← Chapters

အခန်း (၄၆၁-၄၆၂)

Vol. 37 Ch. 461-462

အခန်း (၄၆၁-၄၆၂)

Vol. 37 Ch. 461-462

ယွမ်ကျိုး အပိုင်း ( ၄၆၁)

" တောင်း...တောင်းပန်ပါတယ်၊မမြင်လိုက်မိဘူး"

လိယန်ကျိက ချက်ချင်းထရပ်ပြီး ရှက်ရွံစွာဖြင့်တောင်းပန်လိုက်သည်။

"ရပါတယ်၊ထိုင်နေပါ လူကြီးမင်းတို့ ဒီနေ့ဘာသုံးဆောင်ကြမှာလဲ"

ယွမ်ကျိုးက စိတ်မဆိုးဘဲ တည်တည်ငြိမ်ငြိမ်ဖြင့် မေးလိုက်သည်။

"အင်း သူ့ကိုမေးလိုက်ပါ"

ဈေးနှုန်းကို ငေးကြည့်ရင်း ၊လိယန်ကျိက ခဏလောက် အေးခဲသွားပြီးမှ ရှဲ့ကျွင်းကို

မကျေမနပ်ကြည့်လိုက်သည်။

"ကြက်စွပ်ပြုတ်ခေါက်ဆွဲ အလွတ် နှစ်ပွဲ၊ထွင်းဖောက်မြင် အမဲသားလွှာ၊ကြက်ဥထမင်းကြော် နှစ်ပွဲ၊ကျင်းလင်ဆေးဖက်၀င်းဟင်း၊ဒုန်ပို ၀က်လက်ပေါင်းနဲ့ ငန်းကင် ပေးပါဗျ"

ရှဲ့ကျွင်းက တရစပ် တစ်ခါတည်း မှာချလိုက်သည်။

ထို့အပြင် သူမှာသည့်ဟင်းပွဲများမှာ တစ်ပွဲတည်းတောင် ယွမ်တစ်သောင်းကျော် ကျသည်ဖြစ်၍ ဘေးနားက လိယန်ကျိမှာ မျက်လုံးပြူးသွားရလေသည်။

"ဒီနေ့ ငန်းကင်မရပါဘူး"

ယွမ်ကျိုးက ပြန်ဖြေလိုက်သည်။

"ဒါဆို ဖီးနစ်အမြီး ပုစွန်ဟင်းပွဲပဲ ပေးပါ"

ရှဲ့ကျွင်းက မဆိုင်းမတွ နောက်ဟင်းတစ်ပွဲ ပြောင်းမှာလိုက်သည်။

ယနေ့ သူဒီနေရာကိုလာခြင်းမှာ သူသည်ချမ်းသာကြောင်း သက်သေပြရန်သာ ဖြစ်သည်။

ပိုမိုရှင်းလင်းစွာ ပြောရလျှင် ဆရာရှေ့တွင် ဟန်ရေး ပြချင်၍ပင်။

ထို့ကြောင့် သူ့အနေဖြင့် စျေးကြီးဟင်းပွဲများသာ မှာရမည်။

“ကောင်းပါပြီ ခဏစောင့်ကြပါ”

ယွမ်ကျိုးက ခေါင်းညိတ်ပြီးနောက် ဟင်းပွဲများ ပြင်ဆင်ရန် ထွက်သွားသည်။ ငွေလက်ခံခြင်းကိုတော့ ကျိုကျာက တာဝန်ယူမှာ ဖြစ်သည်။

ထို့အချိန်တွင် လီယန်ကျိမှာ ဒေါသထွက်လွန်း၍ သည်းမခံနိုင်တော့ပေ။

“မင်းဘာလို့ ငွေချမ်းသာချင်ယောင် ဆောင်နေရသလဲ ဟမ်

ဒီဟင်းပွဲတွေက မင်းလစာ ဘယ်နှစ်လစာတောင် ကုန်လဲ ဆိုတာသိရဲ့လား”

လီယန်ကျိက အသံတိုးတိုးဖြင့် စိတ်ဆိုးစွာမေးလိုက်သည်။

“ဆရာ ကျွန်တော့်လစာက ဒီမှာ နေ့တိုင်း စားနိုင်ပါတယ်ဗျာ အလွန်ဆုံး စုဖို့ ပိုက်ဆံမကျန်တော့တာပဲ ရှိမှာ‌ပါ”

ရှဲ့ကျွင်းက အေးအေးဆေးဆေး ပြန်ပြောလိုက်သည်။

“ငါက မင်းကို သူဌေးလို့ ပြောလိုက်တာနဲ့ မင်း တကယ်ချမ်းသာတယ်ထင်နေတာလား နေ့တိုင်း အလုပ်ကောင်းကောင်း မလုပ်ဘဲနဲ့ ငါ့ကို ဆရာ လာမခေါ်နဲ့ကွ”

လိယန်ကျိက စားပွဲကို ဖျန်းခနဲ ရိုက်ရင်း မဆူပဲ မနေနိုင်တော့ပါ။

“ဟေး တစ်ဆိတ်လောက် ဒီနေရာက စားသောက်ဆိုင်ဗျ၊ ကျေးဇူးပြုပြီး တိတ်တိတ်‌ နေပေးကြပါလား”

ဖောက်သည်တစ်ဦးဖြစ်သော စုမူက မျက်ခုံးကြုံကာ ပြောလိုက်သည်။

ထိုလူနှစ်ယောက်သည် စတန်းစီ ကတည်းက စကားများနေကြပြီး အခုထိ မပြီးဆုံးသေးကြပေ။

“ဟုတ်တယ် ခင်ဗျားတိို့ ဆက်ဆံရေးအဆင်မပြေဘူးဆိုရင် ဘာလို့ အတူလာစားနေကြတာလဲ”

အခြားဖောက်သည်တစ်ဦးကလည်း စုမုစကားကို ထောက်ခံလိုက်သည်။

“ဟုတ်တယ် ကျွန်တော်တို့ စားတာအနှောင့်အယှက် ဖြစ်နေပြီ”

အခြားသူများကလည်း စတင်ပြောဆိုလာကြသည်။

ဟုတ်ပေသည်။ ဘေးမှာ တစ်ယောက်ယောက်က စကားများနေလျှင် မည်သူမှ အရသာရှိသည့်ဟင်းလျာများကို အေးချမ်းစွာ မစားနိုင်ကြပေ။

“ဟွန့်”

ဒီတစ်ကြိမ်တွင် လီယန်ကျိက မတောင်းပန်တော့ဘဲ နှာခေါင်းရှုံ့လိုက်သည်။

“တောင်းပန်ပါတယ် ထပ်မဖြစ်‌စေရပါဘူး၊ ကျွန်တော်တို့ စားတော့မှာပါ”

ရှဲ့ကျွင်းက ယဉ်ကျေးစွာ တောင်းပန်လိုက်သည်။

"ဟုတ်ပြီလေ"

စုမူက ခေါင်းညိတ်လိုက်သည်။

မကြာမီ ကျိုကျာက မှာထားသော ဟင်းပွဲများကို သူတို့ဆီယူလာသည်။

“အရသာရှိရှိ သုံးဆောင်ကြပါရှင်”

ကျိုကျာ၏ အသံက ယုံကြည်မှု့အပြည့် ဖြစ်နေသည်။

ဟင်းလျာများ စတင်စားလိုက်ပါက ထိုသူ နှစ်ဦး ထပ်မံ စကားမများတော့ဟု သူမ သေချာနေသည်။

ယွမ်ကျိုး၏ လက်ရာကို သူမကသေချာပေါက် ယုံကြည်ထားသည်။

“ဆရာ ကျွန်တော်တို့ အရင်စားရအောင်ပါ"

ရှဲကျွင်းက အလေးအနက် တောင်းဆိုလိုက်သည်။

“ အေး စားရမှာပေါ့ မင်းရဲ့ အသွေးအ‌သား ပိုက်ဆံ‌တွေကို ဖြုန်းပေးဖို့ ငါ့မှာအရည်အချင်းရှိပါသေးတယ်"

လီယန်ကျိက မကျေနပ်သံဖြင့် ထပ်မံဆူပူလိုက်သည်။

“ဆရာ ကျွန်တော် ဘူဂါရီ ရဲ့ ပြုပြင်ရေးဌာနမှာ လုပ်နေတာ တစ်နှစ်နီးပါး ရှိပါပြီ”

လီယန်ကျိ၏ ဒေါသထွက်နေသည့် မျက်နှာကို ကြည့်ရင်း ရှဲကျွင်းက သက်ပြင်းချကာ ပြောလိုက်သည်။

“ဘာပြောတယ် မင်း တကယ်ပဲ အဲဒီကို သွားလုပ်လိုက်တာလား”

လီယန်ဂျီက အံ့အားသင့်စွာဖြင့် မယုံကြည်နိုင်သကဲ့သို့ မေးလိုက်သည်။ ပါးစပ်နား ရောက်ခါနီး ကြက်ဥထမင်းကြော်ဇွန်းတောင် ပန်းကန်ထဲ ပြန်ကျသွားသည်။

“ဟုတ်ပါတယ် သူတို့က ငြင်းမရနိုင်တဲ့ လစာတစ်ခု ပေးခဲ့လို့ပါ”

ရှဲကျွင်းက သတိတကြီး ပြန်ဖြေလိုက်သည်။

“ငြင်းမရနိုင်တဲ့ လစာတဲ့လား

မင်း ပထမဆုံး ငါ့ဆီ လာသင်တုန်းက ငါ ပြောခဲ့တာ မမှတ်မိဘူးလား ၊လက်ပတ်နာရီဆိုတာ ရုပ်ပစ္စည်းသက်သက် မဟုတ်ဘူး၊

နာရီတွေကို ပြုပြင်တာကလည်း စီးပွားရေးသက်သက် မဟုတ်ဘူးလို့

ပြီးတော့ အကောင်းဆုံးဖြစ်အောင် လုပ်ပေးရမယ့် အနုပညာတစ်ခု လို့ ပြောခဲ့တာ

မင်းမမှတ်မိဘူးလား"

လီယန်ကျိက ရှဲ့ကျွင်းကို လက်ညှိုး ငေါက်ငေါက်ထိုးရင်း စိတ်နှလုံး ကွဲကြေစွာ မေးလိုက်သည်။

“ဟုတ် ”

ရှဲကျွင်းက ခေါင်းညိတ်ပြီး မှတ်မိကြောင်း ပြလိုက်သည်။

ထိုသို့ တော်ရိလျော်ရိ ခေါင်းညိတ်သည့်အပြုအမူကို မြင်ပြီး လီယန်ကျိ၏ ဒေါသက ပို၍ ကြီးလာသည်။

“ဘာလို့ မင်း အဲဒီကို သွားတာလဲ ငါ မနားလည်ဘူး ဒီမှာကြည့်

မင်း ခွေးမွေးရင် ရောင်းစားမယ့် ပစွည်း တစ်ခုလို သဘောထားပြီး မွေးတာလား"

ရှဲ့ကျွင်း ခွေးချစ်တတ်သည်ကို သတိရပြီး လီယန်ကျိက ဥပမာပေးကာ မေးလိုက်သည်။

“ဟင့်အင်း ကျွန်တော်မလုပ်နိုင်ပါဘူး၊

ဒါပေမယ့် ခွေးမွေးတဲ့ လူတွေထဲမှာ ပြန်ရောင်းသူတွေလည်း ရှိပါတယ်

တချို့က ခွေးအတွက် ကောင်းတဲ့ မိသားစုရှာပေးချင်တာပါ ၊ခွေးတွေကို ပျိုးထောင်တာကလည်း ကျွမ်းကျင်မှုတစ်ခုပါပဲ ဆရာ”

ရှဲကျွင်းက အေးအေးဆေးဆေး ရှင်းပြလိုက်သည်။

“မင်းဆိုတဲ့ ကောင်စုတ်လေးက‌တော့”

လီယန်ကျိက ချက်ချင်း ပြောစရာပျောက်သွားသည်။

“ဆရာရဲ့ အံ့သြစရာ ကောင်းတဲ့လက်ရာနဲ့ဆိုရင် အဲဒီမှာ ကြီးကြပ်ရေးမှုးတောင် လုပ်နိုင်ပါတယ် ဘယ်လိုထင်ပါသလဲ ဆရာ”

ရှဲ့ကျွင်းက စိတ်အားထက်သန်စွာ မေးလိုက်သည်။

"မင်း ဘယ်နှစ်ကြိမ်မေးမေး ငါ့အဖြေက ဒါပဲ

မလုပ်နိုင်ဘူးကွ"

လီယန်ကျိက ပြတ်ပြတ်သားသား ငြင်းပယ်လိုက်သည်။

“ဆရာက အရမ်း တသမတ်ဆန်လွန်းတယ်၊ ဒီလို့ လက်မှု့ပညာတွေက အသက်မွေး၀မ်းကျောင်းဖို့ပဲ မဟုတ်လား ဆရာရဲ့"

ရှဲ့ကျွင်းက မျက်‌မှောင်ကြုံကာ မေးလာသည်။

“ဘာလဲ ငါ့ဘာသာ မရပ်တည်နိုင်ဘူးလို့ မင်းကထင်လား"

လီယန်ကျိက မကျေနပ်စွာ စိုက်ကြည့်လိုက်သည်။

“ဒါပေမဲ့ ကျွန်တော်လို လူမျိုးတောင် ဒီလို စားကောင်းသောက်ဖွယ်တွေ နေ့တိုင်းစားနိုင်ပေမဲ့ ဆရာကတော့ ထမင်းတောင် ပုံမှန်မစားရဘူးလေ"

ရှဲ့ကျွင်းက စားပွဲပေါ်ရှိ လှပစွာ ပြင်ဆင်ထားသော ဟင်းလျာများကို လက်ညှိုးထိုးပြလိုက်သည်။

“ငါ အဆင်ပြေတယ်ကွ”

လီယန်ကျိက ချက်ချင်း တုံ့ပြန်လိုက်သည်။

“တတ်ထားတဲ့ ပညာကို သုံးပြီး ဘ၀ကိုကောင်းကောင်း မနေချင်တာကလည်းတကယ်ကို နှမြောစရာပါပဲဗျာ

ရှဲ့ကျွင်း သက်ပြင်းချရင်း ငြီးငြူလိုက်သည်။

“ငါ ပြောထားပြီးသားပဲ၊ နာရီပြုပြင်တယ်ဆိုတာ စီးပွားရှာဖို့ မဟုတ်ဘူး၊

မင်းက ဒီလုပ်ငန်းမှာ မတောက်တခေါက်လေးပဲရှိသေးတာပါကွာ"

လီယန်ကျိက ရှဲ့ကျွင်း၏ လက်ရာကို အထင်သေးရင်း နှာခေါင်းရှုံလိုက်သည်။

"ဟုတ်ပါတယ် အခု အဲ့ဒီ မတောက်တခေါက်လေးကပဲ ဆရာ့ကို ဈေးကြီးတဲ့ ထမင်းဖိတ်ကျွေးနေပြီလေ"

ရှဲ့ကျွင်းက ပခုံးတွန့်ပြလိုက်သည်။

“စားကြစို့ ဆရာရယ် ဒီဆိုင်ရဲ့ဟင်းတွေကအရသာကောင်းတယ်လို့ ကြားထားတယ်ဗျ”

လီယန်ကျိ ဒေါသမထွက်လာခင် ရှဲကျွင်းက ချက်ချင်း စကားလွှဲလိုက်သည်။

“စျေးကဒီလောက်မြင့်နေမှတော့ အရသာမကောင်းဘူးဆိုရင်တောင် ကောင်းတယ်လို့ ခံစားရမှာပဲ”

လီယန်ကျိက စျေးနှုန်းများကိုကြည့်ရင်း စိတ်ထဲတွင် နာကျင်နေမိသည်။

“စားကြည့်ရင် သိမှာပါဗျာ”

ရှဲကျွင်းက ဟင်းပွဲများကို သူ့ဆရာဘက်သို့ ရွှေ့ပေးလိုက်သည်။

ဒီတစ်ကြိမ်တွင် လီယန်ကျိ ဆက်မပြောတော့ဘဲ ဇွန်းကို ယူကာ စတင် စားသောက်လိုက်သည်။

သူတို့ စကားပြောသံကို ကြားနေရင်း ယွမ်ကျိုးက စိတ်ထဲတွင် “ဆရာနဲ့ တပည့်ထင်တယ်” တွေးလိုက်သည်။

သူတို့ဝတ်စားဆင်ယင်ပုံကို ကြည့်ပြီး

“အခြေအနေကွာခြားမှု့က သိသာလွန်းတယ်” ချက်ချင်းအကဲဖြတ်လိုက်သည်။

ယွမ်ကျိုး မှန်ပေသည်။ အမှန်တကယ်ကို

တစ်ဦးသည် နိုင်ငံတကာ နာမည်ကြီး လက်ပတ်နာရီကုမ္ပဏီ၏ ပြုပြင်ရေးဌာနတွင် လုပ်ကိုင်နေသူဖြစ်ပြီး အခြားတစ်ဦးသည် လမ်းဘေးတွင် နာရီပြုပြင်နေသူသာ ဖြစ်သည်။

ထို့ကြောင့် ဝင်ငွေကွာခြားမှုမှာ သဘာဝကျစွာ ကြီးမားလှသည်။ တစ်ဦးက နှစ်စဉ် လစာမြင့်မြင့် ရရှိသူဖြစ်ပြီး အခြားတစ်ဦးကတော့ အသက်မွေးဝမ်းကျောင်းအတွက် လုံလောက်ရုံသာ ရရှိသူဖြစ်သည်။

စားသောက်နေချိန်တွင်မူလသူတို့နှစ်ဦး အေးချမ်းသွားသည်။ ထပ်မံ စကားများခြင်း မရှိတော့ဘဲ တခါတရံ စကားအနည်းငယ်သာ ပြောကြသည်။

အရသာရှိဟင်းလျာများ ပါးစပ်ထဲ ဝင်သွားသည့်အခါ လီယန်ကျိ၏ မျက်နှာက စောစောကလို တင်းမာမနေတော့ချေ။

ရှဲ့ကျွင်း မေးလျှင်လည်း ရိုးရိုးရှင်းရှင်း ပြန်ဖြေလာသည်။

“ဆရာ စက်နာရီရဲ့ နာရီဒိုင်ခွက် အပိုင်းက ...”

ရှဲ့ကျွင်းက နာရီနှင့်ပတ်သက်သည့် နက်နဲသော ဗဟုသုတတစ်ချို့ မေးလိုက်သည်။

“နေ့တိုင်း ငါ့ဦးနှောက်ပဲ ဖောက်စားဖို့ ကြံစည်နေတာပဲ"

လီယန်ကျိက မထီမဲ့မြင် မျက်လုံးနဲ့ ကြည့်ပြီးပြန်ဖြေလိုက်သည်။

ရှဲ့ကျွင်းမှာမူ ပုခုံးတစ်ချက် လှုပ်လိုက်ပြီး စိတ်ထဲမထားပဲ မေးရမည့်အရာရှိလျှင် ထပ်မံ မေးမြန်းသေးသည်။

လီယန်ကျိက ကျင်းလင်ဟင်းရည်နှင့် ဖီးနစ် ပုစွန်အမြီးကို ပါးစပ်အပြည့် တစ်လုပ်ပြီးတစ်လုပ်စားပြီးမှ ရံဖန်ရံခါ ဖြေပေးလေသည်။

သို့သော် ရှဲ့ကျွင်း ၏ စကားများကိုကြားတိုင်း လက်ရာမကောင်းဟု လှောင်ပြောင် ထစ်ငေါ့လေ့ရှိသည်။

ထို့ကြောင့် သူတို့၏ စားပွဲသည် တစ်ခါတရံ စိတ်လှုပ်ရှားဖွယ် ဖြစ်နေခဲ့သည်။ ကံကောင်းစွာဖြင့် အသံကျယ်ကျယ် မပြောကြသဖြင့် အခြားဖောက်သည်များလည်း ထပ်မံ မပြောကြတော့ပေ။

စားပြီးနောက် သူတို့နှစ်ဦးသည် ယွမ်ကျိုး၏ စားသောက်ဆိုင်မှ ပုခုံးဖက်ရင်း ချစ်ချစ်ခင်ခင် ထွက်ခွာသွားသည်။

အဝေးမှ နားထောင်လိုက်လျှင် ရှဲ့ကျွင်းက လီယန်ကျိအား ဘူဂါရိသို့ သွားလုပ်ရန် ထပ်မံ အကြံပြုနေသံ သဲ့သဲ့ကို ကြားရနိုင်သည်။

သို့သော် ခေါင်းမာသော ဆရာ လီယန်ကျိက

မညှာမတာ ပြန်လည် ငြင်းပယ်လိုက်သည်သာ။

အမှန်တကယ်တွင် အလွန်ယဉ်ကျေးသည့် အပြုအမူမျိုး မဟုတ်ပေ။

“အရမ်း ထူးဆန်းတာပဲ၊ သူတို့က အမြင်နဲ့ ယုံကြည်ချက်တွေ မတူပဲ ဆက်ဆံရေးကလည်း မကောင်းသလို ထင်ရပေမယ့် တကယ်မကောင်းတာလည်း ဟုတ်ပုံမရဘူး"

စုမူက ထိုဆရာနှင့်တပည့်အတွဲ ထွက်သွားသည့်ကို ကြည့်ရင်း စိတ်ရှုပ်ထွေးစွာ ရေရွတ်လိုက်သည်။

“အရာရာတိုင်းမှာ အမှန်အမှား သတ်မှတ်စရာ မှမလိုတာ၊

တစ်ယောက်ကို တစ်ယောက် လက်ခံအောင် မဖြစ်မနေ ထောက်ခံစရာလည်း မလိုပါဘူး”

ဝူဟိုင်က တွေးတွေးဆဆ ပြောလိုက်သည်။

ဥပမာအားဖြင့် သူနဲ့ ကျန်ကျားဝေတို့သည် အမြင်မတူကြသော်လည်း ထိုသည်က ကျန်ကျားဝေ သူ့ယောက်ဖဖြစ်နေခြင်းနှင့် သက်ဆိုင်မည်မဟုတ်ပေ။

ဤလောကကြီးတွင် အရာရာမှာ ရှုပ်ထွေးစွာဆက်နွယ်နေလျက် ရှိပေသည်။

အပိုင်း (၄၆၁)

ပြီးပါပြီ။

ယွမ်ကျိုး အပိုင်း(၄၆၂)

"အားလုံးပဲ လာရောက်သုံး‌ဆောင်ပေးလို့ ကျေးဇူးတင်ပါတယ်ရှင်၊ည‌နေခင်းမှာ ပြန်တွေ့ကြမယ်နော်"

ကျိုကျာက ဆိုင်တံခါး၀တွင် ရပ်ပြီး ပြုံးရွှင်စွာနှုတ်ဆက်လိုက်သည်။

ထို့ကြောင့် ဖောက်သည်များလည်း တစ်ယောက်ချင်းစီ ထွက်ခွာသွားကြသည်။

နောက်ဆုံးတွင် ဝူဟိုင်၊စုမူနှင့် လင်းဟုန်တို့သာ ကျန်ခဲ့တော့သည်။

"သူဌေးယွမ်၊ကျွန်တော့် အသိ ဟင်းသီးဟင်းရွက်လတ်လတ်ဆတ်ဆတ် ရတဲ့ဆိုင်ရှိတယ်၊သွားကြည့်ရအောင် ခေါ်သွားပေးရမလား"

စုမူက ယွမ်ကျိုးကို တက်ကြွစွာ မေးလိုက်သည်။

"ငါ့အကြံကို မင်းအကြံလုပ်လိုက်တာပေါ့လေ"

လင်းဟုန်က နှာခေါင်းရှုံ့ပြီး လှောင်ပြောင်လိုက်သည်။

"ဘာဖြစ်လဲ" စုမူက ပြုံးပြလိုက်သည်။

ထိုလူသုံးယောက်မှာ ယွမ်ကျိုးကို ခေါ်သွားနိုင်ရန် ပြိုင်ဆိုင်နေကြသည်။

အရင်တစ်ကြိမ်တွင် လင်းဟုန်ကဟင်းသီးဟင်းရွက်နှင့် အသားများ ယူလာပြီး ဟော့ပေါ့ကောင်းကောင်း လုပ်စားခဲ့လေသည်။ထို့ပြင် ယွမ်ကျိုးကိုယ်တိူင် ကူ၍ရွေးချယ်ပေးခဲ့သည်ဟ လင်းဟုန်၏ အခါခါကြွားဝါမှု့ကြောင့် လူအများအပြားမှာ မနာလိုအားကျခြင်းကြီးစွာ ဖြစ်ခဲ့ရလေသည်။

ထို့ကြောင့် စုမူလည်း ထိုနည်းလမ်းအဟောင်းကိုသာ ထပ်မံအသုံးချလိုက်သည်။

"ရပါတယ်၊မနေ့က ၀ယ်ထားတဲ့ မုန်လာဥတွေတောင် ပုံမဖော်ရသေးဘူး"

ယွမ်ကျိုးက ယတိပြတ်ငြင်းဆိုလိုက်သည်။

"အာ အသစ်ထပ်မ၀ယ်ချင်တော့ဘူးလားဟင်"

"ဟင့်အင်း လတ်ဆတ်တာပဲကြိုက်တယ်"

ယွမ်ကျိုးက အသေအချာ ဖြေလိုက်သည်။

စုမူ၏ရည်ရွယ်ချက်ကို ယွမ်ကျိူးက ရှင်းလင်းစွာနားလည်သော်လည်း ပုံ‌ကောင်းကောင်းဖော်ရန်က ပိုအရေးကြီးလေသည်။သူက အပြင်ထွက်ရန် ပျင်းရိနေခြင်းကြောင့် ဟုမဆိုနိုင်သော်လည်း မဟုတ်ပါဟုလည်း မငြင်းဆိုနိုင်ပေ။

"ဟဟ မင်းလည်း မလုပ်နိူင်ဘူးပေါ့"

လင်းဟုန်က ပခုံးလှုပ်ပြလိုက်သည်။

"မဟုတ်တာ ငါ့မှာ တခြားနည်းလမ်းတွေရှိသေးတယ်"

စုမုက အရှုံးမပေးသေးပေ။

ထိုအချိန် ဘေးတွင်တိတ်တဆိတ်ထိုင်နေခဲ့သော ဝူဟိုင်က ရုတ်တရက်မေးလိုက်သည်။

"သူဌေးယွမ် ဒီနေ့အပြင်သွားမှာလား"

"ဟင့်အင်း" ယွမ်ကျိုးက အတည်ပြုလိုက်သည်။

"ကောင်းတယ် ဒါဆို နေ့လည်ကျရင် ခင်ဗျားစားဖို့ အဆာပြေမုန့်ယူခဲ့မယ်"

ဝူဟိုင်က နှုတ်ခမ်းမွှေးသပ်ရင်း ပြုံးပြုံးကြီး ပြောလိုက်သည်။

ဝူဟိုင် ဉာဏ်ကောင်းခဲ့သည်။သူသည် ဟင်းသီးဟင်းရွက်၀ယ်ရာတွင် ကူညီဖို့ စကားတစ်ခွန်းမှ မဟခဲ့သော်လည်း ဆန့်ကျင့်ဘက်နည်းလမ်းဖြင့် ချဉ်းကပ်ခဲ့သည်။

"ကျစ် ..မင်းက မုန့်ကျွေးပြီး ကြိုးစားမှာပေါ့လေ၊ နှုတ်ခမ်းမွှေးလေးရာ ရှက်ဖို့ကောင်းတာကွာ"

စုမူက ဝူဟိုင်ကို လက်ညိုးထိုးပြီးအော်ပြောလိုက်သည်။

"မဟုတ်တာ၊ ငါတို့က ဆက်ဆံရေးကောင်းရုံပါပဲ"

ဝူဟိုင်က အားရကျေနပ်သည့် မျက်နှာထားပြလိုက်သည်။

"မင်း သူဌေးယွမ်ဆီက အချက်အပြုတ်သင်ထားတာ ငါတို့သိသားပဲ "

စုမူက မထူးဆန်းသလို ပြောလိုက်သည်။

အဘယ့်ကြောင့်ဆိုသော် ဝူဟိုင်၏ ဂုဏ်ယူဝံ့ကြွားမှု့ကြီးကို သူတို့နားမဆံ့အောင် အတော်ကြာကြာ နားထောင်ခဲ့ရပြီးဖြစ်သည်။

အထူးသဖြင့် ဆရာချန် ၏အရှေ့တွင်ပို၍ကြွားဝါတတ်ကြောင်း ကိုပင်။

"အင်း စားလို့ရတဲ့ အသီးအရွက်ကြော်လောက်ပဲမလား"

လင်းဟုန်က မညှာမတာ ထောက်ပြလိုက်သည်။

"အဟမ်း ဘာပဲဖြစ်ဖြစ် သူဌေးယွမ်ကိုယ်တိုင်သင်ပြပေးခဲ့တာပဲလေ"

ဝူဟိုင်က ဂုဏ်ယူနေဆဲပင်။

"အဲဒါ ကျွန်တော်တို့ကြားက အပေးအယူသက်သက်ပါ"

ယွမ်ကျိုးက ချက်ချင်းပင် အပြစ်ကင်းကြောင်း ရှင်းလင်းစွာ ခုခံပြောဆိုလိုက်သည်။

ဟာသပါတကား။အကယ်၍ ဝူဟိုင်က သူ့၏ လက်ရာများမှာ ယွမ်ကျိုးဆီမှ သင်ယူထားပါသည်ဟု ပြောလိုက်ပါသောအခါ လူအတော်များများ အံ့သြလွန်း၍ စိတ်ထိခိုက်နိုင်ပေသည်။

"ဟုတ်တယ်၊ ခင်ဗျားက ကျွန်တော့်ဆရာ သုံးရက် ဖြစ်ခဲ့တာပဲ"

ထိုသို့ပြောပြီးတာနှင့် ဝူဟိုင်က လှည့်ထွက်သွားလေသည်။

ထိုစကားကို ကြားလိုက်သော ယွမ်ကျိုးအနေဖြင့် ဆန့်ကျင့်ရန် မတတ်နိုင်ဟု ခံစားလိုက်ရသည်။

"ညနေမှ တွေ့ကြတာပေါ့"

ယွမ်ကျိုး က ကျန်နှစ်ယောက်ကို တစ်ခါတည်း နှုတ်ဆက်လိုက်သည်။

ယွမ်ကျိုးက တခြားဖောက်သည်များကိုလည်း လိုက်ပို့နှုတ်ဆက်နေသည်ကိုမြင်မှ သူတို့မှာ

ဆက်နေရန် မသင့်၍ ထွက်ခွာသွားသည်။

"အင်းပါဗျာ"

“ပြန်တွေ့မယ်နော်”

စူမူနှင့် လင်းဟုန်က တစ်ချိန်တည်း ပြောလိုက်ကြသည်။

“အင်း”

ယွမ်ကျိုးက ခေါင်းညိတ်ပြလိုက်သည်။

“တက် တက် တက်”

သူတို့နှစ်ယောက်၏ ခြေသံများက တစ်ညီတစ်ညွတ်တည်း ထွက်ပေါ်လာသည်။

“နောက်ဆုံးတော့ ပန်းပုထုနိုင်ပြီ‌ကွ”

ယွမ်ကျိုးက ခဏ အနားယူပြီးနောက် ကိုယ့်ဘာသာ ရေရွတ် ပြောလိုက်သည်။

ထို့နောက် ကုလားထိုင်နှင့် အခြားပစ္စည်းအချို့ကို တံခါးနားသို့ ရွှေ့ကာ ပန်းပုထုလုပ်ရန် ပြင်ဆင်လိုက်သည်။

"တိုက်ခတ်သွားတဲ့ လေညင်း‌လေးက တကယ် ကို အေးချမ်းလိုက်တာ”

တံခါးဝမှာ ထိုင်နေစဉ် လေအေးတစ်ချက် တိုက်ခတ်သွားပြီးနောက် ယွမ်ကျိုးက ညင်သာစွာ ဆိုလိုက်သည်။

“ကျွီ ယာ”

တံခါးကို ပို ကျယ်ကျယ် ဖွင့်လိုက်ပြီး အတွင်းဘက်ရှိ အပူလေ အနည်းငယ် ထွက်သွားစေရန် ပြုလုပ်လိုက်သည်။

အရာအားလုံး ပြင်ဆင်ပြီးနောက် ယွမ်ကျိုးက ထိုင်၍ ထုလုပ်ရန် စတင်ပြင်ဆင်လိုက်သည်။

ယွမ်ကျိုး မုန်လာဥများကို ပြင်ဆင်နေစဉ်တွင်အဝေးမှ အိုမင်းသော အသံတစ်ခုကို ခပ်သဲ့သဲ့ကြားလိုက်ရသည်။

“ဟင်းသီးဟင်းရွက်လေးတွေ ဝယ်ကြပါဦး မျှစ်နုနုလေးတွေ ရှိတယ်‌နော်”

အနီရောင်ခပ်ထူထူ ဖျင်ကြမ်းအကျီနှင့် အနက်ရောင် အနွေးထည်အင်္ကျီဝတ်ထားသော အဘွားအိုတစ်ဦးသည် ဝါး‌တောင်းကြီးနှစ်လုံးကို ခေါင်းပေါ်ရွက်ကာ လမ်းတစ်လျှောက် အော်ရောင်းနေသည်။

မကြာခင်အတွင်းပင် ခေါက်ဆွဲဆိုင်တစ်ဆိုင်ရှေ့သို့ ရောက်လာသည်။

“ဆိုင်ရှင်ရေ၊ မျှစ်နုနုလေး ဝယ်မလား မနက်ကမှ ချက်ချင်း တူးလာတာပါ၊ လတ်ဆတ်တယ်‌ နော်”

အဘွားအိုက တပြုံးပြုံးနှင့် စိတ်အားထက်သန်စွာ မေးလိုက်သည်။

“မလိုဘူး”

အမျိုးသမီးဆိုင်ရှင်က တိုက်ရိုက် ငြင်းပယ်လိုက်သည်။

“၅၀၀ ဂရမ်ကို ၂.၅ ယွမ်နဲ့ရောင်းတာ ယူမယ်ဆို ၂.၂ ယွမ်နဲ့ ပေးမယ် လေ”

အဘွားအိုက စိတ်မလျော့ဘဲ ပြောရင်း ဝါးတောင်းကြီးကို ပြလိုက်သည်။

“သွားတော့ ပိတ်ရပ်မနေနဲ့ ငါ့စီးပွားရေး ထိခိုက်တယ်”

အမျိုးသမီးဆိုင်ရှင်က ခက်ထန်စွာ ပြောပြီး အဘွားအိုကို လက်ဖြင့် တွန်းဖယ်လိုက်သည်။

“ကောင်းပါပြီကွယ် စိတ်အနှောင့်အယှက် ဖြစ်သွားရင် တောင်းပန်ပါတယ်”

အဘွားအိုက အခြားစကား မပြောတော့ဘဲ ခပ်ဖျော့ဖျော့သာ ပြုံးပြီး မျှစ်တောင်းကိုပြန်မ ကာ ယွမ်ကျိုး စားသောက်ဆိုင်ဘက်သို့ ထွက်လာလိုက်သည်။

“တက် တက် ”

သူမ၏ ခြေလှမ်းများက တည်ငြိမ်နေသည်။

“သူဌေးရေ မျှစ်နုနုလေး၀ယ်မလို့လား”

ယွမ်ကျိုးကို မြင်သည်နှင့် အဘွားက စိတ်အားထက်သန်စွာ မေးလိုက်သည်။

“ဘယ်လောက်လဲ”

ယွမ်ကျိုးက ခဏ စဉ်းစားပြီး မေးလိုက်သည်။

“၅၀၀ ဂရမ်ကို ၂.၂ ယွမ်နဲ့ယူပါကွယ် မနက်တုန်းကတော့ ၂.၅ နဲ့ရောင်းတာ ပါ”

အဘွားက ရှင်းလင်းစွာ ဖြေလိုက်သည်။

ဝါးတောင်းထဲတွင် ဟင်းသီးဟင်းရွက်များ များများစားစား မရှိတော့ပေ။ အမျိုးအစား အနည်းငယ်သာ ကျန်ပြီး စုစုပေါင်း အလေးချိန် သုံးကီလို မကျော်နိုင်ပေ။

“ဟင်းသီးဟင်းရွက်အားလုံးကို ချိန်ပေးပါ ကျွန်တော် ထည့်စရာ သွားယူလာခဲ့မယ်”

ပြောပြီး ယွမ်ကျိူးက လှည့်ကာ စားသောက်ဆိုင်အတွင်း ဝင်သွားသည်။

အပေါ်ထပ် တစ်လွှာမှာ ဝါးခြင်းတစ်လုံး ရှိနေသဖြင့် ထိုခြင်းကို အသုံးပြုကာ ဟင်းသီးဟင်းရွက်များ ထည့်နိုင်သည်။

“ကျေးဇူးတင်ပါတယ် သူဌေးရေ အခု ချိန်ပေးမယ်”

အဘွား၏ မျက်နှာပေါ်တွင် ပျော်ရွှင်သည့် အပြုံး ပေါ်လွင်လာသည်။ လက်ဖဝါးတွင် အမာရွတ်များပြည့်နေသော်လည်း သန့်ရှင်းသည့် လက်များဖြင့် ဟင်းသီးဟင်းရွက်များကို သပ်ရပ်စွာ စီလိုက်သည်။

ယွမ်ကျိုး ခြင်းယူလာချိန်တွင် အဘွားက ကျန်ရှိသမျှ ဟင်းသီးဟင်းရွက်များကို သီးသန့်စီထားပြီးသား ဖြစ်သည်။ မျှစ်များနှင့် ဆလပ်ရွက်လေးများကို စနစ်တကျ စီထားကာ ချိန်ရန် စောင့်နေကြသည်။

“ချိန်ပြီး ခြင်းထဲ ထည့်ပေးပါ”

ယွမ်ကျိုးက ခြင်းကို အဘွားအို၏ ရှေ့နားတွင် ထားကာ တည်ငြိမ်စွာ ပြောလိုက်သည်။

“ဟုတ်ကဲ့ပါ သူဌေးရေ ကျွန်မရဲ့ ချိန်ခွင်က အတိကျဆုံးပါ”

အဘွားက အနက်ရောင် ချိန်ခွင်ကို ယူကာ အပြုံးကြီးကြီးဖြင့် ပြောလိုက်သည်။

“အင်းပါ”

ယွမ်ကျိုးက ခေါင်းညိတ်ပြလိုက်သည်။

“မျှစ် ၁.၉ ကီလို၊ ဆလပ်ရွက် ၀.၇၅ ကီလို၊ ဟင်းနုနွယ် ၀.၅ ကီလို ဒီလောက်ပဲ ရှိပါတယ်” အဘွားအိုက ချိန်နေစဉ် တစ်ခုပြီးတစ်ခု အလေးချိန်များကို ပြောပြသည်။

ယွမ်ကျိုးက ခေါင်းညိတ်ပြလိုက်သည်။

ငွေပေးချိန်တွင်ပင် အဘွားအိုက ခါးညွတ်ကာ လှမ်းယူလိုက်သည်။

“ကျေးဇူးတင်ပါတယ်သူဌေး”

အဘွားအိုက ငွေကို လက်ထဲတွင် ကိုင်ထားရင်း ပျော်ရွှင်စွာ ပြောလိုက်သည်။

“ရပါတယ် လမ်းသတိထားပါ”

ယွမ်ကျိုးက အဘွားအိုကို ခြင်းတောင်းအလွတ်နှစ်လုံးနှင့် ထွက်ခွာသွားသည်ကို ကြည့်နေရင်း ပြောလိုက်သည်။

အဘွားအို ဝေးသွားမှ ယွမ်ကျိုးက ဟင်းသီးဟင်းရွက်အပြည့် ခြင်းကို ကြည့်ကာ တိုးတိုးလေး ပြောလိုက်သည်။

“ဒီညတော့ ဟင်းချို လုပ်သောက်လို့ ရပြီထင်တယ်”

မကြာခင်အတွင်းပင် လမ်းတစ်ဖက်ရှိ အဆောက်အဦမှ ဝူဟိုင် ဆင်းလာသည်။ လက်ထဲတွင် အဖုံးဖုံးထားသည့် ပန်းကန်တစ်လုံး ကိုင်ထားသည်။

“ခင်ဗျားလုပ်ထားတဲ့ မုန့်လား”

ယွမ်ကျိုးက ဝူဟိုင်၏ လက်ထဲရှိ ပန်းကန်ကို လက်ညှိုးထိုးကာ မေးလိုက်သည်။

“ဟုတ်တယ် အရသာသိပ်ကောင်းတယ်”

ဝူဟိုင်က ယုံကြည်မှုအပြည့်ဖြင့် ပြောလိုက်သည်။

“ဘာမုန့်လဲ”

ယွမ်ကျိုးက တည်ငြိမ်စွာ မေးလိုက်သည်။

“မန်ဒရင်း ဘဲကိတ်၊ဟူနန်ပြည်နယ်ရဲ့ ရိုးရာ မုန့်‌လေ”ဝူဟိုင်က ဖြေလိုက်သည်။

“ဒီကိတ်က အရောင်စုံ မပါ ပါဘူးနော်" ယွမ်ကျိုးက သတိထားကာ ထပ်မံ မေးလိုက်သည်။

“တကယ် မပါပါဘူး”

ဝူဟိုင်က ယွမ်ကျိုးက ထူးဆန်းသလို ကြည့်လိုက်သည်။

“ကောင်းပါပြီ”

ယွမ်ကျိုးက နောက်ဆုံးတွင် စိတ်ချလက်ချ ခေါင်းညိတ်လိုက်သည်။

ဝူဟိုင် ရှေ့သို လှမ်းလိုက်ရာ တံခါးရှေ့ရှိ ဟင်းသီးဟင်းရွက်အပြည့် ခြင်းကို တွေ့မြင်လိုက်သည်။

“ဟင်းသီးဟင်းရွက်တွေ ဝယ်ထားတာလား”

ဝူဟိုင်က အံ့ဩပြီး မေးလိုက်သည်။

“မဟုတ်ပါဘူး တစ်ယောက်ယောက် လာရောင်းလို့ ကိုယ်ဘာသာ စားဖို့ ဝယ်ထားတာ” ယွမ်ကျိုးက ပေါ့ပေါ့ပါးပါး ပြန်ဖြေလိုက်သည်။

“အခု ၃ နာရီ ၄၀ မိနစ်ရှိပြီ မုန့်စားဖို့ အကောင်းဆုံး အချိန်ပဲ”

ဝူဟိုင်က နှုတ်ခမ်းမွှေးလေးကို ပွတ်ကာ ယွမ်ကျိုးကို စိတ်အားထက်သန်စွာ ကြည့်လိုက်သည်။

ယွမ်ကျိုးက ဒီတစ်ကြိမ်တွင် စဉ်းစားချိန် ပိုယူခဲ့သည်။ ဟင်းသီးဟင်းရွက် ဝယ်ရန် တွေးချိန်ထက်တောင် ပိုကြာသည်။

နောက်ဆုံးတွင် အရှုံးပေးလိုက်သည်။

“ကောင်းပြီ၊ မြည်းကြည့်မယ်”

“ဆိုင််ထဲဝင်ပြီး မြည်းကြည့်ရအောင်”

ဝူဟိုင်က ပန်းကန်ကို ကိုင်ကာစားသောက်ဆိုင်အတွင်း ဝင်သွားသည်။

"အင်း"

ယွမ်ကျိုးက ခေါင်းငြိမ့်ရင်း နောက်မှလိုက်၀င်သွားသည်။

အပိုင်း (၄၆၂)

ပြီးပါပြီ။

All Chapters