အခန်း (၂၃၉၇-၂၃၉၈)
Vol. 172 Ch. 2397-2398
အပိုင်း(၂၃၉၇)
"အဲဒါက လောကနယ်မြေ ကျင့်စဉ်နဲ့ ရောစပ်ထားတဲ့ လျှို့ဝှက်နယ်မြေ တစ်ခုပဲ..."
ဂိုလိုင်ယက်ငှက် အရှင်သခင်က ဝေ့ဝူယင် ၏ စွမ်းရည်များကို တစ်ချက်ကြည့်ရုံဖြင့် ကောက်ချက်ချနိုင်သည့်အလား သာမန်ကာလျှံကာပင် ပြောလိုက်သည်။
ရွှေရောင် ညဉ့်ဦးယံ အရှင်သခင်သည် ထိုရှင်းပြချက်ကို ကြားပြီးနောက် မျက်မှောင် အနည်းငယ် ကြုတ်သွားခဲ့သည်။ ၎င်းသည် မှားယွင်းပုံ မပေါ်သော်လည်း တစ်ခုခု လွဲချော်နေသကဲ့သို့ ခံစားနေရသည်။ သူမ မျက်လုံး အစီအရင် ကို ပိုမိုအားကောင်းလာစေရန် အတွက် ဝိညာဉ် ခြေချခြင်း ကျင့်စဉ် ကို အသက်သွင်းလိုက်သည်။ ထို့နောက် သူမ၏ ဝိညာဉ်အမြင် ကို အမြင့်ဆုံးအထိ မြှင့်တင်လိုက်သည်။ သို့သော်လည်း... သူမ အာရုံခံစားရသမျှသည် ဂိုလိုင်ယက်ငှက် အရှင်သခင်၏ ယူဆချက်ကိုသာ အတည်ပြုပေးနေခဲ့သည်။
ရွှေရောင် ညဉ့်ဦးယံ အရှင်သခင်သည် ထိုနယ်မြေထဲသို့ ခုန်ဝင်ကာ ကိုယ်တိုင်ကိုယ်ကျ ခံစားကြည့်လိုစိတ်များ ပေါ်ပေါက်လာခဲ့သည်။ သို့သော် သူမကိုယ်သူမ ထိန်းချုပ်ထားခဲ့ရသည်။ အကယ်၍ သူမသာ စည်းမျဉ်းကို ချိုးဖောက်လိုက်ပါက ရှင်သန်ရန် ဆန္ဒမရှိတော့ကြောင်း ဆုံးဖြတ်လိုက်သကဲ့သို့ ဖြစ်သွားပေမည်။ ၎င်းက မိုးကုပ်စက်ဝိုင်း များ အားလုံးနှင့် ဂလက်ဆီ တစ်ခုလုံးရှိ အဂ္ဂိရတ်ပညာရှင် တိုင်းကို စော်ကားလိုက်ခြင်းပင် ဖြစ်သည်။
ဂလက်ဆီ အတွင်းရှိ အရှင်သခင် သူရဲကောင်း များ နှင့် တာအို တရားဥပဒေ ထိန်းသိမ်သူ တိုင်း၏ ဝိုင်းဝန်းတိုက်ခိုက်မှုအောက်တွင် သူမသည် နောက်ထပ် တစ်နာရီတောင် ခံနိုင်မည်မဟုတ်ကြောင်း သေချာနေသည်။ သူမသည် ကိုယ့်ကိုယ်ကိုယ် သတ်သေရန် စိတ်ကူး လုံးဝမရှိပေ။
"သူ ကုန်ကြမ်း ဆေးပင်တွေကို ဘာလုပ်နေတာလဲ..."
ဂိုလိုင်ယက်ငှက် အရှင်သခင်သည် ချက်ချင်းပင် မျက်မှောင်ကြုတ်သွားခဲ့သည်။
လူတိုင်း၏ မျက်မှောက်တွင် ဝေ့ဝူယင် သည် အမိန့်တော်ဆေးရည် အတွက် ဆေးကြမ်းပင် ၃၃၀ ထဲမှ တစ်ခုကို ထုတ်ယူလိုက်သည်။ ထို့နောက် သူ၏ မျက်လုံးများသည် ဘုရားသခင်၏ အလင်းရောင်များဖြင့် တောက်ပလာခဲ့သည်။ အထူးအရာတစ်ခုခုကို ပေါင်းစပ်ထည့်သွင်းနေသည့်အလား ထိုဆေးကြမ်းပင်ပေါ်သို့ အလင်းတန်းများ ဖြာကျသွားစေသည်။ ထို့နောက် သူတို့၏ မျက်စိရှေ့မှောက်တွင်ပင် ထိုဆေးကြမ်းပင်သည် မြေမှုန့်အဖြစ် ပြိုကွဲသွားသည်ကို မြင်တွေ့လိုက်ရသည်။
"ဟူး..."
နေရာတိုင်းတွင် အံ့ဩတုန်လှုပ်စွာ အသက်ရှူသံပြင်းပြင်းများ ပဲ့တင်ထပ်သွားခဲ့သည်။
ဝေ့ဝူယင်က ဒီအတိုင်းပဲ ဆေးကြမ်းပင် တစ်စုံကို စွန့်လွှတ်လိုက်သည်လား။ ၎င်းက ရူးသွပ်ဖွယ်ရာ ကောင်းလွန်းလှသည်။
တောက်ပသောကြယ် နန်းတော်သခင်သည် ရှင်းပြချက်တစ်ခု ရရှိရန်အတွက် ထိုဆေးကြမ်းပင်နှင့် ပတ်သက်၍ မေးမြန်းရန် ပြင်လိုက်သည်။ မည်သို့ပင်ဆိုစေ ထိုဆေးကြမ်းပင်၌ လက်ခံနိုင်စွမ်းမရှိသော အပြစ်အနာအဆာများ ရှိနေနိုင်ခြေ ရှိသည်။ ၎င်းက အခြားသူများ၌ မရှိသော ကြီးမားသည့် အားနည်းချက်တစ်ခုကို သူ့အား ပေးစွမ်းနေသကဲ့သို့ ဖြစ်နေသည်။
၎င်းသည် ကြီးကြပ်သူများဘက်မှ အကျင့်ပျက်ခြစားမှုကို ဆိုလိုနေသော်လည်း သူသည် ဂိုလိုင်ယက်ငှက် အရှင်သခင် နှင့် ရွှေရောင် ညဉ့်ဦးယံ အရှင်သခင် ကို အနည်းငယ်မျှပင် မယုံကြည်ပေ။ ထို့ကြောင့် သူတို့သည် မသမာသော အကြံအစည်တစ်ခုခုကို ပြုလုပ်ခဲ့ခြင်း ဖြစ်နိုင်သည်။
"လောကရှန့်ထို အာရုဏ်ဦး ..."
သို့သော်လည်း... သူ စကားပြောရန် ပြင်လိုက်ချိန်တွင်ပင် ဝေ့ဝူယင်၏ မျက်လုံးများမှ မြင့်မြတ်သော အလင်းတန်း နှစ်ခု ပေါက်ကွဲထွက်ပေါ်လာခဲ့သည်။ ထိုအလင်းတန်းများသည် စားပွဲပေါ်သို့ ကျဆင်းသွားပြီးနောက် ပျက်စီးသွားပြီဟု ထင်မှတ်ထားသော ဆေးကြမ်းပင်သည် အနည်းငယ်မျှ ထိခိုက်မှုမရှိဘဲ ပြန်လည်ပေါ်ပေါက်လာခဲ့သည်။
သူတို့သည် ရှုပ်ထွေးဝေခွဲမရစွာဖြင့် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။ လောကရှန့်ထို အာရုဏ်ဦးက ဆေးကြမ်းပင်များကို လဲလှယ်လိုက်သည်လား။
သို့သော်လည်း... ထိုသို့ဖြစ်လာမည် မဟုတ်ကြောင်း သူတို့ သိထားကြသည်။ ပြင်ပလောကမှ ဆေးကြမ်းပင် အသစ်တစ်စုံကို အသုံးပြုခြင်းအား အဂ္ဂိရတ် ကျိန်စာ များစွာဖြင့် တားမြစ်ထားပြီး ဖြစ်သည်။ သို့သော် မူလ ဆေးကြမ်းပင်မှ အသွင်ပြောင်းထားသော သို့မဟုတ် ပြုပြင်ဖန်တီးထားသော အရာများကို အသုံးပြုခြင်းကိုမူ အပြည့်အဝ ခွင့်ပြုထားသည်။ အထူးသဖြင့် အဂ္ဂိရတ်ပညာရှင် များသည် ထုတ်ယူခြင်း၊ ကြီးထွားခြင်း၊ ဖန်တီးခြင်းနှင့် အသွင်ပြောင်းခြင်း လုပ်ငန်းစဉ် အတွင်း လျှို့ဝှက်ဆန်းကြယ်သော နည်းစနစ်များကို အသုံးပြုလေ့ရှိသောကြောင့် ဖြစ်သည်။
ဝေ့ဝူယင် သည် လူအုပ်ကြီးရှေ့တွင် ဆေးကြမ်းပင် အသစ်ကို စစ်ဆေးနေစဉ် သိသာစွာ ရပ်တန့်သွားခဲ့သည်။ ထို့နောက် တစ်ခုခု ဖြစ်လာမည်ကို သေချာသွားသည့် အလား သူက ခေါင်းညိတ်လိုက်ပြီး ထိုဆေးကြမ်းပင်ကို ဘေးသို့ ဖယ်ထားလိုက်သည်။ စိတ်ဝင်တစားနှင့် ရှုပ်ထွေးနေသော ပရိသတ်ကြီး၏ ရှေ့မှောက်တွင်ပင် ဒုတိယမြောက် ဆေးကြမ်းပင်ကိုလည်း ထိုနည်းအတိုင်း ပြုလုပ်လိုက်သည်။
"သူက... သူ့ရဲ့ အဂ္ဂိရတ် ပညာရပ်အတွက် ကြိုတင်ပြင်ဆင်မှုအနေနဲ့ ဆေးကြမ်းပင်တွေကို အသွင်ပြောင်းနေတာလား..."
မေ့ရှောင်ယန်သည် ဖြစ်ရပ်များကြောင့် အမှန်တကယ် ရှုပ်ထွေးသွားကာ မေးလိုက်သည်။ အဂ္ဂိရတ် တာအို တွင် ပြင်ဆင်မှု အဆင့် နှင့် အဂ္ဂိရတ် အဆင့် ဟူ၍ အဆင့်နှစ်ဆင့် ရှိကြောင်း သူမ သိထားသည်။ ပထမအဆင့်သည် လုပ်ငန်းစဉ်၏ အစတွင် ဖြစ်ပေါပြီး ဆေးကြမ်းပင်များ စုဆောင်းခြင်း၊ ထိန်းသိမ်းခြင်းနှင့် သက်စောင့်စွမ်းအင် လှုံ့ဆော်ခြင်းတို့ ပါဝင်သည်။ ၎င်းသည် ရုက္ခဗေဒပညာရှင်များက ဆေးဖက်ဝင်အပင်များကို မအသုံးပြုမီ ပြုစုပျိုးထောင်ခြင်းနှင့် ဆင်တူသော ရှုပ်ထွေးမှုများစွာ ရှိသည်။
ပြင်ဆင်မှု အဆင့် တွင် ၎င်းတို့အတွင်းရှိ အမတေ များနှင့် စွမ်းအင်များ ကောင်းမွန်သောအခြေအနေတွင် ရှိနေစေရန် ဆေးကြမ်းပင်များကို ဂရုတစိုက် ရွေးချယ်ပြီး စစ်ဆေးရသည်။ ပြဿနာတစ်ခုခုကို ကြိုတင်မရှာဖွေနိုင်ပါက ရှောင်လွှဲ၍မရသော ကျရှုံးမှုဆီသို့ ဦးတည်သွားစေနိုင်သည်။ ၎င်းသည် အလွန် အရေးကြီးသော အဆင့်တစ်ခု ဖြစ်သည်။
ဥဿုံ အဂ္ဂိရတ် ပြိုင်ပွဲ တွင် တရားမျှတမှုရှိစေရန်အတွက် တာဝန်ပေးအပ်ခြင်းခံရသော ကြီးကြပ်သူများသည် သစ္စာဆိုထားလျက် ဤတာဝန်ကို ကိုင်တွယ်ဖြေရှင်းကြသည်။ ထို့နောက် ၎င်းတို့ကို ယှဉ်ပြိုင်မည့် အဂ္ဂိရတ်ပညာရှင် များထံသို့ ပေးပို့ကြသည်။ ဆေးကြမ်းပင်များကို စစ်ဆေးပြီးဖြစ်ကြောင်းနှင့် တူညီသော ကြီးထွားမှု သို့မဟုတ် ရရှိမှု လုပ်ငန်းစဉ်များဖြင့် သေချာစွာ စီမံထားကြောင်း သိထားသဖြင့် သူတို့သည် စိတ်အေးလက်အေး နေနိုင်ကြသည်။
ဤလုပ်ငန်းစဉ်အတွင်း အဂ္ဂိရတ်ပညာရှင် များသည် သူတို့၏ အလားအလာများကို လှုံ့ဆော်ရန်အတွက် ဆေးကြမ်းပင်များကို မကြာခဏ အသွင်ပြောင်းခြင်း သို့မဟုတ် မတူညီသော နည်းလမ်းများဖြင့် သိုလှောင်ခြင်းများ ပြုလုပ်လေ့ရှိသည်။
ဥပမာအားဖြင့် ပေးပို့လိုက်သော မီးဂုဏ်သတ္တိရှိသည့် ဆေးကြမ်းပင်တစ်ပင်ကို စွမ်းအင်နှင့် အရည်အသွေး ကောင်းမွန်စွာ ထိန်းသိမ်းရန် ၅၀၀ ဒီဂရီ စင်တီဂရိတ်တွင် သိမ်းဆည်းထားနိုင်သည်။ သို့သော် အဂ္ဂိရတ်ပညာရှင် တစ်ဦးသည် ထုတ်ယူခြင်း လုပ်ငန်းစဉ်အတွက် ၎င်းအတွင်းရှိ စွမ်းအင်ကို ၅၅၀ ဒီဂရီ စင်တီဂရိတ်ဖြင့် အနည်းငယ် ပိုပူနေရန် နှစ်သက်ကောင်း နှစ်သက်နိုင်သည်။
ဤသေးငယ်သော ကွာခြားချက်သည် လုပ်ငန်းစဉ်အပေါ် အကောင်း သို့မဟုတ် အဆိုးဘက်သို့ ကြီးမားစွာ သက်ရောက်မှု ရှိစေနိုင်သည်။ ထို့ကြောင့်ပင် စမ်းသပ်ခြင်းနှင့် ကောက်ချက်ချခြင်း လုပ်ငန်းစဉ်များမှတစ်ဆင့် ရရှိလာသော ဤအသေးစိတ် အချက်အလက်များအားလုံး ပါဝင်သည့် အဂ္ဂိရတ် အမွေအနှစ်များ သည် အလွန်တန်ဖိုးကြီးမားခြင်း ဖြစ်သည်။
အဂ္ဂိရတ် ဖော်စပ်ခြင်း လုပ်ငန်းစဉ်၏ နောက်ဆုံး အပြီးသတ် အဆင့်သည်လည်း ပြင်ဆင်မှု အဆင့် ကဲ့သို့ပင် ကျရှုံးမှုကို ဆုံးဖြတ်နိုင်သည်။ ကောင်းကင်ရှန့်ထို လောကအသွင်ပြောင်းခြင်း သည် ဤအရာအတွက် အကောင်းဆုံး ဥပမာတစ်ခုပင် ဖြစ်သည်။
"သူ... ဘာလုပ်နေတာလဲ..."
ဟောင်ချန်းရွှယ် သည်လည်း မသေချာမရေရာ ဖြစ်နေခဲ့သည်။
ထိုအချိန်၌ ကြီးကြပ်သူများသည် အလွန်အမင်း ရှုပ်ထွေးနေကြသည်။ သူတို့၏ အာရုံခံစားမှုများထဲတွင် ဆေးကြမ်းပင်များသည် တူညီနေပုံပေါ်သည်။ သို့သော် ၎င်းတို့သည် အမတေ သို့မဟုတ် စွမ်းအင် အရိပ်အယောင် အနည်းငယ်မျှပင် မရှိဘဲ အဆင့်မသတ်မှတ်ထားသော သာမန် ဆေးကြမ်းပင်များကဲ့သို့ ခံစားနေရသည်။ ပြန်လည်ဖန်တီးထားသော အရာအားလုံးသည် စွမ်းအင်နှင့် အမတေ များ ကင်းမဲ့နေသကဲ့သို့ ဖြစ်နေသည်။
ထိုအရာက အဘယ်နည်း။
တောက်ပသောကြယ် နန်းတော်သခင် သည် ရွှေရောင် ညဉ့်ဦးယံ အရှင်သခင်ကို ကြည့်လိုက်သည်။ သူမသည် အာရုံခံစွမ်းရည်များကို အမြင့်ဆုံးအထိ အသုံးချနေခဲ့သည်။ သူသည် ဝိညာဉ် ခြေချခြင်း ကျင့်စဉ် များတွင် သူမကဲ့သို့ ပဲ့တင်ထပ် ချီ ကို မသုံးစွဲချင်ခဲ့ပေ။ ၎င်းသည် အလွန်တရာ အဖိုးတန်လွန်းလှသည်။
သို့သော်လည်း သူမ၏ မျက်နှာပေါ်ရှိ မှုန်ကုပ်ကုပ် အမူအရာကို သတိထားမိသောအခါ သူ မနေနိုင်ဘဲ မေးလိုက်သည်။
"မင်း ဘာမြင်လဲ..."
"..."
ရွှေရောင် ညဉ့်ဦးယံ အရှင်သခင်သည် တိတ်ဆိတ်နေခဲ့သည်။ သူမသည် တွေ့မြင်လိုက်ရသောအရာကြောင့် အလွန်တရာ အံ့ဩမှင်တက်သွားခဲ့သည်။
အဘယ်ကြောင့်ဆိုသော် သူမသည်...
ဘာကိုမှ...
... မမြင်တွေ့ရသောကြောင့်ပင်။
တောက်ပသောကြယ် နန်းတော်သခင် အာရုံခံမိသည့်အတိုင်းပင် ဖြစ်သည်။ ဝေ့ဝူယင် ထုတ်ယူလာသော ဆေးကြမ်းပင်များအတွင်း၌ စွမ်းအင် သို့မဟုတ် အမတေ အရိပ်အယောင် အနည်းငယ်မျှပင် မရှိပေ။ သို့သော်လည်း ၎င်းတို့သည် အပြစ်အနာအဆာကင်းသော ပုံတူကူးပွားမှုများ ဖြစ်နေပုံရသည်။
ရွှေရောင် ညဉ့်ဦးယံ အရှင်သခင် ကိုယ်တိုင်လည်း ၎င်းတို့ကို ပုံတူကူးပွားမှုများဟုသာ ယူဆနိုင်ခဲ့သည်။ သူမ ဘာကို ကြည့်နေမိမှန်း သူမကိုယ်တိုင်ပင် မသိတော့ချေ။
***
အပိုင်း(၂၃၉၈)
မကြာမီမှာပင် ဆေးကြမ်းပင် ၃၃၀ လုံးကို ဝေ့ဝူယင် 'စီမံ' ပြီးသွားခဲ့သည်။ သူ၏ မျက်နှာအဆင်းသည် အနည်းငယ် ဖြူရော်နေခဲ့သည်။ သူသည် တော်တော်လေး ပင်ပန်းသွားပုံရပြီး အသက်ရှူသံများ အနည်းငယ် ပြင်းနေခဲ့သည်။
ဝေ့ဝူယင်သည် နှုတ်ခမ်းသပ်လိုက်ပြီးနောက် မိမိကိုယ်ကိုယ် ဂုဏ်ယူနေသော အပြုံးတစ်ခုဖြင့် အကြောဆန့်လိုက်သည်။
'လုံးဝကို ရှယ်ပဲကွာ... အဆုံးမဲ့ ပဲ့တင်ထပ် နယ်မြေ က ငါ့ကိုယ်တွင်းက ထာဝရ အော်ရာ နဲ့ အဲဒီ အော်ရာရဲ့ ဩဇာလွှမ်းမိုးမှုအောက်ကနေ မွေးဖွားလာတဲ့ အရာတွေကို ထိန်းချုပ်နိုင်စေတယ်။ ဖန်တီးခြင်း မျက်လုံး ကတော့ ဆေးကြမ်းပင် တစ်ခုချင်းစီမှာ ထာဝရ အော်ရာ ကို ပေါင်းစပ်ထည့်သွင်းပေးပြီး အတွင်းက အမတေ နဲ့ စွမ်းအင် တွေကို ပြုပြင်ပြောင်းလဲပေးနိုင်တယ်...'
'ဆေးကြမ်းပင် တစ်ခုချင်းစီက သာလွန်ခြင်း အဆင့် အရည်အသွေး ရှိတဲ့ ဆေးကြမ်းပင်တွေပဲ... အဲ့တာတွေက စစ်မှန်တဲ့ ထာဝရ ဆေးကြမ်းပင်တွေ မဟုတ်ပေမယ့် အတုအယောင် ဝိညာဉ် တန်ခိုးရှင် အဆင့် ဆေးကြမ်းပင်တွေအဖြစ် သတ်မှတ်လို့ရတယ်... ပုံမှန်ဆိုရင် အဆုံးမဲ့ ပဲ့တင်ထပ် နယ်မြေ သာ မရှိရင် ထာဝရ အော်ရာ က သဘာဝအတိုင်း ပြယ်လွင့်သွားလိမ့်မယ်... စွမ်းအင် နဲ့ အမတေ ရဲ့ အဆင့်မကိုက်ညီမှုကြောင့် ဆေးကြမ်းပင်ရဲ့ အခြေခံအုတ်မြစ် ပြိုကွဲသွားလိမ့်မယ်... ဒါပေမယ့် ငါ့ နယ်မြေ ရဲ့ လွှမ်းမိုးမှုအောက်မှာ ပေါင်းစပ်ခြင်း အခြေအနေကို ငါ ထိန်းသိမ်းထားနိုင်တယ်...'
ဝေ့ဝူယင် ၏ အတွေးများသည် ကျေနပ်ဖွယ်ကောင်းသော ဂုဏ်ယူမှု၊ နားလည်သဘောပေါက်မှုများဖြင့် ပြည့်နှက်နေခဲ့သည်။ အဂ္ဂိရတ် တာအို သည် ၎င်းတို့၏ တွက်ချက်မှုများထဲတွင် ဤရလဒ်ကို ကြိုတင်မြင်တွေ့ခဲ့ရမည်မှာ သေချာသည်။ သူသည် အစဉ်အလာအားလုံးကို ချိုးဖောက်ကာ ဆေးဖော်စပ်ခြင်း၏ အသစ်စက်စက် လမ်းကြောင်းတစ်ခုကို တီထွင်နိုင်ခဲ့သည်။ သာလွန်ခြင်းအဆင့် အရည်အသွေး ရှိသော လျှို့ဝှက် အဆင့် ထုတ်ကုန်များကို သေချာပေါက်နီးပါး ဖြစ်လာစေရန် ဖန်တီးနိုင်ခဲ့သည်။
တုံ့ဆိုင်းနေခြင်း အလျဉ်းမရှိဘဲ သူသည် ဆေးဖော်စပ်ခြင်း ကို စတင်လိုက်သည်။
ဝေ့ဝူယင်သည် ဒုတိယ စိတ်အာရုံ၏ တွက်ချက်မှုများ၊ ကောက်ချက်ချမှုများနှင့် သေချာစွာ စီစဉ်ထားသော လမ်းပြမြေပုံကို မှီခိုအားထားခဲ့သည်။ သူသည် ဆေးကြမ်းပင် တစ်ခုချင်းစီ၏ စွမ်းအင်နှင့် အမတေ များကို မှော်သန့်စင် ဆေးအိုး အတွင်းသို့ ထုတ်ယူရန် လွတ်လပ်သော လုပ်ငန်းစဉ်ဖြင့် အာရုဏ်ဦး တက်လှမ်းခြင်း မှော်သန့်စင် ဆေးအိုး ကို အသုံးပြုခဲ့သည်။
အံ့ဩစရာကောင်းလှစွာဖြင့် လူတိုင်း၏ အမြင်တွင် ဝေ့ဝူယင်သည် သရဲတစ္ဆေ ဆေးဖော်စပ်ခြင်း ကို ပြုလုပ်နေသကဲ့သို့ ထင်မှတ်ရသည်။ သူ ထုတ်ယူနေသော စွမ်းအင်များနှင့် အမတေ များကို မမြင်တွေ့ရပေ။ သူတို့ မြင်တွေ့ရသည့် တစ်ခုတည်းသောအရာမှာ ယုတ္တိမတန်လောက်အောင် အရည်အသွေးမြင့်မားနေသော သူ၏ လျှို့ဝှက် အဂ္ဂိရတ် စွမ်းအား ပင် ဖြစ်သည်။
"နေပါဦး... လျှို့ဝှက် အဂ္ဂိရတ် စွမ်းအား လား..."
ဟောင်ချန်းရွှယ် သည် နောက်သို့ မျက်မြင်ထင်ရှား ဆုတ်ခွာသွားခဲ့သည်။
"သူက ဘာလို့ သူ့ရဲ့ အဂ္ဂိရတ်ချီ ရဲ့ မူလ အရည်အသွေးကို လျှော့ချနေရတာလဲ... သူက လျှို့ဝှက် အဂ္ဂိရတ် စွမ်းအားထက် ပိုမြင့်တဲ့ ပုံစံဖြစ်တဲ့ လျှို့ဝှက် အဂ္ဂိရတ် စွမ်းအင် ကိုတောင် အသုံးမပြုဘူး..."
လျှို့ဝှက် စွမ်းအား ည် လျှို့ဝှက် ကြယ်တာရာ အဆင့် ကျင့်ကြံခြင်း အဆင့်တစ်ခုတည်းနှင့်သာ သက်ဆိုင်သော အလွန်အမင်း သီးသန့်ဆန်သည့် စွမ်းအင်တစ်ခု ဖြစ်သည်။ အခြား မည်သည့်အဆင့်ကမျှ ၎င်းကို အသုံးမပြုကြပေ။ ၎င်းသည် ခြေချခြင်း ကျင့်စဉ်များ နှင့် ဝိညာဉ် အစီအရင်များ ကို အသုံးပြုခြင်းထက် သိသိသာသာ နိမ့်ကျသည်ဟု ယူဆနိုင်သည်။ သာမည ခြေချခြင်း ကျင့်စဉ်များနှင့် အဆင့်နိမ့် ဝိညာဉ် အစီအရင်များ ကိုသာ အသုံးပြုရန် ဖိအားပေးခံရသကဲ့သို့ ဖြစ်နေသည်။
"ရှင်က အဲဒါကို အာရုံစိုက်နေတာလား... အဲဒါကိုလား... အဲဒီလူက သူ့ရဲ့ မှော်သန့်စင် ဆေးအိုး နဲ့ အရိပ်လက်ဝှေ့ ထိုးနေတာလေ..."
ထျန်းရှီယာသည် ရူးသွပ်လုမတတ် ဖြစ်သွားဟန်ရသည်။ ဝေ့ဝူယင် သည် သူ၏ ဝတ်ရုံများကို တလူလူ လွင့်ခါစေလျက် အဂ္ဂိရတ် စွမ်းအား လှိုင်းများကို ဟိုဟိုဒီဒီ စေလွှတ်နေခဲ့သည်။ မည်သည့် စွမ်းအင် သို့မဟုတ် အမတေ အရိပ်အယောင် အနည်းငယ်မျှပင် မရှိဘဲ ထုတ်ယူခြင်း လုပ်ငန်းစဉ်အတွက် လိုအပ်သည့်အရာ အားလုံးကို လုပ်ဆောင်နေခဲ့သည်။
ထိုအရာက မည်ကဲ့သို့ သောက်ကျိုးနဲ အရာနည်း။
မေ့ရှောင်ယန် သည် စကားပြောဆိုနိုင်စွမ်း ဆိတ်သုဉ်းလုနီးပါး ဖြစ်သွားခဲ့သည်။ ကြည့်ရှုနေသော ပရိသတ်ကြီးအား မည်သို့ ရှင်းပြရမည်ကို ဦးနှောက်စားနေခဲ့သည်။ ထို့နောက် မျှော်လင့်ချက်အပြည့်ရှိသော မျက်လုံးများဖြင့် လော့နင် ဘက်သို့ လှည့်လိုက်သည်။
"ဒါက လောကရှန့်ထို အာရုဏ်ဦး ရဲ့ အစီအစဉ်တစ်ခု ဖြစ်နိုင်မလား... မြေကြီးရှန့်ထို လော့..."
လော့နင် မျက်တောင်ခတ်လိုက်သည်။ သူမ၏ အကြည့်ထဲတွင် ဝေ့ဝူယင်သည် အစီအရင် များ နှင့် ကျင့်စဉ်များကို လွတ်လပ်စွာ အသုံးပြုနေသည်ကို မြင်တွေ့လိုက်ရသည်။ သူမအနေဖြင့် မနာလိုဖြစ်ရုံသာ တတ်နိုင်သော ထူးကဲသည့် နည်းစနစ်များ ဖြစ်သည်။ သို့သော် တစ်စုံတစ်ရာ ဖြစ်ပေါ်နေသည့် အရိပ်အယောင်မျှပင် သူမ မမြင်ရချေ။
မကြာမီတွင် သူမနှင့်အတူ ဝေဖန်သုံးသပ်သူများရော ပရိသတ်များ၏ အကြည့်များကိုပါ သူမ ခံစားလိုက်ရသည်။ သူတို့၏ သိချင်စိတ်များမှာ မျက်လုံးများထဲမှ ပန်းထွက်လု မတတ်ပင် ဖြစ်နေခဲ့လေသည်။
"အဟမ်း..."
သူမက လည်ချောင်းဟန့်လိုက်ပြီး ခေါင်းသာ ညိတ်လိုက်သည်။
ထပ်မံ၍ ခေါင်းညိတ်လိုက်ပြန်သည်။
ထို့နောက် နောက်ထပ် အကြိမ်အနည်းငယ် ခေါင်းညိတ်လိုက်သည်။
ဉာဏ်အလင်းရသွားသည့် အလား မေ့ရှောင်ယန် သည် ရေနစ်သူ ဝါးကူထိုးသကဲ့သို့ အလွတ်သဘော ပြောလိုက်သည်။
"သဘောပေါက်ပြီ... သူက သူ့ရဲ့ အဂ္ဂိရတ် တာအို အဆင့်ကို တခြားသူတွေ မြင်တွေ့နိုင်အောင် နည်းစနစ်တွေကို ထုတ်ဖော်ပြသနေတာပဲ... သေမျိုး တွေရော လျှို့ဝှက် အာဏာရှင်များ ပါ သူလုပ်ဆောင်သမျှတိုင်းကို မြင်တွေ့နိုင်အောင်လို့ သူ့ရဲ့ စွမ်းအင်တွေကို လျှော့ချထားတာ ဖြစ်ရမယ်..."
"..."
"..."
"..."
တရားမျှတစွာ ပြောရမည်ဆိုလျှင် ထိုအရာက ထူးဆန်းစွာပင် ပြီးပြည့်စုံသော ရှင်းပြချက်တစ်ခု ဖြစ်နေခဲ့သည်။
"ခင်ဗျားပြောတာ မှန်တယ်... သူက အဂ္ဂိရတ် စွမ်းအား တွေကို အသုံးပြုပြီး ဖော်စပ်နေတာဆိုတော့ လူအုပ်ထဲက စောင့်ကြည့်နေတဲ့ သေမျိုး တွေတောင်မှ သူ့ရဲ့ စွမ်းအင် လည်ပတ်စီးဆင်းမှုတွေကို မြင်တွေ့နိုင်တယ်လေ... သူက တော်တော် သဘောထားကြီးတာပဲ..."
ဟောင်ချန်းရွှယ်သည် ထို ပါးလွှာသော ယုတ္တိကြိုးလေးကို ဆုပ်ကိုင်ထားလျက် စိတ်အားထက်သန်သော အသံဖြင့် ဝင်ရောက်ထောက်ခံလိုက်သည်။
“ကောင်းကင်ဘုံက ကျိန်ပါရဲ့... ရှင်တို့တွေ ဘာတွေတောင်..."
ထျန်းရှီယာ သည် အော်ဟစ်ပြီး အဓိပ္ပာယ်မရှိဘူးဟု ပြောချင်ခဲ့သည်။ သို့သော် သေချာစဉ်းစားကြည့်ပြီးနောက် ဤအဓိပ္ပာယ်မရှိသော ပြသမှုအတွက် အခြားမည်သည့် ရှင်းပြချက်ကိုမျှ ရှာမတွေ့နိုင်ခဲ့ပေ။
ထို့အပြင် အခြေအနေကို ကြီးကြပ်နေသော အထွတ်အထိပ် သူတော်စင် များကလည်း သူတို့၏ နားလည်မှုလွဲမှားခြင်းကို ပြင်ဆင်ပေးရန် ဝင်ရောက်မပြောဆိုခဲ့ကြချေ။ ထိုအရာက အမှန်တကယ်ပင် ဖြစ်နေသလော။
ထိုစဉ် တောက်ပသောကြယ် နန်းတော်သခင်သည် စွမ်းအင် သို့မဟုတ် အမတေ တစ်စုံတစ်ရာ မပါရှိဘဲ ကြီးထွားစေခြင်း လုပ်ငန်းစဉ် ကို စတင်ရန် ပြင်ဆင်နေသော ဝေ့ဝူယင် အား ကြောင်အမ်းအမ်းဖြင့် စိုက်ကြည့်နေခဲ့သည်။
"သူ သုံးနေတဲ့ မှော်သန့်စင် ဆေးအိုးကို သတိထားကြည့်... တာအိုကျင့်ကြံသူစု နဲ့အတူ ပါလာတဲ့ တောက်ပသော ရတနာ အဂ္ဂိရတ် ရှန့်ထို ရဲ့ အစွမ်းကုန် သန့်စင်ခြင်း မှော်သန့်စင် ဆေးအိုး နဲ့ ဆင်တူတဲ့ အော်ရာ အရိပ်အယောင်လေး မရှိနေဘူးလား..."
ဂိုလိုင်ယက်ငှက် အရှင်သခင် က စူးစမ်းလိုစိတ်ဖြင့် မေးလိုက်သည်။
"အစွမ်းကုန် သန့်စင်ခြင်း မှော်သန့်စင် ဆေးအိုး လား..."
တောက်ပသောကြယ် နန်းတော်သခင်သည် ထို မှော်သန့်စင် ဆေးအိုး အကြောင်းကို လုံးဝ မသိနားမလည်ခဲ့ချေ။ ကျင့်ကြံသူ များ၏ ခွင့်ပြုချက် မပါပဲ စောင့်ကြည့်ထောက်လှမ်းလေ့ရှိသော ဂိုလိုင်ယက်ငှက် အရှင်သခင် နှင့် ခြားနားစွာပင် သူသည် အောင်မြင်သော သယ်ယူပို့ဆောင်ရေး လုပ်ငန်းတစ်ခုကို လုပ်ကိုင်သူဖြစ်သည်။
"ဘာမှမဟုတ်ပါဘူး..."
ဂိုလိုင်ယက်ငှက် အရှင်သခင် သည် ထိုဆေးအိုး နှစ်ခုကြားတွင် သက်ဆိုင်မှုမရှိသည့်အလား သူမ၏ စကားများကို ပေါ့ပေါ့ပါးပါးပင် ပယ်ချလိုက်သည်။
ရွှေရောင် ညဉ့်ဦးယံ အရှင်သခင်သည် သံသယများ ပြည့်နှက်နေသော အကြည့်ဖြင့် သူမကို မျက်စောင်းထိုး ကြည့်လိုက်သည်။
"သူ ပြီးသွားပြီလား..."
တောက်ပသောကြယ် နန်းတော်သခင်က အာမေဍိတ်သံဖြင့် ရေရွတ်လိုက်သည်။ သုံးရက်သာ ကြာမြင့်သေးသည်။ သို့သော် ဝေ့ဝူယင် သည် ကြီးထွားစေခြင်း ဆေးဖော်စပ်ခြင်း လုပ်ငန်းစဉ်ကို ပြီးစီးသွားပုံရသည်။ သူသည် ထိန်းသိမ်းခြင်း လုပ်ငန်းစဉ်ကို စတင်နေပြီ ဖြစ်သည်။
အာရုဏ်ဦး ခြေချခြင်း မှော်သန့်စင် ဆေးအိုး သည် နေကြယ် ၃၃၀ ကို ဖန်တီးလိုက်သည်။ ၎င်းတို့၏ မတည်ငြိမ်မှုများကို ထိန်းညှိပေးနေစဉ် တစ်ချိန်တည်းမှာပင် ၎င်းတို့ကို ပိုမို အာဟာရဖြည့်တင်းပေးနေပုံရသော လ များကလည်း ခြံရံလျက် ရှိနေသည်။ ထိန်းသိမ်းခြင်း လုပ်ငန်းစဉ်သည် နှစ်ရက်တိတိသာ ကြာမြင့်ခဲ့သည်။ ထို့နောက် ဝေ့ဝူယင် သည် သန့်စင်ခြင်း လုပ်ငန်းစဉ်ကို စတင်လိုက်သည်။
သူသည် သူ၏ လျှို့ဝှက် အဂ္ဂိရတ် စွမ်းအား ဖြင့်ပင် ဆေးကြမ်းပင် တစ်ခုချင်းစီအတွက် မှန်ကန်သည်ဟု ယူဆနိုင်သော အပြစ်အနာအဆာကင်းသည့် သန့်စင်ခြင်း ကျင့်စဉ်များနှင့် အစီအရင်များ ကို အသုံးပြုနေခဲ့သည်။ ယခုအချိန်တွင် သူသည် လွတ်လပ်သော ဆေးဖော်စပ်ခြင်း ကို ပြသနေကြောင်း သူတို့အားလုံး သဘောပေါက်သွားကြပြီ ဖြစ်သည်။ ဤအရာသည် လေ့ကျင့်မှုတစ်ခု ဖြစ်နိုင်သည်။ သို့မဟုတ် ကြည့်ရှုခွင့်ရလောက်အောင် ကံကောင်းသော လူအုပ်ကြီးကို အကျိုးပြုစေရန် သူ၏ နည်းစနစ်များကို ထုတ်ဖော်ပြသခြင်းလည်း ဖြစ်နိုင်သည်။
ရက်နှစ်ဆယ်မြောက်နေ့တွင် ဝေ့ဝူယင် သည် အမိန့်တော်ဆေးရည် အတွက် နာမည်ကြီးလောက်အောင် ခက်ခဲသော ဖန်တီးခြင်း လုပ်ငန်းစဉ်သို့ ကူးပြောင်းသွားခဲ့သည်။ ဤအချိန်ရောက်သောအခါ ဝေ့ဝူယင် သည် အလွန်အမင်း များပြားလှသော လျှို့ဝှက် အဂ္ဂိရတ် စွမ်းအား များကို အသုံးပြုနေခဲ့သည်။
အားလုံး၏ အမြင်တွင် ဝေ့ဝူယင်၏ လျှို့ဝှက် အဂ္ဂိရတ် စွမ်းအား သည် ကျင့်ကြံခြင်း အဆင့်အတန်း မည်သို့ပင်ရှိစေကာမူ မိုးကုပ်စက်ဝိုင်း များ ၏ အဂ္ဂိရတ် စွမ်းအင် ထက် အားနည်းခြင်း မရှိပေ။ အမှန်တကယ်တော့ သူ၏ လျှို့ဝှက် အဂ္ဂိရတ် စွမ်းအား တွင် သိသိသာသာ ပိုမိုမြင့်မားသော ပြင်းအားနှင့် အရည်အသွေး ရှိနေကြောင်း သူတို့ သိနိုင်ကြသည်။ ၎င်းသည် သူတို့ တစ်ယောက်ချင်းစီ၏ အဂ္ဂိရတ် စွမ်းအင် ထက် များစွာ သာလွန်နေဖွယ် ရှိသည်။
ဖန်တီးခြင်း လုပ်ငန်းစဉ်ကို ပြီးစီးရန် လေးဆယ့်လေးရက် အချိန်ယူခဲ့ရသည်။ လူတိုင်းသည် တိတ်ဆိတ်သော စိတ်အားထက်သန်မှုများဖြင့် စောင့်ကြည့်နေကြသည်။ သူတို့သည် အရုဏ်ဦး အဂ္ဂိရတ် ရှန့်ထို၏ နည်းစနစ်များအတွင်းသို့ နစ်မြုပ်ဝင်ရောက်နေကြသည်။ အချို့သော ပုဂ္ဂိုလ်များ၏ အဂ္ဂိရတ် တာအို များသည်လည်း အံ့သြဖွယ်ကောင်းလောက်အောင် ကြီးမားသော ခုန်ပျံကျော်လွှားမှုများနှင့် တိုးတက်မှုများကို ကြုံတွေ့နေရသည်။ အမတေ နှင့် စွမ်းအင်များ သို့မဟုတ် သန့်စင်ထားသော ဆေးကြမ်းပင်များ အမှန်တကယ် ရှိနေသကဲ့သို့ နည်းစနစ်များကို ပုံတူကူးချ ပြသမှုသည် ပြိုင်ဘက်ကင်းလှပေသည်။
***