← Chapters

အခန်း (၅၈-၆၀)

Vol. 4 Ch. 58-60

အခန်း (၅၈-၆၀)

Vol. 4 Ch. 58-60

အပိုင်း ( 58 )

ကျွန်တော့်အတွက် မလွယ်ကူခဲ့ဘူး

ထိုနေရာတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားခဲ့သည်။

ရှောင်ဟေးသည် အချိန်အတော်ကြာ ငေးငိုင်သွားခဲ့သည်၊ သို့သော် သူသည် ၎င်းကို မငြင်းပယ်လိုက်ပေ။

ထိုလူသည် အမှန်တကယ် ရိုးသားနေခဲ့သည်၊ သို့သော် ၁၀၀% ဟုတ်မနေခဲ့ပေ။ ချီစုစည်းခြင်း အဆင့်၉သည် အမှန်တရားနှင့် အဆမတန် ဝေးကွာနေသေးသည်။

သို့သော် ယဲ့တျန်ရီကမူ လုချန်ရှန်း၏ စကားကို ကြားခဲ့ရပြီးသည့်နောက်တွင် အတွေးနက်သွားခဲ့သည်။

ကျိုးချင်ယုမှာလည်း အံ့ဩမှုတို့ဖြင့် မျက်လုံးများ တောက်ပသွားခဲ့သည်၊ သူသည် လုချန်ရှန်း၏ လက်ကောက်ဝတ်ကို ဆွဲယူလိုက်ပြီး၊ သူ့မျက်လုံးများ အတွင်းတွင် ရှိနေသည့် ပျော်ရွှင်မှုများကို ဖုံးမရဖိမရ ဖြစ်သွားခဲ့သည်။

သူသည် များများစားစား တွေးတောစဥ်းစားမနေဘဲ၊ လုချန်ရှန်း ပြောခဲ့သည့်အတိုင်းပင် ယုံကြည်သွားခဲ့သည်။

ယဲ့တျန်ရီမှာလည်း သူက သူ၏ဂျူနီယာညီငယ်ကို အထင်လွဲနေခဲ့မိသည်ဟု ရုတ်တရက် ခံစားသွားခဲ့ရသည်၊ ယခင်က သူ့ကို အရည်အချင်းမရှိသည့် ပေါ့ပျက်ပျက် လူတစ်ဦးဖြစ်သည်ဟုသာ ထင်နေခဲ့သော်လည်း၊ ယခုတွင်ကား သူသည်လည်း ပါရမီရှင်တစ်ဦး ဖြစ်နေပုံရသည်။

ငယ်ငယ်ရွယ်ရွယ်ဖြင့် ထိုကဲ့သို့သော အောင်မြင်မှုများကို ရရှိခြင်းသည် ပါရမီမြင့်မားသော တည်ရှိမှုတစ်ခုကို ကိုယ်စားပြုနေခြင်း ဖြစ်သည်၊ အစ်ကိုအကြီးဆုံးထပ် အနည်းငယ်မျှ နိမ့်ကျကာ၊ သူ့နှင့်တန်းတူဖြစ်နေခဲ့သည်။

အရေးအကြီးဆုံး အရာမှာ သူ၏ဓားတာအို ကျင့်ကြံမှုဖြစ်သည်။

ထို့အပြင် သူ့အား သင်ကြားပြသပေးမည့်လူ မရှိပေ၊ အကယ်၍ စနစ်တကျ လမ်းညွှန်မှုကို ခံယူရမည်ဆိုပါက၊ သူသည် ပိုမိုမြင့်မားသော အဆင့်များဆီသို့ ရောက်ရှိသွားနိုင်ပေသည်။

စီနီယာအစ်ကို နှစ်ဦးစလုံးမှာ အမှန်တကယ် ပျော်ရွှင်ဝမ်းမြောက်သွားကြသည်။

သို့ရာ၌ ယဲ့တျန်ရီထံတွင် မေးခွန်းတစ်ခု ရှိနေခဲ့သည်၊ ကျိုးချင်ယုက ဤနေရာကို သီးသန့်ခွဲထုတ်ထားသောကြောင့်၊ မည်သူက သူတို့၏ စကားဝိုင်းကို ကြားသိရမည် မဟုတ်ပေ။

“ ဂျူနီယာညီလေး၊ အဲ့တာဆိုရင် မင်းက လူတွေအထင်အမြင် လွဲသွားအောင် ပေါ့ပေါ့ပျက်ပျက် လူတစ်ယောက်အဖြစ် ဘာလို့ ဟန်ဆောင်နေခဲ့ရတာလဲ “ ဟု လုချန်ရှန်းမှ မေးမြန်းလိုက်သည်။

ကန်းယွင်ဂိုဏ်းအတွင်းရှိ လုချန်ရှန်း၏ ဂုဏ်သတင်းမှာ မည်သို့မျှ ကောင်းမွန်မနေခဲ့ပေ။

ထိုစကားကို ကြားလိုက်ရသောအခါတွင်၊ လုချန်ရှန်းသည် အသာအယာ သက်ပြင်းချနေတော့သည် “ ကျွန်တော့်ရဲ့ စွမ်းရည်တွေကို ဖုံးကွယ်ထားတာလား “

“ စွမ်းရည်တွေကို ဖုံးကွယ်ထားတာလား “

“ ဒါပေါ့၊ စီနီယာအစ်ကိုကြီးက ဓားအင်မော်တယ်လေးလေ၊ ဒုတိယ စီနီယာအစ်ကိုလည်း အဆုံးမဲ့ စွမ်းရည်တွေ ရှိတယ်။ ကျွန်တော်ကပါ လှုပ်လှုပ်ခတ်ခတ် ထပ်ဖြစ်သွားအောင် လုပ်လိုက်မယ်ဆိုရင်၊ မနာလိုမှုနဲ့ အမုန်းတရားတွေကို သေချာပေါက် ဖိတ်ခေါ်မိသွားမှာလေ၊ အဲ့တာက ချင်းယွင်တောင်ထွဋ်အတွက် မလိုလားအပ်တဲ့ ကပ်ဘေးတွေကို ဖြစ်သွားစေမှာကို ကျွန်တော် ကြောက်တယ်။ ဒုတိယ စီနီယာအစ်ကိုက ဂိုဏ်းမှာ မရှိတော့ ဘာမှမဖြစ်ဘူးလေ၊ ဒါပင်မဲ့ စီနီယာအစ်ကိုကြီးကိုတော့ အန္တရာယ်ဖြစ်သွားစေနိုင်တယ်လေ “

ထိုစကားကို ကြားလိုက်ရသောအခါတွင် ယဲ့တျန်ရီသည် မျက်ရည်ဝဲလုမတတ်ဖြစ်သွားကာ၊ ကျိုးချင်ယုမှာလည်း လွန်စွာ စိတ်ထိခိုက်သွားခဲ့သည်။

သူတို့သည် သူတို့၏ဂျူနီယာညီငယ်က သူတို့နှင့် ချင်းယွင်တောင်ထွဋ်အတွက် ထိုမျှ များများစားစား ခံစားခဲ့ရလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။

“ ဂျူနီယာညီလေး …… “ ကျိုးချင်ယုသည် တစ်စုံတစ်ခုကို ပြောချင်နေခဲ့သည်၊ သူ၏ ဂျူနီယာညီငယ်သည် သူတို့အတွက် များစွာစတေးခဲ့ရသည်၊ ၎င်းမှာ အမှန်ပင် စိတ်ထိခိုက်ဖွယ်ကောင်းလွန်းလှသည်။

လုချန်ရှန်းသည် သူ၏ဦးခေါင်းကို ခါရမ်းကာ ပြန်ပြောလိုက်သည် “ စီနီယာအစ်ကိုကြီး၊ ဘာမှ ထပ်ပြောနေဖို့ မလိုပါဘူးဗျာ။ ဒီတစ်ခါတော့ မင်းက နတ်ကောင်းကင်ဂိုဏ်းကို သေချာပေါက် ဝင်ရမယ်။ အခုအချိန်ကနေစပြီးတော့ အရာအားလုံးက မင်းအပေါ်မှာ မူတည်နေပြီ “

ကျိုးချင်ယုသည် မည်သည့်စကားမှ ထပ်မပြောလာတော့ပေ။ ယခင်က ဖြစ်ရပ်များ ပြီးဆုံးသွားခဲ့သည့်နောက်တွင် နတ်ကောင်းကင်ဂိုဏ်းက သူ့ကို ကာကွယ်ပေးရန်အတွက် အစီအစဥ်များ ပြုလုပ်ထားမည်ကို သူသိနေခဲ့သည်။

သို့ရာတွင် ယဲ့တျန်ရီကမူ သူ့ကို စိုက်ကြည့်ကာ၊ လုံးဝဆွံ့အနေခဲ့သည်။

၎င်းမှာ အံ့ဖွယ်ကောင်းလောက်အောင် စိတ်ထိခိုက်ဖွယ်ကောင်းနေခဲ့သည်။

“ ချီးပဲ “ ရှောင်ဟေးသည် မနေနိုင်တော့ဘဲ၊ ကျိန်ဆဲနေတော့သည်။

သူသည် အရှက်မရှိသည့် လူများကို မြင်တွေ့ခဲ့ဖူးသော်လည်း၊ လုံးဝ အရှက်မရှိသည့် လူမျိုးကို မမြင်တွေ့ခဲ့ဖူးချေ။ သူသည် သူ၏ စီနီယာအစ်ကိုများပင် လှည့်စားခဲ့ပြီး၊ လူသားဆန်မှု လုံးဝ ကင်းမဲ့နေခဲ့သည်၊ ၎င်းမှာ လွန်စွာ အံ့ဖွယ်ကောင်းလွန်းလှသည်။

သို့သော် သူသည် စိတ်ခံစားချက်များကို ပေါ်ပေါ်တင်တင် မဖော်ပြရဲပေ။ ဂုဏ်သိက္ခာကင်းမဲ့သည့် ထိုကဲ့သို့သော လူမျိုးနှင့် ရင်ဆိုင်နေရချိန်တွင်၊ အောင့်အီးသည်းခံရုံသာ ပြုလုပ်နိုင်တော့မည် ဖြစ်သည်၊ အကယ်၍ သူကသာ သူ့ကို ရောင်းချလိုက်ပါက မည်ကဲ့သို့ဖြစ်သွားလိမ့်မည်နည်း

သူသည် ပြန်လည်ကောင်းမွန် သက်သာလာသည်နှင့်တစ်ပြိုင်နက်၊ ချက်ချင်းထွက်သွားကာ၊ အကြွေးပြန်ဆပ်မည် ဖြစ်သည်။ အချိန်အရမ်းကြာရှည်သွားမည်ဆိုပါက၊ အတိုးများပါ ပါဝင်ပတ်သက်လာကာ ဆုံးရှုံးမှု ကြီးမားသွားမည်ကို သူကြောက်နေခဲ့သည်။

ထိုလူက မည်ကဲ့သို့သော လူဖြစ်သနည်း။ အကယ်၍ ကောင်းကင်ဘုံကပင် ထိုလူ့ကို ကြည့်မရတော့ဘဲ၊ မိုးကြိုးပစ်ချလိုက်မည်ပါက၊ သူကပါ ပဲလှော်ကြား ဆားညပ်နေသကဲ့သို့ ဖြစ်သွားနိုင်ပေသည်။

၎င်းကို တွေးမိရုံဖြင့်ပင် သူကြက်သီးထသွားခဲ့သည်။

ထိုစဥ် အလင်းတံခါးပေါက်မှာလည်း ပွင့်ဟလာခဲ့သည်၊ အားလုံးသည် ထိုနေရာသို့ ငေးကြည့်နေကြတော့သည်။

လုရွှမ်သည် စကားမပြောဘဲ၊ အောက်သို့ ငုံ့ကြည့်လိုက်သည်။

ယွဲ့ပြည်ထောင်အတွင်းရှိ အမျိုးမျိုးသော ဂိုဏ်းများထံမှ ရောက်ရှိလာသော လူနှစ်ထောင်ကျော်သည် ဟင်းလင်းပြင်တစ်ခုအတွင်းသို့ ဝင်ရောက်ကာ၊ စမ်းသပ်မှု အမျိုးမျိုးကို ခံယူရမည် ဖြစ်သည်၊ အဆုံးတွင် နောက်ဆုံးအချိန်အထိ ကျန်နေခဲ့သည့် လူအယောက်သုံးဆယ်ကသာလျှင် နတ်ကောင်းကင်ဂိုဏ်းသို့ ဝင်ရောက်နိုင်မည် ဖြစ်သည်။

ပြိုင်ပွဲမစခင် အချိန်မှာပင် သူတို့သည် မည်သူများက အောင်မြင်သွားမလဲဆိုသည်ကို အကြမ်းဖျင်း သိရှိနေခဲ့သည်။

သို့ရာတွင် မျှတမှုရှိစေရန် အလို့ငှာ ထိုကဲ့သို့သော လုပ်ငန်းစဥ်တစ်ခုကို လိုအပ်နေသေးသည်။

မြင်းနက်များ ပေါ်ထွက်လာကာ၊ အောင်မြင်မှုကို ဆွတ်ခူးနိုင်ခြင်းမှာလည်း ထူးဆန်းသော ကိစ္စတစ်ခု ဟုတ်မနေခဲ့ပေ။

အတိတ်တွင် ပုန်းကွယ်နေခဲ့သည့် ရတနာတစ်ချို့ ရှိနေခဲ့ဖူးသည်၊ အလွန်တရာ ထူးချွန်ပြောင်မြောက်နေခြင်း မဟုတ်သော်လည်း၊ သူတို့သည် နောက်ဆုံးအချိန်အထိ ဇွဲရှိရှိ ကြိုးစားခဲ့ကြပြီး၊ စမ်းသပ်မှုအားလုံးကို ကျော်ဖြတ်ကာ၊ အဆုံးတွင် နတ်ကောင်းကင်ဂိုဏ်းသို့ ဝင်ရောက်နိုင်ခဲ့ကြသည်။

ထို့ကြောင့် ဤလူများကို အခွင့်အရေးတစ်ခု ပေးခဲ့ခြင်း ဖြစ်သည်။

စည်းမျဥ်းစည်းကမ်းများမှာ ရိုးရှင်းနေခဲ့သည်၊ နောက်ဆုံး အချိန်အထိ ကျန်နေခဲ့သော လူအယောက်သုံးဆယ်(သို့) ဆုံးမှတ်သို့ အရင်ဦးဆုံး ရောက်ရှိလာခဲ့သည့် လူအယောက်သုံးဆယ်အား အနိုင်ရသူများအဖြစ် သတ်မှတ်လိုက်မည် ဖြစ်သည်။

ချက်ချင်းဆိုသလိုပင် ကောင်းကင်ထက်မှာ အလင်းတန်းပေါင်းများစွာ ကျဆင်းလာခဲ့သည်၊ အပြင်ဘက်ရှိ တံခါးပေါက်ထံသို့ ဦးတည်နေသည့် လမ်းကြောင်းများအဖြစ် အသွင်ပြောင်းသွားခဲ့သည်။

၎င်းကို မြင်လိုက်ရသောအခါတွင် လူအုပ်ကြီးတစ်ခုလုံး လှုပ်ရှားလာကြတော့သည်။

အရှေ့သော်လည်းကောင်း၊ အနောက်သော်လည်းကောင်း၊ မည်သည့်နေရာမှ ဝင်လာခဲ့ပါစေ၊ အတွင်းသို့ ရောက်ရှိလာသူတိုင်းသည် နေရာအနှံ့ရောက်ရှိကာ၊ လူစုကွဲသွားကြမည် ဖြစ်သည်။ ၎င်းသည် လူတစ်ဦးက သူ၏ စီနီယာအစ်ကို(သို့) အစ်မတို့၏ ကာကွယ်ပေးမှုအား မှီခိုနေမည်ကို ကာကွယ်တားဆီးခြင်း ဖြစ်သည်။ နတ်ကောင်းကင်ဂိုဏ်းသည် တရားမျှတမှုကို လွန်စွာတန်ဖိုး ထားလေသည်။

လုချန်ရှန်းသည် ဟင်းလင်းပြင်အတွင်းသို့ ဝင်ရောက်သွားသည့် ကန်းယွင်ဂိုဏ်း တပည့်များ၏ အနောက်သို့ လိုက်သွားသောကြောင့်၊ သတ်ဖြတ်လိုစိတ်တို့ဖြင့် ပြည့်နှက်နေသော အကြည့်ပေါင်းများစွာသည် သူ့အပေါ်သို့ ကျရောက်လာခဲ့သည်။

ယွဲ့လင်း၊ ဝူကျန့်နှင့် တစ်ခြားလူများသည် သတ်ဖြတ်လိုစိတ်အပြည့်ဖြင့် ဖြစ်နေခဲ့သည်။ ထိုလူသည် သူတို့က ယဲ့ချင်းချန်ကို ဆန့်ကျင်နေသကဲ့သို့ ဖြစ်သွားစေပြီး၊ လူအမြောက်အများ၏ ရှေ့တွင် သူတို့အားလုံးကို မျက်နှာပျက်သွားရစေခဲ့လေသည်။

“ ဘာပဲဖြစ်ဖြစ် သူ့ကို အဲ့နေရာပဲ ထာဝရ အိပ်စက်သွားအောင် လုပ်ရမယ် “ ယွဲ့လင်း၏ အသံမှာ အလွန်တရာ အေးစက်နေခဲ့သည်။

လုချန်ရှန်းမှာလည်း ထိုလူများက သူ့အား အလွတ်ပေးမည်မဟုတ်ဘူးဆိုသည်ကို မှန်းဆမိနေခဲ့သည်၊ သို့သော် သူသည် ၎င်းတို့ကို မည်သို့မျှ ဂရုမစိုက်ပေ။

ဟင်းလင်းပြင်၏ အတွင်းပိုင်းတွင် လူသားတို့၏ အရိပ်အယောင်ကို မမြင်တွေ့ရသော မြင့်မားသည့် တောင်တန်းကြီးများနှင့် ရှည်လျားသော လမ်းမများ ရှိနေခဲ့သည်။ အဆုံးတွင် မည်သူက ငိုသွားရမလဲဆိုသည်ကို ကံတရားက သတ်မှတ်ထားခဲ့ပြီးသား ဖြစ်သည်။

ရှောင်ဟေးသည် စိတ်စွမ်းအားကို ဖြန့်ကျက်ထားသောကြောင့် ထိုလူများ၏ စကားဝိုင်းကို ကြားနေခဲ့ရပြီး၊ မအောင့်ထားနိုင်တော့ဘဲ၊ စကားပြောလာခဲ့သည် “ ငါတော့ သူတို့အတွက် တကယ်စိတ်မကောင်းဘူး၊ သူတို့က မင်းလို မွန်းစတားမျိုးနဲ့မှ တွေ့သွားရတယ်ကွာ “

“ အဲ့တာက ငါ့အမှားလား “

“ တကယ်တော့ ငါတော်တော်လေးကို ဝေခွဲမရဖြစ်နေတယ်။ နတ်ကောင်းကင်ဂိုဏ်းက ဘယ်လို စွမ်းရည်နဲ့ ဆွဲဆောင်မှုမျိုး ရှိနေလို့ မင်းက ဝင်ပြိုင်နေရတာလဲ။ မင်းရဲ့ အနေအထားနဲ့ဆိုရင် မြင့်မြတ်နယ်မြေတွေနဲ့ ရှေးဟောင်းဂိုဏ်းကြီးတွေကတောင်မှ မင်းကို ခေါ်ချင်ကြမှာပဲလေ။ ဒီကိုလာတာက အချိန်ဖြုန်းနေတာပဲ မဟုတ်ဘူးလား “

လုချန်ရှန်းသည် နှစ်ကြိမ်ခန့် နှာခေါင်းရှုံ့ကာ၊ ပြန်ပြောလိုက်သည် “ ငါပျင်းနေလို့လေ “

သူသည် ကန်းယွင်ဂိုဏ်းတွင်သာ ဆက်နေကာ၊ အိမ်တွင်းအောင်းချင်နေခဲ့သည်၊ သို့သော် ဘိုးဘေးကြောင့် ဤနေရာသို့ ရောက်လာခဲ့ရလေသည်။

ရှောင်ဟေးမှ စကားထပ်ပြောလာခဲ့သည် “ လုချန်ရှန်း၊ မင်းက ကိစ္စတွေကို နားမလည်သေးပါဘူးကွာ။ မင်းကို အခွင့်အလမ်းတစ်ချို့ ရဖို့အတွက် ငါကူညီပေးမယ်၊ မင်းကငါ့ကို ပြန်ကူညီပေးလေ၊ ဘယ်လိုလဲ “

“ အနက်လေး၊ မင်းက ငါ့ကို ထပ်ပြီးတော့ အသုံးချချင်နေပြန်ပြီလား “

“ အသုံးချတာ မဟုတ်ပါဘူး၊ အလဲအလှယ်ပါ “

“ ဘာအလဲအလှယ် “

“ ငါကမင်းကို လျှို့ဝှက်ချက်တွေ ပြောပြပြီးတော့၊ အခွင့်အလမ်းတွေ ရှာဖို့ ကူညီပေးမယ်၊ မင်းက ငါ့ကို စိတ်ဝိညာဥ်ဆေးတွေ ပြန်ရှာပေး၊ ဘယ်လိုလဲ “ ဟု ရှောင်ဟေးမှ ထပ်ပြောလိုက်ကာ၊ သူ၏သဘောထားကို တီးခေါက်ကြည့်နေတော့သည်။

“ ဘာအခွင့်အလမ်းလဲ “

လုချန်ရှန်းသည် တုံးအမနေခဲ့ပေ၊ သူသည် ရှင်းရှင်းလင်းလင်း သိရရန်အတွက် အရင်ဦးဆုံး မေးမြန်းထားမည် ဖြစ်သည်။

“ မင်းအဲ့နေရာကို ဝင်သွားတာနဲ့ ငါပြောပြမယ်။ အဲ့တာရဲ့ တန်ဖိုးက ဝိညာဥ်ကျောက်တုံး တစ်သန်းအောက် မနိမ့်ဘူး “

ဝိညာဥ်ကျောက်တုံး ၁သန်းဆိုသည့် စကားလုံးကို ကြားလိုက်ရသောအခါတွင်၊ လုချန်ရှန်း၏ မျက်လုံးများ တောက်ပသွားခဲ့သည်၊ သူသည် မနေနိုင်တော့ဘဲ မေးမြန်းလိုက်သည် “ မင်းက ငါနဲ့အတူ ပူးပေါင်းပြီးတော့ မင်းကို ရောင်းချင်ယောင်ဆောင်ပြီး၊ လူသတ်၊ ဓားပြတိုက်ဖို့ ကြံနေတာလား “

“ ငါ …… “ ရှောင်းဟေးသည် အံ့ဩတုန်လှုပ်သွားခဲ့သည်။

မင်းလို ပါရမီရှင်တစ်ယောက်က ဒီလိုအရှက်မရှိတဲ့ လုပ်ရပ်မျိုးတွေကိုပဲ တွေးနေတာလားဟ။ သူသည် သူ့အရှေ့တွင် ရှိနေသည့် ဆယ်ကျော်သက် လူငယ်လေးထပ် ဘယ်အရာကမှ ကြောက်ဖို့မကောင်းဘူးဟု ခံစားသွားခဲ့ရသည်။

မကြာခင် အချိန်မှာပင် သူတို့သည် ဟင်းလင်းပြင်အတွင်းသို့ ဝင်ရောက်လာခဲ့သည်။

ဟင်းလင်းပြင်ဟု ခေါ်ဆိုသော်လည်း၊ ၎င်းသည် ကန်းယွင်လျှို့ဝှက်နယ်မြေကဲ့သို့ ကမ္ဘာငယ်တစ်ခုနှင့် များစွာတူညီနေခဲ့သည်။

သူတို့ အရှေ့တွင် ရှိနေသည့်အရာမှာ တိတ်ဆိတ်ငြိမ်သက်ကာ၊ နီရဲနေသည့် ကမ္ဘာမြေတစ်ခု ဖြစ်နေခဲ့သည်။

ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်သည့် အချိန်တွင်၊ ကြမ်းတမ်းသော လေပြင်းတစ်ခု ချက်ချင်းတိုက်ခတ်လာခဲ့သည်။ ပျံသန်းနေသော သဲများနှင့် ကျောက်တုံးများအကြားတွင် ဓားကဲ့သို့သော လေပြင်းများ ပါဝင်နေခဲ့ပြီး၊ သူတို့၏ ခန္ဓာကိုယ်များကို ကုတ်ဖဲ့ပွတ်တိုက်သွားခဲ့သည်။ သာမန်ကျင့်ကြံသူများသည် အရှေ့သို့ ခြေတစ်လှမ်းပင် တိုးနိုင်လိမ့်မည် မဟုတ်ပေ။

ကျယ်လောင်သော အော်ဟစ်သံတစ်သံ ပေါ်ထွက်လာခဲ့သည်၊ လုချန်ရှန်းသည် အနည်းငယ် အံ့ဩသွားခဲ့သည်။ သူ၏ စိတ်စွမ်းအား ပျံ့လွင့်သွားကာ၊ သူသည် လူတော်တော်များများက ၎င်းကို တောင့်မခံနိုင်ဘဲ၊ လေပြင်းများနှင့်အတူ လွင့်ပါးပျောက်ကွယ်သွားသည်ဆိုသည်ကို မြင်တွေ့လိုက်ရသည်။

ထိုလူများက ပြိုင်ပွဲမှ ဖယ်ရှားခံလိုက်ရသည့်အလား ဖြစ်နေခဲ့သည်။

သို့ရာတွင် ထိုအရာများသည် သူ့အပေါ်တွင် မည်သည့်အကျိုးသက်ရောက်မှုမှ ရှိမနေခဲ့ပေ။ သူသည် သူ၏အရှိန်အဝါကို ဖုံးကွယ်ကာ၊ အရှေ့သို့ ဖြည်းဖြည်းချင်း လမ်းလျှောက်သွားနေတော့သည်။

သူသည် ဤနေရာကို သဘောမကျသောကြောင့် ဤနေရာမှ ထွက်သွားရန် ကြံရွယ်ထားခဲ့သည်။

အရာအားလုံး စတင်လာခဲ့ပြီဖြစ်သောကြောင့် သက်လတ်ပိုင်းလူတစ်ဦးသည် ဤဟင်းလင်းပြင်အတွင်းသို့ ရောက်ရှိလာခဲ့သည်။ သူသည် ဟင်းလင်းပြင်တစ်ခုလုံးကို မြင်နေနိုင်ပုံရကာ၊ လူတိုင်းကို စောင့်ကြည့်နေခဲ့သည်။

သူသည် ဤနေရာ၏ အရှင်သခင် ဖြစ်ပြီး၊ အရာအားလုံးက သူ၏ထိန်းချုပ်မှုအောက်တွင် ရှိနေသကဲ့သို့ ရွေးချယ်ခြင်း ဖြစ်စဥ်တစ်ခုလုံးကို စောင့်ကြည့်နေလျက်ရှိသည်။

…………………………………………………………………………………………………………………………………

အပိုင်း ( 59 )

သူဘယ်မှာလဲ

ထိုအချိန်တွင် သူ၏ဘေးနားသို့ မိန်းမပျိုလေးတစ်ဦး ရောက်ရှိလာခဲ့သည်။

“ကိုးယောက်မြောက် မမလေး “ ထိုလူသည် မိန်းမပျိုကို ကြည့်ကာ၊ စကားပြောလိုက်သည်။

မိန်းမပျိုမှ ပြန်ပြောလာခဲ့သည် “ အိမ်တော်ထိန်း ပိုင်ဂျန်၊ ကိစ္စရဲ့ တိုးတက်မှုဖြစ်စဥ်ကို မေးဖို့အတွက် ကျွန်မကို အမိန့်ပေးလိုက်တယ် “

“ စိတ်ချလက်ချ နေလို့ရပါတယ်၊ ဂျူနီယာ သိုင်းပညာဦးလေး၊ အရာအားလုံးက ထိန်းချုပ်မှုအောက်မှာ ရှိနေပါတယ်။ ကျွန်တော်က သတ်မှတ်ထားတဲ့ တာဝန်တွေကို သေချာကိုင်တွယ်မှာပါ။ ကန်းယွင်ဂိုဏ်းက လူသုံးယောက်ကို သေချာစောင့်ကြည့်ထားပါ့မယ်၊ ဘာပြဿနာမှ မဖြစ်စေရပါဘူး “

“ ကောင်းပြီလေ၊ ရှင့်ရဲ့ ဒုက္ခတွေ/ကြိုးစားအားထုတ်မှုအတွက် ကျေးဇူးတင်ပါတယ်၊ အိမ်တော်ထိန်း ပိုင်ဂျန်။ ဒီကိစ္စက စည်းမျဥ်းစည်းကမ်းတွေကို ချိုးဖောက်ပြီးတော့ အန္တရာယ်များတယ်၊ တကယ်လို့ တစ်ခြားဘုန်းတော်ကြီး သုံး‌ယောက်က ဒီကိစ္စကို သိသွားမယ်ဆိုရင်တောင်မှ၊ သူတို့က ရှင့်ကို ကာကွယ်ပေးလိမ့်မယ် “ ဟု မိန်းမပျိုမှ ထပ်ပြောလာခဲ့သည်။

ပိုင်ဂျန်သည် တွေဝေတုံ့ဆိုင်းနေခြင်း မရှိဘဲ၊ လေးလေးနက်နက် ခေါင်းငြိမ့်ပြလိုက်သည်။

ထို့နောက်တွင် သူသည် မိန်းမပျိုလေး၏ ထွက်ခွာသွားမှုကို စောင့်ကြည့်နေခဲ့သည်။ သူသည် သူ၏ စိတ်စွမ်းအားကို ကျိုးချင်ယုနှင့် ယဲ့တျန်ရီတို့ဆီသို့ ပို့လွှတ်လိုက်ကာ၊ သူတို့ထံတွင် အမှတ်အသား ပြုလုပ်လိုက်သည်။

အရာအားလုံးကို လုပ်ခဲ့ပြီးသည့်နောက်မှာပင် သူသည် အမူအရာ ကင်းမဲ့နေသေးသည်။ သို့ရာ၌ တတိယမြောက် အမှတ်အသားကို ပြုလုပ်ရန် ကြိုးပမ်းလိုက်သည့် အချိန်တွင်၊ သူသည် တစ်ခုခု မှားယွင်းနေသည်ကို ရှာတွေ့သွားခဲ့သည်။

“ တစ်ယောက် ကျန်သေးတယ် မဟုတ်ဘူးလား။ သူ ဘယ်မှာလဲ “

ပိုင်ဂျန် မျက်မှောင်ကြုတ်သွားခဲ့သည်။ သူတို့အားလုံး ဝင်လာခဲ့သည့် အချိန်တွင်၊ ထိုလူသုံးဦးစလုံး ရှိနေသည်ဆိုသည်ကို သူသိနေခဲ့သည်၊ သို့သော် မျက်စိတစ်မှိတ်အတွင်းမှာပင်၊ တတိယမြောက်လူ ပျောက်ဆုံးသွားခဲ့သည်။

သူမည်မျှ ကြိုးစားနေခဲ့ပါစေ၊ ထိုလူ့ကို အာရုံမခံနိုင်ခဲ့ပေ။

ထပ်မံ၍ ကြည့်ရှုစစ်ဆေးလိုက်သော်လည်း၊ မည်သည့်လှုပ်ရှားမှုမှ မဖြစ်ပေါ်လာခဲ့ပေ။

“ သူဖယ်ထုတ်ခံလိုက်ရပြီလား။ ဒါပင်မဲ့ ခဏလေးပဲ ရှိသေးတယ်လေ “

ပိုင်ဂျန်၏ အမူအရာသည် မသာမယာ ဖြစ်သွားခဲ့သည်။ ဂရုတစိုက် တွေးတော၊ စဥ်းစားခဲ့ပြီးသည့်နောက်၌ ဖြစ်နိုင်ခြေတစ်ခုတည်းသာလျှင် ရှိနေတော့သည်။

လုချန်ရှန်းက အမှိုက်ဆိုသည်ကို သူသိနေခဲ့သော်လည်း၊ ထိုမျှလောက်အထိ အသုံးမကျ ဖြစ်နေလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။ ဝင်လာတာနဲ့ ချက်ချင်းဖယ်ထုတ်ခံလိုက်ရတာလား။ ဒီလောက်တောင် အားနည်းတဲ့ လူက ပြိုင်ပွဲမှာ ဘယ်လိုလုပ် ဝင်ပြိုင်နိုင်ရတာလဲဟ

“ ချီးပဲ၊ အခုတော့ ငါဘာလုပ်ရတော့မှာလဲ “

ပိုင်ချန်သည် တစ်ကိုယ်တည်း ရေရွတ်ပြောဆိုကာ၊ ခေါင်းကိုက်သွားခဲ့သည်။ သူသည် ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရှုရင်းဖြင့်၊ အတွေးနက်သွားခဲ့သည်။

တစ်ချိန်တည်းမှာပင် လုချန်ရှန်းသည် သဲမုန်တိုင်းအတွင်းတွင် စိန်ပြေနပြေ လမ်းလျှောက်ကာ၊ သဲများကို ကျဆင်းခွင့်ပြုထားလိုက်သည်။ လေပြင်းများလည်း အဆက်မပြတ် တိုက်ခတ်နေလျက်ရှိသည်၊ သို့သော် ၎င်းတို့သည် သူ့အပေါ်တွင် မည်သည့်အကျိုးသက်ရောက်မှုမှ ရှိမနေခဲ့ပေ။

ထိုကဲ့သို့သော စွမ်းအားမျိုးသည် အူတိုင်ဖွဲ့စည်းခြင်း ကျင့်ကြံသူများကိုပင် ခြိမ်းခြောက်နိုင်လိမ့်မည် မဟုတ်ပေ၊ ချီသိပ်သည်ခြင်း အဆင့်၅ အထက်မှ ပညာရှင်များကိုပင် တားဆီးနိုင်လိမ့်မည် မဟုတ်ပေ။

ထိုကဲ့သို့ ဆိုလျှင်တောင်မှ၊ ၎င်းသည် ဤနေရာအတွင်းသို့ ဝင်ရောက်လာသော လူပမာဏ၏ သုံးပုံတစ်ပုံကျော်ကို ဖယ်ထုတ်နိုင်ခဲ့သည်။

ထိုစဥ် သဲမုန်တိုင်းမှာ ရုတ်တရက် ရပ်တန့်သွားခဲ့သည်။

သူ၏မှန်းဆချက်များအရ၊ ၎င်းသည် ပထမဦးဆုံး စမ်းသပ်မှုဖြစ်သည်။ အတွင်းပိုင်းသို့ ရောက်ရှိသွားသည်နှင့်တစ်ပြိုင်နက်၊ အသစ်အသစ်သောအတားအဆီးများသည် နောက်ဆုံး လူအယောက်သုံးဆယ်သာလျှင် ကျန်နေတော့မည့် အချိန်အထိ အဆက်မပြတ် ပေါ်ထွက်လာလိမ့်မည် ဖြစ်သည်။

(သို့) ပထမဦးဆုံးသော လူအယောက်သုံးဆယ်က ပန်းတိုင်သို့ ရောက်ရှိသွားသည်အထိ ပေါ်ထွက်လာမည် ဖြစ်သည်။

လုချန်ရှန်း၏ မြင်ကွင်းအတွင်းသို့ တောင်တန်းများ ဝင်ရောက်လာခဲ့သည်၊ ခြေတစ်လှမ်း ဆက်လှမ်းလိုက်ရာ၊ တောင်တစ်လုံးက သူ့အပေါ်သို့ ကျဆင်းလာသကဲ့သို့ ဖြစ်နေသည့် လေးလံသော ခံစားချက်တစ်ခု ချက်ချင်းပေါက်ထွက်လာခဲ့သည်။

သူသည် ခြေလှမ်းတိုင်းတွင် လေးလံသော စွမ်းအားကို သယ်ဆောင်နေခဲ့ရသည်။

“ ဒီနေရာက လူတစ်ဝက်ကျော်လောက်ကို ဖယ်ထုတ်နိုင်လောက်တယ်။ နတ်ကောင်းကင်ဂိုဏ်းရဲ့ စမ်းသပ်မှုတွေက တကယ်ထူးဆန်းတာပဲ။ သဲတွေကို စစ်ထုတ်နေတယ်ပေါ့ “

လုချန်ရှန်းသည် လျှာတသပ်သပ် ဖြစ်သွားခဲ့သည်။ အစပိုင်းတွင် သူသည် ပြည်ထောင်စစ်ပွဲက သတ်ဖြတ်ခြင်းနှင့် တိုက်ခိုက်ခြင်းတို့သာ ပြုလုပ်ရမည်ဟု ထင်နေခဲ့ခြင်း ဖြစ်သည်။ သို့သော် ၎င်းသည် ဤမျှပျင်းရိဖွယ်ကောင်းသော စမ်းသပ်မှုတစ်ခုသာ ဖြစ်နေခဲ့သည်။

တစ်ခဏခန့် တွေးတောစဥ်းစားနေခဲ့ပြီးသည့်နောက်တွင်၊ သူသည် သူ၏ ဒုတိယစီနီယာအစ်ကိုကို ရှာဖွေရန်အတွက် ထပ်မံ၍ လှုပ်ရှားနေတော့သည်။

ဤနေရာသို့ ရောက်မလာခင် အချိန်တွင်၊ သူသည် ကျိုးချင်ယုက ချုံခိုတိုက်ခိုက်ခြင်းနှင့် အုပ်စုဖွဲ့ တိုက်ခိုက်ခြင်းတို့ ခံရမည်ကို စိုးရိမ်ပူပန်နေခဲ့သည်၊ သို့သော် ယခုတွင်ကား သူစိုးရိမ်ပူပန်နေရန် မလိုအပ်တော့သည့်ပုံပင်။ ဤကဲ့သို့သော စမ်းသပ်မှုမှာ သူ့ကို မည်သို့မျှ ခြိမ်းခြောက်နိုင်လိမ့်မည် မဟုတ်ပေ။

သူသည် သူ၏စီနီယာအစ်ကို နှစ်ဦးစလုံးကို နတ်ကောင်းကင်ဂိုဏ်းသို့ ပို့ပေးချင်နေခဲ့သည်။ ထိုနည်းလမ်းနှင့်သာဆိုပါက သူ၏နောင်အနာဂတ် လမ်းခရီးက ပိုမိုချောမွေ့လွယ်ကူနေလိမ့်မည် ဖြစ်သည်။

၎င်းမှာ တွေးတောစဥ်းစားရုံဖြင့်ပင် စိတ်လှုပ်ရှားဖွယ်ကောင်းနေခဲ့သည်။

“ အစ်ကိုလု “

လုချန်ရှန်းက သူ၏ အနာဂတ်အကြောင်းကို စိတ်ကူးယဥ်နေစဥ် အချိန်တွင်၊ တစ်စုံတစ်ဦးသည် အနောက်မှ လိုက်မှီလာခဲ့သည်။

“ ညီအစ်ကို ယွဲ့လား၊ ဘယ်လောက်တောင် တိုက်ဆိုင်လိုက်လဲ “

ရောက်ရှိလာသူမှာ ယွဲ့မင်ပင် ဖြစ်သည်။

လုချန်ရှန်းသည် စောင်းရွဲ့ပြောဆိုလိုက်ခြင်း မဟုတ်ပေ၊ ၎င်းက အမှန်တကယ် တိုက်ဆိုင်နေခြင်း ဖြစ်သည်။ ဤနေရာသို့ ဝင်ရောက်လာခဲ့ပြီးသည့်နောက်တွင် အားလုံးသည် လူစုကွဲသွားကာ၊ နေရာအသီးသီးသို့ ရောက်ရှိသွားခဲ့ကြသည်။ လူနှစ်ဦး ဆုံတွေ့နိုင်သော်လည်း၊ အသိအကျွမ်းဟောင်း(သို့) မိတ်ဆွေဟောင်းများ ပြန်တွေ့ခြင်းကမူ ဖြစ်နိုင်ခြေ နည်းပါးလွန်းနေခဲ့သည်။

ယွဲ့မင်သည် ပြုံးလာခဲ့ပြီး၊ တအံ့တဩဖြစ်နေသည့် မျက်လုံးများဖြင့် လုချန်ရှန်းကို ကြည့်လာခဲ့သည်။

ယခင်က နယ်မြေသည် သာမန် ချီသိပ်သည်းခြင်းအဆင့် ပညာရှင်များအတွက် အလွန်တရာ ခက်ခဲနေခဲ့သော်လည်း၊ ထိုလူသည် ဤနေရာသို့ပင် စောစီးစွာ ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။

လုချန်ရှန်း၏ စိတ်ထဲတွင်လည်း တူညီသော အတွေးတစ်ခု ဖြစ်တည်လာခဲ့သည်။ ယွဲ့မင်သည် အများဆုံးအနေနှင့် အသက်နှစ်ဆယ်(သို့) နှစ်ဆယ့်သုံးအရွယ်မျှသာ ရှိနေသေးသည်၊ သို့သော် သူသည် ချီသိပ်သည်းခြင်း အဆင့်၈အထိ ရောက်ရှိအောင် ကျင့်ကြံထားနိုင်ခဲ့သည်။ ၎င်းက အမှန်ပင် အံ့ဖွယ်ကောင်းနေခဲ့သည်။

“ တိုက်ဆိုင်တယ်လို့လည်း မဟုတ်ပါဘူး၊ ဒီကိုရောက်လာတဲ့ အချိန်ကတည်းက ကျွန်တော်က အစ်ကိုလုကို လိုက်ရှာနေတာလေ။ ကံကောင်းလို့ ခင်ဗျားဆီကို ရောက်လာတာပါဗျာ “ ယွဲ့မင်သည် တဟားဟား ရယ်မောနေတော့သည်။

“ မင်းက ငါ့ကို ဘာလို့ လိုက်ရှာနေတာလဲ “

“ အရင်ကိစ္စကြောင့်ပဲပေါ့။ ကျွန်တော့်ရဲ့ တော်ဝင်အစ်ကို၊ စီနီယာအစ်ကို ဝူကျန့်နဲ့ တစ်ခြားလူတွေက အငြှိုးအတေးတွေကို ဆုပ်ကိုင်ထားနေတုန်းပဲလေ။ သူတို့က ခင်ဗျားကို မသတ်ရမချင်း ရပ်သွားမှာ မဟုတ်ဘူး။ အဲ့ကိစ္စကြောင့်ပဲ သူတို့က လူတစ်ချို့ကိုတောင် ဖိတ်ခေါ်ထားကြသေးတယ်။ ခင်ဗျားကို သတ်နိုင်သရွေ့၊ သူတို့က ဝိညာဥ်ကျောက်တုံး တစ်သိန်းရသွားကြမှာ “

ယွဲ့မင်မှ လေးလေးနက်နက် ပြန်ပြောလာခဲ့သည်။ ၎င်းက ပေါ့သေးသေး ကိစ္စတစ်ခု မဟုတ်ပေ။ ဝိညာဥ်ကျောက်တုံး တစ်သိန်းသည် လူတော်တော်များများ(သို့) ဂိုဏ်းတစ်ချို့ကိုပင် ရူးသွားစေရန် လုံလောက်သည်ထပ် ပိုနေခဲ့သည်။

ကန်းယွင်ကဲ့သို့သော ဂိုဏ်းမျိုးကပင် တစ်နှစ်လျှင် ဝိညာဥ်ကျောက်တုံး သုံးသောင်းသာ ရရှိနေခဲ့သည်။ တစ်သိန်းဆိုသည့် ပမာဏသည် သုံးနှစ်တာ အမြတ်ငွေထပ်ပင် များပြားနေခဲ့သည်။

သို့ရာတွင် လုချန်ရှန်းကမူ ထိုစကားကိုကြားကာ၊ ပေါက်ကွဲသွားခဲ့သည် “ ငါက အဲ့လောက်တောင် တန်ဖိုးမဲ့တာလား၊ တစ်သိန်းတည်းလား “

ယွဲ့မင် မှင်သက်သွားခဲ့သည်။

အချိန်အတော်ကြာ တိတ်ဆိတ်နေခဲ့ပြီးသည့်နောက်တွင် သူသည် စကားထပ်ပြောလိုက်သည် “ တည်းလား ဆိုတာက ဘာကို ဆိုလိုတာလဲ “

“ ဘာမှ မဟုတ်ဘူး “ လုချန်ရှန်းသည် သူ၏ဦးခေါင်းကို ခါရမ်းပြလိုက်သည်။

ယခင်ကသာဆိုပါက သူသည် သူက ဝိညာဥ်ကျောက်တုံး တစ်သိန်းတန်သည်ဟု ကြားလိုက်ရသောကြောင့်၊ တအံ့တဩ ဖြစ်သွားခဲ့မည် ဖြစ်သည်။ သို့သော် ဝိညာဥ်ကျောက် တစ်သန်း ဆုကြေးထုတ်ခံထားရသည့် အနက်လေး(ရှောင်ဟေး)နှင့် ဆုံခဲ့ရသည့် အချိန်ကတည်းက၊ သူ၏ အမြင်မှာ ပိုမိုကျယ်ပြန့်သွားခဲ့သည်။

တစ်သန်းထပ် လျော့နည်းနေမည်ဆိုပါက၊ ဆုကြေးအဖြစ် မည်ကဲ့သို့ သတ်မှတ်နိုင်တော့မည်နည်း

ယွဲ့မင်သည် တိတ်ဆိတ်ငြိမ်သက်သွားခဲ့သည်။ တစ်ခါတစ်ရံတွင် လုချန်ရှန်း၏ တုံ့ပြန်မှုများမှာ လူများကို ကြောင်အမ်းအမ်း ဖြစ်သွားစေခဲ့သည်။

တစ်ခဏ အကြာတွင် လုချန်ရှန်းမှ စကားထပ်ပြောလိုက်သည် “ မင်းရဲ့ စိုးရိမ်ပေးမှုအတွက် ကျေးဇူးတင်ပါတယ်၊ ညီအစ်ကိုယွဲ့ “

‌” ကျွန်တော်တို့က သူငယ်ချင်းတွေပဲလေ၊ ယဥ်ကျေးနေဖို့ မလိုပါဘူးဗျာ။ သူက ခင်ဗျားကို သတ်ချင်နေပြီဆိုမှတော့ ကျွန်တော်တို့က မဟာမိတ်တွေ ဖြစ်နေပြီပေါ့ဗျာ “

“ မဟာမိတ်လား “

“ ဟုတ်တယ် “

လုချန်ရှန်းသည် ပတ်ဝန်းကျင်ကို ငေးမောကြည့်ရှုကာ ပြန်ပြောလိုက်သည် “ ဒါဆိုရင် ငါတို့က ဘာလို့ မပူးပေါင်းကြရတာလဲ “

“ ကျွန်တော်တို့က ဘယ်လိုပူးပေါင်းမလို့လဲ “

“ မင်းက ငါ့ကို ဝိညာဥ်ကျောက်တုံး တစ်သိန်းပေးလိုက်၊ ယွဲ့ပြည်ထောင်ကို ထိန်းချုပ်ဖို့အတွက် ငါမင်းကို ကူညီပေးမယ်။ အခုကစပြီးတော့ ငါတို့က တစ်လှေတည်းစီးကြမယ်။ မင်းက ကန်းယွင်ဂိုဏ်းကို ကြည့်ရှုစောင့်ရှောက်ပေးပေါ့၊ ဘယ်လိုလဲ “

“ ယွဲ့ပြည်ထောင်ကို ထိန်းချုပ်ဖို့ ကူညီပေးမှာလား “

ယွဲ့မင် အတွေးနက်သွားခဲ့သည်။

သို့ရာတွင် သူသည် လျင်မြန်စွာ သတိပြန်ဝင်သွားခဲ့သည်။ လုချန်ရှန်းက ဘာမှမဟုတ်သော်လည်း၊ သူ့ထံတွင် သူ၏စီနီယာအစ်ကို ရှိနေခဲ့သည်။ ထို့အပြင် သူသည် ယဲ့ချင်းချန်နှင့် သူ၏ဆက်ဆံရေးနှင့် နတ်ကောင်းကင်ဂိုဏ်းတွင် ရှိနေသော သူ၏ဂျူနီယာညီမတို့ပါ တွေးမိသွားခဲ့သည်။

သူ၏နောက်ခံက အနည်းငယ် ကြောက်မက်ဖွယ်ကောင်းသည်ဟုပင် ဆိုနိုင်ပေသည်။

“ ကောင်းပြီလေ “

ယွဲ့မင်သည် ပြတ်ပြတ်သားသား ခေါင်းငြိမ့်ကာ၊ ဝိညာဥ်ကျောက်တုံးများကို ထုတ်ပေးလာခဲ့သည်။

ယွဲ့လင်းနှင့် ယှဥ်ပြိုင်ရန်အတွက် သူသည်လည်း စည်းစိမ်ဥစ္စာများကို စုဆောင်းထားခဲ့သည်။ သူ့ထံတွင် ဝိညာဥ်ကျောက်တုံး တစ်သိန်း ရှိနေခဲ့သည်။

သူသည် လုချန်ရှန်းအား မည်ကဲ့သို့ စီစဥ်ထားလဲဆိုသည်ကိုပင် မမေးလိုက်ပေ။ သူသည် ထိုလူက မရိုးရှင်းဘူးဟုသာ အမြဲလိုလို ခံစားနေခဲ့ရသည်။

“ မင်းက ပြိုင်ပွဲကို အရင်သွားပြိုင်ထားလိုက် “

ထိုစကားကို ကြားလိုက်ရသောအခါတွင် ယွဲ့မင်သည် ခါးသက်သက် ပြုံးနေတော့လေသည်။ အစတွင် သူသည် အတူတူ ခရီးသွားရန် ကြံရွယ်ထားခြင်း ဖြစ်သည်၊ သို့သော် တစ်ဖက်လူသည် ဝိညာဥ်ကျောက်တုံးများကို ယူကာ၊ သူ့အား ချက်ချင်းထွက်သွားရန် ပြောလာခဲ့သည်။ ၎င်းမှာ လိမ်လည်လှည့်ဖျားနေသည့်အလား ဖြစ်နေခဲ့သည်။

အဆုံးတွင် ယွဲ့မင် ထွက်ခွာသွားခဲ့သည်။

လုချန်ရှန်းသည် ဝိညာဥ်ကျောက်တုံးများကို ကိုင်ကာ၊ စိတ်ကျေနပ်စွာဖြင့် ခေါင်းငြိမ့်နေတော့သည်။

“ ဒီလူငယ်လေးက တကယ်ကို ရိုးသား၊ ပြတ်သားတာပဲ။ သူက အောင်မြင်မှု ကြီးကြီးမားမားရမှာ သေချာတယ် “

သူသည် သူ့ကို ချီးကျူးနေခဲ့သည်၊ သို့သော် သူသည် မည်ကဲ့သို့ ကူညီပေးရမလဲဆိုသည်ကို တိတိကျကျ မပြောလိုက်ပေ။ နည်းလမ်းပေါင်းများစွာ ရှိနေခဲ့ပြီး၊ အသုံးအဝင်ဆုံး နည်းလမ်းမှာ ယွဲ့လင်းကို ဤနေရာမှာပင် သတ်ဖြတ်လိုက်ခြင်း ဖြစ်သည်၊ သေလူတစ်ဦးသည် အသက်ရှင်နေသော လူတစ်ဦးနှင့် မည်သို့မျှ ယှဥ်ပြိုင်နိုင်လိမ့်မည် မဟုတ်ပေ။

ထို့အပြင် ယွဲ့မင်ကို နတ်ကောင်းကင်ဂိုဏ်းဆီသို့ ပို့ပေးနိုင်ပေသည်၊ နတ်ကောင်းကင်ဂိုဏ်း၏ အကာအကွယ်နှင့်သာဆိုပါက၊ ယွဲ့လင်းသည် သူနှင့် ယှဥ်ပြိုင်နိုင်တော့မည် မဟုတ်ပေ။

၎င်းတို့က အလုပ်မဖြစ်ဘူးဆိုပါက၊ ဤနေရာမှ ထွက်သွားပြီးသည့်နောက်တွင် ယွဲ့လင်းကို အမဲလိုက်နိုင်ပေသည်။

ယနေ့ခေတ် ကမ္ဘာတွင် အငြှိုးအတေး မရှိသည့် လူဟူ၍ မရှိပေ။

ထိုအချိန်တွင် ရှောင်ဟေးမှ စကားထပ်ပြောလာခဲ့သည် “ မင်းက ဒီမှာတောင် ငွေရှာနေတာလားဟ။ မင်းဆီမှာ ဝိညာဥ်ကျောက်တုံးတွေ ပြတ်လပ်နေတာလား “

“ မင်းကို ငါ ကယ်တင်ပေးရမလား “

လုချန်ရှန်း ဆွံ့အသွားခဲ့သည်။ အကယ်၍ သူ့ထံတွင် ဂုဏ်သိက္ခာအနည်းငယ် ကျန်မနေခဲ့ဘူးဆိုပါက၊ အနက်လေးက ကာကွယ်ခ ဝိညာဥ်ကျောက်တုံး တစ်သန်းကျော် ပေးမည်ဟု မပြောခဲ့ဘူးဆိုပါက၊ သူဤငှက်ကို ကင်စားလိုက်သည်မှာ အတော်ပင် ကြာနေခဲ့ပြီ ဖြစ်သည်။

ရှောင်ဟေးသည် တစ်ခဏခန့် တွေးတောစဥ်းစားနေခဲ့ကာ၊ စကားထပ်ပြောလာခဲ့သည် “ အရင်က ငါပြောခဲ့တဲ့အတိုင်းပဲ မင်းကို အခွင့်အလမ်းတစ်ခု ရှာပေးဖို့ ငါကူညီပေးမယ်။ မင်းက ငါ့ကို စိတ်ဝိညာဥ်ဆေးတစ်ချို့ ရှာဖို့ ကူညီပေး “

“ ဘာအခွင့်အလမ်းလဲ “

“ ပုလဲအရင်းအမြစ် အကြောင်းကို မင်းသိလား “

“ တစ်ခါမှ မကြားဖူးဘူး “ လုချန်ရှန်းသည် သူ၏ဦးခေါင်းကို ခါရမ်းပြလိုက်သည်။

ရှောင်ဟေးမှ စကားထပ်ပြောလာခဲ့သည် “ မင်းက ကျင့်ကြံရေးအတွက် ဝိညာဥ်ကျောက်တုံးတွေကို လိုချင်နေတာမလား။ ပုလဲအရင်းအမြစ်မှာက ကောင်းကင်နဲ့ ကမ္ဘာမြေရဲ့ ဝိညာဥ်ချီ ပမာဏ အများကြီးပါတယ်၊ အဲ့တာက မင်းကို အချိန်အတော်ကြာ ကျင့်ကြံနိုင်စေလိမ့်မယ်။ တကယ်လို့ အဲ့တာကို ရောင်းလိုက်မယ်ဆိုရင်လည်း၊ ဝိညာဥ်ကျောက်တုံး အများကြီး ရလိမ့်မယ် “

“ မင်းဆီမှာ အဲ့လို ပစ္စည်းကောင်းမျိုး ရှိတာလားဟ “

ကောင်းကင်နှင့် ကမ္ဘာမြေ၏ ဝိညာဥ်ချီ ပမာဏ အမြောက်အများဟု ကြားလိုက်ရသောအခါတွင် လုချန်ရှန်း၏ မျက်လုံးများ တောက်ပသွားခဲ့သည်။

ရှောင်းဟေးမှ ပြန်ပြောလာခဲ့သည် “ ငါ့ဆီမှာ မရှိဘူး၊ ဒါပင်မဲ့ အဲ့တာတွေက ဒီနေရာမှာ ရှိတယ် “

…………………………………………………………………………………………………………………………………

အပိုင်း ( 60 )

ပုလဲအရင်းအမြစ်

ရှောင်ဟေး၏ စကားသည် လုချန်ရှန်း၏ သိလိုစိတ်ကို နှိုးဆွသွားခဲ့သည်။

လုချန်ရှန်းသည် ပတ်ဝန်းကျင်ကို လှည့်ပတ်စစ်ဆေးကြည့်ကာ၊ ဖြည်းဖြည်းချင်း ပြန်ပြောလိုက်သည် “ ငါ့ကို အသေးစိတ်ပြောပြ “

တစ်ခဏခန့် တွေးတောစဥ်းစားနေခဲ့ပြီးသည့်နောက်တွင်၊ ရှောင်းဟေးမှ ထပ်မံ၍ ပြောပြလိုက်သည် “ ပုလဲအရင်းအမြစ်က ရှားပါးတဲ့ တည်ရှိမှုတစ်ခုပဲ။ သန့်စင်ရခက်ပြီးတော့ တော်တော်ကြီးကို တန်ဖိုးကြီးတယ်။ အဲ့တာက ဝိညာဥ်ချီကို ပမာဏ အများကြီး သိုလှောင်ထားနိုင်တယ်။ မင်းအခုရောက်နေတဲ့ ဟင်းလင်းပြင်လိုပဲ၊ အဲ့တာရဲ့ လည်ပတ်မှု အကုန်လုံးက ပုလဲအရင်းအမြစ်ရဲ့ စွမ်းအားကြောင့်ပဲ “

“ ဘာဖြစ်တယ် “

သူသည် အနည်းငယ် အံ့ဩသွားခဲ့သည်။

ရှောင်ဟေးမှ စကားထပ်ပြောလာခဲ့သည် “ ဒီနေရာက အဲ့ဒီ လျှို့ဝှက်နယ်မြေဆိုတာတွေနဲ့ မတူဘူး။ လျှို့ဝှက်နယ်မြေ ဆိုတာက သက်ဆိုင်ရာ နိယာမတွေ၊ ကွင်းဆက်တွေနဲ့ ဖွဲ့စည်းထားတဲ့ ကမ္ဘာငယ်တစ်ခုပဲ၊ အဲ့တာက ဝိညာဥ်ချီကို ထုတ်လုပ်နိုင်စွမ်းရှိတယ် “

“ ဒါပင်မဲ့ ဒီနေရာမာရှိတဲ့ ဟင်းလင်းပြင်ကတော့ သိပ်မကြာခင် အချိန်ကမှ ဖန်တီးထားတာ နိယာမတွေ ကွင်းဆက်တွေ မမွေးဖွားသေးဘူး။ လည်ပတ်မှုကို ထိန်းသိမ်းထားဖို့အတွက် စွမ်းအင်ထောက်ပံ့မှုကို လိုအပ်တယ်၊ အဲ့တာကြောင့် ဒီနေရာက ဝိညာဥ်ချီ ထောက်ပံ့ဖို့အတွက် ပုလဲအရင်းအမြစ်တစ်ခုကို လိုအပ်တယ် “

သူသည် ပုလဲအရင်းအမြစ်၏ ဇစ်မြစ်နှင့် ဟင်းလင်းပြင်နှင့် လျှို့ဝှက်နယ်မြေအကြားရှိ ခြားနားချက်ကို အသေးစိတ် ရှင်းပြပေးနေခဲ့သည်။

၎င်းတို့ကို နားထောင်ရခြင်းသည် လူတစ်ဦးကို မိန်းမောသွားစေပေသည်။

တစ်ခဏ အကြာတွင် လုချန်ရှန်းမှ စကားထပ်ပြောလိုက်သည် “ မင်းက ပုလဲအရင်းအမြစ်က ဘယ်မှာ ရှိနေလဲဆိုတာကို ရှာနိုင်လား “

“ အဲ့တာက သိပ်မခက်ပါဘူး။ ငါက ဟင်းလင်းပြင်တာအိုကို လေ့လာခဲ့တယ်လေ၊ အဲ့တာကြောင့် ဖြစ်နိုင်ခြေရှိတဲ့ တည်နေရာကို ရှာနိုင်တယ် ”

“ ပုလဲအရင်းအမြစ်ကို ယူဖို့ ခက်လား “

“ အရမ်းကြီးမခက်ပါဘူး။ သူတို့က အဲ့တာကို ကာကွယ်ဖို့အတွက် အစီအရင်တွေ များများစားစား မချထားလောက်ဘူး “ ရှောင်ဟေးသည် အမှန်အတိုင်း ပြောပြလိုက်သည်။

“ ဘာလို့လဲ “

“ ဘာလို့လဲဆိုတော့ သာမန်အခြေအနေတွေအောက်မှာဆိုရင်၊ မင်းလိုလူမျိုးက ဒီနေရာကို မရောက်လာတတ်ဘူးလေ “

“ ငါ့လိုလူဆိုတာက ဘာစကားကြီးလဲ။ ငါက ဘယ်လိုလူမျိုးမို့လို့လဲ “

လုချန်ရှန်းသည် မကျေမနပ် ဖြစ်သွားခဲ့သည်။ မင်းပြောပေါက်ကြီးက မသိရင်၊ ငါက လူဆိုးကြီး ဖြစ်နေသလိုပဲ

ရှောင်ဟေးသည် တဟားဟား ရယ်မောနေတော့သည်။ ဘာလဲ စာလုံးပေါင်းပြရဦးမှာလား

သို့ရာတွင် သူသည် ထိုနေရာတွင် အစောင့်မရှိသော်လည်း၊ ထိုနေရာသို့ ရောက်ရှိရန်အတွက် အနည်းငယ်မျှ ကြိုးစားအားထုတ်ရမည်ဆိုသည်ကို သိနေခဲ့သည်။ ချီသိပ်သည်ခြင်းနှင့် အူတိုင်ဖွဲ့စည်းခြင်း ပညာရှင်များကမူ ထိုနေရာသို့ ရောက်ရှိလိမ့်မည် မဟုတ်ပေ။

“ အဲ့တာဆိုရင် ငါတို့က ဘာကို စောင့်နေကြတာလဲ။ သွားကြမယ်လေ “ လုချန်ရှန်းသည် စိတ်မရှည်ဖြစ်သွားခဲ့သည်။

ရှောင်ဟေးမှ ပြန်ပြောလိုက်သည် “ နေဦး၊ အဲ့ကိစ္စမတိုင်ခင် အချိန်မှာ၊ မင်းသိရမဲ့ ကိစ္စတစ်ခု ရှိသေးတယ် ”

“ ဘာလဲ “

“ နတ်ကောင်းကင်ဂိုဏ်းရဲ့ တပည့်ရွေးပွဲအတွက် ဟင်းလင်းပြင်တစ်ခုချင်းစီတိုင်းမှာ မာလိန်မှူးတစ်ယောက် ရှိတယ်၊ အဲ့လူက မွေးရာပါ ဝိညာဥ်အထက်က အစွမ်းထက် ပညာရှင်တစ်ယောက် ဖြစ်နေတတ်တယ်။ ငါတို့က သူသတိမထားမိတဲ့ အချိန်အတွင်းမှာ မြန်မြန်ဆန်ဆန် လှုပ်ရှားမှ ဖြစ်မယ်၊ အဲ့လိုမှ မဟုတ်ဘူးဆိုရင် ပြဿနာ တက်သွားလိမ့်မယ် “

( စောင့်ကြည့်နေတဲ့လူ၊ ထိန်းချုပ်နေတဲ့လူ၊ ခေါင်းဆောင်လိုလူကို ပြောတာပါ၊ ဖတ်ရအဆင်ပြေအောင် မာလိန်မှူးလို့ သုံးလိုက်တာပါ )

ရှောင်ဟေးမှ အမှန်အတိုင်း ပြောပြလာခဲ့သည်။

လုချန်ရှန်းသည် ထပ်မံ၍ မေးမြန်းလိုက်သည် “ သူက ပုလဲအရင်းအမြစ်ကို ကာကွယ်နေတာလား “

“ ပုံမှန်ဆိုရင်တော့ နီးနီးနားနားမှာ ရှိနေတတ်တယ်။ အနီးမှာ ရှိနေမှ သူက အရာအားလုံးရဲ့ ပြောင်းလဲမှုတွေကို ထိန်းချုပ်နိုင်မှာ “

“ ဘာပဲဖြစ်ဖြစ်ပါလေ၊ အရင်ကြိုးစားကြည့်လိုက်ကြတာပေါ့ “

ထို့နောက်တွင် သူသည် ထိုနေရာသို့ ခေါ်သွားရန်အတွက် ရှောင်ဟေးကို ပြောလိုက်သည်။

သူ၏ ပြောစကားများအရ ပုလဲအရင်းအမြစ်တွင် ဝိညာဥ်ချီ ပမာဏ အမြောက်အများ ပါဝင်နေပြီး၊ ၎င်းကို ဝိညာဥ်ကျောက်တုံးများအဖြစ် ပြောင်းလဲမည်ဆိုပါက၊ သိန်းနှင့်ချီ၍ ရရှိမည် ဖြစ်သည်။ ထို့အပြင် ၎င်းသည် ဤနေရာ၏ လည်ပတ်မှုကို ထိန်းသိမ်းနေရသည်။

နှောင့်နှေးနေသည့် အချိန်တိုင်းတွင် ဝိညာဥ်ချီများကို ဆက်တိုက် ဆုံးရှုံးနေရမည် ဖြစ်သည်။ ၎င်းကို တွေးတောစဥ်းစားခြင်းမှာ သူ၏ နှလုံးသား နာကျင်ကိုက်ခဲသွားစေခဲ့သည်။ သူသည် ထပ်မံ၍ စောင့်ဆိုင်းမနေချင်တော့ပေ။

သူသည် ရှောင်ဟေး၏ လမ်းညွှန်မှုအောက်တွင် အရှေ့သို့ တဟုန်ထိုး ပြေးလွှားနေခဲ့သည်။ တစ်ခြားလူများအတွက် တောင်သဖွယ် လေးလံနေခဲ့သည့် ဖိအားသည် သူ့အတွက် ဘာမှမဟုတ်သည့်အလား ဖြစ်နေခဲ့သည်။

သူ၏ ဆံချည်မျှင်တစ်မျှင်ပင် မထိခိုက်သွားခဲ့ပေ။

အရှေ့ဘက်ရှိ တောအုပ်ထံမှ ကျားဟိန်းသံများ ဟိန်းထွက်လာခဲ့ပြီး၊ များပြားလွန်းလှသော သားရဲအရိပ်များ ပေါ်ထွက်လာခဲ့သည်။ သူတို့သည် ပုံရိပ်ယောင်များဖြစ်သည်၊ သို့သော် ၎င်းတို့သည် ကြောက်မက်ဖွယ်ကောင်းသော တိုက်ခိုက်ရေး စွမ်းအားကို ပိုင်ဆိုင်ထားကာ၊ ဤနေရာမှ လူများဖြတ်သန်းသွားလာခြင်းကို တားဆီးနေခဲ့သည်။

၎င်းတို့မှာလည်း စမ်းသပ်မှုများပင် ဖြစ်သည်၊ တစ်ခုပြီးတစ်ခု ဆက်တိုက်ပေါ်ထွက်ကာ၊ ပိုမိုခက်ခဲလာခဲ့လေသည်။

သို့ရာတွင် ၎င်းတို့သည် သူ့ကို မည်သို့မျှ မထိခိုက်သွားစေခဲ့ပေ။

သူသည် အနက်ရှိုင်းဆုံး နေရာသို့ ဝင်မသွားခဲ့ပေ။ အာရုံခံမှုအရ ပုလဲအရင်းအမြစ်သည် ဟင်းလင်းပြင်၏ အလယ်ပိုင်းတွင် တည်ရှိနေခဲ့သည်။

မကြာခင် အချိန်မှာပင် လုချန်ရှန်းသည် ထိုနေရာသို့ ရောက်ရှိလာခဲ့သည်၊ သူသည် ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရှုကာ၊ ရှောင်ဟေးက သူ့အတွက် တည်နေရာ အတည်အကျ ရှာဖွေပေးမည်ကို စောင့်ဆိုင်းနေခဲ့သည်။

တစ်ချိန်တည်းမှာပင် ပိုင်ဂျန်သည် တောင်ထိပ်ပေါ်တွင် မတ်တပ်ရပ်နေလျက်ရှိသည်၊ သူ၏အနားတွင် လေပြင်းများ တိုက်ခတ်နေခဲ့သည်။ သူသည် အရာအားလုံးကို မြင်တွေ့နေနိုင်သကဲ့သို့ အဝေးသို့ ငေးကြည့်နေခဲ့သည်။

သူသည် လူတိုင်း၏ တိုးတက်မှုဖြစ်စဥ်များကို အာရုံခံမိနေခဲ့သည်။ စမ်းသပ်မှုနှစ်ခုမျှသာ ပြီးဆုံးသေးသော်လည်း၊ လူတစ်ဝက်ကျော်အထိ ဖယ်ထုတ်ခံလိုက်ရပြီ ဖြစ်သည်။

တတိယမြောက် စမ်းသပ်မှုအတွက် လူငါးပုံတစ်ပုံသာလျှင် ကျန်နေခဲ့သည်။

၎င်းမှာ မှန်းဆချက် အတွင်းတွင်သာ ရှိနေသေးသည်။

သူသည် အရှေ့ဆုံးမှ လျှောက်လှမ်းနေသူကိုပါ လေ့လာစောင့်ကြည့်နေခဲ့သည်။

“ အဲ့ဒီကျိုးချင်ယုက တကယ်ကို မရိုးရှင်းဘူးပဲ။ သူက စတုတ္ထမြောက် စမ်းသပ်မှုကိုတောင် ကျော်ဖြတ်သွားပြီ။ အထက်လူကြီးတွေသူ့ကို မျက်စိကျနေတာက အံ့ဩစရာတော့ မဟုတ်ဘူးပဲ “

“ ပြီးတော့ ယဲ့တျန်ရီ၊ သူက ချီသိပ်သည်းခြင်း အဆင့်၇မှာပဲ ရှိနေသေးပင်မဲ့၊ သူကလည်း ဇွဲလုံ့လရှိတယ်၊ စွမ်းရည်ကလည်း တော်တော်လေး ထူးခြားတယ် “

“ အဲ့ဒီကန်းယွင်ဂိုဏ်းက တကယ်ကို တစ်ခုခုတော့ တစ်ခုခုပဲ “

ပိုင်ဂျန်သည် အရာအားလုံးကို အာရုံခံကာ တစ်ကိုယ်တည်း ရေရွတ်ပြောဆိုနေခဲ့သည်၊ သို့သော် သူသည် အကြိမ်ပေါင်းများစွာ ရှာဖွေခဲ့သော်လည်း၊ လုချန်ရှန်း၏ အငွေ့အသက်ကို မည်သို့မျှ မရှာနိုင်ခဲ့ပေ။

ထိုအတွေးနှင့်အတူ သူသည် သူ၏လက်ကို ဝေ့ရမ်းလိုက်သည်၊ ဟင်းလင်းပြင်အတွင်းတွင် အပြောင်းအလဲများ ဖြစ်တည်လာခဲ့သည်။ သူကြားနေရသည့် လေပြင်းသံများက ပိုမိုကျယ်လောင်လာခဲ့ပြီး၊ ဤကမ္ဘာကြီးမှာလည်း ဆူညံလာခဲ့သည်။

“ လူအများကြီး ကျန်နေသေးတယ်၊ ကြည့်ရတာတော့ အခက်အခဲကို မြှင့်လိုက်ရတော့မဲ့ပုံပဲ “

သူ၏စကားလုံးများ ပေါ်ထွက်လာသည်နှင့်တစ်ပြိုင်နက်၊ ပတ်ဝန်းကျင်တွင် အရိပ်ပေါင်းများစွာ ပိုမိုပေါ်ထွက်လာသည်ကို သူမြင်တွေ့လိုက်ရသည်။

သူသည် ၎င်းကို စောင့်ကြည့်နေရင်းဖြင့်၊ စိတ်ကျေနပ်စွာဖြင့် ခေါင်းငြိမ့်နေတော့သည်၊ သို့သော် ရုတ်တရက်ဆိုသလိုပင် သူသည် တစ်စုံတစ်ခုကို အာရုံခံမိသွားခဲ့သည် “ ခုနက ဘာကြီး ဖြတ်ပြေးသွားတာလဲဟ “

တစ်ချို့သော အကြောင်းပြချက်များကြောင့် သူသည် ထိုနေရာမှာ တစ်စုံတစ်ခု ဖြတ်သန်းသွားသည်ဟု ခံစားလိုက်ရသည်။

၎င်းကို စစ်ဆေးကြည့်ရှုလိုက်သည့် အချိန်တွင်မူ၊ သူသည် မည်သည့်အရာကိုမှ ရှာမတွေ့ခဲ့ပေ။

“ ငါအမြင်မှားသွားတာများလား “

သူ၏ စိတ်စွမ်းအားသည် အကြိမ်အနည်းငယ်ခန့် ပျံ့လွင့်သွားခဲ့သည်၊ မည်သည့်မူမမှန်မှုမှ မရှိဘူးဆိုသည်ကို အတည်ပြုခဲ့ပြီးသည့်နောက်တွင် သူသည် ထပ်မံ၍ ရှာဖွေမနေတော့ပေ။

ဤဟင်းလင်းပြင်သည် အသစ်ဖွဲ့စည်းထားသည့် အရာတစ်ခု ဖြစ်နေသောကြောင့်၊ မတည်မငြိမ်ဖြစ်နေသော နေရာများ သေချာပေါက် ရှိနေမည် ဖြစ်သည်။

သူစိတ်သက်သာရာရစွာဖြင့် သက်ပြင်းချကာ၊ သူ၏အလုပ်များကို ဆက်လုပ်ရန် ပြင်လိုက်သည့် အချိန်မှာပင်၊ သူသည် တစ်စုံတစ်ခုကို ရုတ်တရက် အာရုံခံမိသွားပြီး၊ သူ့အနောက်တွင် ရှိနေသည့် တောင်ထိပ်ပေါ်သို့ ရုတ်တရက် လှည့်ကြည့်ကာ၊ မျက်မှောင်ကြုတ်သွားခဲ့သည်။

အဆိုပါတောင်သည် တိမ်တိုက်များထံသို့ ရောက်ရှိသည်အထိ မြင့်မားနေကာ၊ ခမ်းနားထည်ဝါနေလျက်ရှိပြီး၊ အလင်းတန်းတို့ဖြင့် တောက်ပနေကာ၊ ၎င်းတို့သည် ကောင်းကင်ပြင်တွင် ပျော်ပါးကခုန်နေကြသည်၊ စွမ်းအင်စီးကြောင်းတို့မှာလည်း အောက်ဘက်သို့ စီးကျနေကာ၊ နေရာအနှံ့ ပျံ့လွင့်သွားခဲ့သည်။

ထိုနေရာသည် ပုလဲအရင်းအမြစ်၏ တည်နေရာပင် ဖြစ်သည်။

ပိုင်ဂျန်သည် ထူးဆန်းမှုကို အာရုံခံမိနေခဲ့ပြီး၊ ခြေတစ်လှမ်းလှမ်းကာ တောင်ထိပ်ပေါ်သို့ ဦးတည်သွားခဲ့သည်။

တစ်ချိန်တည်းမှာပင် လုချန်ရှန်းမှာလည်း ထိုနေရာသို့ ရောက်ရှိလာခဲ့သည်။ သူသည် အလယ်ဗဟိုတွင် ရှိနေသည့် ရှေးကျကာ၊ လျှို့ဝှက်ဆန်းကြယ်သော အရှိန်အဝါတစ်ခုကို ထုတ်လွှတ်နေသည့် ယဇ်ပုလ္လင်တစ်ခုကို မြင်တွေ့လိုက်ရသည်။

ယဇ်ပုလ္လင်၏ အလယ်ဗဟိုတွင် လက်မအရွယ်မျှရှိသည့် ပုလဲတစ်လုံး မျောလွင့်နေလျက်ရှိသည်၊ ၎င်းသည် လုံးဝိုင်းနေကာ၊ မှင်ကဲ့သို့ မည်းနက်နေခဲ့သည်၊ သို့သော် ၎င်းသည် တလက်လက် တောက်ပနေပြီး၊ သိပ်သည်းသော ဝိညာဥ်ချီများကို အဆက်မပြတ် ထုတ်လွှတ်နေခဲ့သည်၊ အဆိုပါ ချီများသည် ဝိညာဥ်စွမ်းအားအဖြစ် အသွင်ပြောင်းကာ၊ အဝေးသို့ စီးဆင်းသွားခဲ့သည်။

၎င်းကို မြင်လိုက်ရသောအချိန်၌ သူ၏မျက်နှာပေါ်တွင် အပြုံးတစ်ခု ဖြစ်တည်လာခဲ့သည်။ ရှေ့တက်ရန် ပြင်လိုက်သည့် အချိန်တွင် သူသည် သူ့ကို တွန်းထုတ်လာသည့် တွန်းကန်အားတစ်ခုကို ခံစားလိုက်ရသည်။

၎င်းသည် အင်အားကြီး မြစ်တစ်စင်းကဲ့သို့ မြင့်တက်လာသည့် ဝိညာဥ်ချီပင် ဖြစ်သည်။

ထို့ကြောင့်ပင် သူတအံ့တဩ ဖြစ်သွားခဲ့သည်၊ ဝိညာဥ်ချီတွေ အများကြီးပဲ၊ အရင်က ငါဝါးမြိုခဲ့တဲ့ တောင်တွေဆီက ဝိညာဥ်ချီထပ်တောင် ပိုပြီးတော့ သိပ်သည်းနေတယ်

ရှောင်ဟေးသည် သူ၏တုံ့ပြန်မှုကြောင့် ဆွံ့အသွားခဲ့သည်၊ ဒီလူက ပစ္စည်းကောင်းလေးတွေကို မတွေ့ဖူးဘူးလားဟ

လုချန်ရှန်းသည် ပြုံးစိစိဖြစ်သွားကာ၊ လှုပ်ရှားရန် ပြင်လိုက်သည်၊ ထိုအချိန်တွင် သူသည် တစ်စုံတစ်ဦး ချဥ်းကပ်လာနေသည်ကို အာရုံခံမိသွားခဲ့သည်။

ရှောင်ဟေးသည်လည်း စကားထပ်ပြောလာခဲ့သည် “ မာလိန်မှူးက ငါတို့ကို သတိပြုမိသွားပြီနဲ့တူတယ် “

ထိုအချိန်တွင် လုချန်ရှန်းသည် ရှေ့သို့ ခြေတစ်လှမ်းလှမ်းလိုက်သည်၊ သူ၏ပုံရိပ်သည် ပုံရိပ်ယောင်တစ်ခုကဲ့သို့ မူလနေရာမှ ပျောက်ကွယ်သွားခဲ့သည်။

ပိုင်ဂျန်သည် တောင်ထိပ်ပေါ်သို့ ဆင်းလာခဲ့ပြီး၊ ပတ်ဝန်းကျင်ကို ကြည့်ရှုစစ်ဆေးနေတော့သည်၊ ပုလဲအရင်းအမြစ်သည် ပုလ္လင်အထက်တွင် မျောလွင့်နေစဲဖြစ်ပြီး၊ အရာအားလုံးက ပုံမှန်အတိုင်းသာ ဖြစ်နေပုံရသည်။

သို့သော် သူသည် တစ်စုံတစ်ခုက ဤနေရာသို့ ချဥ်းကပ်လာသည်ဟု ယခုလေးတင် အာရုံခံမိခဲ့လေသည်။

“ ဘာတွေ ဖြစ်နေတာလဲဟ “

ပိုင်ဂျန်၏ အမူအရာ လေးနက်သွားသည်။ သူသည် တစ်ခုခုမှားယွင်းနေသည်ဟု ခံစားနေခဲ့ရသည်။ သူ၏စိတ်စွမ်းအားကို ဖြန့်ကျက်လိုက်သော်လည်း၊ မည်သည့်မူမမှန်မှုကိုမှ ရှာမတွေ့ခဲ့ပေ။

“ လှည့်စားမှုတစ်ခုလား “

ပိုင်ဂျန်သည် တစ်ကိုယ်တည်း ရေရွတ်ပြောဆိုကာ၊ သူ၏စိတ်စွမ်းအားကို ရုတ်သိမ်းလိုက်သည်၊ တစ်ချိန်တည်းမှာပင်၊ သူသည် သူ့အနောက်တွင် တစ်စုံတစ်ခု ပေါ်ထွက်လာသည်ဟု ရုတ်တရက် ခံစားလိုက်ရသည်။ ချက်ချင်းနောက်ကြည့်လိုက်ရာ၊ သူ၏အမြင်အာရုံအတွင်းသို့ အရိပ်မည်းတစ်ခု ဝင်‌ရောက်လာခဲ့သည်။

တစ်စုံတစ်ခုသည် သူ၏နဖူးကို အားပါပြင်းထန်စွာ တိုက်ချလာခဲ့သည်၊ သူမည်သို့မျှ မတုံ့နိုင်ခဲ့ဘဲ၊ မျက်လုံးများ ချက်ချင်းအမှောင်ကျကာ၊ သတိလစ်သွားခဲ့သည်။

“ သူက မာလိန်မှူးဆိုတာလား “

ပိုင်ဂျန်၏ အရှေ့၌

လုချန်ရှန်းသည် ဘုရင်အဆင့် မှော်ပစ္စည်းဖြစ်သည့်၊ ပေအနည်းငယ်မျှ မြင့်မားသော မီးဖိုတစ်ခုကို ကိုင်ဆောင်ထားပြီး၊ သူ့အရှေ့တွင် ရှိနေသည့်လူကို စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးနေခဲ့သည်။

All Chapters