အခန်း (၁၀၁၈-၁၀၂၀)
Vol. 68 Ch. 1018-1020
အခန်း (၁၀၁၈) အရိပ်နက်
အမည်မသိနယ်မြေတစ်ခုတွင် မြင့်မားသည့်နန်းတော်က တိမ်ကြားသို့ ထိုးဖောက်နေသည်။ ဒဏ္ဍာရီထဲမှ နတ်နန်းတော်တစ်ခုနှင့် သဏ္ဌာန်တူသည်။
နန်းတာ်ထဲတွင် ထူးဆန်းသည့်ဖြစ်ရပ်များကို ပုံဖော်ထားသည့် ဆေးရေးပန်းချီများရှိသည်။ လူ့ဘီလူးကြီးများက ကောင်းကင်နွားများကိုစီး၍ မြေကိုထွန်ယက်နေသည်။ ပန်းချီသူတော်များက ကြယ်ကမ္ဘာများကြား မင်ရည်ပက်ဖြန်း၍ ပန်းချီရေးဆွဲနေသည်။
ကောင်းကင်စွမ်းအားရှင်များက လောကငြိမ်းချမ်းရေးအတွက် နတ်ဆိုးများကို နှိမ်နှင်းသည်။ နှစ်သုံးသိန်းကုန်လွန်ခဲ့ပြီဖြစ်သည်။ သို့သော် ပန်းချီကားများက ရေးဆွဲပြီးစအချိန်ကဲ့သို့ ထင်ရှားနေဆဲဖြစ်သည်။
မဟာချန်နိုင်ငံသားတစ်ယောက်သာ ဤနေရာတွင်ရှိခဲ့လျှင် ထိုပန်းချီများသည် မျိုးရိုးစဉ်ဆက်လက်ဆင့်ကမ်းပြောကြာခဲ့သည့် ဒဏ္ဍာရီဖြစ်ရပ်များဖြစ်ကြောင်း သိပေလိမ့်မည်။
ပန်းချီထဲမှ သူရဲကောင်များသည် ကောင်းကင်မသေမျိုးများဖြစ်သည်။ မဟာချန်မင်းဆက်တွင် နာမည်ကျော်ကြားခဲ့သူများဖြစ်သည်။
ပန်းချီးကားများထဲတွင် အထူးခြားဆုံးက ကောင်းကင်အင်ပါယချန်၏ ရုပ်ပုံဖြစ်သည်။။ ကောင်းကင်ဘုံကိုးဆင့်အထက်တွင် ရပ်နေသည်။ နေကိုလက်တစ်ဘက်ဖြင့် ပင့်မြှောက်ထားသည်။ လကို လက်တစ်ဘက်ဖြင့် ပင့်မြှောက်ထားသည်။
ကောင်းကင်မသေမျိုးများက ရှိခိုးဦးခိုက်နေသည်။
ထို့အပြင် ကောင်းကင်အင်ပါယာကိုယ်တိုင်လည်း ဤနန်းတော်တွင် ရှိနေဆဲဖြစ်သည်။
ပျင်းရိပျင်းတွဲဖြင့် မသေမျိုးရွှေပလ္လင်ပေါ်တွင် လက်တစ်ဘက်ခေါင်းအုံးရင်း စာအုပ်တစ်အုပ်ဖတ်နေသည်။
ရှေးမျတ်တမ်းတစ်အုပ်ဖြစ်သည်။ ယခုခေတ်တွင် နားလည်နိုင်သူ မရှိသလောက်ရှားသည့် ရှေးခေတ်ဘာသာစကားဖြင့်ရေးထားသည်။ ရှေးဟောင်းခေတ်အဆုံးတွင် မွေးဖွားခဲ့သည့် သူ့လိုလူများသာ အပြည့်အဝနားလည်နိုင်သည်။
စာအုပ်ကိုသူပြန်ပိတ်လိုက်သည်။ ပလ္လင်အောက်မှ သတင်းလာပို့သည့် ဝန်ကြီးများကို အေးစက်စက်စိုက်ကြည့်သည်။
"ဒါဆိုမင်းတို့က အချိန်နောက်ပြန်ရစ်တဲ့ အရိယဖလပိုင်ရှင်ကိူ ရှာမတွေ့သေးဘူးပေါ့"
ဝန်ကြီးများ တုန်လှုပ်သွားသည်။ သူတို့အားလုံးသည် မဟာချန်ခေတ်တွင် ကိုယ့်နည်းကိုယ့်ဟန်ဖြင့် နာမည်ကျော်ကြားခဲ့သည့် ယုံကြည်မှုစွမ်းအား ကျင့်ကြံသူများဖြစ်သည်။ မဟာချန်၏ ယုံကြည်မှုရင်းမြစ်များဖြစ်သည်။ သို့သော်ယခု ပြင်းထန်သည့်ဖိအားတစ်ခုကို ခံစားနေကြရသည်။
"သခင်၊ ခြေရာခံတံဆိပ်တွေက ရှားတယ်။ ဒီလူရဲ့တည်နေရာကို ရှာဖို့ခက်ပါတယ်"
မသေမျိုးတစ်ဝက်တစ်ယောက်က ရဲရဲတင်းတင်းရှေ့ထွက်လာပြီး ပြောသည်။ ရှေးဟောင်းမသေမျိုးလေးယောက်ရှာသည့်အလုပ်က ထိုမျှလွယ်ကူနေလျှင် နှစ်သုံးသိန်းအတွင်း တစ်ယောက်မှရှာမတွေ့သည့်အဖြစ်မျိုး ကြုံခဲ့ရမည်ဟုတ်။
"ဟား"
ကောင်းကင်အင်ပါယာ နှာခေါင်းတစ်ချက်ရှုံ့သည်။ အချိန်အရိယဖလသဲလွန်စများက မျက်စိရှေ့တွင် ရှိနေသည်။ သို့သော် လုံးဝစုံစမ်း၍မရ။
မသေမျိုးတစ်ဝက်များသည် အချိန်နောက်စက်ဝန်းကို အာရုံမခံနိုင်။ သို့သော် သူကောင်းကောင်းအာရုံခံမိသည်။ ပြီးခဲ့သည့် ခြောက်လအတွင်း အချိန်စက်ဝန်း အကြိမ်တစ်ရာကျော် နောက်ပြန်ဆုတ်ခဲ့သည်။
သူ့ကို ပေါ်တင်စိန်ခေါ်နေခြင်းဖြစ်သည်။ သို့သော် သူဘာမှမတတ်နိုင်ခဲ့။
"မသေမျိုးလေးယောက်ကို တံဆိပ်တစ်ခုနဲ့ရှာတာဟာ ကောက်ရိုးပုံထဲ အပ်ပျောက်ကရှာနေသလိုပါပဲ။ ယုံကြည်မှုစွမ်းအားကြောင့်များ ဉာဏ်ရည်တွေ အဲလောက်ထိခိုက်သွားတာလား"
ရုတ်တရက် နန်းတော်ထဲတွင် စကားသံတစ်ခုဟိန်းထွက်လာသည်။ အားလုံးထိတ်လန့်သွားသည်။
အသံရှင်က ကောင်းကင်အင်ပါယာကို လှောင်ပြောင်ခနဲ့နေခြင်းဖြစ်သည်။ အသက်ရှင်ရသည်ကို ငြီးငွေ့နေသလားမသိ။
ကောင်းကင်အင်ပါယာ ချက်ချင်းထရပ်လာသည်။ မုတ်ဆိတ်မွှေးများက ဒေါသထွက်နေသည့် နဂါးစစ်တစ်ကောင်လို တဖျတ်ဖျတ်ခါနေသည်။ အနက်ရောင်လေဝဲကိုင်ထားသည့် ရွှေရောင်ဓမ္မခန္ဓာတစ်ခု ပေါ်လာသည်။ လေဟာနယ်တစ်ခုလုံး မငြိမ်မသက်ဖြစ်လာသည်။
အချိန်မရွေး ပေါက်ကွဲတော့မလိုဖြစ်လာသည်။ အချိန်ကာလများ ရပ်တန့်သွားသလိုရှိသည်။
ဤနေရာသည် မဟာချန်အဖွဲ့၏ လျှို့ဝှက်နယ်မြေဖြစ်သည်။ နှစ်သုံးသိန်းတွင်း သူကိုယ်တိုင်ခန့်အပ်ထားသည့် မသေမျိုးတစ်ဝက်များသာရှိသည်။ အပြင်လူများ ဤနေရာကို လုံးဝမသိနိုင်။ အကယ်၍ သူတို့ထဲမှတစ်ယောက်ယောက်ကို ဝိညာဉ်မှတ်ဉာဏ်ရှာဖွေဖို့ကြိုးစားလျှင်လည်း ဤနေရာနှင့်ပတ်သက်သည့် မှတ်ဉာဏ်များ အလိုလိုပျောက်သွားမည်။
"ဟားဟား၊ ဘာလို့ဒီလောက်ဒေါသကြီးနေတာလဲ"
စကားသံက အေးဆေးတည်ငြိမ်သည်။ အကြောက်အရွံ့ကင်းသည်။ သတိဖြင့်ကြည့်နေသည့် ကောင်းကင်အင်ပါယာကိုလည်း အရေးမစိုက်။ အချိန်စီးကြောင်း နှေးကွေးသွားသည်ကိုလည်း အရေးမစိုက်။
အမှောင်ထုလွှမ်းခြုံနေသည့် အနက်ရောင်လူရိပ်တစ်ခု နန်းတော်ထဲတွင် ရုတ်တရက်ပေါ်လာသည်။ သူဝင်လာသည်ကို ဘယ်သူမှမသိလိုက်။ ကောင်းကင်အင်ပါယာပင် အာရုံမခံမိ။
အာရုံမှောက်မှားသလိုဖြစ်နေသည်။
"မင်းဘယ်သူလဲ။ ဒီနေရာကို မင်းဘယ်လိုရှာတွေ့တာလဲ"
ကောင်းကင်အင်ပါယာ အော်ဟစ်လိုက်ည်။ နန်းတော်ထဲမှ ပန်းချီကားများ အသက်ဝင်လာသ်ည။ နံရံမှခုန်ထွက်လာပြီး နေရာစုံမှဝိုင်းဝန်းတိုက်ခိုက်ရန် အသင့်ဖြစ်နေသည်။
အဆင်တန်ဆာမျိုးစုံပါသည့် အရိုးတောင်ဝှေးတစ်ချောင်းကိုင်ထားသည့် ရှေးဟောင်းဝတ်စုံနှင့် လူငယ်တစ်ယောက်လည်း ပေါ်လာသည်။ မဟာချန်၏ နောက်ထပ်မသေမျိုးတစ်ယောက်ဖြစ်သည့် ထိန်းချုပ်သူသခင်ဖြစ်သည်။
ကောင်းကင်အင်ပါယာနှင့် ထိန်းချုပ်သူသခင်တို့ ဘေးချင်းယှဉ်ရပ်၍ အနက်ရောင်လူရိပ်ကို သတိမပြတ် ကြည့်နေသည်။
ရှေးဟောင်းခေတ်အဆုံးမှစ၍ သူတို့နှစ်ယောက် ရုန်းကန်လှုပ်ရှားခဲ့သည်။ အပျက်အစီးများကြားတွင် မဟာချန်ကို တည်ထောင်သည်။ မသေမျိုးများ ဖြစ်လာသည်။ အရိယဖလများ ပိုင်ဆိုင်လာသည်။ နှစ်သုံးသိန်းကြာအောင် လောကကိုစောင့်ကြည့်ခဲ့ကြသည်။
သို့သော် ဤအရိပ်သဏ္ဌာန်ကြောင့်ဖြစ်လာသည့် ဖိအားမျိုး သူတို့တစ်ခါမှ မကြုံဖူးကြ။
စွမ်းအားကြီးသည့်ရန်သူ...
တကယ်စွမ်းအားကြီးသည့် ရန်သူတစ်ယောက်ဖြစ်သည်။
အနက်ရောင်လူရိပ်က ခပ်ညှင်းညှင်းရယ်သည်။ အသံက ယောက်ျားမိန်းမ ခွဲခြားမရ။
"ငါဘယ်သူလဲဆိုတာ အရေးမကြီးပါဘူး။ မင်းတို့ကို လူတစ်ယောက် လာပြီးအမဲလိုက်အောင် နာမည်တစ်ခုပြောပေးရဦးမလား။ ငါဒီနေရာကိုဘယ်လိုရှာတွေ့ခဲ့လဲဆိုတာကတော့..."
ကောင်းကင်အင်ပါယာနှင့် ထိန်းချုပ်သူတို့ ထိုလူ၏မျက်နှာသွင်ပြင်ကို ရှင်းလင်းစွာမမြင်ရ။ သို့သော်ယခု ထိုလူပြုံးနေမှန်း ရိပ်မိသည်။
"ဒီလေဟာနယ်ကို မင်းတို့ဖန်တီးပြီး နန်းတော်တည်ဆောက်တာကို ငါမြင်ခဲ့တယ်လေ။ ငါဘယ်မသိဘဲနေမလဲ"
မသေမျိုးနှစ်ယောက် ထိတ်လန့်သွားသည်။ ဤနေရာကို တည်ဆောက်ချိန်တွင် သူတို့နှစ်ယောက် မသေမျိုးအဆင့်သို့ရောက်ပြီးဖြစ်သည်။ သို့သော် ထိုလူက သူတို့မသိအောင် စောင့်ကြည့်နေခဲ့သည်။
"ကောင်းကင်မျိုမြေစားစွမ်းအား"
ကောင်းကင်အင်ပါယာ လျှပ်တပြက်တိုက်ခိုက်သည်။ သူ့အင်ပါယာဓမ္မခန္ဓာလည်း လှုပ်ရှားလာသည်။ လက်ထဲမှ အနက်ရောင်လေဝဲက ထိုလူရိပ်ကို ချက်ချင်းဝါးမျိုသည်။
ပန်းချီကားထဲမှ သူတော်စင်များ၊ မသေမျိုးများလည်း အသက်ဝင်လာပြီး နံရံမှထွက်လာသည်။ ဗူးသီးခြောက်မာျး၊ ကျောက်ဆေးအိုးများ၊ ဝိညာဉ်ဓားများ တစ်ခြားမသေမျိုးရတနာများ ကိုယ်စီကိုင်ဆောင်၍ အနက်ရောင်လူရိပ်ကို တစ်ပြိုင်တည်းတိုက်ခိုက်ကြသည်။
အရပ်လေးမျက်နှာကို သိမ်းပိုက်နိုင်သည့် အင်အားစုဖြစ်သည်။ လောကတစ်ခုလုံးကို လွှမ်းမိုးနိုင်စွမ်းရှိသည်။ ယခု အားလုံးက အနက်ရောင်လူရိပ်ကို ဝိုင်းတိုက်နေသည်။
လူရိပ်က ပန်းချီကားထဲမှ စွမ်းအားရှင်များ တိုက်ခိုက်လာသည်ကို ခုခံကာကွယ်ခြင်းမရှိ။ ခန္ဓာကိုယ်ကို အသာလှုပ်ခါလိုက်သည်။ စွမ်းအားရှင်များအားလုံး ပန်းချီကားထဲသို့ နောက်ပြန်လွင့်ထွက်သွားသည်။
အစောပိုင်းက ခမ်းနားထည်ဝါခဲ့သည့် ပန်းချီကားများ သွေးနီရောင်ပြောင်းသွားသည်။ ထိုစွမ်းအားရှင်များ ဒဏ်ရာရသွားခြင်းဖြစ်သည်။
အနက်ရောင်လူရိပ်က ရုပ်ဒြပ်မရှိသည် ဝိညာဉ်တစ်ခုလို ရှေ့သို့ဆက်တိုးလာသည်။ ဝါးမျိုနေသည့်လေဝဲကိုလည်း အရေးမစိုက်။
ကောင်းကင်အင်ပါယာနှင့် ထိန်းချုပ်သူသခင်တို့ ရုတ်တရက် တိုက်ခိုက်သည်ကိုလည်း သူအရေးမစိုက်။
သူ့လက်တစ်ဘက်ကို ဝှေ့ယမ်းလိုက်သည်။
"စိတ်လျှော့ပါကွာ။ ငါတို့က ရန်သူတွေမဟုတ်ပါဘူး။ ငါမင်းတို့နဲ့တိုက်ခိုက်ဖို့လာတာမဟုတ်ဘူး။ မသေမျိုးလေးယောက်ကိုရှာပြီး သူတို့အရိယဖလစွမ်းအားနဲ့ ဒီလောကအကျဉ်းထောင်ကိုဖွင့်မယ့်ဒီကိစ္စက ငါ့အတွက်လည်း အကျိုးရှိပါတယ်။ ကြယ်အစစ်ကို ငါမမြင်ရတာတောင် အတော်ကြာခဲ့ပြီ"
"မင်းရည်ရွယ်ချက်ကဘာလဲ"
အနက်ရောင်လူရိပ်က ရန်သူမဟုတ်ဟုဆိုသော်လည်း မဟာချန်မသေမျိုးနှစ်ယောက် သတိလက်လွတ်မနေရဲ။ တစ်ဘက်လူ၏စွမ်းအားနှင့် အသိအမြင်က သူတို့ထက်များစွာသာလွန်သည်။ ထိုလူဘယ်သူမှန်းမသိ။
ရှေးဟောင်းမသေမျိုးလေးယောက်ထဲကများလား...
မဖြစ်နိုင်။ ရှေးဟောင်းမသေမျိုးလေးယောက်ကို ရှာသည့်ကိစ္စက သူ့အတွက်လည်းအကျိုးရှိသည်ဟု ပြောသည်။
ရှေးဟောင်းမသေမျိုးလေးယောက်နှင့် တိုက်ခိုက်ခဲ့သည့် အမည်မသိစွမ်းအားရှင်များလား...
"အချိန်အရိယဖလကို မင်းတို့ရှာနေတာ ငါမြင်တယ်လေ။ မင်းတို့အခက်အခဲဖြစ်နေတယ်ထင်လို့ပါ။ ဒါကြောင့် ငါသိထားတဲ့သဲလွန်စတစ်ခု မင်းတို့ကိုလာပြောတာ"
"ဘာသဲလွန်စလဲ"
"အခုရက်ပိုင်း တာအိုလမ်းစဉ်ဂိုဏ်းကို လူသစ်တစ်ယောက် ရောက်လာတယ်။ နာမည်က တန်ချန်ဝူတဲ့။ လွန်ခဲ့တဲ့ခြောက်လအတွင်း အချိန်စက်ဝန်းလည်ခဲ့တာတွေအားလုံးဟာ သူ့ဆီကနေစခဲ့တာ"
"မင်းကငါတို့ကို ဒီအကြောင်း စေတနာနဲ့ လာအသိပေးတယ်ပေါ့"
ကောင်းကင်အင်ပါယာ ထိုလူကို မယုံ။ ထိုမျှတန်ဖိုးကြီးသည့်သတင်းကို ဘယ်သူမှလွယ်လွယ်ထုတ်ပြောမည်မဟုတ်။
"ငါပြောခဲ့သလိုပဲလေ။ မသေမျိုးလေးယောက်ကို ရှာတဲ့ကိစ္စဟာ ငါတို့နှစ်ယောက်လုံးအတွက် အကျိုးရှိလို့ပါ"
ထို့နောက် အနက်ရောင်လူရိပ်က ပျင်းရိပျင်းတွဲ အကြောတစ်ချက်ဆန့်ပြိး အားလုံးမျက်စီရှေ့မှ ပျောက်ကွယ်သွားသည်။ ကောင်းကင်အင်ပါယာနှင့် ထိန်းချုပ်သူသခင်တို့ အတွေးနစ်မျောရင်းကျန်ခဲ့သည်။
တစ်ခြားစွမ်းအားရှင်များက တစ်ယောက်မျက်နှာတစ်ယောက်ကြည့်၍ မယုံနိုင်အောင်ဖြစ်နေကြသည်။
*******************************
အခန်း (၁၀၁၉) စိတ်အရမ်းလောဖို့မလိုပါ
အနက်ရောင်လူရိပ်ပျောက်သွားသည့်နေရာကို ကောင်းကင်အင်ပါယာ ငေးစိုက်ကြည့်ရင်း မျက်မျောင်ကျုံ့၍ အသံတိတ်နေသည်။ အတော်ကြာမှ သူစကားစပြောသည်။
"ကိုယ့်ဖြစ်တည်မှုကို ဖျောက်ဖျက်နိုင်တယ်။ ဒါက ကြောင်းကျိုးအရိယဖလများလား"
သူသိသလောက် မဟာယုဒုတိယနိုင်ငံ့ဆရာသည် ထိုအရိယဖလသန္ဓေမျိုးပိုင်ဆိုင်သည်။ တစ်ခြားမသေမျိုးတစ်ဝက်များ အာရုံမခံနိုင်အောင် လုပ်နိုင်စွမ်းရှိသည်။
အနက်ရောင်လူရိပ်က ကြောင်းကျိုးအရိယဖလပိုင်ရှင်ဖြစ်လျှင် ယခုဖြစ်သွားသည့်ကိစ္စအားလုံး သဘာဝကျသည်။
"ကြောင်းကျိုးအရိယဖလ...အင်း...သိပ်ဖြစ်နိုင်တာပေါ့"
ထိန်းချုပ်သူသခင် ခေါင်းငြိမ့်သည်။
"ကြောင်းကျိုးဆက်စပ်မှုကို ဖျက်ဆီးနိုင်ရင် ဘယ်နေရာမဆို ဘယ်သူမှမသိအောင် ဝင်နိုင်ထွက်နိုင်မှာပဲ။ မင်းဘာဆက်လုပ်မလဲ"
ထိန်းချုပ်သူက ကောင်းကင်အင်ပါယာကိုမေးသည်။ ဤကိစ္စက နည်းနည်းထူးဆန်းနေသည်။ သို့သော် အချိန်အရိယဖလအကြောင်း သဲလွန်စတစ်ခုရဖို့ဆိုသည်က မလွယ်လှ။ လက်တွေစုံစမ်းမကြည့်လျှင် သိပ်သဘာဝမကျ။
ကောင်းကင်အင်ပါယာ ခဏငြိမ်၍ စဉ်းစားသည်။ ထို့နောက် ဆုံးဖြတ်လိုက်သည်။
"ငါသွားစစ်ဆေးကြည့်မယ်"
.....
"ချန်ဝူ၊ ချောင်ချောင်၊ မင်းတို့ ဒီမှာနေရတာ အဆင်ပြေရဲ့လား"
တန်ချန်ဝူကို ဂိုဏ်းသို့ခေါ်လာပြီးနောက် မီးခန္ဓာသန့်စင်မှုကို လုယန်ရင်ဆိုင်ခဲ့ရသည်။ မဟာပဲဝါနိုင်ငံ ကျဆုံးသည့်အဖြစ်ကို မြင်ခဲ့ရသည်။ မိန်းမလှများ၏ ရှေ့ဟောင်လမ်းပြအဖြစ် ဟန်ပန်အမူအရာထိန်းသိမ်း၍ နေထိုင်ခဲ့ရသည်။ ထို့ကြောင့် တန်မောင်နှမဆီ လာလည်ချိန်မရခဲ့။
ထိုမောင်နှမနေထိုင်ဖို့ တောင်ခြေမှ ရှုခင်းကောင်းသည့်နေရာတွင် တဲအိမ်တစ်လုံး သူစီစဉ်ပေးခဲ့သည်။
လက်သီးသိုင်းလေ့ကျင့်နေသည့် တန်ချန်ဝူက မျက်နှာသုတ်ပဝါဖြင့် ချွေးများကိုသုတ်လိုက်သည်။ အချိန်အတော်ကြာပျောက်နေသည့် သခင်လုကိုမြင်လိုက်ရသဖြင့် သူအတော်ဝမ်းသာသွားသည်။
"ကျုပ်တို့မောင်နှမကို ဒီကိုခေါ်လာပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် သခင်လု။ ကျုပ်တို့ အားလုံးအဆင်ပြေပါတယ်။ ဒီမှာရှိတဲ့သခင်တွေအားလုံး အရမ်းသဘောကောင်းကြပါတယ်။ ကျုပ်တို့ကိုလည်း မကြာခဏလာကူညီတယ်။ ကျုပ်ကိုလည်း လက်သီးသိုင်းသင်ပေးပါတယ်"
တန်ချန်ဝူ၏ သိုင်းစွမ်းရည်က နောက်ထပ်အဆင့်သစ်တစ်ခု တိုးတက်လာသည်။ အပြင်လောကတွင် မဟာသိုင်းသခင်အဖြစ် သတ်မှတ်နိုင်ပြီဖြစ်သည်။
တာအိုလမ်းစဉ်ဂိုဏ်းမှ သခင်များက အတော်ဖော်ရွေကြသဖြင့် သူအတော်အံ့ဩရသည်။ ခိုင်ဟွမ်ဘုံကျောင်းကိုယ်တော်များလို ထူးဆန်းလျှို့ဝှက်သည့် ဟန်ပန်မျိုးမရှိ။ သူတွေ့ဖူးသည့် တစ်ခြားကျင့်ကြံသူများလို့ မောက်မာဝင့်ကြွားပြီး လူတိုင်းကိုအထင်သေးအမြင်သေးဆက်ဆံခြင်းလည်းမရှိ။
တာအိုလမ်းစဉ်ဂိုဏ်းမှ ကြုံရာကျဘမ်းရွေးလိုက်သည့် သခင်တစ်ယောက်ပင် ကိုယ်တော်တွမ်ချန်းထက် စွမ်းအားပိုကြီးလောက်သည်။
ထိုသခင်အားလုံးထဲတွင် သခင်လုက စွမ်းအားအကြီးဆုံးဖြစ်သည်မှာ သံသယရှိစရာမလို။
သခင်လု၏ဒဏ္ဍာရီဆန်သည့် အတွေ့အကြုံများအကြောင်း တာအိုလမ်းစဉ်ဂိုဏ်းတပည့်များပြောကြသည်ကို သူနားထောင်ခဲ့သည်။ အခြေတည်အဆင့်ဖြင့် ဝိညာဉ်ပြောင်းအဆင့်များကို အနိုင်ယူခဲ့သည်။ သမိုင်းတွင် တစ်ခါမှမရှိဖူးသည့် ကိစ္စဖြစ်သည်။ ယခင်မျိုးဆက်မှ ပါရမီရှင်များပင် ထိုသို့မလုပ်နိုင်ခဲ့။
ထို့ပြင် သခင်လုသည် ဂိုဏ်းအတွက်လည်း များစွာအကျိုးဆောင်ခဲ့သည်။ ယာယီဂိုဏ်းချုပ်အဖြစ် တစ်ရက်တာဝန်ထမ်းဆောင်သည်။ တစ်ရက်တာကုန်ဆုံးပြိးနောက် စင်မြင့်ပေါ်တွင်ရပ်လျက် တစ်ခြားသခင်များ၏စိန်ခေါ်မှုကို လက်ခံခဲ့သည်။ သို့သော် ဘယ်သူမှ သူ့ကိုအနိုင်မယူနိုင်ခဲ့။
သခင်လု၏ဟင်းချက်စွမ်းရည်ကလည်း ထူးခြားသည်။ ဓာတ်ငါးမျိုးဂိုဏ်းချုပ် ချိုးကျင်အန်းအတွက် အစားအသောက်ပြင်ပေးသည်။ ချိုးကျင်အန်းက သူ့အစားအသောက်ကို မြည်းစမ်းပြီးနောက် စိတ်လှုပ်ရှားလွန်းသဖြင့် စားပွဲကိုလက်ဖြင့်ထုတ်ပြီး 'ဒီဟင်းကိုဘယ်လိုချက်ထားတာလဲ'ဟု သခင်လုကိုမေးခဲ့ဖူးသည်။
အမှန်တော့ ပုံပြင်ဇာတ်လမ်းထဲ၌ ပြောကြသည်ထက်ပင် သခင်လုက အပြင်တွင် များစွာပိုထူးခြားသည်။
"သခင်လုရောက်လာတာလား"
အပြင်ဘက်မှစကားသံကြားသဖြင့် တန်ချောင်ချောင်က ယောက်မတစ်ချောင်းကိုင်၍ ပြေးထွက်လာသည်။
တာအိုလမ်းစဉ်ဂိုဏ်းသို့ သူလိုက်လာရသည့်အကြောင်းရင်းကို ဘယ်သူမှပြောမပြကြသော်လည်း သူ့အကိုနှင့်သခင်လုပြောသည့်စကားမှတစ်ဆင့် သူခန့်မှန်းမိသည်။
သူ့အကို ထူးဆန်းသည့်အပြောင်းအလဲတစ်ချို့ ကြုံခဲ့သည်။ ထို့ကြောင့် သူ့အကိုကို ကာကွယ်ပေးဖို့ တာအိုလမ်းစဉ်ဂိုဏ်းသို့ ခေါ်လာကြခြင်းဖြစ်သည်။
"ချောင်ချောင်၊ နေရထိုင်ရအဆင်ပြေရဲ့လား"
"အရမ်း အဆင်ပြေပါတယ်"
တန်ချောင်ချောင် အလေးအနက်ခါင်းငြိမ့်သည်။ ဤနေရာသည် သာမန်လူများအတွက် စိတ်ကူးယဉ်ရုံသာတတ်နိုင်သည့် တော်ဝင်မြေတစ်ခုဖြစ်သည်။ သူ့အကိုလည်းရှိနေသည်။ တစ်ခြားဘာလိုဦးမည်နည်း..
ထို့အပြင် ဤနေရာသို့ရောက်လာချိန်မှစ၍ သူ့အကိုစရိုက် ပြောင်းလဲလာသည်။ အမြဲတမ်းသံသယများနေသည့်ပုံမျိုး မဟုတ်တော့။
"မင်းအဆင်ပြေတယ်ဆို ပြီးတာပါပဲ။ မင်းမှာ တြိဝိညာဉ်မြစ်ရှိတယ်။ ငါတို့ဂိုဏ်းဝင်ဖို့ သတ်မှတ်ချက်မီတယ်။ ဂိုဏ်းဝင်ခွင့်စမ်းသပ်ချက်ကို ဖြတ်ကျော်နိုင်ရင် မင်းလည်းငါတို့ဂိုဏ်းရဲ့ တရားဝင်ဂိုဏ်းသား ဖြစ်လာမှာပါ"
တန်ချောင်ချောင်သည် အရိုးခေါင်းဂိုဏ်း ဘယ်လက်ရုံးကာကွယ်သူ ကျင့်ကြံထားသည့် ကိုယ်ပွားဖြစ်သည်။ သာမန်ကျင့်ကြံသူများထက် ကျင့်စဉ်တိုးတက်နှုန်း များစွာပိုမြန်နိုင်သည်။ သူ့လိုလူမျိုးကိုလည်း တာအိုလမ်းစဉ်ဂိုဏ်းတွင် တားမြစ်ကန့်သတ်ထားခြင်းမရှိ။
တစ်ခြားဂိုဏ်းဝင်များ၏ သရုပ်မှန်က သူ့ထက်ပို၍ပင် ထူးခြားဆန်းပြားနေနိုင်သေးသည်။ ဘယ်သူ့မှ ဂိုဏ်းဝင်တစ်ယောက်၏ နောက်ခံကိုထည့်မစဉ်းစားကြ။
"ချန်ဝူ၊ မင်းအတွက်ကတော့..."
သခင်လုက သူ့အကြောင်းစကားလှည့်လာသဖြင့် တန်ချန်ဝူ မျက်နှာညှိုးသွားသည်။ တာအိုလမ်းစဉ်ဂိုဏ်းသို့ ရောက်လာပြီးနောက် ဝိညာဉ်မြစ်စစ်ဆေးကြည့်သည်။ ဘာဝိညာဉ်မြစ်မှမရှိ။ ကျင့်ကြံဖို့မဖြစ်နိုင်။
တန်ချန်ဝူအတွေးကိုရိပ်မိသဖြင့် လုယန်က ပြုံး၍ပြောသည်။
"ကျင့်စဉ်လမ်းဝင်နိုင်ဖို့ကိစ္စ ငါ့တာဝန်ထားပါ။ ကျင့်ကြံနိုင်တဲ့ ဝိညာဉ်မြစ်တစ်ခုရဖို့ လိုအပ်တဲ့ဆေးဝါးနဲ့ ဝိညာဉ်ရတနာတွေ ငါရှာပေးပါ့မယ်"
သေမျိုးများကို ဝိညာဉ်မြစ်တည်ဆောက်ပေးဖို့ ကျင့်ကြံသူများအတွက် နည်းလမ်းများစွာရှိသည်။ သို့သော် ကုန်ကျစရိတ် များသည်။ အဆင့်နိမ့်ကျင့်ကြံသူတစ်ယောက် လုပ်ပေးနိုင်သည့်ကိစ္စမဟုတ်။
"တကယ်လား"
တန်ချန်ဝူ ချက်ချင်းခေါင်းမော့လာသည်။ သူ့မျက်လုံးများ အရောင်တောက်လာသည်။
"တကယ်ပေါ့။ ငါမင်းကို ဘယ်တုန်းက လိမ်ပြောဖူးလို့လဲ။ ဒါပေမယ့် ဂိုဏ်းဝင်ခွင့်စမ်းသပ်ပွဲမှာတော့ မင်းရဲ့အချိန်စွမ်းရည်တွေကို အသုံးပြုခွင့်မရှိဘူး"
လုယန် သတိပေးလိုက်သည်။ အချိန်နောက်ပြန်ရစ်မည်ဆိုလျှင် သူတို့ဂိုဏ်းက ဘယ်လိုစမ်းသပ်မှုမျိုး စီစဉ်ထားသည်ဖြစ်စေ တန်ချန်ဝူ သေချာပေါက်ဖြတ်ကျော်နိုင်လိမ့်မည်။ သို့သော် မသမာနည်းလမ်းသုံးသည့်သဘောာသာ ဖြစ်လိမ့်မည်။
"ကျုပ်မလုပ်ပါဘူး"
"လူတစ်ယောက် ငါတို့ဂိုဏ်းကိုလာနေတယ်။ ဒုက္ခပေးမယ့်ပုံမျိုးပဲ"
နတ်မယ်က သိစိတ်နယ်မြေမှ ရုတ်တရက် သတိပေးသည်။ ကောင်းကင်သို့လက်ညှိုးထိုးပြသည်။
"ဘယ်သူလဲ"
လုယန် တွေးရက်သွားသည်။ ထိုလူသည် အသက်ရှင်ရသည်ကိုငြီးငွေ့၍ တာအိုလမ်းစဉ်ဂိုဏ်းကို ပြဿာလာရှာခြင်းဖြစ်မည်။ အကယ်၍ ပြဿနာရှာလိုလျှင်ပင် အနည်းဆုံးတော့ အမယွမ်မရှိသည့်အချိန်ကို ရွေးသင့်သည်။
နတ်မယ်ညွှန်ပြသည့်ကောင်းကင်ဆီ လုယန်လှမ်းကြည့်သည်။ ရွှေရောင်အလင်းများလွှမ်းခြုံနေသည့် အင်ပါယာဟန်ပန်လူတစ်ယောက် ဂိုဏ်း၏အထက်ကောင်းကင်တွင် ရုတ်တရက်ပေါ်လာသည်။ ဩဇာရိပ်အရှိန်အဝါ အပြည့်ပါသည်။
ဂိုဏ်းတစ်ခုလုံး ခြောက်ခြားစရာအခြေအနေ ရောက်လာသည်။
"ကောင်းကင်အင်ပါယာသခင်လား"
ရောက်လာသူကို လုယန်မှတ်မိသည်။ ကောင်းကင်အင်ပါယာ၏ပုံတူပန်ချီကို နောက်မျိုးဆက်များ မမြင်ဖူးကြသော်လည်း ယင်ထန်မသေမျိုး မြင်ဖူးသည်။ ယင်ထန်ပြောပြခဲ့သဖြင့် ကောင်းကင်အင်ပါယာ၏ ပုံပန်းသဏ္ဌာန်ကို လုယန်သိထားသည်။
မဟာချန်တည်ထောင်သူဖြစ်၍ ကောင်းကင်အင်ပါယာသခင်သည် တည်ကြည်ခံ့ညားသည့်ဟန်ပန်ရှိသည်။ အပြုအမူတိုင်းက လေးစားစရာကောင်းသည်။ အင်ပါယာအရှိန်အဝါကြောင့် သာမန်လူများ အလိုလိုကြောက်ဒူးတုန်ကြသည်။ ခုခံဆန့်ကျျင်မည့်အတွေးမျိုး မတွေးနိုင်ကြ။
ကြည်ညိုလေးစားစိတ်သာ ဖြစ်ပေါ်လာည်။ ယင်ထန်မသေမျိုးနှင့် တွေ့ခဲ့ချိန်ကသာ လုယန် ထိုခံစားချက်မျိုး ပေါ်ဖူးသည်။
"ကောင်းကင်အင်ပါယာက ဒီကိုဘာလာလုပ်တာလဲ။ ဒီလောက်ပေါ်ပေါ်ထင်ထင်လာတယ်ပေါ့"
ကောင်းကင်အင်ပါယာက ခရမ်းရွေရောင်ရောယှက်နေသည့် ဘူးသီးခြောက်တစ်ခု ကိုင်ထားသည်။ အဖုံးကိုဖွင့်၍ တာအိုလမ်းစဉ်ဂိုဏ်းကို ချိန်ရွယ်ပြီး အော်ဟစ်လိုက်သည်။
"တန်..."
'တန်'ဆိုသည့် စကားတစ်လုံးသာရွတ်ရသေးသည်။ အဖြူရောင်အလင်းတစ်ခု ကောင်းကင်ဂိတ်တောင်ထိပ်မှ ကောင်းကင်သို့ဆန့်ထွက်လာသည်။ ကောင်းကင်အင်ပါယာ၏ဦးခေါင်းကိုထိပြီး ချွင်ခနဲအသံတစ်ချက်မြည်သွားသည်။ သူဘာမှမတုံ့ပြန်နိုင်ခင် အောက်သို့ရိုက်ချခံလိုက်ရသည်။
"ဘုန်း"
ထို့နောက် ဘာမှမဖြစ်ခဲ့သလို အားလုံးငြိမ်သက်သွားသည်။
တန်ချောင်ချောင် မျက်တောင်တစ်ချက်ခတ်သည်။ ဘာဖြစ်သွားသည်ကို သူနားမလည်။
"အဲ...ငါ့ဟင်းအိုး တူးတော့မှပဲ"
ယောက်မကိုင်ထားရင်း မီးဖိုချောင်သို့ သူအမြန်ပြန်ပြေးသည်။
......
အမည်မသိနေရာတစ်ခုမှ မဟာချန်မသေမျိုးနန်းတော်တွင်ဖြစ်သည်။
ကောင်းကင်အင်ပါယာ ချောင်းတဟွတ်ဟွတ်ဆိုး၍ မျက်လုံးပွင့်လာသည်။ သူ့ကိုယ်ပွားနှင့် ဆက်သွယ်မှု ဖြတ်တောက်လိုက်သည်။
ထိုအဖြစ်ကိုကြည့်၍ ထိန်းချုပ်သူက ချက်ချင်းမေးသည်။
"အခြေအနေ ဘယ်လိုလဲ"
ကောင်းကင်အင်ပါယာက သူ့ကို လှည့်ကြည့်သည်။ မျက်လုံးများက ခါတိုင်းလိုပင် ဩဇာရိပ်လွှမ်းနေနေသည်။ အမြင့်ဆုံးနေရာ ရထားသူများသာ ပိုင်ဆိုင်သည့် အကြည့်မျိုးဖြစ်သည်။ အတော်ကြာအောင်ငြိမ်နေပြီးနောက် ဖြေးညှင်းစွာစပြောသည်။
"ကြိုးစားခဲ့တယ်။ ဒါပေမယ့် ငါမနိုင်ဘူး။ ပြီးတော့...ငါတွေးမိတယ်။ အချိန်ရိယဖလကိုရှာတဲ့ကိစ္စကို ငါစိတ်လောလွန်းနေသလားလို့။ တကယ်ဆို အဲလောက်လည်း စိတ်လောဖို့မလိုပါဘူး"
********************************************
အခန်း (၁၀၂၀) ယနေ့ပြီးလျှင် မနက်ဖြန်လာမည်
လုယန် ကောင်းကင်ဂိတ်တောင်ထပ်သို့ အမြန်ပြန်သွားသည်။ ယွမ်ကျိက လက်တစ်ဘက်ဖြင့် ကောင်းကင်အင်ပါယာလည်ပင်းကိုချုပ်ထားပြီး လက်သီးဖြင့်ထိုးလိုက်သည်ကို သူမြင်ရသည်။
အင်ပါယာသခင်ဦးခေါင်းက တစ်ဘက်သို့လည်ထွက်ပြီးနောက် ငြိမ်သက်သွားသည်။
"သူသေပြီလား"
လုယန် အံ့အားသင့်သွားသည်။ ကောင်းကင်အင်ပါယာသခင် ဝင်လာစဉ်က မိုးမြေကိုသိမ်းပိုက်တော့မည့် အင်ပါယာတစ်ယောက်ဟန်ပန်မျိုးရှိသည်။ ယခု သူသေသွားသည်က မြန်လွန်းနေသည်။
"ကိုယ်ပွားတစ်ခုထင်တယ်"
ကောင်းကင်အင်ပါယာကို တစ်ချက်လှမ်းကြည့်၍ နတ်မယ်ကပြောသည်။
"ဒါပေမယ့်လည်း အသုံးဝင်ပါသေးတယ်"
ယွမ်ကျိက လက်နှစ်ဘက်ကို လှုပ်ရှား၍ မှော်ပညာတ်စမျိုး အသက်သွင်းလိုက်သည်။ ကောင်းကင်အင်ပါယာ ကိုယ်ပွားပေါ်မှ အနီရောင်မျဉ်းကြောင်းတစ်ခုပေါ်လာပြီး အဝေးသို့ဆန့်ထွက်သွားသည်။
"ငါခဏအပြင်သွားဦးမယ်"
ထိုစကားသာပြောပြီး ယွမ်ကျိ နေရာမှပျောက်သွားသည်။
"ဒါကဘာလဲ"
"ရှောင်ယွမ်က ကြောင်းကျိုးဆက်စပ်မှုစွမ်းအားကို ပြောင်းပြန်လှန်ပြီး ဒီလူရဲတည်နေရာကို တန်ပြန်ခြေရာခံဖို့ ကြိုးစားနေတာပါ"
နတ်မယ်က ရှင်းပြသည်။ ကိုယ်ပွားကို မူလခန္ဓာက အသက်သွင်းခဲ့သည်။ ဆက်သွယ်မှုကို ချက်ချင်းဖြတ်တောက်ခဲ့သည်။ သို့သော် သဲလွန်စများတော့ ကျန်နေသေးသည်။
တစ်နာရီကြာပြီးနောက် ကောင်းကင်အင်ပါယာသုံးယောက်နှင့်အတူ ယွမ်ကျိပြန်ရောက်လာသည်။
"များလှချည်လား"
ရောင်းကုန်ပစ္စည်း လက်ကားဖြန့်သလိုဖြစ်နေသည်ဟု လုယန်တွေးလိုက်သည်။
အင်ပါယာသုံးယောက်ကို အောက်သို့ချပြီးနောက် ယွမ်ကျိ စိတ်ပျက်နေဟန်ဖြင့် ခေါင်းခါသည်။
"သူက ဒီကိုယ်ပွားကို မူလခန္ဓာနဲ့ ထိန်းချုပ်တာမဟုတ်ဘူး။ ကိုယ်ပွားတွေ တစ်ဆင့်ပြီးတစ်ဆင့် ချိတ်ဆက်ပြီး ထိန်းချုပ်တာ။ ငါတို့ဂိုဏ်းကိုရောက်လာတာက နောက်ဆုံးကိုယ်ပွားပဲ။
ကိုယ်ပွားသုံးခုကို ငါဆက်တိုက်လိုက်ဖမ်းတယ်။ ဒါပေမယ့် အဲဒီ့နောက်ပိုင်း ကြောင်းကျိုးဆက်သွယ်မှုစွမ်းအားက အရမ်းအားနည်းသွားတယ်။ ကျန်တဲ့ကိုယ်ပွားတွေကို တန်ပြန်ခြေရာခံလို့မရတော့ဘူး။
ဒါပေမယ့် အချည်းနှီးတော့ မဖြစ်ပါဘူး။ ဒီကိုယ်ပွားလေးခုကို ဝိညာဉ်မှတ်ဉာဏ်ရှာလိုက်တော့ ကိစ္စတစ်ချို့သိလာတယ်"
"ဘာတွေသိရလဲ"
တန်ချန်ဝူအကြောင်း ကောင်းကင်အင်ပါယာကို သတင်းပေးခဲ့သည့် အနက်ရောင်လူရိပ်အကြောင်း ယွမ်ကျိက လုယန်နှင့်နတ်မယ်ကို ပြောပြသည်။
အဖြစ်အပျက်များကို လုယန် အကြမ်းဖျင်းဆက်စပ်စဉ်းစားမိလာသည်။
"ဒါဆို အနက်ရောင်လူက သူ့ကို အစမ်းသပ်ခံအဖြစ် အသုံးချမှန်း ကောင်းကင်အင်ပါယာချန်ကသိတယ်။ ဒါကြောင့် ကိုယ်တိုင်မလာရဲလို့ ကိုယ်ပွားတစ်ခုပဲ လွှတ်လိုက်တယ်။
တကယ်လို့ ကိုယ်ပွားက တန်ချင်ဝူကိုဖမ်းနိုင်ရင် အနက်ရောင်လူရိပ်က သူ့ကိုမလှည့်စားဘူးဆိုတာ သေချာသွားမယ်။ ဒါဆိုအားလုံးအဆင်ပြေသွားမယ်ပေါ့။
ကိုယ်ပွားက ကျုပ်တို့လက်ထဲကိုရောက်သွားရင်လည်း အနက်ရောင်လူကို ကျုပ်တို့လက်စားချေနိုင်အောင် ကိုယ်ပွားထဲမှာ မှတ်ဉာဏ်တစ်ချို့ ချန်ထားတဲ့သဘောလား။
"အနက်ရောင်လူက ကြိုးကိုင်နေတာဖြစ်မယ်ထင်တယ်။ ဒါပေမယ့် တန်ချန်ဝူအခြေအနေကို သူကဘယ်လိုသိတာလဲ"
လူယန် မျက်မှောင်ကျုံ့သွားသည်။ တန်ချန်ဝူကို သူအမှတ်မင်တွေ့ခဲ့ခြင်းဖြစ်သည်။ နောက်ကွယ်မှကြိုးကိုင်သူလည်း ထိုသို့အမှတ်မထင်တွေ့ခဲ့ခြင်းလားမသိ။
"ကြိုးကိုင်သူက တန်ချန်ဝူအကြောင်း အရင်ကတည်းကသိထားပေမယ့် အချိန်အရိယဖလသုံးနေတဲ့လူကို ခြေရာခံချင်လို့ တိတ်တဆိတ်စောင့်ကြည့်နေခဲ့တာများလား။
ဒါမှမဟုတ် သူလည်း တန်ချန်ဝူကို တိုက်တိုက်ဆိုင်ဆိုင် ရှာတွေ့ခဲ့တာဖြစ်မလား"
ခဏစဉ်းစားပြီးနောက် ယွမ်ကျိသုံးသပ်သည်။
"အားလုံးတိုက်ဆိုင်တာတော့ မဖြစ်နိုင်လာက်ဘူး။ ပဲပြာအရှင်နဲ့ မုန်ကျင်းဇီတို့တိုက်ပွဲကြောင် ကြိုးကိုင်သူက အာရုံစိုက်မိတာဖြစ်မယ်။ အဲဒီ့ကနေတစ်ဆင့် ဗုဒ္ဓနိုင်ငံမှာ သူခဏနေရင်း ခိုင်ဟွမ်မြို့မူမမှန်တာကို သတိထားမိခဲ့တာဖြစ်မယ်။
ရှောင်လု...ခြောက်ကြိမ်မြောက် အချိန်စက်ဝန်းမှာ မင်းနဲ့ရှောင်မုန်က နှလုံးမဲ့ဂိုဏ်းအကြီးအကဲနှစ်ယောက်နဲ့ တိုက်ခိုက်ပြီးမှ ဒုဂိုဏ်းချုပ်ပေါ်လာတာ။
ရှစ်ခုမြောက်အချိန်စက်ဝန်းမှာကျတော့ မင်းနဲ့ရှောင်မုန်က အကြီးအကဲတွေကို မတိုက်တော့ဘူး။ ရှောင်တိုင်ကို တိုက်ပွဲဝင်ခိုင်းတယ်လေ။ အဲဒါကို သူသတိထားမိတာဖြစ်မယ်"
"ရှောင်ယန်၊ ငါနတ်မယ်ရှိနေတော့ နင့်အပေါ် အချိန်စက်ဝန်းမသက်ရောက်ဘူး။ ဒါပေမယ့် နောက်ကွယ်ကကြိုးကိုင်သူက ဒီအကြောင်းကို သတိမထားမိလောက်ဘူး။
နောက်ပိုင်း ခိုင်ဟွမ်ကိစ္စကနေတစ်ဆင့် ခြေရာခံရင်းကနေ တန်ချန်ဝူကို သူတွေ့မယ်။ ဒါပေမယ့် စိတ်ချရအောင် ကိုယ်တိုင်မလှုပ်ရှားဘဲ ကောင်းကင်အင်ပါယာကို သတင်းသွားပေးပြီး စမ်းကြည့်ခိုင်းတာဖြစ်မယ်"
မြေပြင်ပေါ် ငြိမ်သက်စွာလဲလျောင်းနေသည့် ကိုယ်ပွားလေးခုကို ယမ်ကျိ တစ်ချက်လှမ်းကြည့်သည်။
"ကောင်းကင်အင်ပါယာက တကယ်သတိထားတယ်။ အကဲစမ်းရုံလောက်ပဲ တိုက်ခိုက်ခဲ့တာ။ သတ်မှတ်ချိန်ပြည့်ရင် ကိုယ်ပွားလေးခုက တဖြေးဖြေးပျောက်သွားမှာ။ ဘာမှကျန်ခဲ့မှာမဟုတ်ဘူး။ ပစ္စည်းသန့်စင်ဖို့လည်း အသုံးမဝင်ဘူး"
"ဒါမှမဟုတ် တန်ချန်ဝူအခြေအနေကို သေချာသိချင်လို့ ကြောင်းကျိုးအရိယဖလကို သုံးခဲ့တာလည်း ဖြစ်နိုင်တယ်။ ဥပမာ တန်ချန်ဝူရဲ့ အချိန်စက်ဝန်းအကြောင်း သိတဲ့လူများလေ ကြောင်းကျိုးဆက်စပ်မှုက ပိုခိုင်မာလေဖြစ်လာမယ်။
အဲလိုဆို သူ့အနေနဲ့ ကြောင်းကျိုးအရိယဖလစွမ်းအားကနေတစ်ဆင့် တန်ချန်ဝူကို ပိုပြီးအာရုံခံနိုင်လာမယ်"
"ဒါမှမဟုတ် သမိုင်းမသေမျိုးကို သူရှာတွေ့လို့ ထိုးထွင်းသိအရိယဖလကိုသုံးပြီး တန်ချန်ဝူကို ခြေရာခံခိုင်းခဲ့တာလည်း ဖြစ်နိုင်တယ်"
မီးနိုင်ငံပျက်စီးချိန်တွင် သမိုင်းမသေမျိုးလည်း ပျောက်ကွယ်သွားသည်။ ထိုးထွင်းအရိယဖလသည် တိုက်ခိုက်စွမ်းအားမရှိ။ သို့်သော် လူရှာသည့်နေရာတွင် အတော်အသုံးဝင်သည်။
သုံးယောက်သား အတော်ကြာအောင် တွေးကြည့်ကြသည်။ သို့သော် နောက်ကွမယ်လူ တန်ချန်ဝူကို ရှာတွေ့သွားသည့်ကိစ္စ ဘယ်လိုမှစဉ်းစားမရ။
"လောလောဆယ် တန်ချန်ဝူကို ဂိုဏ်းထဲကထွက်ခွင့်ပေးလို့မဖြစ်ဘူး"
ဤကိစ္စကိုသုံးသပ်လျှင် တန်ချန်ဝူအကြောင်းကို မဟာချန်အဖွဲ့သာမဟုတ်ဘဲ နောက်ကွယ်ကလူလည်း သိနေသည့်သဘောဖြစ်သည်။ လီဟော်ရန်အခြေအနေထက် ပိုအန္တရာယ်များသည်။
တာအိုလမ်းစဉ်ဂိုဏ်းမှထွက်သည်နှင့် ချက်ချင်းအဖမ်းခံရနိုင်သည်.
"ဟား.... နှစ်သစ်ရောက်တော့မယ်ဟေ့"
သိစိတ်နယ်မြေတွင် နတ်မယ်က တော်ဝင်နန်းတော်ကိုဖြိုဖျက်ပြီး သစ်သားတဲအိမ်ငယ်တစ်လုံးဆောက်သည်။ နှစ်ကြောင်းကဗျာများ ရေးစပ်သည်။ 'ကံကောင်းခြင်း'ဟူသည့်စာလုံးကိုရေးသည်။
ကြီးမားသည့်အနီရောင်မီးအိမ်များကို ချိတ်ဆွဲသည်။ တောက်ပသည့်အနီရောင်ဝတ်စုံဝတ်၍ ပွဲသွားလမ်းသွား အဆင်တန်ဆာများ ထပ်ဖြည့်သည်။ အားလုံးက ပွဲတော်အရိပ်သန်းနေသည်။
သက်တမ်းရှည်သည့် ကျင့်ကြံသူများတွက် ဆယ်နှစ်တစ်ခါ နှစ်သစ်ပွဲတော်ကျင်းပသည်မှာ ရိုးရာအစဉ်အလာဖြစ်သည်။ တာအိုလမ်းစဉ်ဂိုဏ်းလည်း ထိုသို့ပင်ကျင်းပသည်။
လုယန်န်၏ သိစိတ်နယ်မြေတွင်သာမဟုတ် တာအိုလမ်းစဉ်ဂိုဏ်းတစ်ခုလုံး ပွဲတော်ငွေ့အသက်လွှမ်းခြုံနေသည်။ အနီရောင်အဆင်တန်ဆာများ နေရာတိုင်းတွေ့နိုင်သည်။ အားလုံးက အဝတ်အစားသစ်များဝတ်ကြသည်။
မစ်ရှင်ထွက်နေသည့် အကိုအမများအားလုံး ပြန်လာကြသည်။ ဤလတွင် ဘယ်သူမှမစ်ရှင်ယူကြမည်မဟုတ်။ အချင်းချင်းတွေ့သည်နင့် ပြုံးရွှင်သည့်မျက်နှာဖြင့် "မင်္ဂလာနှစ်သစ်ပါ"ဟု နှုတ်ဆက်ကြသည်။
နတ်မယ်က စုတ်တံ၊ မင်၊ စက္ကူ၊ မင်သွေးကျောက်များ မြေပေါ်တွင် ပြင်ဆင်သည်။ ထို့နောက် ဝမ်းလျားမှောက်၍ ခြေနှစ်ဘက်ကို အပေါ်သို့ ဒူးဆစ်ချိုး၍ နောက်ပြန်လှန်ထောင်ထားသည်။ စုတ်တံထိပ်ကို တံတွေးဆွတ်သည်။ မင်ရည်ထဲသို့နှစ်သည်။ ထို့နောက် အလေးအနက်အာရုံစိုက်၍ နှစ်ကြောင်းကဗျာများ စရေးသည်။
"ပြီးသွားပြီ"
နှစ်ကြောင်းကဗျာများ ရေပြီးချိန်တွင် သူ့တစ်ကိုယ်လုံး မင်ကွက်များစွန်းပေနေသည်။ မျက်နှာတွင်လည်း မင်ရာအစင်းကြောင်းများ ရှိသည်။
အောင်မြင်မှုကြီးကြီးရသူတို့သည် အသေးအဖွဲများကိစ္စများကို အရေးမစိုက်တတ်ကြ။ နတ်မယ်သည်လည်း ထိုကဲ့သို့လူမျိုးဖြစ်သည်။
နှစ်ကြောင်းကဗျာစာသားကို တံခါးထိပ်တွင်ကပ်ရန် လေထဲသို့ ပျံတက်သွားသည်။ လုယန်က တံခါးဝတွင်ရပ်ကြည့်နေသည်။
"ရှောင်ယန်၊ ဒီကဗျာစာကြောင်းတွေ ညီမညီကြည့်ပါဦး"
လုယန် ခေါင်းမော့၍ ကဗျာကို အလေးအနက်ဖတ်ကြည့်သည်။
ပထမစာကြောင်း - ဤတစ်နပ်ပြီးလျှင် နောက်တစ်နပ်ရှိသေးသည်။
ဒုတိယစာကြောင်း - ယနေ့ပြီးလျှင် မနက်ဖြန်လာမည်။
ခေါင်းစဉ် -နောက်တစ်နှစ်ဖြတ်သန်းခြင်း
"ကောင်းလိုက်တာ။ အရှင်မရဲ့ ကာရံအဖွဲ့အနွဲ့ဟာ တကယ်ကိုပြေပြစ်ချောမွေ့ပါတယ်။ မျိုးရိုးအဆက်ဆက် လက်ဆင့်ကမ်းကြမယ် ကဗျာမျိုးပါပဲ။
လူတွေအတွက် အစားအသောက်ဟာအရေးကြီးဆုံးဆိုတဲ့ စကားရှိတယ်။ ပထမစာကြောင်းက အစားအသောက်အဖွဲ့အနွဲ့မှာ လူသားတွေအပေါ်ထားတဲ့ အရှင်မရဲ့ စိတ်စေတနာပြယုဂ်ဟာ ထင်ဟပ်နေပါတယ်။
ဒုတိယစာကြောင်းကျတော့ ထူးထူးခြားခြား ရိုးရှင်းနေတဘ်။ သာမန်အဖွဲ့အနွဲ့လိုပဲ။ ဒါပေမယ့် လူတွေသတိမမူမိတတ်ကြတဲ့ အချိန်ကာလသဘောတရားတွေ ပါဝင်နေတယ်။ အရှင်မရဲ့ ကဗျာဟာ လူတွေရဲ့ အတွေးအမြင်ကို ကျယ်ပြန့်စေမှာသေချာပါတယ်။
ဒီကဗျာရဲ့ခေါင်းစဉ်က ဉာဏ်ပါရမီထူးကဲ့မှုကို ပြတယ်။ ကဗျာကို နောက်ထပ်အားဖြည့်ထားသလိုပါပဲ။ အရမ်းကိုအံ့ဩစရာကောင်းပါတယ်။ မယုံနိုင်လောက်အောင် အံ့ဩဖို့ကောင်းပါတယ်။
မဟာပဲဝါနိုင်ငံတော်ကို တည်ထောင်ခဲ့တဲ့ ငါးနှစ်တာကာလအတွင်းမှာ ဘယ်အင်ပါယာမှ အရှင်မရဲ့ပါရမီမျိုး မရှိပါဘူး။
အရှင်မရဲ့ စာပေအတွေးအမြင်ဟာ အံ့မခန်ကျယ်ပြန့်ပါတယ်။ လောကရဲ့ စာပေပညာရှင်တွေအတွက် တယ့်စံပြပါပဲ။ တကယ်လေးစားလောက်ပါတယ်"
"ဟီးဟီး၊ အဲလောက်လည်း မဟုတ်ပါဘူး"
နတ်မယ်က ရှက်ကိုးရှက်ကန်း ခေါင်းကုတ်နေသည်။
အမှန်တာ့ ရှောင်ယန်ကို သူချိတ်ထားသည့် ကဗျာစာကြောင်းများ အနေအထားတည့်မတည့် ကြည့်ခိုင်းခြင်းသာဖြစ်သည်။
သို့သော် ရှောင်ယန်က ကဗျာကိုစိတ်ပါလက်ပါခံစား၍ သုံးသပ်ချီးကျူးနေသည်။ ထို့ကြောင့် စာပေအဖွဲ့အနွဲ့ကို မေးခြင်းမဟုတ်ကြောင်း သူမပြောရက်တော့။
********************************************