← Chapters

အခန်း (၄၉-၅၁)

Vol. 4 Ch. 49-51

အခန်း (၄၉-၅၁)

Vol. 4 Ch. 49-51

အပိုင်း ( 49 )

ပစ္စည်းတွေ အများကြီးပဲ

လုချန်ရှန်း၏ အကြည့်များ အေးစက်သွားခဲ့သည်။

အနားတွင် ခုန်ပေါက်နေသည့် အနက်ရောင်ငှက်ငယ်သည် သူ၏ အကြည့်ကို ခံစားမိကာ၊ ငြိမ်ကျသွားခဲ့ပြီး၊ ၎င်းကို နားမလည်နိုင်ဖြစ်နေသကဲ့သို့၊ စိတ်ရှုပ်ထွေးသွားခဲ့သည်။

အသက်နှစ်ဆယ်အောက် မွေးရာပါ ဝိညာဥ်အဆင့် ကျင့်ကြံသူတစ်ဦး၊ ဘယ်လောက်တောင် အံ့ဩဖို့ ကောင်းလိုက်သလဲ။ အဲ့လိုလူမျိုးက ဒီလိုမျိုး ဆုသေးသေးလေးတွေကိုပဲ မျက်စောင်းထိုးနေတာမျိုး မဖြစ်သင့်ဘူးလေ။

သူက မြင့်မြတ်နယ်မြေတစ်ခုခုက မဟုတ်ဘူးဆိုရင်တောင်မှ၊ အနည်းဆုံးအနေနဲ့ အင်အားကြီး ဂိုဏ်းကြီးတစ်ခုခုက လူတော့ဖြစ်သင့်တယ်လေ။ အဲ့လိုလူမျိုးက ဘယ်လိုလုပ် အဲ့လိုပစ္စည်းတွေ ရှားပါးနေမှာလဲဟ

ငါ့ရဲ့ မျက်နှာသာပေးတာက ပိုပြီးတော့ တန်ဖိုးရှိတယ်မဟုတ်ဘူးလားဟ

“ ငါမှားသွားတာပါ။ တာအိုရောင်းရင်း၊ မင်းက ဘယ်လိုဆုလဒ်မျိုး လိုချင်လို့လဲ “ အနက်ရောင်ငှက်မှ မေးမြန်းလိုက်သည်။

ထိုစကားကို ကြားလိုက်ရသောအခါတွင် လုချန်ရှန်း၏ အမူအရာ ပျော့ပျောင်းသွားခဲ့သည်၊ သူသည် ထပ်မံ၍ ပြုံးပြကာ၊ စကားထပ်ပြောလိုက်သည် “ ထွေထွေထူးထူး ပစ္စည်းတွေ မလိုချင်ပါဘူးကွာ၊ ဝိညာဥ်ကျောက်တုံးတွေပဲ ပေး “

“ တာအိုရောင်းရင်း၊ မင်းဘယ်လောက် လိုချင်တာလဲ “

ထိုစကားကို ကြားလိုက်ရသောအခါတွင် လုချန်ရှန်းသည် တစ်ခဏခန့် တွေးတောစဥ်းစားကာ၊ ပြန်ပြောလိုက်သည် “ အဲ့တာကတော့ မင်းက မင်းရဲ့ အသက်ကို ဘယ်လောက်တန်လဲလို့ ထင်တဲ့အပေါ်မှာ မူတည်တယ်၊ တာအိုရောင်းရင်းရ “

နင့်ယုရှင်းနှင့် အဖြစ်အပျက် ပြီးဆုံးသွားခဲ့သည့်နောက်တွင်၊ သူသည် သူ၏အမြင်ကျဥ်းမှုကြောင့်၊ ဆုံးရှုံးမှုများ ထပ်မံ၍ ဖြစ်ပွားလိမ့်မည်ကို ကြောက်ရွံ့ကာ၊ လိမ္မာပါးနပ်လာခဲ့လေသည်။

တစ်ဖက်လူကိုဈေးနှုန်းတစ်ခု သတ်မှတ်ခိုင်းလိုက်ခြင်းသည် အနည်းဆုံးအနေဖြင့် သူ့ကို အကြံတစ်ခု ရသွားစေမည် ဖြစ်သည်။

အနက်ရောင်ငှက်သည် အတွေးနက်သွားခဲ့ပြီး၊ သူ့ကို သံသယတို့ဖြင့် စိုက်ကြည့်လာခဲ့သည်။ ထို့နောက်တွင် ၎င်းသည် ၎င်း၏ တောင်ပံများကို ခတ်လိုက်သည်၊ လုချန်ရှန်း၏ အရှေ့တွင် ဝိညာဥ်ကျောက်တုံး အိတ်တစ်လုံး ပေါ်ထွက်လာခဲ့သည်။

“ အဲ့တာက ဝိညာဥ်ကျောက်တုံး တစ်သိန်းပါ။ တာအိုရောင်းရင်း၊ ကျေးဇူးပြုပြီးတော့ လက်ခံပေးပါ “

“ မင်းက မင်းရဲ့ အသက်ကို ဝိညာဥ်ကျောက်တုံး တစ်သိန်းပဲ တန်တယ်လို့ ထင်တယ်ပေါ့လေ “ လုချန်ရှန်းသည် အနည်းငယ် စိတ်ပျက်သွားခဲ့သည်။ ယခင်ကသာဆိုပါက သူပျော်ရွှင်နေလိမ့်မည် ဖြစ်သည်။ သို့သော် သူသည် ဤတစ်ကြိမ်တွင် အတော်လေး စွန့်စားခဲ့ရလေသည်။ ငါ့ကို တစ်သိန်းလေးပဲ ပေးတာလားဟ

အနက်ရောင်ငှက်သည် စိတ်ရှုပ်ထွေးသွားသော အမူအရာမျိုးဖြင့် သူ့ကို ကြည့်လာခဲ့သည်။

“ အဲ့တာက ငါ့ခရီးစဥ်မှာ ကျန်ခဲ့တဲ့ဟာတွေလေ၊ ငါ့ဆီမှာ အဲ့တာပဲ ရှိတော့တယ်။ တကယ်လို့ တာအိုရောင်းရင်းက အဲ့တာကို မလုံလောက်ဘူးလို့ထင်ရင်၊ ငါမင်းကို နောက်မှ လျော်ကြေးထပ်ပေးပါ့မယ် “

“ နောက်မှ မလုပ်နဲ့၊ အခုချက်ချင်း ရှင်းလိုက်ကြရအောင်။ မှော်ပစ္စည်း၊ ဒါမှမဟုတ် ဆေးလုံးဆိုရင်လည်း အလုပ်ဖြစ်တယ်၊ ငါက ချေးမများပါဘူး “ လုချန်ရှန်းသည် ပြတ်ပြတ်သားသား ပြန်ပြောလိုက်သည်။ သူသည် ဝိညာဥ်ကျောက်တုံးအဖြစ် ပြောင်းလဲနိုင်သည့် အရာများကို လိုချင်နေခဲ့သည်။

နောက်မှ ပေးမည်ဟုပြောဆိုခြင်းမှာ ဟာသကြီးတစ်ခုသာလျှင် ဖြစ်သည်၊ အကယ်၍ ၎င်းကသာ ထွက်ပြေးသွားမည်ဆိုပါက ၎င်းကို သူမည်သည့်နေရာတွင် လိုက်ရှာရမည်နည်း

အနက်ရောင်ငှက်သည် သူ့အရှေ့တွင် ရှိနေသည့် ပါရမီရှင် ဤကဲ့သို့ ဖြစ်နေလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ၊ ၎င်းသည် သူ၏အထင်အမြင်များကို လုံးဝပြောင်းပြန်လှန်သွားခဲ့သည်။

ဒီလိုလူမျိုးက ဒီလိုစွမ်းရည်မျိုးကို ပိုင်ဆိုင်ထားတာလားဟ

သို့ရာတွင် ၎င်းသည် ခေါင်းခါပြ၍ ပြန်ပြောလိုက်သည် “ ငါက နေရာစုံ လျှောက်သွားနေတတ်တော့ ငါ့ဆီမှာ ဘာပစ္စည်းမှ မကျန်တော့ဘူး။ နောင်အနာဂတ်မှာ တာအိုရောင်းရင်းကို သေချာပေါက် အကြွေးပြန်ဆပ်မှာပါ “

“ နောက်ထပ် ဆင်းရဲသားတစ်ယောက်လားဟ “ လုချန်ရှန်းသည် အထင်တသေးဖြစ်သွားသော အမူအရာမျိုးဖြင့် ငေးကြည့်လာခဲ့သည် “ ကောင်းပြီ၊ ကောင်းပြီ၊ မင်းသွားလို့ရပြီ။ ဒါပင်မဲ့ မသွားခင် အချိန်မှာ၊ ငါ့အကြောင်းကို ဘယ်သူ့ကိုမှ ပြန်မပြောရဘူးလို့ ကျိန်ဆိုရမယ်၊ အဲ့လိုမှမဟုတ်ရင်၊ မင်းမိုးကြိုးပစ်ခံရပါစေ၊ တာအိုနှလုံးသား ပြိုကွဲပါစေ၊ မင်းရဲ့ မျိုးဆက်ပြတ်တောက်သွားပါစေ၊ သေချင်းဆိုးနဲ့ သေပါစေ “

အနက်ရောင်ငှက်မှာ အံ့ဩမှင်သက်သွားခဲ့သည်။

နောက်ထပ်ဆင်းရဲသားတစ်ယောက်ဆိုတာက ဘာစကားကြီးလဲဟ။ ငါ့ကို လှောင်နေတာလား

ကျိန်တာက အဲ့လောက်ကြီးအထိ ရက်စက်ဖို့ လိုလို့လားဟ။

တစ်ခဏခန့် တွေးတောစဥ်းစားနေခဲ့ပြီးသည့းနောက်တွင် အနက်ရောင်ငှက်သည် အံကြိတ်၍ စကားထပ်ပြောလာခဲ့သည် “ မင်းပြောသမျှ အရာတိုင်းကို သဘောတူတယ်၊ အဲ့လိုဖြစ်ပါစေလို့ ကျိန်ဆိုပါတယ်။ မင်းရဲ့ အကူအညီအတွက် နောင်အနာဂတ်မှာ ဝိညာဥ်ကျောက်တုံးတွေကို သေချာပေါက် ပြန်ဆပ်ပါ့မယ် “

သို့ရာတွင် လုချန်ရှန်းသည် ၎င်းကို စိုက်ကြည့်ကာ၊ စကားထပ်ပြောလိုက်သည် “ အို့၊ တော်တော်လေးကို ခေါင်းမာတာပဲ “

“ မင်း ……. “

အနက်ရောင်ငှက်သည် ၎င်း၏ တာအိုနှလုံးသားနှင့် သွေးမျိုးဆက်တို့ကို အသုံးပြုကာ ကျိန်ဆိုလိုက်ပြီး၊ အသက်ကို ပြင်းပြင်းရှရှ ရှူသွင်းနေတော့သည်။ အမျိုးမျိုးသော တာအိုများကို မထိန်းနိုင်ချုပ်နိုင်ဘူးဆိုပါက၊ အဆိုပါ ကတိသစ္စာကို မည်သို့မျှ ချိုးဖျက်နိုင်လိမ့်မည် မဟုတ်ပေ။

အဆိုပါ ကျိန်ဆိုချက်ကို ကြားလိုက်ရသောအခါတွင် လုချန်ရှန်းသည် စိတ်ကျေနပ်စွာဖြင့် ခေါင်းငြိမ့်ကာ၊ တားမြစ်ချက် ဆယ့်ရှစ်ခုကို ဖယ်ရှားပေးလိုက်သည်။

သို့ရာတွင် ၎င်း၏ ဒဏ်ရာများက ပြင်းထန်လွန်းလှသောကြောင့် ပြန်လည်သက်သာ၊ ကောင်းမွန်လာရန်အတွက် အချိန်အတော်ကြာ ယူရဦးမည် ဖြစ်သည်။

ထိုစဥ် ကန်းယွင်ဂိုဏ်း အပြင်ဘက်တွင် ကြောက်မက်ဖွယ်ကောင်းသည့် အရှိန်အဝါများ ပေါ်ထွက်လာခဲ့ကာ၊ ဂိုဏ်းတစ်ခုလုံးကို ဖုံးလွှမ်းလာခဲ့သည်။

အားလုံး၏ အမူအရာများ သိသိသာသာ ပြောင်းလဲသွားသည်။ မော့ကြည့်ရာ မွေးရာပါ ဝိညာဥ်အဆင့် ပညာရှင်များက အောက်သို့ ငုံ့ကြည့်ကာ၊ စိတ်စွမ်းအားတို့ဖြင့် တစ်ဂိုဏ်းလုံးကို ရှာဖွေနေသည်ဆိုသည်ကို မြင်တွေ့သွားခဲ့သည်။

“ မင်းတကယ်ကြီးကို ပြဿနာကောင် ဖြစ်နေတာပဲ “

လုချန်ရှန်းသည် ထိုလူများက အနက်ရောင်ငှက်ကြောင့် ရောက်လာရသည်ဆိုသည်ကို သိနေခဲ့သည်။ ထို့ကြောင့် ၎င်းကို သူ၏ ရင်ခွင်အတွင်းသို့ ပစ်ထည့်လိုက်ကာ၊ ၎င်း၏ အရှိန်အဝါကို ဖုံးကွယ်၍၊ ထိုလူများကို ရင်ဆိုင်ရန် အခန်းအပြင်ဘက်သို့ ထွက်သွားခဲ့သည်။

ကန်းယွင်ဂိုဏ်း၏ ဘိုးဘေးနှင့် လော့ထျန်းတို့မှာလည်း နိုးနိုးကြားကြား ဖြစ်သွားကာ၊ ထိုလူများနှင့် ညှိနှိုင်းဆွေးနွေးရန်အတွက် ချက်ချင်း ရှေ့ထွက်လာခဲ့သည်။

“ တာအိုရောင်းရင်း၊ မင်းတို့က ဘာလို့ဒီကို ရောက်လာရတာလဲ “ ဟု ကန်းယွင်ဘိုးဘေးမှ မေးမြန်းလိုက်သည်။

ထိုလူများအနက် ခေါင်းဆောင်ဖြစ်ပုံရသည့်လူ၏ အကြည့်သည် သူ့ထံသို့ ရောက်ရှိလာခဲ့ကာ၊ အေးစက်စွာ ပြန်ပြောလာခဲ့သည် “ ငါတို့က သားရဲတစ်ကောင်ကို လာရှာတာ ”

“ ဘာသားရဲလဲ “

“ အနက်ရောင် ငှက်တစ်ကောင်ပဲ။ တကယ်လို့ အဲ့တာကို မင်းရှာတွေ့ခဲ့တယ်ဆိုရင်၊ ဒီအမွှေးတိုင်ကို မီးညှိလိုက်ပါ။ အဲ့တာကို ဖမ်းမိတာနဲ့ ဆုကြေးအနေနဲ့ ဝိညာဥ်ကျောက်တုံး တစ်သန်းရမယ်။ တကယ်လို့ အဲ့တာကို သိမ်းထားရဲမယ်ဆိုရင်တော့၊ မင်းရဲ့ ဂိုဏ်းကို အပြတ်ရှင်းပေးမယ် “

ထိုလူသည် ကန်းယွင်ဂိုဏ်း၏ ဘိုးဘေးထံသို့ အမွှေးတိုင်တစ်တိုင်ကို ကမ်းပေးလာခဲ့သည်။

ဘိုးဘေးမှ ခေါင်းငြိမ့်ပြလိုက်သည်၊ သူအရူး မဟုတ်ပေ၊ တစ်ဖက်လူက အင်အားစုကြီးတစ်ခုထံမှ ရောက်ရှိလာသည်ဆိုသည်ကို သူသိနေခဲ့သည်၊ ထို့ကြောင့် ထိုလူများကို ဆန့်ကျင်နေရန် မလိုအပ်ပေ။

သို့ရာတွင် လုချန်ရှန်းကမူ ဂရောက်ဂယက်ဖြစ်သွားကာ၊ လေသံတိုးတိုးလေးဖြင့် မေးမြန်းလိုက်သည် “ မင်းက ဝိညာဥ်ကျောက်တုံး တစ်သန်းတောင် တန်တာလားဟ “

“ မင်းဘာကိုဆိုလိုတာလဲ “ အနက်ရောင်ငှက်သည် စိုးရိမ်တကြီး ဖြစ်သွားခဲ့သည်။

“ ဘာမှမဟုတ်ပါဘူး၊ မင်းက ဘယ်လောက်တောင် တန်ဖိုးရှိလဲဆိုတာကို အံ့ဩသွားလို့ပါ “

လုချန်ရှန်းမှာ အဆွဲဆောင်ခံလိုက်ရသည်။ အကယ်၍ သူ့ထံတွင် ဝိညာဥ်ကျောက်တုံး တစ်သန်းရှိနေလိမ့်မည်ဆိုပါက၊ သူသည် မွေးရာပါ ဝိညာဥ်အဆင့်၂သို့ ချက်ချင်းရောက်ရှိသွားနိုင်ပေသည်။

အနက်ရောင်ငှက်မှ စကားထပ်ပြောလာခဲ့သည် “ ငါ့ရဲ့ ဒဏ်ရာတွေက တော်တော်လေးကို ပြင်းထန်နေတယ်လေ။ တကယ်လို့ မင်းက ငါ့ကို ခဏလောက် ကာကွယ်ပေးမယ်ဆိုရင်၊ ငါက ရက်ရက်ရောရော ကျေးဇူးပြန်ဆပ်မှာပါ။ တစ်သန်းထပ် မနည်းစေရပါဘူး “

“ အရင်က အကြွေးတောင် မကျေ‌သေးပဲနဲ့ နောက်ထပ် ကတိတစ်ခု ထပ်ပေးပြန်ပြီပေါ့လေ “ လုချန်ရှန်းသည် တစ်ခဏခန့် တွေးတောစဥ်းစားကာ ပြန်ပြောလိုက်သည် “ ပြီးတော့ အဲ့လူတွေက ဘယ်ကလာလဲဆိုတာကို ငါမသိဘူးလေ။ ကြိုတင်ပြင်ဆင်မှု မရှိဘူးဆိုရင်၊ မင်းရဲ့ အရှိန်အဝါကို မဖုံးကွယ်ပေးနိုင်ဘူး “

ဗွီ

ထိုကဲ့သို့ ပြောလိုက်ပြီးသည့်နောက်တွင် လုချန်ရှန်းသည် သူ၏ ရင်ဘတ်အတွင်းတွင် ပစ္စည်းတစ်ခုခု ထပ်‌ရောက်လာသည်ကို ရုတ်တရက် ခံစားလိုက်ရပြီး၊ ဆွဲထုတ်ကြည့်လိုက်ရာ၊ ကြက်သွေးရောင် မီးဖိုတစ်ခု ရှိနေသည်ကို မြင်တွေ့သွားခဲ့သည်။

“ ဘုရင်အဆင့် မှော်ပစ္စည်း “

သူသည် အဆိုပါ ပစ္စည်း၏ အဆင့်ကို သတိပြုမိသွားကာ၊ အံ့ဩတကြီး ဖြစ်သွားခဲ့သည်။ ၎င်းက ချီလျန်အသုံးပြုခဲ့သည့် မှော်ပစ္စည်းထပ်ပင် ပို၍အဆင့်မြင့်နေခဲ့သည်။

အနက်ရောင်ငှက်မှ စကားထပ်ပြောလာခဲ့သည် “ ငါက ဒီမီးဖိုထဲမှာ အားပြန်မွေးနေမယ်၊ သူတို့က ငါ့ကို အာရုံခံမိမှာ မဟုတ်ဘူး။ မင်းကတော့ ငါ့ကို သယ်သွားပေးဖို့ပဲ လိုအပ်တယ် “

ထိုလူများ ထွက်သွားသည့်နောက်တွင် လုချန်ရှန်းသည် သူ၏အခန်းအတွင်းသို့ အလောတကြီး ပြန်ဝင်သွားကာ၊ အနက်ရောင်ငှက်ကို စိုက်ကြည့်နေတော့သည် “ မင်းရဲ့ ဇစ်မြစ်ကဘာလဲ။ ပထမဦးဆုံးအနေဖြင့် မွေးရာပါ ဝိညာဥ်အဆင့် ပညာရှင်တစ်စုကတောင် မင်းကို လိုက်ဖမ်းနေတယ်၊ အခုတော့ မင်းက ဝိညာဥ်ကျောက်တုံး တစ်သန်းတောင် တန်နေတယ် “

“ အများကြီး ပြောပြဖို့ မသင့်တော်သေးဘူး။ မင်းကို နောက်မှ ပြောပြပါ့မယ် “

“ ဒါဆိုရင် မင်းရဲ့ နာမည်က ဘာလဲ “

အနက်ရောင်ငှက်သည် တစ်ခဏခန့် တွေးတောစဥ်းစားနေခဲ့ပြီးမှ ပြန်ပြောလာခဲ့သည် “ ငါ့နာမည်က ယဲ့မီထျန်း “

“ ယဲ့မီထျန်းလား “

“ ဟုတ်တယ် “

အနက်ရောင်ငှက်သည် သူ့အရှေ့တွင် ကြည့်နေသည့် လူကို ငေးမောကြည့်ရှုခဲ့ပြီး၊ သူ၏တွေဝေတုံ့ဆိုင်းမှုကို မြင်လိုက်ရသောအခါတွင် သူက တစ်စုံတစ်ခုကို မှတ်မိသွားသည်ဟု ထင်သွားခဲ့သည်။

သို့သော် ထိုအချိန်တွင် လုချန်ရှန်းမှ ခေါင်းတခါခါဖြင့် စကားထပ်ပြောလာခဲ့သည် “ မှတ်မိဖို့ ခက်လွန်းတယ်။ ငါမင်းကို ရှောင်ဟေး( အနက်ကလေး)လို့ပဲ ခေါ်မယ် “

“ မင်း ……. “

“ အို့၊ ဟုတ်သားပဲ၊ ငါ့နာမည်က လုချန်ရှန်း “

ထို့နောက်တွင် သူသည် စကားထပ်မပြောတော့ဘဲ၊ ၎င်းကို မီးဖိုအတွင်းသို့ ပစ်ထည့်လိုက်ကာ၊ လှည့်ထွက်သွားတော့သည်။

ပြည်ထောင်စစ်ပွဲ စတင်ရန် အချိန်သိပ်မကျန်တော့ပေ၊ သူ့ထံတွင် ကြိုတင်ပြင်ဆင်ရမည့် အရာများ ရှိနေသေးသည်။

ဘိုးဘေးက သူ့ကို အတော်လေး ဂရုစိုက်ကာ၊ အတင်းအကြပ် ဝင်ပါခိုင်းခဲ့သောကြောင့်၊ သူသည် တစ်နည်းနည်းဖြင့် ထိုအကြွေးကို ပြန်တောင်းရမည် ဖြစ်သည်၊ ထို့ကြောင့် သူသည် သူနှင့် အကြိမ်အနည်းငယ်မျှ ကျင့်ကြံရန် ဆုံးဖြတ်လိုက်သည်။

ထို့ကြောင့် လုချန်ရှန်းသည် ညအမှောင် ကျဆင်းလာသည့် အချိန်တိုင်းတွင် အနက်ရောင် ဝတ်စုံကို ဝတ်ဆင်ကာ၊ ဘိုးဘေးကို သွားရှာ၍၊ သူ၏ ကျင့်ကြံရေးကို တိုးတက်သွားစေရန် ကူညီပေးနေတော့သည်။

ရှောင်ဟေးသည် ၎င်းတို့ကို အားလုံးကို မြင်တွေ့နေခဲ့ရပြီး၊ ပိုပို၍ အံ့အားသင့်သွားခဲ့သည်။

သာမန်ဂိုဏ်းလေးတစ်ဂိုဏ်းပဲ၊ ဘိုးဘေးလုပ်တဲ့ လူကတောင် မွေးရာပါ ဝိညာဥ်အဆင့်မှာပဲ ရှိနေတယ်၊ ဒါပင်မဲ့ ဒီလို ပါရမီရှင်မျိုးကို မွေးထုတ်ပေးနိုင်ခဲ့တယ်ပေါ့လေ

ငယ်ငယ်ရွယ်ရွယ်ဖြင့် မွေးရာပါ ဝိညာဥ်နယ်ပယ်သို့ ရောက်ရှိခြင်းမှာ လုံဝမဖြစ်နိုင်သော အရာဖြစ်သည်။ မြင့်မြတ်နယ်မြေများကပင် ထိုကဲ့သို့သော ပါရမီရှင်မျိုးအတွက် တိုက်ခိုက်ကြလိမ့်မည် ဖြစ်သည်။ မတော်တဆဖြစ်ရပ်သာ မရှိဘူးဆိုပါက၊ သူသည် ပြိုင်ဘက်ကင်း ကျင့်ကြံသူတစ်ဦး ဖြစ်သွားလိမ့်မည် ဖြစ်သည်။

သို့သော် ကောင်းကင်ဘုံကိုပင် ဆန့်ကျင်နိုင်သည့် ထိုကဲ့သို့သော ပါရမီရှင်မျိုးက ဤမျှနုံချာ သေးနုပ်သော တောကြိုအုံကြားတွင် ကိုယ်ပိုင်ဆန္ဒအလျောက် နေထိုင်ခြင်းမှာ မည်သို့မျှ နားလည်၍ မရသော ကိစ္စတစ်ခု ဖြစ်သည်။

အချိန်သည် ခါတိုင်းကဲ့သို့ ကုန်ဆုံးသွားခဲ့ပြီး၊ လုချန်ရှန်းသည် ချင်းယွင်တောင်ထွဋ်ပေါ်သို့ ပြန်ရောက်လာခဲ့ကာ၊ ယဲ့ချင်းချန်က သူ့အား စောင့်ဆိုင်းနေသည်ကို မြင်တွေ့သွားခဲ့သည်။

“ စီနီယာအစ်ကိုလု “ ယဲ့ချင်းချန်သည် အရှေ့သို့ လျှောက်လှမ်းလာခဲ့သည်။

လုချန်ရှန်းမှ ပြန်ပြောလိုက်သည် “ ဘာဖြစ်လို့လဲ “

“ ကျွန်တော်ရဲ့ ဒဏ်ရာ အများစုက ပြန်ကောင်းသွားပါပြီ။ ကျွန်တော်က လာနှုတ်ဆက်တာပါ “

“ နှုတ်ဆက်တာလား။ နတ်ကောင်းကင်ဂိုဏ်းကို ပြန်တော့မှာလား “

“ မဟုတ်ပါဘူး၊ ဂိုဏ်းကို မပြန်ခင် အချိန်မှာ လုပ်စရာလေးတွေ ရှိနေပါသေးတယ်။ စီနီယာအစ်ကိုလု၊ ဒီကာလအတွက် ခင်ဗျားကို ကျေးဇူးအများကြီးတင်ပါတယ်။ တကယ်လို့ နောင်အနာဂတ်မှာ တစ်ခုခုလိုအပ်တယ်ဆိုရင်၊ နတ်ကောင်းကင်ဂိုဏ်းမှာ ကျွန်တော့်ကို လာရှာလို့ရပါတယ်။ ကျွန်တော်က ဓားတောင်ကိုပဲ ကျော်ရကျော်ရ၊ မီးပင်လယ်ကိုပဲ ဖြတ်ရဖြတ်ရ ချက်ချင်းရောက်လာခဲ့ပါမယ် “

ယဲ့ချင်းချန်သည် စိတ်ရင်းအမှန်ဖြင့် ပြောဆိုလာခဲ့သည်။ သူ့ထံတွင် ကျေးဇူးဆပ်နိုင်မည့် မည်သည့်နည်းလမ်းမှ မရှိသောကြောင့် ထိုကဲ့သို့သာ ပြုလုပ်နေနိုင်ခဲ့သည်။

လုချန်ရှန်းသည် မည်သည့်စကားမှမပြောလိုက်သကဲ့သို့၊ သူ့ထံမှ မည်သည့်အရာကိုမှ မမျှော်လင့်ထားခဲ့ပေ။ အကယ်၍ နောင်အနာဂတ်တွင် သူကသာ သူ၏စီနီယာအစ်ကိုနှင့် ဂျူနီယာညီမတို့ကို ဂရုစိုက်ပေးမည်ဆိုပါက၊ ၎င်းက လုံလောက်နေပြီ ဖြစ်သည်။

သူသည် ကျေးဇူးတရားကို အခွင့်ကောင်းယူကာ ငွေညှစ်မည့်လူ မဟုတ်ပေ။

လုချန်ရှန်းသည် ထွက်ခွာသွားသည့် ယဲ့ချင်းချန်ကို စောင့်ကြည့်နေခဲ့ကာ၊ အိပ်စက်အနားယူရန် ဆုံးဖြတ်လိုက်သည်။ ကျင့်ကြံရန် စဥ်းစားထားခဲ့သော်လည်း၊ ရှောင်ဟေးကို လိုက်ဖမ်းနေသည့် လူများရှိနေသောကြောင့်၊ သူသည် လူရှေ့မထွက်ရန်သာ ရွေးချယ်လိုက်သည်။

ပြည်ထောင်စစ်ပွဲတွင် အေးအေးဆေးဆေး ပါဝင်ကာ ရှောင်ဟေးကို အဝေးသို့ ပို့လိုက်ပြီး၊ အရာအားလုံး အေးချမ်းတည်ငြိမ်နေသည့် အချိန်တွင်၊ သူသည် သူ၏ဇိမ်ရှိသော ဘဝသို့ ပြန်လာနိုင်မည် ဖြစ်သည်။

သို့ရာ၌ ထိုအချိန်မှာပင် ပြိုင်ပွဲအတွက် သုံးရက်အတွင်း ထွက်ခွာရမည်ဆိုသည့် သတင်းစကားတစ်ခု ရောက်ရှိလာခဲ့သည်။

…………………………………………………………………………………………………………………………………………

အပိုင်း ( 50 )

တော်ဝင်မြို့

ရက်အတော်ကြာသည်အထိ ကန်းယွင်ဂိုဏ်းမှာ လှုပ်လှုပ်ရွရွဖြစ်လာခဲ့ရသည်။

ထွက်ခွာမသွားခင် အချိန်တွင် လော့ထျန်းပေါ်လာခဲ့ပြီး၊ ပြည်ထောင်စစ်ပွဲတွင် ပါဝင်ယှဥ်ပြိုင်ရန်အတွက် ယွဲ့ပြည်ထောင်၏ မြို့တော်သို့ သွားရောက်မည့် အရွေးချယ်ခံ လူသုံးဆယ်ကိုပါ ခေါ်လာခဲ့သည်။

ခရီးစဥ်သည် ရှည်လျားကာ၊ ခက်ခဲကြမ်းတမ်းသည့်အတွက် စောစီးစွာ စတင်ရမည် ဖြစ်သည်။

သို့ရာတွင် ပါဝင်ယှဥ်ပြိုင်သူများကို မြင်လိုက်ရသောအချိန်၌၊ အောက်ဘက်ရှိ လူများသည် တအံ့တဩဖြင့် မျက်မှောင်ကြုတ်သွားကြသည်။

ဤနေရာတွင် ရှိနေသည့် လူများသည် အမျိုးမျိုးသော တောင်ထွဋ်များမှ ပင်မတပည့်(သို့) အတွင်းစည်း တပည့်များသာ ဖြစ်နေခဲ့ပြီး၊ သူတို့သည် ကန်းယွင်ဂိုဏ်း၏ ယခုလက်ရှိ မျိုးဆက်၏ အမြင့်ဆုံးသော စံနှုန်းများကို ကိုယ်စားပြုနေသည့် ထိပ်တန်းပါရမီရှင်များ ဖြစ်သည်။

သူတို့သည် နောက်အနာဂတ်တွင် ဂိုဏ်း၏ ထောက်တိုင်များ ဖြစ်လာကြလိမ့်မည် ဖြစ်သည်၊ သို့သော် လုချန်ရှန်းမှာ ချွင်းချက်ဖြစ်သည်။

သူသည် လူအုပ်အတွင်းတွင် မတ်တပ်ရပ်နေခဲ့ကာ၊ ဤနေရာတစ်ခုလုံးကို ကြည့်ကာ၊ စိတ်ပျက်လက်ပျက် ဖြစ်နေခဲ့သည်၊ အပြင်ထွက်ခြင်းမှာ သူမလုပ်ချင်သည့် နောက်ဆုံးသော ကိစ္စဖြစ်သည်။

သို့သော် မည်သူကမှ သူ့ကို အာရုံစိုက်မနေသကဲ့သို့၊ နေရာတစ်ခုရသွားခြင်းအတွက်ပါ အပြစ်တင်မနေခဲ့ပေ။

အားလုံးသည် ဤလူအုပ်အတွင်းတွင် ကျိုးချင်ယုမှတစ်ပါး တစ်ခြားလူများထံတွင် အခွင့်အလမ်း နည်းနည်း(သို့) သူတို့၏ အခွင့်အလမ်းက သုညနှင့် လွန်စွာနီးကပ်နေသည်ဆိုသည်ကို သိနေကြသည်။

ထို့ကြောင့် လုချန်ရှန်း ပါခြင်း၊ မပါခြင်းက မည်သည့်သက်ရောက်မှုကိုမှ ဖြစ်ပေါ်စေလိမ့်မည် မဟုတ်ပေ။

ထို့အစား လူတစ်ချို့သည် လှောင်ပြောင်ပြောဆိုလာကြသည် “ စီနီယာအစ်ကို ချန်ရှန်း၊ ကြိုးစားထား။ ကျွန်တော်တို့က အစ်ကို့ကို အားပေးနေမယ် “

“ ဟုတ်တယ်၊ အစ်ကိုက နတ်ကောင်းကင်ဂိုဏ်းကို ရောက်သွားမှဖြစ်မယ်နော်၊ အစ်ကိုပြန်လာတဲ့ အချိန်ကျရင်၊ အစ်ကိုက ကျွန်တော်တို့ကို ကြည့်ရှုစောင့်ရှောက်ပေးနိုင်တာပေါ့ “

“ … “

ထိုစကားများကို ကြားလိုက်ရသောအခါတွင်၊ လုချန်ရှန်း ဆွံ့အသွားခဲ့သည်၊ ဒီကောင်တွေက ငါ့ကို လူကြားထဲမှာ တကယ်ကြီး လှောင်နေတာလားဟ

“ မင်းတို့ကောင်တွေ စောင့်နေလိုက်ကြ၊ ငါပြန်လာတဲ့ အချိန်ကျရင် မင်းတို့တွေ တစ်ယောက်ချင်းစီတိုင်းကို ကောင်းကောင်းကျင့်ကြံနိုင်အောင် ကူညီပေးမယ်၊ အထူးသဖြင့် အာအကျယ်ဆုံးကောင်တွေပဲ “ လုချန်ရှန်းသည် တစ်ကိုယ်တည်း ရေရွတ်ပြောဆိုနေခဲ့သည်။

သူသည် ဤကိစ္စကို တေးထားခဲ့ပြီ ဖြစ်သည်။

ရှောင်ဟေးသည် ဤနေရာတွင် ရက်ပိုင်းမျှနေခဲ့သောကြောင့်၊ ကိစ္စများကို အကြမ်းဖျင်း နားလည်နေခဲ့ပြီ ဖြစ်သည်။

သူ့ဘေးနားတွင် ရှိနေသည့် လူသည် အသက်ဆယ့်ရှစ်နှစ်အရွယ်မှာပင် မွေးရာပါ ဝိညာဥ်နယ်ပယ်သို့ ဝင်ရောက်နိုင်ခဲ့သည့် ကောင်းကင်ဘုံကို ဆန့်ကျင်နိုင်စွမ်းရှိသည့် စွမ်းရည်ကို ပိုင်ဆိုင်ထားပြီး၊ ချီစုစည်းခြင်း တပည့်တစ်ဦးအဖြစ် တမင်သက်သက် ဟန်ဆောင်ထားသည့် လူတစ်ဦး ဖြစ်သည်။

“ မင်းက ငါ့ကို ပြင်းပြင်းထန်ထန် ကျိန်ခိုင်းခဲ့တာက အံ့ဩစရာတော့ မဟုတ်တော့ဘူးပဲ၊ မင်းက ဝက်ယောင်ဆောင်ပြီး ကျားကို စားဖို့ ချောင်းနေတာကိုး။ သူငယ်ချင်း၊ မင်းက တော်တော်ရက်စက်တဲ့ ကောင်ပဲကွာ။ တကယ်လို့ တစ်ယောက်ယောက်ကသာ မင်းကို လာရှုပ်မယ်ဆိုရင်၊ သူတို့တွေက ဆယ့်ရှစ်ဘဝစာလောက် ကံဆိုးသွားမှာ သေချာတယ် “ ဟုရှောင်ဟေးမှ ပြောဆိုလာခဲ့သည်။

လုချန်ရှန်းသည် အနည်းငယ် မျက်မှောင်ကြုတ်သွားကာ၊ ပြန်ပြောလိုက်သည် “ ဆယ့်ရှစ်ဘဝလောက် ကံဆိုးသွားမှာပဲဆိုတာက ဘာစကားကြီးလဲ။ စကားမပြောတတ်ဘူးဆိုရင်လည်း၊ မပြောနဲ့ကွာ “

“ မင်းက ဒီလိုအတွေးတွေကိုတောင် ဘာမှ မပြောပဲနဲ့၊ ငါ့ကျတော့ တစ်ခြားလူတွေနဲ့ စကားပြောခွင့် မပေးဘူးလား “

“ ငါ့မှာ အတွေးတွေ အများကြီးရှိတယ်၊ မင်းကို ဝိညာဥ်ကျောက်တုံးတွေအတွက် လဲလှယ်ဖို့တောင် တွေးမိနေတယ် “ ဟု လုချန်ရှန်းမှ အေးအေးလူလူ ပြန်ပြောလိုက်သည်။

ရှောင်ဟေးသည် ချက်ချင်း ပါးစပ်ပိတ်သွားခဲ့သည်။ ရက်ပိုင်းမျှ ပြောဆိုဆက်ဆံခဲ့ရပြီးသည့်နောက်တွင်၊ သူသည် ဤလူ့ထံတွင် မည်သည့် ကိုယ်ကျင့်တရားမှ မရှိဘူးဆိုသည်ကို ကောင်းစွာနားလည်သွားခဲ့သည်၊ ထိုကဲ့သို့သော ကိစ္စမျိုးအား သူအမှန်တကယ် လုပ်နိုင်သည်ဆိုသည်ကို သူသိနေခဲ့သည်။

ဆူညံသံများ ငြိမ်ကျသွားသည့်နောက်တွင် လော့ထျန်းမှ စကားစပြောလာခဲ့သည်။

“ သွားကြစို့ “

ဤတစ်ကြိမ်တွင် သူသည် သူ၏တပည့်များကို ပြိုင်ပွဲဝင်ရန် ခေါ်သွားခဲ့သည်၊ မြို့တော်သို့ သွားရမည့် ခရီးစဥ်က တိုတောင်းနေမည် မဟုတ်ဘဲ၊ အနည်းဆုံးအနေဖြင့် တစ်လခန့် အချိန်ယူရမည် ဖြစ်သည်။

ထိုအချိန်တွင် ရက်ပေါင်းများစွာ ပျောက်ဆုံးနေခဲ့သည့် နင့်ယုရှင်းရောက်ရှိလာခဲ့လေသည်။

သူမနှင့်အတူ နင့်မိသားစု၏ အကြီးအကဲများပါ ပါဝင်နေခဲ့ပြီး၊ သူတို့သည် ကန်းယွင်ဂိုဏ်းသို့ အတူတူသွားရန် အဆိုပြုခဲ့ကာ၊ လူတိုင်းကို သယ်ဆောင်သွားရန်အတွက်၊ စစ်သဘော်တစ်စင်းကိုပင် ထုတ်ယူခဲ့လေသည်။

လော့ထျန်းသည် ငြင်းပယ်ခြင်း မပြုခဲ့ပေ၊ သူသည် ယခင်က ကပ်ဘေးကျခဲ့သည့် အချိန်တွင် နင့်မိသားစု၏ ကောင်းမွန်သော ရည်ရွယ်ချက်များကို လက်ခံခဲ့ဖူးသောကြောင့်၊ ယခုလက်ရှိ လုပ်ရပ်များနှင့် ပတ်သက်၍ မည်သို့မျှ ဆန့်ကျင်မနေခဲ့ပေ။

လမ်းပေါ်၌ လုချန်ရှန်းသည် ပျင်းရိလွန်းသဖြင့်၊ လမ်းတစ်လျှောက်လုံးတွင် ရှိနေသည့် ရှုခင်းများကို ငေးမောကြည့်ရှုနေခဲ့သည်၊ ဤသည်မှာ ကန်းပြည်နယ်မှ ထွက်သွားဖူးသည့် သူ၏ပထမဦးဆုံးအကြိမ် ဖြစ်နေခဲ့သည်။

နင့်ယုရှင်းသည် ကျိုးချင်ယုကို သွားမရှာတော့ပေ၊ ထို့အစား သူ့အနားသို့သာ မကြာခဏ ရောက်ရှိလာတတ်သည်။

“ ဂျူနီယာညီမလေးနင့်၊ နင်တို့က မြို့တော်မှာ ဘာတွေလုပ်ကြတာလဲ “ လုချန်ရှန်းသည် လွန်စွာပျင်းရိနေသဖြင့် ရှောင်ဟေးကို တစ်ချို့သော ကိစ္စများအကြောင်း မေးမြန်းရန် လုပ်ခဲ့လေသည်၊ သို့သော် ၎င်းက တိတ်ဆိတ်ငြိမ်သက်နေသောကြောင့်၊ သူသည် ပျင်းရိစွာဖြင့် စကားပြောဆိုရုံသာ လုပ်နိုင်တော့လေသည်။

နင့်ယုရှင်းမှ ပြန်ပြောလာခဲ့သည် “ မြို့တော်မှာ နင့်မိသားစုပိုင်တဲ့ အိမ်ခြံမြေတွေရှိတယ်လေ၊ ဒီတစ်ခါတော့ မိသားစုက လူတစ်ချို့ကလည်း ပြည်ထောင်စစ်ပွဲမှာ ဝင်ပြိုင်ကြတယ်လေ၊ အဲ့တာကြောင့် အကြီးအကဲတွေက အဲ့ကို သွားနေကြတာ “

“ ငါသိပြီ “ လုချန်ရှန်းသည် ခေါင်းငြိမ့်ပြလိုက်ကာ၊ ထပ်မံ၍ မေးမြန်းနေတော့သည် “ ဒါနဲ့ နင့်ညီလေး နင့်ချန်က‌ရော ဘယ်မှာလဲ။ သူ့ကို မမြင်ရတာ တော်တော်လေး ကြာနေပြီ “

“ ဦးလေးချန်က သတင်းပို့ဖို့အတွက် မိသားစုဆီ ပြန်သွားပါတယ် “

သူတို့နှစ်ဦးသည် ထိုကဲ့သို့ပင် ဦးတည်ရာမဲ့ စကားပြောနေခဲ့ကြသည်။

နင့်ယုရှင်းမှာလည်း ပျင်းရိနေခဲ့လေသည်။

သူ့ကို ဇဝေဇဝါ ဖြစ်သွားစေသည့် တစ်ခုတည်းသော အရာက ကျိုးချင်ယုက အူတိုင်ဖွဲ့စည်းခြင်းအဆင့်သို့ ရောက်ရှိသွားခဲ့သည့်နောက်မှာပင် တံခါးပိတ်ကျင့်ကြံရာမှ ထွက်မလာဘဲ၊ ဤခရီးစဥ်တွင်လည်း သီးသန့်ကျင့်ကြံမှုကိုသာ ပြုလုပ်နေခဲ့ခြင်း ဖြစ်သည်၊ သို့သော် နင့်ယုရှင်းမှာလည်း သူ့ကို တစ်ကြိမ်တစ်ခါမျှ သွားမရှာခဲ့ပေ။

ထို့အစား ကျိုးချင်ယုသည် ရံဖန်ရံခါတွင် သူမဆီသို့ ရောက်လာခဲ့ပြီး၊ သူမ၏ ဓားတာအို တိုးတက်မှုကို လာရောက်စစ်ဆေးလေ့ရှိသည်။

တစ်ခဏခန့် စကားပြောနေခဲ့ပြီးသည့်နောက်တွင်၊ နင့်ယုရှင်းမှာလည်း ထွက်ပြေးသွားခဲ့သည်၊ သူမသည် အစောပိုင်း အချိန်များအတွင်းကလောက် စိတ်အားထက်သန်မှုမရှိတော့ဘဲ၊ စိတ်မဝင်စားတော့သည့်ပုံပင်။

“ မိန်းမတွေက တကယ်ကို အပြောင်းအလဲ မြန်တာပဲ “

လုချန်ရှန်းသည် အရာအားလုံးကို မြင်တွေ့နေခဲ့ရပြီး၊ မနေနိုင်တော့ဘဲ၊ ဦးခေါင်းကို ခါရမ်းမိနေတော့သည်။

မကြာခင် အချိန်မှာပင် သူတို့သည် မြို့တော်နှင့် နီးကပ်လာခဲ့သည်။

နင့်မိသားစု၏ စစ်သဘော်ကြောင့် သူတို့သည် မျှော်လင့်ထားသည့် အချိန်ထပ် ဆယ်ရက်ပိုစော၍ ရောက်ရှိလာခဲ့သည်။

ထို့နောက်တွင် သူတို့သည် မြို့အတွင်းရှိ နင့်မိသားစု ပိုင်ဆိုင်သော အိမ်တစ်လုံးထံသို့ ရောက်ရှိလာခဲ့သည်။

တစ်စုံတစ်ဦးက ဤနေရာတွင် ကြိုတင်စောင့်ဆိုင်းနေခဲ့လေသည်။

သူတို့သည် ဈေးကြီးကြီး ဝတ်စုံကို ဝတ်ဆင်ထားကာ၊ ထူးခြားသော အရှိန်အဝါတစ်ခုကို ထုတ်လွှတ်နေသည့် သက်လတ်ပိုင်းလူတစ်ဦးက အိမ်ရှေ့တွင် မတ်တပ်ရပ်နေသည်ကို မြင်တွေ့လိုက်ရသည်၊ သူသည် နင့်မိသားစု၏ ခေါင်းဆောင်တစ်ဖြစ်လဲ၊ နင့်ယုရှင်း၏ ဖခင်ပါဖြစ်သည့် နင့်ယန်ပင် ဖြစ်သည်။

နင့်ယန်နှင့် သက်တူရွယ်တူဖြစ်သည့် တစ်ခြားလူနှစ်ဦးမှာလည်း သူ၏အနောက်တွင် ရှိနေခဲ့သည်၊ သူတို့သည် နင့်ယန်၏ ညီအစ်ကိုများဖြစ်သည့်၊ နင့်ကျင်းနှင့် နင့်ရှောင်းတို့ပင် ဖြစ်သည်။

လုချန်ရှန်းသည် နင့်ယန်က နင့်မိသားစု၏ ဤမျိုးဆက်ကို ဦးဆောင်ပြီး၊ နင့်ကျင်းနှင့် နင့်ရှောင်းတို့က မိသားစု၏ ပိုင်ဆိုင်မှုများကို စီမံခန့်ခွဲရာတွင် သူ့ကို ကူညီပေးသည်ဟု နင့်ယုရှင်းထံမှ ကြားသိထားခဲ့သည်။

အားလုံး ရောက်ရှိလာသည်ကို မြင်လိုက်ရသောအခါတွင် နင့်ယန်သည် လော့ထျန်း၏ အရှေ့သို့ လျှောက်လှမ်းလာခဲ့သည်။

“ ဂိုဏ်းချုပ်လော့၊ အတော်လေး ကြာနေခဲ့ပြီပဲ၊ ဘယ်လိုနေလဲဗျ “ နင့်ယန်မှ စကားစပြောလာခဲ့သည်။

လော့ထျန်းသည် အပြုံးဖြင့် ပြန်ပြောလိုက်သည် “ ခေါင်းဆောင်နင့်ရဲ့ စိတ်ထားက အရင်ကလိုမျိုး အထင်ကြီးဖို့ကောင်းနေတုန်းဗျို့ “

လူနှစ်ဦးသည် နှုတ်ဆက်စကားများ ဖလှယ်နေခဲ့ကြပြီး၊ နင့်ယုရှင်းမှာလည်း ရှေ့ထွက်၍ ဂါရဝပြုနေတော့သည်။

နင့်ယန်သည် သူ၏သမီးကို မြင်တွေ့သွားကာ၊ သူမ၏ ပြောင်းလဲမှုကို သတိပြုမိသွားပြီး၊ စိတ်ကျေနပ်စွာဖြင့် ခေါင်းငြိမ့်နေတော့သည်။

“ ကြည့်ရတာ ရှင်းအာလေးက ကန်းယွင်ဂိုဏ်းကို သွားတာ အကျိုးအမြတ် ကြီးကြီးမားမား ရခဲ့တဲ့ပုံပဲ၊ အားလုံးရဲ့ ကြိုးစားအားထုတ်ပေးမှုကို ကျေးဇူးတင်ပါတယ် “

ယခင်စာထဲတွင် ဖော်ပြခဲ့သည့်အတိုင်းပင်၊ နင့်ယုရှင်းသည် ချီသိပ်သည်းခြင်း အဆင့်သို့ ရောက်ရှိကာ၊ ဓားတာအိုကို ကျင့်ကြံနေနိုင်ခဲ့ပြီဖြစ်ပြီး၊ သူမ၏စိတ်သဘောထား တစ်ခုလုံးသည် ကြီးကြီးမားမား ပြောင်းလဲသွားခဲ့သည်။

နင့်ကျင်းမှာလည်း ခေါင်းတငြိမ့်ငြိမ့် ဖြစ်သွားခဲ့သည်၊ သူ၏အကြည့်သည် ကျိုးချင်ယုပေါ်သို့ အလိုအလျောက် ရောက်ရှိသွားခဲ့သည်။

“ ဒီမိတ်ဆွေလေးက ကျိုးချင်ယုပဲ ဖြစ်ရမယ်။ သူက သတင်းတွေအတိုင်း ထူးခြားပြီး‌တော့၊ ဓားအင်မော်တယ်ရဲ့ အရည်အချင်းတွေကို တကယ်ပိုင်ဆိုင်ထားတာပဲ “

နင့်ကျင်းသည် အထင်ကြီးလေးစားမှုတို့ဖြင့် ကျိုးချင်ယုကို ကြည့်နေခဲ့သည်၊ နင့်ယုရှင်းက ချင်းယွင်တောင်ထွဋ်သို့ သွားရသည့် အကြောင်းအရင်း၊ သူမ၏ အဆင့်ထိုးဖောက်မှုနှင့် ဓားတာအို ကျွမ်းကျင်မှုတို့က သူနှင့် သက်ဆိုင်နေလိမ့်မည်ဟု ထင်နေခဲ့သည်။

ကန်းယွင်ဂိုဏ်းတစ်ခုလုံးတွင် ဓားတာအို အဆင့်မြင့်ဆုံးဖြစ်သည့် လူမှာ အဆိုပါ လူငယ်လေးသာလျှင် ဖြစ်နေခဲ့သည်။

“ စီနီယာကတော့ ကျွန်တော့်ကို မြှောက်နေပါပြီ “ ကျိုးချင်ယုသည် နှိမ့်နှိမ့်ချချဖြင့် အရိုအသေပေးလိုက်သည်၊ သူသည် မိမိကိုယ်ကို နှိမ့်ချတတ်သည့် စိတ်ထားကိုသာ အမြဲထိန်းသိမ်းထားခဲ့သည်။

ထို့ကြောင့်ပင် နင့်မိသားစုက သူ့ကို လွန်စွာလေးစားနေရခြင်းဖြစ်သည်။

စကားပြောဆိုနေရင်းဖြင့် အားလုံးသည် ပင်မခန်းမအတွင်းသို့ လျှောက်သွားကြသည်၊ ဤတစ်ကြိမ်တွင် စောစော ရောက်ရှိလာခဲ့ပြီး၊ ပြည်ထောင်စစ်ပွဲ မစတင်ခင် အချိန်တွင် အချိန်တစ်ချို့ ကျန်နေသေးသောကြောင့်၊ နင့်မိသားစုသည် အားလုံးကို အနားယူရန် ဖိတ်ခေါ်ခဲ့သည်။

နှစ်ဖက်စလုံးက ကောင်းမွန်သော ဆက်ဆံရေးကို ပိုင်ဆိုင်ထားသောကြောင့်၊ လော့ထျန်းမှ သဘောတူလိုက်သည်။

ထို့နောက်တွင် တစ်စုံတစ်ဦးသည် လုချန်ရှန်းနှင့် တစ်ခြားလူများကို ဦးဆောင်ကာ၊ သူတို့နေထိုင်ရမည့် အဆောက်အဦးများဆီသို့ ခေါ်ဆောင်သွားပြီး၊ လော့ထျန်းနှင့် ကျိုးချင်ယုတို့ကမူ နင့်မိသားစုခေါင်းဆောင်နှင့်သာ ကျန်နေခဲ့ကြသည်။

အစေခံမလေးတစ်ဦးသည် လုချန်ရှန်းတို့ကို ဦးဆောင်သွားခဲ့ပြီး၊ ယဲ့တျန်ရီမှာလည်း သူနှင့်အတူ နောက်မှ လိုက်သွားကာ၊ စိတ်ခံစားချက်များ အနည်းငယ် ဖြစ်နေခဲ့သည်။

“ ဒီနေရာမှာ ရှိတဲ့ ရှုခင်းတွေက အရင်တုန်းကအတိုင်းပဲ “

ထိုစကားကို ကြားလိုက်ရသောအခါတွင် လုချန်ရှန်းမှ မေးမြန်းလိုက်သည် “ စီနီယာအစ်ကိုက ဒီကို ရောက်ဖူးတာလား “

“ အင်း၊ အရင်တုန်းက ဆရာနဲ့အတူ လာခဲ့ဖူးတယ် “

“ ဆရာ …… “

လုချန်ရှန်းသည် သူ၏အမည်ခံ ဆရာအကြောင်းကို တွေးတောစဥ်းစားမိသွားကာ၊ ဆွံ့အသွားတော့သည်။ သူသည် သူ၏ အသွင်အပြင်ကိုပင် မေ့သွားခဲ့ပြီ ဖြစ်သည်၊ တိတိကျကျ ပြောရမည်ဆိုပါက၊ သူသည် သူနှင့် တစ်ကြိမ်သာ တွေ့ခဲ့ဖူးသည်။

“ ဟူး “

လုချန်ရှန်းသည် ငြင်သာစွာ သက်ပြင်းချ၍ သူ၏ဦးခေါင်းကို ထပ်ခါတလဲလဲ ခါရမ်းနေတော့သည်၊ သူသည် သူက ယခင်ကဘဝက မည်သည့်အပြစ်များကို ကျူးလွန်ခဲ့သည့်အတွက် ယခုဘဝတွင် ဤကဲ့သို့‌သော လူမျိုးနှင့် ဆုံတွေ့ခဲ့ရလဲဆိုသည်ကို တွေးတောစဥ်းစားနေတော့သည်။ ပိုတွေးလေလေ ပို၍ဒေါသထွက်ရလေလေ ဖြစ်နေခဲ့သည်။

မကြာခင် အချိန်မှာပင် သူတို့သည် ခြံဝန်းတစ်ခုအတွင်းသို့ ရောက်ရှိလာခဲ့သည်၊ သူတို့က မည်သည့်အရာကိုမှ မပြုလုပ်ရသေးခင် အချိန်မှာပင် တစ်စုံတစ်ဦးမှ ဖိတ်စာတစ်ခုကို ပေးပို့လာခဲ့သည်။

ဖိတ်စာကို ဖွင့်ဖတ်လိုက်ပြီးသည့်နောက်တွင်၊ သူတို့နှစ်ဦးစလုံး တအံ့တဩ ဖြစ်သွားကြသည်။

“ ပါရမီရှင် ဖလှယ်မှု အစည်းအဝေးလား “

လူနှစ်ဦးသည် အကြည့်များ ဖလှယ်နေကြတော့သည်၊ ၎င်းသည် ယွဲ့ပြည်ထောင်၏ တော်ဝင်မိသားစုထံမှ ရောက်ရှိလာသည့် ဖိတ်စာတစ်ခုဖြစ်ပြီး၊ သူတို့သည် ကျိုးချင်ယုနှင့် ယဲ့တျန်ရီတို့ကို တက်ရောက်ရန် ဖိတ်ကြားလာခဲ့ခြင်း ဖြစ်သည်။

တမန်တော်၏ အဆိုအရ ယွဲ့ပြည်ထောင်၏ တော်ဝင်မိသားစုသည် နတ်ကောင်းကင်ဂိုဏ်း၏ အရှင်သခင်လေးပါးအနက်မှ တစ်ပါးဖြစ်သော လအရှင်သခင်၏ ကိုယ်ပိုင်တပည့်ကို ဖိတ်ကြားခဲ့ပြီး၊ ထို့ကြောင့်ပင် ဤစုဝေးပွဲကို ကျင်းပခဲ့သည်ဟု ကြားသိခဲ့ရသည်။

၎င်းက တာအိုဆွေးနွေးပွဲဟု ဆိုထားသော်လည်း၊ ထိုလူက တပည့်ရွေးချယ်ရေး ဖြစ်စဥ်ကို တာဝန်ယူထားသည့် ပုဂ္ဂိုလ်ဖြစ်သည့်အတွက်၊ ဤကိစ္စက မည်သည်ကို ရည်ရွယ်ထားလဲဆိုသည်မှာ သိသာထင်ရှားလွန်းနေခဲ့သည်။

ယဲ့တျန်ရီသည် ချက်ချင်းမတ်တပ်ထရပ်ကာ၊ ကျိုးချင်ယုကို ရှာဖွေရန် ထွက်ခွာသွားခဲ့သည်။

လုချန်ရှန်းကမူ သူ၏အိပ်ရာပေါ်တွင် လှဲလျောင်းကာ၊ ပြည်ထောင်စစ်ပွဲ မစတင်ခင် အချိန်အထိ ပျော်ပျော်ရွှင်ရွှင် အိပ်စက်အနားယူရန် ပြင်ဆင်နေတော့သည်။ သို့ရာတွင် သူ၏ စီနီယာအစ်ကို ထွက်သွားခဲ့ပြီးသည့်နောက် သိပ်မကြာခင် အချိန်မှာပင် တစ်စုံတစ်ဦး ထပ်မံရောက်ရှိလာကာ၊ နောက်ထပ်ဖိတ်စာတစ်ခုကို ထပ်မံ၍ ပေးပို့လာခဲ့သည်။

ဖိတ်စာပို့ခဲ့သည့် လူမှာ ယဲ့ချင်းချန်ပင် ဖြစ်သည်။

………………………………………………………………………………………………………………………………………..

အပိုင်း ( 51 )

မင်းက လူမဟုတ်ဘူးလား

နင့်မိသားစု အိမ်တော်အတွင်းတွင်၊ လုချန်ရှန်းသည် ဖိတ်စာကို ငေးမောကြည့်ရှုကာ၊ တစ်ခဏခန့် တွေဝေတုံ့ဆိုင်းသွားခဲ့သည်။

သူသည် ထိုနေရာသို့ တစ်ကြိမ်တစ်ခါမှ မရောက်ခဲ့ဖူးချေ၊ ထို့ကြောင့် သူသည် ဤအရာကို သူ၏အမြင်များကို ချဲ့ထွင်ရန်နှင့် ယဲ့ချင်းချန်ကို မျက်နှာသာပေးရန် အခွင့်အရေး ယူနိုင်ပေသည်၊ သူသည် ယဲ့ချင်းချန်က နောင်အနာဂတ်တွင် သူ၏စီနီယာအစ်ကိုနှင့် ဂျူနီယာညီမငယ်တို့ကို ကြည့်ရှုစောင့်ရှောက်ပေးရန် သူမျှော်လင့်နေသေးသည်။

ထို့အပြင် သူမမျှော်လင့်ထားခဲ့သည့် အရာမှာ လအရှင်သခင်၏ ကိုယ်ပိုင်တပည့်ဟု ကောလဟာလထွက်နေသည့် လူက ယဲ့ချင်းချန်ဖြစ်နေခြင်းပင် ဖြစ်သည်။

ယခင်က ကျောက်ဟွမ်က ထိုမျှမောက်မာရိုင်းစိုင်းနေပြီး၊ မွေးရာပါ ဝိညာဥ်အဆင့် ကျင့်ကြံသူကပင် သူ၏စကားကို လွန်စွာနာခံနေခဲ့သည်မှာ အံ့ဩဖွယ်ရာ မဟုတ်တော့ပေ၊ သူသည် အစွမ်းထက်ကာ အင်အားကြီးသည့် ကျောထောက်နောက်ခံကို ပိုင်ဆိုင်ထားသော ပါရမီရှင်တစ်ဦး ဖြစ်နေခဲ့လေသည်။

ထို့နောက်တွင် သူသည် ကျိုးချင်ယုကို ရှာဖွေရန် ထွက်သွားတော့သည်၊ သူသည် သူ၏စီနီယာအစ်ကိုနှင့် သွားရန် ဆုံးဖြတ်ထားခဲ့သည်။

သို့ရာတွင် လုချန်ရှန်းသည် သူ့ကို မည်သည့်နေရာတွင်မှ ရှာမတွေ့ခဲ့ပေ၊ သူသည် သူ့ဆီသို့ လာနေသည့် ယဲ့တျန်ရီနှင့် တိုက်မိသွားခဲ့သည်။

“ ဒုတိယ စီနီယာအစ်ကို၊ စီနီယာအစ်ကိုကြီးက ဘယ်မှာလဲ “ ဟု လုချန်ရှန်းမှ မေးမြန်းလိုက်သည်။

ယဲ့တျန်ရီမှ ပြန်ပြောလာခဲ့သည် “ စီနီယာအစ်ကိုက မြို့ပြင်ထွက်သွားတယ် “

“ ဘာလို့လဲ “

“ အခုလေးတင်ပဲ၊ အဆင့်၉ ဓားတာအို ပညာရှင်တစ်ယောက်က ချန်ထားခဲ့တဲ့ ဓားရည်ရွယ်ချက် ကားချပ်လို့ ကောလဟာလထွက်နေတဲ့ စာလိပ်တစ်ခုကို နင့်မိသားစုက ဝယ်လိုက်တယ်လေ။ စီနီယာအစ်ကိုက အဲ့တာကို မြင်သွားပြီးတော့၊ အဆင့်တက်တော့မယ်ဆိုပြီးတော့ ဉာဏ်အလင်းရသွားတယ်၊ အဲ့တာကြောင့် သူက မြို့အပြင် ထွက်သွားတာ “

ယဲ့တျန်ရီ၏ ရှင်းပြချက်ကို နားထောင်ခဲ့ရပြီးသည့်နောက်တွင်၊ လုချန်ရှန်းသည် တအံ့တဩဖြင့် ပြန်ပြောလိုက်သည် “ အဲ့လောက်တောင် အံ့ဩဖို့ကောင်းတာလား “

ယဲ့တျန်ရီသည် စကားပြောဆိုနေရင်းဖြင့် မြို့ပြင်သို့ ထွက်သွားကာ၊ သူ၏စီနီယာအစ်ကိုကို သွားရှာရန် ပြင်လိုက်သည်။

လုချန်ရှန်းမှာလည်း သူ့နောက်သို့ လိုက်သွားခဲ့သည်။

မြို့အပြင်ရှိ တောင်ထိပ်ပေါ်၌

ကျိုးချင်ယုသည် တင်ပျဥ်ခွေထိုင်ကာ၊ သူ၏လက်များဖြင့် ဓားမန္တာန်ကို ဖွဲ့စည်းလိုက်ရာ၊ သူ့ ခန္ဓာကိုယ်၏ ပတ်ပတ်လည်တွင် ဓားရည်ရွယ်ချက် အပိုင်းအစတစ်ခု မျောလွင့်လာခဲ့သည်။

ပတ်ဝန်းကျင်တွင် လေပြေလေညင်းများ တိုက်ခတ်သွားကာ၊ အေးချမ်းတိတ်ဆိတ်နေသယောင် ဖြစ်သွားစေခဲ့သည်။

ယဲ့တျန်ရီသည် ၎င်းကို ကြည့်နေရင်းဖြင့် စကားစပြောလိုက်သည် “ ကြည့်ရတာတော့ စီနီယာအစ်ကိုက တကယ်ကြီးကို အဆင့်တက်တော့မယ်နဲ့တူတယ် “

သို့ရာတွင် လုချန်ရှန်းကမူ ပတ်ဝန်းကျင်ကို ငေးမောကြည့်ရှုနေခဲ့သည်။ ၎င်းသည် အေးဆေးတည်ငြိမ်နေသော်လည်း၊ ထိုနေရာ အနားသို့ ချဥ်းကပ်သွားသည်နှင့်တစ်ပြိုင်နက်၊ ဓားချီက တိုက်ခိုက်လာမည် ဖြစ်သည်။ ပိုနီးကပ်သွားလေလေ၊ ဓားချီက ပိုမိုထက်ရှအားကောင်းလာလေလေ ဖြစ်သည်။

သို့သော် ကြည့်ရှုလေ့လာခဲ့ပြီးသည့်နောက်တွင် သူသည် တစ်ကိုယ်တည်း ရေရွတ်ပြောဆိုနေတော့သည် “ သူသည် ဓားတာအို အဆင့်၇နဲ့ နည်းနည်းလေး လိုနေသေးတယ် “

၎င်းတို့အားလုံးက သူလျှောက်ခဲ့ဖူးသည့် လမ်းများ ဖြစ်သောကြောင့်၊ သူသည် တစ်ချက်မျှ ငေးကြည့်ရုံဖြင့် အရာအားလုံးနီးပါးကို မြင်တွေ့နေနိုင်ခဲ့သည်။ ကျိုးချင်ယုက ဓားကားချပ်ကို လေ့လာခြင်းဖြင့် ဉာဏ်အလင်းရသွားသော်လည်း၊ သူသည် အဆင့်ထိုးဖောက်ရန်အတွက် လိုအပ်သည့် အယူအဆနှင့် အနည်းငယ် ကွာဟနေသေးသည်။

သူကိုယ်တိုင်မှာလည်း အဆိုပါ ပြဿနာကို သတိပြုမိနေပုံရကာ၊ မျက်မှောင်ကြုတ်နေလျက်ရှိသည်။

“ ဒီအချိန်မှာ မင်းကို ကူညီပေးလိုက်တာက အချည်းနှီး မဟုတ်ဘူး “ လုချန်ရှန်းသည် တိုးညှင်းစွာ ရေရွတ်ပြောဆိုနေခဲ့သည်၊ သူ၏လက်ချောင်းများဖြင့် လက်ဟန်တစ်ခု ပြုလုပ်လိုက်ရာ၊ ဓားရည်ရွယ်ချက် အပိုင်းအစတစ်ခု တိတ်တဆိတ် ထွက်ခွာသွားခဲ့သည်။

၎င်းသည် ကျိုးချင်ယု လက်လျော့လိုက်တော့မည့် အချိန်တွင်၊ သူ၏ ပတ်ပတ်လည်သို့ ကျရောက်သွားခဲ့သည်။

“ ဟမ် “

ကျိုးချင်ယုသည် တအံ့တဩ ဖြစ်သွားခဲ့သည်။ သူသည် ရုတ်တရက် ရောက်ရှိလာသည့် ဓားရည်ရွယ်ချက်က သူ့ကို မထိခိုက်စေဘဲ၊ လမ်းညွှန်ပေးနေသည်ဟု ခံစားလိုက်ရသည်။

သူသည် မနေနိုင်တော့ဘဲ၊ မျက်လုံးများကို ဖွင့်၍ ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရှုလိုက်သော်လည်း၊ မည်သူ့ကိုမှ မမြင်တွေ့ခဲ့ရပေ။ သူအမြင်အာရုံအတွင်း၌ အမှောင်ထဲတွင် ပုန်းအောင်းနေသူ မရှိဘဲ၊ အဝေးမှ လှမ်းကြည့်နေသည့် သူ၏ဂျူနီယာနှစ်ဦးသာ ရှိနေခဲ့သည်။

တစ်ခဏ အကြာတွင် သူသည် သူ၏အတွေးများကို စုစည်းနေကာ၊ သူ၏ဓားရည်ရွယ်ချက်ကို စုစည်းလိုက်ကာ၊ အဆင့်ထိုးဖောက်နိုင်ရန် မျှော်လင့်နေရင်းဖြင့်၊ ၎င်းကို အာရုံခံရန် ကြိုးပမ်းနေတော့သည်။

လုချန်ရှန်းသည် တစ်ခဏခန့် စောင့်ကြည့်နေပြီး၊ မည်သည့်ပြဿနာမှ မရှိတော့ဘူးဆိုသည်ကို အတည်ပြုလိုက်သည်။ သူသည် သိပ်မကြာခင် အချိန်မှာပင် ဓားတာအို၏ အဆင့်၇ကို နားလည်သွားသင့်ပေသည်။

သို့ရာတွင် ဓားရည်ရွယ်ချက် အဆင့်ထိုးဖောက်မှုနှင့်အတူ ကပ်ဘေးတစ်ခုပါ လိုက်ပါလာမည် ဖြစ်သည်။ သူသည် ဓားကပ်ဘေးကို ရင်ဆိုင်ရကာ၊ ၎င်း၏ အဖျက်စွမ်းအားကို တောင့်ခံခုခံရမည် ဖြစ်သည်၊ သို့သော် သူသည် ထိုကိစ္စနှင့် ပတ်သက်ပြီး တွေးပူနေရန် မလိုအပ်ပေ၊ ကျိုးချင်ယုကဲ့သို့သာ လူတစ်ဦးက ၎င်းကို ကျော်ဖြတ်နိုင်မည် ဖြစ်သည်။

ထို့နောက်တွင် သူသည် ယဲ့တျန်ရီကို ကြည့်ကာ မေးမြန်းလိုက်သည် “ စီနီယာအစ်ကို၊ စုဝေးပွဲကို မသွားဘူးလား “

“ မသွားဘူး၊ ဒီမှာနေပြီးတော့ စီနီယာအစ်ကို့ကို ကာကွယ်ပေးမလို့ “

ယဲ့တျန်ရီသည် စိုးရိမ်ပူပန်နေသောကြောင့် ဤနေရာတွင် ဆက်နေရန် ဆုံးဖြတ်ထားခဲ့သည်။

“ ကောင်းပြီလေ “

လုချန်ရှန်းသည် ကူရာကယ်ရာမဲ့နေသကဲ့သို့ ခံစားသွားခဲ့ရသည်။ ကြည့်ရတာတော့ ငါတစ်ယောက်တည်း သွားရတော့မဲ့ပုံပဲ

သူသည် တော်ဝင်မြို့တော်သို့ ဖြည်းဖြည်းချင်း ပြန်လည်ရောက်ရှိလာခဲ့ကာ၊ စုဝေးပွဲရှိရာဘက်သို့ ဦးတည်၍ လမ်းလျှောက်နေတော့သည်။

အသွားလမ်းတွင် သူသည် နင့်ယုရှင်းနှင့် ဆုံခဲ့သည်။

နင့်ယုရှင်းသည် သူ့ကို မြင်တွေ့သွားက အပြုံးဖြင့် စကားပြောလာခဲ့သည် “ စီနီယာအစ်ကို၊ ဘယ်သွားမလို့လဲ “

“ စုဝေးပွဲတစ်ခုရှိတယ်လေ။ သွားတက်မလို့ “

“ ပါရမီရှင် ဖလှယ်မှုလား “

“ ဟုတ်တယ် “

“ ဒါဆိုရင်လည်း အတူတူ သွားကြမယ်လေ၊ ကျွန်မလည်း အဲ့ကို သွားမလို့ “

နင့်ယုရှင်းမှ ဖိတ်ခေါ်လာခဲ့သည်။

လုချန်ရှန်းသည် မငြင်းပယ်လိုက်ပေ။

သို့ရာတွင် နင့်ယုရှင်းသည် ကျိုးချင်ယုကို မမြင်တွေ့ရသည့် မအံ့ဩသွားခဲ့ပေ။ ထို့အစား သူမသည် မြို့တော်၏ ရှုခင်းနှင့် အတွေ့အကြုံများ အကြောင်းကို သူနှင့် စကားစမြည်ပြောဆိုနေခဲ့သည်။

ချီသိပ်သည်းခြင်းအဆင့်သို့ ရောက်ရှိသွားကာ၊ ဓားတာအိုကို ကျင့်ကြံနိုင်ခဲ့သည့် အချိန်ကတည်းက သူမသည် စီနီယာအစ်ကိုကြီးကို များများစားစား ဂရုမစိုက်တော့သည့်ပုံပင်။

တစ်ခဏ အကြာတွင် မြင်းရထားသည် မြို့လယ်ခေါင်သို့ ရောက်လာခဲ့သည်။ အရှေ့တွင် ကြီးကျယ်ခမ်းနားကာ၊ ရွှေနှင့်ကျောက်စိမ်းတို့ဖြင့် တလက်လက် တောက်ပနေသည့် ခြံဝန်းတစ်ခု ရှိနေခဲ့သည်၊ ၎င်းသည် တော်ဝင်မိသားစု ပိုင်ဆိုင်သည့် သီးသန့်နေရာတစ်ခု ဖြစ်သည်။

တော်ဝင်မိသားစုသည် ယဲ့ချင်းချန်ကြောင့် အဆိုပါ ခြံဝန်းကို ဖွင့်ပေးခဲ့ခြင်း ဖြစ်သည်။

ဤနေရာသို့ လူတော်တော်များများ ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။ ထိုလူများထဲတွင် ယွဲ့ပြည်ထောင်အတွင်းရှိ အမျိုးမျိုးသော ဂိုဏ်းများထံမှ ပါရမီရှင်အားလုံးနှင့် ပြည်ထောင်စစ်ပွဲတွင် ပါဝင်ကြမည့် တော်ဝင်မြို့အတွင်းရှိ အင်အားစု အသီးသီးမှ လူငယ် ပါရမီရှင်များပါ ပါဝင်နေခဲ့သည်။

“ စီနီယာအစ်ကို၊ သွားကြစို့ “

နင့်ယုရှင်းမှ စကားပြောလာခဲ့သည်။ ဤတစ်ကြိမ်တွင်မူ ယခင်ကကဲ့သို့ မဟုတ်ဘဲ၊ လူတော်တော်များများသည် သူမ၏ အနားတွင် စုဝေးလာခဲ့သည်။

သူမရောက်ရှိလာခဲ့သည့်နှင့်တစ်ပြိုင်နက်၊ သူမသည် များပြားလွန်းလှသော အကြည့်များကို ဆွဲဆောင်သွားခဲ့သည်။

လူတစ်ချို့သည် သူမကို နှုတ်ဆက်ရန်အတွက်ပင် ရှေ့တက်လာကြပြီ ဖြစ်သည်။ နင့်ယုရှင်းသည် လှပရုံသာလျှင် မဟုတ်ဘဲ၊ ကြွယ်ဝချမ်းသာမှုကိုပါ ပိုင်ဆိုင်ထားခဲ့လေသည်၊ သူမကို မည်သူက မကြိုက်ဘဲနေမည်နည်း။

သို့ရာတွင် သူတို့သည် သူမ၏ဘေးနားတွင် ရှိနေသည့် လူငယ်တစ်ဦးကို သတိပြုမိသွားကာ၊ မျက်မှောင်ကြုတ်သွားကြသည်။

“ နင့်မိသားစု ကောင်မလေးရဲ့ ဘေးနားမှာ ရှိနေတဲ့လူက ဘယ်သူလဲ “

“ သူတို့က ဘာလို့ ဒီလောက်တောင် ရင်းနှီးနေရတာလဲ ”

“ အဲ့ကောင်ချောလေးက ဘယ်ကရောက်လာတာလဲ၊ သူက မမလေးနင့်နဲ့ တွဲဖို့ အိမ်မက်မက်နေတာလား “

“ သူ့ကြည့်ရတာတော့ ကန်းယွင်ဂိုဏ်းက ဖြစ်မဲ့ပုံပဲ။ ငါသူ့ကို အရင်က မြင်ခဲ့ဖူးတယ် “

“ ဟုတ်သားပဲ၊ သူက လုချန်ရှန်းလေ၊ ကျိုးချင်ယုရဲ့ ဂျူနီယာညီ “

“ … “

အားလုံးသည် စတင်၍ ဆွေးနွေးပြောဆိုနေကြတော့သည်၊ အထူးသဖြင့် နင့်ယုရှင်းက လုချန်ရှန်းကို ခဏခဏ ပြုံးပြနေသည်ကို မြင်လိုက်ရသည့် အချိန်မျိုးတွင်၊ လူတစ်ချို့သည် လုချန်ရှန်းက သူတို့၏ မိန်းမများကို ထိတွေ့နေသကဲ့သို့ မကျေမနပ် ဖြစ်သွားကြသည်။

ခြံဝန်း၏ ဝင်ပေါက်ဝတွင် အကြည့်ပေါင်းများစွာ စုဝေးလာခဲ့သည်။

လူငယ်တစ်ဦးသည် စားပွဲတွင် ထိုင်နေပြီး၊ သူ့ဘေးနားတွင် ပစ္စည်းပေါင်းများစွာ ချထားခဲ့သည်။ ဂရုတစိုက် အာရုံခံကြည့်လိုက်မည်ဆိုပါက၊ ၎င်းတို့က အတော်လေး ရှားပါးသော ရတနာများ ဖြစ်သည်ဆိုသည်ကို သိရှိသွားကြမည် ဖြစ်သည်။

လူငယ်သည် စာရေးခြင်းနှင့် ပန်းချီဆွဲခြင်းတို့ကို လုပ်ဆောင်နေခဲ့သည်။

နင့်ယုရှင်း ရောက်ရှိလာသော အချိန်၌၊ သူမ၏အနောက်တွင် ရှိနေသည့် လူများသည် ဘရိုကိတ် သေတ္တာများကို ချပြလိုက်သည်၊ လူငယ်သည် ပြုံးပြလာခဲ့ပြီး၊ ၎င်းတို့ကို မှတ်သားနေတော့သည်။

လုချန်ရှန်းသည် အနည်းငယ် ဇဝေဇဝါ ဖြစ်သွားခဲ့သည်။

ထို့နောက်တွင် သူသည် နင့်ယုရှင်းနောက်မှ လိုက်ကာ ခြံဝန်းအတွင်းသို့ ဝင်သွားရန် ပြင်လိုက်သည်။ သို့သော် လူငယ်သည် မျက်မှောင်ကြုတ်သွားကာ၊ စကားစပြောလာခဲ့သည် “ နေပါဦး၊ မင်းဟာရော ဘယ်မှာလဲ “

“ ဘာလဲ “ လုချန်ရှန်းသည် စိတ်ရှုပ်ထွေးသွားခဲ့သည်။

လူငယ်မှ စကားထပ်ပြောလာခဲ့သည် “ လက်ဆောင်ပဏ္ဍာ “

“ ဘာလက်ဆောင်ပဏ္ဍာလဲ “

ထိုစကားပေါ်ထွက်လာသည်နှင့်တစ်ပြိုင်နက်၊ ဤနေရာတွင် ရှိနေကြသည့် လူတိုင်းမှာ အော်ဟစ်ရယ်မောနေကြတော့သည်။

“ လက်ဆောင်ပဏ္ဍာက ဘာလဲဆိုတာကို သူမသိဘူးလား “

“ ဟားဟားဟား၊ ဘယ်လောက်တောင် ရယ်စရာကောင်းလိုက်လဲ။ သူက အခြေခံ ယဥ်ကျေးမှုကိုတောင် နားမလည်ဘူးပဲ။ ကန်းယွင်ဂိုဏ်းက သူ့ကို ဘာမှ မသင်ပေးထားဘူးလား “

“ … “

ထိုစကားကို ကြားလိုက်ရသောအခါတွင် လုချန်ရှန်းမှာ အနည်းငယ် မျက်မှောင်ကြုတ်သွားခဲ့သည်။

နင့်ယုရှင်းမှ ရှင်းပြလာခဲ့သည် “ ဒီစုဝေးပွဲကို တော်ဝင်မိသားစုက နတ်ကောင်းကင်ဂိုဏ်းရဲ့ ကိုယ်ပိုင်တပည့်၊ ယဲ့ချင်းချန်ကို ဖိတ်ခေါ်ပြီးတော့ ကျင်းပခဲ့တာလေ။ အဲ့ဒီလက်ဆောင်တွေက သူ့အတွက်ပေါ့ “

“ ငါက သူ့ကို တွေ့ဖို့အတွက် ငွေပေးရမှာလားဟ “

လုချန်ရှန်းသည် တအံ့တဩ ဖြစ်သွားခဲ့သည်။ ငွေရှာရတာ တကယ်လွယ်တာပဲဟ

နင့်ယုရှင်းမှာလည်း မှင်သက်သွားခဲ့ပြီး၊ ဘာပြောရမှန်းမသိ ဖြစ်သွားခဲ့သည်။ သို့သော် စကားက ရိုင်းစိုင်းနေမည်ဆိုလျှင်တောင်မှ၊ ဆိုလိုရင်းက အတူတူပင် ဖြစ်လေသည်။

“ ဟက် “

လူအုပ်ကြီးသည် မထီမဲ့မြင်ပြုစွာ ရယ်မောနေတော့သည်။

ထိုအချိန်တွင် လူငယ်တစ်ဦး လမ်းလျှောက်လာခဲ့သည်။ သူ့ကို မြင်လိုက်ရသော အခါတွင်၊ လူတော်တော်များများသည် သူ့ကို အရိုအသေပြုကာ၊ နှုတ်ဆက်လာခဲ့သည်။

၎င်းသည် ဝူလျန်ဓားဂိုဏ်း၏ စီနီယာအစ်ကို၊ ဝူကျန့်ဖြစ်သည်။

ဘေးပတ်ပတ်လည်တွင် ရှိနေသည့် လူများနှင့် မျက်နှာချင်းဆိုင်လိုက်ရသောအချိန်တွင်၊ သူသည် မောက်မောက်မာမာ ဖြစ်နေခဲ့ပြီး၊ မည်သူ့ကိုမှ အသိအမှတ် မပြုခဲ့ပေ။ ထို့အစား သူသည် လုချန်ရှန်းကို အပေါ်အောက် စုံချည်ဆန်ချည် ကြည့်ရှုကာ၊ သူ၏အထင်တသေးဖြစ်နေမှုများကို မည်သို့မျှ မဖုံးကွယ်ထားခဲ့ပေ။

“ ကျိုးချင်ယုကို မမြင်ရပဲနဲ့၊ မင်းလို လူမျိုးပဲ ရောက်လာတယ်ပေါ့လေ။ ဒါကဘာသဘောလဲ “ ဝူကျန့်သည် အထင်တသေး ပြောဆိုလာခဲ့သည်။

လုချန်ရှန်းသည် မျက်မှောင်ကြုတ်သွားကာ၊ အေးအေးလူလူ ပြန်ပြောလိုက်သည် “ ဘာကိုဆိုလိုတာလဲ။ လူတွေလာလို့ မရဘူးလား။ မင်းပဲ လာလို့ရတာလား “

“ မင်း …… “

ဝူကျန့်၏ အမူအရာ မည်းမှောင်သွားခဲ့သည်။ သူသည် တစ်စုံတစ်ဦးက သူ့ကို လူကြားထဲတွင် လူမဟုတ်ဘူးဟု ပြောဆိုကာ၊ စိန်ခေါ်ရဲလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။

လူနှစ်ဦးသည် တစ်ဦးကိုတစ်ဦး စိုက်ကြည့်နေခဲ့ပြီး၊ ဝူကျန့်မှ နှာမှုတ်လာခဲ့သည် “ မင်းတို့ကန်းယွင်ဂိုဏ်းက တကယ်ကို ယဥ်ကျေးမှု မရှိဘူးပဲ။ တော်တော်လေး ရယ်စရာကောင်းတယ် “

နင့်ယုရှင်း မျက်မှောင်ကြုတ်သွားခဲ့သည်။ သူမသည် ပဋိပက္ခ မဖြစ်လိုပေ၊ ထို့ကြောင့် ကိစ္စကို ပြီးဆုံးသွားစေရန်အတွက် လက်ဆောင်တစ်ချို့ ထုတ်ပေးရန် ပြင်လိုက်သည်။

သို့ရာတွင် လုချန်ရှန်းကမူ လွန်စွာအေးဆေး တည်ငြိမ်နေခဲ့သည်။ ထိုလူ၏ ပါးစပ်မှ သူ့စီနီယာအစ်ကို၏ နာမည် အရင်ဦးဆုံး ထွက်လာခဲ့သည့်အတွက်၊ သူတို့နှစ်ဦးကြားတွင် ရန်စများ ရှိနေသည်မှာ သိသာလွန်းနေခဲ့သည်။

ဒါပင်မဲ့ သူ့ကို သွားမရှာဘဲ၊ ဘာလို့ ငါ့ကို ပစ်မှတ်ထားနေရတာလဲဟ

လုချန်ရှန်းသည် အသာအယာ သက်ပြင်းချကာ၊ အေးအေးဆေးဆေး ပြန်ပြောလိုက်သည် “ ဆိုတော့ မင်းလိုမျိုး၊ လက်ဆောင်တွေပေးနေပြီး၊ သမင်မလေးလို ဒူးထောက်နေတာကရော ရယ်စရာ မကောင်းဘူးလား “

ဤနေရာတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားခဲ့သည်။ စကားတစ်ခွန်းတည်းဖြင့် သူသည် လူတိုင်းနီးပါးကို စော်ကားလိုက်ကာ၊ များပြားလွန်းလှသော အေးစက်စက် အကြည့်များကို ဆွဲဆောင်သွားခဲ့သည်။

All Chapters