← Chapters

ဒီအဖွဲ့ခေါင်းဆောင်နေရာက အတော်လေး သောက်လုပ်ရှုပ်တာပဲ

Vol. 22 Ch. 302

ဒီအဖွဲ့ခေါင်းဆောင်နေရာက အတော်လေး သောက်လုပ်ရှုပ်တာပဲ

Vol. 22 Ch. 302

အန်လင်းသည် စုချန်းရန်၏ အသံလွှင့်ကျောက်တုံးအတွင်းသို့ သူ၏ တည်ရှိမှုကို ဖြည့်သွင်းလိုက်ပြီး လူနှစ်ဦးစာ သက်သေခံ စာရွက်စာတမ်းများ တောင်းဆိုလိုက်သည်။

တစ်ခုမှာ စုချန်းရန်အတွက်ဖြစ်ပြီး တစ်ခုမှာမူ ပိုင်တချွန်ဟူသည့် အမည်နှင့်ဖြစ်သည်။

ထို့နောက်တွင် သူတို့နှစ်ဦးအတွက် လက်ကိုင်ဖုန်း တစ်ခုစီ ပေးလိုက်သည်။

ထို့နောက်တွင် သူတို့အားလုံး စုလိုက်ကြပြီး တစ်ဦးကိုတစ်ဦး ကြောင်အသည့် အမူအရာများဖြင့် ကြည့်ကြလေသည်။

ထိုအခါမှသာ အလွန်ကြီးမားသည့် ပြဿနာတစ်ရပ်အား အန်လင်းသိရှိလိုက်ရသည်။

လခွမ်းဟေ့.. တပိုင်နဲ့ စုချန်းရန်က တရုတ်လို မတတ်ဘူးဟ။ တပိုင်က တစ်ခါမှတောင် မသင်ဖူးဘူး။ စုချန်းရန်ကတော့ ဘယ်လိုသင်သင် မရဘူး။ ဒီအရူးနှစ်ကောင်ကို ဖုန်းပေးလို့ ဘာတွေများ ရလာမှာတဲ့တုံး။

စုရှောင်လန်သည် စုချန်းရန်အား ဖုန်းအသုံးပြုပုံများကို သင်ကြားပေးရန် လွန်စွာစိတ်အားထက်သန်လျက်ရှိပြီး အခြေခံလုပ်ဆောင်ချက်များကို သင်ကြားပေးနေလေသည်။ မည်သို့ ဖုန်းခေါ်ရမည်၊ မည်သို့ဖုန်းကိုင်ရမည် စသဖြင့် ဖြစ်သည်။ တပိုင်သည်လည်း အန်လင်းထံမှ စိတ်အားထက်သန်စွာဖြင့် သင်ယူပြီး သူ၏ ကြီးမားသော လက်ဖဝါးကြီးများဖြင့် ဖုန်းအား ဂရုတစိုက် ထိတွေ့နေလေသည်။ သူ၏မျက်နှာတွင် လွန်စွာ စိတ်လှုပ်ရှားနေဟန်ရှိပြီး တိုက်ပွဲဝင်တော့မည့် စစ်သည်တစ်ဦး၏ အမူအရာကဲ့သို့ လွန်စွာလေးနက်နေလေသည်။

“တင်းတောင်”

ဟွမ်ရှန့်ရှန့်၏ဖုန်းတွင် WeChat အသိပေးစာတစ်ခု ပေါ်လာသည်။

မက်ဆေ့ချ်တစ်ခုနှင့်အတူ သူငယ်ချင်းဖြစ်ခွင့် တောင်းဆိုမှုတစ်ခုဖြစ်သည်။ “ကျွန်တော်က ပိုင်တချွန် ပါ။”

လက်ခံသည်။

ပိုင်တချွန် : “ဟိုင်း ရှန့်ရှန့်ကျဲရေ.. ပိုင်တချွန်ပါခင်ဗျ။”

ဟွမ်ရှန့်ရှန့် : “အမ်ဟမ် နင်က အန်လင်းရဲ့သားရဲ မဟုတ်လား။”

ပိုင်တချွန် : “ဟုတ်ပါတယ်ဗျ။ ကျွန်တော့်ကို မှတ်မိနေလိမ့်မယ်ဆိုတာ သိသားပဲ။ ဟီးဟီး”

တပိုင် လွန်စွာစိတ်လှုပ်ရှားနေလေသည်။ ထို့နောက်တွင် တပိုင်သည် ဟွမ်ရှန့်ရှန့်ထံသို့ ဝတ်လစ်စလစ်ပုံ တစ်ပုံ ပို့လိုက်သည်။

ပိုင်တချွန် : “ကြိုက်လား”

ဟွမ်ရှန့်ရှန့် : “…”

ပိုင်တချွန် : “ဘယ်လိုပုံမျိုး ကြိုက်လဲဗျ။ ကျွန်တော် ပို့ပေးချင်လို့။”

ထို့နောက်တွင် ဟွမ်ရှန့်ရှန့်ထံ ညစ်ညမ်းသည့် ကိုယ်ဟန်ဖြင့် ဝတ်လစ်စလစ်ပုံတစ်ပုံ ပို့လိုက်ပြန်သည်။

ဟွမ်ရှန့်ရှန့် : “…”

ပိုင်တချွန် : “ဘာလို့ အဲဒီ ဘဲဥတွေချည်း ပို့နေရတာတုန်းဗျ။” (O_o ဒီလို အီမိုဂျီတွေ ပို့လိုက်ပုံပါပဲ_)

သို့သော်ငြား တပိုင်မှာ ထိုမက်ဆေ့ချ် ပို့ခွင့်ပင် မရလိုက်ချေ။

စနစ်မှ အသိပေးစာ : “သင်နှင့် ဟွမ်ရှန့်ရှန့်တို့မှာ သူငယ်ချင်းများ မဟုတ်ကြတော့ပါ။ မက်ဆေ့ချ် ပေးပို့ချင်ပါက သူမနှင့် သူငယ်ချင်းဖြစ်ခွင့်အား ဦးစွာတောင်းခံရပါမည်။”

အန်လင်း ဘာသာပြန်ပြသည့် အသိပေးစာအား နားထောင်ပြီးသည့်နောက်တွင် တပိုင် ခုန်လိုက်မိသည်။ “ဟမ် ရှန့်ရှန့်ကျဲက ကျွန်တော့်ကို သူငယ်ချင်းအဖြစ်က ရပ်စဲလိုက်တာလား။ ဘာလို့လဲ။ ကျွန်တော်လည်း ဘာမှမလုပ်ထားပဲနဲ့။ မဖြစ်နိုင်ဘူး။ အန်ကော လိမ်နေတာ မဟုတ်လား။ ဝုတ်”

အန်လင်းမှာ တပိုင်၏ မက်ဆေ့ချ်များအား ပေးပို့ပေးရန်နှင့် ဘာသာပြန်ပေးရန် တာဝန်ရှိသူ ဖြစ်သည့်အတွက် တပိုင်မှာ သူမသိလိုက်ပဲနှင့် လှည့်စားခြင် းခံလိုက်ရပြီဟု ခံစားနေမိသည်။

အန်လင်း စကားတစ်ခွန်းမျှ မဆိုဘဲနှင့် အေးစက်စွာ ခေါင်းလှည့်သွားသည်။

တပိုင်သည် သူ၏ဖုန်းအား စုရှောင်လန်ထံသို့ ပေးလိုက်ပြီးနောက် အရည်လဲ့နေသည့် မျက်လုံးကြီးများဖြင့် ကြည့်လိုက်သည်။ “နတ်မိမယ်လေး ရှောင်လန်ရေ.. ကျွန်တော်ပို့ထားတဲ့ မက်ဆေ့ချ်တွေကို ကြည့်ပေးပါဦးဗျာ။ အန်ကော ပြောသလိုမျိုး ဖြစ်နေတာလားဆိုတာလေး ပြောပြပေးပါဦး။”

စုရှောင်လန် : “…”

စုရှောင်လန် တစ်ချက်ကြည့်ပြီးနောက် မည်သည့်ဖြေရှင်းချက်မျှ မပေးဘဲနှင့် တပိုင်ထံသို့ တိတ်တဆိတ်သာ ဖုန်းပြန်ပေးလိုက်လေသည်။

အန်လင်းနှင့် စုရှောင်လန်တို့၏ စိတ်ပျက်နေသည့် အမူအရာများအား မြင်ပြီးသည့်နောက်တွင် တစ်စုံတစ်ခု မှားယွင်းနေကြောင်း တပိုင်သဘောပေါက်လိုက်မိသည်။

ထို့နောက်တွင် နားမလည်နိုင်စွာဖြင့် တစ်ကိုယ်တည်း တီးတိုးရေရွတ်နေလေသည်။ “ငါ့ရဲ့ ပိုးပန်းနည်းက မှားနေတာများလား။ လူတိုင်း ဒီလိုပဲ ပိုးပန်းကြတာ မဟုတ်ဘူးလား။”

အန်လင်း၏နှုတ်ခမ်းများ အနည်းငယ် တွန့်ကွေးသွားသည်။ ကနဦး ရည်ရွယ်ထားသည်မှာ ဤအဖြစ်အပျက်မှတစ်ဆင့် တပိုင်အနေဖြင့် သူ၏အမှားများကို နားလည်သဘောပေါက်လာစေရန် ဖြစ်သည်။ သို့သော်လည်း ကြည့်ရသည်မှာ တပိုင်မှာ ကယ်မရနိုင်တော့ပေ။

ထိုအခိုက်အတံ့မှာပင် ရုတ်တရက်ဆိုသလို အန်လင်း၏ဖုန်း မြည်လာခဲ့သည်။

သူ၏ဖုန်းအား ထုတ်ကြည့်လိုက်ပြီးသည့်နောက်တွင် ခေါ်ဆိနေသည်မှာ ဟွမ်ရှန့်ရှန့်ဖြစ်ကြောင်း သိလိုက်ရသည်။

ဘုရားရေ... တပိုင်ကြောင့် ခေါ်တာ မဟုတ်လောက်ပါဘူးနော်။

အန်လင်း အနည်းငယ် တွန့်ဆုတ်နေသော်လည်း ဟွမ်ရှန့်ရှန့်၏ ဖုန်းခေါ်ဆိုမှုအား ဖြေဆိုလိုက်သည်။

“ဟယ်လို ရှန့်ရှန့်ကျဲ ဘာလို့လဲဗျ”

“အန်လင်း” တစ်ဖက်မှ ဟွမ်ရှန့်ရှန့်၏ ဒေါသတကြီး အော်သံထွက်လာသည်။ “ယောင်မီစီနဲ့ ဟူကွမ်က နင့်အဖွဲ့ကလား။”

“အာ ဟုတ်ပါတယ်” အန်လင်း၏ နှလုံးသားထဲတွင် မကောင်းသည့် ခံစားချက်တို့ မြင့်တက်လာလေသည်။

“အခု သူတို့ကို လာခေါ်စမ်း။ ဘုရားကျောင်းရှေ့မှာ မျက်လှည့်ပြနေကြတယ်။” ဟွမ်ရှန့်ရှန့် အော်လိုက်သည်။

အန်လင်းမှာ ပို၍ပင် ကြောင်အသွားမိသည်။ “ဟမ် မျက်လှည့်ပြတော့ ဘာဖြစ်တုံး။”

ဟွမ်ရှန့်ရှန့် ဒေါသတကြီးဖြင့် အော်ဟစ်လိုက်လေသည်။ “ရင်ဘတ်နဲ့ ကျောက်ပြားအစစ်ကို ခွဲတာမျိုး နင်မြင်ဖူးလား။ ဓားအစစ်ကို မျိုချပြီး ဝါးစားပစ်တာမျိုး‌ကော နင်မြင်ဖူးလား။ ရေနံဆီတို့ဘာတို့ မသုံးဘဲနဲ့ ပါးစပ်ကနေ မီးမှုတ်ပြတာမျိုးကော နင်မြင်ဖူးလား။ ပြောလေ။ နင်မြင်ဖူးလား။”

အန်လင်း နဖူးမှ ချွေးများ သုတ်ဖယ်လိုက်သည်။ “မမြင်ဖူးပါဘူး။”

ဟွမ်ရှန့်ရှန့် ရယ်မောလိုက်သည်။ “အေး ဘုရားကျောင်းရှေ့မှာ ဖြတ်သွားတဲ့ လူတွေအကုန်လုံးက အဲဒါတွေကို မြင်သွားကြပြီးပြီလေ။”

အန်လင်း၏ခန္ဓာကိုယ် ယိမ်းထိုးလာပြီး ဒူးများ ညွှတ်ခွေမိမတတ်ပင် ဖြစ်လာသည်။ “သောက်ကျိုးနည်း”

“ယောင်မင်စီနဲ့ ဟူကွမ်က အမျိုးသားအထူးစစ်ဆင်ရေးဌာနရဲ့ ဖမ်းဆီးခြင်းကို ကောင်းကောင်းမွန်မွန် အဖမ်းခံမယ်ဆိုရင် ဒီအကြောင်း ကောင်းကင်ဘုံပိုင်နက်ကို အစီရင်မခံဘူး။ နင့်ကို လိပ်စာပို့ပေးလိုက်မယ်။ သူတို့ကို လာခေါ်ပြီး လူတွေကြား ဘယ်လိုနေထိုင်ရမယ်ဆိုတာ သင်ပြပေးလိုက်။” တစ်ဖက်မှ ဟွမ်ရှန့်ရှန့်၏အသံ ထွက်ပေါ်လာသည်။

“သေချာတာပေါ့။ ငါသူတို့ကို ကောင်းကောင်းသင်ပြပေးလိုက်ပါမယ်။”

အဖွဲ့သားများအား ဆန္ဒရှိသလို သွားလာခွင့် ပြုလိုက်မိခြင်းအား အန်လင်း နောင်တရလာမိသည်။ ထိုအရာသည် သူ့အတွက် ပြဿနာများသာ ဖြစ်စေသည် မဟုတ်ပါလား။

“ဟွန့် နင်က ငါ့ကို အလုပ်ရှုပ်အောင် လုပ်နေတာပဲ။ သေချင်နေတာလား။” ဟွမ်ရှန့်ရှန့် ဖုန်းမချခင် ကြိမ်းဝါးသွားလေသည်။

အန်လင်း သက်ပြင်းချလိုက်ပြီးနောက် သူ၏ဖုန်းအား ယူကာဖြင့် တပိုင်၏ကျောပေါ်သို့တက်ကာ ဟွမ်ရှန့်ရှန့် ပေးပို့လိုက်သည့် တည်နေရာသို့ ထွက်ခွာသွားလေသည်။

စုရှောင်လန်နှင့် စုချန်းရန်တို့မှာမူ ဈေးဝယ်ထွက်ခြင်း အမှုကိုသာ ဆက်လုပ်နေကြသည်။ ဤသည်မှာ အဖွဲ့ခေါင်းဆောင်၏ တာဝန်ဖြစ်သည်ကြောင့် သူတို့အနေဖြင့် အတူလိုက်ပါရန် မလိုပေ။

ထျန်းလင်းလင်းသည်သာလျှင် တပိုင်အား စီးနင်းလိုသည့်အတွက် လိုက်ပါလာခဲ့ခြင်းဖြစ်သည်။

ယွီစီရင်စုရှိ အထူးအကျဉ်းစခန်းအတွင်း။

အန်လင်းသည် ယောင်မင်စီနှင့် ဟူကွမ်တို့အား အာမခံဖြင့် ထုတ်လိုက်သည်။

အန်လင်းအား မြင်တွေ့လိုက်သည့်အခါ သူတို့နှစ်ဦးမှာ မျက်ရည်များ ဝဲတက်လာကြလေသည်။

“ပြဿနာရှာခဲ့မိတဲ့အတွက် တောင်းပန်ပါတယ် အန်ကော.. ဒါတွေအကုန်လုံးက ကျွန်တော့်ရဲ့ အကြံတွေပါ။ အပြစ်တင်ရင် ကျွန်တော့်ကိုပဲ တင်ပါနော်။” ဟူကွမ်သည် အန်လင်းအား တောက်လောင်နေသည့် အကြည့်များဖြင့် ကြည့်လိုက်သည်။

“မဟုတ်ဘူး အန်ကော.. ဒါ ကျွန်တော့်ရဲ့အမှား။ ကျွန်တော်က လူဆိုးတစ်ယောက်လို ပြုမူခဲ့မိတာကြောင့် ကျွန်‌တော့်မှာပဲ တာဝန်အပြည့်အဝ ရှိပါတယ်။” ယောင်မင်စီသည် နောင်တတရားနှင့် အပြစ်တင်မှုတို့ ပြည့်နေသော မျက်လုံးများဖြင့် အန်လင်းအား ကြည့်လာလေသည်။

အန်လင်း ပခုံးတွန့်သွားပြီးနောက် တစ်ကိုယ်လုံး ကြက်သီးမွေးညင်းများ ထလာသည်။ အမျိုးသားများထံမှ ဤကဲ့သို့ အကြည့်ခံရခြင်းကို ကြောက်ရွံ့လှသည်။

လူသားများကြား မည်ကဲ့သို့ နေထိုင်ရမည်ကို ထိုနှစ်ဦးအား တစ်နာရီကြာ ဂရုတစိုက် သင်ပြပေးလေသည်။

ထိုအရူးအမူး စူပါဖန် နှစ်ဦးမှာလည်း အိုင်ဒဲလ်ဖြစ်သူထံမှ သင်ပြပေးမှုများကို သေချာစွာ အာရုံစူးစိုက် နားထောင်ကြပြီး အရေးကြီးသည့် အချက်အလက်အချို့အား မှတ်စုစာအုပ်တွင် ရေးမှတ်ခြင်းတို့ပင် ပြုလုပ်ကြသေးသည်။

ထျန်းလင်းလင်းမှာ တုန်လှုပ်မှုအပြည့်ဖြင့် နံဘေးမှ ရပ်ကြည့်နေလေသည်။ ထိုနှစ်ဦးသည် ထိုမျှလောက် ပျင်းရိဖွယ်ရာ စကားများအား မည်သည်ကြောင့် စိတ်ပါဝင်စားစွာဖြင့် နားထောင်နိုင်ကြသနည်း။

တပိုင်၏ကျောပေါ်တွင် ထျန်းလင်းလင်း အိပ်ပျော်လုဆဲ အချိန်မှာပင် အန်လင်းသည် သူ၏ ဆုံးမဩဝါဒတို့ကို နိဂုံးချုပ်လိုက်လေသည်။

“မင်းတို့ သွားလို့ရပြီ။ ဒါပေမဲ့ အပြုအမူတွေကို အထူး ဂရုစိုက်ရမယ်နော်။”

အန်လင်းမှာ အလွန်အမင်း မောပန်းနေပြီ ဖြစ်သည့်အတွက် ထိုနှစ်ဦးအား အဝေးသို့ ပို့လိုက်သည်။

သို့သော်လည်း ထိုနှစ်ဦးမှာ ထွက်ခွာသွားလိုစိတ် မရှိကြပဲ အန်လင်း၏နံဘေးတွင်သာ နေထိုင်လိုကြသည်။

ခေတ္တမျှ တုံ့ဆိုင်းနေပြီးသည့်နောက်တွင် ထိုနှစ်ဦးအား အချိန်အတော်ကြာ ဖျောင်းဖျပြီးသည့်နောက် အဝေးသို့ ပို့လိုက်နိုင်သည်။

ထိုအရူးအမူးဖန်နှစ်ယောက်သာ သူသွားလေရာ လိုက်ပါမည်ဆိုလျှင် မည်သည့်အရာများ ဖြစ်လာနိုင်မည်ကို သူမသိချေ။

“ပြီးသွားပြီလား။ အဖွဲ့ခေါင်းဆောင်နေရာက လွယ်ပုံမရဘူးနော်။” ထျန်းလင်းလင်းသည် သူ၏ အညိုရောင် ဆံပင်တိုများအား နားနောက်သို့ သိမ်းလိုက်ပြီးနောက် ကြွေရုပ်ကလေးနှင့်တူသည့် မျက်နှာတွင် ချိုသာသည့် အပြုံးတစ်ခု ပေါ်လာသည်။

အန်လင်းသည် စိတ်ပျက်သည့် အမူအရာဖြင့် တပိုင်၏ကျောပေါ်တွင် လဲလျောင်းလိုက်သည်။ သူ့အနေဖြင့် မည်သည့်စကားမျှ ပြောဆိုလိုစိတ် မရှိချေ။

ပထမဆုံး မြို့တော်သို့ သွားကာ လူစည်ကားသည့် ရှော့ပင်းမောလ်တွင် လျှပ်စီးကြောင်းများ ဆင့်ခေါ်ရသည်။ ထို့နောက်တွင် ယွီစီရင်စုသို့ သွားရောက်ကာ ထိုအရူးနှစ်ကောင်အား အာမခံဖြင့် ထုတ်ပေးရသည်။ ထိုဖြစ်ရပ် နှစ်ခုလုံးအတွက် ဟွမ်ရှန့်ရှန့်ထံမှ နှစ်ကြိမ်တိတိ ဆူပူခံခဲ့ရသည်။ သူ၏ စိတ်ဒုက္ခများအား မည်သူနားလည်ပေးနိုင်မည်နည်း။

အဖွဲ့ခေါင်းဆောင် ရာထူးမှာ အမှန်တကယ် ခက်ခဲလွန်းလှသည်။

စုချန်းရန်၏ ပြဿနာမှာ ဖြေရှင်းပြီး ဖြစ်သည့်အတွက် ယခုအခါတွင် ယောင်မင်စီနှင့် ဟူကွမ်တို့ သူ၏စကားကို သေသေချာချာ နားထောင်ဖို့ရန်သာ ဆုတောင်းမိတော့သည်။

ခေတ္တမျှ ကြာပြီးသည့်နောက်တွင် အန်လင်း၏ဖုန်း မြည်လာပြန်သည်။

ခေါ်ဆိုသူမှာ ဟွမ်ရှန့်ရှန့် ဖြစ်သည့်အကြောင်း မြင်လိုက်သည့်အခါ သူ၏ခန္ဓာကိုယ်တစ်ခုလုံး တဆတ်ဆတ် တုန်လာလေသည်။

ဘုရားရေ.. ဘာဖြစ်ပြန်ပြီတုံး။

အန်လင်း၏ နှလုံးခုန်နှုန်း သိသိသာသာ တိုးမြင့်လာသည်။

“ဟယ်လို ရှန့်ရှန့်ကျဲ ဘာကိစ္စလဲဗျ။”

“အန်လင်း တန်ရှီမန်ကကော နင့်အဖွဲ့ကပဲလား။”

အန်လင်းမှာ ဟွမ်ရှန့်ရှန့်၏ စကားများကြောင့် အနည်းငယ်မျှ ကြောင်အသွားလေသည်။ တန်ရှီမန်သည် စတုတ္ထနှစ် ကျောင်းသားဖြစ်ကာ မိတ်ဆွေဟောင်းများထံ သွားရောက်လည်ပတ်မည်ဟု ပြောဆိုသွားခဲ့သူ ဖြစ်သည်။ တန်ရှီမန်သည် အတော်လေး ယုံကြည်စိတ်ချရပုံ ရသည့်အတွက် ပြဿနာရှာလောက်မည့်ပုံ မရှိချေ။

အန်လင်း ကိုယ့်ကိုယ်ကိုယ် အားတင်းကာဖြင့် အမှန်အတိုင်း ပြန်ဖြေလိုက်သည်။ “အာ ဟုတ်ပါတယ်။ တန်ရှီမန်ကလည်း ကျွန်တော့်အဖွဲ့ကပါပဲ။”

“ဟား ဒါတွေအားလုံးကို နင် တမင်သက်သက် လုပ်နေတာမလား အန်လင်း။”

“ဘာတွေဖြစ်နေလို့လဲ ရှန့်ရှန့်ကျဲ”

“တန်ရှီမန်က ဟွားတောင်တန်းဂိုဏ်းက ဂိုဏ်းခေါင်းဆောင်နဲ့ ဓားလမ်းစဉ်အကြောင်း ဆွေးနွေးနေကြတာ။ ဆွေးနွေးနေရင်းကနေ ဟွားတောင်ထိပ်ကို ပိုင်းဖြတ်လိုက်တယ်လေ။ အဲဒါက ဘာလဲ။”

အန်လင်းမှာ မြေပြင်ပေါ်သို့ လဲကျလုနီးနီးပင် ဖြစ်သွားရသည်။

ဝသဖ အဲဒီလူက ဟွားတောင်မှာ ဘာသွားလုပ်တာတုံး။

“အေး အဓိကအဖြစ်ကတော့ အဲဒါပဲ။ ရှုခင်းကြည့်တဲ့နေရာနဲ့တော့ အတော်လေး ဝေးတယ်ဆိုပေမဲ့လည်း ဟွားနိုင်ငံရဲ့ အမျိုးသားအမွေအနှစ်နေရာကို ပျက်စီးစေခဲ့တယ်။ အဲဒီတော့ သူ့ကို လာခေါ်မယ်ဆိုရင် စိတ်ဝိညာဉ်ကျောက်တုံးတွေ ယူလာခဲ့ဖို့ မမေ့နဲ့။ နင်ကငါ့ကို သတ်ဖို့ ကြိုးစားနေတာပဲ။ နင့်ကို ထပ်ပြီး ကာကွယ်ပေးတော့မှာ မဟုတ်ဘူး။ ဟွန့်” ဟွမ်ရှန့်ရှန့်၏ ဒေါသတကြီး အော်ဟစ်သံ ထွက်ပေါ်လာသည်။

အန်လင်းမှာ မျက်ရည်အဝိုင်းသားဖြင့် မြေပြင်ပေါ်သို့ လဲကျသွားတော့သည်။

သူ့အနေဖြင့် ဟွမ်ရှန့်ရှန့်အား သတ်ရန် ကြိုးစားနေခြင်း မဟုတ်ရပါ။ သူ၏ အဖွဲ့ဝင်များကသာလျှင် သူ့အား သတ်ရန် ကြိုးစားနေကြခြင်း ဖြစ်သည်။

ဒီအဖွဲ့ခေါင်းဆောင်နေရာကို လိုချင်တဲ့သူရှိရင် ယူသွားကြစမ်းပါဟ။

***

All Chapters