အခန်း (၄၆၉-၄၇၀)
Vol. 37 Ch. 469-470
ယွမ်ကျိုး အပိုင်း (၄၆၉)
ညစာစားချိန်ပြီးဆုံးသွားသောအခါ၊ ယွမ်ကျိုးသည် မိမိစားသောက်ဆိုင်လေး၏ ဝင်ပေါက်ကို ကြည့်နေရင်း အတွေးများနေမိသည်။
“ဒီလူ ဒီလောက်မြန်မြန် ပြန်ရောက်လာမယ်လို့ မထင်ခဲ့ဘူး ဥက္ကဌကျိုးက အကြောင်းလည်း မကြားပါလား"
ယွမ်ကျိုးက မိမိဘာသာ ရေရွတ်မိသည်။
“တော်သေးတာပေါ့၊ငါက အဆင့်တက်ခါနီးနေပြီ"
ပြောရင်းဖြင့် ယွမ်ကျိုးက မစ်ရှင်စာရင်းကို ပြန်ဖွင့်ပြီး ထပ်မံစစ်ဆေးလိုက်သည်။
ယွမ်ကျိုး စဉ်းစားနေသည်မှာ စားသောက်ပွဲအတွက် အဓိကသင့်တော်သော ဟင်းလျာများ များများစားစား မရှိခြင်းပင် ဖြစ်သည်။
အနောက်တိုင်းအစားအစာများကဲ့သို့အစားအစာကို အဆာပြေ၊အဓိကဟင်းလျာ၊ အချိုပွဲ စသည်ဖြင့် အဆင့်ဆင့် ခွဲထားသော စနစ်မျိုး မရှိသောကြောင့် သူ၏စိတ်ထဲတွင် အနည်းငယ် စိုးရိမ်နေမိသည်။
သို့သော် ကံကောင်းစွာပင် အနောက်တိုင်းအစားအစာများ၏ ကျင့်၀တ်ထုံးတမ်းအပြည့်အစုံမှာ သူ့ထံတွင် ရှိနေသည်။
ယွမ်ကျိုး၏ စားသောက်ဆိုင် တည်ရှိရာနေရာသည် မူလက မြို့၏ နည်းပညာမြင့်ဇုန်တစ်ခုဖြစ်ပြီး မြင့်မားသောအဆောက်အအုံများဝိုင်းရံနေသော နေရာတစ်ခု ဖြစ်သည်။
သို့သော် ပတ်ဝန်းကျင်တွင် စီးပွားရေးအထောက်အကူပြုလုပ်ငန်းများ တည်ဆောက်နေဆဲ ဖြစ်သဖြင့် အနည်းငယ် လူသွားလူလာ နည်းပေသည်။
ထို့အပြင် ယွမ်ကျိုး၏ စားသောက်ဆိုင်အနီးတွင် ဟောင်းနွမ်းနေသောလူနေအိမ်ရာ တစ်လုံးပါ ရှိနေသဖြင့် နေရာတစ်ခုလုံးမှာ အနည်းငယ် ရှေးကျသည် ထင်ရသည်။
ထို့ပြင် လည်ပတ်စရာ ထူးထူးခြားခြားလည်း မရှိသောကြောင့် လာရောက်သူနည်းပါးလှသည်။
ရုံးလမ်းအောက်ဘက်တွင် ရှိသည့် အသင့်စား စားသောက်ဆိုင်က အလုပ်သမားများ
ဖြတ်သွားဖြတ်လာများသောကြောင့် ဖောက်သည်များ အများဆုံး ရသည်။
သို့သော် ယွမ်ကျိုးစားသောက်ဆိုင် မြို့အနှံ့ လူသိများလာပြီးနောက်၊ ယခုနေရာရှိ ဆိုင်ခန်းများ၏တန်ဖိုးသည်လည်း တဖြည်းဖြည်း မြင့်တက်လာခဲ့သည်။
မိန်းကလေးများ ကြိုက်နှစ်သက်သော အစားအစာဆိုင်များ၊ အလှပြင်ပစ္စည်းဆိုင်များ၊ ထို့အပြင် အမျိုးသားများအေးအေးဆေးဆေး လက်ဖက်ရည်သောက်ပြီး စကားပြောနိုင်သော နေရာများလည်း တဖြည်းဖြည်း ပေါ်လာခဲ့သည်။
လက်ရှိတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီတစ်ခုတွင် အလုပ်လုပ်နေသော မာကျစ်သာမှာ အနည်းငယ် စိုးရိမ်နေသည်။
"သူဌေးယွမ်ရဲ့ဟင်းလျာတွေ မစားတာ တော်တော်ကြာပြီ၊
အဲဒီ ယူအေအီး မင်းသားကို ဘယ်လောက်ကြာကြာ အဖော်လုပ်ရဦးမှာလဲ”
မာကျစ်သာက ဘေးတွင်ထိုင်နေသော လုပ်ဖော်ကိုင်ဖက်ကို လက်မောင်းနဲ့ တိုက်ရင်း မေးလိုက်သည်။
“မင်းလိုတစ်ကိုယ်တည်းသမားက ဆိုင်မှာ မကြာမကြာသွားစားနိုင်မှာပေါ့၊ ငါဆို နှစ်လနီးပါး မသွားနိုင်တော့ဘူး”
သူ့လုပ်ဖော်ကိုင်ဖက်က မာကျစ်သာကို မျက်လုံးလှန်ပြပြီး ပြောလိုက်သည်။ နောက်ဆုံးမေးခွန်းကို ဖြေရန်
စိတ်မဝင်စားပေ။
“အဲ့ဒါက အဓိကလား၊ ငါမေးနေတာက
ဒီချမ်းသာတဲ့ မန်နေဂျာကြီးက ဘယ်တော့ ပြန်မလဲဆိုတာ”
မာကျစ်သာက အလေးအနက် ထပ်မံ မေးလိုက်သည်။
“မသိဘူးလေ ဒီလူထုဆက်ဆံရေးဌာနမှာယောကျာ်းဆိုလို့ ငါတို့နှစ်ယောက်ပဲရှိတာကို” လုပ်ဖော်ကိုင်ဖက်က ကူကယ်ရာမဲ့စွာ
ပခုံးတွန့်ပြလိုက်သည်။
အမှန်ပင်၊ မာကျစ်သာနှင့်သူ၏လုပ်ဖော်ကိုင်ဖက်သည် လူထုဆက်ဆံရေးဌာနတွင် နှစ်ဦးတည်းသော ယောကျာ်းသားများ ဖြစ်ကြသည်။
မန်နေဂျာချုပ်စကားအရဆိုပါက သူတို့လို ယောက်ျားကြီးများမှာ၊ ဌာနအတွင်းရှိ ပန်းပွင့်လေးလို အမျိုးသမီးများကို ပိုမိုတောက်ပစေရန် အလှဆင်ပေးသော အစိမ်းရောင်အရွက်ကြမ်းများသာ ဖြစ်ပေသည်။
သို့သော် အလုပ်ရှိနေသရွေ့ သူတို့အလုပ် နေရာမှ ထွက်ခွာ၍မရနိုင်ပါ။
မကြာသေးမီက သူတို့ကုမ္ပဏီ၏ မိတ်ဖက်ကုမ္ပဏီ ရုံးချုပ်အဖွဲ့မှ အာရပ်နိုင်ငံသား
ယူအေအီးမန်နေဂျာတစ်ဦးကို စီးပွားရေးအခြေအနေများ စစ်ဆေးရန် လာရောက်ပို့ဆောင်ခဲ့သည်။
ထို့ကြောင့် လူထုဆက်ဆံရေးဌာနတွင် အလုပ်လုပ်နေသူအားလုံးက အလှည့်ကျ လိုက်ပါစောင့်ရှောက်ပေးရသည်။
အမှန်က သူက လူတွေပြောကြသည့်အတိုင်း တကယ့်မင်းသားတစ်ပါး မဟုတ်ပါ။
“ယူအေအီး မင်းသား” ဆိုသည်မှာ ထိုမန်နေဂျာကို ခေါ်သည့် နာမည်ပြောင်သာ ဖြစ်သည်။
“ဆီလီကာ ရှင်က တရုတ်ဘာသာစကားကို အရမ်းကျွမ်းကျင်တာပဲ၊ ဒီနေ့ရော ဘာစားချင်လဲဟင်”
လူထုဆက်ဆံရေးဌာန၏ ဒါရိုက်တာဖြစ်သော ခန္ဓာကိုယ် ခပ်လှလှ အမျိုးသမီးတစ်ဦးက မေးလိုက်သည်။
သူမနှင့်အတူ အနောက်တိုင်း၀တ်စုံနှင့်
ကြည့်ကောင်းသောမုတ်ဆိတ်မွှေးပိုင်ရှင်
ဆီလစ်ကာနှင့် အသက်လတ်ပိုင်း အခြားအမျိုးသားတစ်ဦးတို့လည်း ရှိနေသည်။
ထိုသို့မေးမြန်းခြင်းမှာ အမှန်တွင် မိန်းမလှများသည် ထိုနည်းလမ်းဖြင့် ဂရုစိုက်မှု့ကို
ပြချင်သောကြောင့်ပင်။
“အရင်နေ့တွေမှာ မင်းတို့ စားစရာတွေကို စားရတာ ပင်ပန်းနေပြီ၊
ဒီနေ့တော့ ငါတို့နိုင်ငံက အစားအစာ တစ်ခုခု စားချင်တယ်”
ယူအေအီးမှ ချမ်းသာသော ဆီလစ်ကာက မျက်မှောင်ကြုပ်ရင်း ဖြေလိုက်သည်။
“ယူအေအီး အစားအစာတွေ ရောင်းတဲ့ Desert ဆိုတဲ့ စားသောက်ဆိုင်တစ်ခု သိတယ်၊ သွားပြီး စမ်းစားကြည့်မလား”
ဒါရိုက်တာက အပြုံးကြီးနှင့် အကြံပြုလိုက်သည်။
“မလိုဘူး မလိုဘူး ဒီနားမှာ အမှန်တကယ် ယူအေအီး အရသာရှိတဲ့ အစားအစာ မရှိပါဘူး” ဆီလစ်ကာက ချက်ချင်း ငြင်းလိုက်သည်။
ထိုအချိန်မှာ မနေ့က စားခဲ့တဲ့ အသားကင်ဆိုင်ကို သူ သတိရသွားသည်။
ယူအေအီး အရသာစစ်စစ်ဟု ပြောခဲ့သော်လည်း အမှန်တကယ်မှာ အရသာအလွန်ဆိုးရွားနေခဲ့သည်။
“ဒါဆို ဒီနိုင်ငံရဲ့ ထူးခြားတဲ့ ဟင်းလျာတွေ စမ်းကြည့်ချင်လား”
လှပသော ဒါရိုက်တာအမျိုးသမီးက ပြုံးလျက် ထပ်မံ အကြံပြုလိုက်သည်။
သူမဘေးတွင် ရှိနေသော မန်နေဂျာကတော့ ခေါင်းညိတ်ပေးရုံသာ တာဝန်ယူနေသည်။
“တရုတ်အစားအစာတွေ အရသာကောင်းတာတော့ သိပါတယ်
ဒါပေမယ့် အဲဒီအရသာကို ငါမကြိုက်ဘူး”
ဆီလစ်ကာက ပခုံးတွန့်ပြကာ အနည်းငယ် အားမလိုအားမရ ဖြစ်စွာ ပြောလိုက်သည်။
သူပြောပြီးချိန်တွင် အခြားသူများက မည်သို့အဖြေပေးရန် မသိကြတော့ပေ။
သို့သော် စကားကို ဆက်ပြောလာသူကတော့ဆီလစ်ကာကိုယ်တိုင်ပင် ဖြစ်သည်။
“ဟင်း (pilaf)ပလာ့ဖ်သာ ရရင် သိပ်ကောင်းမှာပဲ”
ဆီလစ်ကာက သက်ပြင်းချပြီး ပြောလိုက်သည်။
“ဆရာက ထမင်းစားချင်တာလား”
မာကျစ်သာက ရုတ်တရက် မေးလိုက်သည်။
“ဟုတ်တယ် ထမင်း၊ ထမင်းဖြူလေး"
ဆီလစ်ကာက အတည်ပြုပြောလိုက်သည်။
“ယူအေအီးကလူတွေကလည်း ထမင်းဖြူ စားကြတာလား”
မာကျစ်သာက အသံတိုးတိုးနှင့် မေးခဲ့သော်လည်း အခြားသူများကတော့ ကြားသွားကြသည်။
"ဒါပေါ့ ဒီနေရာကထမင်းထက်စာရင်တော့ ငါတို့နိုင်ငံရဲ့ဟာက ပိုကောင်းတာပေါ့၊
ပလာ့ဖ်လုပ်ရင် အရသာ အရှိဆုံးပဲ"
ဆီလစ်ကာက ဂုဏ်ယူစွာ ပြောလိုက်သည်။
“အသားမပါဘဲလည်း စားနိုင်လား”
မာကျစ်သာက ရုတ်တရက် အကြံတစ်ခု ထွက်လာသလို မေးလိုက်သည်။
“စားနိုင်ပါတယ်”
ဆီလစ်ကာက ခေါင်းညိတ်လိုက်သည်။
“အသားမပါတဲ့ ပလာ့ဖ် စားနိုင်တယ်ဆိုရင်တော့ မင်းရဲ့ယူအေအီး အရသာကို အတော်လေး ကျေနပ်စေမယ့် နေရာတစ်ခု ရှိတယ်လို့ ကျွန်တော်ထင်တယ်”
မာကျစ်သာက ယုံကြည်မှုအပြည့်နဲ့ ပြောလိုက်သည်။
“တကယ်လား”
ဒီတစ်ခါ ဆီလစ်ကာက တိုက်ရိုက် အင်္ဂလိပ်ဘာသာနဲ့ မေးလိုက်သည်။
“ဟုတ်ပါတယ် သေချာပါတယ်”
မာကျစ်သာက ယုံကြည်စွာ ဖြေလိုက်သည်။
“ဒါဆို ဒီည အဲဒီမှာ သွားစားကြမယ်”
ဆီလစ်ကာက ဝမ်းသာစွာ ပြောလိုက်သည်။
ဆီလီကာက မာကျစ်သာကို ယုံကြည်ခဲ့သည်။ အကြောင်းမှာ တရုတ်လူမျိုးများ၏ အကျင့်ကို သူ ကောင်းကောင်း သိထားသောကြောင့် ဖြစ်သည်။
သူတို့က အရာတစ်ခုကို ၁၀၀% သေချာနေသော်လည်း အခြားသူများကို ပြောရာတွင် ၉၀% လောက်သာ ပြောလေ့ရှိကြသည်။
မာကျစ်သာက ယခုလောက် ယုံကြည်မှုရှိစွာ ပြောခဲ့တာကြောင့် သူ့ယုံကြည်မှုက ၂၀၀% ထက်တောင် ပိုနေမှာ သေချာသည်။
“ရှောင်မာ မင်း သေချာရဲ့လား”
မန်နေဂျာက ထပ်မံ အတည်ပြု မေးလိုက်သည်။
“ငါတော့ ရှောင်မာ ကို ယုံပါတယ်”
ဘေးတွင် ရှိသော ဒါရိုက်တာအမျိုးသမီးက မာကျစ်သာကို အလေးအနက် ကြည့်ကာ ခေါင်းညိတ်လိုက်သည်။
“အဲဒီနေရာကို ဆိုလိုတာလား”
မာကျစ်သာ၏ လုပ်ဖော်ကိုင်ဖက်က ရှားရှားပါးပါး သူ့အတွေးကို နားလည်ကာ မေးလိုက်သည်။
သူတို့နှစ်ယောက်လုံးက တစ်ချိန်တည်းမှာပဲ ယွမ်ကျိုး စားသောက်ဆိုင်ကို သတိရသွားကြသည်။
“မှန်တယ်”
မာကျစ်သာက ခေါင်းညိတ်ကာ အတည်ပြုလိုက်သည်။
“ကောင်းပြီ၊ရှောင်မာ မင်းပဲ လမ်းညွှန်ပေးလိုက်၊
ဒါပေမယ့် မင်းတော့ ကုမ္ပဏီမှာပဲ နေခဲ့ရမယ်” မန်နေဂျာက ပြောလိုက်ပြီး မာကျစ်သာ၏ လုပ်ဖော်ကိုင်ဖက်ကိုလက်ညှိုးညွှန်လိုက်သည်။
“အင်း ကောင်းပါပြီ
မန်နေဂျာ တာ့တာ့ မန်နေဂျာဆီလစ်ကာ တာ့တာ့”
လုပ်ဖော်ကိုင်ဖက်မှာ စိတ်ထဲတွင်
ထိုတင်းကျပ် တိကျသောမန်နေဂျာကို မကျေမနပ်ဖြစ်သော်လည်း မျက်နှာပေါ်တွင်တော့ ပြုံးနေရင်း နှုတ်ဆက်လိုက်သည်။
အခြားသူများလည်း ခေါင်းညိတ်ပြီး သူ့ကို နှုတ်ဆက်လိုက်ကြသည်။ ထို့နောက် ထိုသူက ကုမ္ပဏီဘက်သို့ ပြန်သွားခဲ့သည်။
ထိုအချိန်မှာ မန်နေဂျာက တည်တည်ငြိမ်ငြိမ် ပြောလိုက်သည်။
“ဆီလီကာ၊ ငါလည်း မင်းနဲ့အတူ စားသောက်ရင် မင်းအဆင်မပြေဖြစ်မှာ စိုးမိတယ်၊
ဒါကြောင့် သူတို့ပဲ မင်းကို ခေါ်သွားပြီး စားခိုင်းလိုက်မယ်ဆိုရင် ဘယ်လိုလဲ”
“အဲဒါကတော့ အဆင်ပြေတာပေါ့ ဒါဆို မိန်းမလှလေးနဲ့ လမ်းညွှန်ပေးမယ့် လူကြီးမင်းကို ကျေးဇူးတင်ပါတယ်ဗျာ”
ဆီလစ်ကာက ဝမ်းသာစွာ ခေါင်းညိတ်လိုက်သည်။
“မင်းစားချင်တဲ့ ဟင်းကို ရနိုင်ပါစေလို့ မျှော်လင့်ပါတယ်”
မန်နေဂျာက ပြုံးလျက် ပြောလိုက်သည်။
“ရမှာပါ။” ဆီလစ်ကာက ယုံကြည်စွာ ခေါင်းညိတ်လိုက်သည်။
မန်နေဂျာသည် ယူအေအီးလူမျိုးများ၏ အလေ့အကျင့်အချို့ကို သိထားသည်။
သူတို့သည် အစားစားနေချိန် စီးပွားရေးကိစ္စ ဆွေးနွေးခြင်းကို မကြိုက်ကြပါ။
လွန်ခဲ့သော နှစ်ရက်လုံး သူကဆီလစ်ကာနှင့်အတူ လိုက်ပါနေခဲ့ရာ စားသောက်ချိန်များတွင် လေထုက အနည်းငယ် တိတ်ဆိတ်နေတတ်သည်။
ထို့ကြောင့် မန်နေဂျာက ဉာဏ်ရှိစွာနောက်ဆုတ်ပေးပြီး လူငယ်များကို လွတ်လပ်စွာ ဆက်ဆံခွင့် ပေးလိုက်သည်။
ထို့အပြင် လူထုဆက်ဆံရေးဌာန၏ ဒါရိုက်တာလည်း ပါနေသောကြောင့် သူ လုံးဝ စိတ်မပူတော့ပေ။
“မန်နေဂျာ ဆီလီကာ၊ ကျွန်တော်နောက်ကို လိုက်လာပေးပါ၊
အဲဒီစားသောက်ဆိုင်လေးက ဒီနေရာနဲ့ မဝေးပါဘူး၊
လမ်းလျှောက်သွားရင် ဆယ်မိနစ်တောင် မကြာပါဘူး ကားနဲ့သွားမယ်ဆိုရင်တော့ ဟိုဘက်မှာ ကားရပ်ဖို့ နေရာရှာရမယ်”
မာကျစ်သာက ပြုံးပြုံးနဲ့ ပြောလိုက်သည်။
“ဒါဆို လမ်းလျှောက်သွားတာပဲ ကောင်းပါတယ်”
ဆီလစ်ကာက အကြံကို လက်ခံလိုက်သည်။
“ကျွန်တော်နောက်ကို လိုက်လာလိုက်ပါ”
မာကျစ်သာက ပျော်ရွှင်သော မျက်နှာနဲ့ ရှေ့မှ လမ်းညွှန်သွားခဲ့သည်။
သူ့နောက်ဘက်တွင် လှပသော ဒါရိုက်တာနှင့်ဆီလစ်ကာတို့သည် အေးအေးဆေးဆေး စကားပြောနေကြပြီး တခါတရံ သူမကုမ္ပဏီ၏ အားသာချက်များကိုလည်း အနည်းငယ် မိတ်ဆက်ပေးနေသည်။
သုံးယောက်လုံး ယွမ်ကျိုး၏ စားသောက်ဆိုင်ဘက်သို့ ဦးတည်သွားနေကြသည်။
ထိုအချိန်မှာပဲ ယွမ်ကျိုး၏ စားသောက်ဆိုင်အတွင်းမှာ စိတ်ဝင်စားဖွယ် အဖြစ်အပျက်တစ်ခု ဖြစ်နေခဲ့သည်။
အကြောင်းမှာ ချူးရှောင်း တစ်ယောက် ထပ်မံ ပေါ်လာခဲ့သောကြောင့် ဖြစ်သည်။
အကြောင်းရင်းကတော့ ဖောက်သည်နှစ်ယောက်က ယွမ်ကျိုး မည်ကဲ့သို့
ဆော်ဒီ ရှုးရှဲ၀က်သားကြာဇံကြော်အား
ယခုလောက်ကောင်းအောင် ချက်နိုင်ရ
သနည်းဆိုတာကို ဆွေးနွေးနေကြသောကြောင့် ဖြစ်သည်။
“သူဌေး ရဲ့ လက်ရာက တကယ်ကို အရမ်းကောင်းတယ်
တူနဲ့ ယူလိုက်တဲ့အချိန်မှာပဲ ပုရွက်ဆိတ်တွေ သစ်ပင်ပေါ် တက်နေသလို တကယ်မြင်ရတယ်၊
တရုတ်ကြာဇံက ဝါးလို့ကောင်းပြီး အသားကြော်ကလည်း မမာမတင်းလေးနဲ့ အရမ်းစားကောင်းတယ်”
ဖောက်သည်တစ်ဦးက ကြာဇံတစ်လုပ်ကို စိတ်ကျေနပ်စွာ ရှလွတ်ခနဲ စားရင်း ပြောလိုက်သည်။
“အကောင်းဆုံးကတော့ ကြာဇံတွေက ဟင်းရည်ကို အပြည့်အဝ စုပ်ယူထားတာပဲ၊
စားလိုက်ရင် နိဗ္ဗာန်ဘုံပဲကွာ"
ထို့နောက် ထိုသူနှစ်ဦးသည် ဟင်းပွဲကို တစ်ယောက်တစ်လှည့် ချီးမွမ်းရင်း ဆက်လက် စားသောက်နေကြသည်။
ယွမ်ကျိုး အပိုင်း (၄၆၉)
ပြီးပါပြီ။
ယွမ်ကျိုး အပိုင်း (၄၇၀)
“အာ လန့်လိုက်တာ"
ချူးရှောင်က ရုတ်တရက်ပေါ်လာသဖြင့် ဖောက်သည်နှစ်ယောက်မှာ အရင်ဆုံး လန့်သွားကြသည်။
ဒေါသထွက်ဖို့တောင် မတတ်နိုင်ခင် သူ့က
ကဲ့ရဲ့ဟန်ဖြင့် စုတ်တစ်ချက်သပ်လိုက်သည်။
“တစ်ချို့လူတွေကလည်း ဒီလောက်ကြောက်တတ်ကြတာလား တစ်ကယ်ပဲ”
ချူးရှောင်က ထိုနှစ်ယောက်ကို မထီမဲ့မြင်ကြည့်ပြီး ပြောလိုက်သည်။
“မင်းက ရုတ်တရက် ပေါ်လာတာကိုး
မလန့်ဘဲ ဘယ်လိုနေနိုင်မလဲ”
ဖောက်သည်တွေက ပြောစရာပျောက်ဆုံးသွားသည်။
ချူးရှောင်ကတော့ သူတို့ကို မကြည့်တော့ဘဲ စားပွဲပေါ်က ဆော်ဒီရှုးရှဲ၀က်သားကြာဇံကြော် နှစ်ပွဲကိုသာ စူးစိုက်ကြည့်နေသည်။
“ဒီဟင်းပွဲရဲ့ ပါဝင်ပစ္စည်းတွေက တကယ်အဆင့်မြင့်တွေ၊
ကြာဇံဆိုရင် ပဲအနံ့ထွက်မနေဘူး၊
ရေထဲမှာစိမ်ပြီးထားရင်လည်း နူးညံသွားတာကလွဲပြီးတော့ ဘာဂျုံမှုန့်မှထွက်လာမှာမဟုတ်ဘဲ ရေက ကြည်လင်နေဦးမှာပဲ, "
သူက ထိုဟင်းပွဲကို တစ်လုပ်မှမစားဖူးသော်လည်း ဟင်းကို အဆင့်ခွဲပြီး သုံးသပ်နိုင်နေသည်။
“ ပြောရဦးမယ်၊အသားကလည်း စက်နဲ့မကြိတ်ဘဲ သေချာပေါက် လက်နဲ့ ခုတ်ထားတာပဲ ၊
ရိုးရိုးအသားလှီးဓါးမဟုတ်ဘဲနဲ့ အသွားထက်ထက်ဓါးနဲ့ ပိုင်းထားတာ၊တစ်ခါတည်း ဆက်တိုက် ပိုင်းထားတာဆိုတော့ အသားက ပျစ်ချွဲမနေတော့ဘူး၊"
သူ့စကားတွေကို နားထောင်နေသည့် ဖောက်သည်များက အံ့အားသင့်သွားကြသည်။
“ဟာ သူမစားရသေးပဲနဲ့ ကျွန်တော်တို့ထက်တောင် ပိုသိနေသလိုပဲ မဟုတ်လား”
“ဟုတ်တယ်နော်”
နောက်တစ်ယောက်လည်း ခေါင်းတညိတ်ညိတ်ဖြင့် ထောက်ခံလိုက်သည်။
ချူးရှောင်က မီးဖိုဘက်မှာ အလုပ်လုပ်နေတဲ့ ယွမ်ကျိုးကို တစ်ချက်ကြည့်လိုက်ပြီး ပြောသည်။
“မီးအပူကို ထိန်းချုပ်နိုင်မှုကလည်း သင့်တော်တယ်
ကြော်နေချိန်တိုင်း အပူချိန်ကို ပြောင်းလဲထိန်းထားတာက မလွယ်ကူဘူး၊
မဟုတ်ရင် ဒီဟင်းက ဒီလောက် ပြည့်စုံပြီး မျှတနေမှာ မဟုတ်လောက်ဘူး"
ယွမ်ကျိုးကတော့ သူ့ကို ကြည့်နေခြင်းကို ခံစားမိသော်လည်း စကားတစ်လုံးမှ မပြောဘဲ မိမိအလုပ်ကိုသာ အာရုံစိုက်နေသည်။
“အံ့ဩစရာကောင်းတဲ့ အချက်အပြုတ်လက်ရာပါလား ”
ချူးရှောင်က ထိုလိုပြောပြီးနောက် လှည့်ထွက်သွားလိုက်သည်။
လေလို လာပြီး လေလို ပျောက်သွားခြင်းဖြစ်သည်။
သူ့အမြင်အရ ယွမ်ကျိုး အချက်ပြုတ်ပညာကအမှန်ပင် နားမလည်နိုင်သောအရာဖြစ်သည်။
ဘယ်အဖွဲ့အစည်းမှာမှ မသင်ခဲ့၊ နာမည်ကြီး ဆရာတစ်ယောက်ဆီမှာလည်းတပည့်မခံ
သော်လည်း ဟင်းပွဲတွေက ဆန်းကြယ်လောက်အောင် ကောင်းမွန်နေသည်။
“အဲဒါ တကယ်ကို အဓိပ္ပာယ်မရှိနေဘူး"
ချူးရှောင် စိတ်ထဲမှာ ထိုကဲ့သို့ပဲ တွေးနေမိသည်။
“ဟေ့ သူ ဘာလို့ အဲ့လိုပဲ ထွက်သွားတာလဲ”
ဖောက်သည်တွေက သူ့နောက်ကျောကို ကြည့်ပြီး အံ့ဩနေကြသည်။
“ဒါကတော့ အထူးဆန်းဆုံးကိစ္စပဲ”
နောက်တစ်ယောက်ကလည်း ပြောစရာပျောက်ရှကာ ဆိုလိုက်သည်။
“ဒီလူက လာပြီး ငါ့တို့ကို သွားရည်ကျအောင် လာလုပ်သွားတာလား”
လင်ဟုန်းက မနေနိုင်ဘဲ ပြောလိုက်သည်။
“သူဌေးယွမ်ရဲ့ လက်ရာကို လာခိုးကြည့်တာ ဖြစ်နိုင်တယ်ထင်တယ်"
ဝူဟိုင်က သူ့ မုတ်ဆိတ်လေးကို ပွတ်ရင်း ခန့်မှန်းလိုက်သည်။
“ဟားဟား ဖြစ်နိုင်တာပဲလေ”
တချို့ဖောက်သည်များလည်း ယုံကြည်သလို ဖြစ်သွားကြသည်။
ထိုအချိန်မှာ မာကျစ်သာက သူ့မိတ်ဆွေ နှစ်ယောက်နဲ့အတူ ဆိုင်ထဲ ဝင်လာသည်။
စောစောကဖြစ်ခဲ့သည့် စိတ်ဝင်စားစရာအခိုက်အတန့်ကိုတော့ မမြင်လိုက်ရရှာပေ။
“မန်နေဂျာ ဆီလီကာ ဒီမှာထိုင်ပါ”
မာကျစ်သာက လွတ်နေတဲ့ ထိုင်ခုံသုံးလုံးကို လက်ညှိုးထိုးပြီး ပြုံးလိုက်သည်။
“ဒီဆိုင်ရဲ့ဟင်းတွေ တကယ်ကောင်းပါစေလို့ပဲ ဆုတောင်းမိတယ်၊ကျွန်တော် အပြင်မှာ တစ်နာရီတောင် စောင့်ခဲ့ရတာနော်”
ဆီလီကာက ပခုံးတွန့်ပြလိုက်သည်။
“စိတ်မပူပါနဲ့
ဒီဆိုင်ဟင်းတွေက ဈေးနဲ့ တန်တယ်ဆိုတာ အာမခံတယ်”
မာကျစ်သာက ယုံကြည်မှုအပြည့်နဲ့ပြန်ပြောသည်။
“အဲဒါဆို ကောင်းပါတယ်”
တစ်နာရီစောင့်ခဲ့ရတာကြောင့် ဆီလီကာကတော့ မကျေနပ်သေးဘဲ ရှိနေသေးသည်။
“အေးအေးဆေးဆေးနေပါဦး
ရှောင်မာ ဘယ်လိုစီစဉ်မလဲဆိုတာ စောင့်ကြည့်ကြတာပေါ့”
ပြည်သူ့ဆက်ဆံရေးဌာန ဒါရိုက်တာက နူးညံ့သည့်အသံနဲ့ သူ့ကို နှစ်သိမ့်လိုက်သည်။
“ဟုတ်ပါတယ် ကျွန်တော် ကြည့်လုပ်ပါ့မယ်”
မာကျစ်သာက ခေါင်းညိတ်ပြီး ယုံကြည်စွာ ပြန်ဖြေသည်။
သူတို့သုံးယောက် စကားပြောပြီးတာကို မြင်တော့ ကျိုကျာက လာပြီး မေးလိုက်သည်။
“ဘာသုံးဆောင်ချင်ကြပါသလဲရှင်”
“ထမင်းပွဲအမျိုးတစ်ရာထဲက ဟင်းသီးဟင်းရွက် ပီလာဖ် တစ်ပွဲပေးပါ
ယူအေအီး အရသာနဲ့လုပ်ပေးပါနော်”
မာကျစ်သာက တန်းပြီး ဟင်းမှာလိုက်သည်။
“ကောင်းပါပြီရှင်”
ကျိုကျာက ခေါင်းညိတ်လိုက်သည်။
“ကျွန်မတော့ ကြက်ဥထမင်းကြော် တစ်ပွဲပဲ ယူမယ်”
ဒါရိုက်တာက ဈေးစာရင်းကို တစ်ချက်ကြည့်ပြီး အနည်းငယ်ပဲ မှာလိုက်သည်။
“ကျွန်တော်လည်း ကြက်ဥထမင်းကြော် ယူမယ်”
မာကျစ်သာကလည်း အတူတူဟင်းကို ထပ်မှာလိုက်သည်။
ဆီလီကာကတော့ ဘာမှမပြောဘဲ သူတို့ကို တိတ်တိတ်လေး နားထောင်နေသည်။
“ကောင်းပါပြီ ခဏစောင့်ပေးပါနော်”
ကျိုကျာက ပြောပြီး ပိုက်ဆံပေးရန် စောင့်နေသည်။
မာကျစ်သာကတော့ ဒီဆိုင်ရဲ့ စည်းမျဉ်းကို သိပြီးသားဖြစ်သည်။
ပိုက်ဆံအရင်ပေးမှ ဟင်းပွဲရမည် ဆိုတာပင်။ထိုကြောင့် သူက ဘဏ်ကနေ ချက်ချင်း လွှဲပေးလိုက်သည်။
ထိုစားစရိတ်ကို ကုမ္ပဏီက ပြန်လည်ပေးမည်ဆိုတာလည်း သေချာသည်။
ပိုက်ဆံပေးပြီးနောက် သူတို့ ဟင်းပွဲလာဖို့ စောင့်နေကြသည်။
မာကျစ်သာကတော့ ယခုအချိန်မှာ အလွန်ပျော်နေသည်။
ရက်အနည်းငယ် ဒီဆိုင်ကို မလာဖြစ်တာကြောင့် ဆိုင်မှာရှိတဲ့ ဟင်းပွဲတွေကို အရမ်းလွမ်းနေခဲ့သည်။
ဒီအခွင့်အရေးကို အသုံးချပြီး သူကိုယ်တိုင်လည်း စားနိုင်မည် ဖြစ်သည်။
သို့သော် သူတို့ကို ဒီဆိုင်ကို ခေါ်လာတာကတော့ ဆီလီကာရဲ့ လိုအပ်ချက်ကို ယွမ်ကျိုး သေချာပေါက် ဖြည့်ဆည်းပေးနိုင်မည်ယုံကြည်၍ပင် ဖြစ်သည်။
ယွမ်ကျိုးက အော်ဒါစာရွက်ကို လက်ခံပြီး တစ်ချက်ကြည့်လိုက်သည်။
ဟင်းသီးဟင်းရွက် ပီလာဖ်ကို ဘယ်လိုချက်ရမလဲဆိုတာကို ခဏစဉ်းစားပြီး ပြန်မှတ်မိလာသည်။
ဒါက တကယ်ပဲ ထမင်းပွဲ အမျိုးတစ်ရာထဲက တစ်မျိုး ဖြစ်သည်။
ထို့နောက် သူချက်ပြုတ်ဖို့ စတင်ပြင်ဆင်လိုက်သည်။
အော်ဒါစာရွက်ပေါ်က လိုအပ်ချက်တွေကိုလည်း ယွမ်ကျိုးက သေချာဖတ်ပြီးသားဖြစ်သည်။
ထို့ကြောင့် သူက မီးဖိုချောင်ပစ္စည်းအသစ် အစုံတစ်ခုလုံး ထုတ်ယူလိုက်သည်။
ဆန်ကို ထည့်ဖို့ အသုံးပြုမယ့် ဇကာတောင် အသစ်ပင် ဖြစ်သည်။
ယူအေအီး လူမျိုးအများစုက အစ္စလာမ်ဘာသာဝင် ဖြစ်ကြပြီး
သူတို့စားသောက်ပုံက ကုရ်အာန် စည်းမျဉ်း အတိုင်းဖြစ်သည်။
သူတို့က
ဝက်သား၊ မြင်းသား၊ မြည်းသား၊ ခွေးသား၊ မြွေသား၊သဘာဝအတိုင်း သေသွားသော အသားများ၊ရေမျက်နှာပြင်ပေါ်မှာ နေထိုင်တဲ့ ငါးအချို့၊တိရစ္ဆာန်အရိုးနှင့်သွေးများကို မစားကြပါ။
ထို့အပြင် ကျား၊ ဝံပုလွေ၊ စင်္ကြံ၊ ကျားသစ်၊ ဝံ၊ ဆင်၊ မျောက်၊ လင်းယုန် စတဲ့အကြမ်းဖက် တိရစ္ဆာန်များကိုလည်း မစားကြပါ။
ဆေးလိပ်အမျိုးမျိုး၊ အဖျော်ယမကာ၊ အရက် စတာတွေကိုလည်း တားမြစ်ထားသည်။
ထို့ကြောင့်ပဲ ယွမ်ကျိုးက မီးဖိုချောင်ပစ္စည်း အစုံအသစ် ပြောင်းသုံးလိုက်ခြင်းဖြစ်သည်။
ပီလာဖ်လုပ်တဲ့ ဆန်က များသောအားဖြင့် ခပ်ရှည်ရှည် ဆန်မျိုး ဖြစ်သည်။ယွမ်ကျိုးလည်း ထုံးစံအတိုင်းပဲ အသုံးပြုမည်ဖြစ်သည်။
“ပမ်”
အသံတစ်ချက်နဲ့ ဆန်သိုလှောင်ထားသည့်ဗီရို ကို ဖွင့်လိုက်သည်။
အထဲမှာတော့ ယွမ်ကျိုးလိုအပ်သည့် ကျန်းချန်စစ်မြောင်ဆန် ရှိနေသည်။
သူက ကြွေအိုးအသစ်လေးနဲ့ ဆန်ကိုယူလိုက်သည်။ကြွေအိုးဖြူဖြူထဲမှာ ဆန်က
အလွန်ကြည့်၍လှနေသည်။
ရှည်မျောမျောဆန်စေ့များက ရေလို ဖြူစင်ကြည်လင်ပြီးဖန်သားလို တောက်ပနေသည်။
မချက်ခင်တောင် ဆန်ရဲ့ နူးညံ့သည့် အနံ့လေးက နှာခေါင်းထဲကို ဝင်လာသည်။
ယွမ်ကျိုးက ဆန်သိုလှောင်ထားတဲ့ ဗီရိုကို ကြည့်ပြီး စိတ်ထဲမှာ ပြောလိုက်သည်။
“ဒီလိုသာ ဆက်သွားရင် နန်းတွင်းသုံးဆန်တွေ အားလုံး စုနိုင်တော့မယ်ထင်တယ်
ဒါပေမယ့် အားလုံး စုမိရင် 'နဂါး'ဆင့်ခေါ်လို့ရမလားတော့ မသိဘူး”
စနစ်က ချက်ချင်း အဖြေပေးသည်။
“မရပါဘူး”
“နဂါးမလာလည်း ဘာမှမဖြစ်ပါဘူးဆုတစ်ခုခုတော့ ရမလား”
ယွမ်ကျိုးက အလိုအလျောက် မေးလိုက်သည်။
စနစ်က ပြန်ပြသည်။
“ဆုများရရှိရန် ပိုမိုကြိုးစားပါ”
“ဟုတ်ပါပြီ ထင်ထားပါတယ်”
ယွမ်ကျိုးက ပြောစရာပျောက်သွားသည်။
စနစ်ကို ထုံးစံအတိုင်း တိတ်တိတ်လေးညည်းညူပြီးနောက်
သူ့အာရုံကို ပီလာဖ်ချက်ရန် ပြန်လှည့်လိုက်သည်။
ကျင်းချန်စစ်မြောင် ဆန်ကို တရုတ်ဆန်တို့၏ ဘုရင်ဟု အမြဲခေါ်ကြသည်။
ထို့အပြင် နာမည်ကြီး ကျင်းချန်လိုင်ချီးသီး နှင့်လည်း တန်းတူကျော်ကြားသည်။
ဆန်စေ့တွေက ဖြူစင်ကြည်လင်ပြီးအဆီဓာတ်ကြွယ်ဝ၊ အနံ့မွှေးပြီးချက်ပြီးနောက် နူးညံ့အေးမြသော အရသာရှိသည်။
ထို့ကြောင့် တောင်ဘက် တောင်တန်းဒေသ နယ်မြေ၅ခု တစ်ဝိုက်မှာ အလွန်နာမည်ကြီးပြီး
နိုင်ငံခြားအထိတောင် လူသိများလာခဲ့သည်။
ထိုဆန်နှင့်ပတ်သက်တဲ့ ပုံပြင်တစ်ခုလည်း ရှိသည်။
ဒဏ္ဍာရီအရ တစ်နေ့မှာအမတနတ်သားနှစ်ပါးက ပိုင်ရှုဇိုင် တောင်တန်းအပေါ် မှာ လှည့်လည်ကြည့်ရှုနေကြသည်။
ထိုအချိန်မှာ အပြာရောင်မိုးတိမ်တစ်ခု မြင့်တက်လာတာကို တွေ့လိုက်ရသည်။
တောင်တန်းနဲ့ မြစ်ရေတွေ အလွန်လှပနေတာကြောင့်
“ဒီနေရာဟာ သေချာပေါက် ရတနာရမယ့် မြေကောင်းတစ်ခု ဖြစ်ရမယ်” သူတို့ တွေးမိကြသည်။
ထို့ကြောင့် သူတို့က ပိုင်ရှုဇိုင်မှာ ရပ်နားပြီး
ဘုန်းကြီးကျောင်းတစ်ခု တည်ဆောက်ကာ
တောင်တန်းအဆင့်အပေါ်မှာ စပါးအနည်းငယ် စိုက်ပျိုးခဲ့ကြသည်။
ထိုအချိန်ကစပြီး ကျင်းချန်စစ်မြောင် ဆန် ပေါ်ပေါက်လာခဲ့သည် ဆိုကြသည်။
ယွမ်ကျိုးက မီးဖိုချောင်ပစ္စည်းတွေကို အသုံးပြုပြီး သံစဉ်တစ်ခုလို အသံတွေ ထွက်လာအောင် အလုပ်လုပ်နေချိန်မှာ
အစကတည်းက မကျေနပ်သည့် ဆီလီကာ၏မျက်နှာထားက တဖြည်းဖြည်း ပြေလျော့လာသည်။
“ဒီနေရာ မဆိုးဘူးနော်”
ဆီလီကာက သဘောကျပြီး ပြောလိုက်သည်။
“ဒါပေါ့ စားပြီးသွားရင် ‘မဆိုးဘူး’ ဆိုတာထက်ပိုကောင်းတယ်လို့တောင် ထင်လာဦးမယ်”
မာကျစ်သာက ယုံကြည်မှုအပြည့်နဲ့ ပြန်ပြောသည်။
“မဟုတ်ဘူး မဟုတ်ဘူး
ကျွန်တော်ပြောတာက ဒီစားဖိုမှူးက တကယ်တော်တယ်ဆိုတာပါ”
ဆီလီကာက ယွမ်ကျိုးဘက်ကို လက်ညှိုးထိုးပြီး ပြောသည်။
“သူဌေးယွမ်က တော်တာတော့ သေချာပါတယ်။”
မာဇီဒါက မိမိကိုယ်တိုင် ချီးကျူးခံရသည့်အတိုင်း ဂုဏ်ယူစွာ ပခုံးပင့်ကာ ပြောလိုက်သည်။
“မန်နေဂျာ ဆီလီကာက စားဖိုမှူးက ဟင်းချက်နေတုန်း မီးဖိုချောင်ပစ္စည်း အသစ်တွေ ပြောင်းသုံးတာကို သတိထားမိခဲ့တာ ဖြစ်မယ်ထင်တယ်ဟုတ်လား”
လှပတဲ့ ဒါရိုက်တာက သိပြီးသားအတိုင်း မေးလိုက်သည်။
“ဟုတ်ပါတယ် ကျွန်တော် အစ္စလာမ်ဘာသာဝင် မဟုတ်ပေမယ့် အရသာတွေ ရောယှက်ပြီး မသန့်ရှင်းသလို ဖြစ်တာကို မကြိုက်ဘူး”
ဆီလီကာက ပြုံးပြုံးလေးနဲ့ ခေါင်းညိတ်လိုက်သည်။
“စိတ်မပူပါနဲ့ ဟင်းကို စားပြီးရင် သူ့ကို ပိုပြီးတောင် ကြိုက်သွားလိမ့်မယ်”
ဒါကို ကြားပြီး မာကျစ်သာက ထူးထူးခြားခြား မထင်ပဲ ယုံကြည်စွာ ပြောလိုက်သည်။
မာကျစ်သာအမြင်မှာတော့ ယွမ်ကျိုးဟာ ဒီလို အသေးစိတ်အချက်တွေကိုဘယ်သူမှ သတိမပေးဘဲနဲ့တောင် ကိုယ်တိုင် သေချာ စဉ်းစားနိုင်တဲ့ လူမျိုး ဖြစ်သည်။
အခုဆို ယွမ်ကျိုးဆိုင်ကို လာစားတဲ့ဖောက်သည်အားလုံးမှာလည်းဒီလိုယုံကြည်မှုတစ်ခု ရှိနေသည်။
ဟင်းအရသာက ပြည့်စုံလွန်းသည်။
အသေးစိတ်အချက်တွေကလည်း ပြည့်စုံသည်။
ထိုသည်က ယွမ်ကျိုးကို ဖောက်သည်တွေကပေးသည့် အထင်အမြင် ဖြစ်သည်။
“ဟားဟား ဒါဆို ကျွန်တော် သေချာ အရသာခံပြီး စားကြည့်မယ်”
ဆီလီကာက ပြောလိုက်သည်။
သူက ယွမ်ကျိုးရဲ့ အလုပ်အပေါ် သေချာမှုနဲ့ စိတ်အားထက်သန်မှုကို တန်ဖိုးထား သော်လည်းယူအေအီး အရသာအတိုင်း ပီလာဖ်ချက်နိုင်မလား ဆိုတာကို အနည်းငယ် သံသယရှိနေသည်။
အဘယ့်ကြောင့်ဆိုသော်ဒေသတစ်ခုရဲ့အရသာဆိုတာ အများအားဖြင့် ထိုဒေသမှာပဲ အမှန်တကယ် ရနိုင်တာ ဖြစ်သည်။
တရုတ်အစားအစာကို အမှန်တကယ် စားချင်ရင် တရုတ်နိုင်ငံမှာပဲ စားရသလိုပင်။
နိုင်ငံခြားမှာရှိတဲ့တရုတ်တန်း တွေမှာတောင်
အရသာက အပြည့်အဝ မတူနိုင်ကြပါ။
ထို့ကြောင့်ပဲ ဆီလီကာက ဒီပီလာဖ်အပေါ်မှာတော့မျှော်လင့်ချက် မထားဘဲ နေလိုက်သည်။
ယွမ်ကျိုး အပိုင်း (၄၇၀)
ပြီးပါပြီ။