← Chapters

ရှန်းယီ၏ အကြံအစဉ်

Vol. 85 Ch. 848

ရှန်းယီ၏ အကြံအစဉ်

Vol. 85 Ch. 848

"သွားဖို့ အချိန်တန်ပြီ။"

တောင်ပိုင်းဟုန် ဂိုဏ်းခုနစ်ဂိုဏ်း၏ အပြင်ဘက်တွင်၊ ယဲ့ကျိုးသည် သူ၏လက်ထဲရှိ တာအိုချပ်ပြားကို ပေါ့ပေါ့ပါးပါးချလိုက်ပြီး မှောင်မိုက်နေသော ရေပြင်ဆီသို့ လှမ်းကြည့်လိုက်၏။

ခဏအကြာတွင် လင်းယွဲ့ ရတနာနယ်မြေအတွင်းမှ အရပ်ရှည်ရှည်ပုံရိပ်တစ်ခု ထွက်ပေါ်လာပေသည်။

"ဘာမှလည်း မပြောဘူး၊ ဘယ်သွားမလဲဆိုတာလည်းမပြောဘဲနဲ့ မင်းကိုယ်မင်း နန်ယန်ဂိုဏ်းချုပ်လိုမျိုး အမိန့်တွေစပေးနေတာလား။"

ချီယန်ရှန်း က သူ့အနားသို့ချဉ်းကပ်လာရင်း တင်းမာစွာ ပြောလိုက်၏။

ပြီးခဲ့သည့်အကြိမ်က ဂိုဏ်းချုပ်ရှန်းကို ပြန်လည်ပို့ဆောင်ပေးခဲ့ပြီးကတည်းက ယဲ့ကျိုးသည် တဖြည်းဖြည်းခြင်းပုံမှန်မဟုတ်ဖြစ်လာခဲ့လေသည်။

ချီယန်ရှန်း၏ ရင်ထဲတွင် မရေရာသောမလုံခြုံမှုတစ်ခုမှာ တဖြည်းဖြည်းကြီးထွားလာခဲ့ပြီး၊ ကြီးမားသောအပြောင်းအလဲတစ်ခု ဖြစ်တော့မည်ဟု သူအမြဲတစေခံစားနေရ၏။

"ငါက ဘယ်ကိုသွားရမလဲဆိုတာ ဘယ်လိုလုပ် သိမှာလဲ။"

ယဲ့ကျိုး က သူ့ကို တစ်ချက်ကြည့်လိုက်ပြီးနောက် သူ၏ အကြည့်များသည် လင်ယွဲ့ဂိုဏ်းချုပ်ကို ကျော်လွန်၍ သူ၏အနောက်တွင် တိတ်ဆိတ်စွာ ရပ်နေသောတစ်စုံတစ်ယောက်ထံသို့ ရောက်ရှိသွားလေသည်။

ထိုနေရာတွင် အနက်ရောင်ဝတ်ရုံဝတ်ဆင်ထားသောပုံရိပ်တစ်ခုသည် လက်နှစ်ဖက်ကို ဘေးတွင် ချလျက် တိတ်ဆိတ်စွာရပ်နေချေ၏။

"သူ့ရဲ့ နတ်ဘုရားစွမ်းရည်တွေက အငွေ့အသက်ကို ဖုံးကွယ်တဲ့နေရာမှာ ကျွမ်းကျင်တယ်၊ သူ့ကိုပါ တစ်ခါတည်း ခေါ်သွားတာက ပိုပြီး သတိထားရာ ရောက်မယ်လို့ ငါထင်တယ်။"

ယဲ့ကျိုး က သူ၏ ရင်ထဲရှိဂနာမငြိမ်ဖြစ်မှုကို ထိန်းချုပ်ရင်း တိုးညှင်းစွာရှင်းပြလိုက်လေသည်။

"သွားကြစို့။"

ရှန်းယီ က ခေါင်းကို အနည်းငယ်ညိတ်ပြလိုက်ပြီး သူ၏ ပုံရိပ်သည် ဟင်းလင်းပြင်အတွင်းသို့ ဖြည်းညှင်းစွာ ပျောက်ကွယ်သွားခဲ့၏။

သူသည် လင်းယွဲ့ဂိုဏ်းချုပ်ကို အသိမပေးခဲ့ခြင်းမှာ တစ်ဖက်လူအနေဖြင့် ဤရူးသွပ်ဖွယ်ကောင်းသော အစီအစဉ်ကို ဘယ်သောအခါမှ သဘောတူမည်မဟုတ်ဟု ခံစားရသောကြောင့်ဖြစ်သည်။ အကယ်၍ စီနီယာယဲ့က သူ့ကို နားချနိုင်မည်ဆိုလျှင် ထိုအရာကလည်းကောင်းမွန်သောအချက်ပင်။

ထိုအရာကို မြင်သောအခါ ချီယန်ရှန်း၏ မလုံခြုံသောမျက်နှာသည် ပို၍ပင် မည်းမှောင်သွားခဲ့ပြီး ယဲ့ကျိုးကို အချိန်အတော်ကြာစိုက်ကြည့်နေပြီးနောက် အဆုံးတွင် သက်ပြင်းအရှည်ကြီးချလိုက်၏။

"ဒါဆို မူလကတည်းက မင်းငါ့ကိုပါ ထည့်သွင်းဖို့တောင်မစဉ်းစားခဲ့ဘူးပေါ့၊ ဟုတ်လား။"

"အပိုစကားတွေပြောမနေနဲ့တော့။"

ယဲ့ကျိုးသည် အလင်းစီးဆင်းရတနာဓားပေါ်သို့ တက်လိုက်ပြီး ရှန်းယီ ပျောက်ကွယ်သွားသော လမ်းကြောင်းအတိုင်းလျင်မြန်စွာ လိုက်ပါသွားလေသည်။

ချီယန်ရှန်းလည်း ကူကယ်ရာမဲ့စွာဖြင့် နောက်မှ လိုက်ပါသွားခဲ့ပေသည်။

ပုံရိပ်သုံးခုသည် တစ်ခဏအတွင်းပျောက်ကွယ်သွားကြပြီး ဂိုဏ်းခုနစ်ဂိုဏ်း၏ နယ်မြေအတွင်းမှ တိတ်ဆိတ်စွာ ထွက်ခွာသွားကြ၏။

ချင်းယွဲ့ ရတနာနယ်မြေအတွင်း၌ကျိကျင့်ရှီး သည် ဘိုးဘေးသခင်ခန်းမထဲတွင် ရပ်နေပြီး သူမ၏ မျက်လုံးများကို မှိတ်ထားကာ ဖြူဖွေးသော လက်ချောင်းများသည် ဝတ်ရုံလက်စအောက်တွင် တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ထားလျက် ရှိနေသည်။

ကောင်းကင်ဘုံနယ်ပယ် နှောင်းပိုင်းအဆင့်မှ စီနီယာအစ်ကိုနှစ်ဦး အတူတကွအပြင်ထွက်သွားခြင်းသည် သူမခန့်မှန်းထားသောအချက်မှလွဲ၍ အခြားဖြစ်နိုင်ခြေ မရှိပါချေ။

စီနီယာအစ်ကို ချင်း ရှိစဉ်အခါကပင် တောင်ပိုင်းဟုန်သားတော်ခုနစ်ပါးသည် တောင်ပိုင်းနဂါးနန်းတော်ကို အမြစ်ပြတ် မချေမှုန်းနိုင်ခဲ့ပါချေ။ သို့သော် ယခုကဲ့သို့ ခက်ခဲသောအချိန်ကာလတွင်မှ သူတို့သည် ၎င်းကိုအလွန်ပေါ့ပေါ့ပါးပါးပင် ဆုံးဖြတ်လိုက်ကြ၏။

မဟုတ်သေးပေ။ ပို၍ တိတိကျကျဆိုရလျှင် ၎င်းကို ရှန်းယီ တစ်ဦးတည်းကသာ ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ပေသည်။

သူသည် သူမနှင့် စီနီယာအစ်ကိုချီတို့ကို ထည့်သွင်းစဉ်းစားခြင်းပင် မပြုခဲ့ပါချေ။ ဖြစ်နိုင်သည်မှာ သူတို့နှစ်ဦးသည် စကားများလွန်းပြီး ရှင်းပြရန်အလွန်ပင် ဒုက္ခများသူများဟု သူတွေးနေပုံရချေသည်။

စီနီယာအစ်ကို ယဲ့ နှင့် ပတ်သက်၍မူ၊ ထိုနေ့က သူ ဒေါသတကြီးဖြစ်မသွားခဲ့လျှင် ရှန်းယီ၏ အစီအစဉ်ကို သူပင်လျှင် သိရှိလိမ့်မည် မဟုတ်ချေ။

"ရှင်တို့တွေကတော့"

ကျိကျင့်ရှီး သည် ခွန်အားမဲ့သကဲ့သို့ ခံစားရကာ မျက်လုံးများကို ရုတ်တရက်ဖွင့်လိုက်၏။

ဤ တောင်ပိုင်းဟုန်၏ ရေပြင်နှင့် ကုန်းမြေအတွင်း၌ သူမ ပါဝင်ပတ်သက်၍ မရနိုင်သော အရာများ ရှိနေသေးသည်။ ယခုကဲ့သို့သော ပူပန်သောကရောက်မှုမျိုးကို သူမ မကြုံတွေ့ရသည်မှာ နှစ်ပေါင်းများစွာကြာခဲ့လေပြီ။

သို့သော် ရှန်းယီကဲ့သို့ ခွန်အားမျိုးဖြင့်၊ သူသည် အဘယ်ကြောင့်ဤမျှအထိ ရဲတင်းသော အတွေးများကို တွေးနိုင်ပြီးပြတ်ပြတ်သားသား လုပ်ဆောင်နိုင်ရသနည်းဆိုသည်ကို သူမ အံ့သြနေမိပေသည်။

ထိုလူသုံးဦးထွက်ခွာသွားသော လမ်းကြောင်းမှာလည်း နဂါးသိုက်ဆီသို့ ဦးတည်နေပုံ မရပါချေ။

သူမ ခန့်မှန်းချက် မှားယွင်းသွားခဲ့ခြင်းလော။

"စီနီယာအစ်မ၊ ကျွန်မတို့ တစ်ခုခု မူမမှန်တာ ခံစားနေရတယ်၊ တစ်ခုခုဖြစ်လို့လား။"

ဘိုးဘေးသခင်ခန်းမ အပြင်ဘက်တွင် ကျန်ရှိနေသော ဂိုဏ်းချုပ်သုံးဦး စုဝေးရောက်ရှိနေကြလေသည်။

"..."

၎င်းကို ကြားသောအခါ ကျိကျင့်ရှီး လှည့်ကြည့်လိုက်ပြီး ခဏမျှစဉ်းစားကာ တည်ငြိမ်သော လေသံဖြင့် အားတင်းကာပြောလိုက်၏။

"ဘာမှ မဖြစ်ပါဘူး။"

အမှန်စင်စစ်ဆွေးနွေးနေရန်ပင် မသင့်သော်ချေ။ အကယ်၍ ရှန်းယီနှင့် အခြားသူများ ရှုံးနိမ့်သွားခဲ့လျှင် တောင်ပိုင်းဟုန်ဂိုဏ်းခုနစ်ဂိုဏ်း၏ လမ်းစဉ်မှာလည်း အခြေခံအားဖြင့် အဆုံးသတ်သွားမည် ဖြစ်သောကြောင့်ပင်။

သူမ ခန့်မှန်းချက် မှားယွင်းသွားခဲ့လျှင် အကောင်းဆုံးဖြစ်ပေလိမ့်မည်။

...

တောင်ပိုင်းဟုန် ရေပြင်အတွင်းရှိ လျှို့ဝှက်နယ်မြေတစ်ခု၌၊ တော်ဝင်သရဖူကို ဆောင်းထားပြီး ရှေးဟောင်းဝတ်ရုံကို ဝတ်ဆင်ထားသည့် မြင့်မားသောပုံရိပ်တစ်ခုသည် နောက်ဆုံးတွင် ထောင်ယွမ်စံအိမ်သို့ ချဉ်းကပ်လာခဲ့ပြီ ဖြစ်လေသည်။

တောင်ပိုင်းနဂါးဘုရင် သည် အမှန်တကယ်တွင် မြောက်ပိုင်းဟုန်မှလူများနှင့် ဆက်ဆံရခြင်းကို လွန်စွာဝန်လေးလှပေသည်။

မည်သို့ပင်ဆိုစေ ဟုန်ကျယ်၏ နဂါးဘုရင် လေးပါးအနက်မှ တစ်ပါးဖြစ်သော်လည်း၊ တောင်ပိုင်းဟုန်၏ ဆင်းရဲမွဲတေမှုကြောင့် သူနှင့် အခြားနဂါးဘုရင်သုံးပါး အကြားခွန်အားကွာခြားချက်မှာ အလွန်ပင် ကြီးမားလှပေသည်။

သို့သော် ယနေ့တွင်မူ မတူညီတော့ပေ။ သူ၏ ဝတ်ရုံလက်စအတွင်းဝှက်ထားသော စာလွှာကို မသေမျိုး၏ စားပွဲပေါ်သို့ သူတို့အားပေးပို့ခိုင်းနိုင်မှသာ သူသည် ရှုံးနိမ့်ခြင်းမှအောင်ပွဲသို့ ပြောင်းလဲရန်အခွင့်အရေး ရရှိမည်။

တောင်ပိုင်းနဂါးဘုရင်သည် အတိတ်က နန်ယန်တွင် ဖြစ်ခဲ့သကဲ့သို့ သက်ရှိအားလုံးပျက်သုဉ်းကာ မျှော်လင့်ချက်မဲ့ငိုကြွေးသံများ ကုန်းမြေပြင်၌ ပြည့်နှက်နေသောမြင်ကွင်းကို စိတ်ကူးကြည့်လိုက်ရာ သူ၏ရင်ထဲရှိ မသက်မသာဖြစ်မှုများသည် ပြင်းထန်သောကျေနပ်အားရမှုဖြင့် အစားထိုးဝင်ရောက်လာခဲ့၏။

"ကံကြမ္မာက အဆုံးသတ်သွားပြီ၊မင်းတို့ရဲ့ ဂိုဏ်းချုပ်ရှန်းကိုပဲ အပြစ်တင်ကြတော့။ သူက အရမ်းကို ထင်ပေါ်လွန်းတယ်၊ သစ်ပင်က မြင့်လေ လေတိုက်ခံရလေပဲ။"

၎င်းက ကောင်းကင်သို့ မော့ကြည့်ရင်း တိုးညှင်းစွာ ရေရွတ်လိုက်၏။ သန်မာလှသော အငွေ့အသက်များသည် ထောင်ယွမ်စံအိမ်ဆီသို့ နီးကပ်လာနေပြီဖြစ်ကြောင်း သူခံစားနေရလေသည်။

တစ်ခဏအတွင်းမှာပင်ကြီးမားလှသော လှိုင်းလုံးကြီးများကျဆင်းလာပြီး တောင်ပိုင်းနဂါးဘုရင်၏ မြင့်မားသောပုံရိပ်ကို ရေမျက်နှာပြင်ဆီသို့ သယ်ဆောင်သွားလေသည်။

ဤရက်ပိုင်းအတွင်း ပုန်းအောင်းနေခဲ့ပြီးနောက် အဆုံးတွင် သူသည် ဂုဏ်သိက္ခာရှိစွာဖြင့် ရေပြင်မှ ထွက်ခွာနိုင်ခဲ့ပြီ ဖြစ်လေသည်။

တောင်ပိုင်းနဂါးဘုရင်သည် သူ၏ နှုတ်ခမ်းထောင့်ရှိ ကောက်ကျစ်သောအပြုံးကို မနည်းထိန်းချုပ်ထားရလေ၏။ သူသည် ရှေ့သို့ တိုးထွက်ရန် အသင့်ဖြစ်နေချိန်မှာပင် သူ၏ မျက်ခွံများသည် ရုတ်တရက် အဆက်မပြတ်လှုပ်ခါလာခဲ့ပြီး၊ သူ၏ မြင်ကွင်းထဲတွင် တစ်ကမ္ဘာလုံးပြောင်းပြန်လှန်သွားသကဲ့သို့တောင်တန်းကြီးများပြည့်နှက်သွားကာ သူ့ကို တင်းကြပ်စွာပိတ်လှောင်ထားလိုက်လေသည်။

"ချီယန်ရှန်း "

တောင်ပိုင်းနဂါးဘုရင်သည် သူ၏ အစွယ်များကို ဖြည်းညှင်းစွာထုတ်လိုက်ပြီး သွေးဆူနေသော ကြောက်မက်ဖွယ်မျက်လုံးများဖြင့် ထို ပြောင်းပြန်လှန်နေသောတောင်တန်းကြီးကို စိုက်ကြည့်လိုက်၏။

နေရာတစ်ခုကို ချိတ်ပိတ်လိုက်သကဲ့သို့ ပိတ်ဆို့ထားသည့် ဤနတ်ဘုရားစွမ်းရည်မှာ သူ့အတွက် လွန်စွာ ရင်းနှီးနေခဲ့ပြီဖြစ်ပေသည်။

သို့သော်လည်း တောင်ပိုင်းဟုန်သားတော်ခုနစ်ပါးက သူ ဤနေရာတွင်ရှိနေသည်ကို မည်သို့သိသွားသနည်း။ သူ့ကို အနိုင်ယူရန်ယုံကြည်ချက်များ မည်သည့်နေရာကရလာသနည်း။

ထို့အတူ... မြောက်ပိုင်းဟုန်မှ လူများ၏ ရှေ့တွင် သူတို့က အဘယ်ကြောင့်လက်ရဲဇက်ရဲလုပ်ရဲကြသည်ကို သူနားမလည်နိုင်အောင် ဖြစ်နေရလေ၏။

သံသယများစွာကြားတွင် ပုံရိပ်သုံးခု တဖြည်းဖြည်းထွက်ပေါ်လာသည်ကို မြင်သောအခါ တောင်ပိုင်းနဂါးဘုရင်သည် သူ၏ အဖြေကို ရရှိလိုက်ပုံရချေသည်။

သူသည် ရှေ့ဆုံးမှ အနက်ရောင်ဝတ်ရုံဝတ်ပုံရိပ်ကို လျစ်လျူရှုဟန်ဖြင့်ကြည့်လိုက်ပြီး ခဏအကြာတွင် ရက်စက်ကြမ်းကြုတ်သော အပြုံးတစ်ခုကို ထုတ်ဖော်ပြလိုက်လေသည်။

"ဒါဆို... ဒါကလည်း မင်းရဲ့ အကြံပဲပေါ့၊ ဟုတ်လား။"

ဤ နန်ယန်ဂိုဏ်းချုပ်၏ မောက်မာပြီး အာဏာရှင်ဆန်သောအပြုအမူများကို ကြည့်ခြင်းအားဖြင့်၊ သူသည် ယခုကဲ့သို့ အကျည်းတန်သောလုပ်ရပ်မျိုးကို လုပ်ဆောင်လိမ့်မည်မှာ အံ့သြစရာမရှိတော့ပေ။

All Chapters