← Chapters

အခန်း (၄၈၉-၄၉၀)

Vol. 39 Ch. 489-490

အခန်း (၄၈၉-၄၉၀)

Vol. 39 Ch. 489-490

ယွမ်ကျိုး အပိုင်း (၄၈၉)

"ပွက် ပွက် ပွက်"

မကြာခင်မှာပဲ ရေများက တပွက်ပွက်ဆူလာခဲ့သည်။အနီရောင်မြေအိုးမီးဖိုပေါ်မှာ တင်ထားသည့်လက်ဖက်ရည်အိုးမှာ စတင်ပူလာပြီဖြစ်သည်။

“လက်ဖက်ရည် ပြုလုပ်တဲ့အခါမှာလက်ဖက်ရည်ခွက်ရဲ့ အပူချိန် က အရမ်းအရေးကြီးတယ်”

ယွမ်ကျိုးကပြောရင်း လက်ဖက်ရည်အိုးကို မီးဖိုပေါ်ကနေ ယူလိုက်သည်။

“ဟုတ်”

မုရှောင်ယွမ်က ခေါင်းညိတ်သည်။

သူမက ယွမ်ကျိုးအနားမှာနေပြီး အသစ်အဆန်းတွေ သင်ယူရခြင်းကို အလွန် နှစ်သက်သည်။

မျက်‌တောင် တောင်မခတ်ဘဲ သူ့ရဲ့လက်လှုပ်ရှားမှုတွေကို စိုက်ကြည့်နေသည်။

“ဟွာလာ”

ရေစီးသံလေး ထွက်လာသည်။

ယွမ်ကျိုးက လက်ဖက်ရည်ပစွည်း အားလုံးကို ထပ်ပြီးသန့်စင်ဆေးကြောလိုက်သည်။

အဖိုးတန် ကြက်ဥခွံလက်ဖက်ရည်ခွက်များကိုလည်း မမေ့ဘဲ ဆေးကြောလိုက်သည်။

ခွက်ထဲသို့ ရေထည့်လိုက်သောအခါ ရေငွေ့နွေးနွေးလေး ထွက်လာပြီး လန်းဆန်းသင်းပျံ့သောရနံ့ကို ရလာသည်။

“သူဌေးယွမ် လက်ဖက်ရည်လုပ်တဲ့ပုံစံကအရမ်း ကျွမ်းကျင်တဲ့သူ လိုပဲ”

မုရှောင်ယွမ် စိတ်ထဲမှာ ဂုဏ်ယူစွာ တွေးလိုက်သည်။

မုရှောင်ယွမ် အတွက်တော့ ယွမ်ကျိုး လက်ဖက်ရည်လုပ်တာကို မြင်ဖူးတာ ပထမဆုံးအကြိမ် ဖြစ်သည်။ အရင်က သူ လက်ဖက်ရည်လုပ်တတ်မည် မထင်ခဲ့ပေ။

အကြောင်းကတော့ သူမဒီမှာအလုပ်လုပ်တုန်းက ယွမ်ကျိူးက အနက်ရောင်ကီမန်းလက်ဖက်ရည်ကို အသုံးပြုပြီး လက်ဖက်ကြက်ဥ လုပ်လိုက်သည့်အခါ အဘိုးအိုတစ်ယောက်က အလွန် စိတ်ဆိုးသွားဖူးသည်။

ထိုအချိန်မှာ အဘိုးအိုက ယွမ်ကျိုးနှာခေါင်းကို လက်ညှိုးထိုးပြီး ဆူပူခဲ့သည်။

“မင်းက ဘုရားပေးတဲ့ အကောင်းဆုံးပစ္စည်းကို အလဟဿ အသုံးပြုနေတာပဲလက်ဖက်ရည်အကြောင်း ဘာမှမသိတဲ့ကောင်"

ထိုကြောင့် မုရှောင်ယွမ်စိတ်ထဲတွင်

ဒီတစ်ခါတော့ သူဌေးယွမ် က အားလုံးကို တတ်သွားပြီပဲထင်တယ်” တွေးလိုက်သည်။

ယွမ်ကျိုးက အကောင်းဆုံး ဝါးရေကိုအသုံးပြုပြီး ခွက်တွေကို သေချာစွာ အပူပေးနေသည်။ ထိုရေက လက်ဖက်ရည်လုပ်ဖို့ အရမ်းသင့်တော်သည့် အခံရေဖြစ်သည်။

တစ်ခါတုန်းက လက်ဖက်ရည်ပညာရှင် လျုယုသည် သူရေးခဲ့သော လက်ဖက်ရည်အခြေခံပညာရပ်'ထဲတွင်

“လက်ဖက်ရည်လုပ်ရန် ရေရွေးချယ်ရာတွင်တောင်ပေါ်ရေ က အကောင်းဆုံး၊မြစ်ရေက အလယ်အလတ်၊ကန်ရေက အနိမ့်ဆုံးဖြစ်သည်” ပြောခဲ့သည်။

တန်ခေတ်မှ ကျန်းယုကျင်းကလည်း သူရေးခဲ့သော'လက်ဖက်ရည်ဖျော်စပ်သည့်ရေများအကြောင်း'မှတ်တမ်းတွင် လျူရှန်းတောင်ရှိကန်၀မ်ရေတံခွန်မှ ရေကို အကောင်းဆုံးအဆင့်၊ ဟွိုင်ရှန်းတောင်မှရေကို ဒုတိယအဆင့်၊လန်စမ်းချောင်းကရေကို တတိယအဆင့် အဆင့်သတ်မှတ်ခဲ့သည်။

ဝါးရေ ကိုတော့ ဆုန်မင်းဆက် ကာလမှာ စတင်အသုံးများလာသည်။ ထိုအချိန်မှာ လက်ဖက်ရည်ပြိုင်ပွဲတွေက အထက်တန်းလွှာများနှင့် ပညာရှင်များအကြား အလွန်နာမည်ကြီးခဲ့သည်။

ထို့ကြောင့် လက်ဖက်ရည်ကောင်းရဖို့ရန်လက်ဖက်ရည်များဧ။် အခြေခံပညာရပ်များကို နှံ့စပ်ရမည့်အပြင် သုံးသည့်ရေကလည်း အဆင့်မြင့်ဖြစ်ရမည်။

ထိုမှသာ အကောင်းဆုံးသောလက်ဖက်ရည်တစ်ခွက် ရနိုင်ပေမည်။

“ဟွာလာ”

ခွက်တွေကို အပူပေးပြီးနောက် ယွမ်ကျိုးကရေကျန်များ အားလုံးကို သွန်လိုက်သည်။

“အစ်ကိုယွမ် ဘာလို့ ရေအားလုံး လောင်းပစ်လိုက်တာလဲ”

မုရှောင်ယွမ်က ခေါင်းစောင်းကာ စိတ်ရှုပ်ထွေးစွာ မေးလိုက်သည်။

“ရေက အခုဆူလွန်းလို့ ရေပူဖောင်းတွေထနေပြီလေ၊ အဲဒီအချိန်မှာ ရေက လေနဲ့ဓါတ်မပြုတော့လို့ အဲဒီရေနဲ့ လက်ဖက်ရည်လုပ်ရင် အရသာမကောင်းတော့ဘူး”

ယွမ်ကျိုးက စိတ်ရှည်ရှည်နဲ့ ရှင်းပြလိုက်သည်။

“အဲ့လို့လား ဟုတ်ဟုတ်”

မုရှောင်ယွမ် ခေါင်းညိတ်သော်လည်း အမှန်တကယ်တော့ နားမလည်ပါ။

သို့သော် ထိုစကားတွေက မုရှောင်ယွမ်ရင်ထဲက ယွမ်ကျိုးကို လေးစားစိတ်များကို မလျော့စေခဲ့ပေ။

ထို့နောက် ယွမ်ကျိုး ဝါးရေ အသစ် ထည့်ပြီး လက်ဖက်ရည်အိုး ကိုမီးသွေး မီးဖိုပေါ်မှာ ထပ်တင်ကာ ရေကို ထပ်မံ ဆူပွက်အောင်လုပ်လိုက်သည်။

ဒီတစ်ကြိမ် သူက မီး‌တောက်ကို သေချာကြည့်နေသည်။

ရေထဲမှာပူစီဖောင်း သေးသေးတွေ စတင်ထွက်လာတာနဲ့ ချက်ချင်းလက်ဖက်ရည်အိုး ကို ယူပြီး လက်ဖက်ရည် စတင်ပြုလုပ်လိုက်သည်။

“ဟွာလာ”

ယွမ်ကျိုးက ရေကို ဖူကန်းတံဆိပ်လက်ဖက်ရည်ခွက်ထဲသို့ လောင်းလိုက်သည်။

ထိုခွက်က လက်ဖက်ရည်ထည့်ဖို့အထူးထုတ်လုပ်ထားပြီး အလင်းဝင်မှုနဲ့ ကြည်လင်တောက်ပမှု့ အလွန်ကောင်းသည်။

ရေထည့်လိုက်သည်နှင့် ချင်းမင်းခေတ်ဦးပိုင်းလက်ဖက်ခြောက်များက အပေါ်သို့ မျောတက်လာပြီးနောက်မှ တစ်ဖြည်းဖြည်းချင်း ရေအောက်သို့ ပြန်ကျလာသည်။

ပြန်ကျလာသည့် လက်ဖက်ခြောက်များမှာ နတ်မိမယ်များကဲ့သို့ လှပစွာ ဖြည်းဖြည်းချင်း အောက်ဆုံးသို့ ကျသွားသည်။

ထိုပုံစံက အလွန်လှပပြီး လက်ဖက်ရည်ရနံ့ ခပ်သင်းသင်းလေး ထွက်လာသည်။

လက်ဖက်ခြောက်များက ခွက်ထဲမှာ ဖြည်းဖြည်းချင်း ရောနှောသွားပြီးရေလည်း အစိမ်းရောင် ဖြစ်လာသည်။

ရနံ့ကလည်း ပိုပိုပြီး သင်းပျံ့လာသည်။

မသောက်ခင်ကတည်းက လက်ဖက်ရည်ကြိုက်သူတွေကို မူးမေ့သွားစေနိုင်လောက်အောင် ဖြစ်‌နေသည်။

အကြောင်းမှာ ဒါသည် ချင်းမင်းခေတ်ဦးပိုင်း နန်းတွင်းသုံးလက်ဖက်များဖြစ်ပြီး လက်ဖက်ပင် ၁၈ ပင်မှသာ ထွက်တဲ့ လက်ဖက်ရွက်များ ဖြစ်သောကြောင့်ပင်။

“အရမ်းလှတာပဲ”

မုရှောင်ယွမ်က ခွက်ထဲက အစိမ်းရောင် လက်ဖက်ရွက်များကို ကြည့်ကာ ပြောလိုက်သည်။

“အမှန်ပဲ ဒီလောက်လှတာကို တစ်ခါတည်း သောက်ပစ်ဖို့က သိပ်မသင့်‌ တော်ဘူး”

ယွမ်ကျိုး လေးနက်စွာ ခေါင်းညိတ်ကာ ပြောလိုက်သည်။

သူတို့နှစ်ယောက်တည်း တိတ်တိတ်ဆိတ်ဆိတ် အနံ့အရသာခံစားနေစဉ်တွင် ယွမ်ကျိုးက ထပ်ပြောလိုက်သည်။

"ဟုတ်ပြီ သောက်လို့ရပြီ"

"ဟုတ်"

မုရှောင်ယွမ်က ခွက်ကိုယူကာ ယွမ်ကျိုးထည့်ပေးမည့်လက်ဖက်ရည်ကို နာနာခံခံစောင့်နေသည်။

"မင်းက အပြုအမူကောင်း‌ တွေရှိတာပဲ"

ယွမ်ကျိုးက ချီးကျူးလိုက်သည်။

"အစ်ကိုယွမ် ရှင်လည်း ငယ်ပါသေးတယ်"

မုရှောင်ယွမ်က လျှာထုတ်ပြပြီး ယွမ်ကျိုးကို စနောက်လိုက်သည်။

"အင်း ဒါပေါ့"

ယွမ်ကျိုးက ခပ်တည်တည် ခေါင်းငြိမ့်လိုက်သည်။

သူ့ကို "ဦးလေး"ခေါ်သည့်သူများရှိသည်ကိုတော့ တမင်တကာ မေ့ထားလိုက်သည်။

မုရှောင်ယွမ်က ထည့်ပေးသည့်လက်ဖက်ရည်ကို ချက်ချင်းသောက်ချလိုက်သည်။သူမက မျက်မှောင်ကြုပ်ရင်း

အာ"

"ခါးလိုက်တာ"

ယွမ်ကျိုးက သူမကိုကြည့်ပြီး ရယ်နေသည့်အချိန်တွင် တစ်ယောက်ယောက်၏ အသံဖြင့်နှောင့်ယှက်ခံလိုက်ရသည်။

သူတို့နှစ်ဦး လှည့်ကြည့်လိုက်သောအခါ အသက်လတ်ပိုင်း လူတစ်ယောက်ကို တွေ့လိုက်ရသည်။

ထိုလူမှာ အသက်၅၀ခန့်ရှိပြီး အနက်ရောင် အနောက်တိုင်း၀တ်စုံကို သပ်သပ်ရပ်ရပ် ၀တ်ဆင်ထားသည်။သူက ယွမ်ကျိုးတို့နှစ်ဦးကို စိုက်ကြည့်ရင်း စိတ်ရှုပ်ဖွယ်ရာ အပြုံးတစ်ခုဖြင့် ပြန်လည် ပြုံးပြနေသည်။

"ဘယ်သူလဲဗျ"

"သူဌေးယွမ် ဒီလက်ဖက်ရည်က ရောင်းမှာလား"

ထိုလူက ယွမ်ကျိုးကို သိပုံပေါ်လေသည်။

"ဟင့်အင်း"

"ခင်ဗျား ဘာလို့ မရောင်းတာလဲဗျ

ကျွန်တော့်ကို နည်းနည်းလေးပဲရောင်းပေးပါလားဗျ"

ထိုလူက နက်ကတိုင်ကို ပြန်ပြင်ပြီး ယုံကြည်မှု့အပြည့်ဖြင့် ပြောလိုက်သည်။

"မရောင်းပါဘူးဗျ"

ယွမ်ကျိုးမှာ ထိုလူက ချင်းမင်းခေတ်ဦးပိုင်းလက်ဖက်ခြောက်များကြောင့် ထိုသို့ဇွဲရှိရှိပြုလုပ်နေမှန်း သိလေသည်။

ထိူလူသည် အရင်က ကီမန်းလက်ဖက်ရည်ကြောင့် ယွမ်ကျိုးကိုရိုက်နှက်လုနီးပါး ဖြစ်ခဲ့သည့် အဖိုးအိုတစ်ယောက်နှင့်ပင် အတော်တူသည်။ကြည့်ရသည်မှာ ထိုသူလည်းလက်ဖက်ရည်ကို အရမ်းချစ်မြတ်နိုးသည့် လူတစ်ယောက် ဖြစ်နိုင်‌ပေမည်။

ထိုသူက အခွန်ဌာနမှ ဒါရိုက်တာချုပ်လင်း ဖြစ်သည်။

သူက အခွန်ဌာနမှာ အရာရှိတစ်ယောက် ဖြစ်ပြီး ယနေ့ ယွမ်ကျိုး စားသောက်ဆိုင်ဘက်ကနေ ဖြတ်သွားရင်း လက်ဖက်ရည်ရနံ့ရလာ၍ ၀င်လာခြင်းဖြစ်သည်။

သူက ဒီဆိုင်မှာ အရင်က ၂ ကြိမ်သာ စားဖူးပြီး ဒီနေ့က တတိယအကြိမ် ဖြစ်သည်။

သူ တခါတလေ လာကြည့်ခြင်းမှာ ယွမ်ကျိုး ဆိုင်က အခွန်အများကြီး ပေးတဲ့ ဆိုင်ဖြစ်လို့ ဖြစ်သည်။

သို့သော် လမ်း‌လေးထဲကို ၁၀၀ မီတာလောက် လျှောက်ဝင်လာတဲ့အချိန်မှာ ဒါရိုက်တာချုပ်လင်းက ချက်ချင်း တစ်ခုခုကို သိသွားသည်။

ယနေ့ခေတ် အစိုးရအရာရှိတွေက လက်ဖက်ရည်သောက်၊ ငှက်မွေးများစုဆောင်းခြင်း၊ပန်းစိုက်ခြင်းတို့ကို ယဥ်ကျေးမှု့ အဆင့်အတန်းတစ်ရပ်အဖြစ် သတ်မှတ်ထားကြသည်။

ထိုအတိုင်းပင် ဒါရိုက်တာချုပ်လင်း ကလည်း လက်ဖက်ရည်ကို အလွန်ချစ်မြတ်နိုးသူ ဖြစ်သည်။

သူက လက်ဖက်ရည်ရနံ့ကို ရလာသည့်အချိန်မှာ ထိုရနံ့နောက်ကိုတန်းတန်းမတ်မတ် လိုက်လာခဲ့သည်။

ထိုအချက်မှာတော့ သူ့က နာမည်ကြီး အနံ့ခံနှာခေါင်းရှိသည့်ချူးရှောင်းနဲ့ တောင်အတော်တူသည်။

လက်ဖက်ရည်ရနံ့ကို လိုက်ရင်းဒါရိုက်တာချုပ်လင်း က ယွမ်ကျိုး ဆိုင်ရှေ့ကိုရောက်လာသည်။

သူ ရပ်လိုက်ချိန်မှာပဲမုရှောင်ယွမ်က လက်ဖက်ရည် ခါးသည် ပြောနေသံကိုကြားလိုက်သည်။

ထိုနောက် သူ တခြားအရာတွေကို မစဉ်းစားနိုင်တော့ပေ။

ထိုမိန်းကလေးက အခါး ကြောက်ပေမဲ့ သူကတော့ မကြောက်ပေ။

သူက လက်ဖက်ရည်များနှင့် မစိမ်းသော်လည်း ဒီလို အဆင့်မြင့် လက်ဖက်ရည်ကို သူအနေနှင့် မြင်ဖူးဖို့နေနေသာသာ အနံ့တောင် အခုမှရဖူးတာဖြစ်သည်။

“မရောင်းရင်လည်း အဆင်ပြေပါတယ် သူဌေး ငါ့ကို တစ်ခွက်ပဲ တိုက်လဲ ရပါတယ်ဗျာ”

ပုံမှန်ဆိုရင်ဒါရိုက်တာချုပ်လင်း က ဂုဏ်သိက္ခာကို အရမ်းဂရုစိုက်သူ ဖြစ်သည်။

သို့သော် လက်ဖက်ရည်ကို ကြည့်မိလေလေ သောက်ချင်စိတ်ကို ထိန်းမရလေလေ ဖြစ်နေသည်။

ဘာပဲဖြစ်ဖြစ် ဒါက သူတစ်ခါမှ မသောက်ဖူးတဲ့ အကောင်းဆုံးအဆင့်မြင့် လုံကျင်းလက်ဖက်ရည်ဖြစ်နေသည်။

ဂုဏ်သိက္ခာက ကျသွားရင်လည်း

မနက်ဖြန် ပြန်ရှာလို့ရနိုင်ပါတယ် လို့ သူ့ကိုယ်သူ နှစ်သိမ့်လိုက်သည်။

“ဦးလေး လက်ဖက်ရည် သောက်ချင်လို့လား” မုရှောင်ယွမ်က မေးလိုက်သည်။

“ဟုတ်တယ် ငါက လက်ဖက်ရည်သောက်တာပဲ ကြိုက်တယ် ဒီအနံ့ကို အကဲဖြတ်ကြည့်ရင် ချင်းမင်းခေတ်ဦးပိုင်းက လက်ဖက်ရွက်ပဲထင်တယ်”

ဒါရိုက်တာချုပ်လင်း က ခွက်ထဲက အစိမ်းရောင် လက်ဖက်ရည်များ ကို စိုက်ကြည့်ရင်း ပြောလိုက်သည်။

“ဒါတော့ သူဌေးယွမ် ကို မေးရမှာပဲ သူဌေးယွမ်ကို လူတွေက သံလိုက်တုံး လို့ ခေါ်ကြတယ်”

မုရှောင်ယွမ်က ပြုံးပြီး ပြောလိုက်သည်။

မုရှောင်ယွမ် သိသည်။ယွမ်ကျိုးက ဒီလူကို သဘောမကျ၍ မဟုတ်ပဲ ရောင်းရန်မရည်ရွယ်ထား၍သာ ထိုသို့ပြောခြင်းဖြစ်သည်။

“ဟုတ်ပါတယ် ချင်းမင်းခေတ်ဦးပိုင်းကလုံကျင်းလက်ဖက်ရွက် ပါ”

ယွမ်ကျိုး လေးနက်စွာ ပြန်ဖြေလိုက်သည်။

သို့သော် သူက "နန်းတွင်းသုံး"သည့် စကားလုံးအား ထည့်မပြောတော့ပေ။

"ဘုရား ဘုရား ငါအသက်ဒီလောက်ကြီးနေပေမဲ့ ဒီလိုလက်ဖက်ရည်မျိုးကို မသောက်ဖူးသေးဘူး၊ကျေးဇူးပြုပြီး တစ်ငုံလောက်ပေးတိုက်ပါဗျာ"

ဒါရိုက်တာချုပ်လင်းက အသက်ကြီးသော်လည်း ခခယယ တောင်းဆိုလိုက်သည်။

ယွမ်ကျိုး အပိုင်း (၄၈၉)

ပြီးပါပြီ။

ယွမ်ကျိုး အပိုင်း (၄၉၀)

“တောင်းပန်ပါတယ်၊ ကျွန်တော် ခင်ဗျားကို မသိဘူး"

ယွမ်ကျိုးက ငြင်းဆိုလိုက်သည်။

သူက ဒါရိုက်တာချုပ်လင်း ရဲ့ ကျိုးနွံလွန်းသည့် အပြုအမူကို မမြင်ချင်ယောင် ဆောင်လိုက်သည်။

အဲလို မပြောပါနဲ့‌ဗျာ

ကျွန်တော့်နာမည် လင်းကျိုးလီပါ

ဒီနားက အခွန်ဌာနမှာ အလုပ်လုပ်ပါတယ် အမှန်တော့ ကျွန်တော်တို့က တစ်နေရာတည်းမှာအလုပ်အတူတူ လုပ်နေကြတဲ့သူတွေပဲဗျာ

ဒီလက်ဖက်ရည် တစ်ခွက်လောက် ရောင်းပေးပါလား”

ဒါရိုက်တာချုပ်လင်းက တဲ့တိုး ပြောလိုက်သည်။

သူ့ရာထူးကို အသုံးချပြီး ဖိအားပေးတာမျိုး မလုပ်ဘဲ ရိုးရိုးရှင်းရှင်းသာ ပြောခဲ့သည်။

“ရှောင်ယွမ်၊ လာ သောက်ကြမယ်”

ယွမ်ကျိုး က ခေါင်းညိတ်ပြပြီး ထို့သူများကိုစကား ကြားပြီးဖြစ်ကြောင်း ပြသပြီးနောက် မုရှောင်ယွမ်ကို လှည့်ပြောလိုက်သည်။

“ဒါက အရမ်းခါးတယ် အရသာမကောင်းဘူး ကျွန်မကတော့ ဖရဲသီးဖျော်ရည် ကို ပိုကြိုက်တယ်”

မုရှောင်ယွမ်က ရိုးသားစွာ ပြောလိုက်သည်။

“အိုဟို ကလေးမလေး၊ မင်းက အရမ်းငယ်သေးလို့ ဒီအရသာကို နားမလည်သေးတာပါ” ဒါရိုက်တာချုပ်လင်း က ယွမ်ကျိုး မပြောခင် အရင်ပြောလိုက်သည်။

ထို့နောက် သူက လက်ဖက်ရည်အကြောင်း စတင်ပြောပြသည်။

“လျုယု ကို လက်ဖက်ရည်နတ်ဘုရား လို့ ခေါ်ကြတယ်

သူရေးတဲ့ ‘လက်ဖက်ရည်၇ခွက်ရဲ့ အလက်ာ' ထဲမှာ ‘လက်ဖက်ရည် ၇ ခွက် သောက်ပြီးနောက် လူတစ်ယောက်က အမတတစ်ပါးလို တိတ်ဆိတ်စင်ကြယ်တဲ့ စိတ်ခံစားမှု ရလာတယ်’ လို့ ပြောထားတယ်

ဒီအရသာက လူကို နတ်ဘုရားလိုမျိုး ခံစားစေတတ်တယ်”

လက်ဖက်ရည်အကြောင်း ပြောနေချိန်မှာ ဒါရိုက်တာချုပ်လင်း က ခေါင်းကို စောင်းကာ လေးနက်ပုံ ပေါက်လေသည်။

“ဒါပေမယ့် ခါးတုန်းပဲ” မုရှောင်ယွမ်က လျှာလေးထုတ်ကာ တိတ်တိတ်လေး ပြောလိုက်သည်။

ဒါကို ကြားပြီး ယွမ်ကျိုးတောင် ဒီလိုကောင်းသည့် လက်ဖက်ရည်ကို ကလေးမလေးအားတိုက်မိတာ မှားပြီတောင် ခံစားသွားရစေသည်။

ဒါက ဘာလက်ဖက်ရည်လဲဆိုတာ မသိနိုင်ဘူးလား။

ချင်းမင်ခေတ်ဦးပိုင်းမှ လုံကျင်းလက်ဖက်ရွက်အစစ်များ ဖြစ်ပြီး ရွှေနှင့်ထပ်တူ တန်ဖိုးရှိသည့်အရာများ ဖြစ်သည်။

ထို့အပြင် ကန့်သတ်ထားသည့်လက်ဖက်ပင် ၁၈ ပင် မှသာ ရရှိနိုင်သည်။

စနစ်တောင်မှ နှစ်စဉ် ၄၀၀ ဂရမ်သာ ပေးနိုင်သည်။ လက်ဖက်ရည်လုပ်ပါက အကြိမ်အနည်းငယ်ပဲ သောက်နိုင်မည်ဖြစ်သည်။

စနစ်ဆိုသည်က မည်သည်အရာနည်း။

ကမ္ဘာပေါ်မှာ မရှိတော့တဲ့ အစားအစာပစ္စည်းတွေတောင် ပေးနိုင်သည်။

ထို့အပြင် လက်ဖက်ရည်လုပ်သည့်ရေကလည်း ထျန်းရှတောင်တန်းပေါ်က ဝါးသစ်တောထဲမှ ရလာသော အကောင်းဆုံးရေ ဖြစ်သည်။

လက်ဖက်ရည်သောက်ဖို့ အသုံးပြုသည့်ကြက်ဥခွံ ပုံစံလက်ဖက်ရည်ခွက်များကလည်း အလွန်တန်ဖိုးကြီးသည်။

“အဟမ်း မင်း မကြိုက်ရင် အခြားသူကို ပေးလိုက်လို့ ရတယ်”

ယွမ်ကျိုး လေးနက်စွာ ပြောလိုက်သည်။

သို့သော် ဒါရိုက်တာချုပ်လင်းကို လှည့်မကြည့်ပေ။

“ဟုတ်ပါတယ် ဟုတ်ပါတယ်

ကလေးမလေးတွေက ခါးတာ မကြိုက်ကြဘူး” ဒါရိုက်တာချုပ်လင်းက ချက်ချင်း ခေါင်းညိတ်ကာ မုရှောင်ယွမ် ကို မျှော်လင့်နေသည့်အမူအရာနှင့် ကြည့်လိုက်သည်။

“ဟင် တကယ်ပေးလို့ ရလား”

မုရှောင်ယွမ်က ယွမ်ကျိုးကို ထပ်မေးလိုက်သည်။

သူမ သိထားတာက ယွမ်ကျိုးက ကိုယ်မစားနိုင်သည့် အစားအစာကို အခြားသူကို လုံး၀မပေးတတ်၍ပင်။

“ဟုတ်တယ်”

ယွမ်ကျိုး ခေါင်းညိတ်လိုက်သည်။

လက်ဖက်ရည်ကောင်းဆိုသည်မှာ နားလည်တဲ့ လူတွေသောက်မှ တန်ဖိုး ရှိခြင်းဖြစ်သည်။

ထို့အပြင် သူက ထိုလူကို အခမဲ့သွားတိုက်ခြင်းလည်း မဟုတ်ပေ။

“ကြည့်လေ သူဌေးတောင် သဘောတူတယ် ကလေးမလေး မင်းရဲ့ လက်ဖက်ရည်ကို ငါ့ကို ပေးပါလား ကျေးဇူးပြုပြီးပါကွာ”

ဒါရိုက်တာချုပ်လင်းက အရမ်း စိတ်လှုပ်ရှားနေပြီး သူ့ပုံစံက ကလေးတွေကို လိမ်ပြီး ခေါ်သွားမယ့် သူဟု ထင်ရသည်။

“ကောင်းပါပြီ”

မုရှောင်ယွမ် ခေါင်းညိတ်ပြီး သူမ ခွက်ထဲက လက်ဖက်ရည်အကျန်ကို တစ်ငုံတည်း သောက်လိုက်သည်။

“ အရမ်းခါးတယ်” သောက်ပြီးနောက် လျှာထုတ်ကာ ပြောလိုက်သည်။

ယွမ်ကျိုး စိတ်ထဲမှာ

“တကယ့် ချစ်စရာ ကလေးမလေးပဲ” တွေးလိုက်သည်။

ဒါရိုက်တာချုပ်လင်းမှာ မျက်တောင်မခတ်ဘဲ မုရှောင်ယွမ် ခွက်ပေးလာမယ့်အချိန်ကို စောင့်နေသည်။

အမှန်တော့ သူက ယွမ်ကျိုး၏ ခွက်အပြည့် ကို ပိုလိုချင်သည်။ သို့သော် မယူရဲပါ။

ယွမ်ကျိုးက အဲဒီနားမှာ ထိုင်နေသေး၍ ဖြစ်သည်။

ထို့အပြင် သူ နောက်တစ်ခါလည်း ဒီလက်ဖက်ရည် ထပ်သောက်နိုင်ဖို့

တိတ်တဆိတ် နည်းလမ်းထုတ်နေသည်။

မုရှောင်ယွမ် က လိမ္မာသည့် ကလေးမလေး ဖြစ်လို့ ခွက်လှလှတစ်ခွက် ယူပြီး တစ်ဝက်လောက် လက်ဖက်ရည် ထည့်ကာ ဒါရိုက်တာချုပ်လင်း ကို ပေးဖို့ ပြင်လိုက်သည်။

“နည်းလွန်းတယ် နည်းလွန်းတယ် ထပ်ထည့်ပါဦး မပြည့်သေးဘူး ကလေးမလေး”

ဒါရိုက်တာချုပ်လင်းက အလွန်စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။

“တော်ရုံလောက်ပဲ ကောင်းပါတယ်

မသောက်ပြီးကျန်ရင် အလဟသ ဖြစ်သွားမယ်”

မုရှောင်ယွမ် က အလေးအနက် ပြောလိုက်သည်။

“မဟုတ်ဘူး မဟုတ်ဘူး

ဦးလေး သောက်နိုင်ပါတယ် ခွက် အပြည့်တောင် သောက်နိုင်ပါတယ်”

ဒါရိုက်တာချုပ်လင်းက ချက်ချင်း အာမခံလိုက်သည်။

“မရဘူး” မုရှောင်ယွမ်က မျက်နှာတည်တည်ထားကာ ငြင်းလိုက်သည်။

ယခု သူမက ယွမ်ကျိုးလိုပဲ တည်ကြည်စွာ ပြုမူနေသည်။

“အင်း ကောင်းပါပြီ”

ဒါရိုက်တာချုပ်လင်းက မတတ်သာဘဲခေါင်းညိတ်လိုက်သည်။

ယွမ်ကျိုးက ဘေးမှာ ကြည့်နေပြီး ထိုမြင်ကွင်းကို စိတ်ဝင်စားနေသည်။

ဒါရိုက်တာချုပ်လင်းကို ကြည့်လျှင် အဆင့်မြင့်ရာထူးရှိသည့် လူတစ်ယောက် ဖြစ်မယ်ဆိုတာ သိသာသည်။

သူ့ရာထူးကို မပြောသော်လည်း အနိမ့်ဆုံးရာထူး မဟုတ်ခြင်းတော့ ယွမ်ကျိုး သေချာ သိသည်။

သို့သော် ယခုတော့ ကလေးမလေး မုရှောင်ယွမ်ရဲ့ ထိန်းချုပ်မှုအောက်မှာ ရောက်နေသည်။

“ချင်းမင်းလက်ဖက်ရည်စွမ်းအားက တကယ် အင်အားကြီးတယ်ထင်တယ်”

ယွမ်ကျိုးက လက်ဖက်ရည်ကို တိတ်တိတ်လေး သောက်ကာ စိတ်ထဲမှာ ကျေနပ်နေသည်။

“ဦးလေး… လက်ဖက်ရည် တစ်စက်တောင် မပျက်စီးစေရဘူးနော် မဟုတ်ရင် နောက်တစ်ခါ အစ်ကိုယွမ် ရဲ့ လက်ဖက်ရည်လည်း မသောက်ရတော့ဘူး၊ သူ့ဟင်းလျာတွေလည်း စားရတော့မှာ မဟုတ်ဘူး”

မုရှောင်ယွမ် မျက်နှာတည်တည်နဲ့ သတိပေးလိုက်သည်။

မုရှောင်ယွမ် က လက်ဖက်ရည် မကြိုက်ပေမယ့် ဒါရိုက်တာချုပ်လင်းရဲ့ အပြုအမူကို ကြည့်ပြီး ဒီလက်ဖက်ရည်က အလွန်တန်ဖိုးရှိသည်ကို သိလာသည်။

အဓိကကတော့ ယွမ်ကျိုးရဲ့ ဆိုင်က အစားအစာတွေ အားလုံး စျေးမနည်းသည်ကို သူမ သိပြီးသား ဖြစ်သည်။

“ဟုတ်ပါပြီ” ဒါရိုက်တာချုပ်လင်းက ခွက်ကို အလွန်ဂရုတစိုက်ဖြင့် လက်ခံလိုက်သည်။

ခွက်က အလွန်ပါးလွှာတဲ့ နို့ရောင် ကြွေထည်မျိုး ဖြစ်ပြီး အပေါ်မှာသစ်ခွ ပန်းပုံ ရေးဆွဲထားသည်။

အတွင်းက အစိမ်းရောင် လက်ဖက်ရည်ရေကြောင့် ပန်းပွင့်တွေက မြက်ခင်းပေါ်မှာ ပေါက်နေသည့်ပုံစံ ထင်ရသည်။

ခွက်ကို အနီးကပ်ကြည့်လိုက်တဲ့အခါ လုံကျင်း လက်ဖက်ရည်ရဲ့ မွှေးရနံ့ ထွက်လာသည်။

ဒါရိုက်တာချုပ်လင်းက တစ်ကျိုက်တည်း သောက်ချင်လောက်အောင် ဖြစ်သွားသည်။

သို့သော် သူက စိတ်ထိန်းပြီး လက်ဖက်ရည်ကိုအရင်ဆုံး ခြုံငုံလေ့လာ ကြည့်လိုက်သည်။

“လက်ဖက်ရည်ကောင်းပဲ

တကယ်ကောင်းတယ်”

သူက မချီးကျူးပဲ မနေနိုင်တော့ပေ။

“သောက်ပြီးမှ ကောင်း မကောင်းလား သိရမှာ” ယွမ်ကျိုးက တစ်ငုံ သောက်ပြီး ပြောလိုက်သည်။

ယွမ်ကျိုးက ပုံမှန်လုပ်ရိုးလုပ်စဉ်ဖြင့် သောက်နေသကဲ့သို့ ပြုမူနေသော်လည်း သူ့လှုပ်ရှားမှုတွေက အလွန် ချောမွေ့လှပပြီး လက်ဖက်ရည်အခမ်းအနား ဆရာသခင်တစ်ယောက်လို ထင်ရသည်။

“ဟုတ်ပါတယ်”

ဒါရိုက်တာချုပ်လင်း ခေါင်းညိတ်လိုက်သော်လည်း ခွက်ထဲက လက်ဖက်ရည်ကို ဆက်ကြည့်နေသေးသည်။

“ပဲ‌စေ့ရနံ့တောင် ရှိတယ်

လုံကျင်းလက်ဖက်ပင်ကို ပဲပင် နဲ့ ပျိုးထောင်တာက တကယ် ကိုအဆင့်မြင့်ပညာ ပဲ”

သူက စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။

“ပြီးတော့ သစ်ခွ ပန်းရနံ့လိုလည်း ရှိတယ်

ဒါပေမယ့် အဲဒါထက် ပိုကောင်းတယ်၊ရှေးဟောင်း ဇီးသစ်ခွ ပန်းရဲ့ အနူးညံ့ဆုံး ရနံ့လိုပဲ”

မျက်လုံးမှိတ်ပြီး အရမ်းပျော်ရွှင်ကာ နစ်၀င်နေသလို ပြောလိုက်သည်။

လက်ဖက်ရည်ရဲ့ အရည်အသွေးကို အရောင်၊ ရနံ့၊ အရသာ၊ ပုံစံ နဲ့ ခွဲခြားကြသည်။ အခု ဒါရိုက်တာချုပ်လင်းကတော့ အရသာအဆင့် ကို ရောက်လာပြီဖြစ်သည်။

သူက ခွက်ကို ယူပြီး လက်ဖက်ရည်ကိုတစ်ငုံ စုပ်သောက်လိုက်သည်။

ချက်ချင်း မျက်လုံးမှိတ်ပြီး လက်ဖက်ရည်ရဲ့ အရသာနဲ့ ရနံ့ကို ပါးစပ်ထဲမှာ ခဏလောက် အချိန်ယူပြီးမှ မျိုချလိုက်သည်။

“ဒီလိုရာသီမှာတောင် နွေဦးလို နွေးထွေးသွားတဲ့ ခံစားချက်မျိုး ခံစားရတယ်”

ဒါရိုက်တာချုပ်လင်းက မျက်လုံးဖြည်းဖြည်းဖွင့်ပြီး ယွမ်ကျိုးကို စိတ်ထက်သန်မှု့အပြည့် အကြည့်နဲ့ ကြည့်ပြီး

“ဒါက တကယ် ချင်းမင်းခေတ်အကြိုလုံကျင်းလက်ဖက်ရည် လား ”

သတိတကြီး မေးလိုက်သည်။

“ဒီလောက် ခမ်းနားလှတာ ဒါက ရိုးရိုးချင်းမင်းခေတ်အကြိုလုံကျင်းလက်ဖက်ရည် မဟုတ်ဘူး၊ အဲဒီလိုပြောတာတောင် မလုံလောက်ဘူး”

သူကသူ့ဘာသာ ခန့်မှန်းလိုက် ငြင်းခုန်လိုက် ဖြင့် စိတ်လှုပ်ရှားနေသည်။

“ဒါက ချင်းမင်းခေတ်အကြိုလုံကျင်းလက်ဖက်ရည်ပါပဲ

အရည်အသွေး နည်းနည်း ပိုကောင်းတာပါ”

ယွမ်ကျိုးက တိုးတိုးလေး ရေရွတ်လိုက်သည်။

“နည်းနည်းပဲ ပိုကောင်းတယ်လို့ ပြောတယ်လား ဘုရားရေ

ငါ့ဘဝတစ်ဝက်ကျော် အလဟသ ဖြစ်သွားပါပြီ

အစိုးရဝန်ထမ်း ဖြစ်ပေမယ့် တကယ်ပဲ အောင်မြင်မှုမရှိခဲ့ဘူး

ဒီလို လက်ဖက်ရည်ကောင်းကို အခုမှ သောက်ဖူးတယ် ဒါမှပဲ လက်ဖက်ရည်လို့ ခေါ်ရမယ်”

ဒါရိုက်တာချုပ်လင်းက စိတ်အားထက်သန်စွာ ပြောလိုက်သည်။

ထို့နောက် သူ ခွက်ထဲက ကျန်နေတဲ့ လက်ဖက်ရည်နည်းနည်းကို မျှော်လင့်စွာ ကြည့်နေသည်။

“ရှောင်ယွမ် ငါ့ခွက်ကို ထပ်ဖြည့်‌ ပေးပါ”

ယွမ်ကျိုးက ဒါရိုက်တာချုပ်လင်းကို လုံးဝ အာရုံမစိုက်ဘဲ ပြောလိုက်သည်။

“အိုး ကောင်းပါပြီ”

မုရှောင်ယွမ်က မျက်နှာမှာဂုဏ်ယူသည့်အပြုံးဖြင့် ထပ်မံဖြည့်ပေးရန် ပြင်လိုက်သည်။

ယွမ်ကျိုး အပိုင်း (၄၉၀)

ပြီးပါပြီ။

All Chapters