အဖေ ဘယ်သွားလဲ
Vol. 22 Ch. 305
“ဟီးဟီး ဒါပေါ့ အဆိပ်သခင်နဲ့ တွေ့ဖို့ အခွင့်အရေး ရလာခဲ့ပြီလေ။ အရမ်းစိတ်ခုန်နေပြီ။”
ဖုန်းတစ်ဖက်မှ မြွေဖြူဝိညာဉ်၏ စိတ်လှုပ်ရှားနေသောအသံ ထွက်ပေါ်လာသည်။
အန်လင်း သက်ပြင်းအသာ ချလိုက်ပြီးနောက်တွင် အင်အားသုံး ဖုန်းချခြင်းမပြုမီ နောက် ၅ ရက်နေလျှင် တွေ့ဆုံကြမည့် နေရာအား အသေးစိတ် ရှင်းပြလိုက်သည်။ ထို “အင်အားသုံး” ဟူ၍ ဆိုရခြင်းမှာ မြွေဖြူဝိညာဉ်သည် ဖုန်းမချမချင်း အဆက်မပြတ် စကားပြောနေသောကြောင့် ဖြစ်သည်။ သူမနှင့်သာ ဆက်လက်စကားပြောဆိုနေရမည်ဆိုလျှင် သူ့အနေဖြင့် တစ်နေ့လုံး မည်သည့်အရာမျှ လုပ်ဆောင်ခွင့်ရတော့မည် မဟုတ်ချေ။
ဖုန်းချပြီးသည့်နောက်တွင် အန်လင်း၏မျက်နှာ၌ စိုးရိမ်ပူပန်မှုများ ပေါ်လာသည်။
ရှောင်ယန်သင်္ချိုင်းသို့ ဝင်ရောက်မည့်သူ ၁၀ ဦးအဖွဲ့အား ရွေးချယ်သတ်မှတ်ပြီး ဖြစ်သည်။
သေမျိုးကမ္ဘာမှ ရွေးချယ်လိုက်သူ နှစ်ဦးကြောင့် အန်လင်းမှာ အကြီးအကျယ် အံ့အားသင့်သွားမိသည်။
ကနဦး တွေးထင်ခဲ့သည်မှာ စိတ်ဝိညာဉ်ပျိုးထောင်ခြင်း အဆင့် ကျင့်ကြံသူများကိုသာလျှင် ဝင်ရောက်ခွင့်ပြုလိမ့်မည် ဟူ၍ပင် ဖြစ်သည်။ သို့သော်လည်း ကောင်းကင်ဘုံပိုင်နက်၏ ရွေးချယ်မှုမှာ တာအိုခန္ဓာအဆင့် ကျင့်ကြံသူများ ဖြစ်နေသည့်အတွက် သူမျှော်လင့်ထားသည်နှင့် ဆန့်ကျင်ဘက်ပင် ဖြစ်သည်။
ထျန်းလင်းလင်းမှာ မြင့်မားသည့် ပါရမီရှိသူဖြစ်သည်ကို အန်လင်း အမြဲတမ်း သတိပြုမိခဲ့သည်။ သို့သော်ငြား မြွေဖြူဝိညာဉ်မှာမူ တာအိုခန္ဓာ အဆင့် ၇ သာလျှင်ရှိနေသေးသော ငနု ဖြစ်သည်။ အခြားသူများအား အဆင်မသင့်အောင် ပြုလုပ်နိုင်ပေသည်။
ဟူး ကြည့်ရသည်မှာ သင်္ချိုင်းအတွင်းသို့ ဝင်ရောက်သည့်အခါ သူ့အနေဖြင့် ထိုပုဂ္ဂိုလ်များအား ကာကွယ်ဖို့ရန် အာရုံစိုက်ရပေလိမ့်မည်။
ထိုအကြောင်းအား စဉ်းစားမိသည့်အခါ အန်လင်း၏ နှလုံးသားထဲတွင် အဖွဲ့ခေါင်းဆောင်တစ်ဦး၏ တာဝန်သိစိတ်တို့ နိုးထလာလေသည်။
မြေကြီးကွဲလုမတတ် သတင်းစကားအား ကြားပြီးသည့်နောက်တွင် ထျန်းလင်းလင်းမှာ ပုံမှန်အခြေအနေသို့ ပြန်လည်ရောက်ရှိလာပြီ ဖြစ်ကာ အာလူးကြော် တစ်ထုပ်ဖြင့် တီဗွီရှေ့တွင် ထိုင်နေလေသည်။ သူမ၏ သေးသွယ်ခြေထောက်များကို လွှဲယမ်းကာဖြင့် အာလူးကြော်များအား ပါးစပ်အပြည့် ဝါးနေသည်မှာ အစားအစာများကို အငမ်းမရ စားသောက်နေသည့် ရှဉ့်ပေါက်နှင့်ပင် တူလေသည်။
တုန်ဖန်ရွှယ်မှာ မျက်လုံးလှလှလေးများ ခတ်ကာခတ်ကာဖြင့် ရှိနေသော်လည်း မည်သည့်စကားမျှ မဆိုချေ။ သူမသိသင့်သည့် အချို့အရာများ ရှိသည့်အတွက် တိတ်တိတ်နေခြင်းသည်သာ သင့်လျော်ပေသည်။ ထို့နောက်တွင် အန်လင်းတို့အတွက် သစ်သီးဗန်း ယူဆောင်လာခဲ့သည်။
ပြောရမည်ဆိုလျှင် ထိုညသည် သူတို့အားလုံးအတွက် ပျော်ရွှင်ဖွယ်ရာ ည တစ်ည ဖြစ်ခဲ့လေသည်။
တုန်ဖန်ရွှယ်၏ စံအိမ်တွင် အခန်းပိုများရှိသဖြင့် အန်လင်းနှင့် ထျန်းလင်းလင်းတို့အား တစ်ယောက်တစ်ခန်းစီ ပေးလိုက်သည်။
အန်လင်းသည် အင်တာနက်ပေါ်တွင် ရှာဖွေစရာများ ရှိသည့်အတွက် လက်တော့ပ်တစ်လုံးလည်း ငှားယမ်းလိုက်သေးသည်။
တုန်ဖန်ရွှယ် ထွေထွေထူးထူး စဉ်းစားမနေဘဲနှင့် သူမ၏ ကိုယ်ပိုင် လက်တော့ပ်အား ငှားယမ်းလိုက်သည်။
တိတ်ဆိတ်နေသည့် ညအလယ်တွင်။
အန်လင်းနှင့် တပိုင်တို့ အတူတူ စုဝေးလိုက်ကြသည်။ နှစ်ဦးစလုံးမှာ အသက်ရှူသံများ မြန်နေလေသည်။
“အန်ကောပြောတာက အလှလေးတွေရဲ့ ကိုယ်လုံးတီးပုံတွေကို ဒီစက်လေးထဲကနေ ရှာနိုင်တယ်လို့လား။” တပိုင်သည် လက်တော့ပ်အား ညွှန်ပြကာဖြင့် စိတ်လှုပ်ရှားစွာ မေးလိုက်သည်။
“ဒါပေါ့ကွ။ လူသားတွေရဲ့ ဉာဏ်ရည်ကို လျှော့မတွက်နဲ့နော်။ ပုံတွေအသားထား ဗီဒီယိုတွေပါ ရှိသေးတယ်။ မင်းကို ရှာပေးမယ်။”
“ဗီဒီယိုဆိုတာ တီဗွီမှာပေါ်နေတဲ့ လှုပ်ရှားနေတာတွေကို ပြောတာလား။ ဘုရားရေ.. အလှလေးတွေ များလိုက်တာ။” တပိုင်သည် သူ၏ မျက်လုံးကြီးများကို ပြူးကျယ်အောင် ဖွင့်ကာဖြင့် လက်တော့ပ်မျက်နှာပြင်အား စိုက်ကြည့်နေပြီး လျှာတွဲလောင်းကျနေလေသည်။
“ဟုတ်ပ။ ဒီကမ္ဘာကြီးမှာ ဆင်ဂယ်လ်အမျိုးသားတွေအတွက် အလှလေးတွေရဲ့ ကိုယ်လုံးတီးပုံတွေ ဗီဒီယိုတွေ ပြတ်လတ်သွားတယ်လို့ မရှိဘူး။”
“ဆင်ဂယ်လ်ခွေးတွေ အတွက်ကောပဲ။ ဝုတ်”
“အတားအဆီးတွေ မျိုးစိတ်တွေကို ကျော်လွန်သွားတဲ့ ချစ်ပုံပြင်လေးပေါ့ကွာ။”
“အကြွင်းမဲ့အချစ်ပေါ့။ ဝုတ်”
ဤသို့ဖြင့် ထိုနှစ်ဦးသားသည် ဖန်သားပြင်တွင် ပေါ်လာသည့် မိန်းမလှလေးများ၏ ကိုယ်လုံးတီးပုံများအား စိတ်လှုပ်ရှားစွာဖြင့် ကြည့်ကြလေသည်။
Sola Aoi, Yui Hatano, Maria Ozawa, Tsubasa Amami, Miku Ohashi, Kirara Asuka, Maki Hojo, Serina Harikawa စသည်...။
“ငလူးးး အကုန်လုံးက မိုက်လိုက်တာဗျာ။ ဝုတ်”
“ဒါပေါ့ကွ။ မင်းအတွက် သေသေချာချာလေး ရွေးပေးထားတာ။”
“ဒီတစ်ယောက်ရဲ့ စနေနှစ်ခိုင်က ရှယ်ပဲ။ သူ့ရဲ့ ဗီဒီယိုလိုချင်တယ်။ ဝုတ်”
“ကောင်းပြီ။ အခုပဲ ဒေါင်းလုတ် လုပ်ပေးမယ်။”
“ဝိုးးး သူလေးလည်း အရမ်းမိုက်တယ်။ သူ့ရဲ့ ဗီဒီယိုလည်း လိုချင်တယ်။ ဝုတ်”
“ဟုတ်ပါပြီ ဟုတ်ပါပြီ”
…
ရင်ဖိုစရာ ကောင်းလွန်းသော ညဖြစ်လေသည်။ တပိုင်မှာ သူ၏သက်တမ်းတစ်လျှောက် ထိုမျှလောက် များပြားသည့် ကိုယ်လုံးတီး အလှလေးများအား မြင်တွေ့ခဲ့ဖူးခြင်း မရှိချေ။ ကမ္ဘာမြေ၏ ဓလေ့ထုံးတမ်းများအား အပြည့်အဝ ချီးကျူးလျက်ရှိပြီး ကမ္ဘာပေါ်သို့ လိုက်လာရန် ဆုံးဖြတ်ခဲ့ခြင်းအားလည်း လွန်စွာဝမ်းမြောက် နေမိသည်။
နောက်တစ်နေ့ နံနက်ခင်း။
တုန်ဖန်ရွှယ်သည် အလွန်အရသာရှိလှသည့် ပေါက်စီ၊ ဖက်ထုပ်နှင့် ခေါက်ဆွဲများ ပြင်ဆင်ထားပေးသည်။
ထျန်းလင်းလင်း၊ အန်လင်းနှင့် တပိုင်တို့မှာ အလွန်ကျေနပ်ပီတိ ဖြစ်လျက်ရှိကြသည်။
ချက်ပြုတ်တတ်သည့် သူငယ်ချင်းတစ်ဦး ရှိနေခြင်းမှာ လွန်စွာကောင်းမွန်လှပေသည်။ ဘဝကြီးတွင် စားသောက်ခြင်းသည် အကောင်းဆုံးသော အရာများထဲမှ တစ်ခုဖြစ်ပြီး တုန်ဖန်ရွှယ်သည် ထိုအရာအား ပြီးပြည့်စုံအောင် ဖြည့်ဆည်းပေးသူ ဖြစ်သည်။
အရသာရှိရှိ စားသောက်ပြီးသည့်နောက်တွင် အန်လင်းသည် တပိုင်အား စီးနင်းကာဖြင့် မြို့တော်မှ ထွက်ခွာလာခဲ့ပြန်သည်။
အလျင်စလို ထွက်ခွာခြင်း မပြုမီ သူ၏ဖခင်ထံသို့ ထပ်မံသွားရောက် လည်ပတ်လိုသောကြောင့် ဖြစ်သည်။
ထို့ကြောင့် မြောက်ဘက်မြူတောင်သို့ ဦးတည်လိုက်သည်။
ထျန်းလင်းလင်းမှာမူ တုန်ဖန်ရွှယ်၏အိမ်တွင် ကျန်နေရစ်ရန် ဆုံးဖြတ်လိုက်ပြီး ရက်အနည်းငယ်ခန့် အနားယူမည်ဖြစ်သည်။
မြောက်ဘက်မြူတောင်ရှိ ဝင်္ကပါအစီအရင်ပွင့်သွားပြီးနောက် ကောင်းကင်မှ လူတစ်ဦးနှင့် ခွေးတစ်ကောင် ဆင်းသက်လာသည်။
“အန်လင်းရေ ပြန်တွေ့ရတာ ဝမ်းသာတယ်ကွာ။ စကားလေးဘာလေး ပြောပြီးတော့ လက်ဖက်ရည် သောက်ကြတာပေါ့။” သက်လတ်ပိုင်းအရွယ်လူသည် သူ၏လက်နှစ်ဖက်အား ချိတ်တွယ်ကာဖြင့် အပြုံးတစ်ပွင့်နှင့်အတူ အန်လင်းထံသို့ ချဉ်းကပ်လာလေသည်။
ထိုလူမှာ အန်မင်ချွန်၏ ဆရာဖြစ်သူ စွေ့ကျဲ့ ဖြစ်လေသည်။ တမန်နေ့က အန်လင်းသည် အလျင်စလို ထွက်ခွာသွားသည်ကြောင့် စကားကောင်းကောင်း ပြောခွင့်မရလိုက်ချေ။ ယခုအခါတွင် ဆွေးနွေးပြောဆိုရန် အခွင့်အရေး ရရှိလာပြီ ဖြစ်သည်ကြောင့် အန်လင်းအား လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်ထားလိုက်သည်။
“ဒါပေါ့ အဖေ့ကို ခေါ်လိုက်မယ်လေ။ ကျွန်တော်တို့ အေးအေးဆေးဆေး စကားပြောကြတာပေါ့။” အန်လင်း စိတ်လှုပ်ရှားစွာဖြင့် ပြောလေသည်။
အန်လင်း၏ စကားကြောင့် စွေ့ကျဲ့အနည်းငယ် အံ့အားသင့်သွားမိသည်။ “ဟမ် မင်ချွန်က တာဝန်ထမ်းဆောင်ဖို့ ထွက်သွားတယ်ဆိုတာ မင်းကို မပြောဘူးလား။”
“ဘာ.. ကျွန်တော့်အဖေက တာဝန်နဲ့ ထွက်သွားတယ် ဟုတ်လား။ ဘာတာဝန်လဲ။” အန်လင်း ထိတ်လန့်သွားမိသည်။
သူ၏ဖခင်မှာ တာအိုခန္ဓာ အဆင့် ၅ သာလျှင် ရှိနေသေးသည့်အတွက် မြောက်ဘက်မြူတောင်တွင်သာ ကျင့်ကြံနေသင့်သည်။ မည်သည့်ကြောင့် တာဝန်ထမ်းဆောင်ရန် သွားရသနည်း။
စွေ့ကျဲ့ အသာပြုံးလိုက်သည်။ “အမျိုးသားအထူးစစ်ဆင်ရေးဌာနက ရံဖန်ရံခါမှာ ကျင့်ကြံခြင်းလောကနဲ့ ပတ်သက်တဲ့ တာဝန်တွေ ချပေးတတ်တယ်လေ။ အတင်းအကျပ်ကြီး ထမ်းဆောင်ခိုင်းတာတော့ မဟုတ်ပါဘူး။ ကိုယ့်စိတ်နဲ့ကိုယ် လက်ခံလည်းရတယ်၊ လက်မခံလည်းရတယ်။ မင့်အဖေက ချန်ပိုင်တောင်မှာ ပုံမှန်မဟုတ်တဲ့ စွမ်းအင်ပြောင်းလဲမှုတွေကို စစ်ဆေးဖို့အတွက် တာဝန်ယူတယ်လေ။ ဗိုလ်ကြီး ချန်ယင်က အဖွဲ့ကို ဦးဆောင်သွားတာလေ။ အန္တရာယ်များတဲ့ တာဝန်မဟုတ်တာမို့ အေးဆေးပါကွာ။”
“ချန်ပိုင်တောင်နဲ့ ပတ်သက်တာ ဟုတ်လား။” အန်လင်း မျက်မှောင်ကြုတ်ကာဖြင့် မေးသည်။
အန္တရာယ်များသည့် တာဝန်မဟုတ်သော်လည်း အခြေအနေများကို သတိပြုရပေလိမ့်မည်။ ထိုပုံမှန်မဟုတ်သည့် ဖြစ်စဉ်များမှာ ကောင်းကင်အင်မော်တယ်တစ်ဦး၏ သင်္ချိုင်းပွင့်လာမည် ဖြစ်ခြင်းကြောင့်ပင်။ မှားယွင်းသွားနိုင်သော အရာများစွာ ရှိသည့်အတွက် အန်လင်းအနေဖြင့် ဂရုမစိုက်ဘဲ မနေနိုင်ချေ။
“ကျွန်တော်က ချန်ပိုင်တောင်ရဲ့ အခြေအနေတွေကို အရင်ဆုံးသွားစစ်ဆေးကြည့်ဖို့ ဆုံးဖြတ်လိုက်တာမို့ နောက်တစ်ကြိမ်ကျမှ လက်ဖက်ရည်သောက်ကြတာပေါ့ ဦးလေးစွေ့” အန်လင်း ခေတ္တမျှ တုံ့ဆိုင်းနေပြီးနောက်တွင် စွေ့ကျဲ့အား နှုတ်ဆက်စကားဆိုလိုက်သည်။
“ဟေ့ ဟေး နေပါဦး” စွေ့ကျဲ့မှာ အန်လင်းအား တားဆီးနိုင်ရန် ကြိုးစားလိုက်သည်။
သို့သော်လည်း အန်လင်းမှာ သူ၏ခွေးပေါ်သို့ ခုန်တက်ပြီးဖြစ်ကာ တိမ်တိုက်များအတွင်း အစရှာမရအောင် ပျောက်ကွယ်သွားလေသည်။
“ဟားးး ဒါက ပုံမှန်တာဝန်တစ်ခုပါပဲ။ စိုးရိမ်ဖို့မလိုဘူးလို့ ပြောမလို့ပဲ ရှိသေးတယ်။ ဒါပေမဲ့လည်း တွေးကြည့်မယ်ဆိုရင် မင်ချွန်က သားလိမ္မာ ရထားတာပဲ။” စွေ့ကျဲ့ မနာလိုစွာဖြင့် သက်ပြင်းချလိုက်ပြီးနောက် လက်ဖက်ရည်သောက်ရန် အိမ်ပြန်လေသည်။
ချန်ပိုင်တောင်မှာ မန်ချူးမျိုးနွယ်စု၏ ဓလေ့ထုံးတမ်းအရ သန့်စင်မြင့်မြတ်သည့်တောင် ဖြစ်ပြီး ဟွားနိုင်ငံနှင့် ကောင်းလီနိုင်ငံ၏ နယ်စပ်တွင် တည်ရှိသည်။
ကျယ်ပြန့်လှသည့် တောင်အတွင်း၌ ကျေးရွာတစ်ရွာမျှပင် မရှိချေ။
ရွာသားအနည်းငယ်သည် ရဲရဲနီနေသည့် မျက်လုံးများဖြင့် အသက်ရှူသံများ ပြင်းလျက်ရှိကာ လူအုပ်ထံသို့ ပစ်ဝင်လေသည်။
ထိုရွာသားများမှာ လေးလံထိုင်းမှိုင်းပြီး အသက်မဲ့နေကြသော်ငြား သူတို့၏ လှုပ်ရှားမှုတို့မှာ အလွန်မြန်ဆန်ပြီး စွမ်းအားကြီးလေသည်။ တစ်ဦးစီတိုင်းသည် မာန်ဖီနေသည့် သားရဲတစ်ကောင်၏ အစွမ်းနီးပါး ပိုင်ဆိုင်ထားကြသည်။ သူတို့၏ စွမ်းအားများကို အပြည့်အဝ အသုံးပြုမည်ဆိုလျှင် နွားရိုင်းတစ်ကောင်ကိုပင် သတ်ဖြတ်ပစ်နိုင်စွမ်း ရှိသည်။
လူ ၁၅ ဦး ပါဝင်သည့် အဖွဲ့ငယ်လေးမှာမူ ထိုရူးသွပ်နေကြသည့် ရွာသားများအား ကြောက်ရွံ့ကြပုံ မပေါ်ပေ။ သူတို့သည် လက်နက်အသီးသီးထုတ်ကာဖြင့် တိုက်ခိုက်ရန် ပြင်ဆင်နေကြလေသည်။
ချီစွမ်းအင်များ လှုပ်ရှားလာပြီး သူတို့အားလုံးတို့သည် ပြိုင်ဘက်ကင်းစွမ်းရည်များ ထုတ်ဖော်ကာဖြင့် ထိုရူးသွပ်နေသည့် ရွာသားများအား လွယ်လင့်တကူ သတ်ဖြတ်ပစ်လိုက်သည်။
“အား” ထိုလူ ၁၅ ဦး အဖွဲ့မှ အမျိုးသမီးတစ်ဦးသည် ရုတ်တရက်ဆိုသလို ဘေးမှ ပေါ်ထွက်လာသည့် ရူးသွပ်နေသည့် ရွာသားတစ်ဦး၏ တိုက်ခိုက်ခြင်း ခံလိုက်ရသည်။
မရှေးမနှောင်းမှာပင် ရွာသားများထဲမှ နှစ်ဦးသည် သူတို့၏ အနက်ရောင်လက်သည်းများ ဖြန့်ထုတ်ကာဖြင့် မြေပြင်ပေါ်တွင် လဲကျနေသည့် အမျိုးသမီးအား ခုန်အုပ်လိုက်ကြသည်။
ထိုအခိုက်အတန့်မှာပင် အပြာရောင်ဓားခုတ်ချက်တစ်ခု ထွက်ပေါ်လာပြီး ရွာသားနှစ်ဦးမှာ ရေခဲရုပ်တုများအဖြစ်သို့ ပြောင်းလဲသွားကြလေသည် ။
“လုရွှယ် အဆင်ပြေရဲ့လား”
ခန့်ညားချောမောသော သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးသည် မြေပြင်ပေါ်ရှိ မိန်းကလေး မတ်တတ်ရပ်နိုင်ရန် နွေးထွေးသည့် အမူအရာဖြင့် သူ၏လက်အား ကမ်းလိုက်သည်။
“အဆင်ပြေပါတယ်။ ကျေးဇူးတင်ပါတယ် အန်ကောကော” လုရွှယ်၏မျက်နှာမှာ အနည်းငယ် နီမြန်းလာပြီး သ၏အရှေ့ရှိ အမျိုးသားအား ကျေးဇူးတင်စွာဖြင့် ကြည့်လိုက်သည်။
လုရွှယ်သည် တာအိုခန္ဓာ အဆင့် ၇ ရှိ ကျင့်ကြံသူတစ်ဦးဖြစ်သော်လည်း ရူးသွပ်နေသည့် ရွာသားများနှင့် ရင်ဆိုင်ရာတွင်မူ တာအိုခန္ဓာ အဆင့် ၅ သာလျှင် ရှိနေသေးသည့် အန်မင်ချွန်၏ တိုက်ခိုက်မှုမှာ သူ့ထက်များစွာ သာလွန်ပေသည်။ ထိုသို့ဖြစ်ရခြင်းအကြောင်းမှာ သူ၏ရေခဲပြာဓားကြောင့်သာလျှင်မက ဤအခြေအနေတွင် တည်ငြိမ်စွာဖြင့် ရှိနေနိုင်သော စွမ်းရည်ကြောင့်လည်း ပါဝင်ပေသည်။
ထိုအဖွဲ့ငယ်လေး၏ တိုက်ခိုက်နှုန်းကို ခြုံငုံကြည့်မည်ဆိုလျှင် အတော်လေး သန်မာသည်ဟု ဆိုရပေမည်။ ကျင့်ကြံသူ ၁၅ ဦးတို့သည် လေးလံထိုင်းမှိုင်းခြင်း မရှိကြချေ။ ထို့ကြောင့် များမကြာမီမှာပင် ရူးသွပ်နေသည့် ရွာသားများအားလုံး ချေမှုန်းခံလိုက်ရသည်။
လူထွားကြီးတစ်ဦးသည် ရွာသားများထံမှ ထွက်ပေါ်နေသည့် အော်ရာများအား လေးနက်သည့် အမူအရာဖြင့် စစ်ဆေးနေပြီး သူ၏မျက်ခုံးများ တွန့်ကွေးသွားလေသည်။
“ဒါက ထိပ်တန်းအဆင့်ရှိတဲ့ ဇွန်ဘီကူးစက်မှုပဲ။ အဆိပ်ဖြန့်လိုက်တဲ့ ကျင့်ကြံသူက အရမ်းအစွမ်းထက်တယ်။ အထက်လူကြီးတွေဆီက အကူအညီတောင်းမှပဲ ဖြစ်လိမ့်မယ်။”
“ဗိုလ်ကြီးချန်က သူတို့ကို ရင်မဆိုင်နိုင်ဘူးလား။” လုရွှယ် အနည်းငယ် တုန်လှုပ်သွားလေသည်။
ချန်ယင်မှာ စိတ်ဝိညာဉ်ပျိုးထောင်ခြင်း အလယ်အဆင့်ရှိ ကျင့်ကြံသူတစ်ဦးဖြစ်ပြီး အမျိုးသားအထူးစစ်ဆင်ရေးဌာနတွင် ထိပ်တန်းအဆင့်ရှိ ကျင့်ကြံသူများထဲမှ တစ်ဦးဖြစ်သည်။ ချန်ယင်ကဲ့သို့သော အစွမ်းထက်ပုဂ္ဂိုလ်သည်ပင်လျှင် အကူအညီ တောင်းခံမည်ဆိုလျှင် ရန်သူများမှာ မည်မျှလောက်ထိအောင် သန်မာနေသနည်း။
ချန်ယင် ခေါင်းယမ်းလိုက်သည်။ “ဒီဇွန်ဘီအဆိပ်က ကူးစက်ခံရပြီ ဆိုတာနဲ့ ခွန်အားကို ၁၂ ဆ လောက် တိုးလာစေနိုင်တယ်။ ဒီလိုအဆိပ်မျိုးကို ဖြန့်နိုင်တဲ့သူက ဇွန်ဘီဘုရင်ပဲ ဖြစ်လိမ့်မယ်။ ကြိုတင်ပြင်ဆင်မှုတွေ မလုပ်ထားပဲနဲ့ ရင်မဆိုင်နိုင်ဘူး။”
ထိပ်တန်းအဆင့် ဇွန်ဘီဘုရင်တဲ့လား။
လူတိုင်း၏ ကျောရိုးတစ်လျှောက် အေးစက်လာလေသည်။ သူတို့၏ ရန်သူမှာ ထိပ်တန်းအဆင့်ရှိ ဇွန်ဘီဘုရင် ဖြစ်မည်ဆိုလျှင် ချန်ယင်တစ်ဦးတည်းသည်သာလျှင် တိုက်ပွဲဖြစ်ပွားရာနေရာမှ ထွက်ပြေးလွတ်မြောက်နိုင်စွမ်း ရှိမည်ဖြစ်ပြီး ကျန်လူများမှာ မတ်တတ်ရပ်ရန်ပင် အခွင့်အရေး ရှိလိမ့်မည် မဟုတ်ချေ။
ထိုအခိုက်အတန့်မှာပင် အန်မင်ချွန်၏ဖုန်းမြည်လာသည်။
“လင်းလေးရေ ဘာလို့ ရုတ်တရက်ကြီး ဖုန်းခေါ်ရတာလဲ။”
“အဖေက တာဝန်ထမ်းဆောင်နေတာ။”
“ဘာ။ လိုကေးရှင်း ပို့ပေးရမယ် ဟုတ်လား။”
“မရဘူး။ ဒီတာဝန်က အရမ်းအန္တရာယ်များတယ်။ ငါတို့တွေ တပ်ကူခေါ်ပြီးပြီ။”
“မင်းက တကယ်သန်မာလို့လား။ သားအဖချင်း လာကြွားမနေပါနဲ့ကွာ။”
…
အန်မင်ချွန်၏ နံဘေးတွင်ရှိကြသူအားလုံး သူ၏ ဖုန်းပြောဆိုမှုအား ကြားလိုက်ရသည့်အတွက် သိလိုစိတ်ဖြင့် ကြည့်နေကြလေသည်။
အဆုံးတွင် အန်မင်ချွန်သည် ကြိတ်မှိတ်ကာဖြင့် ဖုန်းချလိုက်သည်။
WeChat မှတစ်ဆင့် တည်နေရာပို့ပြီးနောက် ချန်ယင်ထံသို့ လျှောက်လှမ်းသွားလိုက်သည်။ “ကျွန်တော့်သားက လာကူမယ်လို့ပြောတာကြောင့် အကူခေါ်စရာ မလိုတော့ဘူး ဗိုလ်ကြီး ချန်။ ကျွန်တော်တို့ရဲ့ ရန်သူက နတ်ဘုရား ဖြစ်နေရင်တောင် သူက သတ်ပစ်မယ်လို့ ပြောတယ်။”
ချန်ယင် : “…”
(Zombie ဇွန်ဘီကိုတော့ အားလုံးရင်းနှီးပြီးသား ဖြစ်မှာပါ။ အဲဒါကြောင့် ဖုတ်ကောင် ဆိုတဲ့ အသုံးအစား ဇွန်ဘီလို့ သုံးထားခြင်း ဖြစ်ပါတယ်_)
***