← Chapters

အခန်း (၄၆၅-၄၆၆)

Vol. 37 Ch. 465-466

အခန်း (၄၆၅-၄၆၆)

Vol. 37 Ch. 465-466

ယွမ်ကျိုး အပိုင်း (၄၆၅)

"နေ့တိုင်း ပုံတွေဆွဲလွန်းအားကြီးလို့ စိတ်မမှန်တော့တာလား"

ယွမ်ကျိုးက ထေ့ငေါ့လိုက်သည်။

"အဲ့ဒါထားစမ်းပါ၊မင်းက ဘယ်သူ့နဲ့လက်ထပ်မှာလဲ၊ငါတို့တွေ ဘာမှလည်း မသိရပါလား"

ဝူဟိုင်က နှုတ်ခမ်းမွှေးသပ်ရင်း အရေးတကြီး မေးလိုက်သည်။

"ဖိတ်စာဖတ်ကြည့်လေ"

ယွမ်ကျိုး စိတ်ဆိုးသွားသည်။

"မင်းရဲ့လက်ထပ်ပွဲဖိတ်စာက ငါ့အတွက် ကမ္ဘာကြီး ပြောင်းပြန်လှန်သွားသလိုပဲ"

ဝူဟိုင်က ဗလုံးဗထွေးရေရွတ်လိုက်သည်။

"စေ့စပ်ပွဲဖိတ်စာ"

ယွမ်ကျိုးက အမှန်ပြင်ပေးသည်။

"အတူတူပါပဲ"

ဝူဟိုင်က လက်ခါပြရင်း စိတ်မ၀င်စားအား‌ပေ။မည်သို့ဖြစ်စေ ဒါကရုတ်ချည်းပေါ်လာပြီး အလွန်အံ့အားသင့်စေသည်။

စိတ်လှုပ်ရှားမှု့ကြောင့် ပြုတ်ကျသွားသည့် စာအိတ်ကို ကောက်ရင်း ဝူဟိုင်က ရုတ်တရက် ထအော်လိုက်သည်။

"သူဌေးယွမ် မင်းလက်ထပ်ရင် ဆိုင်ပိတ်မှာလား"

ထိုအသံနက်ကြီးကြောင့် ယွမ်ကျိုးမှာ လန့်ဖျပ်သွားရသဖြင့် စိတ်ငြိမ်အောင် ကြိုးစားလိုက်ရသည်။

"ခင်ဗျား ဖုန်းမသုံးနဲ့တော့ ဒီလောက်ဆိုလှမ်းအော်ရုံနဲ့ ကြားမှာပဲလေ"

"မဟုတ်သေးဘူး ဖြေပေးဦးလေ အရေးကြီးလို့ပါ"

ဝူဟိုင်က သိချင်တာကို အဆက်မပြတ်မေးလိုက်သည်။

"အရင်ဖတ်ကြည့်"

ယွမ်ကျိုးက အေးစက်စက်ဖြင့် အံ့ကြိတ်ပြောလိုက်သည်။

"ဖိတ်စာပေါ်မှာ ဆိုင်ပိတ်ခွင့်တောင်းဖို့ appတွေဘာတွေ ရေးထားလို့လား"

ဝူဟိုင်က ဖိတ်စာကိုကြည့်ရင်း သိလိုစွာမေးလိုက်သည်။

"ဖတ်ပြီးရင် သိမှာပေါ့"

ယွမ်ကျိုးက အသက်ပြင်းပြင်းရှူပြီး ထပ်ပြောလိုက်သည်။

"ဟင်း"

ဝူဟိုင်က သက်ပြင်းချရင်း ဖွင့်ဖတ်ကြည့်လိုက်သည်။

ဖိတ်စာပေါ်တွင် စေ့စပ်ပွဲနေ့ရက်၊နေရာ၊အချိန်နှင့် စေ့စပ်မည့်စုံတွဲနာမည်ကို တစ်ခုချင်းရေးထားသည်။

"မင်း ကျင်းလျို့ဆိုတဲ့ကောင်မလေးနဲ့ ဘယ်မှာတွေ့ခဲ့တာလဲ"

ဝူဟိုင်က ကတ်ကို ဖွင့်ကြည့်သည့်အခါ ဆိုင်ပိတ်ခွင့်တောင်းစာမပါ၍ အခြားမေးခွန်းသာမေးလိုက်သည်။

ယွမ်ကျိုးက မကြားဟန်ဆောင်ရင်း ထိုဝူဟိုင်ဆိုသောသူ အဆုံးသတ်တွင် အရှက်ရနေလိမ့်မည်ဟု တွေးလိုက်သည်။

"ဟင် လင်းဟုန်နဲ့ တခြားသူတွေတောင်ပါတယ်ပေါ့"

ဝူဟိုင်က ယခုထိ စေ့စပ်မည့် ယောက်ျားလေးနာမည်ကို မမြင်သေးပေ။

"စာကို တိတ်တိတ်လေးဖတ်ပါ"

ယွမ်ကျိုးက သတိပေးလိုက်သည်။

"စာအုပ်မှမဟုတ်တာ ဖိတ်စာကြီးကို"

ဝူဟိုင်က ပခုံးတွန့်ပြလိုက်သည်။

"ခဏလေး ကောင်းရွိုက်ဆိုတာက ဘယ်သူတုန်း"

နောက်ဆုံးတွင် ဝူဟိုင်က သတို့သားနာမည်ကို အောင်မြင်စွာ ရှာတွေ့ခဲ့ပြီးဖြစ်သည်။

"ဒီပွဲရဲ့ အဓိကလူလေ"

ယွမ်ကျိုးက တိုတိုတုတ်တုတ်ဖြေလိုက်သည်။

"ဒါဆို မင်းလက်ထပ်တာမဟုတ်ဘူး‌ပဲ၊ လန့်လိုက်တာကွာ"

ဝူဟိုင်က ယခုမှ စိတ်သက်သာရာရဟန်ဖြင့် ထိုင်ခုံပေါ်မှီလိုက်သည်။

"အင်း"ယွမ်ကျိုးက ခေါင်းငြိမ့်ရင်း စိုက်ကြည့်လိုက်သည်။

ယွမ်ကျိုးက မည်မျှကြာကြာ စိုက်ကြည့်နေပါစေ၊ဝူဟိုင်က အနည်းငယ် ရှက်ရွံဟန်တောင် မပြဘဲ အေးချမ်းစွာ ဖိတ်စာ ထိုင်ဖိတ်နေသည်။

ထို့နောက်တွင် ယွမ်ကျိုးခမျာ ပြောစရာမရှိတော့ပေ။

"ခင်ဗျား တော်တော် အရှက်မရှိချက်"

ယွမ်ကျိုးက ကူကယ်ရာမဲ့စွာ ဆိုလိုက်သည်။

"ဟင်"

ဝူဟိုင်က အပြစ်ကင်းသည့် အမူအရာဖြင့် ယွမ်ကျိုးကို မော့ကြည့်လိူက်သည်။

ယွမ်ကျိုး စိတ်ညစ်သွားသည်။

"ထားလိုက်ပါတော့"

"ပြောရမယ်ဆိုရင် မင်းက သတို့သားမဟုတ်ရင် ဘာလို့ ဖိတ်စာ‌လာပေးတာတုန်း ဒါဆိုအစတည်းက အထင်မလွဲတော့ဘူးပေါ့"

ဝူဟိုင်က မကျေနပ်စွာ အပြစ်တင်လိုက်သည်။

"ဒါဆို ကျွန်တော့်က အပြစ်ရှိတာလား"

ယွမ်ကျိုးက မေးလိုက်သည်။

"အင်းလေ"

ဝူဟိုင်က နှုတ်ခမ်းမွှေးလေးသပ်ရင်း ခေါင်းငြိမ့်ပြလိုက်သည်။

ယွမ်ကျိုးမှာ ဝူဟိူင်၏ အရှက်မရှိသည့်မျက်နှာကို တစ်ချက်လောက်ထိုးချင်မိသော်လည်း ဆန္ဒကို သိက္ခာနှင့်ထိန်းကာ စကားမဆိုတော့ပဲ လုပ်လက်စသာ ဆက်လုပ်နေတော့သည်။

"ဒါက ဘယ်သူ့ရဲ့ဟာကြီးလဲ၊ငါ့တို့ကိုတောင် ဖိတ်ထားတယ်"

ယွမ်ကျိုးက မကြားချင်ဟန်ဆောင်နေသည်။

"သူဌေးယွမ်"

ယွမ်ကျိုးက မီးဖိုချောင်ဘေစင်ကိုသာ သဲသဲမဲမဲ တိုက်ချွတ်နေသည်။

ကံကောင်းသည်မှာ ဝူဟိုင်ထပ်မမေးခင်တွင် ကောင်းရွှိုက်နှင့်အားလျို့တို့စုံတွဲက ဆိုင်ထဲ၀င်လာသည်။

ဝူဟိုင်ကို မြင်သော် ကောင်းရွှိုက်က ဦးစွာ နှုတ်ဆက်လိုက်သည်။

"အကိုဝူ‌ရေ မဂ်လာပါ ကျွန်တော် ကောင်းရွှိုက်လေ"

သူတို့သည် မူလကတည်းက အချင်းချင်းသိကြသော်လည်း ကောင်းရွှိုက်က ပုံမှန်အားဖြင့် စကားနည်းပြီး ကိုယ့်ကိုကိုယ် မိတ်ဆက်လေ့မရှိပါ။ယခုက ပထမဆုံးအကြိမ်ဖြစ်သည်။

"မတွေ့တာ ကြာပြီ"

ဝူဟိုင်က ခေါင်းငြိမ့်ပြလိုက်သည်။

"ဒီဖိတ်စာက မင်းဖိတ်တာမလား"

ဝူဟိုင်က ဘေးနားက မိန်းကလေးကို ကြည့်ပြီး ခန့်မှန်းလိုက်သည်။

"ဟုတ်တယ် ကျွန်တော်တို့စေ့စပ်ပွဲလေ ကျေးဇူးပြုပြီး လာတက်ပါဦးဗျ"

ကောင်းရွှိုက်က တလေးတစားပြောလိုက်သည်။

"မဖြစ်မနေလာရမှာပေါ့ကွာ ၊မင်းဘ၀ရဲ့အရေးကြီးတဲ့နေ့ပဲဟာကို"

ဝူဟိုင်က ထိုစုံတွဲကို တစ်ချက်လောက် ဝေ့ကြည့်ပြီး ပြန်ဖြေလိုက်သည်။

"ကျေးဇူးပါဗျာ နှောက်ယှက်မိရင် စိတ်မရှိပါနဲ့"

ကောင်းရွှိုက်က ပျော်ရွှင်စွာ ဆိုလိုက်သည်။

"ရပါတယ်ကွာ"

ဝူဟိုင်က ခေါင်းခါရင်း ပြုံးပြလိုက်သည်။

ယွမ်ကျိုးကဲ့သို့ပင် ဝူဟိုင်သည်လည်း သူတို့နှစ်ယောက် မည်သို့မည်ပုံ အတူရှိသွားသနည်းဟု စပ်စုချင်သိချင်မိသည်။

သို့သော်လည်း သူ၏ စရိုက်အနေအထားအရ ထိုသို့ ပွင့်လင်းစွာ တိုက်ရိုက်ကြီး သွားမေးရန်က မဖြစ်နိုင်လှပေ။

ထိုအချိန်တွင် ယွမ်ကျိုးက လင်းဟုန်အမြန်ရောက်လာရန်သာ မျှော်လင့်မိတော့သည်။

လင်းဟုန်က သိချင်သည့်အရာရှိလျှင် မျိုသိပ်မထားနိုင်ဘဲ တိုက်ရိုက်မေးနိုင်သူဖြစ်လေသည်။

လင်းဟုန် မရောက်သေးသော်လည်း စုမူက ဦးစွာ ရောက်လာခဲ့သည်။

"သူဌေးယွမ် အသီးအရွက်သွား၀ယ်ကြရအောင်ဗျာ"

စုမုက စိတ်အားထက်သန်စွာမေးလိုက်သည်။

"မသွားသေးဘူး ငါ့မှာရှိသေးတယ်"

ယွမ်ကျိုးက ခေါင်းခါပြလိုက်သည်။

"ကျွန်တော့်မှာ အရမ်းဆန်းသစ်တဲ့ အကြံသစ်တစ်ခုရှိတယ်,နားထောင်ချင်လား"

စုမုက ဇွဲမလျော့ဘဲ မေးလိုက်သည်။

"အိုး "

ယွမ်ကျိုးက စိတ်၀င်စားဟန် ပြလိုက်သည်။

"အခုခေတ်က လူတွေကို သိချင်စိတ်ဖြစ်အောင် လုပ်နိုင်စွမ်းရှိတဲ့ဟာတွေ များသား"

ယွမ်ကျိုးက စိတ်ထဲမှ လှောင်ပြောင်လိုက်သော်လည်း မျက်နှာမှာ အမူအရာမဲ့နေသည်။

"အဲဒါက ပန်းပုထုတာနဲဆိုင်တယ်ဗျ"

စုမုမှာ ယွမ်ကျိုး၏ စိတ်၀င်စားမှု့ကို မရမချင်း ရပ်တန့်မည့်ပုံမပေါ်ပေ။

"ဆက်ပြောလေ"

ယွမ်ကျိုးက ပေါ့ပါးစွာဆိုလိုက်သည်။

"ကျွန်တော် ပြောပြရင် ခင်ဗျား ဈေးလိုက်၀ယ်ပေးမှာလား"

စုမုက လိုချင်သည်ကို တောင်းဆိုလိုက်သည်။

"ဟင့်အင်း မသေချာဘူး ဒါပေမဲ့ မင်းအကြံကို ဆိုင်ပိတ်ချိန်‌မှာ လာပြောပြလို့ရတယ်"

ယွမ်ကျိူး ကလက်ပိုက်ပြီး ခပ်တည်တည်ပြောလိုက်သည်။

"ပြီးရောလေ"

သိပ်မကြာခင် လင်းဟုန်လည်း ဆိုင်ရှေ့ရောက်လာပြီဖြစ်သည်။သူက ကောင်းရွှိုက် တို့စုံတွဲကိုမြင်မြင်ချင်းတွင် အံ့ဩတကြီး ဖြစ်သွားသည်။

"မင်းတို့က အတူတူရှိနေကြပြီလား"

လင်းဟုန်၏ ချောမောသောမျက်နှာပေါ်တွင် သံသယရှိသည့် အရိပ်အယောင်ပေါ်လာသည်။

"ဟုတ်တယ်ဗျ"

ကောင်းရွှိုက်က အားလျို့၏လက်အစုံကို တင်းကျပ်စွာ ဆုပ်ကိုင်ရင်း သေချာဖြေလိုက်သည်။

"ဂုဏ်ပြုပါတယ်ကွာ"

လင်းဟုန်က ၀မ်းသားအားရ ဂုဏ်ပြုလိုက်သည်။

"ကျေးဇူးပါဗျာ"

ကောင်းရွှိုက်က ကျေးဇူးစကားဆိုရင်း အားလျို့ဧ။်မျက်လုံးနှင့် မျက်ခုံးများက ပျော်ရွှင်မှု့ကြောင့်ဝိုင်းစက်သွားသည်ကို ကြည်နူးစွာကြည့်နေသည်။

"ငါတခြားသူတွေကို အသိပေးလိုက်မယ်ကွာ၊ဒါနဲ့ မင်းခဏလောက် ထွက်လာပေးလို့ရလား"

ဖိတ်စာကို လက်ခံယူရင်း၊လင်းဟုန်က ကားဆီပြန်မသွားခင်လေး ကောင်းရွှိုက်ကို ခေါ်လိုက်သည်။

"အားလျို့ရေ ကိုယ်လိုက်သွားဦးမယ်နော် ပြန်လာမယ် ကိုယ့်ကို လွမ်းမနေနဲ့ဦးနော်"

ကောင်းရွှိုက်က နူးညံစွာချော့မော့ပြီး ယုံကြည်ချက်ရှိရှိ ပြုံးလိုက်သည်။

မိန်းကလေးက ခေါင်းငြိမ့်ပြရင်း အပြုံးနှင့် လက်ဝှေ့ယမ်းပြလိုက်သည်။

"တပ် တပ် တပ်"

လင်းဟုန်က အားလျို့နှင့်အတူ ထွက်သွားလိုက်သည်။ယွမ်ကျိုးနှင့် ဝူဟိုင်တို့မှာ ယခုမှပင် စိတ်သက်သာရာရသွားသည်။မည်သို့ဖြစ်စေ လင်းဟုန်က သူတို့ကို ပြန်ပြောပြမည်မှာ အသေအချာပင်။

လင်းဟုန်က ကားဆီရောက်သောအခါ ဖိတ်စာကို ကားထဲထည့်ရင်း တိုက်ရိုက် မေးလိုက်သည်။

"မင်းအရင်က ကျန်းမာတဲ့ ပုံမှန်မိန်းကလေးမျိုးပဲ ကြိုက်တာဆို၊အခု မင်းချစ်သူကစကားမပြောနိုင်ဘူးနော်၊ဘာတွေဖြစ်သွားတာလဲ"

"ဟုတ်တယ် အဲဒါ့ကြောင့် ကျွန်တော်က ပိုပြီး စကားများ‌များပြောပေးရမှာပေါ့"

ကောင်းရွှိုက်က မထူးဆန်းစွာ အဖြေပေးလိုက်သည်။

"အေးပါ လာ သွားရအောင်ကွာ နေ့လည်စားချိန်က တိုတယ်ကွ"

လင်းဟုန်က တွေဝေသွားပြီး ခဏကြာမှ

ဘာကိစ္စမှမဖြစ်ခဲ့သည့်ဟန်ဖြင့် ပြောလိုက်သည်။

"အိုကေ"

လမ်းတစ်လျှောက်တွင် လင်းဟုန်က မည်သည်ကိုမှ ထပ်မံမမေးမြန်းတော့ချေ။သူက အရေးကြီးသည့်တစ်စုံတစ်ရာကို နားလည်သွားသည်ပင်။

လူ့တစ်ယောက်၏ အခြေခံစည်းမျဉ်းဆိုသည်က လွယ်လင့်တကူမပြောင်းလဲနိုင်‌ သော်လည်း ထိုက်တန်မှု့တစ်ခုရှိလျှင်တော့

ပြောင်းလဲနိုင်ကောင်းပေသည်။

ထိုအရာက အချစ်ပင်ဖြစ်သည်။

သူမက စကားမပြောနိုင်လျှင် သူကစကားများများပိုပြောပေးမည်။

လိုက်ဖက်လွန်းသည့် စုံတွဲပင်။

ယွမ်ကျိုး အပိုင်း (၄၆၅)

ပြီးပါပြီ။

၄၆၆ မှ ၄၇၀

ယွမ်ကျိုး အပိုင်း (၄၆၆)

မကြာခင်မင်္ဂလာဆောင်ရန် သဘောတူထားသော ကောင်းရွှိုက်နှင့်အားလျိုတို့စုံတွဲမှာ ဆိုင်တွင်း၌ ချိုမြိန်လွန်းသည့် အငွေ့အသက်များဖြင့် လွှမ်းမိုးလျက်ရှိသည်။

တိုက်ဆိုင်စွာ ဝူဟိုင်က ဘေးနားတွင်ထိုင်နေသည်။

"မင်းတို့က ဆင်းဂယ်ခွေးတွေရဲ့ ခံစားချက်ကို မမြင်နိုင်ဘူးလား"

ဝူဟိုင်က နှုတ်ခမ်းမွှေးတသပ်သပ်ဖြင့် မကျေမနပ်ဆိုလိုက်သည်။

ကောင်းရွှိုက် ပြန်ပြောရန် ပြင်နေချိန် အားလျို့က လက်ကိုဆွဲလိုက်သည်။‌လှည့်ကြည့်သော် သူမက မျက်စိမှိတ်ပြနေသည်။

ထို့ကြောင့် ကောင်းရွှိုက်က တစ်ခုခု နားလည်သွားပြီးဝူဟိုင်ဘက်လှည့်ကာ ပြောလိုက်သည်။

"အစ်ကိုဝူလည်း ချစ်သူမြန်မြန်ရပါစေဗျာ"

သူ့က လေးနက်သည့်ဟန်ပန်ဖြင့် အရိုးခံပြောလိုက်သည်။သူ့အမြင်တွင် သူ့ချစ်သူက

ထိုသို့ပြောစေချင်၍ စိတ်ရင်းပြသရမည်ဟု ထင်လိုက်သည်။

"ဟင်"

ဝူဟိုင် ပြန်မဖြေခင် အားလျို့က သူမချစ်သူကို ဆွဲဆိတ်လိုက်သည်။ကောင်းရွှိုက် လှည့်ကြည့်လိုက်ရာ သူမကမကျေမနပ်ဖြင့် ဟွန့်ခနဲလုပ်လိုက်သည်။

"မင်းပြောစေချင်တာ ဒါမဟုတ်ဘူးလား"

ထိုအခါမှ ကောင်းရွှိုက်သည် နားလည်မှု့လွဲသွားခြင်းဖြစ်ကြောင်း သဘောပေါက်သွားသည်။

ဝူဟိုင်မှာ ပြောစရာပျောက်ရှသွားသည်။

"ငါက ဒီမှာအရသာရှိတာလေးတွေ လာစားရုံပဲ၊မင်းတို့က လာပြီး ကြည်နူးပြမနေပါနဲ့လား"

"ဟီး ဟီး"

ကောင်းရွှိုက်က တိုးတိုးလေး ရယ်လိုက်သည်။

အားလျို့က ရှက်ပြုံးလေး ပြုံးနေသည်။

"သူဌေးယွမ် ငါ့ရဲ့နာကျင်မှု့တွေသက်သာသွားအောင် ဖရဲသီးဖျော်ရည်လေးပေးပါဦး"

ဝူဟိုင်က ကျိုကျာကို လှည့်ပြောလိုက်သည်။

"ခဏစောင့်ပါနော်"

ကျိုကျာသည် အလွန်ထူးချွန်သည့်အတွက် ထိုစကားကြားပြီး ရယ်မောမနေခဲ့ပေ။

"မြန်မြန်လေးနော်"

ဝူဟိုင်က နှလုံးကိုဖိပြီး ရှုံ့မဲ့ပြောလိုက်သည်။

"တကယ်တော့ ခင်ဗျားက ဆင်းဂယ်ခွေးမဟုတ်ပါဘူး"

ယွမ်ကျိုးက ရုတ်တရက် ပြောလိုက်သည်။

"ဟင်"

ဝူဟိုင်က ဇဝေဇဝါဖြစ်သွားသည်။

"'ကြက်ပြုတ်ရည်'ဆို လူဆိုးတွေကို ကောင်းကောင်းကိုက်တတ်တယ်၊

ခင်ဗျားကတော့ မလုပ်နိုင်လောက်ဘူး"

ယွမ်ကျိုးက အပြင်မှာရှိသည့် 'ကြက်ပြုတ်ရည်'ကိုပြပြီး အလေးအနက်ပြောလိုက်သည်။ မကြာ‌သေးခင်က အစားအစာသူခိုးအကြောင်းကို အမှတ်ရသွား၍ပင်။

"အဲ့ခွေးက ငါ့ကို မှီနိူင်ပါ့မလား၊ငါက ခွေးသုံးကောင်လောက်ကို တစ်ခါတည်း ကိုက်နိုင်တယ်ကွ"

ဝူဟိုင်က မောက်မာစွာဆိုလိုက်သည်။

"'ကိုက်'တာလား"

လင်းဟုန်က အံဩသွားသည်။

"အရင်ကဆို ခွေးအလတ်စားလေးတွေ ခွေးသေးသေးလေးတွေက အပျော့ပဲ၊ ခွေး‌ကြီး တွေတောင် မကြောက်ခဲ့ဘူး၊တီဘက်ရှန် မက်ဖင်းစ် မျိုးလောက်ပဲ နည်းနည်းကြောက်တာ"

ဝူဟိုင်က ကြွားဝါလိုက်သည်။

"ဟားဟား မင်းက အရူးပဲ"

လင်းဟုန်က ဗိုက်နှိပ်ပြီး အော်ရယ်လိုက်သည်။

တံခါးတွင် ထိုင်နေသော ကြက်ပြုတ်ရည်တောင် နားလည်ဟန်ဖြင့် ဝူဟိုင်ကို ဟောင်လိုက်သည်။

"ဟေ့ကောင် မင်းထက် ငါက အကိုက် ပိုကြမ်းတယ်ကွ"

ဝူဟိုင်က ကြက်ပြုတ်ရည်ကို ကြည့်ပြီး

ခပ်တည်တည်ဆိုလိုက်သည်။

"ဟာသပဲ၊ခွေးနဲ့တောင် အပြိုင်ကိုက်ချင်တာလား"

မန်မန်က စိတ်ပျက်လက်ပျက် ဆိုလိုက်သည်။

"ဒါကို အမြန်ယူသွားလိုက်"

ယွမ်ကျိုးက ဖရဲသီးဖျော်ရည်ကို ကျိုကျာဆီ အမြန်ပေးလိုက်သည်။

ကျိုကျာက ဝူဟိုင်မိုက်မိုက်မဲမဲ မလုပ်ခင်အချိန်မှီ ယူသွားလိုက်သည်။

"အရှက်တရားက လူပေါ်မူတည်နေတာပဲ"

ယွမ်ကျိုးက စိတ်ထဲမှ သရော်တော်တော်တွေးလိုက်သည်။

သူအများကြီး မတွေးနိုင်ခင် ကြည်လင်ပြီး ချိုမြိန်သည့် အသံတစ်ခုက ကြားဖြတ်လိုက်သည်။

"ဟိုင်း ဒီမှာ ဓါတ်ပုံရိုက်လို့ရမလားရှင့်"

မိန်းကလေးတစ်ယောက်က ဆိုင်တွင်း၀င်လာပြီး စုကျိုးဒေသစကားဖြင့် ယဉ်ကျေးစွာ မေးလိုက်သည်။

သူမက တီရှပ်အနက်ပေါ်တွင် ဂျက်ကတ်အထူတစ်ထည်ထပ်၀တ်ထားပြီး ကာဂိုဘောင်းဘီနှင့် တွဲ၀တ်ထားသည်။ပိုနီတေးလ်ဆံပင်နှင့် မိတ်ကပ်မလိမ်းဘဲ လက်ထဲတွင် ကင်မရာတစ်လုံးဖြင့် လူငယ်ဆန်ကာ လန်းဆန်းတက်ကြွနေသည်။

"ဘယ်လိုမျိုး ရိုက်ချင်လို့လဲ"

ယွမ်ကျိုးက ဂရုတစိုက်မေးလိုက်သည်။

"အဲ့ဒါလေးပါ၊တီဗီမှာ အဲဒီ့မှန်နံရံကပ်ထဲက ရှားပါးရေညှိပင်ကို တွေ့လိုက်လို့ ဓါတ်ပုံရိုက်ချင်တာပါ"

သူမက သေချာစွာ ရှင်းပြလိုက်သည်။

"ရတယ်လေ"

"ကျေးဇူးပါရှင်"

မိန်းကလေးက ပျော်ရွှင်စွာ ပြုံးလိုက်သည်။

"ဘာလို့ အဲဒါကို ဓါတ်ပုံရိုက်ချင်တာလဲ"

လင်းဟုန်မှာ မိန်းမလှလေးများနှင့် စကားပြောရသည်ကို နှစ်သက်ပေသည်။

"ကျွန်မက အပင်သိပ္ပံပိုင်းဆိုင်ရာ ပန်းချီဆရာတစ်ယောက်ပါ"

မိန်းကလေးက မိမိအလုပ်အကိုင်ကို ကျေနပ်ဂုဏ်ယူစွာ ပြောလိုက်သည်။

"နားထောင်ရတာ စိတ်၀င်စားဖို့ကောင်းမဲ့ပုံပဲ"

လင်းဟုန်က စကားထောက်လိုက်သည်။

"ဒီလိုပဲ ကျွန်မက ပုံနည်းနည်းဆွဲတတ်ရုံပါ"

မိန်းကလေးက ရိုးရှင်းစွာ ပြောပြီးနောက်

ကင်မရာကိုင်ကာ မှန်နံရံဆီကပ်သွားလိုက်သည်။

"ချပ်စ် ချပ်စ်"

ကင်မရာသံတဖျတ်ဖျတ်ဖြင့် သူမက အသေအချာ အာရုံစိုက်ကာ ရိုက်ကူးနေသည်။

ထိုင်သည့်အခါထိုင်၊ခြေဖျားထောက်သည့်အခါထောက်၊တစ်ခါတစ်ရံ ကင်မရာကို မှန်နံရံပေါ်ကပ်ကာ ရှု့ထောင့်မျိုးစုံမှ ရိုက်ကူးလျက်ရှိသည်။

သူမမျက်နှာက စိတ်လှုပ်ရှားမှု့နှင့်ပျော်ရွှင်မှု့များ ပြည့်နေသည်ကို မြင်နိုင်သည်။

မိန်းကလေး၏နာမည်က ကျိုကျင်းဖြစ်သည်။သူမက ချန်ဒူဒေသခံမဟုတ်ပဲ

တောင်ဘက်‌ေဒသမှ လာရောက်ခြင်းဖြစ်သည်။

တစ်နေ့တွင် အခြားသူများ မျှဝေထားသော ဗီဒီယိုတစ်ခုတွင် နံရံရှုခင်းထဲရှိ အလွန်ရှားပါးသော အနီရောင် ရေညှိမြက်ကို မြင်လိုက်ရသည်။

အရင်က သူမ ကြားဖူးသည့်ဆိုလျှင် ဒီလို အနီရောင် ရေညှိမြက်မျိုးသည် အနောက်တိုင်း အိုင်းရစ် ပင်လယ်ထဲမှာသာ ရှိသည်ဟု သိထားသည်။

ယွမ်ကျိုး၏ စားသောက်ဆိုင်ထဲတွင် ရှိနေမည်ဟု လုံးဝ မထင်ထားခဲ့ပေ။

အပင်သိပ္ပံ ပန်းချီဆရာတစ်ယောက်ဖြစ်သည့်အတွက် သူမသည် မိုင်ထောင်ပေါင်းများစွာ ဝေးသည့် နေရာမှတောင် အမြန် ပြေးလာခဲ့ခြင်း ဖြစ်သည်။

သူမ ဓာတ်ပုံများ အပြီးသတ် ရိုက်ပြီးသည့်အခါမှသာ ကျိုကျာသည် သူမဆီသို့ လျှောက်လာကာ မေးလိုက်သည်။

“ဘာသုံးဆောင်ချင်ပါသလဲ”

ကျိုကျာက နူးညံ့စွာ မေးလိုက်သည်။

“ဘာစားရမလဲဆိုတော့ ကြက်ဥထမင်းကြော် တစ်ပွဲပဲ ပေးပါ”

အလုပ်ပြီးသွားပြီးမှ ကျိုးကျင်းသည် ထိုင်ခုံလွတ်တစ်ခုံ ရှိနေကြောင်း သတိပြုမိကာ အနည်းငယ် ရှက်သလိုဖြင့် ဖြေလိုက်သည်။

“ဟုတ်ကဲ့၊ ခဏလောက် စောင့်ပေးပါ”

ကျိုကျာက သူမကို ထိုင်ခုံလွတ်သို့ ခေါ်သွားပြီး ပြန်ဖြေလိုက်သည်။

ထို့နောက် စားသောက်ဆိုင်၏ စည်းမျဉ်းဖြစ်သော “ငွေပေးပြီးမှ ဟင်းပွဲရမည်” ဆိုသည့်အကြောင်းကို ရှင်းပြလိုက်သည်။

ကျိုးကျင်းသည်လည်း ချက်ချင်းပင် ငွေကို အလျင်အမြန် ပေးချေလိုက်သည်။

ကျိုကျာသည် ငွေကို သေချာ လက်ခံပြီးနောက် မီးဖိုချောင်ဘက်သို့ အစားအစာစာရင်းကို သွားပြောလိုက်သည်။

ကျိုးကျင်းသည် စားသောက်ဆိုင်ထဲ ဝင်ရန် တန်းစီထားပြီးသား ဖြစ်သောကြောင့် အစားအစာ စားခွင့် ရခဲ့သည်။

ဒါသည်လည်း ယွမ်ကျိုးစားသောက်ဆိုင် စည်းမျဉ်းများထဲမှ တစ်ခု ဖြစ်သည်။

ညစာအချိန်အတွင်း ဝူဟိုင်၏ ရူးကြောင်ကြောင် အပြုအမူများမှလွဲ၍ အရာအားလုံး ပုံမှန်အတိုင်း လည်ပတ်ခဲ့သည်။

လုပ်ငန်းအချိန် ပြီးဆုံးသည့်အခါ ယွမ်ကျိုးသည် တံခါးကို တင်းကျပ်စွာ ပိတ်လိုက်သည်။

“တပ် တပ် တတ်”

လူများ လျှောက်သွားသည့် ခြေလှမ်းသံများ တဖြည်းဖြည်း ပျောက်ကွယ်သွားပြီးနောက် စားသောက်ဆိုင်ထဲတွင် စုမုနှင့် ယွမ်ကျိုးနှစ်ယောက်သာ ကျန်နေခဲ့သည်။

“အခု ပြောချင်တာ‌ ပြောလို့ရပြီ”

ယွမ်ကျိုးက အပြာရောင် ကျောက်ပြားကောင်တာကို သန့်ရှင်းရေးလုပ်ရင်း လေးနက်စွာ ပြောလိုက်သည်။

“သူဌေးယွမ်၊ ခင်ဗျားက အမြဲတမ်း မုန်လာဥနဲ့ပဲ ပန်းပုထုနေတာပဲ အဲဒါက တော်တော် ပျင်းစရာကောင်းတယ်”

စုမုက ခဏ စဉ်းစားပြီးနောက် ထူးဆန်းသည့် မျက်နှာထားဖြင့် ပြောလိုက်သည်။

“တို့ဖူးနဲ့ ပန်းပုထုရတာတော့ နည်းနည်း ခက်တယ်”

ယွမ်ကျိုးက လေးနက်စွာ ပြန်ပြောလိုက်သည်။

“မဟုတ်ဘူး၊ အဲဒါကို မပြောပါဘူး၊ အဲဒါက ဟိုးအရင်ကတည်းက သိပြီးသားပဲ”

စုမုက လက်ဝှေ့ပြကာ သူ ပြောလိုသည်မှာ အဲဒါ မဟုတ်ကြောင်း ပြသလိုက်သည်။

“ဒါဆို ဘာလဲ”

ယွမ်ကျိုးက အေးအေးဆေးဆေး မေးလိုက်သည်။

“ပန်းဂေါ်ဖီနဲ့မုန်ညင်းထုပ်ရော၊ ငှက်ပျောသီးနဲ့ရော ဘယ်လိုလဲ”

စုမုက ယုံကြည်မှုအပြည့်ဖြင့် ပြောလိုက်သည်။

ယွမ်ကျိုး မလွဲမသွေ စိတ်ဝင်စားလာမည် သူ အပြည့်အဝ ယုံကြည်ထားသည်။

အကြောင်းမှာ ယွမ်ကျိုးသည် အင်တာနက်မသုံးတတ်သည့် အိမ်တွင်းအောင်းသူတစ်ယောက် ဖြစ်သည်ကို စားသောက်ဆိုင်၏ အမြဲလာစားနေသော ဖောက်သည်များအားလုံး သိထားကြသည်။

သို့သော် စုမုကတော့ မတူပါ။ သူက ထူးထူးဆန်းဆန်း အရာတွေကို အလွန်စိတ်ဝင်စားတတ်ပြီး အင်တာနက်ကိုလည်း မကြာခဏ ဝင်ကြည့်တတ်သည်။ ထို့ကြောင့်ပဲ အဲဒီအရာတွေကို သူ သိလာခဲ့ခြင်း ဖြစ်သည်။

“အသီးနဲ့ ပန်းပုထုတာကိုတော့ ငါနည်းနည်း သိပါတယ်”

ယွမ်ကျိုးက အသီးဖြင့်ပန်းပုရုပ်ထုနည်းများကို အနည်းငယ် သိရှိကြောင်း ပြောလိုက်သည်။

“ဒါပေမယ့် ပန်းဂေါ်ဖီနဲ့ ပန်းပုထုဖို့ စဉ်းစားဖူးလား ဒါမှမဟုတ် မုန်ညင်းထုပ်တို့ငှက်ပျောသီးတို့‌ပေါ့”

စုမုက မယုံကြည်နိုင်စွာ ပြန်မေးလိုက်သည်။

“မစဉ်းစားဖူးဘူး”

ယွမ်ကျိုးက တိတိကျကျ ပြန်ဖြေလိုက်သည်။

“ဒါဆို ကျွန်တော် ခင်ဗျားအတွက် အကြံအသစ်ပေးလိုက်နိုင်တာပေါ့"

စုမုက ဂုဏ်ယူစွာ ပြောလိုက်သည်။

“ဟုတ်တယ်၊ အဲဒါတော့ မှန်တယ်၊ ဒါကြောင့် ဟင်းသီးဟင်းရွက် ဝယ်ပုံ၀ယ်နည်းကိုလည်း တစ်ခါတည်း ပြောပြလိုက်မယ်”

ယွမ်ကျိုးက စုမုကို တစ်ချက်ကြည့်ပြီး သဘာဝကျကျ ပြောလိုက်သည်။

“တကယ်လား ခင်ဗျား သဘောတူတာလား”

စုမု၏ လှပသောမက်မွန်သီးပုံ မျက်လုံးများထဲတွင် စိတ်လှုပ်ရှားမှုများ ပြည့်နေသည်။

“ဟုတ်တယ် ငှက်ထိုးထားတဲ့ အသီးအနာတွေရွေး၀ယ်၊ အဲဒီအသီးတွေက ပိုချိုတတ်တယ်”

ယွမ်ကျိုးက ခေါင်းညိတ်ပြီးနောက် မကြာခဏ အသုံးပြုသည့် အသီးအနှံများနှင့် ဟင်းသီးဟင်းရွက်များကို မည်သို့ ရွေးချယ်ရမည်ဆိုတာ စတင်ရှင်းပြလာသည်။

“ခဏလေး သူဌေးယွမ်၊ ခင်ဗျား ဘာကို ဆိုလိုတာလဲ”

စုမုက စိတ်ရှုပ်သလို မေးလိုက်သည်။

"မင်းက အကြံဉာဏ်အသစ်ပေးခဲ့တာအတွက် ငါကလည်း အရည်အ‌သွေးမြင့်ဟင်းသီးဟင်းရွက် ၀ယ်ပုံ၀ယ်နည်း ပြောပြပေးတာလေ၊

ကျေးဇူးတင်စရာမလိုဘူးနော်"

ယွမ်ကျိုးက အကျိုးအကြောင်းသင့်စွာ ရှင်းပြလိုက်သည်။

"အင်း အဲ့လို့ကျတော့လည်း ဟူတ်သားပဲနော်"

စုမုက ဝေဝေဝါးဝါးဖြင့် ခေါင်းငြိမ့်လိုက်သည်။

"ဒါပေါ့ ဆက်နားထောင်ဦး"

ယွမ်ကျိုးက ခေါင်းငြိမ့်ပြရင်း ဆက်လက်ရှင်းပြလေသည်။

ယွမ်ကျိုး အပိုင်း (၄၆၆)

ပြီးပါပြီ။

All Chapters