မှန်ကန်တဲ့အရာကိုပဲလုပ်တတ်သော အမျိုးကောင်းသား
Vol. 22 Ch. 308
သူတို့၏ နှုတ်ခမ်းများ ထိတွေ့လုနီးနီး အချိန်မှာပင် အန်လင်း၏စိတ်ထဲ၌ စုရှောင်လန်၏ လှပသည့်သွင်ပြင်အား မြင်ယောင်မိလိုက်သည်။
သူ၏ ဦးခေါင်းထဲသို့ ဝင်ရောက်လာသော အတွေးတစ်ခုသည် ထိုရာအား ပြုလုပ်လိုစိတ်တို့ လွင့်ပျောက်သွားစေသည်။
မဖြစ်ဘူး။ ငါ့ရဲ့ အနမ်းဦးလေးကို ဇွန်ဘီတစ်ကောင်ကို မပေးလိုက်နိုင်ဘူး။
အန်လင်း၏ လှုပ်ရှားမှုတို့ ရပ်တန့်သွားလေသည်။
မီလီမီတာ အနည်းငယ်မျှသာ ဝေးကွာတော့သည့် စွဲမက်ဖွယ်ရာ နှုတ်ခမ်းပါးနှင့် သူ၏မျက်နှာသို့ ရိုက်ခတ်လှုပ်ရှိသည့် အသက်ရှူငွေ့ အေးအေးတို့ကို ခံစားနေရသည်။
ဇွန်ဘီနတ်ဘုရားမ၏ မျက်နှာပေါ်တွင် စိတ်ရှုပ်ထွေးမှုနှင့် ထိတ်လန့်နေမှုတို့ကို မြင်တွေ့နေရသည်။
များမကြာမီတွင် ဇွန်ဘီနတ်ဘုရားမ အသိပြန်ဝင်လာပြီး သူမ၏ ခန္ဓာကိုယ်မှ အေးစက်မြူများ ထွက်ပေါ်လာသည်။
ပေါက်ကွဲအားကြောင့် အန်လင်း အနောက်သို့ လွင့်ပျံထွက်သွားပြီး မြေပြင်ပေါ်သို့ ခွေးကျကျလေသည်။ ခန္ဓာကိုယ်တစ်ခုလုံးမှာလည်း အေးခဲသွားပြီဟူ၍ပင် ခံစားနေမိသည်။
ဇွန်ဘီနတ်ဘုရားမ မြေပြင်မှ မတ်တတ်ရပ်လိုက်ပြီးနောက် သူမ၏ ခန္ဓာကိုယ်တစ်ခုလုံး တုန်ယင်လျက်ရှိကာ ရွှေရင်ထွားထွားမှာလည်း လျင်မြန်စွာ နိမ့်ချည် မြင့်ချည် ဖြစ်နေလေသည်။ ထို့နောက်တွင် နက်မှောင်နေသည့် မျက်လုံးများဖြင့် အန်လင်းအား ရွံရှာမုန်းတီးစွာ ကြည့်လိုက်သည်။
လေထုတွင် ထူးဆန်းသည်အငွေ့အသက်များ ရစ်သိုင်းလာပြီး စကားတစ်ခွန်းမျှပင် မဆိုရဲကြချေ။
သူတို့အနေဖြင့် အဖြစ်အပျက်များကို နားမလည်နိုင်ကြပဲ ရှိနေလေသည်။
“ဘယ်သူကမှ ငါ့ကို အဲဒီလောက်အထိ အသားမယူဖူးဘူး”
ဇွန်ဘီနတ်ဘုရားမ၏ မျက်နှာတွင် ညှို့ချက်ပြင်းသည့် အပြုံးတစ်ခု ဖြစ်ပေါ်လာပြီး သူမ၏ နှုတ်ခမ်းများကို လက်ဖြင့်သပ်လိုက်သည်မှာ အလွန်ညှို့ငင်ဖမ်းစားနိုင်စွမ်း ရှိလေသည်။
“နင်က တကယ့်ကို နှာဘူးလေးပဲ။ အရမ်းကို စိတ်အားထက်သန်နေတဲ့ နင့်ကြောင့် အခုတော့ အသက်ချမ်းသာပေးလိုက်မယ်နော်။ ဆီးယူ..”
သူမ၏ ညှို့ငင်နိုင်စွမ်းရှိသည့်အသံ ထွက်ပေါ်လာပြီးနောက် အန်လင်းအား ဖြားယောင်းသည့်အကြည့်ဖြင့် ကြည့်ကာ မြူခိုးနက်တိမ်တိုက်အပေါ် တက်ကာဖြင့် လျင်မြန်စွာ ပျံသန်းသွားလေသည်။
“မပြေးနဲ့” အန်လင်း မြေပြင်ပေါ်မှ ထလိုက်သည်။ သူ၏နောက်ကျောတွင် လေတောင်ပံများ ထွက်ပေါ်လာပြီးနောက် လိုက်ဖမ်းရန် ပြင်လိုက်သည်။
ဇွန်ဘီနတ်ဘုရားမသည် သူတို့အကြားရှိ ခွန်အားကွာခြားမှုကို နားလည်သဘောပေါက်သည့်အတွက် ထွက်ပြေးရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်ကြောင်း အန်လင်းသိသည်။
သို့သော်ငြား သူ့အနေဖြင့် ဇွန်ဘီနတ်ဘုရားမအား ထွက်သွားခွင့် မပြုနိုင်ချေ။ ထို့ကြောင့် လိုက်လံဖမ်းဆီးရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။
ထိုအချိန်မှာပင် ရုတ်တရက်ဆိုသလို သူတို့အားလုံး၏ ပတ်လည်တွင် မြူခိုးနက်များ သိပ်သည်းလာပြီး သူတို့အား ရစ်သိုင်းလာလေသည်။
ယင်းတို့မှ ဇွန်ဘီနတ်ဘုရားမ ထုတ်လွှတ်လိုက်သော သေစေနိုင်သည့်မြူခိုးများ ဖြစ်လေသည်။ သာမန်ကျင့်ကြံသူများ အနေဖြင့် ထိန်းချုပ်ရန် မဖြစ်နိုင်ချေ။
အန်လင်း လိုက်ဖမ်းခြင်း မပြုတော့ပဲနှင့် တပိုင်၊ ချန်ယင်တို့နှင့် ပူးပေါင်း၍သာ ထိုမြူခိုးများ လွင့်ပြယ်သွားစေရန် ပြုလုပ်လိုက်သည်။
မြူခိုးနက်များ လွင့်ပြယ်သွားပြီးသည့်နောက်တွင် ဇွန်ဘီနတ်ဘုရားမမှာ အတော်ဝေးဝေးသို့ ရောက်ရှိနှင့်ပြီး ဖြစ်သည်။
“ငိုး လွတ်သွားပြီ။” အန်လင်း သူ့ကိုယ်သူ ဒေါသထွက်နေမိသည်။
သူ၏ တုံ့ဆိုင်းနေခြင်းကြောင့်သာ မဟုတ်လျှင် သူမထံ၌ ထွက်ပြေးဖို့ရန် အခွင့်အရေး ရှိလိမ့်မည် မဟုတ်ချေ။
“ကိစ္စမရှိပါဘူး အန်ကောရဲ့.. သူ့ကိုဖမ်းဖို့ အခွင့်အရေး ရလာဦးမှာပဲ။ အဲဒီကျ သူ့ကို နာခံအောင် လုပ်လိုက်ပေါ့။ ဝုတ်” တပိုင် စိတ်လှုပ်ရှားစွာဖြင့် ပြောလေသည်။
“ဘာ နာခံအောင် လုပ်ရမယ် ဟုတ်လား။” အန်လင်း နားမလည်နိုင်စွာဖြင့် မျက်တောင်ခတ်လိုက်သည်။
အန်လင်း၏နံဘေးသို့ လူများရောက်ရှိလာကြပြီး သူတို့အားလုံးတို့သည် အန်လင်းအား နားမလည်နိုင်စွာဖြင့် ကြည့်နေကြလေသည်။
အများစုမှာ အန်လင်းအား အလွန်အမင်း ကျေးဇူးတင်ဟန်ဖြင့် ကြည့်နေကြပြီး အချို့မှာမူ တစ်မူထူးခြားသည့် အမူအရာဖြင့် ကြည့်နေကြလေသည်။
“အန်လင်းမှာ အတော်လေးထူးခြားတဲ့ အစွဲအလမ်း ရှိနေလိမ့်မယ်လို့ ဘယ်သူထင်မှာလဲ။” ချန်ယင် ခြောက်ကပ်စွာ ရယ်လိုက်သည်။
“ဆရာကြီးအန်လင်းက နတ်ဘုရားကို သတ်မယ်လို့ ပြောခဲ့ပေမဲ့ တကယ်တမ်းကျ နတ်ဘုရားကို ဗလက္ကာရပြုမလို့ ကြံစည်နေတာနဲ့တောင် တူနေသေး။ တကယ်ကို အသက်ရှူမှားလောက်တယ်ဗျာ။” ထိုသို့ပြောသူမှာ ကြည်ညိုလေးစားလျက် ရှိသည့် အမျိုးသားတစ်ဦးဖြစ်ပြီး အန်လင်းအားကြည့်ကာ ထောက်ခံသည့်အနေဖြင့် လက်မထောင်ပြလိုက်သည်။
အန်လင်း၏ အရှက်မဲ့လှသော ရိုင်းပျသည့် အပြုအမူအား ထိုအမျိုးသားမှာ လွန်စွာ သဘောကျနေမိခြင်း ဖြစ်သည်။
အမျိုးသား အဖွဲ့သားများစွာမှာလည်း ထိုချီးကျူးစကားအား ထောက်ခံကြလေသည်။
သူတို့မှာ ဇွန်ဘီနတ်ဘုရားမ၏ ဆွဲဆောင်မှုအား မခံစားရခြင်းကြောင့် မဟုတ်ဘဲ ဇွန်ဘီနတ်ဘုရားမမှာ အလွန်အမင်း အစွမ်းထက်နေသောကြောင့် ထိုကဲ့သို့ မပြုလုပ်ရဲကြခြင်းဖြစ်သည်။ သူတို့သည် အန်လင်း၏ အပြုအမူကို ကြည့်ကာဖြင့် သူ၏ ရဲရင့်မှုအား ချီးကျူးရုံသာ တတ်နိုင်ကြသည်။
“ဟေး မှားနေပြီဗျ။ အဲဒီလိုမျိုး မဟုတ်ပါဘူး။” အန်လင်းမှာ ထိုသူများ ပြောဆိုနေကြသည့် အကြောင်းအရာအား နားလည်သွားသည်ကြောင့် ချက်ချင်းဆိုသလို သူ၏နာမည်အား ရှင်းလင်းရန် ကြိုးစားလေသည်။
“ရှင်းပြဖို့ မလိုပါဘူး ဆရာကြီး အန်လင်းရယ်.. ကျွန်မတို့အသက်ကို ကယ်တင်ပေးတဲ့အတွက် ကျေးဇူးတင်ရမှာပါ။ လူတိုင်းမှာ ထူးခြားတဲ့ စွဲလမ်းမှုတွေ ရှိတတ်ကြတာပဲလေ။ ဒီအတွက်နဲ့တော့ စနောက်မှာ မဟုတ်ပါဘူး။” လုရွှယ်မှာလည်း စကားလုံးများဖြင့် နှစ်သိမ့်လာလေသည်။
ထိုအချိန်မှာပင် အန်လင်း၏ ပခုံးတစ်ဖက် လေးလံသွားသည်။
လှည့်ကြည့်လိုက်သည့်အခါ သူ၏ဖခင်သည် တည်ငြိမ်နွေးထွေးသည့် အကြည့်ဖြင့် သူ့အားကြည့်နေသည်ကို တွေ့လိုက်ရသည်။
“သားရေ.. မင်းရဲ့ ခွန်အားနဲ့ ပတ်သက်ပြီး ဘယ်တုန်းကမှ သံသယမဖြစ်ခဲ့ဖူးဘူး။ အဖေ့ကို ဘယ်တုန်းကမှ စိတ်မပျက်စေခဲ့ဘူး။”
“မင်းရဲ့ အချစ်ရေးကိစ္စတွေမှာလည်း အဖေတကယ်ကို ဝင်မပတ်သက်ချင်ပါဘူးကွာ..”
“ဒါပေမဲ့လည်း အဲဒီတစ်ယောက်နဲ့ ထူးခြားတဲ့ ပတ်သက်မှု ရှိချင်တယ်ဆိုရင်တော့ ဖြစ်လာနိုင်တဲ့ အကျိုးအပြစ်လေးတွေ အဖေပြောပြချင်တယ်။”
အန်မင်ချွန်သည် ရှည်လျားသည့် ကောင်းကျိုးဆိုးကျိုးများအား စတင်ရေရွတ်ပြီး အန်လင်းအား မျက်ရည်ကျလုမတတ် ဖြစ်စေသည်။
တော်ပါတော့........ အဲလိုမဟုတ်ပါဘူးဆို။
အန်လင်းမှာ ရွေးချယ်စရာ မရှိတော့သည့်အတွက် စကားလမ်းကြောင်းလွှဲရန်သာ ကြိုးစားလေသည်။ ဤသို့ ထပ်ဖြစ်မလာခင် လူတိုင်းအား လုံခြုံသည့်နေရာသို့ သွားရောက်ရန် အကြံပြုလိုက်သည်။
ဇွန်ဘီနတ်ဘုရားမ လွတ်မြောက်နေသေးသဖြင့် အန်လင်း၏ ညွှန်ကြားချက်ကို လိုက်နာခြင်းသည်သာ အကောင်းဆုံးဖြစ်သည့်အတွက် နောက်ဆုတ်ကြလေသည်။
အန်လင်း တပိုင်၏ကျောပေါ်တွင် ထိုင်ကာဖြင့် ထိုအခြေအနေအား ရှင်းလင်းရန် မည်သို့ပြောရမည်ကို စဉ်းစားလျက်ရှိသည်။
ဇွန်ဘီနတ်ဘုရားမအား မြေပြင်ပေါ်တွင် ဖိလှဲလိုက်ခြင်းအား ရှင်းပြရန် လွယ်ကူပေသည်။ မည်သို့ပင်ဆိုစေ တပိုင် ပြုလုပ်ခဲ့ခြင်းသာ ဖြစ်သည်။ အဓိကအချက်မှာ သူသည် ဇွန်ဘီနတ်ဘုရားမအား နမ်းရန် ကြိုးစားခဲ့သည် ဟူသည့် အချက်ပင်ဖြစ်သည်။ ထိုအကြောင်းအား မည်ကဲ့သို့ ဖြေရှင်းရမည်နည်း။
ထိုအခိုက်အတန့်တွင် ဖမ်းချုပ်ခံလိုက်ရခြင်းဟု ပြောရမည်လား၊ ဖြားယောင်းခြင်း ခံလိုက်ရသည်ဟု ပြောရမည်လား၊ မြေဆွဲအားကြောင့်ဟု ပြောရမည်လား။
မဖြစ်နိုင်ချေ။
အမှန်အတိုင်း ပြောမည် ဆိုလျှင်ကော။ ကျင့်ကြံခြင်း နည်းစနစ်တစ်ခုအား သင်ယူနိုင်ရန်အတွက် အနမ်းပေးရခြင်း။ သို့သော် ထိုစကားအား မည်သူယုံမည်နည်း။
အိုးးး ခဏလေး မဟုတ်သေးဘူး။ စုရှောင်လန် ယုံကြည်ပေလိမ့်မည်။
သို့သော် သူမ၏ လက်ဝါးနှင့် အရင်ဆုံး မိတ်ဆက်ရပေလိမ့်မည်။
ဟူးးး ဖိအားများလိုက်တာ။
အစွမ်းထက်လှသော ဓားအင်မော်တယ် အန်လင်းသည် ဇွန်ဘီတစ်ကောင်အား ဗလက္ကာရ ပြုကျင့်ရန် ကြိုးပမ်းခြင်းဟူသည့် ဂုဏ်ပုဒ်အား ခံယူရမည်လား။
များမကြာမီမှာပင် ကင်းထောက်အဖွဲ့သား အားလုံးသည် ချန်ယင်၏ ဦးဆောင်မှုအောက်တွင် ချန်ပိုင်တောင် အခြေစိုက်စခန်းသို့ ပြန်ရောက်လာခဲ့ကြသည်။
ယင်းမှာ အမျိုးသားအဖွဲ့ ၃ ဖွဲ့နှင့် ဂိုဏ်း ၅ ဂိုဏ်းတို့ စုဝေးရာစခန်းတစ်ခု ဖြစ်ပြီး အချက်အလက်များ ဖလှယ်ရန်အတွက် အဓိက အသုံးပြုကြသည်။
စခန်းသို့ ရောက်ပြီးသည်နှင့် အန်လင်းမှာ အလွန်အေးစက်မှုတို့ကို ခံစားလိုက်ရသည်။
ချက်ချင်းဆိုသလို တာဝန်ထမ်းဆောင်ရန် ကျရှုံးသည့်အတွက် ဖြစ်ပေါ်လာသည့် အကျိုးဆက်ဖြစ်ကြောင်း သိရှိလိုက်ရသည်။
ကျရှုံးသည့်အတွက် သုံးရက်တိတိ အေးခဲနေမည် ဖြစ်သည်။
အချိန်စေ့သွားပြီ ဖြစ်သည့်အတွက် စနစ်၏ အပြစ်ပေးခြင်း စတင်ပြီဖြစ်သည်။
“တပိုင်.. အဖေ...” အန်လင်း အလျင်စလို ခေါ်လိုက်သည်။
အန်မင်ချွန်သည် အန်လင်းအား ကြည့်လိုက်ပြီးနောက် အလွန်ဖြူဖျော့နေသည့် မျက်နှာအား မြင်တွေ့လိုက်ရသည့်အခါ ထိတ်လန့်တုန်လှုပ်သွားလေသည်။ “လင်းလေး ဘာဖြစ်တာလဲ။”
“အန်ကော ဘာတွေလုပ်နေတာလဲ။ ကျွန်တော့်ကို မခြောက်ပါနဲ့နော်။ ဝုတ်”
အန်လင်း၏ ခန္ဓာကိုယ်မှ အေးစက်သည့်အော်ရာများ ထွက်ပေါ်နေသည်ကို ခံစားမိသဖြင့် တပိုင်၏ ခန္ဓာကိုယ်တစ်ခုလုံး တုန်ယင်လာလေသည်။
“ကျွန်တော်အဆင်ပြေပါတယ်။” အန်လင်း ခေါင်းယမ်းလိုက်ပြီးနောက် အလျင်စလို ရှင်းပြလေသည်။ “သုံးရက်တိတ် အေးခဲနေဖို့ လိုအပ်တဲ့ ကျင့်ကြံခြင်းနည်းစနစ်တစ်ခုကို သုံးနေတာလေ။ ဒီအတောအတွင်း ကျွန်တော့်ကို လုံခြုံတဲ့နေရာမှာ ထားထားပေး။ ဘာပဲဖြစ်ဖြစ် မစိုးရိမ်နဲ့။”
အေးခဲလွန်းသဖြင့် သေဆုံးသွားလိမ့်မည်ဟု မယုံပေ။ ထိုစနစ်မှာ အလွန်တရာ ခွကျလွန်းလှသော်လည်း သူ့အား သေစေနိုင်လိမ့်မည် မဟုတ်ချေ။ မည်သို့ပင်ဖြစ်စေ ယင်း၏ ပိုင်ရှင်ဟောင်းမှာ အိုဆွေးသည့်တောင်အောင် အသက်ရှည်နေသည် မဟုတ်ပါလား။
ဆိုလိုသည်မှာ ထိုစနစ်ကြောင့် ကပ်ဘေးနှင့် တွေ့မည်ဆိုလျှင်ပင် အသက်ရှင်နိုင်ပေလိမ့်မည် ဖြစ်သည်။
ယင်းသည် အန်လင်းအား အတော်လေး အကောင်းမြင်လာစေသည်။
အေးစက်သည့် အငွေ့အသက်များ ပိုမိုကာ ပြင်းထန်လာပြီး သူ၏ သွေးများနှင့် ကြွက်သားများအားလုံး ရေခဲအဖြစ်သို့ ပြောင်းလဲသွားပြီဟု ခံစားနေရာကာ သွားများမှာလည်း တဆတ်ဆတ် တုန်နေလေသည်။
အန်လင်း၏ ပါးစပ်မှ အဖြူရောင် ရေခဲငွေ့များ ထွက်လာပြီးနောက် သူ၏အရှေ့ ပေ ၁၀၀ အတွင်းရှိ လေထုကိုပင် အေးခဲစေသည်။
အန်လင်းအား ထိတ်လန့်စွာဖြင့် လှည့်ကြည့်လာကြပြီး အန်လင်းထံတွင် မည်သည့်အရာများ ဖြစ်ပွားနေသည်ကို မသိရှိကြပေ။
အန်မင်ချွန်သည် အန်လင်း၏ ဆိုးဝါးလာသည့် အခြေအနေနှင့် နာကျင်နေသော အမူအရာတို့အား ကြောင်အစွာဖြင့် ကြည့်နေမိသည်။ “လင်းလေးရေ ဒီလိုကြောက်ဖို့ကောင်းတဲ့ ဘေးထွက်ဆိုးကျိုးရှိတဲ့ ကျင့်ကြံခြင်းနည်းစနစ်ကို ဘာလို့ သုံးရတာလဲကွယ်။ လက်လျှော့လိုက်လို့ မရဘူးလား။”
အန်လင်းနှုတ်ခမ်းများ မဲ့သွားလေသည်။ ကျင့်ကြံခြင်းနည်းစနစ်ဟူ၍ မရှိချေ။ အရာအားလုံးမှာ လှည့်စားနေခြင်းသာလျှင် ဖြစ်သည်။
အန်လင်းမှာ စကားပြောချင်သော်ငြား ပါးစပ်ဖွင့်လိုက်သည်နှင့် ရေခဲမှုန်များသာလျှင် ထွက်ကျလာသည်။
များမကြာမီတွင် အန်လင်း၏ ခန္ဓာကိုယ်တစ်ခုလုံး ရေခဲများ ဖုံးလွှမ်းသွားလေသည်။
ထွင်းဖောက်မြင်နိုင်သည့် ရေခဲလွှာသည် သူ၏ ကိုယ်တွင်းအင်္ဂါများအားလုံးကို ဖုံးလွှမ်းသွားပြီးနောက် မျက်လုံးမှိတ်ချိန်ပင် မရလိုက်ခင်မှာပင် အသက်ရှိနေသည့် ရေခဲရုပ်တုဘဝသို့ ပြောင်းလဲသွားလေသည်။
ဤသို့ဖြင့် လူအားလုံး၏ ထိတ်လန့်တုန်လှုပ်လျက် ရှိသော အကြည့်များအောက်မှာပင် အန်လင်းသည် ရေခဲလူသားအဖြစ်သို့ ပြောင်းလဲသွားရလေသည်။
***