← Chapters

အခန်း (၁၁၅-၁၁၆)

Vol. 12 Ch. 115-116

အခန်း (၁၁၅-၁၁၆)

Vol. 12 Ch. 115-116

အခန်း ၁၁၅ - ပျံလွှားငှက်နှစ်ကောင်

လေလွင့်ကျင့်ကြံသူသည် သူ့လမ်းစဉ်၏ ကျယ်ပြန့်သော သိမြင်နှံ့စပ်မှုကို အသုံးချပြီး သူ၏ တိုက်ခိုက်ရည်ခွန်အားကို မြင့်တက်လာစေ၏။

သူက အစစ်အမှန်ကိုယ်ခံပညာသိုင်းသမားတစ်ဦး မဟုတ်သော်လည်း အမျိုးမျိုးသော ကိုယ်ခံပညာနည်းစနစ်များကို သိရှိထား၏။ ဤတစ်ခေါက်မှာ သူက ဖီးနစ်စိမ်းတပ်ဖွဲ့၏ အစဉ်ပြောင်းလဲလက်ဝါးနည်းစနစ်ကို အသုံးပြုလိုက်သည်။ သူ့ခန္ဓာကိုယ်က ခန့်မှန်းရခက်စွာ ရွေ့လျားနေပြီး သူ၏ လက်ဝါးကနေ လေခွင်းသံထွက်ပေါ်နေ၏။ သူက ကျန်းယွဲ့လု၏ တစ်ဖက်သွားဓားကို ရှောင်တိမ်းရင်း သူ့ခန္ဓာကိုယ်ကို ပုံရိပ်ယောင်ကဲ့သို့ ထင်ရစေသည်။

သူက ရုတ်တရက် ရှေ့သို့ခုန်ထွက်ပြီး လက်နှစ်ဖက်ကိုမြှောက်ကာ ကျန်းယွဲ့လုကို ဆက်တိုက်ရိုက်ချလိုက်၏။

ဤလှုပ်ရှားကွက်က မြန်ဆန်၍ လျှပ်တပြက်ဆန်သည်။ ထို့ကြောင့် ကျန်းယွဲ့လုက ရှောင်တိမ်းဖို့အချိန်မရဘဲ သူမ၏ ဒြပ်စင်ငါးမျိုးချီဒိုင်းကာကိုသာမှီခို၍ လက်ဝါးရိုက်ချက်များကို တောင့်ခံလိုက်ရသည်။

ကိုယ်ခံပညာသိုင်းသမားသည် သူ၏ ခွန်အားကုန်ကိုသုံး၍ ဒြပ်စင်ငါးမျိုးချီဒိုင်းကာကို အနိုင်နိုင်ချိုးဖျက်နိုင်ခဲ့သော်လည်း ဤလေလွင့်ကျင့်ကြံသူက ရိုက်ချက်တစ်ချက်ဖြင့် သူမ၏ ချီဒိုင်းကာကို လုံးလုံးလျားလျား ကြေမွသွားစေသည်။

လေလွင့်ကျင့်ကြံသူသည် အသာစီးရရှိလာသည့်အချိန်မှာ ကျန်းယွဲ့လုကို အသက်ရှုခွင့်မပေးပေ။ သူက အခြေအနေကို အသာစီးရယူပြီး သူ၏ ခွန်အားကိုမြှင့်တင်ကာ ကျန်းယွဲ့လု၏ ရင်ဘတ်ကို ခြေမွှဖျက်ဆီး၍ နေရာမှာပင်သတ်ဖြတ်ဖို့ ရည်ရွယ်လိုက်သည်။

သို့သော်လည်း ချက်ချင်းပင် သူ့လက်ဖဝါးမှစွမ်းအားကို ပျက်ပြယ်စေသည့် ပြင်ပစွမ်းအားတစ်ခု ရုတ်တရက်တိုးဝင်လာသည်ကို သူခံစားလိုက်ရသည်။

လေလွင့်ကျင့်ကြံသူက တုန်လှုပ်၍ ပြင်ပစွမ်းအားကို သူ့ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်မခံရဲဘဲ တိုက်ခိုက်မှုကို ချက်ချင်းပင် ရပ်တန့်လိုက်ရသည်။

ဤအချိန်မှာ ဂမ္ဘီရဝိဇ္ဇာ၏ အစီအရင်က စတင်ပျက်ပြယ်လာပြီး ကျန်းယွဲ့လု၏ ခြေချင်းဝတ်များကို ဖမ်းဆွဲထားသည့်လက်များက ပျော့ဖတ်များအဖြစ် ပြောင်းလဲသွား၏။ ကျန်းယွဲ့လုက ခြေထောက်ကိုရုပ်ပြီး ဆွေးရိနေသောအသားစများကို ညင်သာစွာခါချလိုက်သည်။

နောက်ဆုံးမှာ သူမက လွတ်လပ်သွားပြီး တစ်ဖက်သွားဓားကို နှစ်ဖက်သွားဓားရှည်တစ်လက်အဖြစ် ပြောင်းလဲလိုက်၏။

လေလွင့်ကျင့်ကြံသူ၏ ခြေလှမ်းများက ပေါ့ပါးဖျတ်လတ်ဆဲဖြစ်ပြီး လက်ဝါးရိုက်ချက်များဖြင့် သူမကို နောက်တစ်ဖန်တိုက်ခိုက်လာ၏။

ကျန်းယွဲ့လုက ရှောင်တိမ်းဖို့ စိတ်ကူးမရှိဘဲ သူမလက်ထဲက စက္ကူဓားဖြင့် သူ၏ အစဉ်ပြောင်းလဲလက်ဝါးနည်းစနစ်ကို ရင်ဆိုင်လိုက်သည်။

လေလွင့်ကျင့်ကြံသူ၏ လက်ဝါးနှစ်ဖက်နှင့် ကျန်းယွဲ့လု၏ ဓားက တရိပ်ရိပ်လှုပ်ရှားနေပြီး နှစ်ဦးစလုံးက အလှည့်အပြောင်းများစွာကို လျင်မြန်စွာ ထုတ်ဖော်နေကြသည်။

ကျန်းယွဲ့လုသည် စီဟန်ဓားသိုင်းစဉ်မှ ကြာပန်းခြေလှမ်းများကိုသုံးပြီး သူမ၏ ဓားကို သုံးလက်ခွဲထုတ်လိုက်သည်။ အပြင်ဘက်ကနေ ကြည့်မည်ဆိုလျှင် လူသုံးယောက်က ဓားသုံးလက်ကို တစ်ပြိုင်နက်တည်းကိုင်ပြီး လေလွင့်ကျင့်ကြံသူ၏ လက်သီးနှစ်ဖက်နှင့် တိုက်ခိုက်နေသည့်အလားပင်။

ဓားချီက ထက်ရှလွန်းပြီး လေလွင့်ကျင့်ကြံသူက လက်ဗလာဖြင့် ဆက်လက်၍ တိုက်ခိုက်ဖို့ ကြိုးစားမည်ဆိုလျှင် သူ၏ လက်ချောင်းများ ဖြတ်တောက်ခံရနိုင်သည့်အန္တရာယ်ရှိလေသည်။

ထို့ကြောင့် သူက ထိပ်တိုက်ရင်ဆိုင်ရဲခြင်းမရှိဘဲ နောက်သို့ဆုတ်ခွာဖို့ ဆုံးဖြတ်လိုက်၏။ ဤရှုထောင့်ကနေကြည့်မည်ဆိုလျှင် ကျန်းယွဲ့လုက လေလွင့်ကျင့်ကြံသူကို လုံးလုံးလျားလျား ဖိနှိမ်ထား၏။

ဤအချိန်မှာ ဦးဆောင်လာသူ ချီသန့်စင်သူက နောက်ဆုံးမှာ လှုပ်ရှားမှုပြုလုပ်လာသည်။ သူ၏ အင်္ကျီလက်စထဲကနေ ခပ်ဖျော့ဖျော့အစိမ်းရောင်အလင်းတစ်ခုပစ်လွင့်ပြီး ဖျတ်ခနဲပျောက်ကွယ်သွားသည်။

အခြေအနေကို အမြဲတမ်း ကိုင်တွယ်ထိန်းချုပ်နိုင်ခဲ့သည့် ကျန်းယွဲ့လုက နောက်ဆုံးမှာ အနည်းငယ်ထိတ်ထိတ်ပျာပျာဖြစ်သွားသည်။ သူမက အစိမ်းရောင်အလင်းကို ရှောင်လိုက်ပြီဖြစ်သော်လည်း သူမ၏ ဆံစတစ်ခွေက ပြတ်ကျသွား၏။

အစိမ်းရောင်အလင်းက ခန့်မှန်းရခက်စွာခုန်ပေါက်လှည့်ပတ်၍ ကျန်းယွဲ့လုကို နောက်တစ်ဖန်တိုက်ခိုက်လာသည်။

ကံကောင်းစွာဖြင် ကျန်းယွဲ့လုက သတိအနေအထားရှိနေသည်။ သူမက သေရေးရှင်ရေးအခိုက်အတန့်မှာ အစိမ်းရောင်အလင်းကို ပွတ်ကာသီကာ ရှောင်တိမ်းလိုက်နိုင်သည်။

နောက်ဆုံးမှာတော့ အစိမ်းရောင်အလင်း၏ အစစ်အမှန်ပုံစံက ထွက်ပေါ်လာသည်။ ၎င်းသည် လက်ကိုင်ရိုးမပါသည့် မြစိမ်းရောင်ဓားငယ်တစ်လက်ဖြစ်သည်။ ၎င်းက ထိုက်ဖျင်ဂိုဏ်း၏ နာမည်ကြီးဓားပျံလည်းဖြစ်သည်။

ချီသန့်စင်သူက ညာဘက်လက်ညှိုးနှင့်လက်ခလယ်ကို ဖိကပ်ပြီး ရှေ့ကို ထိုးညွှန်လိုက်သည်။ အစိမ်းရောင်ဓားငယ်က ရှေ့သို့နောက်တစ်ဖန်ပျံသန်းလာ၏။

ဓားပျံများက ရှားပါးပြီး ဈေးကြီးလေသည်။ သူတို့က အဖျက်စွမ်းအားမြင့်မားသော လက်နက်များလည်းဖြစ်သည်။

ကျန်းယွဲ့လုသည် ဓားပျံကိုကိုင်တွယ်ခြင်းမှာ အာရုံစိုက်ထားရသောကြောင့် လေလွင့်ကျင့်ကြံသူက အသက်ရှူခွင့်ရလာ၏။ သူက လက်ချောင်းများကို ချိတ်ကောက်များလိုကွေးညွှတ်ပြီး လက်ချောင်းများကြားကနေ အစိမ်းရောင်ချီတစ်ခုပေါ်ထွက်လာစေသည်။ ၎င်းက စွမ်းအားကြီးမားပြီး ထက်ရှသောဓားချီနှင့် ယှဉ်နိုင်၏။

လေလွင့်ကျင့်ကြံသူက ကျန်းယွဲ့လုထံ နောက်တစ်ဖန်ချဉ်းကပ်လာပြီး သူ၏လက်ချောင်းငါးချောင်းဖြင့် ပစ်ထိုးခြင်း၊ ဖမ်းဆွဲခြင်းနှင့် လက်ဟန်ပုံစံဆယ်မျိုးကျော်ကို ပြောင်းလဲလိုက်သည်။

တစ်ခဏချင်းမှာပင် ကျန်းယွဲ့လုက အရေးနိမ့်လာလေသည်။

ဤအခိုက်အတန့်မှာ ချီသန့်စင်သူက ဓားပျံကို မထိန်းချုပ်တော့ဘဲ ရှေ့သို့တက်လှမ်းကာ သူ့လက်ဖဝါးနှင့် ကျန်းယွဲ့လုကို ရိုက်ချလိုက်၏။

ကျန်းယွဲ့လုက သူမ၏ လက်ဖဝါးဖြင့် တိုက်ခိုက်မှုကို အလျင်အမြန်ပိတ်ဆို့တားဆီးလိုက်၏။ သူတို့၏ လက်ဝါးချင်း ထိတွေ့မိသောအခါ ထွက်ပေါ်လာသောအင်အားက သူတို့၏ ခန္ဓာကိုယ်များ၊ သွေးနှင့် ချီတို့ကို တုန်ခါသွားစေ၏။ ဤအခိုက်အတန့်မှာ လေလွင့်ကျင့်ကြံသူက ကျန်းယွဲ့လုအနားကို ချဉ်းကပ်လာပြီး သူမ၏ ရင်ညွှန့်မှာ တည်ရှိသော တန်ကျုံးမရီးဒါန်ကို ပစ်ထိုးလိုက်သည်။

ကျန်းယွဲ့လုက မတတ်သာဘဲ သူမ၏ ဓားရှည်ဖြင့် လေလွင့်ကျင့်ကြံသူကို တွန်းလှန်ထုတ်လိုက်၏။

တစ်ချိန်တည်းမှာပင် ချီသန့်စင်သူ၏ ဓားပျံက သူမကို တိုက်ခိုက်လာပြန်သည်။

ကျန်းယွဲ့လုက အချိန်မီနောက်မဆုတ်နိုင်သောကြောင့် ဒြပ်စင်ငါးမျိုးချီဒိုင်းကာကို နောက်တစ်ဖန် အသက်သွင်းလိုက်ရသည်။ ခပ်ဖျော့ဖျော့အရောင်ငါးမျိုးအော်ရာက လျှို့ဝှက်ဆန်းကြယ်စွာစီးဆင်း၍ သူမ၏ ခန္ဓာကိုယ်ကို လွှမ်းခြုံလာသည်။

သို့သော်လည်း ဒြပ်စင်ငါးမျိုးချီဒိုင်းကာ ဓားပျံတစ်လက်၏ ထက်ရှမှုကို မယှဉ်နိုင်သေးပေ။ ၎င်းသည် ခဏမျှသာတောင့်ခံပြီးနောက် ထိုးဖောက်ခံလိုက်ရသည်။ သို့သော် ဓားပျံကလည်း သိသိသာသာ နှေးကွေးသွား၏။

ကျန်းယွဲ့လုက ဤအခွင့်အလမ်းကိုချိန်ဆပြီး သူမ၏ စက္ကူဓားကို ရုပ်ကာ ဓားပျံကို ပိတ်ဆို့တားဆီးလိုက်သည်။ သူမသည် ဓားချီဖြင့် လေလွင့်ကျင့်ကြံသူကိုလည်း ခုတ်ပိုင်းချလိုက်၏။

လေလွင့်ကျင့်ကြံသူက လက်ဗလာဖြင့် ခုတ်ချက်ကို တားဆီးလိုက်သော်လည်း ကျန်းယွဲ့လု၏ ဓားချီက စွမ်းအားကြီးမားလွန်းပြီး သူ၏ လက်ချောင်းငါးချောင်းစလုံးကို ပြတ်ကျသွားစေကာ တုံးတိလက်ဖဝါးသာ ကျန်ခဲ့သည်။

လေလွင့်ကျင့်ကြံသူက စူးစူးဝါးဝါးအော်ဟစ်၍ သူ၏ သွေးသံရဲရဲလက်ကို အုပ်ကိုင်ကာ နောက်သို့ဆုတ်ခွာသွား၏။

ကျန်းယွဲ့လုက လေလွင့်ကျင့်ကြံသူကို အဆုံးသတ်ပေးတော့မည့်ဆဲဆဲမှာ သူမထံသို့ တစ်ခုခု ချဉ်းကပ်လာသည်ကို ခံစားလိုက်ရ၏။ သူမက ဆတ်ခနဲရပ်တန့်ပြီး ဘေးဘက်သို့လှည့်ကာ ရှောင်တိမ်းလိုက်သည်။

ကျန်းယွဲ့လုသည် သူမ၏ သေကွင်းသေကွက်ကို မထိအောင် ရှောင်တိမ်းလိုက်နိုင်သော်လည်း သူမ၏ လည်ပင်းမှာ အေးစက်မှုတစ်ခုကို ရုတ်တရက်ခံစားလိုက်ရဆဲဖြစ်သည်။

ကျန်းယွဲ့လုက သွေးများဖြင့်စိုလာသည့် သူမ၏ လည်ပင်းကို လှမ်းစမ်းလိုက်၏။

သူမက မျက်ခုံးပင့်ကြည့်လိုက်ပြီး မလှမ်းမကမ်းမှာရစ်ဝဲနေသည့် အရိုးမပါသော ခရမ်းရောင်ဓားပျံတစ်လက်ကို တွေ့မြင်လိုက်ရသည်။

ဤဓား၏ အရွယ်အစားမှာ စောစောက အစိမ်းရောင်ဓားပျံနှင့် သိပ်မကွာပေ။ သူတို့၏ အရောင်အဆင်းကသာ ကွာခြားနေသည်။

ထိုအခါမှ ချီသန့်စင်သူတွင် ရှေ့မှာထုတ်ပြထားသော ဓားပျံတစ်လက်နှင့် နောက်ကွယ်မှာချောင်းမြောင်းနေသော ဓားပျံတစ်လက်၊ အဖိုတစ်လက်နှင့်အမတစ်လက် ဓားပျံနှစ်လက်ရှိနေကြောင်း ပေါ်ထွက်လာသည်။

အမခရမ်းရောင်ဓားပျံက ကျန်းယွဲ့လုကို ချောင်းမြောင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

တာအိုဓားများဖြစ်သော ခရမ်းရောင်ဆည်းဆာနှင့် အစိမ်းရောင်တိမ်စိုင်ကို တုပပြီး ဤဓားပျံနှစ်လက်ကို ပုံသွင်းပြုလုပ်ထားခြင်းဖြစ်သည်။ ဤဓားပျံတစ်လက်ချင်းစီကို အဆင့်မြင့်စိတ်ဝိညာဉ်ပစ္စည်းများအဖြစ် သတ်မှတ်နိုင်သည်။ သို့သော်လည်း ဓားပျံနှစ်လက်ကို ပေါင်းစည်းအသုံးချသည့်အခါ သူတို့ကို ရတနာအဆင့်လက်နက်များဟု သတ်မှတ်နိုင်မည်ဖြစ်သည်။

အစိမ်းရောင်ဓားပျံက အဖိုဖြစ်ပြီး ခရမ်းရောင်ဓားပျံက အမဖြစ်သည်။ သူတို့ကိုပေါင်းစည်း၍ ခရမ်းရောင်နှင့်အစိမ်းရောင်ပျံလွှားငှက်များဟု ခေါ်ဆိုကြသည်။ ဧကရာဇ်အသစ်၏ နန်းတက်ပွဲကို ဂုဏ်ပြုရန် ကျိုးရှီခေတ်၏ ပထမခေတ်မှာထိုက်ဖျင်ဂိုဏ်းက ဤဓားပျံများကို ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ဤအခမ်းအနားမှာ ပြသခဲ့သော ဓားပျံစုစုပေါင်း ၃၆၅ စုံရှိသည်။ အဲဒါက နှစ်တစ်နှစ်၏ အရေအတွက်ကို ကိုယ်စားပြုခြင်းဖြစ်သည်။ ဓားပျံအများစုကို အင်ပါယာနန်းတော်မှ အမျိုးမျိုးသောအရာရှိများထံ လက်ဆောင်အဖြစ်ပေးအပ်ခဲ့ပြီး တချို့တလေကသာ အပြင်ဘက်ကို ရောက်ရှိသွား၏။

ထိုအချိန်မှစ၍ နှစ် ၄၀ ကြာသွားခဲ့ပြီဖြစ်သည်။ ပျက်စီးသွားသောဓားပျံများနှင့် ပျောက်ဆုံးသွားသော ဓားပျံများကို ဖယ်ထုတ်လိုက်မည်ဆိုလျှင် လက်ရှိလောကမှာ ဤဓားပျံအစုံတစ်ရာခန့် ကျန်ရှိနေသေးသည်။ တချို့ကို မှောင်ခိုဈေးကွက်ထဲမှာ ရောင်းချပြီး ဓားပျံတစ်စုံလျှင် ထိုက်ဖျင်ဒင်္ဂါး ၅ထောင်ကျသင့်လေသည်။

ကျန်းယွဲ့လုက သူ့လည်ပင်းကနေ သွေးများဆက်မထွက်လာစေရန် လက်ဖြင့်အုပ်ကိုင်ပြီး သူမ၏ပါးစပ်မှ မသဲမကွဲအသံတစ်ချက်ထွက်ပေါ်လာ၏။

သူမသည် ကြေးစား၇ ဦးထဲမှ ၆ ဦးကို ထိန်းထားနိုင်သည်။ ဦးဆောင်လာသူ ဤချီသန့်စင်သူကသာ ကျန်းယွဲ့လုအတွက် အစစ်အမှန်ခြိမ်းခြောက်မှုဖြစ်သည်။

ဓားပျံနှစ်လက်ကို တစ်ချိန်တည်းမှာ ထိန်းချုပ်ပြခြင်းဖြင့် ချီသန့်စင်သူသည် ကောင်းကင်ဘုံသက်ရှိတစ်ဦးဖြစ်လာဖို့ သိပ်မလိုတော့ဟု ပြသနေ၏။ သူ၏ ကျင့်ကြံမှုအဆင့်က လင်းကျန်းယွမ်ထက် ပိုမိုမြင့်မားသည်။

ဓားပျံနှစ်လက်ကလည်း အရည်အသွေးကောင်းများဖြစ်သည်။ အရည်အသွေးနိမ့်ဓားပျံတစ်လက်မှာ စိတ်ဝိညာဉ်မရှိဘဲ နှေးကွေး၍ သူတို့ကို ထိန်းချုပ်မောင်းနှင်ရန် အားထုတ်မှုများစွာ လိုအပ်သည်။

ချီသန့်စင်သူ၏ ဓားပျံနှစ်လက်က စိတ်ဝိညာဉ်လက်နက်များကြားမှာ အကောင်းဆုံးဖြစ်သည်။ ရတနာအဆင့် ဓားပျံများနှင့်ယှဉ်လျှင် သူတို့က မာကျောမှုနှင့် ထက်ရှမှုမှာသာ နိမ့်ကျပေလိမ့်မည်။ သို့သော်လည်း ထိုလက်နက်နှစ်ခုကို ပေါင်းစည်းထားသည့်အချိန်မှာ ဓားပျံနှစ်လက်သည် တစ်လက်၏ အားနည်းချက်ကိုတစ်လက် ဖာထေးပေးနိုင်ပြီး ရတနာအဆင့်ကို ရောက်ရှိသွားနိုင်သည်။

သို့သော်လည်း လည်ပင်းမှ ပြတ်ရှရာက ကျန်းယွဲ့လုကို မသတ်ဖြတ်နိုင်သေးပေ။ သူမက သန္ဓေသားအသက်ရှူနည်းစနစ်ကိုသုံး၍ အသက်အောင့်ကာ သူမ၏ ချီဖြင့် ဒဏ်ရာကို ချိပ်ပိတ်လိုက်သည်။ တစ်ချိန်တည်းမှာပင် သူမ၏ ဒဏ်ရာက သူ့ဘာသာသူ တဖြည်းဖြည်းစတင်ကုသလာနေ၏။

ချီသန့်စင်သူက သူ၏ လက်နှစ်ဖက်ကို ဆန့်ထုတ်လိုက်၏။ လျှို့ဝှက်ဆန်းကြယ်သော အစိမ်းရောင်အလင်းနှင့် ခရမ်းရောင်အလင်းက သူ၏ ဘေးတစ်ဘက်တစ်ချက်စီမှာ ပေါ်ထွက်လာပြီး ကျယ်လောင်စွာအော်မြည်နေသည်။

အစိမ်းရောင်အဖိုဓားပျံက ရှေ့ကနေ ဦးဆောင်၍ ဓားပျံနှစ်လက်က လျင်မြန်စွာလှုပ်ရှားလာ၏။ စူးရှသော အစိမ်းရောင်အလင်းက ကျန်းယွဲ့လုကို တိုက်ရိုက်ချိန်ရွယ်ထားသည်။

ခရမ်းရောင်အမဓားပျံမှာ အဖိုဓားပျံလောက် ပြင်းထန်ကြမ်းတမ်းသောအလင်းရောင်မရှိပေ။ ထိုအစား ခရမ်းရောင်အလင်းက တဖျပ်ဖျပ်နှင့် လမ်းကြောင်းကို ခန့်မှန်းရခက်စေ၏။

ကျန်းယွဲ့လုက ဓားပျံများကိုဆက်လက်၍ ရှောင်တိမ်းနေသော်လည်း သူမက ဒဏ်ရာရရှိသွားဆဲဖြစ်သည်။ သူမသည် ဓားပျံများကို ထိန်းချုပ်နေသည့် မလှမ်းမကမ်းက ချီသန့်စင်သူကို စိုက်ကြည့်လိုက်၏။ သူမက အနိုင်ရချင်သည်ဆိုလျှင် အားနည်းချက်မရှိသလောက်နီးပါး ဓားပျံများကို ပစ်မှတ်ထား၍မရနိုင်သည်ကို သိရှိထားသည်။ ဓားပျံများကိုထိန်းချုပ်နေသည့်လူကိုသာ ပစ်မှတ်ထားရပေမည်။

ချီသန့်စင်သူကလည်း သူ၏ အားနည်းချက်ကို သိရှိထားပြီး လေလွင့်ကျင့်ကြံသူကို သူ့ဘေးနားမှာ နေခိုင်းထားသည်။

လေလွင့်ကျင့်ကြံသူသည် စောစောက လက်ချောင်းများ ဖြတ်တောက်ခံထားရပြီး ပေါ့ပေါ့ဆဆမပြုမူရဲပေ။ သူက အိတ်ကပ်ထဲကနေ ပုတီးစေ့တစ်လုံးကိုထုတ်ယူပြီး သူ၏ချီကို ထိုးသွင်းလိုက်၏။ လိပ်ခုံးပုံစံ အလင်းရောင်ဒိုင်းကာတစ်ခုပေါ်ထွက်လာပြီး သူတို့နှစ်ယောက်ကို လွှမ်းခြုံသွား၏။ ဒိုင်းကာက ရတနာအဆင့် ပစ္စည်းတစ်ခုဖြစ်သောကြောင့် ကျန်းယွဲ့လုက သူတို့ကို ထိရောက်အောင် မတိုက်ခိုက်နိုင်တော့ပေ။

ချီသန့်စင်သူက ဓားပျံကို ထိန်းချုပ်ခြင်းမှာ အာရုံစိုက်ထားပြီး လေလွင့်ကျင့်ကြံသူက ခံစစ်ကိုအာရုံစိုက်ကာ သူတို့နှစ်ယောက်က အချိတ်အဆက်မိစွာဖြင့် လှုပ်ရှားနေကြ၏။ သူတို့က ပထမဆုံးအကြိမ်ပူးပေါင်းခြင်းမဟုတ်သည်မှာ သိသာနေသည်။

ကျန်းယွဲ့လုက ကူကယ်ရာမဲ့နေရ၏။ ကောင်းကင်အဆင့်ကိုမရောက်ခင် အရည်အသွေးကောင်းဓားပျံများမှာ အားနည်းချက်မရှိသလောက်နီးပါးဖြစ်ပြီး အနိုင်ယူဖို့ခက်ခဲလေသည်။ ထို့ကြောင့် လူတစ်ယောက်သည် ဓားပျံတစ်လက်ပိုင်ဆိုင်သော ချီသန့်စင်သူတစ်ဦးနှင့် ရင်ဆိုင်ရသည့်အခါ ပြုသမျှနုရသောအခြေအနေသို့ အလွယ်တကူကျရောက်သွားတတ်သည်။ နတ်ဆရာ၏ ရွှေခန္ဓာနှင့် ကိုယ်ခံပညာသိုင်းသမား၏ သန်မာသောကိုယ်ကာယကပင် တိုက်ခိုက်မှုများကို ခဏသာတောင့်ခံထားနိုင်သည်။

ဓားပျံများကတော့ ပြိုင်ဘက်မလဲကျမချင်း အဆက်မပြတ် ထိုးနှက်နေမည်ဖြစ်သည်။

နတ်သက်ကြွေအင်မော်တယ်တစ်ဦးအနေဖြင့် ကျန်းယွဲ့လုသည် လမ်းစဉ်အရ ချီသန့်စင်သူများထက် ပိုမိုသာလွန်သည်။ တကယ်ဆို သူမသည် ဓားပျံနှစ်လက်ကို အလွယ်တကူကိုင်တွယ်ထိန်းချုပ်နိုင်၏။ သို့သော်လည်း ချီသန့်စင်သူကို ကာကွယ်ပေးနေသည့် နောက်ထပ်ကွေ့ကျန်းအဆင့် လေလွင့်ကျင့်ကြံသူရှိနေပြီး သူမအနေဖြင့် ကိုင်တွယ်ရ များစွာပိုမိုခက်ခဲလာသည်။ ဒါ့အပြင် ခံစစ်အဖြစ် ရတနာအဆင့်လက်နက်တစ်ခုနှင့်အတူ ကျန်းယွဲ့လုအနေဖြင့် သူတို့၏ ဒိုင်းကာကို ချိုးဖျက်ဖို့က ပို၍ပင်ခက်ခဲလာသည်။

လေလွင့်ကျင့်ကြံသူက ကျန်းယွဲ့လုကို ဟန့်တားနှောက်ယှက်ထားပြီး ချီသန့်စင်သူက အခွင့်အလမ်းကိုချိန်ဆကာ ဓားပျံများဖြင့် သူမကို ဒဏ်ရာအပြင်းအထန်ရရှိစေနိုင်သည်။

ကျန်းယွဲ့လုက နတ်သက်ကြွေအင်မော်တယ်တစ်ဦးဖြစ်ပြီး တစ်ယောက်ချင်းတိုက်ခိုက်ရမည်ဆိုလျှင် အခြားသောလမ်းစဉ်များထက် ခြေတစ်လှမ်းသာလေသည်။ ကောင်းကင်ဘုံသက်ရှိအဆင့်နှင့် အင်မော်တယ်တစ်ပိုင်းအဆင့်များမှာဆိုလျှင် ထိုအချက်က ပို၍သိသာထင်ရှားလာပေလိမ့်မည်။

ကျန်းယွဲ့လုမှာ အင်မော်တယ်တစ်ပိုင်းပစ္စည်းရှိသော်လည်း ချီသန့်စင်သူနှင့် လေလွင့်ကျင့်ကြံသူမှာလည်း ရတနာအဆင့် လက်နက်တစ်ခုစီရှိနေကြ၏။ တာအိုဂိုဏ်းတော်၏ စံနှုန်းစံထားအရ အင်မော်တယ်တစ်ပိုင်းပစ္စည်းသည် ကောင်းကင်အကျိုးဆောင်မှုနှင့်တူညီပြီး သာမန်ရတနာတစ်ခုက မြေကမ္ဘာအဆင့် အကျိုးဆောင်မှုတစ်ခုနှင့်တူညီသည်။ ရတနာအဆင့် လက်နက်သုံးခုက အင်မော်တယ်တစ်ပိုင်းပစ္စည်းတစ်ခုနှင့် တူညီလေသည်။ ထို့ကြောင့် ကျန်းယွဲ့လုအနေဖြင့် နှစ်ယောက်တစ်ယောက်တိုက်ခိုက်ရာမှာ အသာစီးရယူဖို့ အနည်းငယ်မျှသော ဤကွာဟချက်ကို မလုံလောက်ပေ။

နောက်ဆုံးမှီခိုအားထားရာအဖြစ် ကျန်းယွဲ့လုက ခံစစ်အဖြစ် စိတ်ဝိညာဉ်ရုပ်တုကို အသုံးပြုဖို့သာ တတ်နိုင်တော့သည်။

သို့သော်လည်း စိတ်ဝိညာဉ်ရုပ်တုကို ထုတ်ဖော်ခြင်းမှာ သုံးစွဲရသည့်စွမ်းအင်က အတော်လေးမြင့်မားပြီး သူမက အဲဒါကို သိပ်ကြာကြာထိန်းထားနိုင်မည်မဟုတ်ပေ။ တိုက်ပွဲက ဤတိုင်းသာဆက်သွားနေမည်ဆိုလျှင် ကျန်းယွဲ့လုက ရှုံးနိမ့်သွားနိုင်သည်။

သူမသည် ဓားပျံတစ်လက်ထက် ပို၍မြန်ဆန်အောင် မပြေးနိုင်သည့်အတွက် ထွက်ပြေးဖို့ကလည်း မလွယ်ကူပေ။ ဒါ့အပြင် နောက်ကျောကနေဝင်ရောက်လာမည့်ဓားပျံကို ကာကွယ်ဖို့က ပို၍ခက်ခဲသည်။

ကျန်းယွဲ့လုက စိတ်ထဲမှာ အမျိုးမျိုးကြံဆနေသော်လည်း ထွက်ပြေးလွတ်မြောက်နိုင်မည့်နည်းလမ်းတစ်ခုကို သူမ စဉ်းစားမရသေးပေ။

သူမ နောင်တရမိသည်မှာ ဤအရှုပ်တော်ပုံထဲသို့ ချီရွှမ်းစုကို ဆွဲခေါ်လာခဲ့မိခြင်းပင်။ သူမ ဒီနေ့ဒီနေရာမှာ သေရမည်ဆိုလျှင် တမလွန်ဘုံသို့သွားရာလမ်းမှာ သူ့ကို တောင်းပန်ရပေလိမ့်မည်။

အခန်း ၁၁၆ - လူသုံးယောက်၏ အဆုံးသတ်

အခြားတစ်ဘက်မှာတော့ ချီရွှမ်းစုသည် မထင်မှတ်ထားစွာပင် ဘိက္ခုကို ပစ္စတိုဖြင့် ဒဏ်ရာရစေပြီး ကိုယ်ခံပညာသိုင်းသမားနှင့် တိုက်ခိုက်နေသည်။

ချီရွှမ်းစု၏ အရေပြား… အထူးသဖြင့် သူ၏ လက်ဖဝါးနှစ်ဖက်သည် အရည်အသွေးမြင့် ကျောက်စိမ်းဖြူကဲ့သို့ အရည်လည်နေ၏။ ဤသည်မှာ လေလွင့်ကျင့်ကြံသူများ၏ လျှို့ဝှက်ဆန်းကြယ်စွမ်းရည် မဟုတ်သော်လည်း ရွှမ်ကျောက်စိမ်းမှ ချီရွှမ်းစုရရှိထားသည့် မှော်စွမ်းအားတစ်ခုဖြစ်သည်။

သူ့ကိုယ်ကာယသည် ယွီရှုအဆင့်မှာရှိသော ကိုယ်ခံပညာသိုင်းသမားများထက် ပိုမိုသာလွန်ပြီး ကွေ့ကျန်းအဆင့်မှာရှိသော ကိုယ်ခံပညာသိုင်းသမားများနှင့် ယှဉ်နိုင်သည်။ သို့သော်လည်း သူက စိတ်နှင့်ခန္ဓာပေါင်းစည်းခြင်းမှာ အာရုံမစိုက်နိုင်ပေ။

ထိုသို့ဆိုလျှင်တောင် ချီရွှမ်းစု၏ လက်ရှိကိုယ်ကာယနှင့် ကျင့်ကြံမှုအဆင့်သည် ယွီရှုအဆင့် ကိုယ်ခံပညာသိုင်းသမားတစ်ဦးကို ကိုင်တွယ်ဖို့ လုံလောက်နေသည်။

ချီရွှမ်းစုက ကိုယ်ခံပညာသိုင်းသမား၏ ရင်ဘတ်ကို ပစ်ရိုက်လိုက်၏။ တစ်ချိန်တည်းမှာပင် ကိုယ်ခံပညာသိုင်းသမားက သူ့နဖူးကို ပြင်းပြင်းထန်ထန် ပစ်ထိုးလိုက်သည်။

ထိုထိတွေ့ရိုက်ခတ်မှုမှာ ကိုယ်ခံပညာသိုင်းသမား၏ ခန္ဓာကိုယ်က အနည်းငယ်သာ ယိမ်းထိုးသွားပြီး ချီရွှမ်းစုကတော့ ကြိုးပြတ်သွားသောစွန်လို နောက်သို့ လွင့်စင်ထွက်သွား၏။ ချီရွှမ်းစု၏ နောက်ကျောက ရှေးဟောင်းဘုရားကျောင်းကို ထောက်ကန်ပေးထားသည့် တိုင်လုံးတစ်လုံးကို ပစ်တိုက်မိပြီး ထုပ်တန်းများပေါ်ကနေ ဖုန်လုံးများ ကျဆင်းလာ၏။

ကိုယ်ခံပညာသိုင်းသမားက တိုင်လုံးကနေ ဖြည်းဖြည်းချင်းလျှောကျလာသော ချီရွှမ်းစုကို စိုက်ကြည့်ပြီး မေးလိုက်သည်။

“မင်းလည်း ကိုယ်ခံပညာသိုင်းသမားပဲလား”

ချီရွှမ်းစုက သူ့ကိုယ်ပေါ်မှ ဘာမှမဆိုဘဲ ဖုန်မှုန့်များကို ခါချနေသည်။

ကိုယ်ခံပညာသိုင်းသမားက မြေပြင်ကိုကန်ကျောက်ပြီး ချီရွှမ်းစုရှိရာသို့ တဟုန်ထိုးပြေးဝင်လာ၏။ သို့သော်လည်း သူက ချီရွှမ်းစုနှင့် ဆယ်ပေအကွာအဝေးသို့ ရောက်သည့်အချိန်မှာ ရှေ့သို့ ခြေတစ်လှမ်းထုတ်ပြီး သူ၏ အလျင်အဟုန်ကို အတင်းအကျပ်ရပ်တန့်လိုက်သည်။ ထို့နောက် သူက လေးကြိုးကိုဆွဲတင်နေသည့်အလား သူ့လက်ကို နောက်သို့လွှဲလိုက်၏။

သူ့လက်သီးက လေထဲမှာ အော်မြည်လာသည်။

ချီရွှမ်းစုက တိုက်ခိုက်လာသောလက်သီးကို ဘယ်ဘက်လက်ဖြင့် ဖမ်းဆွဲလိုက်၏။ ထိုးချက်၏ အင်အားက သူ့လက်ဖဝါးကို ထိုးဖောက်ပြီး သူ့ကို နောက်သို့တစ်ဖန်စင်ထွက်သွားစေ၏။ သို့သော်လည်း တစ်ချိန်တည်းမှာပင် ချီရွှမ်းစုက သူ၏ ညာဘက်လက်ကိုမြှောက်ပြီး ကိုယ်ခံပညာသိုင်းသမားထံ အေးစက်စက်အလင်းတစ်ခုကို ပစ်ထုတ်လိုက်သည်။

အေးစက်စက်အလင်းက ကိုယ်ခံပညာသိုင်းသမား၏ လည်ပင်းမှာ ဟက်တက်ကွဲပြတ်ရှရာတစ်ခုကျန်ရစ်ခဲ့စေပြီး သွေးများစီးကျလာ၏။

ကိုယ်ခံပညာသိုင်းသမားက တုန်လှုပ်၍ ဒေါသထွက်သွားသည်။

ချီရွှမ်းစုက မြေပြင်ပေါ်သို့ ကျဆင်းသွားပြီး ချက်ချင်းဆိုသလိုပင် ပြန်ထလာ၏။ ထိုးချက်ကြောင့် အနည်းငယ်ဖြူဖျော့နေသော သူ့မျက်နှာက မျက်စိဖြင့်မြင်နိုင်သောနှုန်းထားဖြင့် ပုံမှန်အရောင်အဆင်းကို ပြန်ရောက်ရှိလာ၏။ ပုံမှန်အခြေအနေမှာဆိုလျှင် ကိုယ်ခံပညာသိုင်းသမား၏ ထိုးချက်သည် ချီရွှမ်းစုကို ဒဏ်ရာအပြင်းအထန်ရရှိသွားစေသင့်သည်။ သို့သော်လည်း ချီရွှမ်းစု၏ ခန္ဓာကိုယ်ကို ရွှမ်ကျောက်စိမ်းက အသွင်ပြောင်းလဲပေးထားပြီးနောက် သူက ထိုတိုက်ခိုက်မှုကို သိပ်မဖြုံတော့ပေ။

ချီရွှမ်းစုက နောက်ဆုတ်ရမည့်အစား ရှေ့သို့ပြန်တက်လာပြီး သူတို့နှစ်ယောက်ကြားအကွာအဝေးကို ဖြတ်တောက်လိုက်၏။

သူ့အင်္ကျီလက်စကို ဝေ့ယမ်းလိုက်ချိန် နောက်ထပ်ဓားမြှောင်တစ်ချောင်းက ကိုယ်ခံပညာသိုင်းသမားထံ နောက်တစ်ဖန်ပစ်လွင့်လာ၏။

သို့သော်လည်း ဤတစ်ခေါက်မှာ ကိုယ်ခံပညာသိုင်းသမားက သတိရှိနေပြီး အေးစက်စက်အလင်းကို သူ့လက်ဖြင့်ခတ်ထုတ်ကာ နောက်ဆုံး ၎င်း၏ အစစ်အမှန်ပုံစံကို ပေါ်ထွက်လာစေ၏။ ၎င်းသည် ချီရွှမ်းစုအား ကျန်းယွဲ့လုပေးထားသည့် ပေါက်ဓားဖြစ်လေသည်။

ကိုယ်ခံပညာသိုင်းသမားက သူ့စိတ်ကို ငြိမ်သက်စေပြီး သူ့မျက်နှာက တည်တံ့လာ၏။

လူအများစုသည် ဓားပဲ့ထိန်းနည်းစနစ်၏ အကြမ်းထည်ပုံစံဖြစ်သော ဓားထိန်းချုပ်နည်းစနစ်ကို အထင်သေးတတ်ကြသော်လည်း ၎င်းသည် ရှန်းထျန်သက်ရှိများအတွက် ထိရောက်မှုရှိသော သတ်ဖြတ်ကွက်တစ်ကွက်ဖြစ်နေသေးသည်။

ချီရွှမ်းစုက များစွာလှုပ်ရှားခြင်းမရှိဘဲ နောက်ထပ် အေးစက်စက်အလင်းတစ်ခုကို ပစ်ထုတ်လိုက်၏။

ဓားပဲ့ထိန်းနည်းစနစ်နှင့်ယှဉ်လျှင် ဓားထိန်းချုပ်နည်းစနစ်က ပေါ့ပါးဖျတ်လတ်မှု လျော့ကျသော်လည်း အမြန်နှုန်းချင်းမှာ ယှဉ်နိုင်သည်။ ကိုယ်ခံပညာသိုင်းသမားသည် ပြိုင်ဘက်ကင်းသော နတ်သက်ကြွေအင်မော်တယ်တစ်ဦးမဟုတ်သည့်အတွက် သူ့သတိကို လျှော့ချရဲခြင်းမရှိပေ။

ကိုယ်ခံပညာသိုင်းသမားက ရုတ်တရက် ကိုယ်ကိုနောက်သို့လှန်ချပြီး အေးစက်စက်အလင်းကို ရှောင်တိမ်းလိုက်၏။ သို့သော်လည်း ဓားချီက သူ့နဖူးမှာ ဒဏ်ရာတစ်ခုကျန်ရစ်ခဲ့စေပြီး သူ၏ ဆံပင်တစ်ဖုတ်က ပြတ်ထွက်သွားလေသည်။ သူက ခံစစ်အနေအထားမှာ ဆက်ရှိနေမည်ဆိုလျှင် ရှုံးနိမ့်ရတော့မည်ကို သိရှိလိုက်၏။ ထို့ကြောင့် သူ့လက်က ပေါက်ဓားဖြင့် ထိုးဖောက်ခံရမည့်အန္တရာယ်ကိုစွန့်စားပြီး ချီရွှမ်းစု၏ နဖူးတည့်တည့်ကို ပစ်ထိုးလိုက်၏။

ကိုယ်ခံပညာသိုင်းသမား၏ လက်သီးမှ လေပြင်းသည် ချီရွှမ်းစု၏ ဆံပင်များကို နောက်သို့လန်ကျသွားစေ၏။ သူ့လက်သီးက ချီရွှမ်းစု၏ နဖူးနှင့် တစ်လက်မအကွာသို့ ရောက်ရှိသည့်အချိန်မှာ ချီရွှမ်းစုက ကိုယ်ကိုနောက်သို့လှန်ချပြီး ထိုးချက်ကို ရှောင်တိမ်းလိုက်၏။

သူက ကိုယ်ကို နောက်သို့ အလျင်အမြန်မျှောချလိုက်သော်လည်း ကိုယ်ခံပညာသိုင်းသမားက သနားညှာတာမှုမပြဘဲ ထပ်ကြပ်မကွာလိုက်ပါလာ၏။ ထိုသို့ဖြင့် သူတို့သည် ရှေးဟောင်းဘုရားကျောင်းထဲကနေထွက်၍ မိုးရေထဲသို့ ရောက်ရှိသွားသည်။

ချီရွှမ်းစုက နောက်သို့မဆုတ်တော့ဘဲ သူ့ပြိုင်ဘက်ကို ကန်ကျောက်လိုက်၏။ ကိုယ်ခံပညာသိုင်းသမားက ချီရွှမ်းစု၏ ခြေချင်းဝတ်ကို ဖမ်းဆွဲလိုက်သော်လည်း ချီရွှမ်းစုက သူ့နားထင်စပ်ကို ထပ်ကန်လိုက်သည်။ သူတို့နှစ်ယောက်က နောက်တစ်ဖန် အနီးကပ်တိုက်ခိုက်လိုက်ကြ၏။

ချီရွှမ်းစု၏ အားသာချက်က သူ၏ သန်မာသောကိုယ်ကာယမှာရှိနေပြီး ကိုယ်ခံပညာသိုင်းသမား၏ခွန်အားက သူ၏ လက်သီးချက်များမှာ ရှိနေ၏။ သူတို့နှစ်ယောက်က မိုးရေထဲမှာ တိုက်ခိုက်ပြီး မိုးရေစက်များက မြူခိုးများအဖြစ်ပြောင်းလဲကာ သူတို့နှစ်ယောက်ကို လွှမ်းခြုံလာ၏။

သူတို့နှစ်ယောက် နောက်တစ်ကြိမ် ထိတွေ့မိသောအခါ ချီရွှမ်းစုက နောက်သို့မျှောချပြီး ရွှံ့ဗွက်များကို ဖိတ်စင်ပြန့်ကျဲသွားစေ၏။ ကိုယ်ခံပညာသိုင်းသမားက အရိပ်တစ်ခုပမာလိုက်ပါလာ၏။ သူ့လက်ဖဝါးက ထိုးဖောက်ခံထားရသော်လည်း အကောင်းတိုင်းလှုပ်ရှားနိုင်ဆဲပင်။ သူက ကျောက်တုံးများကို ခွဲနိုင်သောအင်အားဖြင့် ချီရွှမ်းစုကို ပြင်းပြင်းထန်ထန်ထိုးနှက်နေ၏။

ဤကဲ့သို့ ဆယ်ချီကျော် တိုက်ခိုက်ဖလှယ်ပြီးနောက် ချီရွှမ်းစုက ကိုယ်ခံပညာသိုင်းသမား၏ လက်သီးချက်ကို အသုံးချကာ နောက်သို့ မျှောဆုတ်ပြီး သူ့ပြိုင်ဘက်နှင့် အကွာအဝေးတစ်ခုခြားလိုက်သည်။

ဤတစ်ခေါက်မှာတော့ ကိုယ်ခံပညာသိုင်းသမားက ချီရွှမ်းစုနောက်သို့ ဆက်လိုက်မလာတော့ပေ။ သူ၏ သွေးချီက ကသောင်းကနင်းဖြစ်၍ သူ့မျက်နှာက ဖြူဖပ်ဖြူရော်ဖြစ်လာသောကြောင့် သူက စကားပင်မပြောတော့ပေ။ စောစောက ကိုယ်ခံပညာသိုင်းသမားသည် အသာစီးရရှိနေသည်ဟု ထင်ရသော်လည်း သူက ချီရွှမ်းစုကို အလဲထိုးနိုင်ခြင်းမရှိဘဲ ချီရွှမ်းစု၏ တန်ပြန်တိုက်ခိုက်မှုကိုပင် အနိုင်နိုင်ခုခံထားခဲ့ရသည်။

တစ်ဘက်မှာ ချီရွှမ်းစုက အသက်ကို ညင်သာစွာ ရှူထုတ်လိုက်၏။ တလိပ်လိပ်ထိုးတက်လာသော သွေးချီက သူ့ခန္ဓာကိုယ်ထဲမှာ လှည့်ပတ်စီးဆင်းပြီး သူ့မျက်နှာကို နီမြန်းလာစေ၏။

ရွှမ်ကျောက်စိမ်း၏ မှော်စွမ်းအားက ချီရွှမ်းစု၏ တိုက်ခိုက်ရည်ခွန်အားကို သိသိသာသာမြှင့်တင်ပေးခဲ့သည်မှာ သိသာနေသည်။

ချီရွှမ်းစုက တိုက်စစ်အနေအထားကို ပြန်ပြောင်းပြီး ကိုယ်ခံပညာသိုင်းသမား၏ မျက်နှာကို မယုံကြည်နိုင်စရာကောင်းလောက်အောင် ပစ်ထိုးလိုက်၏။

ကိုယ်ခံပညာသိုင်းသမားက လက်ထုတ်၍ ထိုးချက်ကို ကာဆီးပြီး ပြန်လည်တိုက်ခိုက်တော့မည့်ဆဲဆဲမှာ ချီရွှမ်းစုက သူ၏ ချီစုဆောင်းထားသော ညာဘက်လက်ကို လွှဲလိုက်၏။

ကိုယ်ခံပညာသိုင်းသမားက တိုက်ခိုက်မှုကိုတားဆီးရန် သူ့လက်ကိုမြှောက်လိုက်သော်လည်း ချီရွှမ်းစု၏ လက်ဖဝါးထဲမှ ချီစွမ်းအင်ပေါက်ကွဲထွက်လာလိမ့်မည်ဟု သူက မျှော်လင့်မထားခဲ့ပေ။ ထိုအင်အားကြောင့် ကိုယ်ခံပညာသိုင်းသမား၏ လက်ဝါးနှင့် ချီရွှမ်းစု၏ လက်ဝါးက ကိုယ်ခံပညာသိုင်းသမား၏ ရင်ဘတ်ပေါ်သို့ တစ်ချိန်တည်းမှာ ဆင်းသက်သွား၏။ ထိုအင်အားက သူ့ခန္ဓာကိုယ်ကိုထိုးဖောက်ပြီး တဖျောက်ဖျောက် ကျိုးကြေအက်ကွဲသံများ ထွက်ပေါ်လာလေသည်။

အသွေးအသားနယ်ပယ် ကိုယ်ခံပညာသိုင်းသမားတစ်ဦးပင်လျှင် ဤကဲ့သို့သော အင်အားမှာ ကိုယ်တွင်းအင်္ဂါများ ပျက်စီးထိခိုက်သွားပေလိမ့်မည်။ ဤကဲ့သို့သောဒဏ်ရာများကို အလျင်အမြန်ပြန်လည်ကုသဖို့ မဖြစ်နိုင်တော့ဘဲ သူက လဲကျသွားသည်။

ချီရွှမ်းစုက စစ်ဆေးမေးမြန်ဖို့အတွက် သူ့ပြိုင်ဘက်ကို အသက်ရှင်လျက်ထားလိုသည်။ သူက နတ်နဂါးပစ္စတိုကို ဆွဲထုတ်ပြီး ကျည်ဖြည့်လိုက်၏။ သို့သော်လည်း ထင်မှတ်မထားစွာဖြင့် ကိုယ်ခံပညာသိုင်းသမားက အတော်လေးရဲဝံ့နေသည်။ သူ၏နံရိုးများစွာကျိုးကြေနေလျှင်တောင် ကိုယ်ခံပညာသိုင်းသမားက ရုတ်တရက် ရုန်းကန်ပေါက်ကွဲစွမ်းအားဖြင့် ချီရွှမ်းစု၏ ညာဘက်ခြေထောက်ကို ဖမ်းဆွဲလိုက်၏။

ချီရွှမ်းစုက ထိတ်လန့်သွားပြီး သေနတ်ကျည်ဆန်ကို မဖြည့်အားတော့ဘဲ ထိုသူကို ကန်ကျောက်ကာ ချုပ်နှောင်မှုကနေ ရုန်းထွက်လိုက်၏။ သို့သော်လည်း ဤကိုယ်ခံပညာသိုင်းသမားက အချုပ်သမားကောင်းတစ်ဦးဖြစ်သည်။ သူက ညာဘက်လက်ဖြင့် ချီရွှမ်းစု၏ ဘယ်ဘက်ခြေထောက်ကို ဖမ်းဆွဲပြိး မြေပြင်ပေါ်မှာ လှိမ့်ချကာ ချီရွှမ်းစုကို ဆွဲခေါ်သွားလို၏။

ဤအချိန်မှာ ကျန်းယွဲ့လု၏ လက်ချက်ဖြင့် ဒဏ်ရာအပြင်းအထန်ရရှိထားသော ဘိက္ခုက ဘုရားကျောင်းအပြင်ဘက်သို့ ထွက်လာပြီး သူ့လက်ထဲရှိဓားနှင့်အတူ ချီရွှမ်းစုရှိရာသို့ ဖုတ်ကောင်တစ်ကောင်လို ဒယီးဒယိုင်လျှောက်လှမ်းလာ၏။

“မင်းက အဲလောက်ထိသေချင်နေပြီဆိုမှတော့ ငါ့အပြစ်လို့ မဆိုနဲ့တော့”

ချီရွှမ်းစုက သူတော်ကောင်းတစ်ယောက် မဟုတ်ပေ။ သူက စိတ်ဝိညာဉ်ဓားတိုကို ဆွဲထုတ်ပြီး သူ့ခြေထောက်ကိုဆွဲထားသည့် ကိုယ်ခံပညာသိုင်းသမား၏ နောက်ကျောကို ထိုးစိုက်လိုက်၏။

ယွီရှုအဆင့် ကိုယ်ခံပညာသိုင်းသမားကိုမပြောနှင့် သွေးစုပ်ဖုတ်ကောင်များ၏ ခေါင်းဆောင် ဒက်စ်မန်ပင်လျှင် ဤဓားချက်ဖြင့် အသက်ပျောက်ခဲ့ရသည်။ ကိုယ်ခံပညာသိုင်းသမား၏ နှလုံးက ဓားဖြင့်ထိုးဖောက်ခံလိုက်ရသည်။ သူက ချက်ချင်းပင်သေဆုံးပြီး ချီရွှမ်းစု၏ ခြေထောက်ကို ဆက်လက်၍ ဖမ်းဆွဲမထားနိုင်တော့ပေ။

ချီရွှမ်းစုက ကိုယ်ခံပညာသိုင်းသမားကို ကန်ထုတ်လိုက်၏။ သူက လွင့်စင်ထွက်ပြီး ဇာက်ကျိုးသွားလေသည်။

ဤသည်ကိုကြည့်ပြီး ဓားကိုင်ထားသော ဘိက္ခုက မြန်မြန်ဆန်ဆန်နောက်ပြန်လှည့်ကာ ဘုရားကျောင်းထဲသို့ ဒယီးဒယိုင်ပြန်လျှောက်သွား၏။

ချီရွှမ်းစုက သူ့ဓားတိုချင်းယွမ်ကို သိမ်းဆည်းပြီး နတ်နဂါးပစ္စတိုကို ကျည်ဖြည့်လိုက်သည်။

ဘိက္ခုက ရှေးဟောင်းဘုရားကျောင်း၏ တံခါးဝကို ရောက်ရှိသွားစဉ်မှာပင် ချီရွှမ်းစုက သူ၏နောက်စေ့ကို ပစ္စတိုဖြင့် ချိန်ထားပြီဖြစ်သည်။ ချီရွှမ်းစုက‌ မောင်းတံကိုလက်မဖြင့်ဖိချပြီး ခလုတ်ကိုလက်ညှိုးဖြင့် ဆွဲလိုက်သည်။ သေနတ်သံနှင့်အတူ ဘိက္ခု၏ ဦးခေါင်းနောက်ဘက်မှာ သွေးသံရဲရဲအပေါက်တစ်ပေါက် ပေါ်ထွက်လာ၏။

ဘိက္ခုက မြေပြင်ပေါ် မျက်နှာဖြင့်ကျပြီး ချက်ချင်းပင် သေဆုံးသွားသည်။

ချီရွှမ်းစုက ခဏမျှရပ်တန့်၍ သေနတ်ကိုကျည်ဖြည့်ပြီးနောက် ၎င်းကို ခါးမှာပြန်ချိတ်လိုက်၏။ ထို့နောက် သူက ချင်းယွမ်ကို နောက်တစ်ဖန်ပြန်ဆွဲထုတ်လိုက်သည်။

ဤအခိုက်အတန့်မှာ စိတ်ဝိညာဉ်ရုပ်တုကို ထုတ်ဖော်ထားသော ကျန်းယွဲ့လုက ရှေးဟောင်းဘုရားကျောင်း၏နံရံကို သူမ၏ နောက်ကျောဖြင့် ပစ်တိုက်ချိုးဖျက်ပြီး ဘုရားကျောင်းအပြင်ဘက်သို့ ထွက်လိုက်၏။ ချီသန့်စင်သူနှင့် လေလွင့်ကျင့်ကြံသူကလည်း နောက်ကနေလိုက်ပါသွားကြသည်။

သူတို့သုံးယောက်က ရှေးဟောင်းဘုရားကျောင်၏ အပြင်ဘက် နက်ရှိုင်းသောတောအုပ်ထဲသို့ ပြေးဝင်သွားကြ၏။ ကျန်းယွဲ့လုသည် ဓားပျံကိုတားဆီးဖို့ သစ်ပင်များကို အသုံးချလိုသော်လည်း ဓားများက ထက်ရှလွန်းပြီး ဓားအလင်းဖြတ်သွားရာနေရာတိုင်းမှာ ကြီးမားသောသစ်ပင်များက ပြတ်ကျကျန်ခဲ့သည်။

ချီရွှမ်းစုက ကျန်းယွဲ့လုကို အကူအညီပေးဖို့ အလောတကြီးရှိမနေပေ။ ထိုအစားသူက ရှေးဟောင်းဘုရားကျောင်းထဲသို့ အရင်လျှောက်လှမ်းဝင်လိုက်သည်။

ဤအချိန်မှာ ရှေးဟောင်းဘုရားကျောင်းထဲတွင် ချီရွှမ်းစု ပထမဆုံး သေနတ်နှင့်ပစ်ခဲ့သည့် ဘိက္ခု၊ ကျန်းယွဲ့လုကြောင့် ဒဏ်ရာအပြင်းအထန်ရရှိထားသော ကိုယ်ခံပညာသိုင်းသမားနှင့် ဂမ္ဘီရဝိဇ္ဇာတို့ ရှိနေကြသည်။

သူတို့သုံးယောက်က အသက်ရှင်နေသေးသော်လည်း တိုက်ခိုက်ဖို့ခွန်အားမကျန်ရှိတော့ပေ။ လက်ထဲမှာ ဓားတစ်လက်ကိုင်ဆွဲပြီး သတ်လိုဖြတ်လိုသောအော်ရာဖြင့် ဘုရားကျောင်းထဲသို့ ဝင်ရောက်လာသည့် ချီရွှမ်းစုကို တွေ့မြင်သောအခါ သူတို့အားလုံး တုန်လှုပ်သွားကြသည်။

ဒွာရပေါက်များကနေ သွေးများစီးထွက်နေသည့် ကိုယ်ခံပညာသိုင်းသမားက သူတို့သုံးယောက်ထဲမှာ ထိခိုက်ဒဏ်ရာအနည်းဆုံးဖြစ်သည်။ သူက ချက်ချင်းပင်မတ်တတ်ထရပ်ပြီး လှည့်ထွက်ပြေးချင်သော်လည်း ချီရွှမ်းစုက သူ့ကို ထွက်ပြေးဖို့ အခွင့်အရေးမပေးပေ။

ချီရွှမ်းစုက ရှေ့သို့တက်လှမ်းပြီး ကိုယ်ခံပညာသိုင်းသမား၏ အင်္ကျီကိုဖမ်းဆွဲကာ သူ၏နောက်ကျောကို ဓားဖြင့်ပစ်ထိုးလိုက်၏။ ဓားက ကိုယ်ခံပညာသိုင်းသမား၏ ရင်ဘတ်ရှေ့ကနေ ပြူထွက်လာပြီးသူက ချက်ချင်းပင် သေဆုံးသွားသည်။

ဤမြင်ကွင်းကိုကြည့်ပြီး သတ်ဖြတ်ခြင်းများဖြင့် အသားကျနေလျှင်တောင် ဒဏ်ရာရရှိထားသော ကြေးစားလူသတ်သမားနှစ်ဦးက ထိတ်လန့်တကြားဖြစ်သွားကြ၏။ မည်သို့ပင်ဆိုစေ အသေအကြေတိုက်ခိုက်ရခြင်းနှင့် တစ်ယောက်ယောက်က မိမိကို သတ်ဖြတ်လာသည်ကို ကူကယ်ရာမဲ့စွာ စောင့်ကြည့်နေရခြင်းက လုံးဝမတူပေ။ သူတို့မှာ ပြေးစရာနေရာမရှိတော့ဘဲ ထိတ်ထိတ်ပျာပျာနှင့် ကြောက်လန့်တကြားဖြစ်လာကြသည်။

ချီရွှမ်းစုက ကိုယ်ခံပညာသိုင်းသမား၏ ခန္ဓာကိုယ်ကိုတွန်းထုတ်ပြီး စောစောက ကျန်းယွဲ့လုကြောင့် ဓားထိုးခံထားရသည့် အားအနည်းဆုံး ဂမ္ဘီရဝိဇ္ဇာထံသို့ ရောက်ရှိလာ၏။ ဤအချိန်မှာ သူက သေလုမျောပါးဖြစ်နေပြီး ထိုသို့ဖြင့် ချီရွှမ်းစုက သူ၏ ရင်ဘတ်ကို ထိုးစိုက်၍ သူ့နှလုံးကို ဓားဖြင့်မွှေ့ကာ သူ့ဘဝကို အဆုံးသတ်ပေးလိုက်သည်။

ထို့နောက်ချက်ချင်းပင် ချီရွှမ်းစုက ဓားကိုဆွဲနုတ်ပြီး ဒဏ်ရာရနေသော ဘိက္ခုရှိရာသို့ လျှောက်လှမ်းသွား၏။ ဘိက္ခုက ရုတ်တရက်ရုန်းကန်ပေါက်ကွဲစွမ်းအားဖြင့် မတ်တတ်ထရပ်ပြီး ချီရွှမ်းစု၏ ဓားချက်ကို ပွတ်ကာသီကာ ရှောင်တိမ်းလိုက်၏။

ချီရွှမ်းစုက ခပ်မြန်မြန်လှုပ်ရှားပြီး ဘိက္ခု၏ ခေါင်းဆောင်းကိုဆွဲလှန်ချကာ သူ၏ လည်ပင်းအသားကို ပေါ်ထွက်လာစေ၏။ ထို့နောက် ချီရွှမ်းစုက ဘိက္ခု၏လည်ပင်းကို ရှင်းရှင်းလင်းလင်းလှီးဖြတ်ကာ သတ်ဖြတ်လိုက်သည်။

တစ်ခဏချင်းမှာပင် ကြေးစားလူသတ်သမား ၇ ဦးထဲ နှစ်ဦးသာကျန်တော့သည်။ သူတို့နှစ်ယောက်လုံးက အပြင်ဘက်မှာ ကျန်းယွဲ့လုနှင့် တိုက်ခိုက်နေကြသည်။

သို့သော်လည်း ဤပြိုင်ဘက်နှစ်ဦးက ကိုင်တွယ်ရအခက်ခဲဆုံးဖြစ်သည်ကို ချီရွှမ်းစုကလည်း သိရှိထားသည်။ သူက သူတို့ကို ကိုင်တွယ်ဖို့အတွက် နည်းလမ်းတစ်ခုကို ကြံဆရပေမည်။

All Chapters