← Chapters

တောင်ပိုင်းနဂါးဘုရင်ကို တိုက်ခိုက်ကြခြင်း

Vol. 85 Ch. 849

တောင်ပိုင်းနဂါးဘုရင်ကို တိုက်ခိုက်ကြခြင်း

Vol. 85 Ch. 849

ရှန်းယီပြန်လည်ဖြေရန်အခွင့်အရေးပင် မရလိုက်ဘဲ တောင်ပိုင်းနဂါးဘုရင်သည် အခြားနှစ်ဦးထံသို့ အကြည့်ကို လျင်မြန်စွာလွှဲပြောင်းလိုက်၏။

"ဟုန်ကျယ်မှာ မင်းတို့ကိုအသေစေချင်ဆုံးလူက အခု ငါတို့ရဲ့အထက် ကောင်းကင်ယံကို ရောက်နေတယ်ဆိုတာ သူ့ကိုမပြောပြရသေးဘူးလား။"

"..."

ချီယန်ရှန်း သည် မိုးကုတ်စက်ဝိုင်းဆီသို့ တိတ်ဆိတ်စွာ လှမ်းကြည့်လိုက်ရာ၊ သိပ်မကွာဝေးသောနေရာတွင် ရင်းနှီးနေသောအစွမ်းထက်သည့် အငွေ့အသက်အချို့ကို သူလည်း ခံစားမိလိုက်လေသည်။

အနန္တတာအိုအင်ပါယာနန်းတော်

မြောက်ပိုင်းနဂါးနန်းတော်

ဤလူများသည် တောင်ပိုင်းဟုန်သို့ မည်သို့ ရုတ်တရက်ရောက်ရှိလာကြသနည်း။ သူတို့၏ ရည်ရွယ်ချက်က မည်သည့်အရာဖြစ်ပြီး၊ တောင်ပိုင်းနဂါးဘုရင်မှာ နဂါးသိုက်မှ ထွက်ခွာလာကြောင်းကို ဂိုဏ်းချုပ်ရှန်းကရော မည်သို့သိရှိကာ ၎င်း၏ တိကျသောတည်နေရာကိုပင် မည်ကဲ့သို့ခြေရာခံနိုင်ခဲ့သနည်း။

နဂါးဘုရင်အိုကြီး၏ သတိကြီးလှသော သဘာဝအရ၊၎င်းအနေဖြင့် အပြင်ထွက်လာရမည်ဆိုလျှင်ပင် တောင်ပိုင်းဟုန်တွင် ဤသတင်းကို သိရှိထားသည့် ဒုတိယမြောက်လူတစ်ဦးလုံးဝမရှိနိုင်ပေ။

အမှန်တကယ်ပင် အရေးကြီးဆုံးကိစ္စမှာ တိုက်ပွဲစတင်သည်နှင့် တစ်ပြိုင်နက်၊ ချီယန်ရှန်း သည် သူ၏ နတ်ဘုရားစွမ်းရည်များကို မည်မျှပင် အစွမ်းကုန်အသုံးပြုထားစေကာမူ၊ အချိန်အတိုင်းအတာတစ်ခုကြာပြီးနောက် ထိုလူများသည် ဤနေရာရှိ အငွေ့အသက်များပြောင်းလဲသွားမှုကို ရှောင်လွှဲ၍မရဘဲ ခံစားမိသွားကြမည်သာဖြစ်သည်။

ထိုအချိန်ရောက်လျှင် တောင်ပိုင်းနဂါးဘုရင်ကိုသာ ရင်ဆိုင်ရလိမ့်မည်မဟုတ်တော့ပေ။

အကယ်၍ ချီယန်ရှန်းသည် အစောပိုင်းက ဤလူနှစ်ဦးကို စိတ်လိုက်မာန်ပါလွန်းသည်ဟု ထင်မြင်ခဲ့သော်လည်း အောင်မြင်ရန်မျှော်လင့်ချက် အနည်းငယ် ရှိသေးသည်ဟု တွေးခဲ့လျှင်၊ ယခုအချိန်မှာတော့ သူတို့နှစ်ဦးရူးသွပ်နေပြီဟုသာ သူ ယုံကြည်သွားခဲ့ပြီဖြစ်သည်။

"ငါ့ကို လာမကြည့်နဲ့၊ ငါလည်း ဘာမှမသိဘူး။"

ယဲ့ကျိုး သည် လျစ်လျူရှုဟန်ဖြင့် ပြောလိုက်ပြီး၊ သူ၏ အကြည့်များသည် အစမှအဆုံးတိုင် ထိုနဂါးအိုကြီးထံမှ ဖယ်ခွာသွားခြင်းမရှိခဲ့ချေ။

နှစ်ပေါင်းမရေမတွက်အောင် ခါးသီးစွာကျင့်ကြံပြီးနောက်သူနှင့် တောင်ပိုင်းနဂါးဘုရင် အကြား ကွာဟချက် မည်မျှကြီးမားနေသေးသည်ကို သူ အမှန်တကယ်ပင် သိချင်နေခဲ့၏။

သို့သော် မြောက်ပိုင်းဟုန်မှ လူများ ရောက်ရှိလာခြင်းကမူ သူ၏ မျှော်လင့်ထားမှုထက် အမှန်တကယ်ပင်ကျော်လွန်နေခဲ့သည်။

"မင်းတို့ ငါ့ကို ဘာလို့တားဖို့ မကြိုးစားကြတာလဲ။"

တောင်ပိုင်းနဂါးဘုရင်သည် သူ၏ အကြည့်ကို ရုပ်သိမ်းလိုက်ပြီး လှောင်ပြောင်သရော်ကာနှာခေါင်းရှုံ့လိုက်ပြီး၊ အချိန်ဆွဲမနေတော့ဘဲ ပြင်းထန်သောလှိုင်းလုံးများကို စီးနင်းလျက် ရေပြင်အထက်ဧရိယာဆီသို့ တိုက်ရိုက်ပြေးထွက်သွားလေသည်။

ထိုအရာကို မြင်သောအခါ ယဲ့ကျိုး နှင့် ချီယန်ရှန်း တို့သည် ရှေ့သို့တစ်ပြိုင်နက်တည်းနီးပါး ကြည့်လိုက်ကြ၏။ ရိုးသားစွာပြောရလျှင် တောင်ပိုင်းနဂါးဘုရင်ကို ရင်ဆိုင်ရာတွင် အနိုင်ရရန် အခွင့်အရေးမှာနည်းပါးနေပြီဖြစ်ပြီး သူ့ကို သတ်ဖြတ်ရန်မှာ ပို၍ပင်ခက်ခဲလိမ့်မည်။

ယခုကဲ့သို့ ကြီးမားသောရှုပ်ထွေးမှုကြီး ပေါ်ပေါက်လာချိန်တွင် ယဲ့ကျိုးကိုယ်တိုင်ပင် ဤကိစ္စသည် မဖြစ်နိုင်တော့ဟု ခံစားလိုက်ရ၏။

တောင်ပိုင်းနဂါးဘုရင် ပြောခဲ့သလိုပင်၊ တောင်ပိုင်းဟုန် သားတော်ခုနစ်ပါးသည် နဂါးနန်းတော်ကို တက်ကြွစွာ တိုက်ခိုက်နေကြောင်း ဤအင်အားစုနှစ်ခုက သိရှိသွားပါက၊ ၎င်းသည် အရှေ့ပိုင်းနဂါးနန်းတော်မှ သတ်မှတ်ထားသော သဘောတူညီချက်ကို ချိုးဖောက်ခြင်းနှင့် အတူတူပင် ဖြစ်သွားပေမည်။

အနန္တတာအိုအင်ပါယာနန်းတော် နှင့် မြောက်ပိုင်းနဂါးနန်းတော်တို့နှစ်ခုစလုံးက နဂါးဘုရင်ကို ကူညီရန်နှင့် တောင်ပိုင်းဟုန်သားတော်ခုနစ်ပါးကို နာကျင်ဖွယ် သင်ခန်းစာတစ်ခုပေးရန်ဝန်လေးနေမည် မဟုတ်ချေ။

ထို့ကြောင့် သူတို့နှစ်ဦးသည် ဆုတ်ခွာရန် အမိန့်တစ်ခုကိုသာ စောင့်ဆိုင်းနေခဲ့ကြ၏။

သို့သော် နောက်တစ်ခဏတွင်မူ အနက်ရောင်ဝတ်ရုံနှင့် ပုံရိပ်သည် သူတို့၏အမြင်အာရုံထဲမှ ချက်ချင်း ပျောက်ကွယ်သွားခဲ့လေသည်။

သူ၏ တည်နေရာကို ခြေရာပင်မခံလိုက်ရသေးမီမှာပင် နားစည်ကွဲမတတ်ဟိန်းဟောက်သံကြီးတစ်ခုသည် သူတို့၏ နားထဲတွင် ပေါက်ကွဲထွက်လာခဲ့၏။

ဖုံးအုပ်ပေးထားသည့် ပြောင်းပြန်ရတနာတောင်တန်းများသာမရှိခဲ့လျှင် ကြီးမားလှသော အငွေ့အသက်များ၏လှိုင်းဂယက်သက်သက်ကပင် တောင်ပိုင်းဟုန်တစ်ခုလုံးကို တုန်လှုပ်သွားစေရန် လုံလောက်နေမည်။

ရေမျက်နှာပြင်အောက် ကျန်းတစ်ရာခန့် အကွာတွင် အကြေးခွံများဖြင့်ဖုံးလွှမ်းနေသော တောင်ပိုင်းနဂါးဘုရင်သည် သူ၏ မျက်နှာရှေ့တွင် လက်နှစ်ဖက်ကိုယှက်ကာ ကာကွယ်လိုက်၏။

သွယ်လျသောခြေထောက်တစ်ချောင်းသည် မည်သည့်နေရာကမှန်းမသိပေါ်လာကာ ကြီးမားသော အင်အားဖြင့်ကျဆင်းလာပြီး နဂါးဘုရင်၏ တစ်ကိုယ်လုံးကိုတုန်ယင်သွားစေကာ အနက်ရောင်ဖိနပ်သည် တောင်ပိုင်းနဂါးဘုရင်၏ နဖူးနှင့် ထိလုနီးပါး ဖြစ်သွားခဲ့ပေသည်။

"မင်း..."

တောင်ပိုင်းဟုန်ကို နှစ်ပေါင်းများစွာ စိုးမိုးခဲ့သော နဂါးအိုကြီးသည် ခေါင်းကိုဖြည်းညှင်းစွာ မော့လိုက်ပြီး၊ ၎င်း၏ သွေးကြောများဖြင့်ယှက်နွယ်နေသော မျက်လုံးများသည် ယခုအခါ အလုံးစုံသွေးနီရောင်သို့ ပြောင်းလဲသွားခဲ့လေပြီဖြစ်၏။

ကောင်းကင်ဘုံနယ်ပယ် နှောင်းပိုင်းအဆင့်တွင် နှစ်ပေါင်း တစ်သိန်းတိတိကုန်ဆုံးခဲ့ပြီးသော နဂါးနတ်ဆိုးတစ်ကောင်သည် နဂါးသိုက်၏ အကူအညီဖြင့် ၎င်း၏ ခွန်အားကို ကောင်းကင်ဘုံနယ်ပယ် ပြည့်စုံခြင်းအဆင့်သို့ပင် မြှင့်တင်နိုင်စွမ်း ရှိလေသည်။

၎င်း၏ ဒေါသတကြီး စိုက်ကြည့်မှုသည် သက်ရှိအများစုကိုပင် ကြက်သီးမွေးညင်းထသွားစေရန် လုံလောက်ပါလိမ့်မည်။

သို့သော်လည်း တောင်ပိုင်းနဂါးဘုရင်၏ အထက်တွင် ဝတ်ရုံများသည်လွင့်ခါနေပြီး လူငယ်လေး၏ ခြေကန်ချက်သည် ၎င်းကို ရေထဲသို့ပြန်လည်တွန်းပို့လိုက်ကာ၊သူ၏ မျက်နှာအမူအရာမှာမူ မည်သည့် ခံစားချက်မျှမရှိဘဲ အသက်မဲ့ကာငြိမ်သက်နေသော ထိုမီးခိုးရောင်မျက်လုံးတစ်စုံကဲ့သို့ပင် လုံးဝဥဿုံတည်ငြိမ်နေခဲ့ချေသည်။

၎င်းတို့၏ မျက်လုံးချင်းဆုံသွားကြလေသည်။

တောင်ပိုင်းနဂါးဘုရင်သည် မသိစိတ်အရ သူ၏ အကြည့်ကို လွှဲဖယ်လိုက်၏။

ဤသိမ်မွေ့သောလှုပ်ရှားမှုလေးကပင် ချီယန်ရှန်း နှင့် ယဲ့ကျိုးတို့နှစ်ဦးစလုံးကို တစ်ပြိုင်နက်တည်း အံ့အားသင့်သွားစေခဲ့ပေသည်။

ပထမဆုံး ထိပ်တိုက်တွေ့ဆုံမှုတွင် ရှန်းယီ သည် နဂါးဘုရင်အိုကြီးကို ဖိနှိပ်နိုင်ခဲ့ရုံသာမက ၎င်း၏ အရှိန်အဟုန်ကိုပါအားနည်းသွားစေခဲ့၏။

ဤသည်က သူတို့နှစ်ဦးကို ယုတ္တိမတန်သော အတွေးတစ်ခုဆီသို့ပင် ဦးတည်သွားစေခဲ့ချေသည်။

ဤနဂါးနတ်ဆိုး သည် အိုမင်းလွန်းနေပြီဖြစ်ကာ၊ ၎င်း၏ ခွန်အားနှင့် စိတ်ဝိညာဉ်တို့သည် တိုးတက်လာမည့်အစား အမှန်တကယ်ဆုတ်ယုတ်လာခဲ့ပြီး ယခင်ပုံစံနှင့် များစွာကွာခြားနေခဲ့ပြီ ဖြစ်နိုင်သည်လောဆိုသည်ပင်ဖြစ်၏။

သို့သော် ဤအတွေးသည် သူတို့၏ စိတ်ထဲသို့ ဖြတ်ပြေးသွားရုံသာ ရှိသေးလေသည်။

ထိုအခါမှ လင်းယွဲဂိုဏ်းချုပ်ချီယန်ရှန်း သည် သူ မည်မျှအဓိပ္ပာယ်မဲ့စွာမှားယွင်းနေခဲ့ကြောင်းကို သဘောပေါက်သွားခဲ့၏။

အဘယ်ကြောင့်ဆိုသော် တောင်ပိုင်းနဂါးဘုရင် သည် ရှန်းယီ နှင့် ယှဉ်ပြိုင်ရန်မည်သည့်ရည်ရွယ်ချက်မျှမရှိဘဲ၊ ၎င်း၏ တစ်ခုတည်းသော ပန်းတိုင်မှာ ပြောင်းပြန်တောင်တန်း၏ အနီးအနားမှ ထွက်ခွာသွားရန်သာဖြစ်နေသောကြောင့်ပင်။

ထို့ကြောင့် နတ်ဘုရားစွမ်းရည်များကို အသုံးပြုနေသူသည် ၎င်း၏ အဓိက ပစ်မှတ်ဖြစ်လာခဲ့ချေ၏။

တောင်ပိုင်းနဂါးဘုရင် သည် အင်အားကိုဖယ်ရှားရန် သူ၏ လက်မောင်းများကို အားပြုလိုက်ပြီး ပြောင်းပြန်အနေအထားဖြင့် ချက်ချင်းဆုတ်ခွာသွားလေသည်။

ကြီးမားခိုင်ခံ့ပုံရသော ၎င်း၏ ခန္ဓာကိုယ်သည် အလွန်လျင်မြန်သွက်လက်လှပြီး တစ်ခဏအတွင်းမှာပင် ချီယန်ရှန်း၏ ရှေ့မှောက်သို့ ရောက်ရှိလာကာ၊လေခွင်းကာသံစုံမြည်နေသော နဂါးလက်သည်းတစ်ခုသည် လင်းယွဲဂိုဏ်းချုပ်၏ ရင်ဘတ်ဆီသို့ တည့်တည့်မတ်မတ်ဝင်ရောက်လာခဲ့လေသည်။

"ခရမ်းရောင် နေမင်းတောင် "

ချီယန်ရှန်း သည်လည်း လက်ဝါးနှစ်ဖက်လုံးကို လျင်မြန်စွာမြှောက်လိုက်ရာ၊ ခရမ်းရွှေရောင် တောင်တန်းငယ်လေးတစ်ခုသည် သူ၏ လက်ဖဝါးများအတွင်းစုစည်းလာပြီး နဂါးလက်သည်း၏ လမ်းကြောင်းကို တိကျစွာပိတ်ဆို့လိုက်၏။

ကောင်းကင်ဘုံနယ်ပယ် နှောင်းပိုင်းအဆင့်မှ သန်မာ‌သောလူတစ်ဦးအနေဖြင့်၊ မသေမျိုးနိယာမကို ထည့်မတွက်လျှင်ပင် သူသည် နတ်ဘုရားစွမ်းရည်သုံးခုကို ပိုင်ဆိုင်ထားလေသည်။

ဤအကွက်သည် နှောင်းပိုင်းအဆင့်သို့ ချိုးဖောက်ဝင်ရောက်ပြီးနောက် တာအိုကျင့်စဉ်များဖြင့် သူ ဖော်ထုတ်ခဲ့သော အပြင်းထန်ဆုံးတိုက်ကွက်တစ်ခု ဖြစ်ပေသည်။

ခရမ်းရွှေရောင်တောင်တန်းကြီး ပုံပေါ်လာသည့် ခဏမှာပင် ၎င်းသည် လျင်မြန်စွာဖောင်းကြွလာခဲ့၏။

သို့တိုင်အောင် တောင်ပိုင်းနဂါးဘုရင် သည် တည်ငြိမ်နေဆဲပင်။ နဂါးလက်သည်းသည် ရုတ်တရက်လေထုကို ဆုပ်ကိုင်လိုက်ပြီး ၎င်း၏ ကြမ်းတမ်းသောလက်ချောင်းများအောက်တွင် ခရမ်းရွှေရောင်တောင်တန်းကြီးမှာ နောက်သို့ တွန်းထုတ်ခံလိုက်ရ၏။

အရွာ်အစားကြီးမားလာသော တောင်ကြီးသည် အရွယ်အစားအတက်အကျဖြစ်လာကာ တဖြည်းဖြည်း ပုံပျက်သွားခဲ့ချေသည်။

ဖျက်ဆီး၍မရနိုင်ဟု ထင်ရသော ခရမ်းရွှေရောင် ရတနာတောင်ပေါ်တွင် သတိထားမိရန် ခက်ခဲလောက်အောင်သေးငယ်လှသောအက်ကွဲကြောင်းလေးများပေါ်လာသည်နှင့်အတူ တိုးညှင်းသော အသံတစ်ခုလည်း ထွက်ပေါ်လာခဲ့၏။

၎င်းတို့နှစ်ဦးသည် တူညီသောအဆင့်ရှိ ပြိုင်ဘက်များမဟုတ်ကြောင်း ထင်ရှားပေသည်။ ခွန်အားကွာဟချက်မှာသိသာထင်ရှားနေပြီး ချီယန်ရှန်းရှုံးနိမ့်ရန်မှာ အချိန်အနည်းငယ်ကိစ္စသာဖြစ်လိမ့်မည်။

ရွှမ်း

ထိုအချိန်မှာပင် စူးရှတောက်ပသောအလင်းတန်းတစ်ခုသည် တောင်ပိုင်းနဂါးဘုရင်၏ သူငယ်အိမ်များကို လင်းလက်သွားစေခဲ့ပြီး၊ ထိုဓားသည် သေမျိုးအငွေ့အသက်များကင်းမဲ့နေသည့်အလား စိမ်းပြာရောင်ရေပြင်များကိုပင် အနည်းငယ်မျှပင် ဂယက်မထစေဘဲဖောက်ထွင်းဝင်ရောက်လာခဲ့၏။

All Chapters