← Chapters

နမ်းရမှာလား မနမ်းရဘူးလား

Vol. 22 Ch. 307

နမ်းရမှာလား မနမ်းရဘူးလား

Vol. 22 Ch. 307

“ဒီမအေပေး သောက်ကျင့်မကောင်းတဲ့ခွေးကတော့ ဇွန်ဘီတစ်ကောင်ကိုတောင် နှာခေါင်းသွေးလျှံတဲ့အထိ မင်းနှာဘူး ကျနိုင်သေးတာလား။ ထွက်သွားလိုက်တော့။ မင့်လို ကျက်သရေယုတ်တဲ့ကောင်မျိုး ငါ့ဆီမှာ မရှိဘူး။”

သွေးလျှံနေသည့် တပိုင်အား ကြည့်ကာ အန်လင်းမှာ အလွန်ဒေါသ ထွက်လာတော့သည်။

သူ၏ ခံ့ညားလှစွာ ရောက်ရှိလာမှုအား တပိုင်မှာ ဖျက်ဆီးပစ်လိုက်လေပြီ ဖြစ်သည့်အတွက် မည်သည်ကြောင့် စိတ်ဆိုးခြင်းမရှိဘဲ နေပါ့မည်နည်း။

အရှက်ရဖွယ် အပြုအမူဖြင့် စော်ကားခံလိုက်ရသည်ကြောင့် ဇွန်ဘီနတ်ဘုရားမ၏ မျက်နှာတွင် ဒေါသတကြီး အမူအရာတို့ ပေါ်လာသည်။

“ထွက်သွားစမ်း”

ထိုသို့ အော်ဟစ်လိုက်ပြီးနောက် သူ၏ ခန္ဓာကိုယ်မှ အပြာရောင်မြူခိုးများ ထွက်ပေါ်လာကာ အန်လင်းနှင့် တပိုင်တို့ လေထဲသို့ ရောက်သွားလေသည်။

“တပိုင် ဟိုရွှေရောင်ဇွန်ဘီတွေကို မင်းကြည့်လုပ်လိုက်။ ဒီမိန်းမကို ငါရင်ဆိုင်လိုက်မယ်။”

အန်လင်း ထိုသို့ပြောပြီးနောက် သူ၏ မိစ္ဆာရှင်းဓားအား ထုတ်ယူလိုက်သည်။

တပိုင်သည် ဆွဲဆောင်မှုရှိလှသော ဇွန်ဘီနတ်ဘုရားမအား တမ်းတမ်းတတ ကြည့်လိုက်သည်။ ညှို့ငင်အားကောင်းသော သွင်ပြင်၊ ဖွံ့ဖွံ့ထွားထွား ရင်သားများ၊ သေးသေးကျဉ်ကျဉ် ခါးကလေး၊ ကြီးမားလှသော တင်သားတို့အပြင် ဆွဲဆောင်မှုရှိလှသည့် ခြေတံရှည်များနှင်..။ မနေ့ညက အလှပဂေများစွာတို့၏ ဝတ်လစ်စလစ်ပုံများစွာအား ကြည့်ခဲ့ပြီး ဖြစ်သော်လည်း ဤဇွန်ဘီနတ်ဘုရားမလောက် ဆွဲဆောင်အားမကောင်းကြချေ။

အချိန်အတော်ကြာ ကြည့်ပြီးသည့်နောက်တွင် တပိုင်ထံမှ တံတွေးမျိုချသံ အကျယ်ကြီး ထွက်ပေါ်လာသည်။ “လဲလို့ရမလား အန်ကော”

“ငါ့ဖင်ကိုပဲ လဲ။ မင်းက ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့် ဇွန်ဘီကို နိုင်လို့လား။” အန်လင်းသည် တပိုင်စုတ်အား မာမာထန်ထန် ပြောလိုက်သည်။ “ကျက်သရေမရှိ လုပ်နေတာ တော်လိုက်တော့။ မင်းကိုယ်မင်း မရှက်ဘူးလား။ ဟမ်”

“အိုး” တပိုင်သည် စိတ်ပျက်စွာဖြင့် အန်မင်ချွန်ထံ ပျံသန်းသွားပြီးနောက် ချန်ယင်၏နံဘေးတွင် ဆင်းသက်လိုက်ကာ သူ၏နှာခေါင်းမှ သွေးများကို သုတ်နေလေသည်။

ဇွန်ဘီနတ်ဘုရားမ မတ်တတ်ရပ်လိုက်ပြီးနောက် အန်လင်းအား ဒေါသတကြီးဖြင့် စူးစူးဝါးဝါး ကြည့်လိုက်သည်။ “ငါ့ကို ဒီလိုမျိုး အရှက်ခွဲရဲတယ်ပေါ့။ နင်ဘယ်တော့မှ ပြန်မမွေးဖွားနိုင်အောင် သေချာပေါက် ဆုတ်ဖြဲပစ်ပေးမယ်။”

ထိုသို့ပြောနေရင်း သူ၏ခန္ဓာကိုယ်ပတ်လည်တွင် အပြာရောင်မြူခိုးများ လွှမ်းခြုံလာသည်။

ထိုမြူခိုးများထဲတွင် အလွန်အမင်းအေးစက်သည့် စွမ်းအားတို့ ပါဝင်နေပြီး သူ၏ပတ်လည်ရှိ လေထုအား အေးခဲသွားစေပြီး သစ်ပင်များ ပတ်လည်တွင် ရေခဲလွှာတစ်ထပ် ဖြစ်ပေါ်လာလေသည်။ သူ၏ အနီးဆုံးနေရာတွင် ရှိနေသည့် အဖွဲ့သားများမှာမူ သိသိသာသာ ကျဆင်းသွားသော အပူချိန်ကြောင့် တဆတ်ဆတ်တုန်ယင်နေကြသည်။

“တင်းတောင်”

ထိုအခိုက်အတံ့မှာပင် အန်လင်း၏ စိတ်ထဲတွင် စနစ်မှ အသိပေးသံ ထွက်ပေါ်လာသည်။

အထူးတာဝန်တွင် ရွှေရောင်အလင်းတစ်ခု လင်းလက်နေခြင်းဖြစ်သည်။

တုံ့ဆိုင်းခြင်း မရှိဘဲနှင့် ဖွင့်ကြည့်လိုက်ပြီးနောက် တာဝန်တွင် ပါရှိသည့် အရာများအား သေသေချာချာ ဖတ်ရှုလိုက်သည်။

“လက်ခံသူသည် အေးစက်မြူ၏ အနီးဆုံးနေရာတွင် ရောက်ရှိနေကြောင်း ထောက်လှမ်းရရှိသည့်အတွက် အောက်ပါတာဝန်ကို ပေးအပ်လိုက်သည်_”

“ဇွန်ဘီနတ်ဘုရားမထံမှ အေးစက်မြူကို စုပ်ယူရမည်။ နှုတ်ခမ်းအား အသုံးပြုရန် ဖြစ်သည်။”

“အောင်မြင်ပါက အဆင့် ၁ ယင်နတ်ဘုရား ကျင့်ကြံခြင်းနည်းစနစ်အား ရရှိမည်ဖြစ်သည်။”

“ကျရှုံးပါက သုံးရက်တိတိ အေးခဲနေရမည်။”

“မှတ်ချက်_ တာဝန်အား တစ်နာရီအတွင်း ပြီးမြောက်အောင် ထမ်းဆောင်ရမည် ဖြစ်သည်။ ယင်နတ်ဘုရား ကျင့်ကြံခြင်းနည်းစနစ်မှာ အလွန်ရှားပါးကာ အစွမ်းထက်လှသည်ကြောင့် ဤအခွင့်အရေးအား တန်ဖိုးထားပါ။”

အန်လင်း : “…”

အထူးတာဝန်အား မြင်တွေ့ပြီးသည့်နောက်တွင် အန်လင်းမှာ ပြောစရာစကား ပျောက်ဆုံးသွားခဲ့ရသည်။

အချိန်ကြာမြင့်စွာ စောင့်မျှော်ခဲ့ရသော ယင်-ယန် အတွဲ၏ ကျင့်ကြံခြင်းနည်းစနစ် ထွက်ပေါ်လာပြီ ဖြစ်သည်။ သို့သော်လည်း ဤအခွင့်အရေးနှင့် ပတ်သက်၍ သူ့အနေနှင့် အမှန်တကယ် ပျော်ရွှင်နေသင့်သလား။

အကျိုးနည်း လိုအပ်ချက်မှာ ဇွန်ဘီနတ်ဘုရားမအား နမ်းရမည် ဖြစ်သည်။ ထိုဇွန်ဘီနတ်ဘုရားမသည် အတော်လေး လှပသည် ဆိုသော်ငြား မည်သို့နမ်းရမည်နည်း။

ထိုအနမ်းမှတစ်ဆင့် သူမ ကိုယ်ဝန်ရသွားနိုင်မည်လား။

သူ၏အရှေ့တွင်ရှိနေသည့် ဇွန်ဘီနတ်ဘုရားမအား တွေဝေစွာဖြင့် ကြည့်နေရင်း အန်လင်း၏ ရင်ဘတ်ထဲ တင်းကျပ်လာလေသည်။ ထိုဇွန်ဘီမှာ သူ၏သွေးအား ဖောက်ထုတ်ချင်နေခြင်း ဖြစ်သည်။

“ယင် ဝိညာဉ်ချုပ်နှောင်ဓား”

ဇွန်ဘီနတ်ဘုရားမ လေထုအား ဖမ်းဆုပ်လိုက်ပြီးနောက် သူ၏လက်ထဲတွင် အပြာရောင်ဓားတစ်လက် ဖြစ်တည်လာသည်။

ထိုအချိန်မှာပင် ကောင်းကင်နှင့် မြေပြင်အကြားရှိ အရာအားလုံး အေးခဲသွားပြီး ဇွန်ဘီနတ်ဘုရားမ တစ်ဦးတည်းသည်သာလျှင် ယခင်အတိုင်း မြန်ဆန်နေဆဲဖြစ်သည်။ ၎င်းသည် အန်လင်းထံသို့ ပြေးဝင်လာပြီး များပြားလှစွာသော ဇွန်ဘီနှင့် သရဲတို့၏ မချိတင်ကဲ အော်ဟစ်သံများ ပါဝင်နေသော လက်ထဲတွင်ကိုင်ဆောင်ထားသည့် ဓားဖြင့် ခုတ်ပိုင်းလိုက်လေသည်။

အန်လင်း အသိပြန်ဝင်လာပြီးနောက် စစ်နတ်ဘုရား ခုတ်ချက် ၆ ချက်မှ အခြေခံ ခုတ်ချက်ဖြင့် ခုခံလိုက်သည်။

ဘုန်း

သူတို့အောက်ခြေရှိ မြေပြင် ပြိုကျသွားပြီး အလွန်အေးစက်သည့် လေပြင်းများ ထွက်ပေါ်လာကာ မီတာ ၅၀၀ ပတ်လည်ရှိ အပင်အားလုံး အေးခဲသွားလေသည်။

ချန်ယင်သည် သူ၏ နီရဲနေသော မီးဓားမော့အား အသုံးပြုကာဖြင့် တိုက်ခိုက်မှုမှ ထွက်ပေါ်လာသည့် စွမ်းအားများကို ခုခံလိုက်သည်။ သို့သော်လည်း နောက်သို့ ခြေလှမ်းအနည်းငယ်ခန့် ဆုတ်လိုက်ရပြီးနောက် အလွန်ပြင်းထန်သည့် အအေးဓာတ်ကြောင့် သူ၏ခန္ဓာကိုယ်တစ်ခုလုံး ထိန်းချုပ်မရနိုင်လောက်အောင် တုန်ယင်လာသည်။

“ဆရာကြီး အန်လင်းက ဇွန်ဘီနတ်ဘုရားမကို အနိုင်ယူနိုင်မယ်လို့ထင်လား အန်ကောကော” လုရွှယ်သည် လက်သီးတင်းတင်းဆုပ်ကာဖြင့် တိုက်ပွဲအား ကြည့်နေပြီး အန်မင်ချွန်၏ နံဘေးသို့ တရွေ့ရွေ့ တိုးကပ်သွားလေသည်။

သားဖြစ်သူမှာ ဆရာကြီးဟု ခေါ်ဆိုခံရပြီး သူ့အား ကောကောဟု ခေါ်ဆိုနေသည့်အတွက် အန်မင်ချွန်မှာ အတော်လေး စိတ်မသက်မသာ ဖြစ်မိသည်။ သို့သော်ငြား သူ၏သားအပေါ် ထားရှိသော ယုံကြည်မှုတို့ ယိုင်လဲသွားခြင်း မရှိချေ။ ချက်ချင်းဆိုသလို လေးနက်စွာ ပြန်ဖြေလိုက်သည်။ “စိတ်မပူပါနဲ့။ ငါ့ရဲ့သားက ရန်သူက နတ်ဘုရားဆိုရင်တောင် အဲဒီနတ်ဘုရားကို သတ်ပစ်မယ်လို့ မပြောခဲ့ဘူးလား။”

ကျန်သူများမှာလည်း အန်လင်းကိုသာ မျက်တောင်မခတ်စတမ်း ကြည့်နေကြလေသည်။ အန်လင်းမှာ သူတို့အားလုံးကို ကယ်တင်ခဲ့သော်လည်း သေရေးရှင်ရေးနှင့် သက်ဆိုင်နေသည့် ဤတိုက်ပွဲအပေါ် စိုးရိမ်စိတ်တို့ မလျှော့ချနိုင်ကြပေ။

အန်လင်းမှာ တဖြည်းဖြည်းချင်း အရေးနိမ့်နေပုံရသည်။

ဇွန်ဘီနတ်ဘုရားမသည် ရက်စက်သည့် အပြာရောင်ဓားခုတ်ချက်များ ဆက်တိုက်ထုတ်လွှတ်လျက်ရှိပြီး ခုတ်ချက် တစ်ခုစီတိုင်းတွင် အရာအားလုံးကို ရေခဲအဖြစ်သို့ ပြောင်းလဲပြစ်နိုင်သော အေးခဲစွမ်းအားများ အပြည့်အဝ ပါဝင်နေလေသည်။ အန်လင်းသည် သူ၏ မိစ္ဆာရှင်းဓားဖြင့်သာ ခုခံလျက်ရှိပြီး တန်ပြန်တိုက်ခိုက်ခြင်း မပြု‌ချေ။

အဖွဲ့သားတို့သည် အန်လင်း၏ ခွန်အားအစစ်အမှန်ကို မသိကြသည့်အတွက် စိုးရိမ်ပူပန်စွာဖြင့် ကြည့်နေကြလေသည်။ သူတို့တွေးထင်နေကြသည်မှာ ဇွန်ဘီနတ်ဘုရားမသည် သူ၏ လွှမ်းမိုးနိုင်စွမ်း အပြည့်အဝရှိသော စွမ်းအားဖြင့် အန်လင်းအား ခံစစ်အနေအထားသို့ ရောက်ရှိစေသည်ဟူ၍ဖြစ်သည်။

သို့သော်ငြား တပိုင်မှာမူ ရွှေရောင်ဇွန်ဘီများနှင့် တိုက်ခိုက်နေရင်း အတော်လေး စဉ်းစားမရနိုင်အောင် ရှိလေသည်။

တပိုင်မှာ အန်လင်း၏ စွမ်းအားကို ကောင်းစွာသိရှိထားသူဖြစ်သည်။ အန်လင်းသည် စစ်နတ်ဘုရား ခုတ်ချက် ၆ ချက်မှ တစ်ခုခုကို အသုံးပြုလိုက်မည် ဆိုလျှင်ပင် ဇွန်ဘီနတ်ဘုရားမအား တစ်ချက်တည်းနှင့် သတ်ဖြတ်ပစ်နိုင်စွမ်းရှိသည်။ သို့သော်ငြား အန်ကော ဘာလုပ်နေသနည်း။

အန်လင်း၏ အတွေးကို မည်သူကမျှ သိလိမ့်မည် မဟုတ်ချေ။

နမ်းရမလား၊ မနမ်းရဘူးလား။

ဇွန်ဘီနတ်ဘုရားမအား အနီးကပ် ကြည့်လိုက်ပြီးနောက်တွင် နူးညံ့သည့်သွင်ပြင်နှင့် အမိုက်စားခန္ဓာကိုယ်တို့ ရှိကြောင်း သိလိုက်ရသည်။ ဖြူဖွေးသည့် အသားအရေတွင် နက်ပြာရောင်သန်းနေပြီး အလွန်အမင်းအေးစက်သည့် စွမ်းအားတို့ ပါဝင်နေကြောင်း သိသာလှသည်။

“ဟီဟီဟီ မနည်းရုန်းကန်နေရပြီမလား။ မနာကျင်ရတော့အောင် လုပ်ပေးမယ်နော်။” ဇွန်ဘီနတ်ဘုရားမ လျှာထုတ်လိုက်ပြီးနောက် နှုတ်ခမ်းများအား သပ်လိုက်သည်။ ထို့နောက်တွင် သူ၏ အပြာရောင်ဓားအား ပိုမိုသွက်လက်စွာ ခုတ်လွှဲလာလေသည်။

သူ၏တိုက်ခိုက်မှုများမှာ ပိုမိုပြင်းထန်လာပြီး ဇွန်ဘီနတ်ဘုရားမ၏ ခါးကျဉ်ကျဉ်လေးမှာလည် ပိုမိုမြန်ဆန်စွာ လှည့်ပတ်လာလေသည်ကြောင့် ရလဒ်အနေဖြင့် သူမ၏ရင်ဘတ်ရှိ နှင်းလုံးနှစ်ခုမှာ လှုပ်ခါလျက် အဘက်ဘက်သို့ ရွေ့လျားနေလေသည်။

အန်လင်းမှာ ထိန်းထားနိုင်စွမ်း မရှိတော့သည့်အတွက် ဒေါသတကြီး အော်ဟစ်လိုက်သည်။ “သောက်ကောင်မ ငါ့ကို လာမရှုပ်နဲ့”

သူ၏အော်ရာမှာ တစ်ဟုန်ထိုး ပြောင်းလဲသွားပြီး ရုတ်တရက်ဆိုသလို မိစ္ဆာရှင်းဓားပတ်လည်တွင် အဖြူရောင်လေမြူခိုးများ ရစ်သိုင်းလာသည်။ လျှပ်စီးတမျှ မြန်ဆန်သည့် ဓားခုတ်ချက်တစ်ခုအား ထုတ်ဖော်လိုက်ပြီးနောက် ယင် ဝိညာဉ်ချုပ်နှောင် ဓားနည်းစနစ်၏အလယ်မှ ထွင်းဖောက်သွားလေသည်။

အန်လင်းထံတွင် သိုဝှက်ဓားသည့် ကြောက်မက်ဖွယ်ရာ ဓားနည်းစနစ်တစ်ခု ရှိနေသေးကြောင်း မြင်တွေ့လိုက်ရသည့်အခါ ဇွန်ဘီနတ်ဘုရားမ အလွန်အမင်း အံ့ဩသွားလေသည်။

တုံ့ပြန်ခွင့် မရခင်မှာပင် အန်လင်းသည် သူ၏ဓားဖြင့် နောက်ထပ်တစ်ဖန် ထိုးစိုက်လာပြန်သည်။

မိစ္ဆာရှင်းဓားသည် လေကိုခွင်းသွားပြီးနောက် ဇွန်ဘီနတ်ဘုရားမ၏ လက်မောင်းအား ထိုးစိုက်လိုက်သည့်အတွက် အပြာရောင်သွေးများ ပန်းထွက်လာသည်။

တစ်ချိန်တည်းမှာပင် အန်လင်းသည် ဇွန်ဘီနတ်ဘုရားမအား ခုန်အုပ်လိုက်ပြီးနောက် မြေပြင်ပေါ်တွင် ဖိလှဲလိုက်သည်။ ဇွန်ဘီနတ်ဘုရားမ၏ လက်ကောက်ဝတ်အား ဆွဲပြီးနောက် သူရင်ဘတ်နှင့် နူးညံ့သည့် ရင်အစုံအား ဖိကပ်လိုက်သည်။

အဖွဲ့သားအားလုံး ထိတ်လန့်တုန်လှုပ်ကာဖြင့် မျက်လုံးများ ပြူးကျယ်လာကြလေသည်။

ရွှေရောင်ဇွန်ဘီ၏ ဦးခေါင်းအား ဆွဲဖြုတ်လျက်ရှိသည့် တပိုင်သည်ပင်လျှင် အန်လင်းအား ပါးစပ်အဟောင်းသားဖြင့် လှည့်ကြည့်လာသည်။

အန်လင်း ဇွန်ဘီနတ်ဘုရားမအား မြေပြင်တွင် ဖိကပ်လိုက်သည့်ပုံမှာ သူ့ထက်ပိုမိုဆိုးဝါးလှသည်။

ဇွန်ဘီနတ်ဘုရားမ၏မျက်လုံးများ ကျဉ်းမြောင်းသွားပြီးနောက် သူ၏အပေါ်ရှိ အမျိုးသားအား တွေဝေစွာဖြင့် စိုက်ကြည့်နေမိသည်။

ဒီဖေ...

အန်လင်း အသက်ပြင်းပြင်း ရှူလိုက်ပြီးနောက် သူ၏စိတ်ထဲတွင် စွမ်းအင်စုပ်ယူခြင်းအား လေ့ကျင့်လိုက်သည်။ သူ၏ခေါင်းအား ငုံ့ကာဖြင့် ဇွန်ဘီနတ်ဘုရားမ၏ ဆွဲဆောင်မှုရှိလှသော နှုတ်ခမ်းများဖြင့် နီးကပ်စေလိုက်သည်။

ဇွန်ဘီနတ်ဘုရားမ၏ နှုတ်ခမ်းများမှာ အနည်းငယ် ဖြူစုတ်နေပြီး ထိမိလျှင် အလွန်အေးစက်မည့်ပုံပေါ်သည်။

ဇွန်ဘီနတ်ဘုရားမ ပါးစပ်အနည်းငယ် ဟလိုက်ပြီးနောက် အန်လင်း၏ နှာခေါင်းဝသို့ အာငွေ့ပေးလိုက်သည်။

သူ၏ နှုတ်ခမ်းများမှာ ရေခဲသေတ္တာအတွင်းမှ ထုတ်ပြီးကာစ ဂျယ်လီနှင့်တူသည်ဟု အန်လင်း ခံစားမိလိုက်သည်။ အေးစက်ကာ ချိုမည့်ပုံရှိသည်။

သို့သော်လည်း ယင်းတို့မှာ အရေးမပါလှပေ။ အရေးအကြီးဆုံးသော အရာမှာ သူ၏နှုတ်ခမ်းများသည် ဇွန်ဘီနတ်ဘုရားမ၏ နှုတ်ခမ်းများနှင့် တစ်စင်တီမီတာခန့်သာ ကွာဝေးတော့ခြင်း ဖြစ်သည်။

အဖွဲ့သားအားလုံးတို့မှာ နေရာတွင်သာ ကြောင်လျက်သား ရပ်နေမိကြပြီး သူတို့အရှေ့ရှိ မြင်ကွင်းအား မမှိတ်မသုန် စိုက်ကြည့်လျက် ရှိကြသည်။

လုရွှယ်နှင့် ချန်ယင်မှာလည်း ခြွင်းချက်မဟုတ်ချေ။ သူတို့သည်လည်း တုန်လှုပ်လျက်ရှိကြပြီး အသက်ရှူဖို့ရန်ပင် မေ့လျော့နေကြလေသည်။

အန်မင်ချွန်မှာလည်း ကျောက်ရုပ်အဖြစ်သို့ ပြောင်းလဲသွားပြီး တပိုင်မှာမူ ကုန်းမြေတစ်ခုအား ရှာဖွေတွေ့လိုက်ရသကဲ့သို့ ဖြစ်နေလေသည်။

ဇွန်ဘီနတ်ဘုရားမသည်ပင်လျှင် ကြောင်အလျက်ရှိပြီး လှုပ်ရှားဖို့ရန် မေ့လျော့နေလေသည်။

***

All Chapters