အခန်း (၁၀၁၅-၁၀၁၇)
Vol. 68 Ch. 1015-1017
အခန်း (၁၀၁၅) ထာဝရမျိုးဆက်တို့တိုက်ပွဲ
"စိန်ခေါ်တာမျိုးလား။ ဒါမှမဟုတ် တခြားရည်ရွယ်ချက်တစ်ခုခုရှိလို့လား"
အောင်းလင်းစကားကြောင့် လုယန် အတွေးသစ်တစ်ချို့ပေါ်လာသည်။
"ကိုယ်တိုင်ထွက်မလာရဲဘူးဆိုတော့ အချိန်အရိယဖလသုံးတဲ့လူဟာ သူသတင်းပို့တဲ့မသေမျိုးထက် အားနည်းတဲ့သဘောပဲ။ သူတို့နှစ်ယောက်က ကမ္ဘာ့ရန်ဘက်တွေဖြစ်နိုင်တတယ်"
"သူသတင်းပို့တဲ့လူက ဘယ်သူဖြစ်မလဲ။ ကောင်းကင်အင်ပါယာချန်လား"
"ကောင်းကင်အင်ပါယာနဲ့သူ့လူတွေက မသေမျိုးအရိယဖလလေးခုနဲ့ ဒီအလုံပိတ်လောကကိုဖွင့်ပြီး အပြင်လောကကိုထွက်ဖို့ အမြဲကြိုးစားနေတာ။ မသေမျိုးတွေထဲမှာ အချိန်အရိယဖလကို အလိုချင်ဆုံးက မဟာချန်တွေပဲဖြစ်လောက်တယ်"
"ဒါမှမဟုတ် အချိန်အရိယဖလသုံးတဲ့လူက နောက်ကွယ်ကရန်သူကို မျှားခေါ်နေတာဖြစ်မလားပဲ"
ထိုစကားအရောက်တွင် လုယန်မျက်နှာ လေးနက်တည်ကြည်လာသည်။ ထိုအတိုင်းသာမှန်လျှင် အချိန်အရိယဖလသုံးနေသူ၏ သရုပ်မှန်က ပေါ်သလောက်နီးပါးဖြစ်နေသည်။
သို့သော် အားလုံးက ခန့်မှန်းချက်သက်သက်သာဖြစ်သည်။ ခိုင်မာသည့်အထောက်အထားမရှိ။
"ဒါနဲ့စကားမစပ်...သက်ရှိအရိယဖလသန္ဓေမျိုးနဲ့ လက်ရည်မစမ်းဖူးတာ အတော်ကြာပြီ။ ညီမမုန်မုန်၊ ငါတို့နည်းနည်း လက်ရည်စမ်းကြမလား"
အောင်းလင်းက ယွမ်မုန်မုန်ကိ စိတ်အားထက်သန်စွာမေးသည်။
အောင်းလင်းသည် တိုက်ခိုက်ရသည်ကို နှစ်သက်သူဖြစ်သည်။ ထိုသို့မဟုတ်လျှင် တိုက်ခိုက်ခံရတိုင်း ပိုစွမ်းအားတိုးလာသည့် ရှင်သန်သူအရိယဖလသန္ဓေကို တည်ဆောက်နိုင်ခဲ့မည်မဟုတ်။
နတ်မယ် မသေမျိုးတစ်ဝက်အဆင့်တွင်ရှိစဉ်က သူနှင့်နတ်မယ် လက်ရည်စမ်းဖူးသည်။ ထာဝရအရိယဖလသန္ဓေ၏စွမ်းအားကို ကောင်းကောင်းသိသည်။ ယခု သင့်တော်သည့်ပြိုင်ဘက်တစ်ယောက် တွေ့လာသဖြင့် လက်ရည်စမ်းချင်နေသည်။
"စမ်းကြည့်တာပေါ့"
ယွမ်မုန်မုန်က အားနာတတ်သူဖြစ်၍ အောင်းလင်းတောင်းဆိုချက်ကို မငြင်း။
"နင်တို့တိုက်ခိုက်မယ်ဆို နောက်ထပ်လူတစ်ယောက် ထပ်ခေါ်လိုက်ဦးမယ်လေ"
"နောက်တစ်ယောက်..."
အောင်းလင်း တွေးမရ။
"ခဏစောင့်ဦး"
နတ်မယ် စိတ်အာရုံစုစည်းလိုက်သည်။ သားသတ်ရုံမှ တိရိစ္ဆာန်များကို ကျမ်းစာရွတ်ပေးနေသည့် ထာဝရအရှင်ကို ဆင့်ခေါ်လိုက်သည်။
ထာဝရအရှင်၏ဝိညာဉ်ခန္ဓာ ကောင်းကင်ဂိတ်တောင်ထိပ်ဆီ အလိုလိုလွင့်ပျံသွားသည်။ ခေါင်းဆောင်ဆင့်ခေါ်ခြင်းဖြစ်ကြောင်း သူသိသည်။
"ခေါင်းဆောင်"
"မိတ်ဆက်ပေးမယ်၊ ဒါက ငါတို့ထာဝရမျိုးဆက်ရဲ့ စတုတ္ထခေါင်းဆောင်ပဲ"
ထာဝရအရှင်အကြောင်းမသိသေးသည့် ကျင်းချိုင်ဝေကို နတ်မယ်ကပြောသည်။
"စတုတ္ထခေါင်းဆောင်၊ ထာဝရအရိယဖလသန္ဓေကို နင်ဒီလောက်အချိန်အကြာကြီး သုံးသပ်လာတာဆိုတော့ အတွေးအမြင်သစ်တစ်ချို့တော့ ရထားပြီးဖြစ်မှာပါ"
နတ်မယ်က ပြောသည်။ ထာဝရအရှင်၏ တိုးတက်မှုကို အလေးထားကြောင်း သိသာနေတသည်။
ခေါင်းဆောင်၏ အလေးထားမှုကြောင့် ထာဝရအရှင် အနေရခက်သွားပြီး ပြုံးလိုက်သည်။ မှန်သည်။ နတ်မယ်၏လမ်းညွှန်မှုရပြီးနောက် ဇွဲကောင်းကောင်းဖြင့် သူလေ့ကျင့်ခဲ့သည်။ သူ့အရိယဖသန္ဓေ၏စွမ်းရည်ကို အရင်ထက်များစွာ ပို၍အသုံးနိုင်လာသည်။
"အသိနည်းနည်းတိုးလာရုံလောက်ပါပဲ"
"ဒါဆိုအခု အားလုံးရှေ့မှာ သက်သေပြဖို့ အကောင်းဆုံးအခွင့်အရေးပဲ။ လျန်ယိနဲ့ သွားလေ့ကျင့်ပါ"
"ဟုတ်..အဲ..ဘယ်လို"
ထာဝရအရှင် ခေါင်းငြိမ့်ရန်ပြင်နေပြီးမှ နတ်မယ်ဆိုလိုရင်းကို သဘောပေါက်သွားသည်။
ကျန်းလျန်ယိက ပြုံးနေသည်။ သူလည်း ထာဝရအရိယဖလသန္ဓေနှင့် လက်ရည်မစမ်းခဲ့ရသည်မှာ အတော်ကြာပြီဖြစ်သည်။ အခုမှ အခွင့်အရေးရသည်။
"ကဲ ကြည့်လိုက်၊ ဘယ်လောက်ပြည့်စုံသွားသလဲ။ ငါတို့ထာဝရမျိုးဆက်ရဲ့ တ-ခေါင်းဆောင်၊ စတုတ္ထခေါင်းဆောင်က ငါတို့ကောင်းကင်ရုံးတော်ရဲ့ တော်တင်ကာကွယ်သူနှစ်ယောက်နဲ့ လက်ရည်ယှဉ်ကြတော့မယ်လေ"
နတ်မယ်က ကိုယ့်အစီအစဉ်ကိုယ် အတော်သဘောကျနေသည်။
သို့သော် တစ်ချို့လူများက သူ့အစီအစဉ်ကို သိပ်မကျေနပ်ကြောင်း လုယန် ရိပ်မိသည်။ ဥပမာ - ထာဝရအရှင်။
"ကဲ အားလုံး၊ ရှောင်ယန်ရဲ့ ဓားကမ္ဘာထဲမှာ တိုက်ခိုက်ကြစို့"
နတ်မယ်က စီစဉ်သူနေရာဝင်ယူ၍ အားလုံးကိုခေါ်သည်။
မသေမျိုးတစ်ဝက်အဆင့်တိုက်ပွဲကို ကမ္ဘာငယ်လိုနေရာမျိုးတွင်သာ ဆင်နွှဲသင့်သည်။ ကောင်းကင်ဂိတ်တောင်ထိပ်တွင် တိုက်ခိုက်လျှင် စက္ကန့်ပိုင်းအတွင်း တောင်တစ်ခုလုံးပြိုကျသွားလိမ့်မည်။
လုယန် ချန်ဖုန်းဓားကိုထုတ်၍ အားလုံးကို ကမ္ဘာငယ်ထဲသို့ ဖိတ်ခေါ်သည်။
ကမ္ဘာငယ်က ခါတိုင်းလိုပင် စိမ်းလန်းစိုပြည်နေသည်။ နောက်ဆုံးပိုင်ရှင်ဝူယော်သည် နေရာကောင်းကြိုက်တတ်သည့် မသေမျိုးဖြစ်ကြောင်း ထင်ရှားနေသည်။
"ဓားထဲကကမ္ဘာငယ်လား"
လုယန်၏ ချင်ဖုန်းဓားကမ္ဘာငယ်ကိုကြည့်၍ ကျင်းချိုင်ဝေ အံ့ဩနေသည်။ နေရာရွှေပြောင်းနိုင်သည့် ထိုကမ္ဘာငယ်က နေရာပုံသေရှိသည် လျှို့ဝှက်မြေတို့ထက် များစွာပိုတန်ဖိုးရှိသည်။
သူ့လိုမျိုးတစ်ဝက်က နာမည်မှလွဲ၍ ဘာမှမရှိ။
"အမအောင်းလင်း၊ ကျွန်မကို လမ်းညွှန်ပေးပါ"
ယွမ်မုန်မုန် လက်နှစ်ဘက်ဆုပ်အရိုအသေပြုသည်။ အတော်ပုံစံကျသည်။ ငယ်ကတည်းက သူ့အဖွားသင်ပြခဲ့သည့် အကျိုးကျေးဇူးဖြစ်သည်။
"အကြီးအကဲလျန်ယိ၊ ကျုပ်ကို အလင်းပြပေးပါ"
ရှေးဟောင်းခေတ်ရိုးရာဓလေ့ကို ထာဝရအရှင် ကောင်းစွာနားလည်သည်။ သူ့အပြုအမူကလည်း အမှားအယွင်းမရှိ။
"ဘုန်း"
ယွမ်မုန်မုန်နှင့် ထာဝရအရှင်တို့က နတ်မယ်သင်ပြထားသကဲ့သို့ တိုက်ပွဲစသည်နှင့် လက်ဦးမှုယူပြီး ခန္ဓာကိုယ်ဖောက်ခွဲကြသည်။ ပြင်းထန်သည့်စွမ်းအင်ရိုက်ခတ်မှု ဖြစ်ပေါ်လာသည်။
ကမ္ဘာငယ်တစ်ခုလုံး အနည်းငယ်တုန်ခါသွားသည်။
ခန္ဓာကိုယ်ဖောက်ခွဲမှုကြောင့် ပေါ်လာသည့် မြူခိုးများကြားမှ နဂါးနှင့်ဖီးနစ်အော်သံများ စူးရှစွာထွက်ပေါ်လာသည်။ မြူခိုးများ လွင့်ပျောက်သွားသည်။
အနက်ရောင်နဂါးနှင့် ရွှေရောင်ဖီးနစ် ကောင်းကင်သို့တက်လာသည်။ ယင်နှင့်ယန်ကို ကိုယ်စားပြုနေသယောင်ရှိသည်။ ပြည့်စုံသည့် တွဲဖက်ဖြစ်သည်။ နဂါးနှင့်ဖီးနစ်ပေါ်လျှင် မင်္ဂလာရှိသည်ဆိုသည့်စကားက ယခုလိုအချိန်မျိုးကို ရည်ညွှန်းခြင်းဖြစ်မည်။
အဆင့်တူမသေမျိုးတစ်ဝက်ပြိုင်ဘက်များနှင့် ရင်ဆိုင်ရခြင်းဖြစ်၍ အောင်းလင်းနှင့် ကျန်းလျန်ယိတို့ မပေါ့ဆရဲ။ မူလအသွင် ကိုယ်စီပြောင်းကြသည်။
"ထပ်လုပ်မယ်"
အောင်းလင်း၏ နဂါးစစ်အသွင်ကို ရင်ဆိုင်ရသော်လည်း ယွမ်မုန်မုန် ကြောက်ရွံဟန်မရှိ။ နောက်တစ်ကြိမ် ခန္ဓာကိုယ်ဖော်ခွဲသည်။ အောင်းလင်းကိုအ သက်ရှူချိန်မပေး။
ထာဝရအရှင်ကတော့ ကျန်းလျန်ယိ၏ ဖီးနစ်အသွင်ကို နည်းနည်းကြောက်နေသည်။ သူသည်ရုပ်ခန္ဓာမရှိသည့် သရဲဝိညာဉ်ဖြစ်သည်။ ကျန်းလျန်ယိက ဖီးနစ်မျိုးနွယ်တွင် စွမ်းအားအကြီးဆုံး ရှေးဟာင်းဘိုးဘေးဖြစ်သည်။ တောင်ပံများကို တစ်ချက်ခတ်လိုက်သည်နှင့် ကြောက်စရာကောင်းသည့် အဆုံးစမဲ့ ဖီးနစ်မီးတောက်ပင်လယ်ပေါ်လာသည်။
ယန်မီးတောက်အမျိုးအစားဖြစ်သည်။ သရဲဝိညာဉ်တို့အတွက် ကျိန်စာဖြစ်သည်။
သို့သော် ထာဝရအရှင် ရွေးချယ်စရာမရှိ။ ထွက်ပြေး၍မရ။
ထို့ကြောင့် တိုက်ခိုက်ရမည်။
သူ့အကြည့်က တည်ငြိမ်လာသည်။ သူ့အတွေးများကို စက္ကန့်အတွင်း ပြောင်းလဲသွားသည်။ ခန္ဓာကိုယ်ကို ဆက်တိုက်ဖောက်ခွဲသည်။
မသေမျိုးတစ်ဝက်လေးယောက် အပြင်းအထန်တိုက်ခိုက်နေကြသဖြင့် ကမ္ဘာငယ်က ငလျင်လှုပ်သလိုဖြစ်နေသည်။ မြစ်များပြောင်းပြန်စီးသွားသည်။ တောင်တန်းများ နေရာရွေ့သွားသည်။ သေချာထိန်းသိမ်းထားသည့်ကမ္ဘာငယ် ချက်ချင်းပျက်စီးသွားသည့်အဖြစ်ကိုကြည့်၍ လုယန်စိတ်ဓာတ်အကြီးအကျယ်ကျနေသည်။
အဆင့်မြင့်စွမ်းအားရှင်များ တိုက်ခိုက်ကြလျှင် အပျက်အစီးကို ပြန်ရှင်းလင်းဖို့ မဟာရှားက ဘာကြောင့်စည်းမျဉ်းထုတ်ထားသည်ကို သူကောင်းကောင်းနားလည်လာသည်။
"မဆိုးဘူး။ ဆက်တိုက်ကြ"
မသေမျိုးလေးယောက်တိုက်ပွဲကို မော့ကြည့်၍ နတ်မယ်အတော်စိတ်ကျေနပ်နေသည်။
တိုက်ပွဲများဆင်နွှဲမှသာ အတွေ့အကြုံရနိုင်သည်။ အရိယဖလသန္ဓေကို နားလည်နိုင်စွမ်းမြင့်မားလာမည်။
"ဒါပေမယ့် တစ်ခုခုလိုနေသေးသလိုပဲ"
နတ်မယ်က တ်စယောက်တည်းရပ်နေသည့် ကျင်းချိုင်ဝေကို လှည့်ကြည့်သည်။ သူနားလည်လာသည်။
"သိပြီ။ ကျားပေါက်လေးက ပြိုင်ဘက်မရှိသေးဘူးပဲ။ ရှောင်ယန်၊ ဒီကျားပေါက်လေးနဲ့ လေ့ကျင့်လိုက်ပါလား။ နင်လည်းခန္ဓာသန့်စင်တာ နည်းနည်းတိုးတက်မှုရထားတာပဲ"
ယခု နတ်မယ်၏ပွဲအစီအစဉ်ကို မကျေနပ်သူ နောက်တစ်ယောက်တိုးလာသည်။
"ကျွန်မနဲ့လား"
ကောင်းကင်တိုက်ပွဲကို မော့ကြည့်နေသဖြင့် ကျင်းချိုင်ဝေက နတ်မယ်စကားကို ရုတ်တရက်သဘောမပေါက်။ ထို့နောက်မှ တဖြေးဖြေးနားလည်လာပြီး သူပြုံလိုက်သည်။
မဟုတ်သေး။ သူပြုံး၍မဖြစ်။
သူ့အပြုံးကို ချက်ချင်းထိန််းချုပ်လိုက်သည်။ သူ့ခံစားချက်ကို သိပ်ပေါ်ပေါ်ထင်ထင်မပြချင်။
ငါတို့နှစ်ယောက်ပေါင်းရင် ကျားပေါက်လေးကို နိုင်လောက်တယ်မဟုတ်လား"
လုယန်စိုးရိမ်နေသည်ကို သတိထားမိသဖြင့် နတ်မယ်က နှစ်ဘက်အင်အားကို ပြန်ဆန်းစစ်သည်။ လုယန်ကို စိတ်အေးလက်အေးတိုက်ခိုက်ဖို့ ပြောသည်။
"ကြည့်လေ၊ ငါတို့ထာဝရမျိုးဆက်ရဲ့ ပျမ်းမျှအင်အားက မသေမျိုးတစ်ဝက်အဆင့်ပဲ။ တော်ဝင်ကာကွယ်သူတွေဖြစ်တဲ့ သူတို့သုံးယောက်ကလည်း မသေမျိုးအဆင့်ပဲ။
မသေမျိုးတစ်ဝက်ချင်းယှဉ်ပြိုင်တဲ့တိုက်ပွဲပါ။ တရားမျှပါတယ်"
"ဒါဆိုနတ်မယ်၊ ခင်ဗျားကျုပ်ကို ဘယ်လိုကူညီမှာလဲ"
"အလံဝှေ့ယမ်းပြီး နင့်ကိုအားပေးလို့ရတယ်လေ။ နင့်ကို စိတ်ခွန်အားပေးလို့ရတာပေါ့"
နတ်မယ်...ကျုပ်ခင်ဗျားကို စေတနာနဲ့ အသက်သွင်းပေးခဲ့တယ်...ကျုပ်အပေါ် ဘာလို့ဒီလိုလုပ်ရတာလဲ...
လျှို့ဝှက်သမိုင်းမှတ်တမ်းများအရ မဟာပဲဝါနိုင်ငံ၏ ဝန်ကြီးချုပ်လုယန်သည် နိုင်ငံ့အရေးကိစ္စများကို နားမလည်သေးသည့် အသက်ငယ်ငယ် ဘုရင်မလက်အောက်တွင် တာဝန်ထမ်းဆောင်ခဲ့ရသည်။
ထိုဘုရင်မက တော်ဝင်ရုံးတော်အပေါ် ဩဇာလွှမ်းမိုးသည်။ ရုံးတော်တွင် အရှုပ်အထွေးဖြစ်အောင်လုပ်သည်။ လုပ်ပိုင်ခွင့်အာဏာကို လက်ဝါးကြီးအုပ်သည်။
တစ်နေ့တွင်...သူအချိန်အားနေသဖြင့် အပျင်းပြေကြည့်လိုသည်ဟု အကြောင်းပြပြီး မဟာဝန်ကြီးချုပ်လုနှင့်သူ့အပေါင်းအပါများကို သုတ်သင်ရှင်းလင်းဖို့ မဟာတပ်မှူးသုံးယောက်ကို အမိန့်ပေးလိုက်သည်။
*************************
အခန်း (၁၀၁၆) အင်ပါယာကိုယ်တိုင်ဦးဆောင်
"စိတ်ချပါ ဂိုဏ်းသခင်လေး၊ ကျွန်မလုံးဝမညှာပါဘူး"
ကျင်းချိုင်ဝေက စိတ်အားထက်သန်စွာပြောပြီးနောက် စကားတုံ့ပြန်ချိန်မပေးဘဲ လုယန်ဆီချက်ချင်းပြေးဝင်လာသည်။
"ကောင်းပါ..အဲ နေပါဦး၊...ဘာရယ်"
ချီးကျူးရန်ပြင်ပြီးမှ ကျင်းချိုင်ဝေစကားက မူမမှန်ကြောင်း လုယန်နားလည်လာသည်။
ကျင်းချိုင်ဝေက ရွှေရောင်ဒေါင်လိုက် ကျားမျက်လုံးနှစ်ခုကို ထုတ်ပြသည်။ သူ့ခေါင်းတွက် အဖြူရောင်ကျားနားရွက်နှစ်ခု ပေါ်လာသည်။
ပြုံးရယ်နေသဖြင့် ကျားစွယ်နှစ်ချောင်းလည်း ပေါ်လာသည်။ သားကောင်ကို ခုန်အုပ်တော့မည့် ဆာလောင်နေသည့် ကျားတစ်ကောင်နှင့်တူသည်။
တစ်ချက်မာန်သွင်းအော်ဟစ်ပြီး လုယန်ဆီ ခုန်ဝင်လာသည်။
တိုက်ခိုက်မှုက ထိုမျှမြန်ဆန်မည်ဟု လုယန်ထင်မထား။ မွေခံဓားကိုအမြန်မြောက်၍ ကာကွယ်သည်။
"ဟမ်..ကာနိုင်တယ်ပေါ့။ သူ့လက်သီးချက်တွင် အားနည်းနည်းသာထည့်ထားသ်ောလည်း ဝိညာဉ်ပြောင်းအဆင့်တစ်ယောက် ကာကွယ်နိုင်သည့် ပြင်းအားမျိုးမဟုတ်။
တုန်ခါမှုကြေင့် လုယန်လက်မောင်းများထုံကျင်သွားပြီး နောက်သိုခြေနှစ်လှမ်းဆုတ်၍ တည်ငြိမ်အောင်ထိန်းလိုက်ရသည်။
ကျင်းချိုင်ဝေတိုက်ခိုက်မှုကြောင့် သူလွင့်ထွက်သွားပြီး သစ်ပင်တစ်ပင်နှင့်တိုက်မိမည်ဟု သူထင်ထားခဲ့သည်။
"ငါ့ခန္ဓာကိုယ်ကိုလေ့လကျင့်ထားလို့ တော်သေး..ဟာ-"
သူပြန်တွေးနေစဉ်မှာပင် ကျင်းချိုင်ဝေက ဒုံးကျည်တစ်စင်းလို သူ့ဆီတည့်တည့်ပျံဝင်လာသည်။ ခြေနှစ်ချောင်းကို နောက်တွင်တစ်တန်းတည်းထားပြီး လုယန်ကိုခေါင်းဖြင့်ဝင်တိုက်သည်။ လွင့်ထွက်သွားသည်။
"ဖျောင်း ဝုန်း ဝုန်း"
ဤတစ်ကြိမ်က လုယန်မျှော်လင့်ထားသည့်အတိုင်း တကယ်ဖြစ်လာသည်။ သစ်ပင်လေးငါးပင်ကို ဝင်တိုက်ပြီးမှ ရပ်သွားသည်။
လုယန်ခန္ဓာကိုယ် ခံနိုင်ရည်အတိုင်းအဆကို နားလည်သွားသဖြင့် ကျင်းချိုင်ဝေ အားအချိန်အဆသေချာတွက်ချက်၍ တိုက်ခိုက်သည်။
တစ်ကိုယ်လုံး တစ်စစီပြတ်ထွက်သွားသလို လုယန်ခံစားရသည်။ ရက်တစ်ရာခန္ဓာသန့်စင်ခဲ့ပြီးနောက် ရုပ်ခန္ဓာစွမ်းအားသာ တိုးတက်လာသည်မဟုတ်။ ဒဏ်ရာကုသနိုင်စွမ်းလည်း အရင်ကထက် တိုးတက်လာသည်။
ဒဏ်ရာပျောက်ဆေး သုံးစရာမလို။ တစ်စစီပြုတ်ထွက်လုနီးပါးဖြစ်နေသည့် ခန္ဓာကိုယ်က ချက်ချင်းပြန်ကောင်းသွားသည်။
ကျင်းချိုင်ဝေကလည်း ဆက်တိုက်ခိုက်သည်။ လုယန်ကို အသက်ရှူချိန်မပေး။
"မြေစုံ့ပညာ"
နောက်ထပ်လွင့်ထွက်သွားချိန်ကိုအ ခွင့်ကောင်းယူ၍ လုယန် မြေကြီးထဲသို့အောင်းသည်။ တစ်ခြားတစ်နေရာတွင် ပေါ်လာသည်။ ကျင်းချိုင်ဝေနှင့် လူချင်းခွာလိုက်သည်။
"ကောင်တီမြိုတော်လက်ဝါး"
သူ့ကျင့်စဉ်အဆင့်တိုးတက်လာသည်နှင့်အမျှ ရွာလက်ဝါးကလည်း များစွာပို၍ စွမ်းအားကြီးလာသည်။
ကောင်တီတစ်ခုစာခန့်ရှိသည့် လက်ဝါးရိပ်က တိမ်တိုက်များကိုထိုးခွဲ၍ ကျင်းချိုင်ဝေအပေါ် ကျဆင်းလာသည်။
"လေဟာနယ်မှော်ပညာဆိုတာ ဒီလိုသုံးရတာမဟုတ်ဘူး"
ကျင်းချိုင်ဝေ ကောင်းကင်းသို့မော့၍ အော်ဟစ်လိုက်သည်။ ကျားဟိန်းသံကြောင့် ဘေးပတ်လည်လေဟာနယ် ပြိုကွဲသွားသည်။ ကောင်တီလက်ဝါးလည်း တစ်ဝက်တစ်ပျက်တွင် လွင့်ပါးပျောက်ကွယ်သွားသည်။
လုယန်၏ညာလက် တုန်ခါသွားသည်။ ကျားဟိန်းသံ၏ ကြောက်စရာအသံလှိုင်းစွမ်းအားကို သူခံစားမိသည်။ ကောင်တီလက်ဝါးပညကို ဖျက်ဆီးနိုင်သည့် လေဟာနယ်စွမ်းအားဖြစ်သည်။
အင်အားကြီးရန်သူကို ရင်ဆိုင်နေရသဖြင့် လုယန် မပေါ့ဆရဲ။ အကောင်းဆုံးတိုက်ကွက်အားလုံး သူထုတ်သုံးသည်။
"ဓားတစ်သောင်းအသွင်ပြောင်းစွမ်းအား"
"ရသာသုံးမျိုးမီးတောက်...ရွှေငှက်မီးတောက်"
"သစ်ပင်စိုက်မှော်ပညာ...မူလဝိညာဉ်ခန္ဓာကိုယ်ကထွက်"
"ဓားဆေးကန်"
"အရဟတ်...အဲ..ဒါတော့သုံးလို့မဖြစ်ဘူး"
လုယန် စိတ်ထိန်းလိုက်သည်။ ကျင်းချိုင်ဝေကို လုမိသားစုအရဟတ်လက်သီးဖြင့်တိုက်ခိုက်လျှင် အနိုင်ရလည်း ကံဆိုးမှုဆီဦးတည်သွားနိုင်သည်။
မှော်ပညာများ ဓားပညာများ ဆက်တိုက်ထုတ်သုံးသည်။ သို့သော် ကျင်းချိုင်ဝေလို မသေမျိုးတစ်ဝက်တစ်ယောက်နှင့် ရင်ဆိုင်ရာတွင် မထိရောက်။
"လုပ်ထားရှောင်ယန်၊ အလျှော့မပေးနဲ့"
နတ်မယ်က ကတိတည်သည်။ ပြောထားသည့်အတိုင်း လုယန်ကို ထောက်ခံအားသည်။
လုယန်က တိုက်ခိုက်သည်။ နတ်မယ်က အားပေးသည်။ အင်ပါယာကိုတိုင် စစ်တပ်ကို ဦးဆောင်ပြီး တိုက်ပွဲဝင်နေသလိုပင်ဖြစ်သည်။ သမိုင်းမှတ်တမ်းတင်ထိုက်သည်။
စစ်သည်တော်များ စိတ်ဓာတ်ခွန်အားတိုးစေမည့် မြင်ကွင်းမျိုးဖြစ်သည်။
လုယန်သည် အဖွဲ့ခွဲများတည်ထောင်သည်။ ရုံးတော်ကို ထိန်းချုပ်သည်။ နိုင်ငံတော်မငြိမ်မသက်ဖြစ်အောင်လုပ်သည်။ အထက်ကိုဖား၍ အောက်ကိုဖိသည်။ သို့သော် မဟာပဲဝါနိုင်ငံတော်ကို သစ္စာရှိနေဆဲဖြစ်သည်။ ပုန်ကန်မည့်အတွေးမျိုးလုံးဝမတွေး။
အရှင်မက သူ့ကိုထိုမျှအလေးထားမှန်းသိရသဖြင့် မျက်ရည်ဝဲလျက် စိတ်ခွန်အားတက်ကြွာလသည်။ ရှိသမျှအားကုန်ထုတ်၍ တိုက်ခိုက်သည်။ ထို့နောက် အရှိန်ကျသွားသည်။ ထို့နောက် စွမ်းအားကုန်သွားသည်။ ကျင်းချိုင်ဝေကို အပြတ်သတ်ရှုံးနိမ့်သွားသည်။
ကျင်းချိုင်ဝေ ဆက်လှုပ်ရှားရန်ပြင်သည်။ သို့သော် နတ်မယ်က ဂိုဏ်းသခင်လေးအတွက် ထောက်ခံအားပေးသည့်စကားကို သူကြားလိုက်သည်။ တစ်ခုခုမမှန်သလို ရုတ်တရက် ခံစားလိုက်ရသည်။
ဂိုဏ်းသခင်လေးနှင့် ပြောဆိုဆက်ဆံခဲ့သမျှ အဖြစ်အပျက်များကို ကျင်းချိုင်ဝေ ပြန်စဉ်းစားသည်။
နန်းမြို့တော်တွင် ရှိခဲ့သည့်အချိန်က လုယန်၏ ဟန်ပန်အမူအရာ ပြောင်းလဲနေသည်။ ယခု သူပြန်စဉ်းစားကြည့်သည်။ မသေမျိုးအမသည် လုယန်ကို ဝင်ပူးကပ်ခန္ဓာကိုယ်လွှဲယူပြီး နောက်မှပြန်ပေးခဲ့ခြင်းဖြစ်မည်။
မသေမျိုးအမသည် ထာဝရမျိုးဆက်၏ခေါင်းဆောင်ဖြစ်သည်။ ဂိုဏ်းသခင်လေးသည် ဒုခေါင်းဆောင်ဖြစ်သည်။ အောင်းလင်းနှင့်ကျန်းလျန်ယိက ဂိုဏ်းသခင်လေးကို 'အကို'ဟုခေါ်သည်။ သို့သော် တ-ခေါင်းဆောင်ယွမ်မုန်ုမုန်ကို 'ညီမ'ဟုခေါ်သည်။
ဂိုဏ်းသခင်လေးသည် မသေမျိုးများကို သာမန်လေးစားမှုလောက်သာပြသည်။ အထက်အရာရှိဖြစ်သည့် မသေမျိုးအမကို ဆက်ဆံပုံကလည်း သာမန်သာဖြစ်သည်။
ယခုလည်း မသေမျိုးအမက လုယန်ကို ကိုယ်တိုင်ထွက်၍ အားပေးသည်။
ဂိုဏ်းသခင်လုနှင့် မသေမျိုးအမကြားမှ ပတ်သက်မှုသည် ထင်ရသလောက် ရိုးရှင်းပုံမပေါ်။
ထိုသို့တွေးမိသဖြင့် ကျင်းချိုင်ဝေ တုံ့ဆိုင်းသွားသည်။ ကျုံ့နေသည့်မျက်မှောင်လည်း သိသိသာသာ ပြန်ပြေလျော့သွားသည်။
ဤတိုက်ပွဲကို သူအနိုင်တက်သင့်သလော...သို့မဟုတ် အရှုံးပေးသင့်သလော...
"ဓားတစ်သောင်းဌာနေပြန်စွမ်းအား..."
ခုနစ်စဉ်ကြယ်ဓားများက မွေခံဓားကို လှည့်ပတ်နေသည်။ တစ်သားတည်းပေါင်းစပ်သွားသည်။ ဓားချီက ပေသုံးရာခန့် ဆန့်ထွက်လာသည်။ ထိုဓားချီပေါ်လာသည်နှင့် လေဟာနယ် ပြင်းထန်စွာတုန်ခါလာသည်။
"အားးး"
ကျင်းချိုင်ဝေ ဟန်ဆောင်ပန်ဆာင်အော်သည်။ ဓားချက်ထိသည်။ နောက်သို့လွင့်ထွက်သွားသည်။ ရင်ဘတ်ကိုဖိ၍ သွေးအန်သည်။ သို့သော် သွေးကထွက်မလာ။ ခေါင်းကိုနည်းနည်းလှည့်၍ နောက်ဆုံးစကား အမှာတော်ပါးသည်။
"ဂိုဏ်းသခင်လေးက အရမ်းစွမ်းအားကြီးတာပဲ။ သခင်လေးနိုင်သွားပါပြီ..."
လုယန် လုံးဝတွေးမရအောင်ဖြစ်သွားသည်။
...နေပါဦး၊ ငါဘယ်လိုလုပ် ရုတ်တရက်နိုင်သွားတာလဲ။ ငါ့ဓားချက်က လောင်မုန်ကိုတောင် မသတ်နိုင်လောက်ပါဘူး...
လုယန် နတ်မယ်ကို လှည့်ကြည့်သည်။
"နတ်မယ်၊ ဒါခင်ဗျားလုပ်တာလား"
နတ်မယ်ပုံစံက အရိုးခံသာဖြစ်သည်။
"ငါဘာမှမလုပ်ပါဘူး"
"ထူးဆန်းနေတယ်"
ရုတ်တရက်ပြောင်းလဲသွားသည့် အခြေအနေကို သူနားမလည်နိုင်တော့။
မွေခံဓားကို ဓားအိမ်ထဲထည့်လိုက်သည်။ တိုက်ပွဲအတွေ့အကြုံကို ပြန်စဉ်းစားသည်။
"ဒါနဲ့...ဒီတိုက်ပွဲက အတော်အထောက်အကူဖြစ်တာပဲ။ အကြီးအကဲကျင်းက ငါ့ကောင်တီလက်ဝါးကို တန်ပြန်တိုက်ခိုက်ဖို့ လေဟာနယ်စွမ်းအားကိုသုံးတယ်။
ဒီနည်းလမ်းကို ပြန်သုံးသပ်ရင် ငါ့လက်ဝါးစွမ်းအား အများကြီတိုးတက်လာနိုင်တယ်။ မှော်ပညာတွေ ဓားပညာတွေအတွက်လည်း အများကြီးအကျိုးရှိလာမယ်"
တိုင်ပွဲပြီးတိုင်း အတွေ့အကြုံကို ပြန်သုံးသပ်ခြင်းသည် စွမ်းအားအမြန်တိုးအောင် အထောက်အကူပေးနိုင်သည်။
လုယန်၏ရှင်းလင်းသည့် သုံးသပ်ချက်ကြောင့် နတ်မယ် သူ့ပေါင်သူဖြန်းခနဲရိုက်လိုက်သည်။
"အဲ...ဟုတ်တယ်။ ငါ့အတွေးနဲ့ တစ်ထပ်တည်းပဲ"
နတ်မယ် ခေါင်းတစ်ငြိမ့်ငြိမ့်လုပ်နေသည်။ လုယန်၏စွမ်းဆောင်ရည်ကို အတော်သဘောကျသည်။
"ရှောင်ယန်ရဲ့ နားလည်နိုင်စွမ်းက အတော်မြင့်တာပဲ။ ငါတွေးတဲ့အဆင့်မျိုးကိုတောင် သူတွေးနိုင်တယ်"
လုယန် ကျင်းချိုင်ဝေကို အလွယ်တကူ အနိုင်ယူခဲ့သည်။ သို့သော် မသေမျိုးတစ်ဝက်လေးယောက်၏ တိုက်ပွဲက မပြီးသေး။ လုယန်၏ ဒုခေါင်းဆောင်ဟူသည့် အဆင့်အန်းက တကယ်ထိုက်တန်ကြောင်း သက်သေခံနေသည်။
ယွမ်မုန်မုန်နှင့် ထာဝရအရှင်တို့က တိုက်ပွဲအတွေ့အကြုံနှင့် ကျင့်စဉ်စွမ်းအားတွင် အောင်းလင်းနှင့်ကျန်းလျန်ယိကို မမီသော်လည်း ထာဝရအရိယဖလသန္ဓေပိုင်ရှင်များဖြစ်၍ လွယ်လွယ်တော့မရှုံးနိုင်။
လုယန် ကျိတ်ဆုတောင်းနေသည်။
...ဘယ်သူနိုင်နိုင်ရှုံးရှုံး မြန်မြန်ပွဲသိမ်းကြပါစေ...ဒီအတိုင်းဆက်သွားရင် ငါ့ကမ္ဘာငယ်က အပျက်စီးပုံဘဝရောက်ပြီး နဂိုရ်ပုံစံအတိုင်းဖြစ်အောင် ပြန်ပြုပြင်ဖို့ ခက်ခဲသွားလိမ့်မယ်...
ကမ္ဘာငယ်ကောင်းကင်အထက်တွင် လေဟာနယ်အက်ကြောင်းတစ်ခု ပေါ်လာလာသည်။ ယွမ်ကျိထွက်လာသည်။ မသေမျိုးတစ်ဝက်လေးယောက်၏ ပြင်းထန်သည့်တိုက်ပွဲကိုကြည့်၍
"ဒါကဘယ်လိုဖြစ်ကြတာလဲ"
****************************
အခန်း (၁၀၁၇) ပဲဝါအင်ပါယာကျဆုံးခြင်း
ကိစ္စတစ်ချို့ပေါ်လာ၍ ယွမ်ကျိ ဇာတိမြေသို့ ပြန်ရသည်။ ကောင်းကင်ဂိတ်တောင်ထိပ်သို့ သူပြန်ရောက်ချိန်တွင် လူတစ်ယောက်မှမတွေ့။ မြေပြင်တွင်စိုက်ထားသည့် ချင်ဖုန်းဓားမှ ထူးခြားသည့်စွမ်းအင်ရောင်တစ်မျိုး ထွက်ပေါ်နေသည်။
ချင်ဖုန်းဓားကမ္ဘာငယ်ထဲသို့ သူဝင်လာသည်။ မသေမျိုးတစ်ဝက်လေးယောက် တိုက်ခိုက်နေသည်ကိုမြင်ရသည်။ အားလုံးက သူနှင့်သိကျွမ်းသူများဖြစ်သည်။
ထို့ပြင် မြေပေါ်တွင် လဲလျောင်းနေသည့် ကျားဖြူလေးတစ်ကောင်လည်းရှိသည်။ ထို့ကြောင့် စုစုပေါင်း မသေမျိုးတစ်ဝက်ငါးယောက် တိုက်ပွဲဝင်ခဲ့ခြင်းဖြစ်သည်။
ထိုတိုက်ပွဲအတိုင်းအတာမျိုးသည် မသေမျိုးတစ်ဝက်များ မှိုလိုပေါ်သည့် ရှေးဟောင်းခေတ်တွင်သာ ဖြစ်ပေါ်နိုင်မည်ထင်သည်။
"တိုက်ခိုက်တာတွေရပ်ကြတော့"
နတ်မယ်က အော်ဟစ်တားဆီးလိုက်သည်။ အင်အားကြီးရန်သူတစ်ယောက် ပေါ်လာသည်။ အချင်းချင်းတိုက်ခိုက်နေရမည့်အချိန် မဟုတ်တော့။
မဟာပဲဝါနိုင်ငံတော်နှင့် ထာဝရမျိုးဆက်။ အဖွဲ့အစည်းနှစ်ခု၏ ခေါင်းဆောင်ဖြစ်၍ သူ့စကားသည့် သံမဏိစည်းမျဉ်းဖြစ်သည်။ ဘယ်သူမှ မလွန်ဆန်ရဲကြ။ အောင်းလင်း၊ ကျန်းလျန်ယိ၊ ယွမ်မုန်မုန်နှင့် ထာဝရအရှင်တို့ ချက်ချင်းတိုက်ပွဲရပ်၍ နတ်မယ်ဘေးတွင် လာရပ်ကြသည်။
ကျင်းချိုင်ဝေလည်း သေဟန်ဆောင်နေရာမှ ချက်ချင်းထလာပြီး အဖွဲ့ထဲသို့ဝင်ပေါင်းသည်။
ယခု အဖွဲ့အစည်းစိတ်ဓာတ်က အတော်လေးခိုင်မာနေသည်။
နတ်မယ်က လက်နှစ်ဘက်ကိုဖြန့်လိုက်သည်။ တစ်ဘက်တစ်ချက်စီတွင် မသေမျိုးတစ်ဝက်ငါးယောက်က အစီအစဉ်တကျ ရပ်နေသည်။
ထိုအဖွဲ့သည် ယွမ်ကျိကို အနိုင်ယူဖို့ သူပင်ပင်ပန်းပန်း ပျိုးထောင်ထားသည့် အင်အားစုဖြစ်သည်။
လုယန်က သူ့နောက်တွင် လွင့်ပျံနေသည့် နတ်မယ်ကို တစ်ချက်လှည့်ကြည့်သည်။ ထို့နောက် ခေါင်းအသာငုံ့၍ နောက်ဆုတ်သွားသည်။
"ရှောင်ယွမ်၊ နင့်မျက်စိအောက်မှာတင် ဒီလိုဖြစ်လာမယ်လို့ ထင်မထားဘူးမဟုတ်လား။ ဒီလိုတောင့်တင်းတဲ့အင်အားမျိုး ငါစုစည်းနိုင်ခဲ့ပြီ"
နတ်မယ်က ယွမ်ကျိကို ကြွားလုံးထုတ်သည်။
အင်ပါယာရှားနှင့် မဟာပဲဝါနိုင်ငံဝန်ကြီးချုပ်မှလွဲလျှင် မဟာပဲဝါနိုင်မှ လူအားလုံးအစုံအလင်ရှိသည်။
ထာဝရမျိုးဆက်အဖွဲ့ဝင် လေးယောက်လုံးရှိသည်။ သူတို့ထဲတွင် မဟာပဲဝါနိုင်ငံ၏ ယဉ်ကျေးမှုဝန်ကြီး ယွမ်မုန်မုန်လည်းပါသည်။
တကယ်တမ်းပြောရလျှင် တာအိုလမ်းစဉ်ဂိုဏ်းတွင်လည်း ယွမ်ကျိကို ဆန့်ကျင်နေသည့် အဖွဲ့ခွဲတစ်ခုရှိသည်။ ဆေးစိုက်ခင်းမှ ဆေးဘုရင်လေးများ။ သို့သော် သူတို့ကိုခေါ်ဖို့ အချိန်မမီတော့။
"အားလုံး အတူတိုက်ကြ။ ရှောင်ယွမ်ကို ငါတို့အစွမ်းသိအောင် ပြကြမယ်ဟေ့"
နတ်မယ်က အမိန့်ပေးသည်။ ယွမ်မုန်မုန်က အရင်ဆုံးလှုပ်ရှားသည်။
"သတိထား"
အောင်းလင်းနှင့် တိုက်ခိုက်စဉ်ကပင် ယွမ်မုန်မုန် ထိုမျှခွန်တိုက်အားတိုက်မရှိခဲ့။
ယွမ်ကျိ မျက်ခုံးတစ်ချက်ခါသွားသည်။ ဘာကြောင့် သူ့ညီမက ဤနေရာတွင် လာဂြိုလ်မွှေနေသည်မသိ။
တိုက်သင့်မတိုက်သင့် ဝေခွဲမရဖြစ်နေသည့် ကျင်းချိုင်ဝေလည်း ကူးဖြတ်ခြင်းအခြေခံအဆင့် အရိယဖလသန္ဓေတည်ဆောက်ပြီးစ ယွမ်မုန်မုန်ပင် တိုက်ခိုက်နေသည်ဖြစ်၍ သူလည်းဝင်တိုက်သည်။
ထို့ပြင်..သူတို့နောက်တွင် မသေမျိုးအမလည်း ရှိနေသည်။
"ဝေါင်း"
ခံ့ညားထည်ဝါသည့် အရိုးဖြူကျားပျံအဖြစ် ကျင်းချိုင်ဝေ အသွင်ပြောင်းလိုက်သည်။ သူ့ကိုကြည့်၍ အောင်းလင်းနှင့်ကျန်းလျန်ယိလည်း အညံ့မခံဘဲ နဂါးအသွင် ဖီးနစ်အသွင်ပြောင်းကြသည်။
နဂါးစစ်၊ ဖီးနစ်နှင့် ချုန်းချီ။ ဒဏ္ဍာရီမသေမျိုးသားရဲသုံးကောင်။ ရှေးဟောင်းခေတ်မှာပင် ထိုသို့အတူပူးပေါင်း၍ ရန်သူကို ရင်မဆိုင်ခဲ့ဖူး။ သမိုင်းတွင် တစ်ခါမှမရှိဖူးသည့် ပူးပေါင်းမှုဖြစ်သည်။
ထာဝရအရှင် မျက်နှာညှိုးနေသည်။ ရှေ့တော်ပြေးအနေဖြင့် ခန္ဓာကိုယ်ဖောက်ခွဲရန် ရိုးသားစွာ ရှေ့တက်သွားသည်။
ဘာကြောင့်ယနေ့ သူတိုက်ခိုက်ရသည်က ကျန်းလျန်ယိမဟုတ်တော့ဘဲ ယွမ်ကျိဖြစ်သွားသည်မသိ။ မသေမျိုးတစ်ဝက်ဖြစ်သည့်တိုင် ဘာကြောင့်ပွဲဦးစထွက်ကတည်းက သူမနိုင်သည့် ထိုပြိုင်ဘက်များသာ တွေ့ကြုံရသည်မသိ။
သေချာပြန်စဉ်းစားကြည့်လျှင် ဒုတိယနိုင်ငံ့ဆရာနှင့် တိုက်ပွဲတွင်သာ သူအသာစီးရခဲ့သည်။
"တက်ကြ၊ အခု တိုက်ပွဲဝင်ဖို့အတွက် နိုင်ငံတော်က နင်တို့ကိုလိုအပ်တဲ့အချိန် ရောက်လာပြီ။ ယွမ်ကျိကိုနိုင်ရင် ရားထူးတိုးပေးပြီး သူရဲကောင်းဘွဲ့ချီးမြှင့်မယ်"
နတ်မယ်က သူ့စစ်သည်များကို ထိုကတိစကားဖြင့် စိတ်ခွန်အားမြှင့်ပေးသည်။
ရာထူးတိုးပေးခြင်း၊ သူရဲကောင်းဘွဲ့ပေးခြင်း၊ ဝန်ကြီးအဖြစ်ခန့်အပ်ခြင်း။ စသည့်အလုပ်များသည် သူ့အခက်အခဲနှင့်သူရှိသည်။ အပေါ်ယံအသိအမှတ်ပြုခြင်းသာ ဖြစ်ဖို့များသည်ဟု လုယန်တွေးနေသည်။
မဟာစစ်သူကြီးသုံးယောက် အားတက်သွားသည်။ သုံးယောက်ပေါင်းတိုက်ခိုက်သည့်ဗျူဟာကို သုံးကြသည်။ ရုပ်ခန္ဓာအားအကောင်းဆုံးဖြစ်သည်ံ အောင်းလင်းက ရှေ့ဆုံးမှတက်သည်။ ကျန်းလျန်ယိနှင့် ကျင်းချိုင်တွေက ဘေးမှကူသည်။ ပူးပေါင်းတိုက်ခိုက်မှုက ဟာကွက်မရှိ။
နတ်မယ်သည် အုပ်ချုပ်သူများထဲတွင် တကယ့်စံပြအင်ပါယာအရှင်ဖြစ်သည်။ တစ်ခြားအင်ပါယာများလို စစ်သည်များကိုသာ အမိန့်ပေးရုံမဟုတ်။ ကိုယ်တိုင်လည်း ယွမ်ကျိကို ဝင်တိုက်ခိုက်သည်။
သူ့ဆုံးဖြတ်ချက်က ပြတ်သားသည်။ နန်းတွင်းအကြံပေးလုယန်က ဖျောင်းဖျသည့်တိုင် စိတ်ယိုင်ခြင်းမရှိ။
ပဲဝါအင်ပါယာတည်ထောင်သည်ကို လုယန် အနီးကပ်မြင်ခဲ့ရသည်။ နောက်ဆက်ခံမည့် ပဲဝါယာအင်ပါယာအဖြစ် သတ်မှတ်ခံထားရသည်။ သို့သော်ယခု မဟာပဲဝါအင်ပါယာ ကျဆုံးတော့မည်ကို မြင်နေရသဖြင့် စိတ်မကောင်းဖြစ်မိသည်။
ကောင်းကင်လှည့်စားခြင်း အသက်ကယ်ပညာနှင့် မြေအောင်းပညာကိုသုံး၍ မြေကြီးထဲသို့ ဝင်သည်။ မဟာပဲဝါနိုင်ငံတာ်၏ ကံကြမ္မာနှင့်အတူ မြေမြှုပ်ခံဖို့ ဆုံးဖြတ်လိုက်သည်။
အချိန်က လျင်မြန်စွာကုန်လွန်သွားသည်။ အချိန်မြစ်ရေက သူရဲကောင်းအားလုံးကို တိုက်စားသွားသည်။
ဖြူဖွေးသည့်လက်တစ်ဘက် မြေပုံထဲမှပေါ်လာသည်။ လူငယ်တစ်ယောက်ထွက်လာသည်။ သူ့မျက်လုံးတွင် နားမလည်သည့်အရိပ်များ ထင်ရှားစွာပေါ်လွင်နေသည်။
"ငါအိပ်ပျော်သွားတာ ဘယ်လောက်ကြာပြီလဲ။ ဒီနှစ်က ဘာနှစ်လဲ။ ငါဘာလို့ ဒီနေရာကို ရောက်နေတာလဲ"
သူ့ဘေးပတ်လည်မှ ကမ္ဘာငယ်က ပျက်စီးနေသည်။ တစ်ချိန်က ပြိုင်ဘက်ကင်းဖြစ်ခဲ့သည့် ခေတ်မျိုးစုံမှမိတ်ဆွေတို့၏ အလောင်းများကို မြင်ရသည်။ သူ့မှတ်ဉာဏ်များ တဖြေးဖြေးနိုးထလာသည်။
"မဟာပဲဝါနိုင်ငံ တည်ထောင်သူ ထာဝရနတ်မယ်၊ နဂါးဘိုးဘေး အောင်းလင်း၊ ဖီးနစ်ဘိုးဘေး ကျန်းလျန်ယိ။ ဒီစွမ်းအားမြင့်ပုဂ္ဂိုလ်တွေက နောက်ဆုံးတော့ ဟိုပြိုင်ဘက်ကင်းရန်သူကို ရှုံးသွားပြီပေါ့"
လုယန် နှုတ်ခမ်းများ တုန်ရင်နေသည်။ သူ့ရှေ့တွင်မြင်နေရသည့် အဖြစ်မှန်ကို မယုံနိုင်သေး။
"မသေမျိုးတစ်ဝက်တွေ ကျဆုံးသွားပြီ။ ငါတစ်ယောက်တည်းဘာလို့ အသက်ရှင်နေရတာလဲ"
"နင်ဘာတွေ တတွတ်တွတ်ပြောနေတာလဲ ဒုခေါင်းဆောင်"
နတ်မယ်က ဘာမှမဖြစ်ခဲ့သလို မြေပေါ်မှ ထလာသည်။ အောင်းလင်းတို့လည်း တစ်ယောက်ပြီးတစ်ယောက် အသက်ပြန်ဝင်လာသည်။
"ဪ.. ဘာမှမဟုတ်ပါဘူး"
လုယန် အမူအရာပြန်ပြင်လိုက်သည်။ အခုနက ဘာမှမပြောခဲ့သလို ဟန်လုပ်နေသည်။
အားလုံးထဲတွင် ကျင်းချိုင်ဝေက အံ့အားအသင့်ဆုံးလူဖြစ်နေသည်။ ပြီးခဲ့သည့်တိုက်ပွဲက ခြောက်ခြားစရာကောင်းသည်။ မသေမျိုးတစ်ဝက်များဖြစ်သော်လည်း သူတို့အားလုံး ယွမ်ကျိဆိုသည့်မိန်းမ၏ တိုက်ကွက်နှစ်ကွက်ကိုပင် ခံနိုင်ရည်မရှိကြ။
ထိုယွမ်ကျိသည် ဘယ်သူမှန်းမသိ။
"သူက ငါတို့ကောင်းကင်ရုံးတော်ရဲ့ ဂိုဏ်းချုပ်ပါ"
ကျင်းချိုင်ဝေက ယွမ်ကျိကို မသိသေးသဖြင့် လုယန်မိတ်ဆက်ပေးသည်။
"သူလည်း ကောင်းကင်ရုံးတော်ဂိုဏ်းကပဲလား"
ကျင်းချိုင်ဝေ အံ့ဩသွားသည်။ မသေမျိုးအမအပြင် ထိုမျှစွမ်းအားမြင့်သည့်လူတစ်ယော်လည်း သူတို့အဖွဲ့တွင် ရှိနေသေးသည်။
"မက်မွန်သီးနည်းနည်းယူလာတယ်။ မျှစားကြတာပေါ့"
ယွမ်ကျိစကားကြောင့် အားလုံးခေါင်းထောင်လာသည်။ ယွမ်ကျိက သူ့အထုပ်ကိုဖြေလိုက်သည်။ သူ့ဇာတိမြေမှ လတ်လတ်ဆတ်ဆတ်ခူးခဲ့သည့် မသေမျိုးမက်မွန်သီးများပေါ်လာသည်။
အစက ရှောင်လုခန္ဓာသန့်စင်မှုပြီးဆုံးပြီးလျှင် ထိုမက်မွန်သီးများဖြင့် ဂုဏ်ပြုပေးဖို့ သူရည်ရွယ်ခဲ့သည်။
သို့သော် ပြန်ရောက်လာချိန်တွင် ချင်ဖုန်းဓားကမ္ဘာငယ်ထဲ၌ လူအားလုံးအစုံအလင်တွေ့ရသည်။
"မသေမျိုးမက်မွန်သီးတွေပဲ"
ကျင်းချိုင်ဝေ မျက်လုံးအရောင်လက်လာသည်။ အဖိုးဖြတ်မရသည့် ပစ္စည်းများဖြစ်သည်။ တစ်ချိန်က ချီလင်မသေမျိုးပေးသဖြင့် သူစားဖူးခဲ့သည်။
အောင်းလင်းနှင့် ကျန်းလျန်ယိလည်း မသေမျိုးမက်မွန်သီး မစားခဲ့ရသည်မှာ အတော်ကြာပြီဖြစ်သည်။ ယခု ရုတ်တရက် သူတို့ရှေ့တွင် မြင်လိုက်ရသဖြင့် အတိတ်တစ်ချိန်ကို ပြန်လွမ်းမိကြသည်။
ယွမ်မုန်မုန်တစ်ယောက်သာ ထူးခြားနေသည်။
"ရှောင်ကျိ၊ ဒီမက်မွန်သီးတွေက..."
ယွမ်ကျိက သူ့ကိုတစ်ချက်စိုက်ကြည့်သည်။ စကားကိုသတိထားပြောဖို့ အချက်ပြခြင်းဖြစ်သည်။
"ငါစိုက်ထားတဲ့ မက်မွန်ပင်က သီးလာတာ"
"အာ..ဟုတ်သားပဲ"
"မက်မွန်စေ့ကနေ မသေမျိုးသစ်သီးတွေသီးလာအောင် စိုက်လို့ရတယ်ပေါ့"
နတ်မယ် စဉ်းစားနေသည်။ ထိုသို့စိုက်နိုင်မှန်း သူမသိခဲ့။
"ရပါတယ်"
အားလုံး မက်မွန်သီးအတူစားကြသည်။ မွေးပျံ့သည့် သစ်သီးနံ့များ လေထဲတွင် ပြည့်နက်သွားသည်။ နွေးထွေး၍ သက်တောင်သက်သာရှိသည့် မြင်ကွင်းဖြစ်သည်။ နတ်မယ်လည်း လုယန်ခန္ဓာကိုယ်ကို လွှဲယူပြီး မသေမျိုးမက်မွန်သီးကို စားသည်။
"အရသာရှိလိုက်တာ။ ဟိုအရင်းတုန်းကအတိုင်းပဲ"
"မသေမျိုးအမချက်တဲ့ အစားအသောက်လောက် မကောင်းပေမယ့် အတော်လေးအရသာရှိပါတယ်"
ဝိညာဉ်ခန္ဓာဖြစ်သည့် ထာဝရအရှင်တစ်ယောက်သာ အငတ်ဘေးကြုံသည်။
မက်မွန်သီးစားပြီးနောက် သိစိတ်နယ်မြေတွင် မဟာပဲဝါနိုင်ငံကျဆုံးခဲ့သည့်ကိစ္စကိုတွေးရင်း နတ်မယ်သက်ပြင်းချနေသည်။
"ဘာဖြစ်တာလဲနတ်မယ်"
"ငါလူသားစားဖို့ပဲ အာရုံစိုက်ရင် ကောင်းမလားလို့"
လုယန် အကြီးအကျယ် ထိတ်လန့်သွားသည်။
"ဘယ်လိုလုပ်ပြီး လူသားစားဖို့ကိစ္စကို တွေးမိလာတာလဲ"
"ရှောင်ယန် အဲဒါ နင်ငါ့ကိုပြောတဲ့ပုံပြင်ပဲလေ။ အင်ပါယာတစ်ယောက်က တိုက်ပွဲရှုံးပြီး အကျဉ်းသားဖြစ်လာတယ်။ ပြန်တိုက်ခိုက်နိုင်ဖို့အတွက် သူ့ကိုယ်ပိုင်နှလုံးနဲ့အသည်းကို ခွဲထုတ်ပြီးစားတယ်။ နောက်ဆုံးကျတော့ ရန်သူကို သူအနိုင်ရသွားတယ်တဲ့။ အဲလိုမဟုတ်လား"
"...နတ်မယ်၊ ဒါက လက်စားချေဖို့အတွက် အခက်ခဲတွေကို သည်းခံရမယ်ဆိုတဲ့သဘောကို ပြောတာပါ"
"အတော်ကောင်းတဲ့ဥပမာပဲ"
************************************