ဆောင်ရွက်ခြင်း
Vol. 19 Ch. 257
အခန်း (၂၅၇) : ဆောင်ရွက်ခြင်း
နတ်ဆိုးစာသင်ကျောင်း ဖန်တီးပြီးသည့်နောက်တွင် အသက်ရောက်ခံရဆုံးလူများမှာ တခြားဧကရာဇ်မျိုးနွယ်များ ဖြစ်ကြသည်။ အကြောင်းမှာ သူတို့က စာသင်ကျောင်း သဘောတရား၏ ချီကံကောင်းမှုနှင့် ကုသိုလ်ကောင်းမှုတို့ကို ထိန်းချုပ်ဖို့ နည်းလမ်းကို ရှာရန် ကြိုးစားနေကြ၍ ဖြစ်သည်။ ကံဆိုးစွာဖြင့် ဝမ်ဝေ့က ကြိုတင်ပြင်ဆင်ထားခဲ့ပြီး သူတို့ထက် အရင်ဦးသွားခဲ့သည်။
လူတော်တော်များများက တာအိုအခွင့်အလမ်းဂိုဏ်းသည် လွန်ခဲ့တဲ့နှစ်တစ်ရာလောက်ကတည်းက နတ်ဆိုးမျိုးနွယ်ကို သစ္စာဖောက်ခဲ့သည့် မြေခွေးနတ်ဆိုးမျိုးနွယ်ကို အသုံးပြုလိမ့်မည်ဟု ထင်မထားကြပေ။ ထို့ကြောင့် လူများစွာက ဝမ်ဝေ့သည် ထိုအရာကို အသက်ရှစ်နှစ်အရွယ် မျှော်နန်းဆောင်ကို ပြုပြင်ဖို့ မြေခွေးမျိုးနွယ်ကို ဖိတ်ခေါ်ခဲ့ကတည်းက ကြိုတင်ပြင်ဆင်ထားတာလားဟု တွေးတောနေကြသည်။
ကံဆိုးစွာဖြင့် ထိုလူများက သူ့ကို အထင်ကြီးလွန်းကြသည်။ ထိုအကြံအစည်ကို အောင်မြင်ရန် ချီကံကောင်းမှုနှင့် ပတ်သက်သည့် ဗဟုသုတများ၊ သတင်းအချက်အလက်များစွာ လိုအပ်သေးသည်။ ဝမ်ဝေ့က သူ့ချီကံကောင်းမှုမှာ အနက်ရောင်မှ ရွှေရောင်သို့ ပြောင်းလဲစေခဲ့သည့် ချီကံကောင်းမှု စစ်ဆေးမှုပွဲအတွင်းမှာသာ ထိုအဆင့်သို့ ရောက်ရှိခဲ့ခြင်းဖြစ်၏။
လတ်တလော အဖြစ်အပျက်များကြောင့် နောက်ထပ်သက်ရောက်ခံရသည့် မျိုးနွယ်တစ်ခုမှာ ဝိညာဉ်မျိုးနွယ်စု ဖြစ်၏။ သို့သော် သူတို့မျိုးနွယ် ဖြစ်ပေါ်လာပုံကြောင့် စာသင်ကျောင်း သဘောတရားက သူတို့အပေါ် သက်ရောက်မှု မရှိခဲ့ပေ။
နတ်ဆိုးမျိုးနွယ်ကဲ့သို့ ဝိညာဉ်မျိုးနွယ်တွင် အပင်များ၊ ပန်းများ၊ ကျောက်တုံးများ၊ လက်နက်များ သို့မဟုတ် အိပ်မက်များကဲ့သို့သော အရာများ အသိဝင်လာသူများ ပါဝင်သည်။ သို့သော်လည်း ဝိညာဉ်မျိုးနွယ်က မိုးမြေ၏ ချစ်ခြင်းကို ခံရပေသည်။ ထိုအရာများ အသိဝင်လာဖို့ ခက်ခဲမှုကြောင့် သူတို့ အသိဝင်ဝင်လာချင်း မိုးမြေ၏ ဆေးကြောမှုကို ခံရကာ လူသားအသွင် ပြောင်းလဲနိုင်ကြသည်။
ထို့အပြင် ဝိညာဉ်မျိုးနွယ်ဝင်တိုင်းက မိုးမြေမှ သီးသန့်သတ်မှတ်ပေးထားသော သူတို့၏ အမွေအနှစ် ကျင့်စဉ်များနှင့်အတူ မွေးဖွားလာတတ်ကြသည်။ ထို့ကြောင့် သူတို့က တခြားလူများ၏ ကျင့်စဉ်များကို မလိုအပ်ပေ။ ဆိုရလျှင် ဝိညာဉ်မျိုးနွယ်၏ မျိုးနွယ်ဝင်တိုင်းက အလွန်ထူးချွန်ကြသည်။
ယေဘုယျအားဖြင့် ဝိညာဉ်မျိုးနွယ်က ကမ္ဘာဦးခေတ်ကာလမှ ကမ္ဘာဦးနတ်ဘုရားနှင့် ပင်ကိုယ်နတ်ဆိုးများ၏ အဆင့်နိမ့် သက်ရှိပုံစံနှင့် တူညီသည်။ မိုးမြေမှ မွေးဖွားကတည်းက ကျင့်စဉ် ချီးမြှောက်ခံထားရသည်နှင့်အတူ အလွန်ပါရမီကောင်းပြီး သာမန်ကျင့်ကြံသူများထက် ရှည်လျားသော သက်တမ်းကို ပိုင်ဆိုင်ထားကြသည်။
သူတို့ကြားရှိ တစ်ခုတည်းသော ကွာခြားချက်မှာ ဝိညာဉ်မျိုးနွယ်တွင် အလွန်မြင့်မားသော ကျင့်ကြံဆင့်ဖြင့် မွေးဖွားလာခြင်း မရှိကြပေ။ သူတို့အများစုက လူသားအသွင်ပြောင်းပြီးမှသာ စတင်ကျင့်ကြံနိုင်ကြသည်။ တချို့ပါရမီကောင်းသူများက ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့် သို့မဟုတ် အံ့ဖွယ်ပင်လယ်အဆင့်ဖြင့် မွေးဖွားလာတတ်ကြသည်။ သို့သော် အလွန့်အလွန် ပါရမီကောင်းသူများသာ အံ့ဖွယ်ပလ္လင်အဆင့်ဖြင့် မွေးဖွားလာတတ်ကြသည်။
ထို့ကြောင့် ကျောင်းတော်သဘောတရားက သူတို့အပေါ် သက်ရောက်မှု မရှိပေ။ အကြောင်းမှာ သူတို့၏ မျိုးနွယ်ဝင်များက သူတို့နှင့် သင့်တော်သော ကျင့်စဉ်များနှင့်အတူ မွေးဖွားလာ၍ ဖြစ်သည်။ စာသင်ကျောင်း သဘောတရားသည်လည်း သူတို့အတွက် အတူတူဖြစ်၏။
ဝိညာဉ်မျိုးနွယ်ဝင်တိုင်းက မတူညီဘဲ ကွဲပြားကြသည်။ နည်းစနစ်အရ ပြောရမည်ဆိုလျှင် သဘာဝအတိုင်းဖြစ်စေ သို့မဟုတ် သဘာဝအတိုင်း မဟုတ်၍ ဖြစ်စေ အရာဝတ္ထုတိုင်းက အသိဝင်လာသည်နှင့် သူတို့၏ မျိုးနွယ်ဝင်များ ဖြစ်လာနိုင်ကြသည်။
နမူနာအားဖြင့် ဝိညာဉ်မျိုးနွယ်၏ နာမည်အကြီးဆုံး မဟာဧကရာဇ်တစ်ဦးဖြစ်သည့် ထာဝရအိပ်မက်ဧကရာဇ် ဖြစ်သည်။ သူက တောင်ပိုင်းမီးငှက်ကုန်းမြေအတွင်း တည်ရှိသော ထာဝရအိပ်မက်ဂိုဏ်း၏ တည်ထောင်သူလည်း ဖြစ်ပေသည်။
သူက နာမည်အလွန်ကျော်ကြားခြင်းမှာ သူ၏ စွမ်းအားကြောင့် မဟုတ်ဘဲ စိတ်ဝင်စားဖွယ်ကောင်းလှသော သူ့ဇစ်မြစ်ကြောင့် ဖြစ်သည်။ ယုံကြည်မှုခေတ်ကာလအတွင်း မဟာဧကရာဇ်တစ်ပါးက တားမြစ်နယ်မြေတစ်ခုကို ဖျက်ဆီးပစ်ဖို့ ကြိုးစားခဲ့သော်လည်း ကျရှုံးကာ ဒဏ်ရာလည်း ရသွားခဲ့သည်။
သူ့ ဒဏ်ရာကို ပြန်လည်ကုစားဖို့အတွက် အိပ်စက်သွားခဲ့သည်။ ထိုအိပ်စက်မှုအတွင်း မဟာဧကရာဇ်က အိပ်မက် စတင်မက်ခဲ့၏။ သို့သော် အဆင့်မြင့် သက်ရှိအနေနှင့် သူ့အိပ်မက်က သာမန်တော့ မဟုတ်ခဲ့ပေ။ ထို့ကြောင့် သူ အိပ်စက်နေသည့် နေရာတစ်ခုလုံး သက်ရောက်ခံရပြီး သူ့အိပ်မက်အဖြစ် ပြောင်းလဲသွားခဲ့သည်။
ထိုဧကရာဇ် ပြန်လည်ကောင်းမွန်လာပြီး အသင်္ချေအင်ပါယာမှ ထွက်သွားပြီးသည့်နောက်တွင်ပင် သူ့အိပ်မက်က ကျန်ရှိနေခဲ့သည်။ ထို့နောက် နှစ်သိန်းသန်းချီ ကြာမြင့်ပြီးသည့်နောက်တွင် သူ့အိပ်မက်က အသိဝင်လာကာ လူသားအသွင် ပြောင်းလာပြီး ဝိညာဉ်မျိုးနွယ်အဖြစ် ပြောင်းလဲသွားခဲ့သည်။
နောက်ပိုင်း ထိုဝိညာဉ်မျိုးနွယ်က တာအိုကို သက်သေပြကာ ထာဝရအိပ်မက် အမည်ယူပြီး ထာဝရအိပ်မက်ဂိုဏ်းကို တည်ထောင်ခဲ့သည်။ ထို့ကြောင့် ဝိညာဉ်မျိုးနွယ် ရှုပ်ထွေးမှုဖြင့် စာသင်ကျောင်း သဘောတရားက သူတို့အပေါ် အရေးသာခြင်း မရှိပေ။ မည်သို့ပင် ဆိုစေကာမှု တချို့လူများက နတ်ဆိုးမျိုးနွယ်ကဲ့သို့ နည်းလမ်းအတူတူကို ထပ်ပြီးကြိုးစားကြည့်ဖို့ လိုလာကြသေးသည်။
…………………
တာအိုအခွင့်အလမ်းဂိုဏ်း၊ ထျန်းဝေတောင်ထိပ်
ဝမ်ဝေ့က ဂိုဏ်း၏ အထက်ပိုင်းလူများနှင့် အစည်းအဝေးထိုင်နေပြီး လတ်တလောနှစ်များအတွင်း ဖြစ်ပေါ်လာသည့် ပြဿနာများအကြောင်း ဆွေးနွေးနေကြသည်။
“ တစ်ခုခု တင်ပြစရာ ရှိသေးလား” ဝမ်ဝေ့က မေးလိုက်သည်။
“ အရာအားလုံးက ပြဿနာ အသေးအမွှားလေးတွေနဲ့ပဲ အဆင်ပြေနေပါတယ်” မဟာအကြီးအကဲ တစ်ယောက်က ပြောလိုက်သည်။ “ဧကရာဇ်ဉာဏ်အလင်းပွင့် ကျောင်းတော်က နတ်ဆိုးကျောင်းတော်ရဲ့ ချီကံကောင်းမှုနဲ့ ပတ်သက်ပြီး တိတ်တဆိတ် ထိန်းချုပ်လိုက်တာ နှမြောစရာပဲ။ မဟုတ်ရင် ကျုပ်တို့က သူတို့ကို ထပ် ထိခိုက်အောင် လုပ်နိုင်ဦးမှာ”
“ ဧကရာဇ်ခုံက အလွန်ဉာဏ်ကြီးတယ်။ သူက ဒီလိုအကျိုးဆက်ကို သတိမပြုမိဘဲနဲ့ ဘယ်လိုလုပ်နေမှာလဲ။” ဝမ်ဝေ့က တည်တည်ငြိမ်ငြိမ်ပြောလိုက်သည်။
“ ဘာဖြစ်ဖြစ် ကျွန်တော်တို့က ဒီအခြေအနေမှာ အကျိုးအမြတ်အများဆုံး ရရှိခဲ့တဲ့သူတွေပဲ။ အခု ခင်ဗျားတို့ပြောတဲ့ အသေးစား ပြဿနာလေးတွေအကြောင်း ပြောရအောင်”
“ ဧကရာဇ်အင်အားစု အများအပြားက နတ်ဆိုးစာသင်ကျောင်း ကံကောင်းမှု အကျိုးအမြတ်နှင့် ပတ်သက်ပြီး မမျှဝေလို့ မကျေမနပ်ပြောနေကြတယ်။”
“ သူတို့ကို လျစ်လျူရှုထားလိုက်။ တကယ်လို့ သူတို့သာ ဒီအကြံအစည်ကို ပထမဆုံး အကောင်အထည်ဖော်တဲ့သူတွေ ဖြစ်ခဲ့ရင် သူတို့လည်း ဒီအကျိုးအမြတ်ကို မျှဝေပေးမှာ မဟုတ်ဘူး။”
ဝမ်ဝေ့က ပြောလိုက်သည် “ နောက်ထပ် ဘာပြောစရာရှိသေးလဲ”
“ စာသင်ကျောင်းကို လာတက်ရောက်တဲ့ သေမျိုး အရေအတွက်က ထင်ထားသလောက် မများဘူး။”
“ အကြောင်းအရင်းကရော…”
“ အများစုက သူတို့မိသားစုကို ကျွေးမွေးဖို့ လိုသေးတယ်ဆိုတော့ နောက်တစ်ခေါက် ရိတ်သိမ်းဖို့အတွက် စိုးရိမ်နေကြတယ်။”
“ အဲဒါဆို သူတို့ရဲ့လယ်တွေကို ကူညီပေးနိုင်မဲ့ ရေမန္တန် သိတဲ့ အံ့ဖွယ်ပင်လယ်အဆင့် တပည့်အချို့ကို လွှတ်လိုက်ပါ။ ပြီးတော့ သစ်သားမန္တန်ကို သိတဲ့သူတွေကိုလည်း လယ်ကွင်းတွေရဲ့ အထွက်နှုန်းတိုးအောင် လုပ်ပေးဖို့ ပြောလိုက်ပါ။
ဒါပေမဲ့ ဒါက ယာယီဖြေရှင်းနည်းတစ်ခုပဲ။ ကျွန်တော်တို့က သေမျိုးတွေကို လုံလုံလောက်လောက် ထောက်ပံ့နိုင်အောင် လုပ်ဖို့ လိုအပ်တယ်။ အဲဒါကြောင့် ကျွန်တော် ချီကံကောင်းမှု စစ်ဆေးပွဲအတွင်း လုပ်ခဲ့တဲ့ လယ်သုံးပစ္စည်းကိရိယာတွေကို မိတ်ဆက်ပေးရမယ်။ သူတို့တင်မကဘူး။ မဟာရှားတိုင်းပြည်ကို ကြွယ်ဝချမ်းသာအောင် လုပ်ပေးခဲ့တဲ့ ပစ္စည်းတွေလည်း ပါတယ်။”
“ သခင်လေး တခြားဂိုဏ်းတွေက ကျုပ်တို့ရဲ့ ပုံကြမ်းကို ခိုးသွားမှာ မစိုးရိမ်သင့်ဘူးလား”
“ ဒီပုံကြမ်းတွေက ပုံတူပွားဖို့ ခက်ခဲတာ မဟုတ်ဘူးဆိုတော့ ဘာမှစိုးရိမ်နေစရာ မလိုဘူး။ သူတို့နဲ့ ပတ်သက်တဲ့ နည်းပညာက ခင်ဗျားတို့ထင်သလောက် သိပ်မမြင့်ဘူး။ ကျွန်တော်တို့ အာရုံစိုက်ထားရမှာက အကျိုးအမြတ်ကို မြန်မြန်ရအောင် ဘယ်လိုလုပ်မလဲဆိုတာကိုပဲ။
တခြားအင်အားစုတွေ ပုံတူပွားလာမှာကတော့ ရှောင်လွှဲလို့ မရဘူး။ ဒါပေမဲ့ ကျွန်တော်တို့က ရှေ့ဆုံးကနေ စထားတာဆိုတော့ အရေးသာချက်တွေ ရှိတယ်။”
ဝမ်ဝေ့က အမှန်တရား တစ်ခုလုံးကို ပြောမပြလိုက်ပေ။ သူက ထိုအင်အားစုများ သူ့ဆီက ကူးချတာကို လိုချင်မိသည်။ သူက အသင်္ချေအင်ပါယာ ကမ္ဘာတစ်ခုလုံးကို တိုးတက်လာအောင် လုပ်ချင်သော်လည်း တခြားအင်အားစုများ၏ နောက်ပြန်ဆုတ်နေသည့် အတွေးအခေါ်တွေကြောင့် မည်မျှခက်ခဲမည်မှန်း သိနေသည်။
သို့သော်လည်း ယခု မည်သူမှ သတိမထားမိစေဘဲ လုပ်ဆောင်နိုင်ဖို့ အခွင့်အရေး ရောက်လာလေပြီ။ တာအိုအခွင့်အလမ်းဂိုဏ်း၏ ပိုင်နက်ကို အဆင့်မြှင့်တင်ခြင်းဖြင့် တခြားအင်အားစုများကလည်း သူတို့ ဂိုဏ်းမှရရှိသည့် အကျိုးအမြတ်များကို သတိပြုအားကျမိပြီး ကုသိုလ်များ၊ ချီကံကောင်းမှုများကို စုဆောင်းကြရန် တိတ်တဆိတ် လိုက်လံအတုခိုးကြလိမ့်မည်။
ဤနည်းဖြင့် ထိုအရာက သူတို့၏အစီအစဉ်၊ သူတို့၏ အတွေးအခေါ်ဟု တွေးကာ သူတို့ကိုယ်ပိုင် နယ်မြေများအတွင်း စတင်၍ ဖွံ့ဖြိုးအောင် လုပ်ဆောင်လာကြလိမ့်မည်။
ဝမ်ဝေ့က ထိုအရာကို ကြိုတင်မှန်းဆထားသည်။ အသင်္ချေအင်ပါယာတစ်ဝန်းတွင် တွားသွားနဂါးယာဉ်များ (မော်ဒန်ခေတ် ရထား)၊ ပျံဝဲ ဇာမဏီယာဉ် (လေယာဉ်ပျံ)နှင့် မြင်းပျံ ရထားလုံး (ကား) အားလုံး ပြည့်နှက်သွားလိမ့်မည်။
လူတချို့က တစ်ခုခုမှားယွင်းနေမှန်း သတိထားမိသွားသည့်အခါ ပြန်နောက်ဆုတ်ရန် အလွန်ခက်ခဲသည့်အခြေအနေ ရောက်နေလောက်အောင်အထိ ကမ္ဘာကြီးက ပြောင်းလဲသွားလောက်လေပြီ။
“ သေမျိုးတိုင်းပြည်တွေရဲ့ ဆွေကြီးမျိုးကြီးတွေနဲ့ သူဌေးတွေကရော ဘယ်လိုတုံ့ပြန်ကြလဲ” ဝမ်ဝေ့က မေးလိုက်သည်။
“ ဒီပညာရေးက သာမန်လူတွေကို သူတို့အုပ်ချုပ်နေတဲ့နည်းလမ်းဆိုတော့ တော်တော်များများက ဒီအခြေအနေနဲ့ ပတ်သက်ပြီး မပျော်ရွှင်ကြဘူး။ တချို့လူတွေက သာမန်ပြည်သူတွေကို ကျောင်းမတက်အောင် အားသုံးပြီး တားဆီးထားကြသေးတယ်။
ဒါပေမဲ့ ကျုပ်တို့ ကျင့်ကြံသူတွေက ဝင်ပါလိုက်တဲ့အခါ သူတို့တွေ နောက်ဆုတ်သွားရတယ်။ ဒါပေမဲ့ တချို့သေမျိုး ဘုရင်တွေက ရူးသွပ်သွားပြီးတော့ သူတို့တိုင်းပြည်မှာရှိတဲ့ လူတွေအားလုံးကို သတ်ဖြတ်ဖို့တောင် အမိန့်ပေးခဲ့တယ်လို့ ကြားမိတယ်။”
“ ဒီလူတွေက ပြဿနာ မဟုတ်ဘူးမလား။” ဝမ်ဝေ့က မေးလိုက်သည်။
“ ပြဿနာ မဟုတ်ပါဘူး”
ဝမ်ဝေ့က ခေါင်းညိတ်ပြီးနောက် ဆက်မေးလိုက်သည် “ အနောက်ပိုင်းကျားဖြူကုန်းမြေကရော ဘယ်လိုလဲ။ ဒီအစီအစဉ်မှာ ပါဝင်တဲ့ အဲဒီက ဧကရာဇ်မျိုးနွယ် သိပ်မရှိဘူးဆိုတော့ မိစ္ဆာမျိုးနွယ်တွေကရော ဘယ်လိုတုံ့ပြန်ကြလဲ”
“ သူတို့လား။ သူတို့လည်း ကျောင်းတွေစပြီး လုပ်နေပြီ။”
“ အော် …” ဝမ်ဝေ့က အနည်းငယ် အံ့အားသင့်သွားစွာဖြင့် ပြောလိုက်သည်။ “ သူတို့က သူတို့ရဲ့ ကံကြမ္မာဆိုးကို ကုသိုလ်နဲ့ ဆေးကြောချင်နေတာလား”
“ ဟုတ်ပါတယ်”
ဝမ်ဝေ့က ခေါင်းညိတ်လိုက်သည်။ ထို့နောက် သူက တခြားလတ်တလော အဖြစ်အပျက်များနှင့် ပတ်သက်၍ နာရီပိုင်းကြာ ဖြေရှင်းခဲ့ရသည်။ အစည်းအဝေးပြီးဆုံးသွားပြီးနောက် သူက ဆေးဝါးခန်းမဆောင်သို့ တန်းသွားလိုက်သည်။
………..
အခန်းအတွင်း ယန်းလီလင်းက လီကျွင်းဘေးနား စိုးရိမ်သောကရောက်စွာ ထိုင်နေသည်။ ထို့ကြောင့် သူက သူမ ပုခုံးကို ပုတ်လိုက်ရင်း ပြောလိုက်သည်
“ သူ့ကို စိုးရိမ်နေစရာ မလိုဘူး။ သူက ဉာဏ်အလင်းပွင့် အခြေအနေမှာ ရှိနေတာ။ တစ်ခုခု မှားသွားခဲ့ရင် ငါ သူ့ကိုကယ်ဖို့ နည်းလမ်း ရှာပေးမယ်”
ယန်းလီလင်းက ထိုစကားကြောင့် စိတ်အေးသွားကာ ခေါင်းညိတ်လိုက်သည်။ ဝမ်ဝေ့၏ လတ်တလော ကမ္ဘာတုန်လှုပ်မတတ် အပြုအမူများကြောင့် သူ ပြောသောစကားများကို သူမက အကြွင်းမဲ့ ယုံကြည်ထားသည်။