← Chapters

အကျိုးဆက်များ

Vol. 19 Ch. 253

အကျိုးဆက်များ

Vol. 19 Ch. 253

အခန်း(၂၅၃) :  အကျိုးဆက်များ

ကျောင်းတော်၏ ချီကံကောင်းမှု သုံးပုံတစ်ပုံ ဖြတ်တောက်ခံလိုက်ရပြီးနောက် ချီကံကောင်းမှု နဂါးအသစ်က ဖြည်းဖြည်းချင်း ပုံပေါ်လာသည်။ သို့သော်လည်း ဤတစ်ခုက ယခင်နှင့် အရောင်မတူဘဲ လုံးဝကို အဖြူဆွတ်ဆွတ် ဖြစ်နေသည်။ ပုံသဏ္ဍာန် ဖြစ်တည်လာပြီးနောက် ချီကံကောင်းမှု နဂါးက ကမ္ဘာတစ်နှံ့ အလျှင်အမြန် သွားလာကာ သေမျိုးများ၏ ခန္ဓာကိုယ်မှ ထွက်လာသော အဖြူရောင်အလင်းအစုအဝေးများကို စုပ်ယူရင်း အရွယ်အစား ကြီးမားလာသည်။

“ဒါက စာသင်ကျောင်း သဘောတရားနဲ့ ဆက်စပ်နေတဲ့ ချီကံကောင်းမှု နဂါးလား” တာအိုအခွင့်အလမ်းဂိုဏ်း၏ အကြီးအကဲတစ်ယောက်က တအံ့တဩ ပြောလိုက်သည်။ အားလုံးက တအံ့တဩ ကြည့်ရှုနေကြသောကြောင့် မည်သူကမှ ပြန်မဖြေနိုင်ကြပေ။

အကြီးအကဲတစ်ယောက်က ရုတ်ချည်း ပြောလာသည် “ ကျုပ်တို့ဂိုဏ်းမှာ ဒီလိုအောင်မြင်မှုမျိုး ရရှိဖူးတဲ့ တစ်ခုတည်းသော အချိန်က ကျုပ်တို့ဘိုးဘေး မူလလမ်းစဉ် စနစ်ကို ဖန်တီးလိုက်တုန်းက ဖြစ်မယ် တူတယ်”

လူအားလုံးက ထိုအရာသည် မှန်ကန်ကြောင်း သတိပြုမိသွားကြသည်။ လူတစ်ယောက်က စင်မြင့်ပေါ်တွင် ရပ်နေဆဲ ဖြစ်သည့် ဝမ်ဝေ့ထံ ချက်ချင်း ဦးညွှတ်လိုက်သည်။

“ဂိုဏ်းချုပ်ငယ်လေးက ကျုပ်တို့ဘိုးဘေးတွေရဲ့ ဂုဏ်ကျက်သရေကို ပြန်လည်ပြောင်မြောက်စေတဲ့အတွက် ကျေးဇူးတင်ပါတယ်”

“ဂိုဏ်းချုပ်ငယ်လေးကို ကျေးဇူးတင်ပါတယ်” နောက်တစ်ယောက်လည်း ထပ်ပြောလိုက်သည်။ ထို့နောက် အကြီးအကဲများစွာနှင့် မဟာအကြီးအကဲများပင် သူ့ထံ ဦးညွှတ်လိုက်ကြသည်။

ဝမ်ဝေ့က ထိုလက်ဆောင်၏ အမှန်တကယ့် အကြောင်းအရင်းကို မှန်းဆမိလေသည်။ နှစ်များစွာကြာသည့်တိုင် တာအိုအခွင့်အလမ်းဂိုဏ်းက ဘိုးဘေး ဖန်တီးထားသည့် မူလလမ်းစဉ် နည်းစနစ်၏ ချီကံကောင်းမှုအပေါ်သာ မှီခိုနေရသည် မဟုတ်ပါလော။ သို့သော်လည်း အချိန်ကြာလာသည့်အခါ တစ်ရက်ကျ ထိုအရာမှ ကောင်းချီပေးမခံရတော့မည်ကို လူအများက စိုးထိတ်နေခဲ့ကြသည်။

တကယ်တော့ လိုက်နာမည့် နောက်မျိုးဆက်များ ရှိနေသေးသည့်အတွက် ထိုအရာမှာ မလိုအပ်သည့် စိုးရိမ်မှုတစ်ခုသာ ဖြစ်လေသည်။ အစီအရင်ဘိုးဘေးများ၊ ဝင်္ကပါဘိုးဘေးများ အစရှိသဖြင့် ဘိုးဘေးများ တည်ထောင်ခဲ့သည့် ဂိုဏ်းများက ယနေ့အထိ ရှင်ကျန်နေကြသေးသော်လည်း အားလုံး မဟုတ်လျှင်ပင် အများစုက စတင်ကျဆင်းလာခြင်း သို့မဟုတ် ဖွံ့ဖြိုးမှု တုံ့နှေးလာခြင်း ရှိလာလျှင် ဒီကမ္ဘာထဲ ကျန်ရှိနေအောင် ရှည်ကြာခဲ့သည့် အမွေအနှစ်ကို ထုတ်သုံးနိုင်သေးသည်။

တာအိုအခွင့်အလမ်းဂိုဏ်းက ဧကရာဇ်ကိုးပါးအထိ မွေးထုတ်ပေးပြီးနောက် လူများစွာက ဂိုဏ်းကျဆင်းလာမှုကို စတင်သတိထားမိလာကြသည်။ သို့သော် ယခုတွင် ပြန်လည်ထမြောက်လာစေဖို့ မျှော်လင့်ချက်တို့ ရှိနေလေပြီ။

ဝမ်ဝေ့က ထိုလူများ၏ ဦးညွှတ်မှုကို လက်ခံလိုက်ရင်း ခေါင်းညိတ်လိုက်သည်။ သူက လူငယ်မျိုးဆက်လို ပြုမူမနေတော့ပေ။ ယခုအချိန်ကား နှိမ်ချနေရမည့် အချိန် မဟုတ်မှန်း သိထား၏။ တစ်ခါတစ်လေ ချီးကျူးခံဖို့ ထိုက်တန်နေသည်ကို နှိမ်ချလိုက်ခြင်းက ကြောင်သူတော်နှင့် တူသွားစေသည်။

ထို့ကြောင့် သူက ပြောလိုက်သည် “ အားလုံး ထကြပါ။ ဒါက ကျွန်တော်တို့ တာအိုအခွင့်အလမ်းဂိုဏ်းအတွက် အစပဲ ရှိပါသေးတယ်။ တစ်ရက်ကျ ကျွန်တော်တို့တွေ စာသင်ကျောင်းတွေကို ဒီအသိုက်အဝန်းထဲအထိ ဖြန့်လာနိုင်လိမ့်မယ်။ ပြောရရင် အဆုံးမဲ့လေဟာနယ်ထဲက ကမ္ဘာတွေအားလုံးအထိပေါ့”

ထို့နောက် အကြီးအကဲများက စိတ်လှုပ်ရှားမှုအပြည့်ဖြင့် ခေါင်းမော့လာကြသည်။ သူတို့က ဧကရာဇ်ချီယွမ်၏ လမ်းစဉ်အတိုင်း အတွေးအခေါ်များ၊ သဘောတရားများကို အလွှာမြောက်များစွာအထိ ဖြန့်ဝေနိုင်ခြင်းက ဘယ်လိုမျိုးလဲဟု စိတ်ကူးကြည့်နေကြသည်။ ဤအရာက အမှန်တကယ်ကို ထူးကဲပြောင်မြောက်သည့် ခေတ်ကာလ ဖြစ်လာလိမ့်မည်။

ထိုစဉ် အဖြူဆွတ်ဆွတ် နဂါးက ကမ္ဘာအနှံ့ သွားလာပြီးနောက် အရွယ်အစား နှစ်ဆကြီးလာသည်။ အမှန်တော့ အရွယ်အစားသည် မဟာဧကရာဇ်တစ်ယောက်တည်းသာ ရှိထားသည့် သာမန်ဧကရာဇ်မျိုးနွယ်၏ ချီကံကောင်းမှု နဂါးနှင့် ယှဉ်လိုက်လျှင်ပင် အလွန်သေးနေသေးသည်။

အကြောင်းမှာ စာသင်ကျောင်းသဘောတရားက ဖန်တီးခါစ ဖြစ်ပြီး အကောင်အထည် မဖော်ရသေးပေ။ ထို့ကြောင့် ထိုစနစ်၏ အကျိုးမြတ်နှင့် အဆိုးဘက်များကို မသိရသေးပေ။

ထို့ကြောင့် အဖြူဆွတ်ဆွတ် နဂါးက အစပိုင်း ကြီးထွားလာပြီးနောက် အမြီးအပိုင်းမှ အစိတ်အပိုင်းလေး ပြတ်သွားကာ တာအိုအခွင့်အလမ်းဂိုဏ်းဆီ ဝင်ရောက်သွားပြီး နဂိုရှိပြီးသား ရောင်စုံ ချီကံကောင်းမှု နဂါးထံ ပေါင်းစပ်သွားသည်။ အမြီးအစိတ်အပိုင်း အသေးလေးအနေနှင့် ထိုအရာက နောက်ထပ် သေးငယ်သည့် အစိတ်အပိုင်းလေးများအဖြစ် ကွဲထွက်သွားကာ ဒီအစီအစဉ်ထဲ ပါဝင်ခဲ့ကြသည့် တခြားဧကရာဇ်မျိုးနွယ်များ၏ ချီကံကောင်းမှု နဂါးနှင့် ပေါင်းစပ်သွားလေသည်။

အများစုက ထိုအရာကို မြင်ပြီး သက်ပြင်းချလိုက်ကြသည်။ သူတို့က ချီကံကောင်းမှု မည်သို့ ပိုင်းခြားထားမှန်း မပြောကြပေ။ ကံမကောင်းစွာဖြင့် ဒီသဘောတရားကို ဖန်တီးထားသူ တာအိုအခွင့်အလမ်းဂိုဏ်းက ဧကရာဇ်ဉာဏ်အလင်းပွင့် ကျောင်းတော် ပထမဆုံး တည်ထောင်ခဲ့စဉ်ကလိုမျိုး အများစု ရရှိလိုက်သည်။

ယခုအခါ လူတချို့က သူတို့ဆုံးဖြတ်ချက်ကို နည်းနည်း နောင်တရလာကြသော်လည်း လက်ရှိနှင့် အနာဂတ် အကျိုးမြတ်များအကြောင်း စဉ်းစားမိလိုက်သည့်အခါ သူတို့အတွေးများက မြန်မြန်ချုပ်ငြိမ်းသွားလေသည်။ စာသင်ကျောင်း သဘောတရား အကောင်အထည်ပေါ်လာသည်နှင့် သတ်မှတ်ထားသည့် စံနှုန်းတစ်ခု ရောက်အောင်အထိ အကျိုးမြတ် ပမာဏက ဆက်လက် တိုးပွားလာဖို့သာ ရှိသည်။ ထို့ကြောင့် ချီကံကောင်းမှုလည်း တိုးမြင့်လာလိမ့်မည်။

ထို့ကြောင့် အဖြူဆွတ်ဆွတ် နဂါးက အစီအစဉ်တွင် ပါဝင်ခဲ့သော တာအိုအခွင့်အလမ်းဂိုဏ်းနှင့် တခြားဧကရာဇ်မျိုးနွယ်များ ရှိရာ နေရာမှန်ဆီ ပျံသန်းသွားလေသည်။

ကျင့်ကြံသူများစွာက သူတို့စွမ်းရည်ဖြင့် ကမ္ဘာအနှံ့ စာသင်ကျောင်းများကို တည်ဆောက်ပေးကြသည်။ အလယ်ပိုင်းကုန်းမြေမှ အရှေ့၊ အနောက်၊ တောင်ဘက်အထိ အကုန်ပြည့်နှက်သွားသည်။ တစ်ခုတည်းသော ခြွင်းချက်က မြောက်ဘက် ဖြစ်၏။

ထိုစာသင်ကျောင်းများ တည်ဆောက်ပြီးသည့်နောက် သူတို့က သေမျိုးများအား အရေအတွက်များများ စတင်လက်ခံခဲ့သည်။

ဒီသေမျိုးတွေရဲ့ ဆရာအတွက်လား …

ဝမ်ဝေ့က အစီအစဉ် အကောင်အထည်မဖော်ခင်ကတည်းက လူများစွာကို လေ့ကျင့်ပေးချင်သော်လည်း ထိုအင်အားစုများက သူတို့ဘာသာ လုပ်ချင်ခဲ့ကြသည်။

အကြောင်းမှာ သူတို့အတွက် ကုသိုလ် စုဆောင်းဖို့ ပိုမိုလွယ်ကူလေပြီး ကောင်းမှုကုသိုလ်များ ရရှိနိုင်သည့် နောက်ထပ် နည်းလမ်းလည်း ဖြစ်နေ၍ ဖြစ်သည်။ ကောင်းမှုကုသိုလ်များဖြင့် ထိုဆရာများ၏ ကောင်းကင်စမ်းသပ်ချက်များသည် အတော်အတန် လျော့ကျသွားလိမ့်မည်။ ထို့ကြောင့် ဆရာဖြစ်လာခြင်းက ထိုဂိုဏ်းများကြား အဖိုးတန် အနေအထားတစ်ခု ဖြစ်လာခဲ့သည်။

ထိုစဉ် အခမ်းအနား တောင်ထိပ်တွင် ဝမ်ဝေ့က ဂိုဏ်း၏ ပိုင်နက်ထဲ ဖြစ်သမျှအရာအားလုံးကို သူ့အံ့ဖွယ်အသိစိတ်ဖြင့် စောင့်ကြည့်နေစဉ် အသင်္ချေအင်ပါယာကမ္ဘာရှိ တခြားနယ်မြေများထဲလည်း အတူတူ ဖြစ်နေလိမ့်မည်မှန်း သိလိုက်သည်။

ထို့နောက် သူက နှာခေါင်းရှုံ့လိုက်သည်။ ကျင့်ကြံသူများက အကျိုးမြတ်ကြောင့် စုံလုံးကန်းနေပြီး နောက်ထပ် အစီအစဉ်ကြီးကြီးမားမားကို မမြင်နိုင်ခဲ့ကြပေ။ ဝမ်ဝေ့က ဒီလောက၏ လူမှု့အဖွဲ့အစည်းပုံစံသည်  တိုးတက်မှုနှင့်အတူ နောက်ဆုတ်ခြင်းများ ရောနှောနေသည့်အတွက် မကြိုက်ခဲ့ပေ။

တစ်ဖက်တွင် ကျင့်ကြံသူများက နေရာနှင့်အချိန်ကို ဖြတ်ကျော်ကာ ခရီးသွားလာနိုင်ခြင်းကဲ့သို့သော ကောင်းကင်သွေဖယ်သည့် ကိစ္စများကို လုပ်ဆောင်နိုင်စဉ် သေမျိုးများက နေ့စဉ် အစာစားရဖို့ အနိုင်နိုင်ဖြစ်နေလေသည်။ ထို့ကြောင့် သူက ပြောင်းလဲပစ်ဖို့ စီစဉ်ထားခဲ့သည်။ ကံဆိုးစွာဖြင့် ဒီလောကအတိုင်း တည်ရှိလာသည်မှာ နှစ်သန်းချီကြာနေပြီဖြစ်၍ မည်သို့ အလွယ်လေး ပြောင်းသွားမည်နည်း။

အတင်းအကျပ် အားသုံးခြင်းက နည်းလမ်းတစ်ခု ဖြစ်၏။ ဝမ်ဝေ့က သူသာ မဟာဧကရာဇ် ဖြစ်လာခဲ့လျှင် ဒီလိုလုပ်နိုင်စွမ်း ရှိလာမည် ဖြစ်သော်လည်း ထိုအရာက အားသုံးလိုက်ခြင်းနှင့် အတူတူ ဖြစ်ပေသည်။ သူ ကမ္ဘာက ထွက်သွားသည်နှင့် ကိစ္စများက အရင်လိုသာ ပြန်ဖြစ်သွားလိမ့်မည်။ ကျင့်ကြံသူများ၏ ရှေးရိုးစွဲ သဘာဝက သူတို့အား ပို၍ ဘေးထုတ်ထားလိမ့်မည်။

ထို့ကြောင့် သူက ဖြည်းဖြည်းချင်းဖြင့် ထိုလူများအား လူမှုအဖွဲ့အစည်း တိုးတက်လာခြင်း၏ အကျိုးမြတ်များကို ပြသဖို့ စီစဉ်ထားခြင်း ဖြစ်၏။ ဝမ်ဝေ့ အစီအစဉ်အတိုင်း တစ်ယောက်ယောက်ကို ပြောင်းလဲစေဖို့ ဖျောင်းဖျနိုင်မည့် နည်းလမ်းနှစ်ခု ရှိလေသည်။ တစ်ခုက အစကတည်းက ထိုအရာသည် သူတို့ကိုယ်ပိုင်အတွေးများ ဖြစ်ကြောင်း တွေးစေဖို့ လမ်းပြပေးခြင်း ဖြစ်ပြီး ဒုတိယတစ်ခုက သူတို့အား ထိုသို့လုပ်ဆောင်ခြင်းဖြင့် ရလာမည့် အကျိုးမြတ်များကို ပြသခြင်း ဖြစ်ပေသည်။

ထို့ကြောင့် သူက အစီအစဉ်ကို အကောင်အထည်ဖော်ဖို့ရာ ထိုဧကရာဇ်မျိုးနွယ်များဖြင့် ပူးပေါင်းထားရခြင်း ဖြစ်သည်။ ထိုလူများက ကုသိုလ်နှင့် ကောင်းမှုကုသိုလ်အပေါ် အာရုံစိုက်ထားလွန်းသောကြောင့် သေမျိုးများ၏ အကျိုးကျေးဇူးကို မသိကြသေးပေ။

ထို့အပြင် ဝမ်ဝေ့ ခေါင်းထဲ အကြံများစွာ ရှိနေသေး၏။ သူ့အစီအစဉ်က အသင်္ချေအင်ပါယာကမ္ဘာအား  ချီကံကောင်းမှု စစ်ဆေးပွဲ ခံယူခဲ့သည့် တိုက်ပွဲတိုင်းပြည်ကမ္ဘာလိုမျိုး ပြောင်းလဲပစ်ဖို့ ဖြစ်သည်။

သို့သော်လည်း ဒီကမ္ဘာ၏ ရှုပ်ထွေးလွန်းသော သဘာဝက ကမ္ဘာငယ်ထောင်ချီနှင့် အလှမ်းကွာလှသည်။ ထို့ကြောင့် သူက အလျှင်မလိုပေ။ သူ့တွင် အချိန်များစွာ ရှိသေး၏။ စာသင်ကျောင်း သဘောတရားဖြင့် ကမ္ဘာရှိ သေမျိုးများက ကမ္ဘာကြီးအကြောင်း အခြေခံများ သိထားပြီး စာမတတ်သူများ မဟုတ်တော့ပေ။

မျိုးဆက်တချို့အပြီးတွင် သူတို့က ရရှိထားသော အခြေခံဗဟုသုတများပေါ် အခြေပြုကာ နောင်အနာဂတ်အတွက် အုတ်မြစ်ချထားနိုင်လိမ့်မည်။ ဝမ်ဝေ့ မဟာဧကရာဇ် ဖြစ်လာသည့်အခါ တစ်ကမ္ဘာလုံး၏ လူမှုအဖွဲ့အစည်း တိုးတက်လာဖို့ ပိုမိုလွယ်ကူသွားလိမ့်မည်။

…………….....

ရက်အနည်းငယ် ကုန်ဆုံးသွားလေပြီ။ ဧကရာဇ်ဉာဏ်အလင်းပွင့် ကျောင်းတော်က စစ်ဆေးပွဲကို ယာယီရပ်ဆိုင်းထားလေ၏။ ကျောင်းအုပ်ဝန်းအတွင်း အစည်းအဝေးတစ်ခု ကျင်းပနေပြီး ပိုင်ဟန်က မျက်တွင်းချောင်ကလောင် ဖြစ်နေပြီး ယခင် ပညာရှိဝိဇ္ဇာဟန်ပန်ကား ပျောက်ကွယ်သွားလေပြီ။

“လက်ရှိ အခြေအနေက ဘယ်လိုလဲ” ပိုင်ဟန်က နုံးချိစွာ မေးလိုက်သည်။

“ ချီကံကောင်းမှု လျော့ကျသွားတာနဲ့အတူ ဆရာတွေနဲ့ ကျောင်းသားတွေအပေါ် ကျင့်ကြံရေး တိုးမြင့်ဖို့ ကောင်းချီးတွေလည်း လျော့ကျသွားပါတယ်။ ရလဒ်ကတော့ လူတော်တော်များများက မကျေမနပ်ပြောနေကြပါတယ် .. ပြီးတော့ …  ”

ကံကြမ္မာတိုင်းပြည်များကဲ့သို့ ဂိုဏ်းများ၏ ချီကံကောင်းမှုကလည်း သူတို့ဂိုဏ်းသားများကို နေရာအလိုက် ကောင်းချီးပေးခံထားရသည်။ နမူနာအားဖြင့် ဂိုဏ်းချုပ်၊ မဟာအကြီးအကဲ၊ အကြီးအကဲများနှင့် တပည့်အမျိုးမျိုးအတွက် မတူညီသည့် ကောင်းချီးမျိုး ရှိကြလေသည်။

“ပြီးတော့ ဘာဖြစ်လဲ” ပိုင်ဟန်က မေးလိုက်သည်။

“ တပည့်အများစုရဲ့ သစ္စာရှိမှုကလည်း လတ်တလော အဖြစ်အပျက်အပြီးမှာ မတည်မငြိမ် ဖြစ်လာပါတယ်။ သူတို့အများစုက ဘက်ပြောင်းဖို့ တခြားအင်အားစုတွေနဲ့ ဆက်သွယ်ကုန်မှာ စိုးရတယ် ”

ပိုင်ဟန်က ထိုအရာကို ကြားပြီး ချက်ချင်း အမူအရာပျက်ယွင်းသွားလေသည်။ သူက အခြေအနေသည် သူ မှန်းထားသည်ထက် ပိုဆိုးရွားနေကြောင်း သိလိုက်သည်။

တပည့်တွေတင် မဟုတ်ဘဲ အကြီးအကဲဆရာတွေလည်း ပါနေနိုင်တယ် …. ဒီအခန်းထဲမှာ ထိုင်နေတဲ့ လူတချို့တောင် ပါနေနိုင်တယ်

“ အဲဒီသံသယဖြစ်ဖွယ် တပည့်တွေကို သေချာစောင့်ကြည့်ထားလိုက်။ သစ္စာဖောက်လို့ မှတ်ယူရရင် တန်းသုတ်သင်ခွင့်ပါ ခွင့်ပြုပေးမယ်။ ပြီးတော့ ဘာမှစိုးရိမ်နေဖို့ မလိုဘူး။ သူတို့ ထွက်သွားရင်တောင် သူတို့ဝိညာဉ်ထဲ အားကောင်းတဲ့ အတားအဆီးချထားတော့ ငါတို့ဧကရာဇ်ကျင့်စဉ်တွေအကြောင်း တခြားအင်အားစုတွေဆီ ထုတ်ပြောဖို့ ရမှာ မဟုတ်ဘူး ”

ဉာဏမျက်လုံး ခေါင်းဆောင်က ခေါင်းညိတ်လိုက်သည်။ ကျောင်းတော်၏ ထောက်လှမ်းရေးတာဝန်ကို ယူထားသူအနေနှင့် ကျောင်းအုပ်၏ အမိန့်မရှိဘဲ အာဏာမရှိသလောက် ဖြစ်၏။

“လင်းဖန်ရော ဘယ်လိုလဲ” ပိုင်ဟန်က မေးလိုက်သည်။

“ ဝမ်ဝေ့ကို အားကျတာအပြင် ဘာမှသက်ရောက်မှုမှ မရှိပါဘူး။ ကျောင်းတော်အပေါ် သူ့သစ္စာရှိမှုက ပြဿနာ မဟုတ်ပုံပါပဲ … လတ်တလောအရပေါ့လေ”

ပိုင်ဟန်က စိတ်အေးသွားပြီး “ဒီလိုဆိုရင် … ”

ကျောင်းအုပ်က အံ့ဖွယ်အသိစိတ်မှ အကြောင်းကြားချက် ရရှိလိုက်၍ စကား တစ်ဝက်တစ်ပျက် ရပ်သွားလေသည်။  သူ့မျက်နှာထားက ခဏတာပြောင်းလဲသွားပြီးနောက် ပုံမှန်ပြန်ဖြစ်သွားလေသည်။

ထို့နောက် သူက အခန်းရှိ လူများကို ပြောလိုက်သည် “ ခွင့်ပြုပါဦး  … နောက်ထပ် အစည်းအဝေးတစ်ခု ပေါ်လာလို့ ”

All Chapters