အခန်း (၄၈၇-၄၈၈)
Vol. 39 Ch. 487-488
ယွမ်ကျိုး အပိုင်း (၄၈၇)
ငါးဟင်းပွဲ ပွဲတော်အတွက် ဟင်းပွဲ စုစုပေါင်း ၁၀ မျိုး ရှိသည်။ ဟင်း ၉ မျိုးနှင့် စုစုပေါင်းဟင်းချို ၁ ခွက် ပါဝင်ပြီး အားလုံးကို အလယ်အလတ်အဆင့်စားဖိုမှူးဆုမှ ရရှိထားခြင်း ဖြစ်သည်။
“ငါးဟင်းချိုတစ်အိုးပဲ ချက်လိုက်ရင် ကောင်းမယ်
ပြီးရင် ဟင်းချိုကို ခွက်တစ်ဝက်လောက် 'ကြက်ပြုတ်ရည်' အတွက် ချန်ထားလို့ရတယ်” ယွမ်ကျိုးက ငါးကို ဖမ်းနေစဉ် ချက်မည့် ဟင်းပွဲကို ဆုံးဖြတ်လိုက်သည်။
တစ်ယောက်တည်း စားသောအခါ ယွမ်ကျိုးက အစားအစာကို အတော်လေး အလွယ်တကူ ပြင်ဆင်တတ်သည်။
“တောထဲမှာ သဘာဝအတိုင်း ကြီးလာတဲ့' ပလီရိုတို့စ် ဖယ်ရူလေး' က အရသာ ထူးခြားတယ်” ယွမ်ကျိုးက မှိုတချို့ကို တူဖြင့် ကောက်ပြီး တိုက်ရိုက် စားလိုက်သည်။
ဟုတ်ပါသည်။ ယွမ်ကျိုး စားနေသော ဟင်းမှာ
ပလီရိုတို့စ် ဖယ်ရူလေးမှို နှင့် ငါးစွပ်ပြုတ် ဖြစ်ပြီး သုံးထားသော မှိုကလည်း တောထဲမှသဘာဝအတိုင်း လတ်လတ်ဆတ်ဆတ်ရလာသည့်မှိုမျိုး ဖြစ်သည်။
ပလီရိုတို့စ် ဖယ်ရူလေး ဆိုသည်မှာ
၎င်းသည် ဖယ်ရူလေး အပင်၏ အမြစ်ပေါ်တွင် ကြီးထွားလာသော မှိုတစ်မျိုး ဖြစ်ပြီး ထို ဖယ်ရူလေး အပင်ကို တရုတ်ဆေးဘက်ဆိုင်ရာတွင် အလွန်တန်ဖိုးကြီးသော ဆေးဖက်ဝင်ပစ္စည်းအဖြစ် အသုံးပြုကြသည်။
အပင်၏အမြစ်က ဗိုက်အဆီ လျော့စေခြင်း၊အစာစားချင်စိတ် တိုးစေခြင်း၊အစာချေစနစ် ကောင်းစေခြင်း၊ အဆစ်အမြစ်နာကျင်မှု ကုသရာတွင် အသုံးဝင်ခြင်း၊ အချို့သော ကင်ဆာဆဲလ် ကြီးထွားမှုကို ထိန်းနိုင်ခြင်းစတဲ့အကျိုးကျေးဇူးများ ရှိသည်။
ထို့အပြင် ပလီရိုတို့စ် ဖယ်ရူလေး မှိုသည်
အနောက်ဘက် ထျန်ရှန် တောင်တန်းဒေသတွင် “ဘုရားမှို” လို့တောင် ခေါ်ကြပြီး “အနောက်ဘက် ဒေသမှ အဖြူရောင်ဂါနိုဒါးမား လူဇီဒန်” ဟုလည်း ခေါ်ကြသည်။
သို့သော် အလွန်အကျွံ ထုတ်ယူခြင်းနှင့် တိရစ္ဆာန်များကြောင့်ထိခိုက်ခြင်းများက သဘာဝမှိုများကို နှစ်တိုင်း လျော့နည်းလာ စေသည်။
ယနေ့ဈေးကွက်ထဲမှာ ရောင်းနေသော ပလီရိုတို့စ် ဖယ်ရူလေး အများစုက လူလုပ်စိုက်ပျိုးထားသောမျိုးစေ့များ ဖြစ်ပြီးသဘာဝအတိုင်းမှိုများလောက် အရသာနှင့် အနံ့ မကောင်းပါ။
“စနစ် ပေးတဲ့ ပစ္စည်းဆိုတော့ တကယ် အကောင်းဆုံး အရည်အသွေး ပဲ”
ယွမ်ကျိုးက ငါးဟင်းချို တစ်ငုံ သောက်ပြီး သက်ပြင်းချလိုက်သည်။
ထိုအချိန်တွင် သူ အရေးကြီးသော အရာတစ်ခုကို သတိရလာသည်။သူမရသေးသော ဆုတစ်ခု ရှိနေသေးသည်။
“ငါ့ရဲ့ OCD (အရာအားလုံး စနစ်တကျ ဖြစ်မှ စိတ်ချရတဲ့ စိတ်ရောဂါ) က ငါထင်ထားတာလောက် မပြင်းဘူးထင်တယ်”
ယွမ်ကျိုးက ကိုယ်ကိုယ်ကို ချီးကျူးသလို ပြောလိုက်သည်။
ကံကောင်းတာက အနားမှာ လူမရှိတာ မဟုတ်ရင် သူ့ကို လူတွေ ရယ်မောကြလိမ့်မည်။
အဘယ့်ကြောင့်ဆိုသော် ယွမ်ကျိုး၏ OCD က အရမ်း ပြင်းထန်သည့်အတွက် ပန်းချီကားတစ်ခု နေရာတကျထားရန် လှေကားတောင် တည်ဆောက်ခဲ့ဖူးသည်။
“စနစ်၊ ငါ မရသေးတဲ့ အထူးဆု တစ်ခု ရှိနေသေးတယ် မဟုတ်လား”
ယွမ်ကျိုးက မေးလိုက်သည်။
စနစ် က ပြန်ပြသည်။
“ဟုတ်ပါတယ်”
“ဒါဆို အခု ယူချင်တယ်” ယွမ်ကျိုးက တိုက်ရိုက် ပြောသည်။
စနစ် က ပြန်ပြသည် ။
“ပိုင်ရှင်, ဆုကိုကံစမ်းမဲနှိုက်ပြီး ကိုယ်တိုင် ရယူပါ”
“ကံစမ်းမဲ ပြန်လှည့်ရမယ်လား ခဏစောင့်”
ယွမ်ကျိုးက ပြောပြီး ကျန်ရှိသော ငါးဟင်းချိုကို တစ်လုတ်တည်း သောက်လိုက်သည်။
ထို့နောက် လက်ကို သေချာ သုတ်ပြီး ဆေးကြောပြီးမှ ကံစမ်းမဲ လှည့်ရန် ပြင်ဆင်လိုက်သည်။
“အထူးဆု ကို ဘယ်နှစ်ခါ လှည့်လို့ရမလဲ”
ယွမ်ကျိုးက မေးသည်။
စနစ်ကပြသည်။
“တစ်ကြိမ်”
“အထူးဆု တစ်ခုအတွက် တစ်ကြိမ်ပဲလား၊စနစ်က တကယ် ကပ်စေးနှဲတယ်”
ယွမ်ကျိုးက မကျေနပ်သလို ပြောသည်။
“ဒါဆို ကံစမ်းမဲ မလှည့်ခင် အနည်းငယ် ပြင်ဆင်ရမယ်”
သူ အလေးအနက် စဉ်းစားလိုက်သည်။
သူက အံဆွဲကို ဖွင့်ပြီး ၁၀၀ ယွမ် ငွေစက္ကူနီများကို ထုတ်ယူကာ လက်ထဲမှာ ခဏ ကိုင်ထားသည်။
တစ်ချိန်တည်းမှာ တစ်ခုခုကို ခပ်တိုးတိုးရေရွတ်နေသည်။
ခဏကြာပြီးမှ ပြန်ထားလိုက်သည်။
“ကောင်းပြီ စကြရအောင်”
ယွမ်ကျိုး ပြောပြီးနောက် သူ့စိတ်ထဲတွင် ကံစမ်းမဲ လှည့်စက် တစ်ခု ပေါ်လာသည်။
အရင်လိုပဲ လှည့်စက်ပေါ်တွင် ဆုအမျိုးမျိုး ရေးထားသည်။
ဥပမာအနေဖြင့်နို့လက်ဖက်ရည် အမျိုးအစား ၁၀၀၊ဖျော်ရည်အမျိုးပေါင်း၁၀၀၀စတဲ့ ဆုကြီးများက အကွက်တစ်ကွက်ထဲတွင် စုပေါင်းပါ၀င်သည်။
ထို့အပြင် တွင်းထွက်ရေသန့်၊လီမွန်ဖျော်ရည်၊
ပန်းသီးဖျော်ရည်စတဲ့ သောက်စရာများလည်း တစ်ကွက်စီ ရှိနေသည်။
“ဒါဆို အထူးဆု တွေက အကုန် သောက်စရာတွေ ပဲလား”
ယွမ်ကျိုးက အံ့ဩပြီး မေးလိုက်သည်။
စနစ်က
“ဟုတ်ပါတယ်”
“နို့လက်ဖက်ရည်အမျိုး ၁၀၀ သာ ပေါက်ရင် ငါ နို့လက်ဖက်ရည်ဆိုင် တောင် ဖွင့်လို့ရပြီ”
ယွမ်ကျိုးက စနစ်ကို လှောင်ပြောင်သလို ပြောလိုက်သည်။
စနစ် က ပြန်မဖြေပါ။
ကံကောင်းတာက ယွမ်ကျိုးက ဒီလိုအရာကို အလေ့အကျင့်ရှိပြီး ဖြစ်သည်။
ထို့ကြောင့် သူက ကံစမ်းမဲစက်ဝိုင်း ကို ဆက်ကြည့်နေခဲ့သည်။
“စနစ်၊ ငါ့ရဲ့သောက်စရာ ကံစမ်းမဲတွေထဲမှာ တွင်းထွက်ရေ က ဘာလို့ပါလာတာလဲ”
ယွမ်ကျိုးက ထူးဆန်းနေ၍ မေးလိုက်သည်။ ထိုရေက ရေသန့်ဖြစ်၍ အဘယ့်ကြောင့် ထည့်တွက်ရသနည်း။
စနစ်က ပြောပြသည်။
“ဒီတွင်းထွက်ရေသန့်က နွေဦးစမ်းရေဖြစ်ပါတယ်၊အဲ့ရေက မကုသနိုင်တဲ့ရောဂါတွေကိုပါ ပျောက်စေနိုင်တဲ့လို့ အဆိုရှိပါတယ်၊ထူးခြားတဲ့အကျိုးအာနိသင်ရှိပါတယ်"
“ဟုတ်လို့လား”
ယွမ်ကျိုးက သံသယရှိစွာ မေးလိုက်သည်။
စနစ်က မည်သည့်အချိန်ကမှ "အဆိုရှိသည်"မသေချာသည်များကို မပြောဖူးပါ၊ ဆိုလိုသည်က ဒဏ္ဍာရီတစ်ခုရှိခဲ့ခြင်း ဖြစ်နိုင်သည်။ထိုသို့ဆိုလျှင် အနာဂတ်တွင် သူ့၏စားသောက်ဆိုင်က ဆေးကုသခန်းဖြစ်လာမည်လား။
“နွေဦးစမ်းရေ မဟုတ်လား
လူအများကြီးက အဲဒီမှာ ရေချိုးရေသောက်ဖို့ နှစ်တိုင်းသွားကြတယ်"
အမှန်ဆိုရင် ထိုရေသည် ရေချိုးရေတစ်မျိုးသာ ဖြစ်နိုင်သည်။
စနစ်က ပြန်ပြောသည် ။
“မမှားပါဘူး”
“ဒါဆို အဲဒီက ရေချိုးရေမလား”
ယွမ်ကျိုး မကျေနပ်စွာ မျက်လုံးလှိမ့်ပြီး ပြောလိုက်သည်။
စနစ် က
“စနစ်ကပစွည်းမှာ အသုံးမပြုရသေးသော ရေဖြစ်သည်”
“အဲ့ဒါက ရေချိုးရေလို အရသာလား”
ယွမ်ကျိုးက စိတ်မဝင်စားဘဲ ပြောလိုက်သည်။ သူက ထိုရေကို လိုချင်မနေတော့ပေ။
စနစ်က
“ဒီရေက အဆင့်မြင့် ထိပ်တန်းအရည်အသွေး အကျိုးရှိပါတယ်”
ပြောသည်။
“ကင်ဆာ ကုသနိုင်လား
ပြတ်သွားတဲ့လက်တစ်ဖက် ပြန်ပေါက်လာနိုင်တာလား”
ယွမ်ကျိုး စိတ်ဝင်စားလာသည်။
စနစ်က
“မဟုတ်ပါဘူး၊
ဒီရေက အာဟာရစွမ်းအင်အပြည့်နဲ့အန္တရာယ်ကင်းပြီး ရောဂါအချို့ကို ပျောက်သွားအောင် အနည်းငယ် ကူညီနိုင်ပါတယ်" ပြောသည်။
“နားလည်ပြီ”
ယွမ်ကျိုး ပြောလိုက်သည်။
ရောဂါများကို မပျောက်ကင်းစေလျှင်ထို ရေထက် လေ့ကျင့်ခန်းလုပ်သည်ကပင် ပိုအကျိုးရှိပေလိမ့်မည်။
“ထိပ်တန်းဆု က ဘာလဲ"
ယွမ်ကျိုး လက်နားက ညွှန်တံ ကို ချိန်ကြည့်ပြီး မေးလိုက်သည်။
စနစ်က
“ဆုရရှိရင် သိရမှာပါ"
“ဟားဟား ငါ့ကို ကလေးများမှတ်နေလား
အဲဒီနေရာက အရမ်းခက်ခဲဆုံးနေရာလေ"
ယွမ်ကျိုး ကထေ့ငေါ့လိုက်သည်။
ယွမ်ကျိုး ပြောလိုက်သည့်နေရာမှာ လက်နားက ညွှန်တံဖြစ်ပြီး ဖြစ်နိုင်ချေ အရ ညွှန်တံက ထိုနေရာမှာ ရပ်တန့်နိုင်မှု နည်းပါးသည်။
“ဘာပဲဖြစ်ဖြစ်လေ ဘာဆုရရ ကောင်းပါတယ်၊စားပြီးတဲ့နောက်သောက်ဖို့က ဖရဲသီးဖျော်ရည်ကလွဲလို့ မရှိသေးဘူးလေ"
“အသက်ရှူ”
ယွမ်ကျိုး နက်ရှိုင်းစွာရှူထွက်ပြီး ကံစမ်းမဲလှည့်ရန် စတင်လိုက်သည်။
ယွမ်ကျိုးကစိတ်ထဲတွင် ကံစမ်းမဲ လှည့်နေသော်လည်း လက်ထဲတွင် ငွေများကိုင်ထားသည်။ အမှန်မှာ လက်နှစ်ဖက်က အားနေ၍သာဖြစ်သည်။
“စတင်မယ်”
ယွမ်ကျိုး ချက်ချင်း ပြောလိုက်သည်။
ထို့နောက် ကံစမ်းမဲ က စတင်လှည့်နေပြီး ယွမ်ကျိုး မျက်စိပိတ်ကာ သတိတကြီးဖြင့် ရပ်တန့်သွားဖို့ စောင့်နေသည်။
“"တင်"
“ဝိုး" မျက်စိဖွင့်လိုက်သည်နှင့်မယုံနိုင်ဖွယ်ရာပင်။
သူက ထိပ်တန်းဆုကို ရခဲ့ပြီဖြစ်သည်။
“အဲဒီဆုက ဘာလဲ”
ယွမ်ကျိုး ပျော်ရွှင်စွာ မေးလိုက်သည်။
စနစ် က
“ပိုင်ရှင်အနေနဲ့ နောက်ထပ် ကံစမ်းမဲ ၃ ကြိမ် ထပ်မံလှည့်နိုင်ပါတယ်”
“အဲဒီလို ဆုလဲ ရနိုင်တာလား”
ယွမ်ကျိုးက တစ်ခဏလောက် တွေဝေသွားပြီးမှ ပျော်ရွှင်စွာပြန်မေးလိုက်သည်။
ဆုများဖြင့်ပြည့်နေသည့် ကံစမ်းပွဲစက်ဝိုင်းကိုကြည့်ရင်း ယွမ်ကျိုး ပိုပြီး စိတ်ကျေနပ်လာသည်။
မူလက ဆုတစ်ခုသာ ရနိုင်သော်လည်း ယခု ၃ ခု ရနိုင်တော့မည်ဖြစ်ရာ အလွန်အမင်း ကောင်းမွန်လှပေသည်။
“တစ်ကယ်လို့ နောက်ထပ်ထိပ်တန်းဆုရ ရင် ဘာလုပ်ရမလဲ”
ယွမ်ကျိုးက မည့်သည့်အမူအရာမှ မဖော်ပြသော်လည်း စိတ်တွင်းမှာမူ ပူပန်နေသည်။
စနစ်က
“ထိပ်တန်းဆုက တစ်ကြိမ်မှာ တစ်ခါပဲရမှာပါ စိတ်မပူပါနဲ့ ပိုင်ရှင်"
“အဟမ်း အင်းလေ ဆုကြီးတွေပဲ ရတယ်ဆိုတာကလဲ သိပ်တော့မဟုတ်သေးဘူးလေ"
ယွမ်ကျိုးက အရှက်ရမှု့ကို ဖုံးကွယ်ရန်ချောင်းဆိုးပြီး ကံစမ်းမဲ လှည့်ရန် ပြင်လိုက်သည်။
သူ့ကံစမ်းမဲနှိုက်ပြီးနောက် ယွမ်ကျိူးက ခါတိုင်းလို မျက်လုံးမှိတ်ကာ စောင့်နေလိုက်သည်။ခဏကြာပြီးနောက် အချက်ပေးသံ၃ကြိမ် ကြားလိုက်ရသည်။
“တင် တင် တင်"
"ဘာလဲဟ ငါဘယ်တုန်းက တစ်ခါတည်း ၃ကြိမ်လှည့်မိသွားတာလဲကွ"
ယွမ်ကျိုးက တော်တော်လေး ပဟေဠိဖြစ်သွားသည်။
"စနစ်ကို အခွင့်ကောင်းယူဖို့က ခက်ခဲလိုက်တာ"
ယွမ်ကျိုးက နဖူးကိုပွတ်ရင်း ငြီးငြူလိုက်သည်။
သို့သော်လည်း သူ့စိတ်ထဲတွင် အတော်လေး ကျေနပ်နေမိသည်။ထိုဆုတွေက မျှော်လင့်ထားသည်ထက်ပင် ကျော်လွန်နေသည်။
ယွမ်ကျိုး အပိုင်း (၄၈၇)
ပြီးပါပြီ။
ယွမ်ကျိုး အပိုင်း (၄၈၈)
“ဒီဆုတွေက တကယ်ကို အသုံးဝင်တဲ့ ဆု ၃ ခုပဲ၊ငါ့က လူကောင်းဆိုတော့ ကံကောင်းတာပေါ့"
ယွမ်ကျိုးက အလွန်စိတ်ကျေနပ်စွာ ပြောလိုက်သည်။
ယွမ်ကျိုး၏ဆု၃ခုတွင်ပထမဆု က လီမွန်ဖျော်ရည် ဖြစ်ပြီး နာမည်ကြည့်သည်နှင့် လွယ်လွယ်ကူကူ သိနိုင်သည်။
ဒုတိယဆုမှာ တရုတ်ဆီးသီးခြောက်နှင့်အစေ့အဆန်များပါ၀င်သည့်ဆေးဖက်၀င်လက်ဖက်ရည် ဖြစ်ပြီး လက်ရှိရာသီဥတုနဲ့ အလွန်ကို ကိုက်ညီသည်။
အထူးသဖြင့် မိန်းကလေးတွေ အတွက် သင့်တော်သည်။
သို့သော် ထိုဆုအတွက် အထူးမှတ်ချက်တစ်ခုရှိသည် လက်ဖက်ခြောက်မပါ။
“တခြားဆေးဖက်၀င်လက်ဖက်ရည် တွေဆိုရင် လက်ဖက်ခြောက် ပါတယ်မဟုတ်ဘူးလား”
ယွမ်ကျိုးက စိတ်ဝင်စားစွာ မေးလိုက်သည်။
စနစ် ပြန်ပြောသည်။
“စနစ်က ပေးတဲ့ အမျိုးအစားမှာ လက်ဖက်ခြောက် မပါပါဘူး”
“ကောင်းပါပြီ မင်းပဲအမှန်ဆုံး”
ယွမ်ကျိုးက ခပ်ပေါ့ပေါ့ ပြောလိုက်သည်။
သို့သော် ယွမ်ကျိုး ထိုကိစ္စကို ဆက်မပြောချင်တော့ပေ။
အကြောင်းက နောက်ဆုံးဆုက သူ့ကိုအံဩသည်ထက်ပိုအောင် လုပ်နိူင်ခဲ့၍ဖြစ်သည်။
လုံကျင်းလက်ဖက်ရည် ၊အတိအကျဆိုရလျှင် ချင်းမင်းခေတ်ဦးပိုင်းမှ လုံကျင်းလက်ဖက်ရည် ဖြစ်ပြီး ရတနာကဲ့သို့တန်ဖိုးကြီးတဲ့လက်ဖက်ရည် ဖြစ်သည်။
“ငါ့ရဲ့ ကြက်ဥခွံကြွေခွက်လေး တွေ အခုတော့ အသုံးဝင်လာပြီထင်တယ်"
ယွမ်ကျိုး စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။
အမှန်တကယ်တော့ ယွမ်ကျိုး ဒီ ကြွေထည်လက်ဖက်ရည်ခွက်ကို ဟိုးအရင်ကတည်းက ဆုအဖြစ် ရရှိထားခဲ့ပြီး တစ်ခါမှ ထုတ်မသုံးခဲ့ဖူး ပေ။အကြောင်းမှာ လိုက်ဖက်တဲ့ လက်ဖက်ရည် မရှိသောကြောင့် ဖြစ်သည်။
အနက်ရောင်ကီမန်းလက်ဖက်ရည်ကို သုံးဖို့ စဉ်းစားခဲ့ဖူးသော်လည်း သူ့ဧ။်လက်ဖက်ရည်ဖျော်စပ်သည့်ပညာက သာမာန်ဖြစ်နေသည်။ လက်ဖက်ရည်ကို စနစ်ကျကျဖျော်စပ်တတ်ရန်ကလည်း အချိန်အများကြီး အားစိုက်ထုတ်ရန်လိုအပ်လေသည်။သို့သော် ဒီတစ်ခေါက်တွင် အနည်းငယ်ကွာခြားသည်။
စနစ်ရဲ့ ဆုထဲမှာ ရေ၊လက်ဖက်ရွက်၊လက်ဖက်ရည်ပြုလုပ်နည်း ပညာစသဖြင့်အားလုံး ပါဝင်သည်။
လက်ဖက်ရည်အိုးနှင့်လက်ဖက်ရည်ခွက်ကလွဲ၍ အားလုံးပြည့်စုံနေသည်။
အမှန်မှာ ကြက်ဥခွံပုံစံပါးလွှာသောကြွေထည်လက်ဖက်ရည်ခွက်များနှင့် တွဲဖက်နိုင်ရန် ထိုဆုကိုပေးထားခြင်းဖြစ်ပေသည်။
"ဆုလက်ခံမယ် အရင်ဆုံး ချင်းမင်းခေတ်ဦးပိုင်း လုံကျင်းလက်ဖက်ရည် ကို ယူလိုက်မယ်” ယွမ်ကျိုးက စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။
သူ အရင်ကတည်းက ကြားဖူးသည်။
ဒီလက်ဖက်ရည်က ရွှေနှင့်တန်းတူတန်ဖိုးရှိသည်။
စနစ်က ပြောသည်။
“ဆုကို ထုတ်ပေးပြီးပါပြီ ဆုလက်ခံလို့ရပါတယ်”
“လက်ခံမယ်” ယွမ်ကျိုး ပြောပြီး လက်ဖက်ရည်ဖျော်စပ်ခြင်းပညာ ကို အရင်လေ့လာလိုက်သည်။
ထိုပညာရပ် က ရိုးရှင်းပြီး လှပသည်။ လှုပ်ရှားမှုတွေက တိမ်လွှာလို လွင့်မျောပြီး ရေစီးလို ချောမွေ့ နေသည်။
“ဝတ္ထုတွေထဲမှာမင်းသမီး တွေကိုမင်းသား အတွက် လက်ဖက်ရည် ဖျော်စပ်ခိုင်းတာ ဘာကြောင့်လဲဆိုတာ အခုတော့ နားလည်ပြီ”
ယွမ်ကျိုးက ခုံပေါ်ထိုင်ပြီး စဉ်းစားကာ ပြောလိုက်သည်။
“ဒီ လှုပ်ရှားမှု့ တွေ ကိုယ်ဟန် တွေက အရမ်း ပြည့်စုံလွန်းတယ်
မိန်းကလေးတွေကို ဆွဲဆောင်ဖို့ အကောင်းဆုံးလက်နက်ပဲ”
သူ စိတ်ထဲမှာ တွေးလိုက်သည်။
အကြောင်းမှာ သူ့မှာလက်ဖက်ရည်ဖျော်စပ်နိုင်သည့်အရည်အချင်းရှိပြီး မျက်နှာလည်း ကြည့်ကောင်းသည်။
အရာရာက လှပစွာ ပြီးပြည့်စုံနေသည်။
“လက်ဖက်ရည်က အရင်လို ဗီဒို ထဲမှာပဲလား” ယွမ်ကျိုး လိုက်ရှာပြီး မေးလိုက်သည်။
စနစ်က
“ဟုတ်ပါတယ်”
ယွမ်ကျိုး လိုက်ရှာပြီးနောက် အပေါ်ဆုံး အံဆွဲ တစ်ခုမှာ လက်ဖက်ရွက်များကို တွေ့လိုက်သည်။
သို့သော် ထိုနေရာကိုရောက်ဖို့ အလိုအလျောက် မြှင့်တင်ပေးနိုင်သည့် ခုံတစ်ခုံကို အသုံးပြုခဲ့ရပေသည်။
ယွမ်ကျိုးမှာ အရပ်၆ပေမကျော်သောကြောင့် ထိုအပေါ်ဆုံးနေရာထိ မရောက်နိုင်သည်ကို လက်ခံဖို့ စိတ်ပိုင်းဆိုင်ရာအရ မည်မျှခက်ခဲခဲ့သနည်းဆိုတာကို ဘုရားသာသိပေလိမ့်မည်။
အရင်တုန်းက လက်မခံနိုင်ခဲ့သော်လည်း ယခုတွင် အဆင်ပြေပြေသာ လက်ခံလိုက်တော့သည်။
“ကျွီ"
အံဆွဲ ကို ဖွင့်လိုက်သည်နှင့်တစ်ပြိုင်နက် လက်ထဲတွင် သေတ္တာသေးသေးလေး တစ်ခု ပေါ်လာသည်။
အရွယ်အစားမှာ ယွမ်ကျိုး လက်ဖဝါး ၂ ဖက်အရွယ်သာ ရှိသည်။
“သေးလွန်းတယ်”
ယွမ်ကျိုး မျက်နှာမဲ့ပြီး ပြောလိုက်သည်။
သို့သော် ထိုသေတ္တာလေးက အလွန်လှပသည်။ စနစ်က မပြောထားသော်လည်း တန်ဖိုးကြီးတဲ့ သေတ္တာ ဖြစ်တယ်ဆိုတာ သူ ခံစားမိသည်။
လက်ထဲမှာ ကိုင်ရသည်က မိန်းကလေးဧ။်အသားအရေလို နူးညံ့ပြီး ချောမွေ့ သလို ခံစားရသည်။
အပြင်ဘက်ကြည့်လျှင် သံဖြူနှင့်လုပ်ထားသည်ထင်ရသော်လည်း အလွန်ကိုင်၍ကောင်းပြီး နူးညံချောပြောင်နေသည်။
“သံဖြူနဲ့လုပ်ထား ပေမဲ့ယိုစိမ့်မှု့မရှိ၊ဓါတ်တိုးဆန့်ကျင့်ပစွည်းတွေနဲ့ စိုထိုင်းမှု့ကာကွယ်တဲ့အကောင်းဆုံးပစွည်းတွေနဲ့လုပ်ထားလို့
'ခနောက်စိမ်း ” သတ္တုသန့်လို့တောင် ခေါ်ကြတယ်"
ယွမ်ကျိုး စစ်ဆေးပြီး ပြောလိုက်သည်။
သို့သော် သူက တစ်ခုကိုသာ စိတ်၀င်စားနေသည်။
"သေတ္တာ က သေးလွန်းတယ်”
“ကျွီ” ဆိုသည့် အသံနဲ့ သေတ္တာ ကို ဖြည်းဖြည်း ဖွင့်လိုက်သည်။
“စနစ် ဒီ လက်ဖက်ခြောက်က အရမ်းနည်းလွန်းတယ်”
ယွမ်ကျိုး ပြောလိုက်သည်။
သေတ္တာထဲမှာ လက်ဖက်ခြောက်က တစ်ဝက်လောက်သာ ရှိနေသည်။
စနစ် ပြန်ပြောသည်။
“ဒါက ချင်းမင်းခေတ်ဦးပိုင်း လုံကျင်းလက်ဖက်ရည် ဖြစ်ပါတယ် နှစ်တိုင်း လက်ဖက်ဧကက ၄၀၀ဂရမ် ပဲ ရှိပါတယ်
အခု ပိုင်ရှင်လက်ထဲမှာရှိတဲ့ဟာပါ"
ယွမ်ကျိုးက ချက်ချင်း သေတ္တာကို ပိတ်လိုက်ပြီး ပြောသည်
“နှစ်တိုင်း လက်ဖက်ခြောက် နည်းနည်းပဲ ထွက်တာလား”
စနစ်က
“ဟုတ်ပါတယ်”
“ဒါကြောင့်ပဲချင်းမင်းခေတ်ဦးပိုင်း လုံကျင်းလက်ဖက်ရည် လို့ ခေါ်တာပေါ့၊
ရွှေနဲ့တန်းတူတန်ဖိုးရှိပေမယ့် အခုရတာကတကယ်ကို နည်းလွန်းတယ်”
ယွမ်ကျိုးက စိတ်လှုပ်ရှားသံနဲ့ သက်ပြင်းချကာ ပြောလိုက်သည်။
စနစ်က ပြောသည်။
“တန်ခေတ်က လက်ဖက်ရည်ပညာရှင်ကြီး လျုယုက ဟန်ကျိုးမှာရှိတဲ့ ထျန်ဇူးဘုရားကျောင်းနှင့် လင်းယန်ဘုရားကျောင်း တွေမှာ စိုက်ပျိုးတဲ့ လက်ဖက်ရွက်တွေရဲ့ ထုတ်လုပ်မှုကို 'လက်ဖက်ရည်အခြေခံကျင့်၀တ်များ'ဆိုတဲ့ စာအုပ်ထဲမှာ မှတ်တမ်းတင်ခဲ့ပါတယ်၊
"မြောက်ပိုင်း ဆောင်ခေတ်ကတည်းက လက်ဖက်ရည်ထုတ်လုပ်မှု စတင် ဖွံ့ဖြိုးလာခဲ့တာပါ၊
ဘုန်းတော်ကြီး ဘန်ခိုင်းက လုံကျင်နယ်ရှိ ရှီဖန်တောင် အောက်မှာ ဆုရှီနဲ့အတူလက်ဖက်ရည်ကို မြည်းစမ်းရင်း ကဗျာရေးခဲ့ကြပါတယ်၊
ပြီးတော့ သူ့ကိုယ်တိုင် 'လုံကျင်း(မြို့) ဟောင်း"ဆိုတဲ့ စာလုံးသုံးလုံး ရေးခဲ့ပြီး ဘွဲ့မှတ်တမ်းတင်ခဲ့တာ ကြောင့်နောက်ပိုင်း မင်းဆက်အားလုံးက အဲဒီ့လက်ဖက်ရည်ကို နန်းတွင်းမှာတန်ဖိုးထားသုံးခဲ့ကြပါတယ်"
စနစ်က ဆက်ပြောသည်။
“ချင်မင်းဆက် ကွမ်လုံခေတ်မှာ ရှီပင်တောင် အောက်မှာရှိတဲ့ ဟူဂုန်ဘုရားကျောင်း ရှေ့က လက်ဖက်ပင် ၁၈ ပင် ကို နန်းတော်ဘဏ္ဍာ အဖြစ် သတ်မှတ်ခဲ့ပါတယ်"
ပိုင်ရှင်လက်ထဲက လက်ဖက်ခြောက်ရွက် တွေက အဲဒီ လက်ဖက်ပင် ၁၈ ပင်က ထွက်သော လက်ဖက်ရွက် ဖြစ်တာကြောင့် ပမာဏ အလွန်နည်းပါးတာပါ”
“ဒါပေမယ့် မင်းက စနစ်ပဲ မဟုတ်လား ထပ်မရဘူးလား”
ယွမ်ကျိုး မေးလိုက်သည်။
တန်ဖိုးကြီးတဲ့ အရာဆိုရင် ပိုများလေလေ ကောင်းလေလေ လို့ သူ အမြဲယုံကြည်သည်။
စနစ်က ပြောသည် ။
“ဒီချင်းမင်းခေတ်ဦးပိုင်း လုံကျင်းလက်ဖက်ရည်က ကျင်းမင်းပွဲတော် မတိုင်ခင် ရိတ်သိမ်းသော လက်ဖက်ရွက်တွေပါ”
ပြောလိုက်သည်။
ယွမ်ကျိုး ချက်ချင်း နားလည်သွားသည်။
လက်ဖက်ရည်ကို ရိတ်သိမ်းချိန်ကပဲ အလွန်အရေးကြီးသည်။၃ ရက်စော ရိတ်ရင်အဖိုးတန် ရတနာဖြစ်ပြီး ၃ ရက်နောက်ကျ ရိတ်ရင်တန်ဖိုးမရှိတဲ့ မြက်ပင်လိုပဲဖြစ်နေသည်။
ထို့အပြင် လက်ဖက်ပင် ၁၈ ပင်ပဲ ရှိသည်။
ထိုကြောင့် အဲဒါကို သိပြီးနောက် ယွမ်ကျိုး
ထိုလက်ဖက်ရည်ကို မရောင်းချချင်တော့ပါ။
အရမ်းနည်းပါးလွန်း၍ သူကိုယ်တိုင်ပဲ သောက်ချင်လာသည်။
သေတ္တာ ကိုကြည့်ပြီး သူက တော်တော်လေးကံကောင်းသည်လို့ ခံစားလိုက်သည်။
ပိုက်ဆံရှိနေရင်တောင် ယခုလို လက်ဖက်ရည်ကို ဝယ်နိုင်ရန် မသေချာနေပေ။
“ဒီနေ့နေ့လယ်မှာ ဒီအဖိုးတန် လက်ဖက်ရည်ကို မြည်းစမ်းနိုင်တော့မယ်ထင်တယ်”
ယွမ်ကျိုးက နေရောင်ခြည် ဖျော့ဖျော့ကို ကြည့်ကာ ပြောလိုက်သည်။
ဟုတ်ပါသည်။
ယွမ်ကျိုး လက်ဖက်ရည် ပြုလုပ်ပြီး သောက်ဖို့ ဆုံးဖြတ်ထားသည်။
သို့သော် အိမ်ထဲမှာ မဟုတ်ဘဲ ဆိုင်တံခါးရှေ့မှာ ထိုင်ပြီး သောက်မည်ဖြစ်သည်။
အကြောင်းကတော့ သူက လက်ဖက်ရည်ဖျော်စပ်ခြင်းပညာကို ကျွမ်းကျင်လာပြီဆိုတာ လူတွေ သိစေချင်လို့ ဖြစ်သည်။
မဟုတ်လျှင် လှပတဲ့ ပိုးဝတ်စုံ ဝတ်ပြီး ညဘက်မှာ လမ်းလျှောက်ထွက်သလိုပဲ မည်သူမျှမမြင်ရပါက အကျိုးမဲ့ပေသည်။
(လှပတာကို ဘယ်သူမှ မမြင်ရတဲ့ အခြေအနေ)
ယွမ်ကျိုးက တခြားသူတွေကိုလည်း အမြဲစဉ်းစားပေးတတ်သူ ဖြစ်သည်။
“ရှဲ ရှဲ ဆို ဆို”
အချိန်တစ်ခုကြာပြီးနောက် ယွမ်ကျိုးက စနစ်ပေးထားသောလက်ဖက်ရည် ပစွည်းအစုံလိုက် တွေကို ယူလာပြီး သူ အမြဲ ပန်းပုလက်ရာများပြုလုပ်နေတဲ့ စားပွဲပေါ်မှာ တင်လိုက်သည်။
ဥခွံပုံစံကြွေထည်လက်ဖက်ရည်ခွက်တွေကို သေချာစွာ စီပြီးနောက် သူ ထိုင်ကာ လက်ဖက်ရည်စတင်ပြုလုပ်ဖို့ ပြင်လိုက်သည်။
"သူဌေးယွမ် ၊သူဌေးယွမ်"
ထိုအချိန်မှာ မိန်းကလေးတစ်ယောက်ရဲ့ အသံစူးစူးကို ကြားလိုက်ရသည်။
“ဟိုင်း ရှောင်ယွမ် မင်းလာပြီလား”
ယွမ်ကျိုး ခေါင်းမော့ပြီး နွေးထွေးစွာနှုတ်ဆက်လိုက်သည်။
“ဟုတ်ပါတယ် အကိုယွမ် အကို အလုပ်များနေလား”
မုရှောင်ယွမ် က ရှက်ကိုးရှက်ကန်းဖြင့် ယွမ်ကျိုးကို စိတ်ဝင်စားစွာ ကြည့်နေသည်။
သူမက ယနေ့တွင် ရိုးရိုးဆွယ်တာတစ်ထည်ကို နက်ပြာရောင်စကတ်တစ်ထည်ဖြင့် တွဲ၀တ်ထားပြီး တင်းနစ်ဖိနပ်အဖြူစီးထားလေသည်။
“ဒီနေ့ မင်းအတန်း မရှိဘူးလား”
ယွမ်ကျိုးက ပြန်မေးလိုက်သည်။
“ဒီနေ့ စနေ့နေ့ဆိုတော့ အဖေ့အိမ်ကို လာပြီး ညီမရဲ့အစ်ကိုကို လာရှာတာပါ"
မုရှောင်ယွမ်က ပြန်ဖြေလိုက်သည်။
“ကောင်းပြီလေ ခဏ နေပါဦး
လက်ဖက်ရည် အတူတူ သောက်ကြမယ်”
ယွမ်ကျိုး ပြောလိုက်သည်။
မုရှောင်ယွမ် အဖြေမပေးခင်ပဲ သူက သူမအတွက်နေရာတစ်ခု ပြင်ပြီး ဒုတိယထပ်ကနေ ခုံတစ်လုံး ယူရန် ပြန်တက်သွားသည်။
“လက်ဖက်ရည်လား ကျေးဇူးအများကြီးတင်ပါတယ်အကိုယွမ်”
မုရှောင်ယွမ်က အားတုံ့အားနာဖြေလိုက်သည်။
“ဟုတ်တယ် ဒီတစ်ခါတော့ ငါအလကားတိုက်တာနော်"
ယွမ်ကျိုးက ပြောလိုက်သည်။
ဒါက သူ့ကို အစ်ကိုခေါ်၍ အလကားတိုက်ခြင်းမဟုတ်သည့်အကြောင်း အလေးပေးပြောခဲ့သည်။
အကယ်၍ 'ဦးလေး' ခေါ်ခံရလျှင်လည်း သူ့စိတ်မရှိဘူးဟ
ရဲရဲကြီး အာမခံနိုင်သည်။
တစ်ယောက်တည်း သောက်လျှင် လက်ဖက်ရည်သောက်ခြင်းက ပျင်းစရာကောင်းပြီး လူနှစ်ယောက် သောက်မှသာ အမှန်တကယ် လက်ဖက်ရည်အရသာ မြည်းစမ်းခြင်းဖြစ်ပေမည်။ မုရှောင်ယွမ်က ကလေးမလေးတစ်ဦးသာ ဖြစ်ပေမဲ့လည်းပေါ့။
“ဟုတ် ဟုတ်”
မုရှောင်ယွမ်က ခေါင်းညိတ်ပြီး ခုံပေါ် ထိုင်လိုက်သည်။
"လက်ဖက်ရည်သောက်ရင် စကားမပြောနဲ့တော့နော်"
ယွမ်ကျိုး အပိုင်း (၄၈၈)
ပြီးပါပြီ။