← Chapters

အခန်း (၂၃၉၉-၂၄၀၀)

Vol. 172 Ch. 2399-2400

အခန်း (၂၃၉၉-၂၄၀၀)

Vol. 172 Ch. 2399-2400

အပိုင်း(၂၃၉၉)

‘ဟူး... အတုအယောင် ဝိညာဉ် တန်ခိုးရှင် အဆင့် ဆေးကြမ်းပင်တွေကို ကိုင်တွယ်ရတာ ဘယ်လိုမှ မလွယ်ကူဘူး... မင်း အဆင်ပြေရဲ့လား၊ ဖီဆန်လေး... ပိုင်ရှု ရော... ပိုင်ရှု ရဲ့ အစ်မရော...'

ဝေ့ဝူယင် တိုးညှင်းစွာ မေးလိုက်သည်။

ဖီဆန်လေး သည် အားလုံး အဆင်ပြေကြောင်း ပြသသည့်အနေဖြင့် နေမင်း အလင်းရောင် တောက်ပမှုများကို ထုတ်လွှတ်လိုက်သည်။ သို့သော်လည်း ၎င်း၏ နေအလင်းရောင်သည် အနည်းငယ် မှေးမှိန်နေခဲ့သည်။ ဝေ့ဝူယင်သည် ၎င်း၏ နေအမတေ ကို ဘုရင်၊ အိုရီ နှင့် ခရာတို တို့၏ အားထုတ်မှုများနှင့်အတူ၊ များပြားလှသော အဂ္ဂိရတ် အာကာရှစ် လျှို့ဝှက် စွမ်းအား များကို သန့်စင်ရန်နှင့် စွမ်းအင်များ ပို့ဆောင်ရန်အတွက် အသုံးပြုနေခဲ့သည်။

ဤသည်က... ဖီဆန်အရွယ် လောကချည်နှောင် ကြယ်တာရာ နယ်မြေ ဖြစ်သော ဖီဆန်လေး တစ်ယောက် ၎င်း၏ နေအမတေ နှင့် နေစွမ်းအင်များကို ဤမျှလောက်အထိ အသုံးပြုလိုက်ရချိန်တွင် မတည်မငြိမ် ဖြစ်ပေါ်နေသည်ကို သူ ပထမဆုံးအကြိမ် ခံစားမိခြင်း ဖြစ်သည်။

သူ၏ ကြယ်တာရာ ဝိညာဉ် သုံးခုမှာမူ ဧဒင်အား များပြားလှသော သန့်စင်ပြီး အဂ္ဂိရတ် အာကာရှစ် လျှို့ဝှက် စွမ်းအားများ ထုတ်လုပ်ရာတွင် ကူညီရန် အချိန်ပို၊ အဆပို လုပ်ဆောင်နေရသည်။ သူတို့သည် စတင်ကတည်းက အသံတစ်ချက်၊ လှုပ်ရှားမှုတစ်ချက်မျှပင် မပြုလုပ်ဘဲ သူတို့၏ အရာအားလုံးကို ပေးဆပ်ကာ ကြိုးစားနေကြသည်။

ပိုင်ရှု နှင့် အစ်မဖြစ်သူတို့သည်လည်း သိသိသာသာ ရုန်းကန်နေရသည်။ အထူးသဖြင့် ထိန်းသိမ်းခြင်း လုပ်ငန်းစဉ် အတွင်းတွင် ဖြစ်သည်။ ထာဝရ အော်ရာ များ ရောနှောပါဝင်နေသော စွမ်းအင်များနှင့် အမတေ များကို အကြွင်းမဲ့ အတိုင်းအတာတစ်ခုအထိ ထိန်းချုပ်နိုင်စွမ်းရှိသော ဝေ့ဝူယင်၏ အဆုံးမဲ့ ပဲ့တင်ထပ် နယ်မြေ သာ မရှိပါက သူတို့သည် ချက်ချင်း လက်မြှောက်အရှုံးပေးကာ နောက်တစ်စက္ကန့်မှာပင် ဆောင်းခိုခြင်းကို စတင်သွားကြမည်မှာ သေချာပေသည်။

"ကျွန်မတို့ အဆင်ပြေပါတယ်..."

ပိုင်ရှု သည် ပြင်းထန်သော ပင်ပန်းနွမ်းနယ်မှုများနှင့် အံကြိတ်ထားလျှက် ပြောလိုက်သည်။ အခြား ပိုင်ရှု မှာမူ စကားပင် မပြောနိုင်တော့ချေ။

"ဟား... အင်း... အင်း... အား..."

သူမသည် ဝေ့ဝူယင်ကို ဘယ်ဘက်မျက်ခုံးပင့်သွားစေလောက်သည့် မသင်္ကာစရာကောင်းလောက်အောင် ဆွဲဆောင်မှုရှိသော ညည်းတွားသံမျိုးကိုသာ ပြုလုပ်နေခဲ့သည်။ သူ သူမအား သွားရောက်စစ်ဆေးကြည့်ရှုလိုစိတ်များ ပေါ်ပေါက်လာခဲ့သည်။ သို့သော် သူ၏ အာရုံစိုက်မှုသည် နောက်တစ်ဆင့်ဖြစ်သော အသွင်ပြောင်းခြင်း နှင့် ပေါင်းစပ်ခြင်း လုပ်ငန်းစဉ်အပေါ်တွင်သာ အပြည့်အဝ ရှိနေရမည် ဖြစ်သည်။

လောကကြီးက ဝေ့ဝူယင်သည် သူ၏ အဂ္ဂိရတ် တာအို နက်ရှိုင်းမှုကို ပြသရန်နှင့် ဤအချီတွင် ရှုံးနိမ့်ပြီးနောက် မျက်နှာပန်းလှစေရန်အတွက် အရိပ် ဆေးဖော်စပ်ခြင်း နည်းစနစ်များကို အသုံးပြုနေသည်ဟု ထင်မြင်ကောင်း ထင်မြင်နိုင်ကြသည်။ သို့သော် သူသည် သူ၏ အစွမ်းအစအားလုံးကို ထုတ်သုံးနေခြင်း ဖြစ်သည်။

အနည်းငယ်သော အမှားအယွင်းလေးတစ်ခု ဖြစ်ပေါ်သွားပါက အဂ္ဂိရတ် ဖောက်ပြန်မှုသည် သေးငယ်သော နယ်မြေတစ်ခု ပျက်စီးသွားသကဲ့သို့ ရိုးရှင်းနေမည် မဟုတ်ပေ။

ဗလာနယ်မြေ သည် လုံးဝ တည်ရှိနေတော့မည် မဟုတ်ကြောင်းကို သူ သေချာပေါက် သိနေခဲ့သည်။ သူတို့အားလုံး သေဆုံးသွားနိုင်သည်။

သာမန် အဂ္ဂိရတ်ပညာရှင် များနှင့် ခြားနားစွာပင်... ဝေ့ဝူယင် သည် အသွင်ပြောင်းခြင်း နှင့် ပေါင်းစပ်ခြင်း လုပ်ငန်းစဉ်များကို ခွဲခြားခြင်းမရှိဘဲ ချောမွေ့သော လုပ်ငန်းစဉ် တစ်ခုတည်းအဖြစ် အမြဲတမ်းနီးပါး လုပ်ဆောင်လေ့ရှိသည်။

သူသည် ပြဿနာကို အတင်းအကျပ် ဖြေရှင်းရန်အတွက် သူ၏ လွှမ်းမိုးနိုင်သော သန့်စင်မှုနှင့် လျှို့ဝှက် အဂ္ဂိရတ် စွမ်းအား အရည်အသွေးကိုသာ အားကိုးလေ့ရှိသည်။ ဤနေရာတွင် အချိန်အကြာကြီး မယူပါက ပိုကောင်းမည်ဟု သူ ယူဆထားသည်။

ဤအရာသည် အစွမ်းကုန် သန့်စင်ခြင်း ဂလက်ဆီ နှင့် အခြားသော ကြီးမားလှသည့် ဂလက်ဆီ များ၊ သေးငယ်သော ဂလက်ဆီ များတစ်လျှောက်ရှိ အဂ္ဂိရတ် တာအို နည်းစနစ်အများစုနှင့် ဆန့်ကျင်ဘက် ဖြစ်နေသည်။ သူတို့၏ အမြင်တွင် အသွင်ပြောင်းခြင်း နှင့် ပေါင်းစပ်ခြင်း လုပ်ငန်းစဉ်များသည် အမြင့်မားဆုံးသော သတိထားမှု လိုအပ်ပေသည်။

တကယ်တမ်းတွင် ထိုအရာသည် မှန်ကန်လှပေသည်။ သို့သော်လည်း ၎င်းသည် အပြစ်အနာအဆာ အများဆုံး ဖြစ်ပေါ်စေသော လုပ်ငန်းစဉ်ဖြစ်ပြီး အများဆုံး ဖြစ်နိုင်ခြေရှိသော အဆင့်လည်း ဖြစ်သည်။ ဝေ့ဝူယင် ၏ ငယ်ဘဝတွင် ဤအဆင့်နှစ်ဆင့်ကြောင့် အဆင့်နိမ့်နှင့် အဆင့်မြင့် အရည်အသွေးရှိသော ထုတ်ကုန်များကို မကြာခဏ ဖန်တီးခဲ့ဖူးသည်။

သူသည် ကောင်းကင်ဘုံနတ်မျက်လုံး များဖြင့် အပြစ်အနာအဆာ တစ်ခုချင်းစီကို သိသိသာသာ မြင်တွေ့နိုင်ခဲ့သည်။ ပုံမှန်အားဖြင့် သူသည် ဖြည်းဖြည်းချင်း အချိန်ယူလေ့ရှိသည်။ ထို့နောက်မှသာ လုပ်ငန်းစဉ် နှစ်ခုကို တစ်ပြိုင်နက်တည်း လုပ်ဆောင်သည့် ပြင်းထန်သော နည်းလမ်းကို အသုံးပြုလေ့ရှိသည်။ ဤအရာက ပိုမိုမြင့်မားသော အရည်အသွေးရှိသည့် ထုတ်ကုန်များအတွက် သူ၏ အောင်မြင်မှုရာခိုင်နှုန်းကို အကြိမ်ကြိမ် သိသိသာသာ ပြောင်းလဲစေခဲ့သည်။

၎င်းသည် သူတော်စင် အာရုဏ်ဦး အဂ္ဂိရတ် အဖွဲ့ မှ ကျင့်သုံးသော နည်းစနစ်နှင့် ဒဿနတစ်ခု ဖြစ်သည်။ ထိုအရာက သူတို့ ဆေးဖော်စပ်သည် အရည်အသွေးကို သိသိသာသာ တိုးတက်လာစေခဲ့သည်။ သို့သော် အောင်မြင်မှုနှုန်းများကိုမူ ကျဆင်းသွားစေခဲ့သည်။ သူတို့သည် ဝေ့ဝူယင် နှင့် မတူညီကြပေ။ လုပ်ငန်းစဉ်ကို ဝိညာဉ်အာရုံ မပါဘဲ စောင့်ကြည့်နိုင်ဖို့ အတွက် ဝေ့ဝူယင်လို ကောင်းကင်ဘုံနတ်မျက်လုံး များ သူတို့တွင် မရှိခဲ့ချေ။ နွားသိုးတစ်ကောင်ကဲ့သို့ အလောတကြီး ဝင်တိုက်ခြင်းသည် ပြိုင်ပွဲတစ်ခုတွင် အောင်မြင်မှုနှုန်း မြင့်မားသည် ဆိုသော်လည်း ခလုတ်တိုက်၍ ကျရှုံးရန် လွယ်ကူစေသည်။

"ရှူး..."

ဝေ့ဝူယင် သည် အသက်ကို ပြင်းပြင်းရှူသွင်းလိုက်သည်။

"ရှဲ..."

ဝေ့ဝူယင် သည် သူ၏ ခန္ဓာကိုယ်ထဲရှိ အရာအားလုံးကို အသက်ရှူထုတ်လိုက်သည်။ သူ၏ စိတ်ကို ပြေလျော့စေပြီး ဝိညာဉ်ကို တည်ငြိမ်စေလိုက်သည်။ အတွေးတစ်ချက်တည်းဖြင့် ဧဒင် နှင့်အတူ လုပ်ငန်းစဉ် နှစ်ခုလုံးကို တစ်ပြိုင်နက်တည်း စတင်လိုက်သည်။ ဤအရာက ပရိသတ်တစ်ခွင်လုံးကို ရှုပ်ထွေးဝေခွဲမရမှုများနှင့် တုန်လှုပ်ချောက်ချားစွာ အသက်ရှူမှားမှုများဆီသို့ တွန်းပို့လိုက်သည်။

ထိုအရာက မည်ကဲ့သို့ နည်းစနစ်မျိုးနည်း။

ဝေ့ဝူယင်သည် ထိုလုပ်ငန်းစဉ် နှစ်ခုလုံးကို အကြောက်အလန့် ကင်းမဲ့စွာဖြင့် ဖြတ်သန်းလုပ်ဆောင်နေခဲ့သည်။ အာရုဏ်ဦး ခြေချခြင်း မှော်သန့်စင် ဆေးအိုး သည် မြင့်မြတ်သော မိုးကြိုးများကို ဖမ်းလှောင်ထားသည့်အလား တဒိုင်းဒိုင်း မြည်ဟည်းနေခဲ့သည်။

ဘုန်း... ဘုန်း... ဘုန်း...

ဝေ့ဝူယင် သည် ဖီဆန်လေး ထံမှ စွမ်းအင်များကို ရယူလိုက်သည်။ ကြယ်ကွင်းပြင် တစ်ခုလုံးကို နစ်မြုပ်သွားစေနိုင်လောက်အောင် လုံလောက်သော လျှို့ဝှက် အဂ္ဂိရတ် စွမ်းအား များကို အဆက်မပြတ် လျင်မြန်စွာ လောင်းထည့်လိုက်သည်။

အံ့ဩစရာကောင်းလှစွာဖြင့် လျှို့ဝှက် အဂ္ဂိရတ် စွမ်းအား များသည် ပရိသတ်ကြီး၏ အာရုံခံစားမှုများအတွင်း ပျောက်ကွယ်သွားခဲ့သည်။ ထိုလျှို့ဝှက် စွမ်းအား များ အားလုံး ဘယ်ရောက်သွားသနည်းဆိုသည့်အချက်က သူတို့ကို ရှုပ်ထွေးသွားစေခဲ့သည်။

"စလိုက်ကြရအောင်..."

...

ခုနစ်ရက်...

လျှို့ဝှက် အဂ္ဂိရတ် စွမ်းအား များ အဆက်မပြတ် မြင့်တက်စီးဆင်းမှုများကြားတွင် စုစုပေါင်း ခုနစ်ရက် အချိန်ကုန်လွန်သွားခဲ့သည်။ အချိန်အတိုင်းအတာ တစ်ခုအရောက်တွင် အထွတ်အထိပ် သူတော်စင် များပင်လျှင် ဝေ့ဝူယင် မှော်သန့်စင် ဆေးအိုး ထဲသို့ ပေးပို့နေသော လျှို့ဝှက် စွမ်းအား ပမာဏကြောင့် မနေနိုင်ဘဲ အံ့ဩမှင်တက်သွားခဲ့ကြသည်။

"အဲ... အဲဒါက အရည်လား..."

အားလုံးနီးပါး အာရုံစိုက်ကာ တိတ်ဆိတ်နေခဲ့သော သုံးလနီးပါး အချိန်အကြာတွင် ထျန်းရှီယာက ပထမဆုံး စကားပြောလာခဲ့လေသည်။ သူမ၏ မျက်လုံးများသည် စိတ်အားထက်သန်မှုများဖြင့် ပြည့်နှက်နေခဲ့သည်။ သူမသည် ဝေ့ဝူယင်၏ ဆေးဖော်စပ်ခြင်း နည်းစနစ်များထံမှ များစွာ သင်ယူနိုင်ခဲ့သည်။ ထိုနည်းစနစ်များသည် သူမ၏ နည်းစနစ်များထက် ပါးနပ်မှုနှင့် နက်နဲမှုတို့တွင် များစွာ သာလွန်နေခဲ့သည်။ ၎င်းအတွင်း၌ ပြိုင်ဘက်ကင်းပြီး အပြစ်အနာအဆာကင်းသော သန့်စင်မှုတစ်ခု ရှိနေသည်။ လုံးဝကို စံနမူနာပြပင် ဖြစ်သည်။

ဝေ့ဝူယင်သည် ဆေးရည်များအတွက် အဂ္ဂိရတ် အဆင့် ၏ အရည်ဖျော်ခြင်း လုပ်ငန်းစဉ်ဖြင့် ဆေးဖော်စပ်ခြင်း ကို ဖြည်းညှင်းစွာ အဆုံးသတ်လိုက်သည်။ သူ၏ မျက်လုံးများ တောက်ပသွားခဲ့သည်။ ဆေးရည်၏ အော်ရာ သည် စတင် ထွက်ပေါ်လာပြီး သာလွန်ခြင်းအဆင့် အရည်အသွေး ရှိသည့် လျှို့ဝှက်နက်နဲမှု ကို ထုတ်လွှတ်နေခဲ့သည်။

အမိန့်တော်ဆေးရည်...

"ငါ... တို့... လုပ်... နိုင်... ခဲ့... ပြီ..."

ပိုင်ရှု၏ ပင်ပန်းနွမ်းနယ်နေသော အသံသည် သူ၏ နားထဲတွင် ပဲ့တင်ထပ်သွားခဲ့သည်။

"ငါတို့ လုပ်နိုင်ခဲ့ပြီ..."

ဝေ့ဝူယင်သည် မယုံနိုင်လောက်အောင် စိတ်လှုပ်ရှားစွာဖြင့် အာမေဍိတ်သံ ပြုလိုက်သည်။

ရုတ်တရက်ဆိုသလိုပင် ရှိနေသမျှသော တည်ရှိမှု အားလုံးသည် ကောင်းကင်ဘုံသို့ မော့ကြည့်နေသည့်အလား အထက်သို့ မော့ကြည့်လိုက်ကြသည်။ တစ်စုံတစ်ခု ချဉ်းကပ်လာနေသည်ကို သူတို့ ခံစားလိုက်ရသည်။

ဗလာနယ်မြေ ထဲသို့ တစ်စုံတစ်ခု ဆင်းသက်လာနေသည်။

မိုးကုပ်စက်ဝိုင်း များ အားလုံးသည် တပြေးညီ မော့ကြည့်လိုက်ကြသည်။ ချွင်းချက်မရှိ သူတို့အားလုံး၏ မျက်လုံးများသည် ထိန်းချုပ်မရနိုင်အောင် ပြူးကျယ်သွားကြသည်။

"မ... မဖြစ်နိုင်ဘူး..."

ထျန်းရှီယာ က အော်ဟစ်လိုက်သည်။

အစွမ်းကုန် သန့်စင်ခြင်း ဂလက်ဆီ တစ်ခွင်လုံးတွင် အော်ရာ တစ်ခု မွေးဖွားလာခဲ့သည်။ ထို အော်ရာ သည် နေရာအနှံ့ လွှမ်းခြုံထားသည်။ ကျယ်ပြောလှသော ဂလက်ဆီ နယ်မြေ တစ်ခုလုံးတွင် မသိစိတ်၏ စေခိုင်းမှုအရ အထက်သို့ မော့မကြည့်မိသူဟူ၍ တစ်ယောက်မျှ မရှိပေ။ နူးညံ့သော လက်တစ်ဖက်က သူတို့၏ မေးစေ့ကို ပင့်တင်လိုက်သကဲ့သို့ ဆွဲဆောင်ခံလိုက်ရသည်။ ထို့နောက် သူတို့၏ မျက်လုံးများသည် ငြင်းဆန်၍ မရနိုင်လောက်အောင် လှပတောက်ပနေသော အလင်းရောင်ကို တွေ့မြင်လိုက်ကြတော့သည်။

***

အပိုင်း(၂၄၀၀)

အပြာရင့်ရောင် တိမ်တိုက်များနှင့် ပြောင်လက်နေသော ကျောက်နက်မျက်နှာပြင်ပေါ်တွင် ရောင်ပြန်ဟပ်နေသည့် ခပ်မှိုင်းမှိုင်း အဖြူရောင် အလင်းတန်းများရှိသော သီးခြားကမ္ဘာလေး တစ်ခု...

ထိုကမ္ဘာလေးထဲတွင် လမင်းကဲ့သို့ ဖြူဖွေးသော ဝတ်ရုံကို ဆင်မြန်းထားသည့် ဓားသမား လူငယ်တစ်ဦးသည် ချွန်ထက်သည့် ကျောက်ဆောင်တစ်ခုပေါ်၌ သက်တောင့်သက်သာ ထိုင်နေခဲ့သည်။ သူသည် ပြိုင်ဘက်ကင်းသော အော်ရာ တစ်ခုကို ထုတ်ဖော်နေခဲ့သည်။ မြင့်မြတ်သော ဓားသွားတစ်ခုကဲ့သို့ ထက်မြက်နေပြီး ခေတ်အဆက်ဆက်ကို လွယ်ကူစွာ လင်းလက်တောက်ပစေနိုင်သော အရောင်အဝါမျိုးကို ဖြာထွက်နေစေသည်။

ဤဓားသမား ၏ ဘေးတွင် ဆယ့်ရှစ်ပေ အမြင့်ရှိသော သတ္တဝါတစ်ကောင် ရှိနေသည်။ ၎င်းသည် လူနှင့် ခွေး နှစ်မျိုးလုံးနှင့် တူသော အားကောင်းပြီး တုတ်ခိုင်သည့် ခြေတံများဖြင့် ရပ်နေခဲ့သည်။ ၎င်း၌ မီးလျှံမျက်လုံးများ ရှိသည်။ ထိုအကြည့်မှနေ၍ နေကြယ်များ နှင့် ယှဉ်နိုင်လောက်အောင် ပြိုင်ဘက်ကင်းသော ပြင်းထန်သည့် အပူရှိန်ကို ထုတ်လွှတ်နေခဲ့သည်။

၎င်း၏ အရေပြားမှာ အနီရောင်ရှိပြီး မီးခိုးငွေ့များ ထွက်နေသည်။ ငရဲမီးကဲ့သို့ အနက်ရောင် မီးတောက်များဖြင့် ဖွဲ့စည်းထားသော အတောင်ပံများသည် အစိုင်အခဲတစ်ခုကဲ့သို့ ထင်မှတ်ရသည်။ ခန္ဓာကိုယ်ကို ကြီးမားခန့်ညားသော ကြွက်သားများဖြင့် ဖွဲ့စည်းတည်ဆောက်ထားသည်။ ကြီးမားသော သားရဲတစ်ကောင်နှင့် ရုပ်ရည်ချောမောသော အမျိုးသားတစ်ဦးတို့၏ အသွင်အပြင်များ ရောနှောနေသည့် ဦးခေါင်းပေါ်တွင် ကွေးကောက်နေသော အနက်ရောင် ဦးချိုနှစ်ချောင်း ရှိနေသည်။ ထိုဦးချိုများသည် နဖူးမှစတင်ကာ လည်ပင်းနောက်ဘက်အထိ ရှည်လျားသွားသည်။

၎င်းသည် အလွန်အမင်း ထိတ်လန့်ဖွယ် ကောင်းလှသည်။ ၎င်း၏ တည်ရှိမှုသက်သက်ကပင် ပတ်ဝန်းကျင်ရှိ စွမ်းအင်များကို သန့်စင်ပြီး တောက်ပသော မီးစွမ်းအင်များအဖြစ်သို့ အတင်းအကျပ် ပြောင်းလဲသွားစေသည်။ ထိုစွမ်းအင်များသည် ကခုန်နေသော နတ်ဆိုးမီးတောက်များ၏ စကျင်ကျောက်အရွယ် အစုအဝေးလေးများအဖြစ် စုစည်းသွားကြသည်။

သတ္တဝါကြီးသည် တိုးညှင်းစွာ ဟိန်းဟောက်လိုက်သည်။ ထို့နောက် အရိုးပြာ နယ်မြေ အတွင်းရှိ ကြယ်များကင်းမဲ့နေသော ကောင်းကင်ယံသို့ မော့ကြည့်လိုက်သည်။

လမင်းကဲ့သို့ ဖြူဖွေးသော ဝတ်ရုံကို ဆင်မြန်းထားသည့် ဓားသမား ၏ ဘေးတွင် လှပကျော့ရှင်းသော အမျိုးသမီးတစ်ဦးလည်း ရှိနေသည်။ သူမသည် တောက်ပြောင်သော လက်ဝတ်ရတနာများနှင့် ကြွယ်ဝချမ်းသာမှုကို ပြသသည့်အရာ မှန်သမျှကို စွန့်လွှတ်ထားသည်။ ထိုသို့ ရိုးရှင်းမှုဆီသို့ ပြန်လည်ရောက်ရှိသွားခြင်းကပင် သူမ၏ အလှတရားကို ပိုမို ပေါ်လွင်သွားစေသကဲ့သို့ ရှိသည်။

သွယ်လျသော ခန္ဓာကိုယ်လေးကို ထွေးပိုက်ထားသည့် အေးမြသော အပြာရောင် ဂါဝန်လေးသည် သူမ၏ ရင်အုပ်ရှိ အမြွှာတောင်ကုန်းများ၏ ကြီးမားလှသော သဘာဝကို ဖော်ပြနေခဲ့သည်။ ၎င်းက သူမ၏ ဆွဲဆောင်မှုနှင့် အလှတရားကို တပ်မက်ဖွယ်ကောင်းလောက်အောင် အဆင့်များစွာ မြှင့်တင်ပေးနေခဲ့သည်။

သေမျိုး လောကသို့ ဆင်းသက်လာသော တန်ခိုးရှင် နတ်သမီးလေးတစ်ပါးနှင့် တူသော အမျိုးသမီးသည် တုန်လှုပ်မှုနှင့် မယုံကြည်နိုင်မှုများ ပေါက်ကွဲထွက်နေသော အကြည့်ဖြင့် ခေါင်းကို မော့ကြည့်လိုက်သည်။

"ဒါက..."

သူမ၏ မျက်လုံးများသည် သာလွန် ဝိညာဉ် အဂ္ဂိရတ် ကြယ်တာရာများ အဖြစ်သို့ အလိုအလျောက် ပြောင်းလဲသွားခဲ့သည်။ ထို့နောက် စွဲမက်ဖွယ်ကောင်းလောက်အောင် လှပသော အရောင်ခုနစ်မျိုးဖြင့် တောက်ပလာခဲ့သည်။

ထိုသူများမှာ အခြားသူများမဟုတ်ဘဲ စုရီ ၊ ယွီပေါင်ယွဲ့ နှင့် အမည်မသိ တည်ရှိမှု တစ်ခုတို့ပင် ဖြစ်ကြသည်။

လမင်းကဲ့သို့ ဖြူဖွေးသော ဝတ်ရုံကို ဆင်မြန်းထားသည့် စုရီ သည် ခါးရှိ ဓားလက်ကိုင်ကို ထိကိုင်လိုက်ရင်း ခေါင်းကို တည်ငြိမ်စွာ မော့ကြည့်လိုက်သည်။ ပုံမှန်မဟုတ်သောအရာ တစ်ခုခုကို တုံ့ပြန်သည့်အလား တိုးညှင်းသော ဓားမြည်သံတစ်ခု ထွက်ပေါ်လာခဲ့သည်။ သူသည် ဖြည်းညှင်းစွာ မတ်တတ်ရပ်လိုက်သည်။

"ကောင်းကင်လောကက ပဲ့တင်ထပ်ခြင်း...”

ကြယ်များကင်းမဲ့ကာ ပြာလဲ့လဲ့ အရောင်ရှိသော ကောင်းကင်ယံကြီး စတင်တုန်ခါလာချိန်တွင် စုရီ က ပေါ့ပေါ့ပါးပါး မှတ်ချက်ချလိုက်သည်။

ယွီပေါင်ယွဲ့ သည် လက်နှစ်ဖက်ကို တင်းကြပ်စွာ ဆုပ်ထားလျက် အသက်ရှူသံပြင်းပြင်းဖြင့် အာမေဍိတ်သံ ပြုလိုက်သည်။

"အထွတ်အထိပ် သူတော်စင် တစ်ပါးရဲ့ ကောင်းကင်နိုးထခြင်းလား..."

သူမသည် အစွမ်းကုန် သန့်စင်ခြင်း ဂလက်ဆီ တစ်ခုလုံးရှိ ထိပ်တန်း လောကရှန့်ထို အဂ္ဂိရတ်ပညာရှင် ဆယ်ဦးထဲမှ တစ်ဦးဖြစ်သည်။ ကောင်းကင်ခုနစ်ပါး အဂ္ဂိရတ် အဆင့်သတ်မှတ်ချက် တွင် အဆင့်ခုနစ် နေရာ၌ ရှိသည်ဟု သတ်မှတ်ခံရသူ ဖြစ်သည်။ ထို့ကြောင့် သူမ၏ အဂ္ဂိရတ် ကျွမ်းဝင်မှုသည် သူတို့သုံးဦးထဲတွင် အမြင့်မားဆုံး ဖြစ်နေခဲ့သည်။

စုရီလည်း ၎င်းကို အာရုံခံစားမိနိုင်သည်။ အပြင်ဘက်ရှိ တစ်စုံတစ်ယောက်သည် ကောင်းကင်ရှန့်ထို အဂ္ဂိရတ်ပညာရှင် တစ်ဦးအဖြစ် အဂ္ဂိရတ် တာအို ၏ အသိအမှတ်ပြုမှုကို ရရှိနေခြင်း ဖြစ်သည်။ ၎င်းသည် အလွန်တရာ ထူးကဲသော ဖြစ်ရပ်တစ်ခု ဖြစ်သည်။ အဆင့်နိမ့် ထုတ်ကုန်များဖြင့် ထိုကဲ့သို့သော ဘွဲ့အမည်များကို ရရှိထားသည့် ကောင်းကင်ရှန့်ထို အဂ္ဂိရတ်ပညာရှင် အတုအယောင်များ ရှိနေသော်လည်း ဤဖြစ်စဉ်မျိုးသည် လုံးဝ အဖြစ်မများပေ။

အခြားသော ကြီးမားသည့် ဂလက်ဆီ များတွင် နှစ်ပေါင်း တစ်သိန်းလျှင် တစ်ကြိမ်၊ အစွမ်းကုန် သန့်စင်ခြင်း ဂလက်ဆီ တွင် နှစ်ပေါင်း နှစ်သောင်းလျှင် တစ်ကြိမ်သာ ကောင်းကင်ရှန့်ထို အဂ္ဂိရတ်ပညာရှင် တစ်ဦး မွေးဖွားလာသည်ဟု ဆိုလျှင် ချဲ့ကားပြောဆိုရာ ရောက်မည် မဟုတ်ပေ။

ထို့အပြင် နိုးထခြင်းများတွင် သူတို့ ပေးဆောင်သော ကောင်းချီးများနှင့်ပတ်သက်၍ စွမ်းအား အဆင့်အတန်း ခွဲခြားမှုများ ရှိသည်။ ထုတ်ကုန်၏ အဆင့် ပိုမြင့်လေ၊ ၎င်း၏ အရည်အသွေး ပိုကောင်းလေ၊ နိုးထခြင်းက ပို၍ ကြီးကျယ်ခမ်းနားလေ ဖြစ်သည်။

ဂလက်ဆီ တစ်ခုလုံးကို သက်ရောက်မှုရှိစေနိုင်လောက်အောင် ပြင်းထန်သော ဤကဲ့သို့ ကောင်းကင်နိုးထခြင်း မျိုးကို သူ၏ ဘဝနှစ်ခုလုံးတွင် တစ်ကြိမ်တစ်ခါမျှ မတွေ့မြင်ခဲ့ဖူးကြောင်း ယုံကြည်မှုရှိစွာဖြင့် သူ ပြောဆိုနိုင်ပေသည်။

"ဘယ်သူများလဲ..."

ယွီပေါင်ယွဲ့ က မေးလိုက်သည်။ ကောင်းကင်ခုနစ်ပါး အဂ္ဂိရတ် အဆင့်သတ်မှတ်ချက် ၏ အဆင့်တစ်နေရာမှ လော့ချန်လော။

ထိုလူအကြောင်းကို စဉ်းစားပြီးနောက် သူမ ခေါင်းခါလိုက်သည်။ သတင်းများအရ သူသည် ယခုအချိန်တွင် အစွမ်းကုန် သန့်စင်ခြင်း ဂလက်ဆီ ၌ မရှိပေ။ ကောင်းချီးရခံ ယီအင်ပါယာ၏ အင်ပါယာရှန့် မျိုးနွယ်စု မှ ဖိတ်ကြားချက်အရ ရတနာတောင်ကြား ဂလက်ဆီ တွင် တည်းခိုနေကြောင်း သိရသည်။

သူ မဟုတ်လျှင် မည်သူများနည်း။ ဤမျှ အံ့မခန်းဖွယ်ကောင်းသော အောင်မြင်မှုကို မည်သူကများ ရရှိနိုင်သနည်း။

ထိုစဉ် သူတို့ဘေးရှိ မီးတောက်သတ္တဝါကြီးက နက်ရှိုင်းပြီး ထိတ်လန့်ဖွယ်ကောင်းသော်လည်း ဆွဲဆောင်မှုရှိသော အသံကြီးဖြင့် ပြောလိုက်သည်။

"ထူးဆန်းတယ်..."

"ထူးဆန်းတယ်..."

ယွီပေါင်ယွဲ့ သည် ချက်ချင်းပင် နားဝေတိမ်တောင် ဖြစ်သွားခဲ့သည်။ သို့သော် ဤမီးနတ်ဆိုးကြီး၏ စကားတစ်ခွန်းကိုမျှ ပေါ့ပေါ့တန်တန် သဘောမထားရဲပေ။

စုရီ ၏ မျက်လုံးများ ကျဉ်းမြောင်းသွားခဲ့သည်။

"အာဖရစ်တူဇာ... မင်းပြောတာ မှန်တယ်... ငါ အဝေးကဖြစ်ဖြစ်၊ အနီးကဖြစ်ဖြစ် ကောင်းကင်နိုးထခြင်း အချို့ကို ကြုံတွေ့ဖူးတယ်... ဒါပေမယ့် ဒီတစ်ခုက ကွဲပြားနေတယ်..."

"ဘယ်လို ကွဲပြားတာလဲ..."

ယွီပေါင်ယွဲ့ ၏ အတွေ့အကြုံနှင့် ကျင့်ကြံခြင်း သည် ထိုအတွင်း၌ တည်ရှိနေသော ကြီးမားသည့် ရှုပ်ထွေးနက်နဲမှုများကို ခံစားသိရှိနိုင်ရန် အလွန်ပင် နိမ့်ကျလွန်းနေခဲ့သည်။ ထို့အပြင် သူမသည် အစွမ်းကုန် သန့်စင်ခြင်း မှော်သန့်စင် ဆေးအိုး ကို ထုတ်ယူခံရမှုမှ နာလန်ထစသာ ရှိသေးသည်။

"ဒါက ငါမြင်ဖူးသမျှ ကောင်းကင်နိုးထခြင်း တွေထက် ပိုပြီး ကြီးကျယ်ခမ်းနားတယ်... ဒါပေမယ့် အပိုင်းပိုင်း ကွဲနေတာလား... မဖြစ်နိုင်ဘူး... ခွဲထွက်နေတာလား... တခြားနေရာကို ဆွဲယူခံနေရတာ ဖြစ်နိုင်မလား..."

စုရီ က အာဖရစ်တူဇာ ဟု ခေါ်သော သတ္တဝါကြီးက ယွီပေါင်ယွဲ့ ၏ မေးခွန်းကို ဖြေလိုက်သည်။ ၎င်းက သူမ၏ ရှုပ်ထွေးမှုကို ပို၍ပင် သိသာထင်ရှားလာစေခဲ့သည်။

စုရီသည် သူ၏ အကြည့်ကို ကောင်းကင်ဆီမှ ဖယ်ခွာ၍ မရနိုင်ခဲ့ပေ။ ယွီပေါင်ယွဲ့ နှင့် အာဖရစ်တူဇာ ဟု လူသိများသော မီးနတ်ဆိုးသားရဲ သတ္တဝါကြီးတို့သည်လည်း ထိုနည်းတူပင် ဖြစ်သည်။ ဤသည်မှာ စုရီ မျှော်လင့်ထားသည့် အတိုင်းပင် ဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် အထွတ်အထိပ် သူတော်စင် ၏ ကောင်းကင်နိုးထခြင်း တွင် ပဲ့တင်ထပ် ဝိညာဉ် အဆင့် အောက်ရှိသူများအားလုံးကို မျက်မြင်မသက်သေ မဖြစ်ဘဲ မနေနိုင်အောင် ပြုလုပ်နိုင်သော စွမ်းအားတစ်ခု ရှိသောကြောင့် ဖြစ်သည်။ ၎င်းသည် ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားတစ်ခု ဖြစ်သည်။ အစွမ်းကုန် သန့်စင်ခြင်း ဂလက်ဆီ ကဲ့သို့ အဂ္ဂိရတ် တာအို လွှမ်းမိုးထားသော ဂလက်ဆီ နယ်မြေ တစ်ခုတွင် ပို၍ပင် အားကောင်းနေသေးသည်။

အခြားတစ်နေရာသို့ လွှဲဖယ်ကြည့်ရှုရန် ကြိုးစားခြင်းသည် ဂလက်ဆီ တစ်ခုလုံး၏ အင်အားကို ဆန့်ကျင်တိုက်ခိုက်ခြင်းနှင့် ခြားနားမှုရှိမည် မဟုတ်ပေ။

သို့သော် ရုတ်တရက် အာဖရစ်တူဇာ ၏ မျက်လုံးများသည် အထက်ကောင်းကင်ယံမှ ဖယ်ခွာသွားခဲ့သည်။ မလှမ်းမကမ်းရှိ အရိုးပြာ နယ်မြေ အတွင်းမှ နေရာတစ်ခုကို အာရုံစိုက်လိုက်သည်။ ထို့နောက်တွင်တော့ သူ၏ သူငယ်အိမ်နှင့် မျက်ဝန်းဆီများ ကင်းမဲ့နေသော ၎င်း၏ နီရဲနေသည့် မျက်လုံးနှစ်လုံးသည် ထိန်းချုပ်မရနိုင်လောက်အောင် ပြူးကျယ်သွားခဲ့သည်။

"မင်း..."

စုရီ သည် အာဖရစ်တူဇာ ၏ လှုပ်ရှားမှုကို အာရုံခံစားမိပြီး အံ့ဩမှင်တက်သွားခဲ့သည်။ သူသည် ဤကိုယ့်ကိုယ်ကိုယ် သတ်သေလုနီးပါး လုပ်ရပ်ကို တိုက်ခိုက်ရန် သူ၏ ဓားကို ဆွဲထုတ်ဖို့ ဟန်ပြင်လိုက်၏။

သို့သော် ယွီပေါင်ယွဲ့ ၏ ခေါင်းလှည့်သွားပြီး သူမ၏ အကြည့်များသည်လည်း ထိုတူညီသော လားရာနှင့် နေရာသို့ အာရုံစိုက်သွားချိန်တွင် တစ်စုံတစ်ခု ဖြစ်ပျက်နေပြီဖြစ်ကြောင်း သူ သဘောပေါက်သွားခဲ့သည်။ မည်သည့် ခုခံမှုမျှမရှိဘဲ သူ၏ အကြည့်ကို ရွှေ့ပြောင်းနိုင်ကြောင်း တွေ့ရှိလိုက်ရသည်။ အထွတ်အထိပ် သူတော်စင် ၏ ကောင်းကင်နိုးထခြင်း အော်ရာ ကို ထုတ်လွှတ်နေသော အရိုးပြာ နယ်မြေ အတွင်းရှိ နေရာတစ်ခုကို ရှာဖွေတွေ့ရှိသွားသည်။

ထိုသီးသန့် နေရာလေးတွင် အနက်ရောင် ဆံပင်နှင့် မဟူရာ‌ရောင် တောက်ပနေသည့် ကြည်လင်သော မျက်လုံးနက်များပိုင်ရှင် အမျိုးသမီးငယ်တစ်ဦး ရှိနေသည်။ သူမသည် ကျောက်နက်ကဲ့သို့ အရာဝတ္ထုများဖြင့် ဖွဲ့စည်းထားသော တောင်တစ်တောင်မှ တူးဆွဖန်တီးထားသည့် လူလုပ်ဂူတစ်ခုအတွင်း တင်ပျဉ်ခွေထိုင်နေခဲ့သည်။ ကောင်းကင် အမတေ နှင့် ရောနှောနေသော ပေါကြွယ်ဝသည့် မီးစွမ်းအင်များနှင့် အမတေ များကို သူမ၏ ခန္ဓာကိုယ်အတွင်းသို့ စုပ်ယူနေခဲ့သည်။ ထိုစွမ်းအင်များနှင့် အမတေ များသည် ကျဆုံးသွားသော အထွတ်အထိပ် သူတော်စင် တစ်ပါး၏ ကောင်းကင်လောက အတွင်း၌သာ တွေ့ရှိနိုင်သောအရာများ ဖြစ်သည်။

သူမသည် ယခုအခါ သူမ၏ လက်စွပ်ကို စူးစိုက်ကြည့်နေခဲ့သည်။ ရင်းနှီးနေသော အော်ရာ တစ်ခုသည် သူမကို ဖုံးလွှမ်းသွားကာ စိတ်ကူးယဉ်ဆန်သည့် ဝင်ရိုးစွန်းအလင်းတန်းများကဲ့သို့ တောက်ပစွာ ထွက်ပေါ်လာခဲ့သည်။ နွေးထွေးမှုတစ်ခုက သူမ၏ အကြည့်များနှင့် နှလုံးသားကို လွှမ်းခြုံသွားပြီး ပန်းရောင်နှုတ်ခမ်းအစုံသည် အပြုံးတစ်ခုအဖြစ် ကွေးညွတ်သွားခဲ့သည်။

ထို့နောက် အာဖရစ်တူဇာ သည် တုန်လှုပ်စွာဖြင့် အခြားနေရာ သုံးခုကို ကြည့်လိုက်သည်။

ထိုနေရာတွင် မီးတောက်ကဲ့သို့ နီရဲသော ဆံပင်နှင့် လူငယ်တစ်ဦး၊ မျက်လုံးကို အဝတ်စည်းထားသော လူလတ်ပိုင်း တစ်ဦးနှင့် ရဲရင့်သော တိရစ္ဆာန်သွင်ပြင်ရှိသည့် ပုဂ္ဂိုလ်တစ်ဦးတို့ ကြိုးစားပမ်းစား ကျင့်ကြံနေသည်ကို ၎င်း သတိပြုမိသွားခဲ့သည်။ ကျင့်ကြံရန် သို့မဟုတ် ရတနာများ ရှာဖွေရန် အရို့းပြာ နယ်မြေ ၏ တားမြစ်နယ်မြေအတွင်းသို့ ရဲဝံ့စွာ ဝင်ရောက်လာသူများမှာ သူတို့တွေချည်းသာ မဟုတ်ပေ။ ထို့ကြောင့် ၎င်းသည် အစောပိုင်းက သူတို့ကို လျစ်လျူရှုထားခဲ့သည်။ သို့သော် ယခုအခါတွင်မူ သူတို့ကို လျစ်လျူရှု၍ မရနိုင်တော့ချေ။

အဘယ်ကြောင့်ဆိုသော် သူတို့၏ လက်ချောင်းများပေါ်ရှိ ဟင်းလင်းပြင် လက်စွပ်များ ထံမှ အထွတ်အထိပ် သူတော်စင် ၏ ကောင်းကင်နိုးထခြင်း ၏ အမှားအယွင်းမရှိနိုင်သော အော်ရာ ကို ၎င်း ခံစားနေရသောကြောင့် ဖြစ်သည်။

ထို့အပြင်... သူတို့သည် တစ်ဦးတည်းသော ပုဂ္ဂိုလ်များ များ မဟုတ်ကြပေ။

ကြယ်တစ်လုံး ဂလက်ဆီ တွင် အဆုံးမဲ့ ဟင်းလင်းပြင် ကြေးမုံ ၏ အာကာသ နယ်မြေအတွင်းရော အပြင်ဘက်တွင်ပါ လူပုဂ္ဂိုလ်များစွာသည် အထွတ်အထိပ် သူတော်စင် ကောင်းကင်နိုးထခြင်း၏ လွှမ်းခြုံထားသော တည်ရှိမှုကို ခံစားနေကြရသည်။

ကောင်းကင်နှလုံးသား ဂလက်ဆီ ၊ ပြတ်သားသော ဆည်းဆာ ဂလက်ဆီ နှင့် အဖြူရောင် အဘိဿဲလ် ဂလက်ဆီ တို့ရှိ နေရာအနှံ့အပြားမှ ယဇ်ပလ္လင် အသီးသီးသည်လည်း တူညီသော အော်ရာ ကို ထုတ်လွှတ်နေကြသည်။

"ဒါ... ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ..."

စုရီသည် သူ၏ နှစ်ဘဝစာ အတွေ့အကြုံနှင့် ဗဟုသုတများ အချိန်ကာလ ကြာမြင့်ပြီးနောက် ပထမဆုံးအကြိမ်အဖြစ် အသုံးမဝင်တော့သည့်အတွက် အလွန်အမင်း အံ့ဩမှင်တက်သွားခဲ့သည်။

အလွန် ရှည်လျားလှသော သက်တမ်းနှင့် အံ့မခမ်း ဗဟုသုတရှိသည့် နတ်ဆိုးတစ်ပါးဖြစ်သော အာဖရစ်တူဇာ ပင်လျှင် သူ့ကို အဖြေမပေးနိုင်ခဲ့ပေ။ သူတို့၏ အမူအရာများမှာ မယုံကြည်နိုင်မှုများနှင့် ပြည့်နှက် နေခဲ့လေတော့သည်။

All Chapters