ်မှာ မျှော်လင့်ချက်ကြီးကြီး ထားထားလို့ပဲ။ တကယ်လို့ မင်းသာဆိုရင်၊ နတ်ကောင်းကင်ဂိုဏ်းကို သေချာပေါက် ဝင်နိုင်မှာလေ “

ထိုစကားလုံးများ ပေါ်ထွက်လာသည်နှင့်တစ်ပြိုင်နက် ခန်းမတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားခဲ့သည်။

လုချန်ရှန်း၏ မျက်လုံးများအတွင်းတွင် အံ့အားသင့်မှု အရိပ်အငွေ့များ ဖြစ်တည်လာခဲ့သည်။ ဘိုးဘေးကို ကြည့်လိုက်သည့် အချိန်တွင်၊ သူက သူ့အားနွေးထွေးမှုအပြည့်ဖြင့် ပြုံးပြနေသည်ကို မြင်တွေ့လိုက်ရသည်။

သူ၏ စိတ်နှလုံးသား တင်းကြပ်သွားခဲ့သည်၊ ငါ့အကြောင်းကို သိသွားပြီလားဟ

မဖြစ်နိုင်ပါဘူး။ ငါက ဆယ်နှစ်တိတိ ဖုံးကွယ်ထားခဲ့တာလေ၊ ဘယ်သူမှ မသိပါဘူး။ ဒီအဘိုးကြီးက ရက်ပိုင်းအတွင်းမှာပဲ ဘယ်လိုလုပ် သိသွားရတာလဲဟ

ငါလှုပ်ရှားခဲ့တဲ့ အချိန်တုန်းက ဟာကွက်တစ်ချို့ကို တွေ့သွားတာများလား

“ ချန်ရှန်း “

သူအတွေးများနေသည့် အချိန်မှာပင် ဘိုးဘေးမှ စကားထပ်ပြောလာခဲ့သည်။

” ဘိုး‌ဘေး၊ ကျွန်တော့်ကို အဲ့လိုလာနောက်နေလို့ မရဘူးလေ။ ကျွန်တော့်ရဲ့ ကျင့်ကြံရေးနဲ့ အဲ့ကိုသွားတာက ကိုယ့်ကိုကိုယ် သေကြောင်းကြံနေတာပဲ မဟုတ်ဘူးလား။ ဘာလို့ တစ်ခြားလူတစ်ယောက်ကို မသွားခိုင်းလိုက်ရတာလဲဗျ “ လုချန်ရှန်းသည် စူးစမ်းလိုစိတ်ဖြင့် မေးမြန်းလိုက်သည်။

ဘိုးဘေးသည် ဦးခေါင်းကို ခါရမ်းကာ ပြန်ပြောလာခဲ့သည် “ တကယ်လို့ တစ်ခြားတစ်ယောက်ယောက်သာ သွားမယ်ဆိုရင်၊ သူ့ဆီမှာ ချင်ယုရဲ့ အရည်အချင်းနဲ့ ပါရမီမျိုး မရှိဘူးဆိုရင် ကျော်လွှားနိုင်ဖို့ မလွယ်ဘူးကွ “

“ ဆိုတော့ ကျွန်တော့်ဆီမှာ အဲ့တာတွေ ရှိနေတယ်လို့ ထင်နေတာလားဗျ “

“ မင်းဆီမှာ အဲ့တာတွေ ရှိနေဖို့ မလိုပါဘူးကွာ “

“ ဘာလို့လဲဗျ “

ဘိုးဘေးသည် အပြုံးဖြင့် ပြန်ပြောလာခဲ့သည် “ မင်းမသွားချင်ဘူးဆိုတာက၊ မင်းက ရွေးချယ်ခံထားရတယ်ဆိုတာကို မသိတာနဲ့ အချိန်မဖြုန်းချင်တာကြောင့်မလား။ အဲ့လိုဆိုမှတော့ ငါမင်းကို မဖုံးကွယ်ထားတော့ဘူး။ တကယ်တော့ မင်းက ကြိုအရွေးခံထားရတာကွ “

“ ကြိုအရွေးခံထားရတာလား။ အနောက်တံခါးကနေလား “

“ ဟုတ်တယ် “

သူသည် တစ်ခဏခန့် မိန်းမောသွားခဲ့သည်။

ဘယ်အချိန်တုန်းက ဖြစ်ခဲ့တာလဲ။ ငါက ဘယ်လိုလုပ် မသိရတာလဲ

ဘိုးဘေးမှ စကားဆက်ပြောလာခဲ့သည် “ နတ်ကောင်းကင်ဂိုဏ်းမှာ မင်းအတွက် အင်အားကြီး ကျောထောက်နောက်ခံတစ်ခု ရှိတယ်လေ။ မင်းရဲ့ တိုက်ပွဲရလဒ်က ဘယ်လိုပဲဖြစ်နေပါစေ၊ တကယ်လို့ မင်းက ဘာမှမလုပ်ဘဲ လှဲအိပ်နေမယ်ဆိုရင်တောင်မှ၊ မင်းက နတ်ကောင်းကင်ဂိုဏ်းကို ရောက်သွားလိမ့်မယ် “

“ အဆက်အသွယ်က အဲ့လောက်လောင် အားကောင်းတာလား “

လုချန်ရှန်းသည် အတွေးနက်သွားကာ၊ ကြောင်အမ်းအမ်း ဖြစ်နေသော အမူအရာဖြင့် အဘိုးအိုကို ကြည့်နေတော့သည်။

ငါ့ဆီမှာ ဒီလောက်တောင် အားကောင်းတဲ့ ကျောထောက်နောက်ခံတစ်ခု ရှိနေတာလား။ ဘာလို့ ဘယ်သူကမှ ငါ့ကို မပြောပြခဲ့ရတာလဲ

“ ဒါပေါ့ကွ။ အရင်က မင်းကို ဘာလို့မပြောပြခဲ့ရလဲဆိုတာကတော့ မင်းက ငယ်နေသေးတော့၊ မောက်မောက်မာမာ ဖြစ်သွားမှာကို ငါကြောက်လို့ပဲ “ ဘိုးဘေးသည် ရိုးရိုးသားသား ပြောပြလာခဲ့သည်။

ခန်းမအတွင်းတွင် တိတ်ဆိတ်မှုကသာလျှင် ထပ်မံ၍ ကြိုးစိုးလာခဲ့ပြန်သည်။

အချိန်အတော်ကြာခဲ့ပြီးသည့်နောက်မှ လုချန်ရှန်းသည် ဖြည်းဖြည်းချင်း စကားထပ်ပြောလာခဲ့သည် “ ဆိုတော့ အခုကျွန်တော်က ကြီးပျင်းလာပြီလို့ ထင်နေတာလားဗျ “

“ ဟုတ်တယ် “

“ ဘိုးဘေး၊ ခင်ဗျားက ကျွန်တော့်ကို လိမ်နေတာလို့ ခံစားနေရတယ်၊ ဘာသက်သေမှ မရှိဘူးလေ “

“ ငါ့လို့ လူအိုကြီးတစ်ယောက်က မင်းလို ကောင်စုတ်လေးတစ်ယောက်ကို ဘာလုပ်ဖို့ လိမ်နေရမှာတုန်းဟ “ ဘိုးဘေး မျက်မှောင်ကြုတ်သွားခဲ့သည်။

လုချန်ရှန်းသည် သူ၏ဦးခေါင်းကို ခါရမ်းကာ ပြန်ပြောလိုက်သည် “ အဲ့တာကတော့ ပြောဖို့ခက်တယ်လေ “

လူနှစ်ဦးသည် တစ်ဦးကို တစ်ဦး ကြည့်နေကြတော့သည်။

ဘိုးဘေးမှ စကားဆက်ပြောလာခဲ့သည် “ တကယ်လို့ အဲ့ဒီ အဆက်အသွယ် မရှိဘူးဆိုရင်၊ မင်းကိုငါက ဘာကိစ္စအဲ့ကို ပို့လိုက်ရတာတုန်း “

“ ပျင်းနေလို့နေမှာပေါ့ဗျ “

“ မင်း ….. “

ဘိုးဘေး ဆွံ့အသွားခဲ့သည်။ သူသည် ဤကောင်စုတ်လေးက ဆိုးသွမ်းသည်ဆိုသည်ကို သိနေသော်လည်း၊ သူကဲ့သို့ ဘိုးဘေးတစ်ဦးကိုပင် မျက်နှာသာ မပေးလောက်သည်အထိ ဆိုးရွားနေလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။

လုချန်ရှန်းသည် တစ်ခဏခန့် တွေးတောစဥ်းစားနေကာ၊ ပြန်ပြောလိုက်သည် “ ဘိုးဘေးက ဒီလိုမျိုး အတည်ကြီးပြောနေတယ်ဆိုတော့၊ နတ်ကောင်းကင်ဂိုဏ်းမှာ ရှိနေတဲ့ ကျွန်တော့်ရဲ့ ကျောထောက်နောက်ခံက အချိန်အတော်ကြာ ပျောက်ဆုံးနေခဲ့တဲ့ ကျွန်တော့်ရဲ့ အဖေလား “

“ တော်တော်လေး နီးစပ်ပါတယ် “

လုချန်ရှန်း : “ … “

သူ၏ မိဘနှစ်ပါးက သူငယ်ရွယ်စဥ်အချိန်မှာပင်၊ သေဆုံးသွားခဲ့သည်ဆိုသည့် စကားကို မကြားဖူးထားခဲ့ဘူးဆိုပါက၊ သူသည် ဤကလိမ်အိုကြီး၏ စကားကို ယုံကြည်လုနီးပါး ဖြစ်သွားလိမ့်မည် ဖြစ်သည်။

“ မေ့လိုက်တော့၊ ငါဆုံးဖြတ်ခဲ့ပြီးပြီ။ မင်းသွားချင်သည်ဖြစ်စေ၊ မသွားချင်သည်ဖြစ်စေ၊ မင်းသွားကို သွားရမယ် “

ဘိုးဘေးသည် ထိုကဲ့သို့ ပြောလာခဲ့ပြီး၊ မတ်တပ်ထရပ်ကာ လုချန်ရှန်းကို ဆွဲထူလိုက်သည်။

သူတုံ့ပြန်လိုက်သည့် အချိန်၌ သူ၏ခန္ဓာကိုယ်ပေါ်တွင် အမှတ်အသားတစ်ခု ပေါ်လာခဲ့သည်။

၎င်းမှာ ပါဝင်ယှဥ်ပြိုင်သူ၏ အမှတ်အသား ဖြစ်သည်။

ပြည်ထောင်စစ်ပွဲတွင် ပါဝင်ရန် အဆင့်မှီသူများကသာလျှင် ၎င်းကို ပိုင်ဆိုင်ထားကြသည်။ ၎င်းကို မှတ်သားလိုက်သည်နှင့်တစ်ပြိုင်နက် မည်သို့မျှ ဖယ်ရှားနိုင်တော့မည် မဟုတ်ပေ။

အကယ်၍ လူတစ်ဦးက ၎င်းကို အတင်းအကြပ် ဖယ်ရှားခြင်း(သို့) နောက်လူတစ်ဦးထံသို့ အစားထိုး လွှဲပြောင်းပေးခြင်းတို့ ပြုလုပ်ခဲ့မည်ဆိုပါက၊ နတ်ကောင်းကင်ဂိုဏ်းသည် တစ်စုံတစ်ဦးက မကောင်းသော ရည်ရွယ်ချက်များဖြင့် ဂိုဏ်းအတွင်းသို့ ခိုးဝင်လာမည်လားဆိုသည့် စိုးရိမ်စိတ်ကြောင့် ထိုကိစ္စကို စုံစမ်းစစ်ဆေးရန်အတွက် လူလွှတ်လာလိမ့်မည် ဖြစ်သည်။

ထို့အပြင် တင်းကြပ်သော စည်းမျဥ်းစည်းကမ်းတစ်ခု ရှိနေခဲ့သည်၊ အမှတ်အသား ရရှိထားသူသည် မဖြစ်မနေ ပါဝင်ယှဥ်ပြိုင်ရမည် ဖြစ်သည်၊ ထိုကဲ့သို့သာ မဟုတ်ဘူးဆိုပါက၊ ပြင်းထန်သော နောက်ဆက်တွဲအကျိုးဆက်များကို ရင်ဆိုင်ရမည် ဖြစ်သည်။

“ ဘိုးဘေး၊ ခင်ဗျား အဲ့လိုလုပ်လို့ မရဘူးလေ “ လုချန်ရှန်းသည် နက်နက်နဲနဲ မျက်မှောင်ကြုတ်သွားခဲ့သည်။

ဘိုးဘေးသည် သူ၏ ပခုံးကို ပုတ်ကာ၊ ကြင်နာစွာ ပြောဆိုလာခဲ့သည် “ အခုတော့ မင်းသွားကိုသွားရတော့တယ်။ ကောင်းကောင်းပြင်ဆင်ထားပါ။ ဘိုးဘေးက မင်းကို တော်တော်လေး မျှော်လင့်ထားတယ် “

ထိုစကားကို ကြားလိုက်ရသောအခါတွင် သူသည် လုံးဝမှင်သက်သွားခဲ့သည်။

ဒါက ဘဲတစ်ကောင်ကို သစ်ပင်ပေါ် တက်ခိုင်းလိုက်တာနဲ့ ဘာကွာလို့လဲ

ဤကဲ့သို့ ဖြစ်လာခဲ့ပြီဖြစ်သောကြောင့် သူ့ထံတွင် ရွေးချယ်စရာ မရှိတော့ပေ။ သူသည် ကန်းယွင်တောင်ထွဋ်မှ ထွက်လာခဲ့ကာ တောင်တန်းများ အပေါ်သို့ ခုန်ဆင်းသွားတော့သည်။

ဘိုးဘေးပြောခဲ့သည့်အတိုင်းပင် သူသွားကိုသွားရတော့မည် ဖြစ်သည်။ အများဆုံးအနေဖြင့် သူ၏ စီနီယာအစ်ကိုကို လိုက်ပို့ပေးကာ၊ လမ်းပတ်လျှောက်၍ ပြန်လာရုံသာ ပြုလုပ်ရမည် ဖြစ်သည်။ သူသာ ဂရုစိုက်နေသရွေ့ မည်သည့်ပြဿနာမှ ဖြစ်လာလိမ့်မည် မဟုတ်ပေ။

သို့ရာတွင် ကြိုတင်ပြင်ဆင်မှုများကို ပြုလုပ်ရန် လိုအပ်နေသေးသည်။ ပြည်ထောင်စစ်ပွဲ စတင်ရန် လပိုင်းမျှ လိုနေသေးသောကြောင့် သူသည် ဆက်လက်၍ ကျင့်ကြံရန် ကြိုးစားမည် ဖြစ်သည်။

အကယ်၍ တစ်ခုခုသာ ဖြစ်လာခဲ့မည်ဆိုပါက၊ အနည်းငယ်မျှ ပိုမိုအစွမ်းထက်နေခြင်းမှာ ရှင်သန်နိုင်ခြေကို အနည်းငယ်မျှ မြင့်တက်သွားစေလိမ့်မည် ဖြစ်သည်။

ဘိုးဘေးသည် လူလိမ် တစ္ဆေအိုကြီးတစ်ဦးသာလျှင် ဖြစ်ပေသည်။ အကယ်၍ သူ့ထံတွင် ထိုကဲ့သို့သော ကျောထောက်နောက်ခံမျိုး ရှိနေလိမ့်မည်ဆိုပါက၊ သူသည် မည်သည့်အတွက်ကြောင့် ဤကဲ့သို့ သနားဖွယ်ကောင်းသော အခြေအနေမျိုးတွင် ရှိနေရလိမ့်မည်နည်း

တစ်ချိန်တည်းမှာပင်၊ ကန်းယွင်တောင်ထွဋ်ပေါ်၌

လင်းပေါ်သည် ဘိုးဘေး၏ ဘေးနားသို့ ရောက်ရှိလာခဲ့ပြီး၊ စိတ်ပျက်လက်ပျက် ဖြစ်နေသည့် လုချန်ရှန်းကို ငေးကြည့်ကာ၊ မေးမြန်းလာခဲ့သည်။

“ ဘိုးဘေး၊ နတ်ကောင်းကင်ဂိုဏ်းမှာ ချန်ရှန်းရဲ့ ကျောထောက်နောက်ခံရှိတယ်ဆိုတာက တကယ်လားဗျ “

ဘိုးဘေးသည် သူ၏စကားကြောင့် မျက်မှောင်ကြုတ်သွားခဲ့သည်။

“ အဲ့လိုပဲ ပြောရမှာပေါ့ “

“ ဟမ် “ လင်းပေါ်မှ ထပ်မံ၍ မေးမြန်းလာခဲ့သည် “ ဒါဆိုရင် သူ့ကို ဘာလို့ နေရာတစ်ခု ပေးလိုက်ရတာလဲဗျ “

ဘိုးဘေးသည် အနည်းငယ် ရှက်ရွံ့သွားပုံရကာ၊ ပြန်ပြောလာခဲ့သည် “ အဲ့နေရာကို အဲ့ဒီကလေးမလေး ရှန်လင်းက တောင်းဆိုခဲ့တာလေ။ နတ်ကောင်းကင်ဂိုဏ်းရဲ့ မဟာအကြီးအကဲက သူမကို အတော်လေး ချစ်တယ်လေ၊ အဲ့တာကြောင့် သူမအတွက် အဲ့နေရာကို ခွင့်ပြုပေးခဲ့တာ။ သူမက ဂိုဏ်းကို လျော်ကြေးတစ်ခု ပေးမယ်လို့ ကတိပေးခဲ့တယ် “

“ အာဏာကို မကြောက်ဘူးလားဗျ “ လင်းပေါ် အံ့ဩတုန်လှုပ်သွားခဲ့သည်။

ဘိုးဘေးမှ ပြန်ပြောလိုက်သည် “ အာဏာကို မကြောက်တာက ငါက မိုက်မဲနေလိမ့်မယ်လို့ ဆိုလိုတာ မဟုတ်ဘူး။ နေရာတစ်ခုအတွက် တန်ဖိုးရှိတဲ့ ကျင့်ကြံရေး အရင်းအမြစ်တွေနဲ့ ဘာလို့ မလဲလိုက်ရမှာလဲ။ ဒီတစ်ကြိမ်မှာ ချင်ယုအပြင် အောင်မြင်နိုင်ခြေရှိတဲ့ တစ်ခြားလူ တစ်ယောက်ယောက်ကို မင်းသိလို့လား “

“ ဒါပင်မဲ့ ……. “

“ ဘာကို ဒါပင်မဲ့လဲ။ ချန်ရှန်းကို နေရာတစ်ခု ပေးလိုက်တာက အဆုံးသတ်ရလဒ်ကို ဘယ်လိုမှ မပြောင်းလဲသွားစေနိုင်ဘူး။ ဒါပင်မဲ့ အဲ့တာက ငါတို့ဂိုဏ်းကို ပိုသန်မာ၊ အားကောင်းသွားစေနိုင်တယ်လေ။ ချို့ယွင်းချက်ရှိလို့လား “

“ ဘိုးဘေးပြောတာ မှန်ပါတယ် “ လင်းပေါ်သည် အကြမ်းဖျင်း နားလည်သွားခဲ့သည်။ သူသည် ယခုလေးတင် သူပြောခဲ့သည့် စကားကို အမှတ်ရသွားကာ မအောင့်ထားနိုင်တော့ဘဲ သက်ပြင်းချနေတော့သည် “ အဲ့ကလေး ချန်ရှန်းက တကယ်ကို ကံကောင်းလွန်းတာပဲ။ သူက ဘာမှလုပ်စရာ မလိုဘဲ နတ်ကောင်းကင်ဂိုဏ်းကို ဝင်သွားနိုင်တယ် “

“ မဟုတ်ဘူး၊ သူမဝင်နိုင်ဘူး “ ဘိုးဘေးသည် သူ၏ဦးခေါင်းကို ခါရမ်းပြလိုက်သည်။

လင်းပေါ် ဇဝေဇဝါ ဖြစ်သွားခဲ့သည် “ သူ့ကို ကြိုရွေးထားတယ်လို့ ပြောခဲ့တယ် မဟုတ်ဘူးလားဗျ “

“ တကယ်လို့ သူ့ကို မလှည့်စားဘူးဆိုရင်၊ သူသွားမှာမို့လို့လားဟ “ တပည့်ရွေးချယ်တာကို နတ်ကောင်းကင်ဂိုဏ်းရဲ့ အရှင်သခင်လေးယောက်က ဆုံးဖြတ်တာ။ သူတို့က ခံစားချက်မရှိဘူးဆိုပြီး၊ နာမည်ကြီးတယ်၊ မဟာအကြီးအကဲကလည်း ဒီလို ငပျင်းကောင်ကို သူတို့ဂိုဏ်းထဲကို ဝင်စေချင်မှာ မဟုတ်ဘူး “

သူသည် လုချန်ရှန်း၏ လုပ်ရပ်များအကြောင်းကို ကြားထားခဲ့ဖူးသည်။

“ အဲ့တာဆိုရင် ဒါက ချန်ရှန်းကို သွားနှောင့်လိုက်တာ မဟုတ်ဘူးလား “

လင်းပေါ်သည် သက်ပြင်းတချချ ဖြစ်သွားခဲ့သည်။ သူသည် ထိုကလေးက ကံကောင်းသည်ဟု တွေးတောနေခဲ့သော်လည်း၊ ထိုကောင်လေးသည် လူကြီးနှစ်ဦး၏ လှည့်ကွက်အတွင်းသို့သာ ကျရောက်သွားခဲ့ခြင်းဖြစ်သည်။

သို့ရာတွင် မဟာအကြီးအကဲသည် တပည့်ရွေးချယ်မှုကို မထိန်းချုပ်နိုင်သော်လည်း၊ လုချန်ရှန်း၏ လုံခြုံဘေးကင်းရေးကို ကြည့်ရှုစောင့်ရှောက်ပေးရန်အတွက် လူတစ်ဦးလွှတ်ပေးနေနိုင်သေးသည်။

လော့ရှန်လင်းသည် လုချန်ရှန်းအတွက် အခွင့်အလမ်းတစ်ခုသာ လိုချင်နေရုံ ဖြစ်သည်။

လူအိုကြီးနှစ်ဦးသည် လူငယ်လေးတစ်ဦး၏ ဆန္ဒကို ဖြည့်ဆည်းပေးခဲ့သည်။

အားလုံး၏ အမြင်များတွင် လုချန်ရှန်း ပါဝင်ခြင်း(သို့) မပါဝင်ခြင်းက မည်သို့မျှ အန္တရာယ်ရှိနေလိမ့်မည် မဟုတ်ပေ။

ဘိုးဘေးမှာလည်း လွန်စွာ ကူရာကယ်ရာမဲ့နေခဲ့သည်။ ဘာပဲဖြစ်ဖြစ်ပါလေ၊ ဘာအန္တရာယ်မှ မရှိတာ၊ သူပြန်ရောက်လာမှ လျော်ကြေးပေးလိုက်ပါမယ်လေ

……………………………………………………………………………………………………………………………

အပိုင်း ( 45 )

ကန်းပြည်နယ်တွင် ဖြစ်ပေါ်လာသော ကပ်ဘေးတစ်ခု

ကန်းယွင်ဂိုဏ်းအတွင်းတွင် နက်ရှိုင်းသော တိတ်ဆိတ်မှုတစ်ခု ကြီးစိုးနေလျက်ရှိသည်။

ယခင်ကဖြစ်ရပ်များကို ရင်ဆိုင်ခဲ့ရပြီးသည့်နောက်တွင်၊ လူတိုင်းသည် ပို၍ ဇွဲရှိသွားကာ၊ ပိုမိုကြိုးစားအားထုတ်၍ ကျင့်ကြံနေကြတော့သည်။

သူတို့သည် ဂိုဏ်းတစ်ခုက ညတွင်းချင်း အပြတ်ရှင်းခံလိုက်ရနိုင်ပြီး၊ ကျင့်ကြံရင်းဖြင့် ပိုမိုသန်မာလာခြင်းကသာလျှင်၊ ထိုကဲ့သို့သော ဖြစ်ရပ်အား ရှောင်ရှားနိုင်သည်ဆိုသည်ကို နားလည်သွားကြသည်။

ပြည်ထောင်စစ်ပွဲတွင် ပါဝင်ဆင်နွှဲရန် အရွေးခံထားရသည့် လူများသည်လည်း အရူးအမူး ကျင့်ကြံနေလျက်ရှိသည်၊ သူတို့သည် သူတို့က အိမ်ဖြည့်သာသာမျှသာ ဖြစ်သည်ဆိုသည်ကို သိနေခဲ့သော်လည်း၊ ဂိုဏ်းကို အကူအညီပေးနိုင်ရန်အတွက် မျှော်လင့်ချက် ထားနေစဲပင် ဖြစ်သည်။

အကယ်၍ ….

အကယ်၍ သူတို့ကသာ အောင်မြင်သွားမည်ဆိုပါက၊ သူတို့သည် သူတို့ကိုယ်တိုင်အတွက် တောက်ပသော အနာဂတ်ကို သိမ်းပိုင်နိုင်ရုံတင်မဟုတ်ဘဲ၊ ဂိုဏ်းကိုပါ လုံခြုံဘေးကင်းသွားစေလိမ့်မည် ဖြစ်သည်။

လုချန်ရှန်းတစ်ဦးတည်းသာလျှင် ပျောက်ဆုံးနေခဲ့သည်။

ဘိုးဘေးသည် လူရွေးခြင်းနှင့်ပတ်သက်ပြီး သူ့ကိုယ်သူ အပြစ်တင်နေခဲ့သည်၊ ထို့ကြောင့် သူ့ကို နှစ်သိမ့်ပေးရန်အတွက် ကျင့်ကြံရေး အရင်းအမြစ်များ ယူဆောင်ပေးလာခဲ့သည်။

သို့ရာ၌ ချင်းယွင်တောင်ထွဋ်သို့ အကြိမ်ပေါင်းများစွာ လာလည်ခဲ့ပြီးသည့်နောက်မှာပင်၊ သူသည် သူ့ကို မည်သို့မျှ ရှာမတွေ့ခဲ့ပေ။

သူသည် တစ်ခြားလူများကို မေးမြန်းခဲ့ပြီး၊ ထိုလူများကလည်း သူ့ကို မမြင်ရသည်မှာ ရက်အတော်ကြာနေပြီဟု ပြန်ဖြေလာသည်ကိုသာ ကြားသိခဲ့ရသည်။

“ အဲ့ကလေးက မိုက်မဲတဲ့ ကိစ္စတစ်ခုခုကို လုပ်ဖို့ တွေးနေတာတော့ မဟုတ်ဘူးမလား “ ဘိုးဘေးသည် မျက်မှောင်တကြုတ်ကြုတ် ဖြစ်သွားခဲ့သည်။

လင်းပေါ်သည် သူ၏ဦးခေါင်းကို ခါရမ်းပြကာ ပြန်ပြောလိုက်သည် “ တကယ်လို့ လူတိုင်းက လျှောက်လုပ်နေမယ်ဆိုရင်တောင်မှ၊ သူကတော့ လုပ်မှာ မဟုတ်ဘူး။ သူက တစ်နေရာရာမှာ သွားနှပ်နေတာ ဖြစ်လောက်တယ် “

“ သူ့ရဲ့ စိတ်က အဲ့လောက်တောင် ခံနိုင်ရည်ရှိတာလားဟ “ ဘိုးဘေး အံ့ဩသွားခဲ့သည်။

လင်းပေါ်သည် အနည်းငယ် ဆွံ့အသွားခဲ့သည်၊ အဲ့တာက ခံနိုင်ရည်ရှိတယ်လို့ ဆိုလိုတာလားဟ။ ဘိုးဘေးက သူ့ကို အဲ့လောက်တောင် လေးစားနေတာလားဟ

သို့သော် သူသည် လုချန်ရှန်းက အဆင်ပြေနေမည်ဆိုသည်ကို သိနေသောကြောင့်၊ စကားထပ်မပြောတော့ဘဲ၊ ပစ္စည်းများကို ယူကာ ထွက်ခွာသွားတော့သည်။

တစ်ချိန်တည်းမှာပင် လုချန်ရှန်းသည် ကန်းယွင်ဂိုဏ်း အပြင်ဘက် မိုင်ရာပေါင်းများစွာ အကွာရှိ တောင်ထိပ်ပေါ်တွင် အေးအေးလူလူ ထိုင်နေလျက်ရှိသည်။

ဤနေရာသည် တောင်တန်းများအကြားတွင် တည်ရှိပြီး၊ လူသွားလူလာ နည်းပါးနေခဲ့သည်၊ တစ်ခြားလူများကမူ ဤနေရာကို အန္တရာယ်ရှိသော‌ နေရာတစ်ခုအဖြစ် သတ်မှတ်ထားကြသည်။

သို့သော် သူ့အတွက်ကား အနားယူရာ နေရာတစ်ခုမျှသာ ဖြစ်နေခဲ့သည်။

အနီးအနားတွင် မည်သူမှ မရှိသောကြောင့် သူသည် ဝိညာဥ်ချီကို အကန့်အသတ်မရှိ စုပ်ယူနေနိုင်ခဲ့သည်၊ သို့သော် ကန်းပြည်နယ် ပိုင်နက်အတွင်းတွင် ရှိနေသည့် ဝိညာဥ်ချီသည် အတော်လေး ကျဲပါးနေခဲ့ပြီး၊ တစ်နာရီမျှ ထိုင်နေခဲ့ပြီးသည့်နောက်မှာပင် အနီးအနားရှိ ဝိညာဥ်ချီမှာ လုံးဝခမ်းခြောက်လုနီးပါး ဖြစ်သွားခဲ့သည်။

သူသည် ရွေးချယ်စရာ မရှိတော့ဘဲ၊ ဆက်လက်၍ ကျင့်ကြံရန်အတွက် နောက်တစ်နေရာသို့ ရွှေ့ပြောင်းသွားရတော့၏။

ထိုကဲ့သို့ပင် တစ်လတိတိ ကုန်ဆုံးသွားခဲ့သည်။

တစ်လကျော် ကြာခဲ့ပြီးသည့်နောက်တွင် တောင်များ တစ်ခုပြီးတစ်ခု ညှိုးနွမ်းခမ်းခြောက်သွားပြီး၊ ထိုနေရာတွင် နေထိုင်ကြသည့် သားရဲတို့သည် အပြောင်းအလဲကို အာရုံခံမိသွားကာ၊ ပိုမိုဝေးလံသော နေရာများဆီသို့ ဆက်တိုက်ဆုတ်ခွာသွားခဲ့သည်။

သို့ရာ၌ လုချန်ရှန်း ရောက်ရှိခဲ့သည့် နေရာတိုင်းတွင် ဝိညာဥ်ချီများ ဆက်တိုက်ပျောက်ကွယ်သွားခဲ့သည်၊ သားရဲမည်မျှက ရွှေ့ပြောင်းရန် ဖိအားပေးခံခဲ့ရလဲဆိုသည်ကို မည်သူမှ မသိကြပေ။

ထိုကဲ့သို့ ဖြစ်ရခြင်းမှာ ထိုနေရာများက အမြဲလိုလို အေးချမ်းဆိတ်ငြိမ်နေလေ့ရှိပြီး၊ လုချန်ရှန်းမှာလည်း အလွယ်တကူ ကျင့်ကြံလာနိုင်သောကြောင့် ဖြစ်သည်။ ယခင်က သူသည် ကျင့်ကြံသည့် အချိန်တိုင်းတွင် ပြင်းထန်သော နာကျင်မှုကို ခံစားခဲ့ရသည်။ ယခုတွင်ကား အဆင့်ထိုးဖောက်မည့် အချိန်မှသာလျှင် ကပ်ဘေးကို ကျော်ဖြတ်ရတော့မည် ဖြစ်သည်။

သူသည် များများစားစား မခံစားခဲ့ရသောကြောင့် နှစ်လတိတိ ကျင့်ကြံနေခဲ့ပြီးမှသာ ရပ်တန့်သွားခဲ့သည်။

သူသည် အဆုံးမဲ့ တောင်တန်းကြီးများကို ကြည့်နေရင်းဖြင့် သက်ပြင်းတချချ ဖြစ်သွားခဲ့သည်။

သူ၏ စီနီယာအစ်ကိုများက စိုးရိမ်ပူပန်နေမည်ကို ကြောက်သောကြောင့် သူသည် အိမ်ပြန်ခရီးစဥ်ကို စတင်၍ ပြုလုပ်နေတော့သည်။

သူဂိုဏ်းသို့ ပြန်ရောက်လာပြီဟု ကြားလိုက်ရသောအခါတွင် ယဲ့တျန်ရီသည် သူ့ထံသို့ ချက်ချင်းရောက်ရှိလာခဲ့သည်။

“ ဂျူနီယာညီလေး၊ မင်းအဆင်ပြေနေတာပဲ၊ ကောင်းတယ် “

“ ကျွန်တော်က ဘာဖြစ်မှာမို့လို့လဲဗျာ “ လုချန်ရှန်း၏ မျက်ခုံးများ မြင့်တက်သွားခဲ့သည်။ ငါက အပြင်ကို နှစ်လလောက် အလည်ထွက်နေတာပါ၊ ဘာတွေ ဒီလောက်တောင် ရှုပ်ယှက်ခက်နေရတာလဲ

အရင်က စီနီယာအစ်ကို တံခါးပိတ်ကျင့်ကြံနေတဲ့ အချိန်တုန်းကဆိုရင် ငါနေ့တစ်ဝက်လောက် ပျောက်သွားတာကိုတောင် ဘယ်သူမှ မသိကြပါဘူးကွာ

ထိုအချိန်တွင် ယဲ့တျန်ရီသည် မျက်မှောင်ကြုတ်သွားကာ စကားထပ်ပြောလာခဲ့သည် “ အခုလက်ရှိ ကမ္ဘာကြီးက မငြိမ်းချမ်းတော့ဘူးကွ၊ အပြင်မထွက်တာ အကောင်းဆုံးပဲ “

“ မငြိမ်းချမ်းတော့တာလား “

“ ဟုတ်တယ်၊ မင်းမသိလောက်သေးဘူး။ ဒါပင်မဲ့ သိပ်မကြာခင် အချိန်ကမှ ကန်းပြည်နယ်မှာ ရက်စက်ကြမ်းကြုတ်တဲ့ သားရဲတစ်ကောင် ပေါ်လာခဲ့တယ်။ ကောလဟာလတွေအရတော့ အဲ့တာက မွေးရာပါ အကြမ်းဖက်တတ်ပြီးတော့ သက်ရှိတော်တော်များများကို ထိခိုက်စေခဲ့တယ်တဲ့၊ ပြီးတော့ ကောင်းကင်ဘုံရဲ့ အမျက်ဒေါသကို မထီမဲ့မြင် ပြုနေပြီးတော့ လူသားတွေရဲ့ ဒေါသကိုလည်း ဆွပေးနေတယ်တဲ့ “

“ အဲ့လိုဟာမျိုး တကယ်ရှိတယ်ပေါ့ “ လုချန်ရှန်းသည် တအံ့တဩ ဖြစ်သွားခဲ့သည်။

ယဲ့တျန်ရီသည် ခေါင်းငြိမ့်ပြကာ၊ စကားထပ်ပြောလာခဲ့သည် “ သိပ်မကြာခင် အချိန်ကမှ၊ အကြီးအကဲတစ်ယောက်က ဂိုဏ်းရဲ့ တောင်ဘက်မှာရှိတဲ့ တောင်အခုတစ်သိန်းက ဝိညာဥ်ချီတွေ ခမ်းခြောက်နေတယ်ဆိုတာကို ရှာတွေခဲ့တယ်။ သားရဲတွေ တော်တော်များများကလည်း အဝေးကို ထွက်ပြေးသွားကြတယ်၊ အဲ့တာကြောင့် မိုင်သောင်းဂဏန်းအတွင်းမှာ ဘယ်သားရဲကိုမှ မတွေ့ခဲ့ရဘူး၊ အဲ့တာ ဂိုဏ်းနားကို ရောက်လာဖို့များတယ် “

“ ဂိုဏ်းရဲ့ တောင်ဘက်က အရင်က ကျွန်တော် ကျင့်ကြံနေခဲ့တဲ့ နေရာမဟုတ်ဘူးလား “

လုချန်ရှန်းသည် အတွေးယာဥ်ကြောအတွင်းသို့ ကျဆင်းသွားခဲ့သည်။

ယဲ့တျန်ရီသည် သူ့ကို ညွှန်ကြားချက် အနည်းငယ်ပေးကာ၊ ပြန်ထွက်သွားခဲ့သည်။

လုချန်ရှန်းသည် ထွက်ခွာသွားသည့် သူ၏စီနီယာအစ်ကိုကို ကြည့်ကာ အတွေးနက်သွားခဲ့သည်။

ငါနှစ်လလောက် ပျောက်သွားခဲ့တာလေ၊ တစ်ခုခု လွဲနေတယ်ဆိုတာကို ဘာလို့ သတိမထားမိကြရတာလဲဟ

ချင်းယွင်တောင်ထွဋ်သို့ ပြန်လာခဲ့သည့် ခရီးစဥ်တစ်လျှောက်လုံးတွင် သူသည် လူတော်တော်များများက ရက်စက်သည့် သားရဲကြီးအကြောင်းကိုသာ ဆွေးနွေးပြောဆိုနေခဲ့ကြပြီး၊ ကောလဟာလများက ပိုမိုကြီးထွားကာ၊ ယုတ္တိလာမဲ့လာသည်ကို ကြုံတွေ့ကြားသိခဲ့ရသည်။

တစ်ချို့လူများသည် သူတို့က ၎င်းကို မြင်ခဲ့ရသည်ဆိုကြပြီး၊ ၎င်းက မီတာသုံးရာ‌ မြင့်မားကာ၊ လွန်စွာဆိုးရွားသော အသွင်အပြင်၊ ပါးစပ်အပြည့် ဖြစ်နေသော အစွယ်များကို ပိုင်ဆိုင်ထားပြီး၊ တစ်ခြားသော သားရဲများကို ဆွဲယူကာ၊ ကိုက်ဖြတ်စားသောက်လေ့ရှိပြီး၊ စားသောက်ခဲ့ပြီးသည့်နောက်တွင် လူနှစ်ဦးကို ၎င်း၏ သွားကြားထိုးတံအဖြစ် အသုံးပြုသည်ဟု ပြောဆိုနေခဲ့ကြသည်။

အဆိုပါ ပုံပြင်များကို နားထောင်ရခြင်းသည် လူတစ်ဦးကို စိတ်ကူးယဥ်ဆန်လွန်းသည်ဟု ခံစားသွားရစေခဲ့သည်။

လုချန်ရှန်းသည် တစ်ခဏခန့် ဆွံ့အသွားခဲ့ရသည်။ ပေါက်ကရတွေပါကွာ၊ ဘာကို သားရဲ …. ၎င်းကို တွေးတောစဥ်းစားနေရင်းဖြင့် သူသည် တစ်စုံတစ်ခုကို အမှတ်ရသွားကာ၊ အမူအရာ ပြောင်းလဲသွားသည်။

“ သူတို့ ပြောနေကြတဲ့ ရက်စက်တဲ့ သားရဲကြီးဆိုတာက ငါတော့ မဟုတ်ဘူးမလား “

၎င်းကို စဥ်းစားမိသွားသောအခါတွင် သူသည် ကြောင်အမ်းအမ်းဖြစ်သွားခဲ့သည်၊ အဆိုပါ လှုပ်ခတ်မှုမှာ အနည်းငယ် ကြီးမားနေခဲ့သည်။

ထို့နောက်တွင် သူသည် ဂိုဏ်းတွင် နှစ်ရက်မျှ လှည့်ပတ်သွားလာနေခဲ့ပြီး၊ မကြာသေးခင် အချိန်ကမှ ကန်းယွင်ဂိုဏ်းသို့ လူများ ပိုမိုရောက်ရှိလာသည်ဆိုသည်ကို သတိပြုမိသွားခဲ့သည်။

အားလုံးသည် သူတို့၏ ရည်ရွယ်ချက်များကို သိနေခဲ့ကြသည်၊ ၎င်းတို့မှာ ကန်းယွင်ကားချပ်နှင့် ညနတ်ဆိုးအကြောင်းများကို မေးမြန်းခြင်းသာလျှင် ဖြစ်နေခဲ့သည်။

လုချန်ရှန်းသည် ၎င်းတို့ကို အာရုံစိုက်ရန် ပျင်းရိလွန်းနေသဖြင့် ဂိုဏ်းတွင် နှစ်ရက်သာ နေကာ၊ ထပ်မံ၍ ထွက်ခွာသွားခဲ့သည်၊ ဤတစ်ကြိမ်တွင် သူသည် အရှေ့ဘက်သို့ ဦးတည်သွားခဲ့သည်။

ပြည်ထောင်စစ်ပွဲ မစတင်ခင် အချိန်အထိ အချိန်အနည်းငယ် ကျန်နေသေးသည်။

သူသည် တောင်တန်းများအတွင်းသို့ ဝင်ရောက်လာခဲ့ပြီး၊ ဝိညာဥ်ချီ သိပ်သည်းသည့် နေရာကိုကို ရှာဖွေကာ စတင်၍ ကျင့်ကြံနေတော့သည်။

အရာအားလုံးသည် ယခင်ကကဲ့သို့ပင် အေးချမ်းတည်ငြိမ်နေခဲ့သည်၊ ဝိညာဥ်ချီများ ဆက်တိုက်ပျောက်ကွယ်နေခဲ့ပြီး၊ သူ မှော်စွမ်းအားမှာလည်း ဖြည်းဖြည်းချင်း တိုးတက်လာနေခဲ့သည်၊ သို့သော် သူသည် ဝိညာဥ်ချီများကို စုပ်ယူကျင့်ကြံနေရင်းဖြင့် မူမမှန်သော အရာတစ်ခုကို ရှာတွေ့ခဲ့သည်။

သူကျင့်ကြံနေစဥ်အချိန်တွင် ထူးဆန်းသော စွမ်းအင်လှိုင်းတစ်ခု ပေါ်ထွက်လာခဲ့သည်။ သူသည် ၎င်းက ဝိညာဥ်ချီအတွက် သူနှင့် ယှဥ်ပြိုင်နေသည့် စွမ်အားတစ်ခုဆိုသည်ကို သိရှိသွားခဲ့သည်။

နှစ်ဖက်စလုံးသည် အရူးအမူး လုယက်နေခဲ့ပြီး၊ မည်သူ့ကိုမှ အနိုင်မပေးခဲ့ကြပေ၊ တစ်ခဏအကြာတွင် ပတ်ဝန်းကျင်ရှိ ဝိညာဥ်ချီမှာ ခမ်းခြောက်လုနီးပါး ဖြစ်သွားခဲ့သည်။ လုချန်ရှန်းသည် သူ၏မျက်လုံးများ ရုတ်တရက် ဖွင့်ဟကာ၊ အဝေးသို့ လှမ်းကြည့်နေတော့သည်။

“ အဲ့ကောင် ဘယ်ကရောက်လာတာလဲ။ သူက ငွေရူးလား။ ဒီဝိညာဥ်ချီ နည်းနည်းလေးအတွက်နဲ့ ငါနဲ့တောင် ပြိုင်နေရဲတယ်ပေါ့လေ “

ထို့နောက်တွင် သူသည် ထိုနေရာသို့ ပြေးတက်သွားတော့သည်။ သူ၏ စိတ်စွမ်းအား ကျဆင်းလာခဲ့ပြီး၊ သူသည် တစ်ခုခုမှားယွင်းနေသည်ဆိုသည်ကို အာရုံခံမိသွားခဲ့သည်။

တောင်တန်းအတွင်းတွင် ချိုင့်ဝှမ်းတစ်ခုတွင် ငွေရောင်ရေတံခွန်တစ်ခု စီးဆင်းနေကာ၊ ရေကန်တစ်ခုကို ဖွဲ့စည်းထားခဲ့သည်၊ ထိုနေရာတွင် ၁၀မီတာကျော်အရွယ်ရှိ ငှက်တစ်ကောင် လှဲလျောင်းနေခဲ့သည်။ ၎င်း၏ ငှက်မွှေးများမှာ အတော်လေး ထူးခြားနေခဲ့ပြီး၊ နက်မှောင်သည့် အမွှေးများကြားတွင် အနီရောင် ခပ်ဖျော့ဖျော့ သမ်းနေလျက်ရှိသည်။

၎င်း၏ အသွင်အပြင်မှာလည်း အတော်လေး ထူးခြားနေခဲ့ကာ၊ အံ့ဖွယ်ကောင်းသည့် အရှိန်အဝါကို ထုတ်လွှတ်နေခဲ့သည်။ သို့သော် ၎င်းထံတွင် မည်သည့်ဒဏ်ရာမှ ရှိနေပုံမရချေ။

၎င်းသည် လုချန်ရှန်း၏ တည်ရှိမှုကို အာရုံခံမိသွားပုံရကာ၊ ခေါင်းထောင်၍ ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရှုလာခဲ့သည်။

“ အဲ့တာက ဘာငှက်အမျိုးအစားလဲဟ။ အရင်က ငါတစ်ခါမှ မမြင်ခဲ့ဖူးဘူး။ သူ့ရဲ့ အနက်ရောင်အမွှေးတွေက တော်တော်ကြီးကို ရှားတယ်၊ ကျီးကန်းကြီး တစ်ကောင်လိုပဲ “ လုချန်ရှန်းသည် တစ်ကိုယ်တည်း ရေရွတ်ပြောဆိုကာ၊ တိတ်တဆိတ် စူးစမ်းလေ့လာနေခဲ့သည်။

ထိုစဥ် သူသည် အဆိုပါ ငှက်ကြီးက သူ၏တည်ရှိမှုကို အာရုံခံမိသွားပုံရကာ၊ သူ့အား အဆက်မပြတ် ရှာဖွေနေသည်ကို သတိပြုမိသွားခဲ့သည်၊ ၎င်းသည် မွေးရာပါ ဝိညာဥ်အဆင့် ကျင့်ကြံရေးကို အမှန်တကယ် ပိုင်ဆိုင်ထားခဲ့သည်။

“ မွေးရာပါ ဝိညာဥ်အဆင့် ………. ဗုဒ္ဓေါ၊ စီနီယာအစ်ကို ပြောခဲ့တဲ့ သားရဲဆိုတာက အဲ့ကောင်များလား။ ရက်စက်တဲ့ သားရဲကြီးဆိုတာက ငါမဟုတ်ဘူးထင်တယ် “

ထို့နောက် စက္ကန့်ပိုင်းမျှ အကြာတွင် အဆိုပါ အနက်ရောင်ငှက်ကြီးမှ ၎င်း၏ ပါးစပ်ကို ရုတ်တရက် ဖွင့်ဟလာခဲ့ရာ၊ မီးလုံးများ ဘက်ပေါင်းစုံသို့ ပျံ့လွင့်လာခဲ့သည်။ မီးတောက်/မီးလျှံများသည် လွန်စွာပူပြင်းနေခဲ့ကာ၊ ဟင်းလင်းပြင်ကို လောင်ကျွမ်းသွားစေပြီး၊ ဝိညာဥ်ချီကိုပင် အငွေ့ပျံသွားစေခဲ့သည်။

မီးလုံးများသည် သူ့ထံသို့ အရှေ့ဘက်မှ ကျဆင်းလာခဲ့သည်။

လုချန်ရှန်းသည် မျက်မှောင်ကြုတ်သွားခဲ့ကာ၊ သူ၏လက်ကို မြှောက်လိုက်သည်။ မှော်စွမ်းအား ပေါက်ထွက်လာခဲ့ပြီး၊ သူသည် အရှေ့ဘက်သို့ ရိုက်ချလိုက်သည်။ မီးလုံးများ ပြန့်ကျဲသွားကာ၊ မီးလျှံများသည် ပတ်ဝန်းကျင်သို့ လွင့်စင်သွားပြီး၊ အလင်းတန်းများကို ဖြစ်ပေါ်သွားစေခဲ့သည်။

သူမတုံ့ပြန်ရသေးခင် အချိန်မှာပင် အနက်ရောင် ငှက်ကြီးသည် ကောင်းကင်ထက်သို့ တဟုန်ထိုး ပြေးတက်သွားပြီး၊ ၎င်း၏ အတောင်ပံများကို ခတ်ကာ၊ မိုးရွာသွန်းသကဲ့သို့ အနက်ရောင် ငှက်မွှေးများကို ပစ်လွှတ်တိုက်ခိုက်လာခဲ့သည်။

ဘုမ်းးးး

ကျယ်လောင်သော ပေါက်ကွဲသံတစ်သံ ပေါ်ထွက်လာခဲ့ပြီး၊ တိုက်ခိုက်မှုသည် လုချန်ရှန်းကြောင့် ပျောက်ကွယ်သွားခဲ့သည်။

“ ဒီလောက်တောင် သဘောထားသေးသိမ်တာလား၊ ကြည့်လို့တောင် မရဘူးလားဟ “

သူသည် စကားပြောဆိုနေရင်းဖြင့် မျက်မှောင်ကြုတ်သွားခဲ့သည်။ သူ၏ စိတ်ထဲတွင်လည်း အံ့ဩတကြီး ဖြစ်နေခဲ့သည်။ အဆိုပါ အနက်ရောင်ငှက်ကြီးသည် အမှန်ပင် ထူးခြားနေခဲ့သည်၊ ၎င်းသည် လူအများ ပြောနေကြသည့် ရက်စက်သော သားရဲကြီး ဖြစ်နေဖို့များသည်။

၎င်းကို တွေးမိသွားသောအခါတွင် သူသည် ချက်ချင်းနောက်ပြန်ဆုတ်သွားတော့သည်။

အစောပိုင်း အချိန်ကပြုလုပ်ခဲ့သည့် တိုက်ကွက်ဖလှယ်မှုကြောင့် သူသည် ၎င်း၏ စွမ်းအားကို အာရုံခံမိနေခဲ့သည်၊ အကယ်၍ သူတို့ကသာ သေသည်အထိ တိုက်ခိုက်ကြမည်ဆိုပါက၊ လှုပ်ခတ်မှုက လွန်စွာကြီးမားသွားလိမ့်မည် ဖြစ်သည်။

လူတော်တော်များများက ၎င်းကို ရှာဖွေနေကြပြီး၊ ထိုကဲ့သို့ ရှာဖွေရဲသည့်လူများက သေချာပေါက် အားနည်းနေလိမ့်မည် မဟုတ်ပေ။ အကယ်၍ သူ့ကို ရှာတွေ့သွားမည်ဆိုပါက၊ အကျိုးအမြတ်ထပ် ဆုံးရှုံးမှုကသာလျှင် ပိုများနေလိမ့်မည် ဖြစ်သည်။

All Chapters