← Chapters

အခန်း (၂၃၈၃-၂၃၈၄)

Vol. 171 Ch. 2383-2384

အခန်း (၂၃၈၃-၂၃၈၄)

Vol. 171 Ch. 2383-2384

အပိုင်း(၂၃၈၃)

ဉာဏ်အလင်းရ သူတော်စင် နွေဦးကွင်းပြင် သည် အစစ်အမှန် ဝိညာဉ် အဆင့်၏ ထိပ်တန်း ကျွမ်းကျင်သူ တစ်ဦးသာမက၊ နွေဦး အဂ္ဂိရတ် မျိုးဆက် ၏ အစိတ်အပိုင်းတစ်ခုလည်း ဖြစ်သည်။ ၎င်းသည် ရှေးဟောင်း အဓိကရာသီများ မျိုးဆက် လေးခုအနက်မှ တစ်ခု ဖြစ်၏။ သို့သော် ၎င်း၏ မူလအစမှာ အစွမ်းကုန် သန့်စင်ခြင်း ဂလက်ဆီ မှ မဟုတ်ဘဲ စည်းသိမ် ပျက်သုဉ်းခြင်း ဂလက်ဆီ မှ ဆင်းသက်လာခြင်း ဖြစ်သည်။ လွန်ခဲ့သော နှစ်ပေါင်းများစွာက ဖြစ်ပွားခဲ့သော အဖြစ်အပျက်တစ်ခုအပြီးတွင် ၎င်းသည် လေးပိုင်း ကွဲထွက်သွားခဲ့လေသည်။

ခန့်မှန်းချက်များအပေါ်တွင်သာ အများဆုံး အခြေခံထားသည့် ခိုင်လုံမှုမရှိသော ရှေးဟောင်း မှတ်တမ်းများအရ၊ အဓိကရာသီများ မျိုးဆက်သည် ကြီးမြတ်လှသော ထာဝရ တာအို သို့ တက်လှမ်းရန် အထောက်အကူပြုသော လျှို့ဝှက်ဝိညာဉ် အဆင့် မျိုးဆက်တစ်ခု ဖြစ်သည်။ သို့သော် အဆုံးတွင် ၎င်းသည် ကျရှုံးသွားခဲ့၏။ မသေချာသော အကြောင်းရင်းများကြောင့် ဦးဆောင် အဂ္ဂိရတ် ပညာရှင်များ နှင့် သူတို့၏ တည်ထောင်သူသည် ကြောက်မက်ဖွယ် ကံကြမ္မာများနှင့် ရင်ဆိုင်ခဲ့ရပြီး မကြာမီမှာပင် သေဆုံးသွားခဲ့ကြသည်။

အဓိကရာသီများ မျိုးဆက် ဟု အမည်ပေးရခြင်းမှာ သူတို့သည် တိုက်ခိုက်ရေးစွမ်းရည် အလွန်မြင့်မားသော အဂ္ဂိရတ် ပညာရှင်များ အဖွဲ့တစ်ခု ဖြစ်သောကြောင့်တည်း။ ထို့ပြင် သူတို့၏ တည်ထောင်သူသည် အဓိက သူတော်စင် တစ်ပါး၏ ခွန်အားကို ပိုင်ဆိုင်ထားလေသည်။ သူတော်စင် တစ်ပါးအတွက် ဂုဏ်ပုဒ် သုံးခု ရှိသည်။ ၎င်းတို့မှာ ရိုးရွဲ သူတော်စင်၊ ကန်းပန် သူတော်စင် နှင့် မူလ သူတော်စင် တို့ ဖြစ်ကြ၏။ ဤ သူတော်စင်များ ၏ ဂုဏ်ပုဒ်များသည် ကျင့်ကြံခြင်း အဆင့်အရ မည်သည့်အရာနှင့် သက်ဆိုင်ကြောင်း မရှင်းလင်းပေ။ သို့သော် ကန်းပန် သူတော်စင် တစ်ပါးသည် သာမန် အထွတ်အထိပ် သူတော်စင်များ ၏ မျက်လုံးထဲတွင် နတ်ဘုရားတစ်ပါးနီးပါး အစွမ်းထက်လှပေသည်။

သန့်စင်သော ကံကြမ္မာ ဟင်းလင်းပြင်၏ ကြီးမားသော ဂလက်ဆီ လေးခုတွင် ရာသီတစ်ခုစီကို ကိုယ်စားပြုသော မျိုးဆက် တစ်ခုစီ ရှိကြသည်။ အစွမ်းကုန် သန့်စင်ခြင်း ဂလက်ဆီသည် နွေဦးရာသီ ဖြစ်သည်။ ၎င်းသည် အစိတ်စိတ်အမွှာမွှာ ကွဲအက်နေပြီး ချို့ယွင်းချက်များ ရှိနေကာ၊ အထွတ်အထိပ် လျှို့ဝှက်လောက အဆင့်အထိသာ ရောက်ရှိနိုင်သော အမွေအနှစ်တစ်ခုကို ပိုင်ဆိုင်ထား၏။ ဒဏ္ဍာရီများအရ မျိုးဆက်များ၏ အဓိက ဆက်ခံသူ တစ်ဦးစီတွင် သော့တစ်ချောင်းစီ ရှိကြသည်။ ထိုသော့များကို ပေါင်းစပ်လိုက်ပါက သူတို့၏ သက်ဆိုင်ရာ မျိုးဆက်များအကြောင်းကို ပိုမို ရယူနိုင်မည် ဖြစ်၏။ သို့သော် မမျှော်လင့်ထားသော အကြောင်းရင်းအချို့ကြောင့် အထွတ်အထိပ် ရှေ့ဖြစ်ဟောဆရာများ နှင့် အရှင်သခင် သူရဲကောင်းများ က ထိုနေ့ရက် ရောက်မလာစေရန် သေချာအောင် တားဆီးထားခဲ့ကြသည်။ ဤနောက်ဆုံးအချက်ကို ဂလက်ဆီ ၏ အစစ်အမှန် ကျွမ်းကျင်သူများသာလျှင် သိရှိကြလေသည်။

၎င်းသည် တားမြစ်ချက် တစ်ခုပင် ဖြစ်သည်။

သို့သော် ဝေ့ဝူယင် သည် နွေဦးရာသီ မျိုးဆက် ကို မည်သို့ ရရှိခဲ့သနည်း။

မိုးကုပ်စက်ဝိုင်းများ အံ့ဩမှင်သက်ကာ ဆွံ့အသွားကြသည်။ သို့သော် ဝေ့ဝူယင် သည် သက်စောင့်စွမ်းအင်များ ပြည့်နှက်နေသော စိမ်းလန်းသည့် လက်စွပ်တစ်ကွင်းကို တည်ငြိမ်စွာ ထုတ်ယူလိုက်၏။ သူတို့အားလုံး ထိုလက်စွပ်ကို မှတ်မိကြလေသည်။

အဓိက နွေဦး ၏ ဆက်ခံသူ လက်စွပ် ပင် ဖြစ်လေသည်။

သူသည် လက်စွပ်ကို အသက်သွင်းရန် အစီအရင်တစ်ခုကို ပေါ့ပေါ့ပါးပါး အသုံးပြုလိုက်သည်။ ၎င်းသည် အလွန်အမင်း ရှုပ်ထွေးလှသောကြောင့် အထွတ်အထိပ် သူတော်စင်များ ပင်လျှင် မည်သို့ ထုတ်ဖော်ရမည်ကို ချက်ချင်း နားမလည်နိုင်ခဲ့ချေ။ ထို့နောက် လက်စွပ်သည် မိုင်တစ်ရာ ဇုံတစ်ခုလုံးကို လွှမ်းခြုံသွားသည့် သက်စောင့်စွမ်းအင်များဖြင့် ပွင့်လန်းလာခဲ့လေသည်။

"ဘယ်လိုလုပ်ပြီး...."

စူးခိုင်မင် က အံ့အားသင့်စွာ အော်ဟစ်လိုက်သည်။ ၎င်းမှာ အစစ်အမှန် ဆက်ခံသူ တစ်ဦး၏ သင်္ကေတပင် ဖြစ်သည်။

"နွေဦးကွင်းပြင်က သူ့ရဲ့ ဆက်ခံသူ အခွင့်အရေးကို မင်းကို ပေးလိုက်တာလား...."

သူမသည် ထိုမျိုးဆက်ကို ရယူရန် နှစ်ထောင်ပေါင်းများစွာ ကြိုးစားနေခဲ့သူ ဖြစ်သည်။

"နေပါဦး.... အဲဒါက...."

တဖြည်းဖြည်းနှင့် သူမ ငြိမ်သက်သွား၏။ ပရိသတ်များလည်း ထိုနည်းတူပင် ဖြစ်သွားကြသည်။ အကယ်၍ ဉာဏ်အလင်းရ သူတော်စင် နွေဦးကွင်းပြင် ၏ ဆက်ခံသူ လက်စွပ် သည် ဝေ့ဝူယင် ၏ လက်ထဲတွင် ရှိနေပါက၊ သူ သေဆုံးသွားပြီဖြစ်ကြောင်း သေချာသလောက် ရှိနေလေပြီ။ ၎င်းကို အတင်းအကျပ် ရယူရန်မှာမူ လုံးဝ မဖြစ်နိုင်ပေ။ လက်စွပ်ကို အသက်သွင်းရန် တိကျသော အစီအရင်တစ်ခု လိုအပ်ခြင်းနှင့် တစ်စုံတစ်ရာ နှောင့်ယှက်ခံရပါက အထွတ်အထိပ် သူတော်စင်များ ပင် မတားဆီးနိုင်သော ၎င်း၏ ထွက်ပြေးလွတ်မြောက်မှု လုပ်ဆောင်ချက်တို့ကြောင့် ဖြစ်လေသည်။

သို့ဆိုလျှင် ဉာဏ်အလင်းရ သူတော်စင် နွေဦးကွင်းပြင် သည် သေဆုံးသွားပြီလား၊ သို့မဟုတ် ဝေ့ဝူယင် ၏ အဖွဲ့ထဲသို့ ဝင်ရောက်သွားခဲ့သည်မှာ ကြာပြီလား။ ဤအတွေးက သူတို့၏ အမြုတေ အထိ တုန်လှုပ်သွားစေခဲ့သည်။

သို့သော် ဝေ့ဝူယင် က ဂရုမစိုက်ပေ။ ထို့အစား သူသည် ဤဆေးအနှစ်ကို စိန်ခေါ်မှုအတွက် အဆိုပြုလိုက်ရာ၊ မိုးကုပ်စက်ဝိုင်း ခုနစ်ပါးစီတိုင်းတွင် အရောင်အသွေးစုံလင်သော မျက်နှာအမူအရာများ ဖြစ်ပေါ်လာကြ၏။ အချို့မှာ မျက်နှာရှုံ့မဲ့သွားပြီး အချို့မှာမူ မှောင်မိုက်သော အမူအရာများ ရှိနေကြသည်။ သူတို့သည် ချက်ချင်း အပြန်အလှန် ကြည့်လိုက်ကြပြီး သူတို့၏ မျက်လုံးများထဲတွင် ကျိန်ဆဲလိုစိတ်များ ပြည့်နှက်နေလေသည်။

အဓိကရာသီများ မျိုးဆက်သည် ဆေးဖော်စပ်ရန်အတွက် ထူးကဲသော ယဇ်ပူဇော်မှုများ လိုအပ်သည့် ရွံရှာဖွယ်ကောင်းလောက်အောင် ရက်စက်သော ထုတ်ကုန်များ တစ်ခု ဖြစ်သည်။ ပုံမှန်အားဖြင့် မိမိကိုယ်တိုင်ထံမှ ပေးဆပ်ရခြင်း ဖြစ်၏။ နွေဦးရာသီသည် သက်တမ်း ကို လိုအပ်သည်။ တစ်ဦးတစ်ယောက်၏ ဝိညာဉ်သက်တမ်း မှ ခွာယူရသော စစ်မှန်ပြီး ပြန်လည်မရရှိနိုင်သည့် သက်တမ်း ပူဇော်မှုမျိုး ဖြစ်လေသည်။ ၎င်းသည် မိမိကိုယ်ကိုယ် အနာတရဖြစ်စေသော အဂ္ဂိရတ် မျိုးဆက် တစ်ခုပင် ဖြစ်သည်။

သို့သော်လည်း... ခြွင်းချက်များ ရှိပေသည်။ သစ်သား သာမည ဥပဒေသ သို့မဟုတ် ၎င်းနှင့် တန်းတူညီမျှသော ကောင်းကင်ရတနာ၊ တိကျသော ကျင့်ကြံခြင်း နည်းလမ်း တစ်ခုနှင့် ထူးခြားသော ရတနာတစ်ခု လိုအပ်လေသည်။ ဥပမာအားဖြင့် အဓိက နွေဦး ၏ ဆက်ခံသူ လက်စွပ် ပင် ဖြစ်လေသည်။

"...."

ဝေ့ဝူယင် သည် တောက်ပစွာ ပြုံးလိုက်သည်။

"...."

နာရီပေါင်းများစွာ ကြာမြင့်သွားသကဲ့သို့ ခံစားရသော အရှည်ကြာဆုံး တိတ်ဆိတ်မှုကြီးတစ်ခု ပေါ်ထွက်လာခဲ့လေ၏။ တောက်ပသော ကြယ်နန်းတော်၏ နန်းတော်သခင် ပင် ဝင်မစွက်ဖက်ခဲ့ချေ။ သူ၏ မျက်လုံးများက နားလည်မှုနှင့် သနားကြင်နာမှု အရိပ်အယောင် အနည်းငယ်ဖြင့် တောက်ပနေလေသည်။

ကောင်းကင်ရှန့်ထို ပေါင်းစပ်ခြင်း က ဤတိတ်ဆိတ်မှုကို ဖြိုခွဲကာ စတင် ပြောလိုက်သည်။

"ဒီအချီကို ငါ အရှုံးပေးတယ်...."

သူသည် စကားလုံးများကို ဖြည်းညှင်းစွာနှင့် ညင်သာစွာ ပြောဆိုခဲ့သော်လည်း၊ ကြားရသူများ၏ နားထဲတွင် မိုးကြိုးပစ်ချလိုက်သကဲ့သို့ ဖြစ်သွားလေသည်။

"ဒီအချီကို ငါ အရှုံးပေးတယ်...."

ကောင်းကင်ရှန့်ထို ဖန်တီးခြင်း ထျန်းရှီကျောက်ရွှမ် က ချက်ချင်း ကြေညာလိုက်သည်။ သူ၏ မျက်နှာပေါ်တွင် မည်သည့် အရှက်ရမှု အရိပ်အယောင်မျှ မရှိပေ။ သူ၏ အမြင်တွင် ဤဆေးအနှစ်ကို အကောင်းဆုံး ဖော်စပ်နိုင်ရန် ကြိုးစားရင်း သူ၏ သက်တမ်းမှ နှစ်ပေါင်း ထောင်သောင်းချီ ဆုံးရှုံးရမည့်ကိစ္စမှာ လုံးဝ မတန်ချေ။

"ဒီအချီကို ငါ အရှုံးပေးတယ်...."

စူးခိုင်မင်က သူမ၏ လျှာဖျားတွင် ကျိန်စာပေါင်း ထောင်ချီ၏ နာကြည်းချက်များဖြင့် တံတွေးထွေးသကဲ့သို့ ပြောလိုက်သည်။ သူမ၏ ဂရုမစိုက်ဟန် မျက်လုံးများထဲတွင် အဆုံးမဲ့ အေးစက်မှုများ ပြည့်နှက်နေပြီး ဝေ့ဝူယင် ကို စိုက်ကြည့်နေလေသည်။

သူတို့ အဘယ်ကြောင့် အရှုံးပေးနေကြသနည်းဟု ကောင်းကင်ရှန့်ထို အသွင်ပြောင်းခြင်း မှာ ရှုပ်ထွေးနေခဲ့သည်။ သို့သော် ခုနစ်ဦးအနက် သူတစ်ဦးတည်းသာလျှင် သက်တမ်း ပိုလျှံနေသူ ဖြစ်၏။ ထိုနေရာတွင် ရှိနေသူ အများစုမှာ အလွန်အမင်း အသက်ကြီးရင့်နေကြပြီ ဖြစ်သည်။ ကောင်းကင်ရှန့်ထို ပေါင်းစပ်ခြင်း ဆိုလျှင် သူ၏ ဝိညာဉ်သက်တမ်း ကုန်ဆုံးတော့မည်ကို ခံစားသိရှိနိုင်စွမ်းရှိပြီး နေရာဆက်ခံရန် ပြင်ဆင်မှုများကိုပင် ပြုလုပ်နေပြီ ဖြစ်လေသည်။

ဆေးဖော်စပ်မည့် အဂ္ဂိရတ် ပညာရှင် ထံမှ အရေးပါသော သက်တမ်းကို တောင်းဆိုသည့် အဓိပ္ပာယ်မရှိသော ထုတ်ကုန်တစ်ခုကို ဖော်စပ်ရန် ကြိုးစားရင်း အသေခံရန် သူ ငြင်းဆန်ခဲ့သည်။

ကြည့်ရှုသူ ပရိသတ်များမှာလည်း အံ့ဩတုန်လှုပ်သွားကြသည်။ ခုနစ်ဦးအနက် သုံးဦးက အရှုံးပေးလိုက်ပြီ ဖြစ်သည်။ ဤအချီကို အနိုင်ရရန် ဝေ့ဝူယင် အတွက် လေးဦးကို အနိုင်ရရန်သာ လိုအပ်တော့၏။

"ဒီအချီကို ငါ အရှုံးပေးတယ်...."

ကောင်းကင်ရှန့်ထို သန့်စင်ခြင်းလည်း ဝင်ရောက်လာခဲ့သည်။ သူ ကြိုးစားကြည့်လိုသော်လည်း ဝေ့ဝူယင် အနေဖြင့် ကျန်ရှိနေသော လေးဦးအနက် တစ်ဦးကိုသာ အနိုင်ယူရန် လိုအပ်တော့သဖြင့် ဤအချီကို အနိုင်ရရန် လုံးဝ မဖြစ်နိုင်သလောက် ရှိနေလေပြီ။ အခြားသူများကို သူ မယုံကြည်ပေ။ ထို့ကြောင့် ဤအချီတစ်ခုလုံးကို အရှုံးပေးလိုက်ခြင်းက အကောင်းဆုံးပင် ဖြစ်လေသည်။

"ဒီအချီကို ငါတို့တော်တို့ အရှုံးပေးတယ်...."

ကျန်ရှိနေသော နောက်ထပ် နှစ်ဦးဖြစ်သည့် ကောင်းကင်ရှန့်ထို တန်ခိုးရှင်ကြီးထွားခြင်း နှင့် ကောင်းကင်ရှန့်ထို နတ်ဘုရားထုတ်ယူခြင်း တို့ကလည်း ထိုအတိုင်း လိုက်လုပ်ကြရာ မိုးကုပ်စက်ဝိုင်း တစ်ပါးတည်းသာ ကျန်ရစ်တော့သည်။ သူ ပါဝင်သည်ဖြစ်စေ၊ မပါဝင်သည်ဖြစ်စေ ဤအချီတွင် သူတို့ ရှုံးနိမ့်မည် ဖြစ်လေသည်။

တစ်ဦးတည်းသော စိန်ခေါ်သူအဖြစ် ကျန်ရစ်ခဲ့သော ကောင်းကင်ရှန့်ထို အသွင်ပြောင်းခြင်း သည် အတန်ကြာ ဆွံ့အသွားခဲ့သည်။ ကောင်းကင်ရှန့်ထို ကြီးထွားခြင်း က မျက်လုံးဖြင့် အချက်ပြလိုက်သည်ကို မြင်ပြီးနောက်မှသာ ဘာတွေဖြစ်နေသည်ကို သူ သဘောပေါက်သွားခဲ့၏။

"ဒီအချီကို ငါ အရှုံးပေးတယ်...."

ဝေ့ဝူယင်သည် အာရုံခံစားမှု မျိုးစုံက သူ့ထံ ကျရောက်နေစဉ်၊ ကျောပြင်ကို မတ်မတ်ထားကာ တောက်ပသော အပြုံးတစ်ခုဖြင့် ထိုနေရာ၌ ရပ်နေခဲ့သည်။ တစ်ခုတည်းသော လုပ်ရပ်ဖြင့် ပွဲအဖြေကို ဆုံးဖြတ်လိုက်ခြင်း ပင်တည်း။

နွေဦးကွင်းပြင် သည် အလွန် ကြီးမားသော အပြစ်သား တစ်ဦး ဖြစ်သည်။ သူသည် ဝိညာဉ်များကို သက်ရောက်မှုရှိစေသည့် တားမြစ်ချက်များကို မကြာခဏ ချိုးဖောက်လေ့ရှိပြီး သူ၏ လူငယ်ဘဝတွင် လူများစွာ၏ အရေးပါသော သက်တမ်းများကို စုပ်ယူကာ သူ၏ နည်းလမ်းများအတွက် အသုံးပြုခဲ့သည်။ တစ်ခါတစ်ရံတွင် ဆန္ဒအလျောက် ဖြစ်သော်လည်း အချို့သော အချိန်များတွင်မူ ဆန္ဒမပါဘဲ ဖြစ်လေသည်။ ထိုနေရာတွင် ရှိနေသော မိုးကုပ်စက်ဝိုင်းများ အနေဖြင့် ဤကဲ့သို့သော နည်းလမ်းမျိုးကို သုံးစွဲရန် လုံးဝ အကြောင်းမရှိပေ။

သူ၏ ပထမဆုံး လှုပ်ရှားမှုက ပွဲတစ်ခုလုံးကို တုန်လှုပ်သွားစေခဲ့သည်။

ဝေ့ဝူယင်က အချီကို အရှုံးပေးရန် ငြင်းဆန်လိုက်ပြီးနောက်၊ တောက်ပသော ကြယ်နန်းတော် ၏ နန်းတော်သခင်သည် ဤသို့ ကြေညာရန်မှလွဲ၍ အခြား ရွေးချယ်စရာ မရှိတော့ချေ။

"မိုးကုပ်စက်ဝိုင်း လေးပါး ဒါမှမဟုတ် အဲဒီထက်ပိုပြီး ကျော်လွှားနိုင်ခဲ့တဲ့အတွက် အာရုဏ်ဦး အဂ္ဂိရတ် ရှန့်ထို က ဒီအချီကို သိမ်းပိုက်သွားပါပြီ...."

"ပထမအချီ - ဆေးအနှစ် - ၁-၀၊ အာရုဏ်ဦး က အနိုင်ရရှိပါတယ်....”

"ပြိုင်ပွဲစလိုက်ပြီ ဆိုကတည်းက လောကရှန့်ထို အာရုဏ်ဦးဟာ အရင်က တစ်ခါမှ မရှိခဲ့ဖူးတဲ့ အောင်ပွဲကို ရယူသွားပါပြီ...."

ဟောင်ချန်းရွှယ် ၏ အသံတွင် စကားလုံးတိုင်း၌ တက်ကြွမှုနှင့် စိတ်လှုပ်ရှားမှုများ ပြည့်နှက်နေကာ အော်ဟစ်ကြေညာလိုက်သည်။ ဝိညာဉ် ပုံရိပ်အမျိုးမျိုးက ပထမအချီ၏ ရလဒ်ကို ပြသလိုက်သောအခါ ကြည့်ရှုသူ ပရိသတ်များသည် မယုံကြည်နိုင်လောက်အောင် မှင်သက်နေခြင်းမှ နိုးထလာကြလေသည်။

အဝေးမှလာသော နယ်ခြားသား၊ အာရုဏ်ဦး အဂ္ဂိရတ် ရှန့်ထို အတွက် အကြွင်းမဲ့ အောင်ပွဲတစ်ခုပင် ဖြစ်လေသည်။

****

အပိုင်း(၂၃၈၄)

အစွမ်းကုန် သန့်စင်ခြင်း ဂလက်ဆီ ၏ ဌာနေနှင့် ပြင်ပမှ ဂလက်ဆီ ခေါင်းဆောင်များ၊ အင်အားကြီး ပုဂ္ဂိုလ်များ အားလုံးမှာ ရလဒ် အပေါ် လုံးဝ မယုံကြည်နိုင်အောင် ဖြစ်နေကြ၏။ ဆေးဖော်စပ်ခြင်းပင် မစတင်ရသေးသော်လည်း၊ မိုးကုပ်စက်ဝိုင်း တစ်ပါးမျှပင် စိန်ခေါ်မှုကို လက်ခံခြင်း မရှိဘဲ အားလုံးက တညီတညွတ်တည်း အရှုံးပေးလိုက်ကြသဖြင့် ဝေ့ဝူယင်သည် အနိုင်ရရှိသည့် နေရာသို့ ခုန်တက်သွားခဲ့လေပြီ။

ထို့အပြင် သူတို့သည် ပထမအကြိမ် ရှုံးနိမ့်မှုကြောင့် သူတို့၏ ဂုဏ်သိက္ခာကို တစ်စက်လေးမျှ မထိခိုက်သွားသည့်အလား တုန်လှုပ်ခြင်း မရှိဘဲ ဂုဏ်ယူဝင့်ကြွားစွာဖြင့် ခေါင်းမော့ထားကြပုံရသည်။ တစ်နည်းအားဖြင့် ပြောရလျှင် မထိခိုက်ခဲ့ခြင်းလည်း ဖြစ်လေသည်။

ထျန်းရှီယာက ဟောင်ချန်းရွှယ်၏ မှတ်ချက်ကို အေးစက်သော လေသံဖြင့် ဆက်လက် ပြောကြားလိုက်သည်။

"ဒါက မျှော်လင့်ထားပြီးသားပါ၊ လောကရှန့်ထို မြေမှုန့်လမ်း.... အဓိကရာသီများ နွေဦး အဂ္ဂိရတ် မျိုးဆက် ရဲ့ ထုတ်ကုန်တွေက ကျွန်မတို့ရဲ့ ကြယ်ကွင်းပြင်မှာ နာမည်ဆိုးနဲ့ ကျော်ကြားပါတယ်.... မြေကြီးရှန့်ထိုလော့... ရှင် ဒါကို သိချင်မှ သိမှာပါ၊ ဒါပေမဲ့ နွေဦးပွင့်လန်း ကွင်းပြင်များ ဆေးအနှစ် ကို ဖော်စပ်ဖို့ အသုံးပြုရတဲ့ အရေးကြီးဆုံး ပစ္စည်းတစ်ခုက ဝိညာဉ် ကနေရတဲ့ အရေးပါတဲ့ သက်စောင့်စွမ်းအင်ပဲ ဖြစ်ပါတယ်...."

"အာနိသင်တွေကို ဘေးဖယ်ထားမယ်ဆိုရင်တောင်၊ ဒီ ဆေးအနှစ်ဟာ သူ့ချည်းသက်သက်ဆိုရင် ရက်စက်ပြီး မကောင်းဆိုးဝါးဆန်တယ်လို့ ကျွန်မ ပြောချင်ပါတယ်.... အနည်းဆုံးတော့ ဖော်စပ်မယ့် အဂ္ဂိရတ် ပညာရှင် အတွက်ပေါ့.... တကယ်လို့ အဂ္ဂိရတ် ပညာရှင် က သူတို့ရဲ့ ကိုယ်ပိုင် အရေးပါတဲ့ သက်စောင့်စွမ်းအင်ကို အသုံးပြုဖို့ ဆုံးဖြတ်ခဲ့မယ်ဆိုရင်ပေါ့လေ...."

ထျန်းရှီယာသည် ခိုင်လုံသော အဓိပ္ပာယ်သက်ရောက်မှုနှင့် ရှင်းလင်းချက်တစ်ခုကို ပေးခဲ့သော်လည်း၊ အကြောင်းအရာကို ရှောင်ကွင်းသွားခြင်းဖြင့် လူတစ်ဦးချင်းစီ၏ ကိုယ်ပိုင် အဓိပ္ပာယ်ကောက်ယူမှုများကိုသာ ချန်ထားခဲ့လေသည်။

သို့သော် လော့နင် က ထိုမျှလောက် သွယ်ဝိုက်မနေခဲ့ချေ။

"ဒါဆို မိုးကုပ်စက်ဝိုင်းတွေ အစစ်အမှန် စိန်ခေါ်မှု တစ်ခုခုကို မရင်ဆိုင်ရခင် အရှုံးပေးလိုက်တဲ့ အကြောင်းရင်းက သူတို့ရဲ့ သက်စောင့်စွမ်းအင် နည်းနည်းလေး ဆုံးရှုံးသွားမှာကို ကြောက်လို့ပေါ့လေ.... ကျွန်မအတွက်တော့ ဆင်ခြေပေးနေသလိုပါပဲ...."

သူမ၏ လေသံတွင် လှောင်ပြောင်မှုများ ကင်းမဲ့နေသော်လည်း အဓိက ပြဿနာကိုတော့ ရှောင်လွှဲမသွားခဲ့ပေ။ မိုးကုပ်စက်ဝိုင်းများသည် သတ္တိကြောင်လွန်းသောကြောင့် တညီတညွတ်တည်း အရှုံးပေးရန် ဆုံးဖြတ်ခဲ့ကြခြင်း ဖြစ်သည်။

"နည်းနည်းလေး တင် မဟုတ်ပါဘူး မြေကြီးရှန့်ထိုလော့.... နွေဦးပွင့်လန်း ကွင်းပြင် ဆေးအနှစ် က သန့်စင်သော ကံကြမ္မာ ဟင်းလင်းပြင် အတွင်းက အဂ္ဂိရတ် အသိုက်အဝန်းကြားမှာ အတော်လေး လူသိများတဲ့ ထုတ်ကုန်တစ်ခုပါ.... အဓိက နွေဦး မျိုးဆက် ရဲ့ အမြုတေက လောကရှန့်ထို နွေဦးကွင်းပြင် ရဲ့ လက်ထဲမှာ ရှိနေပေမဲ့.... ရှိနေခဲ့ဖူးပေမဲ့.... ဂုဏ်သတ္တိတွေနဲ့ လိုအပ်ချက်တွေကိုတော့ နေရာအနှံ့အပြားမှာ ဖြန့်ဝေထားပြီးသားပါ...."

မေ့ရှောင်ယန် က စိတ်မသက်မသာဖြင့် လက်သီးကို ဖွဖွလေး ဆုပ်ထားသော ထျန်းရှီယာ ကို တစ်ချက်ကြည့်ရင်း ဖြည့်စွက်ပြောလိုက်သည်။

လော့နင်က ခေါင်းညိတ်လိုက်၏။

"ဒီ ဆေးအနှစ် ရဲ့ အာနိသင်တွေက ဘာတွေလဲ.... တကယ်လို့ ရှင်တို့အားလုံး ပြောသလို အဲဒါက ရက်စက်ပြီး မကောင်းဆိုးဝါးဆန်တယ်ဆိုရင်၊ ဘာလို့ အဲဒါကို တားမြစ်ချက် အဖြစ် မသတ်မှတ်တာလဲ.... အစွမ်းကုန် သန့်စင်ခြင်း ဂလက်ဆီမှာ အဲဒီ ဆေးအနှစ်ရဲ့ ဖော်မြူလာ ကို ပြင်းပြင်းထန်ထန် ကန့်သတ်ထားတာ ဒါမှမဟုတ် လုံးဝ ဖျက်ဆီးပစ်တာမျိုး လုပ်သင့်တယ် မဟုတ်ဘူးလား.... အဲဒါက အရမ်းကို အံ့ဩဖို့ကောင်းတဲ့ ဆေးအနှစ် မလို့လား...."

"ပထမအချက်...."

ထျန်းရှီယာ က အေးစက်စက် လေသံဖြင့် တည်ငြိမ်စွာ ဖြေကြားလိုက်သည်။

"အစွမ်းကုန် သန့်စင်ခြင်း ဂလက်ဆီ က အဂ္ဂိရတ် တာအို ရဲ့ အသိအမှတ်ပြုထားတဲ့ အဂ္ဂိရတ် ပုံစံအားလုံးကို လက်ခံပါတယ်.... ကျွန်မတို့က အကြောင်းပြချက်မရှိတဲ့ တားမြစ်ချက်တွေကို အတင်းအကျပ် ချမှတ်ဖို့ နေရာမဟုတ်ပါဘူး.... တခြားနေရာတွေမှာ၊ အထူးသဖြင့် တခြား ဂလက်ဆီ တွေမှာ ဒီ ဆေးအနှစ် ကို တားမြစ်ထားနိုင်ပေမဲ့၊ အစွမ်းကုန် သန့်စင်ခြင်း ဂလက်ဆီ ကတော့ ထုတ်ကုန်တစ်ခုတည်းကိုတောင် ဥပဒေမဲ့ မကြေညာထားပါဘူး...."

စကားအဆုံးတွင် မေ့ရှောင်ယန် က ဝင်ရောက် နှောင့်ယှက်လိုက်သည်။

"ဒါပေမဲ့ အကျိုးဆက်တွေကတော့ အကျိုးဆက်တွေပါပဲ.... တကယ်လို့ အဂ္ဂိရတ် ပညာရှင် တစ်ဦးက တိကျတဲ့ ထုတ်ကုန်တစ်ခုကို ဖော်စပ်သူတိုင်းကို လိုက်လံ သတ်ဖြတ်ဖို့ ဆန္ဒရှိကြောင်း ပွင့်ပွင့်လင်းလင်း ပြောဆိုလာရင်၊ ပါဝင်ပတ်သက်သူတိုင်းက လွတ်လပ်စွာ လုပ်ဆောင်ခွင့် ရှိပါတယ်.... ဒါပေမဲ့ အဲဒီ သီးသန့် အဂ္ဂိရတ် ပညာရှင်ကို အဲဒီအတိုင်း လွှတ်ထားမလား ဆိုတာကတော့ လုံးဝ ကွဲပြားတဲ့ ကိစ္စတစ်ခုပါပဲ...."

"...."

ထျန်းရှီယာ၏ မျက်လုံးများက သိသိသာသာပင် ကျဉ်းမြောင်းသွား၏။ ဖြစ်တည်လာသည့် တင်းမာမှုများကို ခံစားသိရှိလိုက်ရသဖြင့်၊ ဟောင်ချန်းရွှယ် တစ်ယောက် စိတ်ထဲမှ ပင့်သက်ရှိုက်လိုက်၏။

ထျန်းရှီယာက အေးစက်စက် လေသံဖြင့်ပင် ဆက်ပြောလိုက်သည်။

"ဒုတိယအချက်အနေနဲ့၊ နွေဦးပွင့်လန်း ကွင်းပြင် ဆေးအနှစ် ရဲ့ အာနိသင်တွေကို အံ့ဖွယ် ဆေးအနှစ် လို့ သတ်မှတ်နိုင်ပါတယ်.... အဲဒါက ကျင့်ကြံသူ တစ်ဦးရဲ့ ကုန်ဆုံးသွားတဲ့ ဒါမှမဟုတ် ပျက်စီးသွားတဲ့ ဝိညာဉ်သက်တမ်း ကို ပြန်လည်ရယူပေးနိုင်တယ်၊ ပြုပြင်ပေးနိုင်ပါတယ်.... အဲဒါက ဖလှယ်ခြင်း ဆိုတဲ့ အခြေခံသဘောတရားပေါ်မှာ အလုပ်လုပ်ပြီး၊ ဝိညာဉ်သက်တမ်း တွေကို သက်ရောက်မှုရှိနိုင်တဲ့ တစ်ခုတည်းသော လျှို့ဝှက်လောက အဆင့် ထုတ်ကုန် မဟုတ်ခဲ့ရင်တောင် ဖော်စပ်နိုင်တဲ့ အနည်းငယ်သော ထုတ်ကုန်တွေထဲက တစ်ခုပါပဲ...."

"ရှင်တို့ သိတဲ့အတိုင်းပဲ၊ ကျင့်ကြံခြင်း အတိုင်းအတာတစ်ခုကို ရောက်ပြီးတဲ့နောက်မှာ၊ တိုက်ခိုက်မှုတွေက ဝိညာဉ်ကို ထိခိုက်စေတဲ့ ဂုဏ်သတ္တိတွေ ပါဝင်လာတတ်တယ်၊ ဝိညာဉ်ကို မထိခိုက်စေဘဲ လောင်ကျွမ်းဖို့ ရည်ရွယ်ထားတဲ့ လျှို့ဝှက် မီးတောက် ဖြစ်နေရင်တောင်မှ အကြွင်းအကျန် လှုပ်ခတ်မှုသက်သက်က ဝိညာဉ်နဲ့ စိတ်အာရုံကို ထိခိုက်စေနိုင်ခြေ ရှိပါတယ်.... ဒီ ဆေးအနှစ် က ဝိညာဉ်ကို မကုသပေးနိုင်ပေမဲ့၊ ဝိညာဉ်သက်တမ်း ကို ပြုပြင်ပေးနိုင်ပါတယ်.... အဲဒီ သိသာထင်ရှားတဲ့ ကွာခြားချက်ကို နားလည်ဖို့က အလွန် အရေးကြီးပါတယ်...."

"အရမ်း အရေးကြီးပါတယ်...."

မေ့ရှောင်ယန် က သဘောတူညီစွာ ခေါင်းညိတ်လိုက်သည်။ ကျင့်ကြံခြင်း လောကတွင် သက်တမ်း နှင့် ဝိညာဉ်သက်တမ်း ဟူ၍ ရှိသည်။ ချီပျစ်ခဲခြင်း အဆင့် တွင်ပင်၊ တိုက်ပွဲများသည် မိမိ၏ အရေးပါသော စွမ်းအင်များကို အတွင်းနှင့် အပြင် ဒဏ်ရာများဖြင့် မကြာခဏ ကုန်ခမ်းစေပြီး၊ သူတို့၏ သက်စောင့်စွမ်းအင်ကို ထိုးကျသွားစေကာ သက်ရောက်မှု ရှိစေသည်။ ထို့ကြောင့် မူလ သက်တမ်း ငါးရာ ရှိသူများကို မကြာခဏဆိုသလို သက်တမ်း ပိုတိုတောင်းစွာ နေထိုင်ရစေလေသည်။

သို့သော် ဝိညာဉ်သက်တမ်း များမှာမူ ပြောင်းလဲ၍မရသော အရာများ ဖြစ်ကြသည်။ မည်သည့် ကိစ္စများ ကြုံတွေ့ရစေကာမူ... လူတစ်ယောက်၏ ဝိညာဉ်သက်တမ်းသည် ကြိုတင် သတ်မှတ်ထားသည့် အချိန်အထိ တည်ရှိနေမည် ဖြစ်သည်။ ၎င်းသည် ကောင်းကင်က ဤလောကတွင် သင်၏ အချိန်ကုန်ဆုံးသွားပြီဟု သတ်မှတ်ကာ ဝိညာဉ်ကို ပြန်လည်ရယူခြင်းနှင့် တူညီလေသည်။

လူတစ်ဦးချင်းစီအတွက် ၎င်းကို သတ်မှတ်ရန် အလွန် ခက်ခဲလှသည်။ သို့သော် တစ်ဦးတစ်ယောက်၏ ဝိညာဉ်သက်တမ်းသည် ထိခိုက်မခံရသရွေ့၊ မည်မျှပင် နာကျင်ခံစားရစေကာမူ ကောင်းကင်ရတနာများ သို့မဟုတ် အဂ္ဂိရတ် ထုတ်ကုန်များ မှတစ်ဆင့် သက်စောင့်စွမ်းအင်ကို အဆုံးအင်းမရှိ ပြန်လည်ဖြည့်တင်းနိုင်ပြီး၊ ကျင့်ကြံခြင်း အဆင့် နိမ့်ကျနေသော်လည်း အလွန်၊ အလွန် ရှည်လျားသော အသက်ကို ရှင်သန်နိုင်မည့် အလားအလာကို ပေးစွမ်းနိုင်လေသည်။

ကောင်းကင် တာအိုများ အတွက် ရည်ရွယ်ချက်က အရေးပါလေသည်။

အကယ်၍ ကျင့်ကြံသူ တစ်ဦးသည် ဂြိုဟ်တစ်လုံးကို ဖျက်ဆီးရန် မရည်ရွယ်ဘဲ၊ ကြယ်တာရာ ကောင်းကင်ယံ တစ်လျှောက် ပျံသန်းနေသော ရန်သူကို လိုက်လံ ဖမ်းဆီးရင်း ထိုဂြိုဟ်ပေါ်ရှိ သက်ရှိအားလုံးကို သုတ်သင်ပစ်ခဲ့လျှင်၊ သင်သည် အပြစ်သားအဖြစ် သတ်မှတ်ခံရမည် မဟုတ်ပေ။ သို့သော် ထိုဂြိုဟ်ကို ရည်ရွယ်ချက်ရှိရှိ ဖောက်ခွဲပစ်ခဲ့လျှင်မူ၊ အပြစ်တရားများကို သေချာပေါက် စုဆောင်းမိမည် ဖြစ်လေသည်။

ဝိညာဉ်သက်တမ်း များကို ရည်ရွယ်ချက်ရှိရှိ ထိခိုက်စေခြင်းသည် ဉာဏ်အလင်းရ သူတော်စင် နွေဦးကွင်းပြင် သက်သေပြခဲ့သည့်အတိုင်း အပြစ်တရားတစ်ခု ဖြစ်သည်။

လော့နင်သည် နွေဦးပွင့်လန်း ကွင်းပြင် ဆေးအနှစ် ၏ အာနိသင်များကို ကြိုတင် သိရှိပြီး ဖြစ်သော်လည်း၊ သူမသည် ယခုမှသာ ယုံကြည်နိုင်စရာမရှိသော အရာတစ်ခုကို သိရှိသွားသကဲ့သို့ ပရိသတ်များအတွက် အံ့ဩမှင်သက်နေသည့် မျက်နှာအမူအရာကို ဖန်တီးလိုက်သည်။ ဤကဲ့သို့ မသိနားမလည်သော အံ့ဩမှု ပြသခြင်းက ထျန်းရှီယာ ၏ အတ္တကို ငြိမ်းချမ်းသွားစေပြီး သူမ ဆက်ပြောလိုက်သည်။

"နောက်ဆုံးအနေနဲ့၊ အဆင့်နိမ့် အရည်အသွေး ထုတ်ကုန်တစ်ခုအတွက် ဒါမှမဟုတ် တစ်ကြိမ် ကြိုးစားမှုအတွက်တောင်မှ 'နည်းနည်းလေး' ဆိုတဲ့ သက်စောင့်စွမ်းအင်က ရာစုနှစ်ပေါင်းများစွာ ကုန်ဆုံးသွားနိုင်ပါတယ်.... ထုတ်ကုန်ရဲ့ နောက်ဆုံး အရည်အသွေး ရလဒ်နဲ့ တိုက်ရိုက် အချိုးကျတဲ့ အရေးပါတဲ့ သက်တမ်း အကုန်အကျပမာဏအတွက် အနည်းဆုံး သတ်မှတ်ချက်တွေ ရှိပါတယ်.... အကယ်၍ လောကရှန့်ထို အာရုဏ်ဦးသာ ရက်စက်ခဲ့မယ်ဆိုရင် အထွတ်အထိပ် အရည်အသွေးကို ကြိုးစားနိုင်ပြီး အဲဒါက နှစ်တစ်သောင်းတိတိ ကုန်ဆုံးသွားနိုင်ပါတယ်...."

ဤသည်မှာ ပြီးပြည့်စုံသော အဆင့်တက်ခြင်းကို လိုက်စားသည့် ဉာဏ်အလင်းရ သူတော်စင် နွေဦးကွင်းပြင် ကဲ့သို့သော တိုက်ခိုက်ရေး ဦးစားပေး ကျင့်ကြံသူများ အတွက် အဓိက ဒီဇိုင်းထုတ်ထားသော မျိုးဆက်တစ်ခု ဖြစ်သည်။

ထို့အပြင်... သူတို့လို အဆင့်အတန်း ရှိသည့် ပုဂ္ဂိုလ်များ အတွက် လျှို့ဝှက်လောက အဆင့် အဂ္ဂိရတ် ဆေးအနှစ် ထုတ်ကုန်တစ်ခုကို ဖော်စပ်ရာ၌ ကျရှုံးခြင်းမှာ လုံးဝ မဖြစ်နိုင်သလောက် ရှိလေသည်။ ဆေးအနှစ် များကို အလွယ်ကူဆုံး ထုတ်ကုန်အဖြစ် အဘယ်ကြောင့် နေရာအနှံ့ သတ်မှတ်ထားကြသည်နှင့်၊ အစွမ်းကုန် သန့်စင်ခြင်း ဂလက်ဆီ က တန်းတူညီမျှသော အဆင့်အတန်းအတွက် ပိုမိုမြင့်မားသော လိုအပ်ချက်များရှိသည့် အရည်အချင်းပြည့်မီသော ထုတ်ကုန်များအဖြစ် ဆေးအနှစ် များကို အဘယ်ကြောင့် သတ်မှတ်ထားသနည်း ဆိုသည့် အကြောင်းရင်းတစ်ခု ရှိလေသည်။

ဂလက်ဆီ အုပ်စု တစ်လျှောက်ရှိ အတုအယောင် ကောင်းကင်ရှန့်ထို အဂ္ဂိရတ် ပညာရှင် အများအပြားသည် အသိအမှတ်ပြုမှုကို ရရှိရန် ဆေးအနှစ် များကို အသုံးပြုခဲ့ကြသည်။ ထိုမျှသာမက... အစွမ်းကုန် သန့်စင်ခြင်း မြူခိုး များကို ထုတ်လုပ်ရန်အတွက်လည်း ဆေးအနှစ် များကို အသုံးပြုကြ၏။ ၎င်းသည် လူတိုင်းက အထင်အမြင်သေးကြသော အရာတစ်ခု ဖြစ်သည်မှာ သေချာလှပေသည်။

ဤသို့ အပြန်အလှန် စကားပြောဆိုပြီးနောက်မှသာ နယ်ခြားသားများနှင့် ဌာနေလူမျိုးများ ငြိမ်သက်သွားကြပြီး မိုးကုပ်စက်ဝိုင်းများ ၏ ဂုဏ်သိက္ခာကို မသိမသာ ကယ်တင်နိုင်ခဲ့သည်။ မည်သူက သူတို့၏ အသက်ကို ထိုကဲ့သို့ အဆင်အခြင်မဲ့စွာ စွန့်ပစ်မည်နည်း။ အဂ္ဂိရတ် ပညာရှင် တစ်ဦးအတွက် အသက်ရှင်ရသော နှစ်တစ်နှစ်စီတိုင်းသည် သာမန် ကျင့်ကြံသူ တစ်ဦးထက် များစွာ ပိုမို အရေးကြီးလှပေသည်။

"နောက်ထပ် အကြောင်းရင်းတစ်ခု ရှိပါသေးတယ်...."

တောက်ပသော ကြယ်နန်းတော် ၏ နန်းတော်သခင် ၏ အသံသည် သူတို့၏ ဒေသအတွင်း ပဲ့တင်ထပ်သွားပြီး၊ ပရိသတ် တစ်ဦးချင်းစီထံသို့ မိုးခြိမ်းသံကဲ့သို့ ရှင်းလင်းစွာ ရောက်ရှိသွားခဲ့သည်။

"အလွန်အမင်း အရှိန်မြှင့်ထားသော အချိန်ဇုံ ဟာ သက်စောင့်စွမ်းအင် ထုတ်ယူတဲ့အခါ ကွဲလွဲမှုကတစ်ဆင့် အာရုံတွေကို ပုံပျက်သွားစေနိုင်ပါတယ်.... တကယ်လို့ ဒီနေရာမှာ ထုတ်ယူမယ်ဆိုရင် အရေးပါတဲ့ သက်တမ်းအတွက် လိုအပ်ချက်ကို အများကြီး လျော့နည်းသွားတာ ဒါမှမဟုတ် ကျော်လွန်သွားတာမျိုး ဖြစ်နိုင်ခြေ ရှိပါတယ်...."

ထိုအချိန်ကျမှသာ မိုးကုပ်စက်ဝိုင်းများ ၏ မျက်နှာအမူအရာများ ပြေလျော့သွားကြလေသည်။

တစ်ချိန်တည်းမှာပင် တောက်ပသော ကြယ်နန်းတော် ၏ နန်းတော်သခင် သည် ကျိန်ဆဲချင်စိတ်ကို ခံစားနေရ၏။ အခြေအနေကို ရှင်းလင်းရန်အတွက် သူ တွေးကြည့်နိုင်သမျှ တာအို တရား ဥပဒေသ ထိန်းသိမ်း စောင့်ရှောက်သူတိုင်းထံမှ ဆက်သွယ်မှုများ သူ လက်ခံရရှိခဲ့သည်။ သူတို့သည် ဝေ့ဝူယင်၏ အချီကို အများပြည်သူအမြင်တွင် အသိအမှတ်မပြုရန် ကြိုးစားနေကြခြင်း ဖြစ်သည်။

တစ်နည်းအားဖြင့် ဝေ့ဝူယင် ၏ ရွံရှာဖွယ်ကောင်းသော လှည့်ကွက်သည် ညစ်ပတ်သော အောင်ပွဲတစ်ခုကို ရယူရန် စစ်မှန်သော တိုက်ပွဲကို ရှောင်လွှဲခဲ့ခြင်းဖြစ်ကြောင်း ပရိသတ်များ ခံစားသိရှိနားလည်စေရန် သူတို့က လိုလားနေကြခြင်း ဖြစ်လေသည်။

တောက်ပသော ကြယ်နန်းတော်၏ နန်းတော်သခင် သည် ထိုသို့ပြုလုပ်ရန် အတော်လေး ဝန်လေးနေသော်လည်း၊ သီးသန့် ကမ်းလှမ်းလာသောအရာများမှာ ငြင်းပယ်ရန် အနည်းငယ် ကောင်းမွန်လွန်းနေခဲ့သည်။ အဂ္ဂိရတ် ပညာရှင်များ နှင့် သူတို့၏ တာအို တရားဥပဒေ ထိန်းသိမ်းသူများ၊ အဂ္ဂိရတ် သူရဲကောင်းများ နှင့် ပတ်သက်၍ သူ တစ်ခု ပြောရမည်ဆိုလျှင်၊ သူတို့သည် သာမန် ကျင့်ကြံသူများ ထက် များစွာ ပိုမို ချမ်းသာကြွယ်ဝကြသည် ဆိုသောအချက်ပင် ဖြစ်လေသည်။

All Chapters