စိန်ခေါ်မှု
Vol. 19 Ch. 261
အခန်း (၂၆၁) : စိန်ခေါ်မှု
ပြိုင်ပွဲကို ကြည့်ရှုနေကြသည့် လူအားလုံး၏ အကြည့်အောက်တွင် ကျောင်းတော်မှ တစ်ယောက်က စင်မြင့်ထက် ပေါ်ထွက်လာသည်။ လူအများစုက ထိုလူသည် ပိုင်ဟန်မဟုတ်ဘဲ စုန့်လီအမည်ရှိ လူလတ်အရွယ် အမျိုးသားဖြစ်ကြောင်း သတိပြုမိလိုက်ကြသည်။ လူများစွာက သူ့ကို ကျောင်းတော်၏ အထက်ပိုင်း တစ်ယောက်အဖြစ် သိထားကြပြီး ဆရာများကမူ သူ့ကို ပိုင်ဟန်ကို ဆန့်ကျင်သည့် အင်အားစု၏ ခေါင်းဆောင်အဖြစ် သိထားကြသည်။
စုန့်လီက စင်မြင့်ပေါ် ပေါ်လာပြီးနောက် ကြေညာလိုက်သည်။
“ လတ်တလော အဖြစ်အပျက်တွေကြောင့် ကျောင်းတော်က ကျန်ရှိနေတဲ့ ပွဲစဉ်အားလုံးကို ဖျက်သိမ်းဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဒါပေမဲ့ ရန်မပွားကြပါနဲ့။ ကျုပ်တို့ ဆုံးဖြတ်ချက်က ရုတ်တရက်နိုင်တယ်ဆိုတော့ ထိပ်တန်းကောင်းကင်ရွေးချယ်ခံ အယောက်သုံးဆယ်လုံးကို တာအိုကျောက်ပြား ဉာဏ်အလင်းပွင့်ခွင့် အချိန်ကို အတူတူပေးဖို့ ဆုံးဖြတ်ထားပါတယ်”
ပွဲစဉ်ဖျက်သိမ်းလိုက်ခြင်းက လူတချို့အတွက် အံ့ဩမှုတော့ မဟုတ်ခဲ့ပေ။ အကြောင်းမှာ ကျောင်းတော်တွင် ပေါ်ထွက်လာသော ကောလဟာများအရ ဖြစ်သည်။ တကယ့်အကြောင်းအရင်းမှာ လူများစွာက ကျောင်းတော်မှ မည်သည့်လျော်ကြေးမျိုး ပေးမည်ကို သိချင်၍ ရောက်ရှိလာကြခြင်း ဖြစ်သည်။
လူတော်တော်များများက မပျော်ရွှင်ကြပေ။ အနည်းဆုံးတော့ ထိပ်တန်းဆယ်ယောက်အတွင်း ဝင်နိုင်သည့်သူများက မပျော်ရွှင်ကြပေ။ ကျောင်းတော်၏ ယခင်စည်းမျဉ်းအရ ပါဝင်ယှဉ်ပြိုင်သူက အဆင့်မြင့်နေလျှင် တာအိုကျောက်ပြားကို လေ့လာဖို့ အချိန်ပိုရလေလေ ဖြစ်သောကြောင့် သူတို့၏ ပြိုင်ဘက်များအပေါ် အရေးသာချက် ဖြစ်လာနိုင်သည်။
ကောင်းကင်အလိုဆန္ဒတိုက်ပွဲတွင် ထိုအရေးသာချက်လေးက မဟာဧကရာဇ်နှင့် သေမျိုးအဖြစ် ကျန်ရှိရမည့် ခြားနားချက်ကို ဖြစ်ပေါ်လာစေနိုင်သည်။ သို့သော် ယခုတွင် ထိုအရေးသာချက်က ပျောက်ဆုံးသွားလေပြီ။ ကျောင်းတော်က တရားမျှတမှုဟု အမည်တပ်ကာ သူတို့အပြုအမူကို ရှင်းပြခဲ့သော်လည်း အကျိုးအကြောင်း ဆင်ခြင်တတ်သူများက ဤအခြေအနေသည် မမျှတကြောင်း သိကြလိမ့်မည်။
နမူနာအားဖြင့် သူတို့တွင် တာအိုကျောက်ပြားများနှင့် အချိန်အကန့်အသတ်ရှိစဉ် လင်းဖန်လိုလူမျိုးက သူ့စိတ်ကြိုက်အချိန်မရွေး ဝင်ထွက်ကာ လေ့လာနိုင်လေသည်။
မည်သို့ပင်ဆိုစေကာမူ ထိုသူများက ဤသို့ ခံစားနေရသော်လည်း စုန့်လီက အာရုံမစိုက်ဘဲ ဆက်ပြောလိုက်သည်။
“ ပြီးတော့ ကျောင်းတော်ဘက်က အရင်အပြစ်ပြုမိတဲ့ ကျွမ်းကျင်ပညာရှင်အားလုံးကိုလည်း ဒီအခွင့်အရေးကို သုံးပြီး တောင်းပန်ချင်ပါတယ်။ ကျုပ်တို့ ဒီအခြေအနေကို ပြန်လည်ဖြန်ဖြေဖို့အတွက် ယခင်ပြိုင်ပွဲလိုမျိုး တာအိုကျောက်ပြားထဲဝင်ခွင့် အပိုလေးနေရာကို ပေးပါမယ်။ ဒီအခွင့်အရေးကို ရရှိမဲ့ လေးယောက်ကိုတော့ ကျေးဇူးပြုပြီး ကိုယ့်ဘာသာ ဆုံးဖြတ်ပေးကြပါ”
ထိုရုပ်သံလွှင့်မှုကို ကြည့်နေသည့် လူတော်တော်များများက ထိုအရာကို ကြားပြီး နှာခေါင်းရှုံ့လိုက်ကြသည်။ ဉာဏ်များသူများက စုန့်လီသည် ကျောင်းတော်နှင့် ရင်ဆိုင်နေသည့် မဟာမိတ်များကို သူတို့ဘာသာသူတို့ ဒီအခွင့်အရေးကိုရဖို့ ဆုံးဖြတ်ခိုင်းလိုက်ခြင်း ဖြစ်သည်။ ထိုဖြစ်စဉ်အတွင်း တာအိုအခွင့်အလမ်းဂိုဏ်းမှ အကျိုးအမြတ်အတွက် ပူးပေါင်းထားသည့် ထိုမဟာမိတ်ကို ဖျက်ဆီးဖို့ ရည်ရွယ်ထားပုံပေါ်သည်။
ဤရိုးရှင်းသည့် အကြံအစည်က တစ်ယောက်ယောက် သတိထားမိလျှင်ပင် သူတို့ တတ်နိုင်သည့်အရာမျိုး မရှိပေ။ အကြောင်းမှာ ဟာကွက် ဖြစ်နေ၍ ဖြစ်သည်။ ကျင့်ကြံသူများက အကျိုးအမြတ်များကို လက်လျှော့ကြမည် မဟုတ်ပေ။
ခဏကြာပြီးနောက် လူတော်တော်များများက ကျောင်းအုပ်အသစ်သည် ဉာဏ်များသည့် မြေခွေးအိုကြီးသာဖြစ်ကြောင်း သိလိုက်၍ လျှော့မတွက်ကြတော့ပေ။
“ အခု အားလုံးအဆင်ပြေသွားပြီဆိုတော့” စုန့်လီက ပြောလိုက်သည် “ ကောင်းကင်ရွေးချယ်ခံနာမည်တွေကို ကောင်းကင်တာအို ကာကွယ်ရေးစာအုပ်ထဲမှာ ရေးသွင်းကြရအောင်”
“ခဏနေပါဦး ကျောင်းအုပ်” ပွဲကြည့်စင်မြင့်အတွက် အသံတစ်သံ ပျံ့လွင့်လာသည်။ စုန့်လီက ခေါင်းလှည့်ကြည့်လိုက်သည့်အခါ သူ့ကျောင်းတော်မှ တပည့် လင်းဖန် ဖြစ်နေကြောင်း သိလိုက်ရသည်။
“ ကျောင်းအုပ်ငယ် အခုက အချိန်မကျသေးပါဘူး။ တကယ်လို့ ပြောစရာရှိတယ်ဆိုရင် အခမ်းအနားပြီးမှ လာပြောလှည့်ပါ” စုန့်လီက မျက်မှောင်ကြုတ်လျက် ပြောလိုက်သည်။
“ ကျွန်တော် တောင်းပန်ပါတယ်။ ဒါပေမဲ့ အခုချိန်က ပြောဖို့ အချိန်ကိုက်ပါပဲ”
စုန့်လီက လင်းဖန် ပြောမည့်အရာကို မှန်းဆမိသော်လည်း မတားလိုက်ပေ။
“ အဲဒါဆိုတော့ မင်းက ဘာများပြောချင်လို့လဲ”
“ ကျွန်တော်တို့ တော်တော်များများက ဒီပြိုင်ပွဲကို ဂုဏ်ကျက်သရေ ကျော်ကြားမှု၊ အသိအမှတ်ပြုမှုအတွက် ရောက်ရှိလာကြတာ။ ပြောရရင် ပြိုင်ပွဲကို ဒီလိုဖျက်သိမ်းလိုက်တာက တရားတယ်တော့ မထင်ဘူး”
“ ကျောင်းတော်က ဒီပြိုင်ပွဲကို ရပ်တန့်ဖို့ ဆုံးဖြတ်ပြီးသွားပြီ”
“ ရပ်တန့်လိုက်လည်း ကိစ္စမရှိပါဘူး” လင်းဖန်က တည်တည်ငြိမ်ငြိမ်ပြုံးကာ ပြောလိုက်သည် “ ဒါပေမဲ့ ပြိုင်ပွဲတွေအားလုံးကို တားဆီးဖို့တော့ မလိုဘူးမလား။ လူတော်တော်များများက ထိပ်တန်းကောင်းကင်ရွေးချယ်ခံတွေရဲ့ ပြိုင်ပွဲကို ကြည့်ချင်နေကြမယ်လို့ ထင်တယ်”
လင်းဖန်၏ စကားအပြီးတွင် ပွဲကြည့်စင်မြင့်မှ တစ်ယောက်က လှမ်းအော်လိုက်၏ “ အမှန်ပဲ … ကျုပ်က အဲလိုပြိုင်ပွဲမျိုး ကြည့်ချင်လို့လာတာ”
“ ကျုပ်ရောပဲ”
“ ကျုပ်ရောပဲ”
“ တိုက်”
“တိုက်”
“တိုက်”
သိပ်မကြာခင် ပွဲကြည့်စင်မြင့်တစ်ခုလုံးက သံပြိုင်အော်သံများနှင့် ပြည့်နှက်သွားလေသည်။ လင်းဖန်အတွက်မူ သူက အာရုံစိုက်ခံရသည်ကို သဘောကျသည့်အတွက် ခပ်ယဲ့ယဲ့ ပြုံးနေသည်။ သူက ဒီအကြံအစည်ကို လုပ်မိခဲ့၍ လူသန်းချီ၏ အာရုံစိုက်မှုကို ရရှိသည့်အတွက် ပျော်နေမိသည်။
ထိုစဉ် စုန့်လီက လင်းဖန်၏ ကျေနပ်နေသော မျက်နှာထားကို ကြည့်ကာ သက်ပြင်းချလိုက်ရင်း ပြောလိုက်သည်
“ အဲဒါဆို ကျောင်းအုပ်ငယ်လေး ငါတို့ ဘယ်လိုလုပ်ရမယ်လို့ အကြံပြုချင်လဲ”
လင်းဖန်က သူတို့၏ အနာဂတ်ကျောင်းအုပ်ဖြစ်ပြီး တစ်ခုခုလုပ်ချင်ပါက ကျောင်းတော်က သူ့အား ထောက်ပံ့ပေးလိမ့်မည် ဖြစ်သည်။ သူ့အပြုအမူ၏ နောက်ပိုင်းအကျိုးဆက်များအတွက်မူ ကျောင်းတော်က သူတို့၏ ကိုယ်ပိုင်ကောင်းကင်ရွေးချယ်ခံကို ကာကွယ်နိုင်စွမ်း ရှိလေသည်။
လင်းဖန်၏ အပြုံးကာ ပိုမိုထင်ရှားလာကာ ပြောလိုက်သည် “ တကယ်တော့ ကျွန်တော်တို့ ပိုပြီး ကြီးကြီးမားမား စီမံသင့်တယ်။ နမူနာဆိုရင်တော့ ငါ မင်းကို စိန်ခေါ်တယ်” သူက လူတစ်ယောက်ကို လက်ညှိုးထိုးရင်း ပြောလိုက်သည်။
အကြည့်အားလုံးက သူ လက်ညှိုးထိုးရာဆီ ရောက်သွားလေသည်။ ထိုလူက အဆင့် ၃ ကောင်းကင်ရုပ်ခန္ဓာပိုင်ရှင် စုယာ ဖြစ်နေသည်။ သူမက တခြားကောင်းကင်ရွေးချယ်ခံများနှင့်အတူ ပွဲကြည့်စင်အလယ်တွင် ရပ်နေလေ၏။
သူမက ရုတ်တရက် စိန်ခေါ်ခံရမှုကြောင့် အံ့အားသင့်သွားသော်လည်း သူမ၏ မျက်နှာထားက သိပ်ပြီး မပြောင်းလဲသွားသလို ခံစားချက် ပြသမှုမျိုးလည်း မရှိပေ။
သူမက ချိုမြိန်စွာ ရယ်မောလိုက်ပြီး “ သခင်လေး လင်းဖန် ရှင်က ဒီလိုကူကယ်ရာမဲ့ပြီး သနားစဖွယ်အမျိုးသမီးကို အနိုင်ကျင့်ချင်နေတာလား။ တခြားအမျိုးသားတွေကို ဘာလို့စိန်မခေါ်တာလဲ။ သူတို့တွေက ရှင့်စိန်ခေါ်မှုကို လက်ခံဖို့ ပိုပြီးတော့တောင် ပျော်နေဦးမယ်ထင်တယ်”
လင်းဖန်က နှာခေါင်းရှုံ့ကာ “ သခင်မလေးစုယာက ကူကယ်ရာမဲ့တဲ့ အမျိုးသမီးဆိုတာကို အရူးပဲ ယုံလိမ့်မယ်။
ငါ မင်းကို စိန်ခေါ်တာက မင်းရဲ့လိင်ကြောင့် မဟုတ်ဘူး။ ငါ့ရဲ့အောက်မှာရှိတဲ့ ကောင်းကင်ရွေးချယ်ခံတွေကို ဖြည်းဖြည်းချင်းစိန်ခေါ်ဖို့ စဉ်းစားထားလို့ပဲ။ ဒါပေမဲ့ တကယ်လို့ မိန်းကလေးစုယာက ငါ့စိန်ခေါ်မှုကို လက်မခံချင်ဘူးဆိုရင် မင်းထက်အားကောင်းတဲ့ တခြားတစ်ယောက်ကို စိန်ခေါ်လို့ ရပါသေးတယ်” လင်းဖန်က နောက်ဆုံးစကားကို ပြောလိုက်ရင်း စုယာထက် တစ်ဆင့်မြင့်သည့် ကျန့်ဝူရွှမ်းကို လှမ်းကြည့်လိုက်သည်။
“ အိုး… ကြည့်ရတာ ကျွန်မကို လျှော့တွက်ထားပုံပဲ” စုယာက ညင်ညင်သာသာပြုံးရင်း ပြောလိုက်သည် “ ရှင်နဲ့တိုက်ခိုက်ဖို့ ကျွန်မကို မျှားခေါ်နေမှန်း သိပေမဲ့ ရှင့်စိန်ခေါ်မှုကို ကျွန်မ လက်ခံတယ်။ ရှင် အလွှာနိမ့်မှာရှိနေသလိုမျိုး မောက်မာနေလို့ မရဘူးဆိုတာ တစ်ယောက်ယောက် သင်ပြပေးရမဲ့ အချိန်ရောက်ပြီ”
လင်းဖန်က ထိုစကားကိုကြားပြီးနောက် မဲ့ရွဲ့သွားကာ သူ့မျက်ဝန်းမှ သတ်ဖြတ်ငွေ့ ဖြတ်ပြေးသွားသည်။
ထိုစဉ် စုယာက ရယ်မောလိုက်ရင်း ပြောလိုက်သည် “ အိုး ကျွန်မ ချက်ကောင်း ထိမိသွားတာလား”
စုန့်လီက ကောင်းကင်မှ ဖြစ်စဉ်တစ်ခုလုံးကို ကြည့်နေရင်း ခေါင်းအသာယမ်းလိုက်သည်။ သူက စုယာသည် စကားအနည်းငယ်ဖြင့် တိုက်ပွဲစည်းချက်တစ်ခုလုံးကို ထိန်းချုပ်သွားကြောင်း ပြောနိုင်လေသည်။ စိတ်ခံစားချက်နှင့် လိုအင်ဆန္ဒများကို ထိန်းချုပ်နိုင်သူ တစ်ယောက်အနေနှင့် သူမကို တိုက်ခိုက်သည့်အခါ စိတ်တည်ငြိမ်ဖို့ လိုအပ်လေသည်။ မဟုတ်လျှင် သူမက မိမိ၏ ခံစားချက်များဖြင့် မိမိကို ပြန်လည်တိုက်ခိုက်လိမ့်မည်။
ထိုနှစ်ယောက် တိုက်ပွဲကို သဘောတူလိုက်သည်ကို မြင်ပြီးနောက် စုန့်လီက နေရာကို ဖယ်ရှားကာ တိုက်ခိုက်ဖို့အတွက် ပြင်ပေးလိုက်သည်။ တခြားသော ကောင်းကင်ရွေးချယ်ခံများကလည်း တိုက်ပွဲကို ကြည့်ရန် သူတို့၏ မြောလွင့်ရုံငယ်အတွင်းသို့ ပြန်သွားကြလေသည်။ လင်းဖန်က စုယာနှင့် မျက်နှာချင်းဆိုင်တွင် ရပ်နေရင်း အံကြိတ်ကာ “ မင်းစကားတွေအတွက် နောင်တရစေရမယ်”
“ ရှင် ဘယ်လိုပြောပြောပေါ့ တောသားလေး” စုယာက သိုလှောင်လက်စွပ်အတွင်းမှ လေးမြားတစ်ခုကို ထုတ်ယူရင်း ပြောလိုက်သည်။
ထိုစဉ် လင်းဖန်က သူ့အား တောသားဟု ခေါ်ဆိုသည်ကို မြင်ကာ ဒေါသထွက်သွားလေသည်။ ထိုဒေါသဟူသော အဓိပ္ပာယ်က ဒီကမ္ဘာက လူများသည် အလွှာနိမ့်မှ ပါရမီရှင်များအား ခေါ်ညွှန်းသည့် စကား ဖြစ်သည်။ သူတို့က အဆင့်အတန်း နိမ့်ကျကြောင်း သွယ်ဝိုက်ရည်ညွှန်းထားသည့် စကားလည်း ဖြစ်ပေသည်။
ထိုစကား တည်ရှိမှုအကြောင်း သိပြီးနောက် လင်းဖန်က ပို၍ပင် မုန်းတီးလာခဲ့သည်။ သူက ဧကရာဇ်ဉာဏ်အလင်းပွင့် ကျောင်းတော်၏ စစ်မှန်သည့် အမွေဆက်ခံသူဖြစ်နေ၍ မည်သူကမှ မခေါ်ရဲကြသော်လည်း သူက မုန်းတီးနေဆဲသာ ဖြစ်သည်။ သို့သော် ယခုတွင် တစ်ယောက်ယောက်က သူ့အား တစ်ကမ္ဘာလုံးရှေ့ ၊ လူသန်းချီရှေ့တွင် ခေါ်လာလေသည်။
လင်းဖန်၏ နဖူးသွေးကြောများ ထောင်မတ်လာကာ သူက တုံ့ဆိုင်းမရှိ စုယာဆီ ပြေးဝင်သွားသည်။ သူက ဒေါသကြောင့် စိတ်လွတ်သွားသည့် ကျွဲရိုင်းနှင့် တူနေသည်။
သူမအတွက်မူ အသာလေး အလွယ်တကူ ရှောင်ရှားကာ လေးမြားကို ဆွဲလိုက်သည့်အခါ အဝါရောင် မြားတစ်ချောင်း ပေါ်လာလေသည်။ သူမက ထိုအရာကို ပစ်လွှတ်လိုက်၏။