← Chapters

အခန်း (၄၈၃-၄၈၄)

Vol. 39 Ch. 483-484

အခန်း (၄၈၃-၄၈၄)

Vol. 39 Ch. 483-484

ယွမ်ကျိုး အပိုင်း (၄၈၃)

"ဒါဘာပါလိမ့်"

ဆိုင်တွင် အမြဲဖက်ထုပ်စွပ်ပြုတ်စား‌နေကျ ပုံမှန်ဖောက်သည်တစ်ဦးဖြစ်သည့် အဘိုးအိုတစ်ယောက်က မှိတ်တုတ်မှိတ်တုတ်အရောင်များကိုကျော်ပြီး LEDဘုတ်ပြားကို အားစိုက်ကြည့်လိုက်သည်။

"နွေးထွေးစွာသတိပေးချက်တဲ့လား"

အခြားဖောက်သည်များကလည်း အသံထွက်ဖတ်လိုက်သည်။

"ဘာဖြစ်လို့လဲ၊သူဌေးယွမ် ဘာကြော်ငြာကပ်ထားတာလဲ"

ဘုတ်ပြားကို မမြင်ရသည့်နောက်မှလူများက လှမ်းမေးလိုက်သည်။

ဟာသပဲ၊ ဖောက်သည်တွေ အကြောက်ဆုံးမှာ ယွမ်ကျိုးက ကြေညာချက်တစ်ခုထပ်တင်ခြင်း ပင်။

ဆိုလိုသည်က သူ ထပ်ပြီး အားလပ်ရက်ယူတော့မည်ဆိုသည့် အဓိပ္ပာယ်ဖြစ်သည်။

“အားလပ်ရက်ကြေညာတာမဟုတ်ဘူး နွေးထွေးစွာ သတိပေးချက်' လို့ပဲ ရေးထားတာ ”

အရှေ့ဘက်က ဖောက်သည်တစ်ယောက်က စိုးရိမ်နေသူတွေကို စိတ်သက်သာအောင် ပြောလိုက်သည်။

“ဒါဆိုကောင်းတယ်၊ ဒါပေမယ့် အဲဒီ နွေးထွေးစွာသတိပေးချက်' က ဘာကိုဆိုလိုတာလဲ ”

ဖောက်သည်တစ်ယောက်က ထပ်မေးလိုက် သည်။

နွေးထွေးစွာသတိပေးချက် ဆိုတာကြားလိုက်၍ အနောက်ဘက်ကလူတွေကလည်း ရှေ့ကိုလာပြီး ဝိုင်းကြည့်ကြ သည် ။

မကြာခင်ပဲ LED ဘုတ်ပြားပတ်လည်ကို လူအုပ်ကြီး ဝိုင်းရံနေခဲ့ သည်။

“ဟေ့ ညီလေး၊ ကျွန်တော်တို့အတွက် ဖတ်ပေးပါဦး ကျွန်တော်တို့က နောက်မှာဆိုတော့ မမြင်ရဘူး ”

နောက်ကျမှရောက်လာတဲ့ မာကျစ်သာ က ကိုယ်တိုင်ဖတ်ကြည့်ဖို့ ကြိုးစားသော်လည်း

မမြင်ရ‌သေးသည့်အတွက် အော်လိုက်သည်။

“ဟုတ်ပါတယ်၊ ဖတ်ပေးပါ သူဌေး ဘာရေးထားလဲ သိချင်တယ် ”

နောက်ဘက်မှာ မမြင်နိုင်တဲ့ ဖောက်သည်တွေက တစ်ယောက်ပြီးတစ်ယောက် ပြောလာကြ သည် ။

“ကျေးဇူးပြုပြီး ဖတ်ပေးပါဦး ”

လူတွေက ဆက်ပြီး တောင်းဆိုကြ သည်။

“ကောင်းပြီ ငါဖတ်ပေးမယ် ”

အဖိုးအိုက အသံမြင့်မြင့်နဲ့ ပြန်ပြောလိုက် သည် ။

ထို့နောက် အနောက်ဘက်က လူတွေက အော်တာတွေ ရပ်လိုက်ပြီး ယွမ်ကျိုးဘာလုပ်ထားပြန်ပြီလဲဆိုတာ စောင့်ပြီး နားထောင်နေကြ သည်။

လူတိုင်း၏ မျှော်လင့်ချက်ကတော့ ဟင်းအသစ်တစ်မျိုး ထွက်လာခြင်းပဲ ဖြစ်စေချင်သည်။

တချို့က နွေးထွေးစွာသတိပေးချက် ဟုပြောနေကြပြီး မီနူးသစ် မဟုတ်ဟုဆိုကြသော်လည်း ဟင်းအသစ်ကို နွေးထွေးသောနည်းလမ်း” ဖြင့် မိတ်ဆက်ခြင်းလည်း ဖြစ်နိုင်သည်။

ဖောက်သည်များက ခန့်မှန်းခြင်းမှာ တော်တော်ကျွမ်းကျင်ကြသည်။

“နွေးထွေးစွာသတိပေးချက်:

ပထမ အချက်။ပွဲတော်အတွက် ဟင်းပွဲတွေ မကြာခင် ရနိုင်ပါတော့မယ် ”

အဖိုးကြီးက တည်ငြိမ်တဲ့ အသံနဲ့ ဖတ်လိုက်သည် ။

“ဒုတိယအချက်။အသက်ကြီးသူကို လေးစားခြင်း၊ ကလေးများကို ချစ်ခင်ခြင်းဟာ ကောင်းမွန်တဲ့ ရိုးရာဓ‌လေ့ဖြစ်ပြီး ခင်ပွန်းနှင့်ဇနီး သဟဇာတဖြစ်ရင် ပျော်ရွှင်မှု ရလာတတ် ပါတယ်၊

ဒါကြောင့် တစ်ယောက်နဲ့တစ်ယောက် အဆင်ပြေစွာ နေထိုင်နိုင်ဖို့ အရေးကြီးဆုံးပါ ”

ဖတ်နေစဉ်မှာ အဖိုးအိုက ဒီစာကြောင်းကို နည်းနည်းရင်းနှီးသလို ခံစားလိုက် သည်။

“တတိယအချက်။ပြုံးနိုင်တဲ့လူက အလှဆုံး၊ သင်ယူနေတဲ့လူက အတော်ဆုံး၊ ကျန်းမာတဲ့လူက အ‌ကောင်းဆုံးပါ၊ဒါကြောင့် ကျန်းမာဖို့

အချိုရည်တွေကို နည်းနည်းပဲ သောက်ကြပါ ”

“အချိုရည်တွေထဲမှာ အရောင်ထည့်ပစ္စည်းတွေ၊ အပိုပစ္စည်းတွေ၊ ထိန်းသိမ်းပစ္စည်းတွေ စတဲ့ ပစ္စည်းများစွာ ပါဝင်လို့ ဒီပစ္စည်းတွေကို ကိုယ်ခန္ဓာထဲမှာ အစာ‌ေချဖျက်တဲ့အခါ ရေများစွာလိုအပ်ပါတယ် ”

“ဒါ့အပြင် ကိုလာ ထဲမှာပါတဲ့ ကဖိန်းက ဆီးထွက်စေတဲ့ အကျိုးသက်ရောက်မှုရှိပြီး ကိုယ်တွင်းရေထွက်မှုကို မြန်စေပါတယ်၊

ဒါကြောင့် ကာဗွန်ဓာတ်ပါတဲ့ အချိုရည်တွေ ပိုသောက်လေလေ ပိုပြီး ရေငတ်လာလေလေ ဖြစ်ပါတယ် "

“ကာဗွန်ဒိုင်အောက်ဆိုဒ်က အချိုရည်ထဲက ဘက်တီးရီးယားတွေကို တားဆီးနိုင်ပေမယ့် အကျိုးရှိတဲ့ ဘက်တီးရီးယားတွေကိုလည်း ထိခိုက်စေပါတယ်၊

အဲဒါကြောင့် အစာချေစနစ်ကို ထိခိုက်စေနိုင်ပါတယ် ”

“ဒါကြောင့် စားမယ့်အချိန်မတိုင်မီ အချိုရည်သောက်မယ်ဆိုရင် ဝမ်းဗိုက်ဖောင်းလာနိုင်ပြီး အစာစားချင်စိတ်၊ အရသာကို ထိခိုက်စေနိုင်ပါ သည် ပြင်းထန်လာရင် Irritable bowel syndrome ဖြစ်ပြီး အူအစာလမ်းကြောင်းရောဂါတွေ ဖြစ်လာနိုင်ပါတယ်”

“ဒါ့ကြောင့် နိဂုံးချုပ်ပြောရရင် ကျွန်တော့်စားသောက်ဆိုင်ထဲမှာ စားမယ့်အချိန် မတိုင်မီ နာရီဝက်အတွင်း အချိုရည် မသောက်ကြပါနဲ့လို့ မျှော်လင့်ပါတယ် ”

“ဒါပဲ ရေးထားတယ် ”

အဖိုးကြီးက ပညာရပ်ဆိုင်ရာ စာကြောင်းတွေကို အသက်မရှူဘဲ တစ်ခါတည်းဖတ်ပြီး ပြောလိုက်သည် ။

“အို တော်တော် မောသွားတာပဲကွာ ”

အဖိုးကြီးက ခဏနားပြီး ပြောလိုက်သည် ။

“အချိုရည်များများသောက်ရင် မကောင်းဘူးဆိုတာတော့ သိပြီးသားပဲ ဒါပေမယ့် ဒီလောက်ထိ ပြင်းထန်မယ်လို့တော့ မထင်ခဲ့ဘူး”

ဖောက်သည်တစ်ယောက်က သက်ပြင်းချလိုက်သည်။

“ဟုတ်ပါ့ ကျွန်တော်တောင် ခုနကမှ နို့လက်ဖက်ရည်နွေးလေး တစ်ခွက် ဝယ်လာတာ ”

လက်ထဲမှာ နို့လက်ဖက်ရည် ကိုင်ထားသည့်ဖောက်သည်တစ်ယောက်က လွှင့်ပစ်သင့်မသင့် မသေချာဖြစ်နေ သည်။

“စောင့်နေတဲ့အချိန် နည်းနည်း ရေငတ်လို့ပဲ သောက်တာပါ ”

တစ်ယောက်က မျက်မှောင်ကြုပ်ပြီး ပြောလိုက်သည် ။

“သူဌေး က အချိုရည်တွေက ရေငတ်တာ မပျောက်စေဘူးလို့ ပြောထားတယ်လေ ”

ဖောက်သည်တစ်ယောက်က LED ဘုတ်ပြားကို လက်ညှိုးထိုးပြပြီး ပြောလိုက်သည်။

“ဒါပေမယ့် ဒီမှာရေသန့်တော့ မရှိဘူးနော် ”

ခုဏက မျက်မှောင်ကြုပ်နေတဲ့ ဖောက်သည်က ဘေးက အကြွေထည့်စက် ကို လက်ညှိုးထိုးပြပြီး ပြောလိုက်သည် ။

အမှန်မှာ ယွမ်ကျိုးကို စိတ်အနှောင့်အယှက်ဖြစ်စေဖို့ အနောက်တိုင်း၀တ်စုံနှင့်လူက ယွမ်ကျိုး

၏မီနူးကိုသေချာလေ့လာထားသည်။

ယွမ်ကျိုးစားသောက်ဆိုင်ထဲမှာ ရေ အခမဲ့ပေးခြင်းကို သူသိထားသည့်အတွက် ရေသန့်မရောင်းပေ။

အကြွေထည့်စက် ထဲမှာတော့ အမျိုးမျိုးသော အချိုရည်တွေပဲပြည့်နေခဲ့ သည် ။

“အခုတော့ နေ့လယ်နဲ့ ညစာအချိန်မှာ သူဌေး က ရေနွေးတွေ ပေးနေပြီ ဒါက တကယ်ကောင်းတယ်လို့ ထင်တယ်ဗျာ"

ဖောက်သည်များက ထိုရေ၏အရသာကို အမှတ်ရသွားပြီး ရေဆာသလိုပင် ခံစားလာရသည်။

"ဒါပေါ့ လူငယ်တွေက ကာဗွန်နိတ်အအေးတွေလျှော့သောက်မှကွ တစ်ငုံလောက်ဆိုတော်ရောပေါ့"

အဘိုးအိုက အနားယူရင်း ပြောလိုက်သည်။

"ကျွန်တော် မနေ့က အအေးသောက်ခဲ့တာ

ဆိုတော့ ဒီနေ့ ပဲနို့ပဲသောက်မယ်ဗျာ"

ဖောက်သည်တစ်ယောက်က အကြံဉာဏ်ကို လိုက်နာလိုက်သည်။

"အင်းသူဌေးက ငါတို့ကို ဂရုစိုက်တဲ့နည်းက နည်းနည်း ထူးဆန်းပေမဲ့ အဆင်ပြေပါတယ်"

တန်ရှီက ခဏတိတ်ဆိတ်နေပြီးမှ ၀င်ပြောလိုက်သည်။

“ကျွန်တော်လည်း အဲဒီလိုပဲ ထင် တယ် ဒီစာကို ဒီမှာ မဖတ်မိဘူးဆိုရင် လူနေအိမ်ရာတစ်ခုရဲ့ နံရံပေါ်မှာ ရေးထားတဲ့ စကားပုံလိုပဲ ထင်မိမှာ”

ဖောက်သည်တစ်ယောက်က ယွမ်ကျိုးရဲ့ နွေးထွေးစွာသတိပေးချက်ကို လက်ညှိုးထိုးပြပြီး ပြောလိုက်သည်။

“အခုမှပဲ ဘာလို့ ရင်းနှီးသလို ခံစားရတာလဲဆိုတာ သိပြီ

ကျုပ်တို့ အိမ်ရာမှာ ထားတဲ့ကြော်ငြာဆောင်ပုဒ်တွေနဲ့ တူနေတာကိုး”

အဖိုးအိုက “အသက်ကြီးသူကို လေးစား၊ ကလေးကို ချစ်ခင်” ဆိုတဲ့ စာကြောင်းကို လက်ညှိုးထိုးပြပြီး ပြောလိုက်သည်။

“ဟားဟားကြည့်ပါဦး အောက်မှာ စာသေးသေးလေး တစ်ကြောင်း အပိုရှိသေးတယ် ”

ပထမဆုံး သတိထားမိတဲ့ ဖောက်သည်တစ်ယောက်က LED ဘုတ်ပြား အောက်ဘက်ကို လက်ညှိုးထိုးပြလိုက်သည်။

[ပထမနဲ့ ဒုတိယအချက် ကြော်ငြာဆောင်ပုဒ်တွေကို ပိုင်တု ကနေ ယူထားတာပါ ဥပဒေချိုးဖောက်မှု တစ်ခုခုရှိပါက ကျေးဇူးပြု၍ ဆက်သွယ်ပေးပါ ဖျက်ပေးပါမည် ကျေးဇူးတင်ပါ တယ် ]

“ဖူး ဟားဟားဟားဟား”

“ဒါဘာလဲကွာ တကယ်ပဲ ပိုင်တု ကနေ ယူထားတာလား

နောက်ဆုံး စာကြောင်းကတော့ သူဌေး ကိုယ်တိုင်ရေးတာပဲ ဖြစ်ရမယ် ”

ထိုဖောက်သည် ပြောနေသည့် စာကြောင်းကအချိုရည် မသောက်ဖို့ အကြံပေးထားတဲ့ စာသားကိုဖြစ်သည်။

အဘယ့်ကြောင့်ဆိုသော် အစိုးရကြော်ငြာဆောင်ပုဒ်တွေထဲမှာ “အချိုရည် မသောက်ပါနဲ့” လို့ မရေးကြ၍ပင်။

တဖြည်းဖြည်း ဖောက်သည်တွေက ယွမ်ကျိုးကို ပိုပြီး စိတ်ဝင်စားလာကြသည်။

မူလက ယွမ်ကျိုးသည် စကားနည်းတည်ကြည်ပြီး စည်းကမ်းရှိသည့် လူတစ်ယောက်ဖြစ်ပြီး အပြင်ပန်းမှာတော့ အေးအေးဆေးဆေးနေတတ်သော်လည်း အတွင်းမှာတော့ နွေးထွေးတဲ့သူပဲဖြစ်သည်။

မိုးရွာတဲနေ့တွေမှာ ဖောက်သည်တွေအတွက် မျက်နှာသုတ်ပုဝါအသစ်တွေ ပြင်ဆင်ပေးထားတာကို တွေးမိလိုက်တာနှင့်လူတိုင်းရဲ့နှလုံးသားက နွေးထွေးလာခဲ့သည်။

“ကဲ… ကြည့်ကြပါ တန်းစီကော်မတီက ပထမဆုံး အကျိုးခံစားခွင့် လာပါပြီ

လူတိုင်း ပဲနို့တစ်ခွက် အခမဲ့ရပါမယ်”

ဖောက်သည်တွေ စိတ်လှုပ်ရှားနေကြတဲ့အချိန်မှာ မန်မန် ရဲ့ တက်ကြွတဲ့ အသံက ထွက်ပေါ်လာသည်။

“ပဲနို့လား မထူးဆန်းတော့ပါဘူး

ဒီနေ့ ဒီနားမှာ ပဲနို့ရောင်းတဲ့သူ မမြင်ရတာကို အားလုံးကို မင်းတို့ပဲ ဝယ်သွားတာလား ”

ဖောက်သည်တစ်ယောက်က လှည့်ကြည့်လိုက်တော့ မန်မန် ဘေးမှာ ထားထားတဲ့ အကြီးစားခြင်းတစ်လုံးကို မြင်ပြီး ပြုံးပြီး ပြောလိုက်သည်။

“ဟုတ်ပါ တယ် အားလုံးကို ကျွန်မတို့ပဲ ဝယ်ထားတာ ဒီမနက်တော့ လူတိုင်းကို ပဲနို့တစ်ခွက်စီ လက်ဆောင်ပေးမယ် ”

မန်မန် က ပြုံးပြီး ခေါင်းညိတ်ပြလိုက်သည်။

“ကြည့်ရတာတော့ အချိုရည် မသောက်စေချင်ကြတာ တကယ်ပဲ ”

ဖောက်သည်တစ်ယောက်က သက်ပြင်းချပြီး ပြောလိုက်သည်။

“ဟုတ်တယ်လေ သူဌေး က နွေးထွေးစွာသတိပေးချက် တင်ပြီးတာနဲ့ ကျွန်တော်တို့ တန်းစီကော်မတီက ပဲနို့လာပေးတာ ”

ဖောက်သည်တွေက တစ်ယောက်ပြီးတစ်ယောက် ပြောလာကြသည်။

“ပြောရမယ်ဆိုရင် ဒီနားက ပဲနို့က တော်တော် အရသာကောင်းပြီး အစစ်အမှန်ပဲ ”

ဖောက်သည်တစ်ယောက်က ပဲနို့ကို လက်ခံပြီး ချက်ချင်း သောက်လိုက်သည်။

“ဟုတ် တယ် သူတို့လည်း သူဌေးယွမ် ဆီက လေ့လာပြီး အစစ်အမှန်ပစ္စည်းတွေကို သုံးကြတာ ထင်တယ် ”

နောက်ဖောက်သည်တစ်ယောက်ကမျက်စိမှိတ်ပြပြီး ပြုံးလိုက်သည်။

ယွမ်ကျိုးရဲ့ ကြော်ငြာဆောင်ပုဒ်တွေက မကြာခင်ပဲ လူအများဆီ ပျံ့နှံ့သွားသည်။

တချို့လူတွေကတော့ ထိုစာတွေကို ဓာတ်ပုံရိုက်ပြီး ဝီချက် ဒါမှမဟုတ်

ဘလော့ ပေါ်မှာ တင်ကြသည်။

မကြာခင်ပဲ ဖောက်သည်အားလုံး သိသွားကြသည်။

ယွမ်ကျိုးက အစာမစားခင် နာရီဝက်အတွင်း အချိုရည် မသောက်ဖို့ အကြံပေးထားတာကြောင့် လက်လုပ်အချိုရည်ရောင်းသူတွေကိုတော့ အထူးသက်ရောက်မှုမရှိခဲ့ပေ။

တကယ်သက်ရောက်သွားသည်က ယွမ်ကျိုးစားသောက်ဆိုင်ရှေ့မှာ ရှိတဲ့ အကြွေထည့်စက်ထဲမှ သောက်စရာများဖြစ်သည်။

မနက်စောစော ထပြီး အချိုရည်တွေကို တစ်ခါ ပြန်ဖြည့်ထားတဲ့ ခေါက်ဆွဲဆိုင်ရှင်၏ မိန်းမက စိတ်ရှုပ်သွားသည်။

“ဘာဖြစ်နေတာလဲ လူတွေ ဒီလောက်များပေမယ့် ဘာလို့ ငါ့အချိုရည်တွေ မဝယ်ကြတာလဲ”

သူမက ယွမ်ကျိုးစားသောက်ဆိုင်ရှေ့က လူအုပ်ကို မေးခွန်းထုတ်သလို ကြည့်နေမိသည်။

“ဘာဖြစ်တာလဲ ဘာလို့ လူတိုင်း လက်ထဲမှာ

ပဲနို့ခွက်တွေ ကိုင်ထားကြတာလဲ ”

မကြာခင်မှာပဲ သူမ သတိထားမိလိုက်သည်။

ဖောက်သည်တိုင်းရဲ့ လက်ထဲမှာ ပဲနို့တစ်ခွက်စီ ကိုင်ထားကြသည်။ ဒါက တကယ်ကို မဖြစ်နိုင်ဘူးဟု သူမ ထင်သွားသည်။

“ကံကောင်းတာက အစားမစားခင် နာရီဝက်အတွင်းပဲ အချိုရည် မသောက်ရလို့

နောက်တစ်ခါဆို အချိုရည်သောက်ပြီးမှ လာစားတော့မယ် ”

အချိုရည် သောက်ရခြင်းကို နှစ်သက်သည့် ဖောက်သည်တွေက ထိုသို့ဖြေရှင်းနည်းတစ်ခုကို ရှာတွေ့ခဲ့ကြသည်။

ဒါကတော့ ယွမ်ကျိုးရဲ့ နည်းလမ်းပဲ ဖြစ်သည်။

သူက လူတွေကို အချိုရည် လုံးဝ မသောက်တော့အောင် မလုပ်နိုင်ဘူးဆိုတာ သိသည်။

သို့သော် အနည်းဆုံးတော့ အစားမစားခင် နာရီဝက်အတွင်း မသောက်စေဖို့ လုပ်နိုင် မှာဖြစ်သည်။

ထိုအချိန်မှာတော့ ဆိုင်ရှင်အမျိုးသမီးမှာ ယွမ်ကျိုး၏လွှမ်းမိုးနိုင်စွမ်းမှာ မည်မျှ ကြီးမားကြောင်းကို အမှန်တကယ်ခံစားလာရပြီဖြစ်သည်။

တစ်နာရီအတွင်း အချိုရည်ပုလင်း ဆယ်ပုလင်းတောင် မရောင်းခဲ့ရပေ။

ယွမ်ကျိုး အပိုင်း (၄၈၃)

ပြီးပါပြီ။

ယွမ်ကျိုး အပိုင်း (၄၈၄)

အမှန်မှာ ယွမ်ကျိုး၏ ကြော်ငြာချက်မှာ အချိုရည်သောက်ရသည်ကို နှစ်သက်ပြီး ဆိုင်မှာလည်း အရသာရှိတာတွေကို စားချင်သည့် ဖောက်သည်များအပေါ် များစွာ သက်ရောက်မှု့မရှိခဲ့ပါ။

ထိုသူများက အချိုရည် အရင်သောက်ပြီးမှ ဆိုင်မှာ လာစားကြမှာဖြစ်သည်။

ရလဒ်အနေနှင့် သက်ရောက်မှု့အရှိဆုံးအရာမှာအနောက်တိုင်း၀တ်စုံနှင့်လူ၏ အကြွေထည့်စက်ထဲမှ သောက်စရာများပင်ဖြစ်သည်။

“ဘာဖြစ်တာလဲ မနက်ဘက်မှာ အချိုရည် မသောက်ကြတော့ဘူးလား ”

ဆိုင်ရှင်အမျိုးသမီးက စိတ်ထဲမှာ နည်းနည်း စိုးရိမ်လာသည်။

ဖောက်သည်တွေ တစ်ယောက်ပြီးတစ်ယောက် ထွက်သွားဖို့ ပြင်ဆင်နေကြတာကို မြင်လိုက်တော့ သူမက မိန်းကလေးတစ်ယောက်ဆီ သွားပြီး မေးလိုက်သည်။

“ညီမလေး မနက်ဘက် အချိုရည် မသောက်ဘူးလား ”

သူမရဲ့ လိမ္မာထက်မြက်တဲ့ မျက်နှာပေါ်မှာ အပြုံးများပြည့်လျက် မေးလိုက်သည်။

“အခုကစပြီး မသောက်တော့ဘူး သူဌေးယွမ် ရဲ့ အကြံကို လိုက်နာရမယ် ”

မိန်းကလေးက အလေးအနက် ပြောလိုက်သည်။

“အဲဒီစားသောက်ဆိုင်ပိုင်ရှင်က မသောက်ဖို့ ပြောတာလား ”

ဆိုင်ရှင်အမျိုးသမီးက ချက်ချင်း ပြန်မေးလိုက်သည်။

“ဟုတ်တယ် သူက ကျွန်မတို့ကို အရမ်း ဂရုစိုက်တာ”

မိန်းကလေးက ပြောပြီး ချက်ချင်း လှည့်ထွက်သွား သည်။

“သွားပါပြီ အဲဒီကောင်လေးက ဖောက်သည်တွေကို ဘာတွေ ပြောထားတာလဲ ”

ဆိုင်ရှင်အမျိုးသမီးက ယွမ်ကျိုးရဲ့ ဆိုင်ဘက်ကို စိုက်ကြည့်ပြီး ဒေါသအပြည့်ဖြင့် ရေရွတ်လိုက်သည်။

“ငါ သေချာ စုံစမ်းရမယ် ”

သူမက လွယ်လွယ်နှင့် လက်လျှော့မယ့် လူမျိုး မဟုတ်ပါ။

တစ်နာရီလောက်ပဲ ကြာခဲ့သော်လည်း

သူမက ဖောက်သည် သုံးယောက်ကို မေးမြန်းပြီးသွားပြီဖြစ်သည်။

သို့သော် အဖြေက တစ်မျိုးတည်းပင်။

ယွမ်ကျိုး၏' နွေးထွေးစွာသတိပေးချက်'ကြောင့်ပင်ဖြစ်သည်။

“ဒီကောင်လေးက ငါ့ငွေရတဲ့ လမ်းကို ပိတ်ချင်တာ‌လား”

ဆိုင်ရှင်အမျိုးသမီးက ဒေါသထွက်လာပြီး ထို ကြော်ငြာ ကို သွားကြည့်ဖို့ ဆုံးဖြတ်လိုက်သည်။

ကြော်ငြာ ထားတဲ့နေရာက အတော်လေးထင်ရှားသည့် ယွမ်ကျိုးဆိုင် တံခါးရှေ့တည့်တည့်မှာ ဖြစ်၍ အနီးကပ်တာနှင့် ချက်ချင်း မြင်လိုက်ရသည်။

စာတွေကို တစ်‌ကြောင်းပြီးတစ်ကြောင်း ဖတ်ပြီးနောက်မှာတော့ ဆိုင်ရှင်အမျိုးသမီးက စိတ်ထဲမှာ ရယ်လိုက်သည်။

“ဒါလား ငါကတော့ တစ်ခုခု ထင်ခဲ့တာ ”

သူမက ချက်ချင်း စိတ်အေးသွားသည်။

သူမအမြင်တွင် ယခုလို ကြော်ငြာစာက မည်သည့်အကျိုးမျှ ရှိမည်မဟုတ်။

အခုခေတ် လူငယ်များက တခြားသူများ၏ အကြံအတိုင်း မလိုက်နာကြပေ။

မိဘတွေ၏ စကားတောင် နားမထောင်သည်ကို ယခုလို စားသောက်ဆိုင်ပိုင်ရှင်တစ်ယောက် ပြောတာကို နားထောင်တဲ့လား။

“လူငယ်တွေက ဆုံးမတာကို မကြိုက်ဘူးဆိုတာ သူမသိဘူးထင်တယ် တကယ်ကို အပြစ်ကင်းတဲ့ ကောင်လေးပဲ ”

သူမက အေးစက်စွာ နှာခေါင်းရှုံ့ပြီး ပြန်သွားလိုက်သည်။

မနက်စာအချိန် ပြီးသွားပြီး မကြာခင်မှာပဲ

အနောက်တိုင်းဝတ်စုံနှင့်အဲဒီလူကအချိုရည်တွေ ပြည့်နေတဲ့ ဗန်ကား တစ်စီးကို မောင်းပြီး‌ ရောက်လာသည်။

“ဒါတွေက များလွန်း တယ် သိမ်းဖို့ နေရာမလုံလောက်ဘူး ”

ဗန် ထဲ ပြည့်နေသည့် အချိုရည်တွေကို ကြည့်ပြီး ဆိုင်ပိုင်ရှင်က စိတ်ရှုပ်သွားသည်။

“စားပွဲအောက်မှာ ထားလိုက်ပါ ဘာပဲဖြစ်ဖြစ် သိမ်းလို့ရပါတယ် ”

ဆိုင်ရှင်အမျိုးသမီးက မစိုးရိမ်သည့်အသံနဲ့ ပြောလိုက်သည်။

“ဟုတ်တယ် စားပွဲအောက်မှာ ထားလိုက်ရင် လိုတဲ့အချိန် လွယ်လွယ် ယူလို့ရမယ် ”

ထိုလူက ချက်ချင်း ထောက်ခံလိုက်သည်။

“တကယ်ပဲ မနေ့က တစ်နေ့လုံး အချိုရည်တွေ ရွှေ့ရတာနဲ့ ပင်ပန်းသွားတာပဲ ”

ဆိုင်ရှင်အမျိုးသမီးက ပြောရင်း မကျေနပ်သလို ပြောပေမယ့် မျက်နှာပေါ်မှာတော့ ဂုဏ်ယူတဲ့ အပြုံး ရှိနေသည်။

“ဟုတ်တယ် မနေ့က နေ့တစ်၀က်တောင် မရောက်သေးဘူး

အချိုရည် ၃၅ကတ်လောက် ရောင်းပြီးသား မဟုတ်လား ”

အနောက်တိုင်းဝတ်စုံနှင့်လူကလည်း ပျော်ရွှင်နေသည်။

“ဟုတ် တယ် ခဏကြာရင် ထပ်ပြီး ဖြည့်ရတော့မယ် ”

ဆိုင်ရှင်အမျိုးသမီးက ခေါင်းညိတ်လိုက်သည်။

“ဒီ ၆၅ ကတ် လောက်နဲ့ ညနေထိ ရောင်းဖို့ လုံလောက်မလား ”

အနောက်တိုင်းဝတ်စုံနှင့်လူက ပြုံးပြီး မေးလိုက်သည်။

“မသေချာဘူးနော် ”

ဆိုင်ရှင်အမျိုးသမီးကလည်း ပြုံးပြီး ပြန်ပြောလိုက်သည်။

သူတို့နှစ်ယောက်၏ အပြုံးတွေကတော့ အလွန် ဂုဏ်ယူနေတဲ့ အပြုံးတွေဖြစ်သည်။

“စားပွဲအောက်မှာ ထားလိုက်ရင် ဖောက်သည်တွေ ဘယ်လိုလာစားမလဲ ”

ဆိုင်ပိုင်ရှင်က အားမလိုအားမရ ပြောလိုက်သည်။

“ရှင်ရဲ့ ခေါက်ဆွဲကို စားမယ့် လူ ဘယ်လောက်များတယ်လို့ ထင်နေလဲ

အချိုရည်ရောင်းတာတောင် ခေါက်ဆွဲရောင်းတာထက် ပိုကောင်းနေပြီ ”

ဆိုင်ရှင်အမျိုးသမီးက ချက်ချင်း ပြန်တုန့်ပြန်လိုက်သည်။

“ကောင်းပြီ မင်းပဲ ဆုံးဖြတ်ပါ ”

သူ့ဇနီးက ထိုကဲ့သို့ ပြောလိုက်၍ ဆိုင်ရှင်က မတ‌တ်သာပဲ လက်ခံရတော့သည်။

“အကုန်လုံးကို အထဲ သယ်လာလိုက်"

လင်မယားနှစ်ယောက် စကားပြောနေစဉ်တွင် အနောက်တိုင်းဝတ်စုံနှင့်လူသည် အလုပ်သမားများကို ဦးဆောင်ပြီး အချိုရည်များကို ဆိုင်အတွင်းသို့ သယ်လာခဲ့သည်။

“ဒီလိုပါ ဒီအချိုရည်တွေကို စျေးကွက်ပေါက်ဈေးနဲ့ မင်းဝယ်လိုက်၊ အကြွေထည့်စက်ရဲ့ ကုန်ကျစရိတ်နဲ့ ပြုပြင်ထိန်းသိမ်းမှုကိုတော့ ငါ တာဝန်ယူမယ်၊ အချိုရည်ရောင်းဈေးကို မင်းကိုယ်တိုင် ဆုံးဖြတ်၊

ဒီမှာ ၆၅ကတ်ရဲ့ စုစုပေါင်းကုန်ကျစရိတ်ပါ”

အနောက်တိုင်းဝတ်စုံနှင့်လူသည်ဂဏန်းပေါင်းစက် ထုတ်ကာ စုစုပေါင်းငွေကို တွက်ချက်ပြီး ဆိုင်ရှင်အမျိုးသမီးထံ ပေးခဲ့သည်။

“ပြဿနာမရှိပါဘူး”

ဆိုင်ရှင်အမျိုးသမီးသည် ထပ်မံတွက်ချက်ကြည့်ပြီး ငွေပမာဏကို အတည်ပြုပြီးနောက် ချက်ချင်း သဘောတူလိုက်သည်။

ပုံမှန်အားဖြင့် အအေးကတ် တစ်ခုတွင် ပုလင်း ၁၂ ပုလင်း ပါဝင်ပြီး ဝယ်သူကို အပိုပုလင်း ၅ ပုလင်းလောက် ထပ်ပေးတတ်သည်။

မဟုတ်ရင် ၂.၅ ယွမ်နဲ့ ဝယ်ပြီး ၃ ယွမ်နဲ့ ပြန်ရောင်းတတ်သည်။

သို့သော် ဒီတစ်ခါမှာတော့ ဆိုင်ရှင်အမျိုးသမီးက စျေးကွက်ပေါက်ဈေးအတိုင်းပဲ ဝယ်ခဲ့သည်။

အကြောင်းကတော့ ဒီနေရာက‌ ဈေးရောင်းကောင်းလွန်း၍ ဖြစ်သည်။

ထို့နောက် ကျန်ရှိသည့် အမြတ်များကိုတော့ အနောက်တိုင်းဝတ်စုံနှင့်လူက ရယူမည်ဖြစ်သည်။

ထို အမျိုးသမီး သူ ယခင်က ယွမ်ကျိုးဆိုင်အနားမှာ အကြွေထည့်စက်ထားဖို့ အားထုတ်ခဲ့သည့်အကြောင်းရင်းဖြစ်သည်။

လူတိုင်းကတော့ ငွေရှာနိုင်တဲ့ အခွင့်အရေးကို မလွယ်လွယ် လက်မလွှတ်တတ်ကြပေ။

မနေ့က နေ့တစ်ဝက်အတွင်း ရောင်းအားကို ကြည့်လိုက်ရုံနဲ့တင် အံ့ဩစရာကောင်းလောက်အောင် များနေကြောင်း သိနိုင်သည်။

ထို့အပြင် ရာသီဥတုအေးချိန်တွင် ရောင်းခဲ့ရခြင်း ဖြစ်သည်။

ပူသည့်နေ့များတွင် အချိုရည် ရောင်းအား ပိုမိုများနိုင်ခြေရှိသည်။

အကြွေထည့်စက်မှာ ရောင်းသည့်အရာတွေက စတိုးဆိုင်တွေထက် စျေးပိုမြင့်တာ သာမန်ပင်။

စတိုးဆိုင်များတွင် ဈေးတင်ပြီးရောင်း၍ မရပေ။

အကြောင်းက အကြွေထည့်စက်ကို နည်းပညာမြင့် စက်ပစ္စည်းဟု လူတွေ မြင်ကြ၍ဖြစ်သည်။

နှစ်ဖက်စလုံး သဘောတူညီမှုကို ပျော်ရွှင်စွာ ပြုလုပ်ပြီးနောက် အနောက်တိုင်းဝတ်စုံနှင့်လူက အကြွေထည့်စက်ကို သွားကြည့်ဖို့ အကြံပြုလိုက်သည်။

“သွားကြည့်ကြရအောင် ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့က တစ်ခြားသူရဲ့ အခွင့်အရေးကို ယူထားတာပဲ၊ဆိုတော့ သူ့လုပ်ငန်းကို သက်ရောက်မှု ရှိမရှိ သိချင်တယ်ဗျာ”

အနောက်တိုင်းဝတ်စုံနှင့်လူက‌ ပျော်ရွှင်သည့်ဟန်ပန်ဖြင့် ပြောလိုက်သည်။

“ဟုတ်တယ်အချိုရည်တွေ ထပ်ဖြည့်ရမလားလည်း ကြည့်ရအောင်”

ဆိုင်ရှင်အမျိုးသမီးက ယွမ်ကျိုးရဲ့အခြေအနေကို ကြည့်ချင်၍ ပြောလိုက်သည်။

“ဟုတ်တယ် သွားကြမယ်”

အနောက်တိုင်းဝတ်စုံနှင့်လူက ခေါင်းညိတ်လိုက်သည်။

“တက် တက် တက်”

နှစ်ယောက်လုံး အကြွေထည့်စက်ရှိရာသို့ နှစ်မိနစ်တောင် မကြာဘဲ လျှောက်သွားကြသည်။

သို့သော် ကြည့်လိုက်သောအခါ အချိုရည်များ အများကြီး ကျန်ရှိနေသေးသည်ကို တွေ့လိုက်ရသည်။

“ဘာလို့ အချိုရည်တွေ ဒီလောက် မရောင်းရသေးတာလဲ”

ဆိုင်ရှင်အမျိုးသမီးက တိတ်တဆိတ်မျက်မှောင်ကြုပ်ကာ ပြောလိုက်သည်။

“အခုထိ နေ့လယ်စာအချိန် မရောက်သေးဘူးဝယ်သူနည်းတာ ပုံမှန်ပါပဲ

ပြီးတော့ မင်းရဲ့ဈေးက တခြားဆိုင်တွေထက် ပိုမြင့်နေတယ်

လမ်းသွားလမ်းလာတွေကတော့ အဲ့ဒီဘက်က စတိုးဆိုင်မှာ ဝယ်ကြမှာပဲ”

အနောက်တိုင်းဝတ်စုံနှင့်လူက ဈေးနှုန်း နှစ်ဆနီးပါး ဖြစ်နေကြောင်း မြင်လိုက်တာနဲ့ ချက်ချင်း အကြောင်းရင်းကို သိလိုက်သည်။

“ဟုတ်တယ်နော် တန်းစီနေတဲ့ ဖောက်သည်တွေ မလာသေးဘူး”

ဆိုင်ရှင်အမျိုးသမီးက ခေါင်းညိတ်လိုက်သည်။

“ဒါကြောင့် မစိုးရိမ်ပါနဲ့”

အနောက်တိုင်းဝတ်စုံနှင့်လူက နှစ်သိမ့်သလို ပြောလိုက်သည်။

“မစိုးရိမ်ပါဘူး မနေ့က ရောင်းအားကို ကြည့်လိုက်ရင် သိသာနေပြီ”

ဆိုင်ရှင်အမျိုးသမီးက ဂုဏ်ယူသလို ပြောလိုက်သည်။

“အင်း အဲ့ဒါ ဘာလဲ”

အနောက်တိုင်းဝတ်စုံနှင့်လူက ယွမ်ကျိုးဆိုင်ရှေ့မှာ ရောင်စုံအလင်းများ တောက်ပနေသော ဘုတ်ပြား ကို လက်ညှိုးထိုးပြပြီး မေးလိုက်သည်။

“အဲဒါလား အချိုရည် မသောက်ဖို့ကြော်ငြာထားတာတဲ့လေ"

ဆိုင်ရှင်အမျိုးသမီးက ပြောပြီး ထိုစာထဲမှာ ဘာတွေ ရေးထားသည်ကို အသေးစိတ် ရှင်းပြလိုက်သည်။

တစ်ချိန်တည်းမှာပဲ သူမရဲ့ ကိုယ်ပိုင်အမြင်ကိုလည်း ထည့်ပြောရန် မမေ့ခဲ့ပါ။

“ဟားဟား ဒီလို မိုက်မဲတဲ့ နည်းလမ်းကို စဉ်းစားရတာပဲလား

တကယ်ကို ရယ်စရာပဲ

အချိုရည် မသောက်ရဘူးလို့ မင်းပြောလိုက်တာနဲ့ လူတွေ လိုက်နာမယ်လို့ ထင်နေတာလား

မင်းရဲ့ ဆိုင်လုပ်ငန်းကျသွားရင်လည်း ငါတို့လုပ်ငန်းကို မထိခိုက်စေနဲ့ပေါ့”

အနောက်တိုင်းဝတ်စုံနှင့်လူက ယွမ်ကျိုးကို အလွန် မထီမဲ့မြင် အမြင်ဖြင့် ကြည့်ကာ ရယ်မောလိုက်သည်။

ယွမ်ကျိုးကတော့ ထိုအချိန်တွင် ပန်းပုလုပ်နေဆဲ ဖြစ်သည်။

“ဒီစက်က မင်းတို့ရဲ့ ဟာလား”

ရုတ်တရက် ဝူဟိုင်း သည် လှေကားပေါ်မှ ဆင်းလာပြီး မေးလိုက်သည်။

“ဟုတ်ပါတယ်ကြိုက်တဲ့ဟာကို ရွေးပြီး ငွေပေထည့်လိုက်ရင် ယူသွားလို့ရပါတယ်”

ဆိုင်ရှင်အမျိုးသမီးက ချက်ချင်း ပျော်ရွှင်စွာ ကြိုဆိုလိုက်သည်။

သူမက ဝူဟိုင်းကို ချမ်းသာသည် ထင်သဖြင့်ယဉ်ကျေးစွာ ပြောလိုက်သည်။

"ခင်ဗျားပြောတာ ဒီကြော်ငြာက ဘာမှမဟုတ်ဘူးပေါ့လေ"

ဝူဟိုင်းက အမျိုးသမီးကို မကြည့်ဘဲ အနောက်တိုင်း၀တ်စုံနှင့်လူကိုသာ ကြည့်ပြီးမေးလိုက်သည်။

"အင်းလေ အဲ့သူဌေးက အမြင်မရှိတာဗျာ ဘယ်သူက သူ့အကြံကို လက်ခံမှာလဲ"

ထိူလူက ပမာမခန့်ပြောလိုက်သည်။

"ဟာ ဒါဆိူ နေ့လည်ထိစောင့်ဦး ပျော်စရာလေးပွဲ‌လေးတွေကြည့်သွား ဦးပေါ့ဗျာ"

ဝူဟိုင်းက နှုတ်ခမ်းမွှေးသပ်ရင်း ဆိုလိုက်သည်။

"ဘာပျော်စရာပွဲလဲဗျ"

"အဲ့ပွဲနာမည်က သူဌေးယွမ်ကို အခွင့်ကောင်းယူလို့်မရဘူး'လို့ ခေါ်တယ်ဗျ"

"မှန်တာပေါ့ကွာ"

လှေကား ကနေ အခုမှဆင်းလာသည့် လင်းဟုန်က ခေါင်းငြိမ့်ပြီး ထောက်ခံလိုက်သည်။

ယွမ်ကျိုး အပိုင်း (၄၈၄)

ပြီးပါပြီ။

All Chapters