← Chapters

အခန်း (၂၄၀၃-၂၄၀၄)

Vol. 172 Ch. 2403-2404

အခန်း (၂၄၀၃-၂၄၀၄)

Vol. 172 Ch. 2403-2404

အပိုင်း(၂၄၀၃)

"ကောင်းကင်ရှန့်ထို အာရုဏ်ဦး... ဘာမှမရှိတဲ့အထဲကနေ အမိန့်တော်ဆေးရည် ကို ဘယ်လိုဖော်စပ်လိုက်တာလဲ... ရှင့်ရဲ့ ဆေးကြမ်းပင်တွေ အားလုံးက စွမ်းအင်ရော၊ အမတေ ရော မရှိဘူးလေ..."

မိုးကုပ်စက်ဝိုင်းများ အပါအဝင် အားလုံးက သင့်လျော်သော ဂုဏ်ပြုစကားများ၊ သက်ဆိုင်ရာ ဂလက်ဆီ များဆီသို့ ဖိတ်ကြားချက်များ ပေးအပ်ပြီးနောက်တွင် ရွှေရောင် ညဉ့်ဦးယံ အရှင်သခင် က မေးလိုက်သည်။

ဤသေးငယ်သော ဂလက်ဆီ များ၏ မျက်လုံးများထဲတွင် သူတို့လည်း လက်အောက်ခံများ ဖြစ်လာနိုင်မည်လားဟူသော မျှော်လင့်ချက်ငယ်လေးများ ရှိနေသည်ကို သူမ ခံစားသိရှိနိုင်ခဲ့သည်။ ဤသည်မှာ သူတို့၏ သီးခြား အတွေးတစ်ခု၊ သူတို့၏ အခြေအနေအရ မဖြစ်နိုင်သော အချည်းနှီး ဆန္ဒတစ်ခု ဖြစ်သော်လည်း ထိုသို့ တွေးတောနေခြင်းကပင် အလွန်အမင်း အန္တရာယ်များလှသည်။ သို့သော် သူမကမူ ထိုအရာများကို ဂရုမစိုက်ပေ။

"ဘာမှမရှိဘူး ဟုတ်လား..."

ဝေ့ဝူယင်သည် အရောင်ခုနစ်မျိုးရှိသော ဖန်ပုလင်းငယ် ထဲမှ အရည်များကို လှုပ်ယမ်းရင်း အပြစ်ကင်းစင်သည့် ဟန်ပန်ဖြင့် ခေါင်းလေးစောင်းလိုက်သည်။

"ခင်ဗျားတို့ အားလုံး ကျွန်တော် အမိန့်တော်ဆေးရည် ကို ဖော်စပ်နေတာကို မျက်စိရှေ့မှာတင် မြင်တွေ့ခဲ့ရတာပဲ... အဆင့်တိုင်းကို မြင်ခဲ့တာပဲ... ကျွန်တော် ဘာမှ မဖုံးကွယ်ခဲ့ဘူး... ဘာမှမရှိတဲ့အထဲက ဆိုတာ ဘာကိုဆိုလိုတာလဲ..."

အမိန့်တော်ဆေးရည်သည် ဖော်စပ်ခဲ့သည်ဆိုသော ငြင်း၍မရသည့် သက်သေဖြစ်ပြီး ကောင်းကင်နိုးထခြင်း ကို ကောင်းကင်ရှန့်ထို အဂ္ဂိရတ်ပညာရှင် ကသာလျှင် အတုခိုးဖန်တီးနိုင်ပေသည်။

ဤနေရာတွင် ရှိနေသော အဂ္ဂိရတ်ပညာရှင် တိုင်းက ဝေ့ဝူယင် သည် ကောင်းကင်ရှန့်ထို အဂ္ဂိရတ်ပညာရှင် အဖြစ် သင့်လျော်သော အသိအမှတ်ပြုမှုကို ရရှိခဲ့သည်ဆိုသည်ကို ခံစားသိရှိနိုင်ကြသည်။ အရင်က လောကရှန့်ထို အဂ္ဂိရတ်ပညာရှင် အဆင့်တွင်သာ ရှိခဲ့သည်။ ထိုအမှန်တရားကို လိမ်ညာ၍ မရနိုင်ပေ။

"သီးခြား အာရုံခံ အစီအရင် တစ်ခုနဲ့ မကြည့်ရင် စွမ်းအင်နဲ့ အမတေ တွေကို ရှာမတွေ့နိုင်အောင် ရှင့်ရဲ့ ဆေးကြမ်းပင်တွေကို အသွင်ပြောင်းလိုက်တာလား..."

ရွှေရောင် ညဉ့်ဦးယံ အရှင်သခင်က မျက်လုံးကို ကျဉ်းမြောင်းလျက် မေးလိုက်သည်။

"ဒီလိုပဲ ပြောလို့ရပါတယ်..."

ဝေ့ဝူယင်က ထိုလုပ်ရပ်ကို မငြင်းဆန်ခဲ့ပေ။ သို့သော် သူက ပွင့်ပွင့်လင်းလင်း လုပ်ဆောင်ခဲ့သည်ဖြစ်ရာ သူ၏ လုပ်ငန်းစဉ်ကို အသေးစိတ် ရှင်းပြမည်ဟု သူတို့ ထင်မှတ်နေလျှင် ထိုအရာက လုံးဝ ဖြစ်နိုင်မည် မဟုတ်ပေ။ သူတို့ ကျိန်ဆိုခဲ့သော အဂ္ဂိရတ် ကျိန်စာသည် သူ၏ စည်းမျဉ်းများအပေါ် သစ္စာရှိမှုကို ထိန်းသိမ်းရန် လုံလောက်လှသည်။ ကျန်သောအရာ အားလုံးမှာ ပိုလျှံနေသော သိချင်စိတ်များနှင့် မေးခွန်းများသာ ဖြစ်သည်။ အကြီးမားဆုံး အစီအစဉ်ကြီးတစ်ခုလုံးတွင် မည်သည့် အဓိပ္ပာယ်မျှ မရှိပေ။

"စိတ်ဝင်စားစရာပဲ..."

တောက်ပသောကြယ် နန်းတော်သခင်သည် သူ၏ နှလုံးသားထဲမှနေ၍ အမှန်တကယ်ပင် အာမေဍိတ်သံ ပြုလိုက်သည်။ ဆေးကြမ်းပင်များကို ထူးဆန်းသော အာနိသင်များဖြင့် အသွင်ပြောင်းလဲခြင်း လုပ်ရပ်သည် လုံးဝ မကြားဖူးသောအရာတော့ မဟုတ်ပေ။ မကြာခဏဆိုသလို ဆေးဖော်စပ်ခြင်း လုပ်ငန်းစဉ်တွင် အထောက်အကူပြုရန် ထိုကဲ့သို့ လုပ်လေ့ ရှိသည်။ အချို့သော အခြေအနေများတွင် အတွင်းရှိ ရွှေအမတေ ကို သန့်စင်ရန်အတွက် သတ္တုရိုင်းများကို အစိုင်အခဲ ရွှေအဖြစ်သို့ ပြောင်းလဲခြင်းမျိုးလည်း ရှိတတ်သည်။

ဝေ့ဝူယင် အသုံးပြုခဲ့သော အဂ္ဂိရတ် နည်းလမ်းသည် သူတို့အားလုံး၏ အာရုံခံစားမှုများကို ရှောင်ကွင်းသွားနိုင်ခဲ့သည်။ ၎င်းသည် အလွန်အမင်း ထူးချွန်ပြောင်မြောက်လှသည်။ ထူးကဲသော အဂ္ဂိရတ် တာအို ၏ အစစ်အမှန် ပြသမှုတစ်ခုပင် ဖြစ်သည်။ ဝေ့ဝူယင် သည် နယ်ခြားသား တစ်ဦးဖြစ်သောကြောင့် သူ၏ နည်းလမ်းများနှင့် အဂ္ဂိရတ် တာအို သည်လည်း တူညီစွာပင် စိမ်းသက်နေမည်မှာ သေချာပေသည်။

ဝေ့ဝူယင် ၏ အင်ပါယာသည် ဂလက်ဆီ အစုအဝေး၏ အပြင်ဘက်တွင် တည်ရှိပြီး ယခုလက်ရှိ ရှင်သန် စည်ပင်နေဆဲ ဖြစ်သည့် ဂလက်ဆီ သုံးဆယ့်သုံးခု၏ အဓိက လူ့အဖွဲ့အစည်းများနှင့် သီးခြား ကင်းကွာနေကြောင်းကို သူတို့ အနည်းနှင့်အများ လက်ခံထားကြပြီး ဖြစ်သည်။

ဤဂလက်ဆီ များနှင့် ပတ်သက်၍ သူတို့၏ နက်ရှိုင်းသော အသိပညာများကို ထည့်သွင်းစဉ်းစားကြည့်လျှင် ၎င်းသည်သာ အဓိပ္ပာယ်ရှိသော တစ်ခုတည်းသော ဖြစ်နိုင်ခြေ ဖြစ်သည်။ ဝေ့ဝူယင်သည် အထွတ်အထိပ် သူတော်စင် တစ်ပါး၏ ရှေးဟောင်း နယ်မြေတစ်ခု သို့မဟုတ် အကြွင်းမဲ့ ဟင်းလင်းပြင် အတွင်း သို့မဟုတ် ဂလက်ဆီ တစ်ခုအတွင်း၌ ဖုံးကွယ်နေသော သီးခြား လောကနယ်မြေ တစ်ခုမှ လာခြင်း ဖြစ်နိုင်ပေသည်။

သူတို့သည် ဂလက်ဆီ အစုအဝေး အပြင်ဘက် ထူးခြားသော လောကများတွင် ရှိနေသူများနှင့် ကြုံတွေ့ခဲ့ဖူးသည်သာ ဖြစ်သည်။ ကျယ်ဝန်းလှသော အကွာအဝေး သို့မဟုတ် ဝင်ရောက်ရန် ခက်ခဲသော စိန်ခေါ်မှုများက ဆက်သွယ်ရေးနှင့် ခရီးသွားလာရေး ကိစ္စရပ်များတွင် ခက်ခဲမှုများ ရှိစေခြင်းသာ ဖြစ်သည်။

အရေးမပါတဲ့ ကိစ္စတွေကို အာရုံမစိုက်ကြရအောင်... ဒီအချီကို အဆုံးသတ်လိုက်တော့... ငါတို့ စောင့်နေရတာ တော်တော်ကြာနေပြီ..."

ကောင်းကင်ရှန့်ထို ကောင်းကင်သန့်စင်ခြင်း သည် ခန္ဓာကိုယ်ကို ထိခိုက်စေသော ကျင့်စဉ်ကို အသုံးပြုပြီးနောက် သူ၏ အခြေအနေကို ပြန်လည်ထိန်းညှိနေခဲ့သည်။ သူ ရင်ဘတ်ထဲမှ ခဲနေသော သွေးအချို့ကို အန်ထုတ်လိုက်သည်။ သူသည် ရှေ့ဆက်သွားရန်သာ ဆန္ဒရှိနေသည်။ ဝေ့ဝူယင် အပေါ် ထားရှိသော သူ၏ မျက်လုံးများထဲမှ အငြိုးအတေးသည် အပြည့်အဝ ခိုင်မာသွားခဲ့ပြီ ဖြစ်သည်။

ဝေ့ဝူယင်၏ နည်းလမ်းများ မည်သို့ပင်ရှိစေကာမူ ဥဿုံ အဂ္ဂိရတ် တိုက်ပွဲတွင် ရှုံးနိမ့်ပြီးနောက် ထိုအရာအားလုံးသည် သူတို့အပိုင် ဖြစ်လာမည်သာ ဖြစ်သည်။ အဘယ်ကြောင့် ၎င်းတို့အပေါ် အချိန်ကုန်ခံပြီး ကြည့်ရှုနေမည်နည်း။

နောက်တစ်ဆင့်ကို တည်ငြိမ်စွာနှင့် လျင်မြန်စွာ လုပ်ဆောင်ခဲ့ကြသည်။ ဝေ့ဝူယင် သည် အခြား ဆေးကြမ်းပင် နှစ်စုံကို စွန့်လွှတ်လိုက်ပြီး သူတို့သည် အမိန့်တော်ဆေးရည် ကို အကဲဖြတ်လိုက်ကြသည်။

သူတို့သည် အဂ္ဂိရတ် ရတနာ ကြောင့် အံ့ဩတုန်လှုပ်သွားခဲ့ကြသည်။ သို့သော် ကောင်းကင်ရှန့်ထို အဂ္ဂိရတ်ပညာရှင် များ မဟုတ်ကြသော အထွတ်အထိပ် သူတော်စင် သုံးပါးကသာ ဖန်ပုလင်းငယ်ကို စစ်ဆေးနေခြင်း ဖြစ်သည်။ ထို့ကြောင့် ဆေးလုံး များ၊ ဆေးရည်များ၊ ဆေးတောင့် များနှင့် ဆေးပျစ်များကို ပျက်စီးယိုယွင်းခြင်း မရှိဘဲ သိမ်းဆည်းထားနိုင်သည့် ထူးခြားသော သိုလှောင်မှု လုပ်ဆောင်ချက်မှလွဲ၍ ၎င်း၏ မွေးရာပါ အရည်အသွေးများနှင့် အဂ္ဂိရတ် စွမ်းရည်များကို သူတို့ ခွဲခြားမသိမြင်နိုင်ခဲ့ကြချေ။

"မင်းရဲ့ ဒီရတနာကို ဘယ်လို နာမည်ပေးမလဲ..."

တောက်ပသောကြယ် နန်းတော်သခင် က မေးလိုက်သည်။

ဝေ့ဝူယင် သည် ခဏတာ စဉ်းစားလိုက်ပြီးနောက် စိတ်လှုပ်ရှားစွာဖြင့် ပြုံးလိုက်သည်။

"အတုမဲ့ ပါရဂွန်ရဲ့ အာရုဏ်ဦး အဂ္ဂိရတ် ဖန်ပုလင်းငယ် ..."

"..." ပရိသတ်ကြီး။

"..." အထွတ်အထိပ် သူတော်စင် များ။

"..." မိုးကုပ်စက်ဝိုင်း များ။

ဝေ့ဝူယင် က ရယ်မောလိုက်သည်။

"အတိုကောက်အားဖြင့်တော့ အာရုဏ်ဦး အဂ္ဂိရတ် ဖန်ပုလင်း ပေါ့..."

‘တကယ်ကို မာနကြီးပြီး စိတ်ကြီးဝင်နေတဲ့ ကောင်ပဲ...’

ဤသည်မှာ အတုမဲ့ ပါရဂွန် ဟူသော အမည်ကို ကြားလိုက်ရသူတိုင်း၏ အတွေးပင် ဖြစ်သည်။

တောက်ပသောကြယ် နန်းတော်သခင် က အားရပါးရ ရယ်မောလိုက်သည်။

"ငါ သဘောကျတယ်..."

ထို့နောက် မိုးကုပ်စက်ဝိုင်း များ နှင့် သူတို့၏ တာအို တရားဥပဒေ ထိန်းသိမ်သူ များမှလွဲ၍ လူတိုင်းထံမှ ချီးကျူးသံများ လေထုထဲတွင် ပြည့်နှက်သွားခဲ့သည်။ ရည်မှန်းချက်ကြီးမား၍ ရဲရင့်ပြီး ဖန်တီးနိုင်စွမ်းရှိသည့် နာမည်ပေးစွမ်းရည်အတွက် ဝေ့ဝူယင် သည် ချီးကျူးမှုများကို မိုးရွာချသကဲ့သို့ ခံခဲ့ရသည်။ သေချာသည်မှာ ထိုများပြားလှသော ချီးကျူးမှုမိုးရွာသွန်းမှု၏ နောက်ကွယ်တွင် မရေမတွက်နိုင်သော မျက်စောင်းထိုးမှုများလည်း ရှိနေခဲ့သည်ပင်...

[ ကောင်းကင်ရှန့်ထို အာရုဏ်ဦး ၏ ရလဒ်များ ]

ပထမ အစုံ - အောင်မြင်သည်။

ဒုတိယ အစုံ - စွန့်လွှတ်သည်။

တတိယ အစုံ - စွန့်လွှတ်သည်။

ရလဒ်များကို ကြေညာပြီးနောက် ပြီးစီးသွားသော ထုတ်ကုန်တစ်ခုချင်းစီ၏ အရည်အသွေးကို ယှဉ်တွဲတိုင်းတာခဲ့ကြသည်။

ထို့နောက် ဖြစ်ပျက်သွားသောအရာက... သူတို့အားလုံးကို တုန်လှုပ်သွားစေခဲ့သည်။

"မိုးကုပ်စက်ဝိုင်း လေးဦး သို့မဟုတ် ထို့ထက်ပိုသော သူများကို ကျော်လွှားနိုင်ခဲ့တဲ့အတွက် အာရုဏ်ဦး အဂ္ဂိရတ် ရှန့်ထို က ဒီအချီကို အနိုင်ရရှိသွားပါပြီ...”

“ဒုတိယအချီ - ဆေးရည်”

“၂ - ၀ ဖြင့် အာရုဏ်ဦး အနိုင်ရရှိသွားပါပြီ...”

တောက်ပသောကြယ် နန်းတော်သခင် ၏ အသံသည် ဝိညာဉ် ကွန်ရက် တစ်လျှောက် မိုးခြိမ်းသံကဲ့သို့ ပဲ့တင်ထပ်သွားတော့သည်။

***

အပိုင်း(၂၄၀၄)

ပရိသတ်များ၊ ပါဝင်ယှဉ်ပြိုင်သူများ၊ ကြီးကြပ်သူများနှင့် ဝေဖန်သုံးသပ်သူများကြားတွင် မမြင်နိုင်သော တင်းမာသည့် တိတ်ဆိတ်မှုလှိုင်းလုံးကြီးတစ်ခု စီးဆင်းနေခဲ့၏။ သူတို့ထဲတွင် ချွင်းချက်ဟူ၍ တစ်ယောက်မျှ မရှိခဲ့ပေ။ အထူးသဖြင့် တောက်ပသောကြယ် နန်းတော်သခင်၏ စကားသံများသည် ရက်စက်ကြမ်းကြုတ်သော ဖိအားများဖြင့် လေထုထဲတွင် ပဲ့တင်ထပ် နေသောကြောင့် ဖြစ်သည်။

လွန်ခဲ့သော အခိုက်အတန့် အနည်းငယ်က ကြီးကြပ်သူများဖြစ်ကြသော အထွတ်အထိပ် သူတော်စင် သုံးပါးသည် ဒိုင်လူကြီးများအဖြစ် ဆောင်ရွက်ခဲ့ကြသည်။ သူတို့သည် အောင်မြင်စွာ ဆေးဖော်စပ်ခြင်း ပြုလုပ်နိုင်ခဲ့သော ထုတ်ကုန်တစ်ခုချင်းစီ၏ အဆင့်သတ်မှတ်ခြင်းနှင့် ခွဲခြားခြင်းများကို ကြီးမှူးလုပ်ဆောင်ခဲ့ကြသည်။

[ ကောင်းကင်ရှန့်ထို နတ်ဘုရားထုတ်ယူခြင်း ၏ ရလဒ်များ ]

တတိယ အစုံ - အောင်မြင်သည် (အညစ်အကြေး ၄ ရာခိုင်နှုန်း)

[ ကောင်းကင်ရှန့်ထို တန်ခိုးရှင် ကြီးထွားခြင်း ၏ ရလဒ်များ ]

တတိယ အစုံ - အောင်မြင်သည် (အညစ်အကြေး ၄ ရာခိုင်နှုန်း)

[ ကောင်းကင်ရှန့်ထို အဆုံးမဲ့ ထိန်းသိမ်းခြင်း ၏ ရလဒ်များ ]

ပထမ အစုံ - အောင်မြင်သည် (အဆင့်နိမ့်)

[ ကောင်းကင်ရှန့်ထို ဝိညာဉ်ပေါင်းစပ်ခြင်း ၏ ရလဒ်များ ]

ဒုတိယ အစုံ - အောင်မြင်သည် (အညစ်အကြေး ၈ ရာခိုင်နှုန်း)

တတိယ အစုံ - အောင်မြင်သည် (အဆင့်နိမ့်)

နောက်ဆုံး ကြေညာလိုက်သော အသံမှာ မိုးခြိမ်းသံထက်ပင် ပိုမိုကျယ်လောင်သော တိတ်ဆိတ်မှုလှိုင်းလုံးကြီးကို ဖြစ်ပေါ်စေခဲ့သော အကြောင်းရင်းပင် ဖြစ်သည်။

[ ကောင်းကင်ရှန့်ထို အာရုဏ်ဦး ၏ ရလဒ်များ ]

ပထမ အစုံ - အောင်မြင်သည် (အထွတ်အထိပ် အဆင့်)

ကောင်းကင်ရှန့်ထို ကောင်းကင်သန့်စင်ခြင်း ၏ မျက်ခွံများသည် ထိန်းချုပ်မရနိုင်အောင် လှုပ်ခတ်သွားခဲ့သည်။ ဤကဲ့သို့သော အကဲဖြတ်မှုကို ငြင်းပယ်လိုသော ဆန္ဒတစ်ခုသည် သူ၏ နှလုံးသားထဲတွင် ပေါ်ပေါက်လာခဲ့သည်။ သူနှင့်အတူ သက်ဆိုင်ရာ ဒေသအသီးသီးမှ မရေမတွက်နိုင်သော အားပေးသူများ၏ ရင်ထဲတွင်လည်း ထိုနည်းတူပင် ဖြစ်သည်။

သို့သော်လည်း သူသည် ၎င်းကို တွန်းလှန်ရန်အတွက် သူ၏ စိတ်စွမ်းအား အားလုံးကို အသုံးပြုခဲ့ရသည်။ ထိုကဲ့သို့သော လုပ်ရပ်သည် ဝေ့ဝူယင် ကောင်းကင်ရှန့်ထို အဂ္ဂိရတ်ပညာရှင် အဖြစ်သို့ တက်လှမ်းခြင်း၏ မြင့်မြတ်မှုကို ညစ်ညမ်းစေမည် ဖြစ်သည်။ ၎င်းသည် အဂ္ဂိရတ် တာအို ကို သွယ်ဝိုက်သောနည်းဖြင့် စော်ကားလိုက်ခြင်းပင် ဖြစ်ပေလိမ့်မည်။

သူ၏ ဂုဏ်သိက္ခာကြောင့် ဖြစ်စေ၊ သို့မဟုတ် အဂ္ဂိရတ်ပညာ တစ်ခုလုံးအပေါ် ထားရှိသော သူ၏ ရိုသေလေးစားမှုကြောင့် ဖြစ်စေ ဝေ့ဝူယင် ဆေးဖော်စပ်ခြင်း ပြုလုပ်ခဲ့သော အမိန့်တော်ဆေးရည် ကို အပြစ်တင်ရှုတ်ချရန် သူ မလုပ်ရက်နိုင်ခဲ့ပေ။

ထို့အပြင် အဂ္ဂိရတ် ကျိန်စာအရ မည်သည့် ချိုးဖောက်မှုမဆို သူ မည်သူမည်ဝါဖြစ်ကြောင်း သက်သေအထောက်အထားနှင့် အဂ္ဂိရတ် တာအို ၏ ကောင်းချီးများကို တရားဝင် ပျက်ပြယ်သွားစေမည် ဖြစ်သည်။ ထိုမျှလောက် ဟန်ဆောင်မှုများခြင်းသည် မသင့်လျော်ပေ။ ထို့ကြောင့် သူသည် ဆူပွက်နေသော သူ၏ ခံစားချက်များ အားလုံးကို မျိုသိပ်ကာ ရလဒ်ကို မချိတင်ကဲ လက်ခံလိုက်ရသည်။

အခြားသူများသည်လည်း ကောင်းကင်ရှန့်ထို ကောင်းကင်သန့်စင်ခြင်း နှင့် အတိအကျ မတူညီလျှင်တောင်မှ ဆင်တူသော ခံစားချက်မျိုး ရှိနေခဲ့ကြသည်။

ကံကောင်းထောက်မစွာဖြင့် အကဲဖြတ်ပြီးနောက် နောက်ဆုံး ထုတ်ကုန်များကို ခွဲခြမ်းစိတ်ဖြာခွင့် သူတို့အားလုံး ရရှိခဲ့ကြသည်။ ၎င်းသည် မိမိ၏ သာလွန်မှုကြောင့် ပြိုင်ဘက်ကို စိတ်ဓာတ်ကျစေရန် မူလကတည်းက ရည်ရွယ်ထားသော အစဉ်အလာ တစ်ခု ဖြစ်သည်။ အစွမ်းကုန် သန့်စင်ခြင်း ဂလက်ဆီ ၏ အဂ္ဂိရတ် ယှဉ်ပြိုင်ပွဲ များသည် အလွန်အမင်း ယှဉ်ပြိုင်မှု ပြင်းထန်ပြီး အနည်းငယ် သဘောထားသေးသိမ်ကြသည်။ မည်သည့် မတရားမှုမျိုးကိုမျှ အော်ဟစ်တိုင်တန်းရန် နေရာချန်မထားခဲ့ပေ။

သူတို့ ရှာဖွေတွေ့ရှိခဲ့သောအရာမှာ ရှောင်လွှဲ၍မရနိုင်သော၊ ပြောင်းလဲ၍မရနိုင်သော အမှန်တရားပင် ဖြစ်သည်။ အမိန့်တော်ဆေးရည် သည် အထွတ်အထိပ် အဆင့် ပြီးပြည့်စုံမှု စံနှုန်းတွင် ရှိနေသည်။ အပြစ်အနာအဆာကင်းခြင်းထက်ပင် ကျော်လွန်နေခဲ့သည်။ လုပ်ငန်းစဉ်တစ်ခုလုံး တစ်လျှောက်တွင် မည်သည့် အဏုမြူအရွယ်အစားမျှရှိသော အပြစ်အနာအဆာလေးတစ်ခုမျှပင် မရှိခဲ့ပေ။ ၎င်းသည် မှတ်သားလောက်ဖွယ်ကောင်းသော ဆေးဖော်စပ်ခြင်း ၏ ပြသမှုတစ်ခုပင် ဖြစ်သည်။

ဝေ့ဝူယင် သည် သူတို့ တစ်ယောက်ချင်းစီ၏ မျက်နှာအမူအရာများကို အနီးကပ် စောင့်ကြည့်နေခဲ့သည်။ သူ၏ အကြည့်များသည် စူးခိုင်မင် နှင့် တုန်းဖန်ယွဲ့ တို့အပေါ်တွင် အနည်းငယ် ကြာရှည်စွာ တည်ရှိနေခဲ့သည်။ ပထမတစ်ယောက်၏ အကြည့်သည် မှုန်ကုပ်နေပြီး ကြီးထွားလာသော အရေးတကြီး ခံစားချက်ကို ဖုံးကွယ်ထားခဲ့သည်။ သူမ၏ မျက်လုံးများထဲတွင် ပြေးလွှားနေသော အတွေးများနှင့် သူမ၏ စိတ်စွမ်းအင် လှုပ်ရှားမှုများ၏ အလွန်အမင်း အတက်အကျ ဖြစ်ပေါ်နေမှုများကို သူ မြင်တွေ့နိုင်ခဲ့သည်။

ဒုတိယတစ်ယောက်၏ အကြည့်သည် သူ၏ ခန္ဓာကိုယ်ပေါ်သို့ တိုက်ရိုက် ရောက်ရှိနေခဲ့သည်။ သူမ၏ အတွေးများကို ဖုံးကွယ်ခြင်းမရှိဘဲ သူ့ကို အနီးကပ် စောင့်ကြည့်နေခဲ့သည်။ ထိုမျက်လုံးများထဲတွင် မယုံကြည်နိုင်မှုများနှင့် အံ့ဩမှင်တက်မှုများ ရှိနေခဲ့သည်။

သို့သော်လည်း... ဝေ့ဝူယင် အမှန်တကယ် ရှာဖွေလိုသောအရာမှာ သူတို့၏ တုံ့ပြန်မှု မဟုတ်ပေ။ အထွတ်အထိပ် သူတော်စင် များသည် သူ၏ အမိန့်တော်ဆေးရည် က အထွတ်အထိပ် အဆင့် မဟုတ်ဘဲ သာလွန်ခြင်းအဆင့် အရည်အသွေး ဖြစ်ကြောင်းကို မည်သို့မျှ မဆုံးဖြတ်နိုင်ခဲ့ခြင်းပင် ဖြစ်သည်။ သူတို့၏ စိတ်စွမ်းအင်များထဲမှ မည်သည့်အရာကမျှ ၎င်း၏ အစစ်အမှန် အရည်အသွေးကို သတိပြုမိကြောင်း အရိပ်အယောင်မျှ မပြခဲ့ပေ။

အံ့ဩမှင်တက်မှု အဆင့်များသည် ပုံမှန်ထက် ပို၍ မြင့်မားနေသော်လည်း မိမိကိုယ်တိုင် ခိုင်မာစွာ ကိုင်စွဲထားသော ယုံကြည်ချက်များကြောင့် အံ့ဩနေသော တုန်းဖန်ယွဲ့ မှလွဲ၍ မည်သူတစ်ဦးတစ်ယောက်မျှ ထိုအစစ်အမှန် အရည်အသွေးကို သတိပြုမိသည့် အဆင့်သို့ မရောက်ရှိခဲ့ကြပေ။ ပေါက်ကွဲထွက်ရန် အသင့်ဖြစ်နေသော လောဘစိတ်များလည်း မရှိခဲ့ချေ။

'သူတို့ မသိကြဘူးပဲ...'

ဝေ့ဝူယင် က ကောက်ချက်ချလိုက်သည်။ သာလွန် ဝိညာဉ် အဂ္ဂိရတ် ကြယ်တာရာများ ကို ပိုင်ဆိုင်ထားလျှင်တောင်မှ ဤနေရာတွင် ရှိနေသော မည်သည့် ကောင်းကင်ရှန့်ထို အဂ္ဂိရတ်ပညာရှင် ကမျှ ဆေးရည်၏ အစစ်အမှန် အရည်အသွေးကို မဆုံးဖြတ်နိုင်ခဲ့ကြပေ။

ဝေ့ဝူယင် သူတို့ကို အပြစ်မတင်ပေ။ အကယ်၍ သူသာ ရဲရဲဝံ့ဝံ့ ယူဆချက်တစ်ခု ထုတ်ရမည်ဆိုလျှင် သင့်လျော်သော အဂ္ဂိရတ် ကြယ်တာရာများ ကို ပိုင်ဆိုင်ထားသည့် အထွတ်အထိပ် ဝိညာဉ် ရှန့်ထို အဂ္ဂိရတ်ပညာရှင် တစ်ဦးသာလျှင် ၎င်း၏ အရည်အသွေးကို ခွဲခြားသိမြင်နိုင်မည် ဖြစ်သည်။

လောက၌... ဒဏ္ဍာရီလာ တန်ခိုးရှင် အဆင့် အဂ္ဂိရတ် ထုတ်ကုန်များကို ဖော်စပ်နိုင်စွမ်းရှိသော အဂ္ဂိရတ်ပညာရှင် တစ်ဦးတည်းသာ သာလွန်ခြင်းအဆင့် အရည်အသွေး ရှိသည့် လျှို့ဝှက် အဆင့် ထုတ်ကုန်တစ်ခုကို ဖန်တီးနိုင်ရန် အခွင့်အရေး ရှိပေလိမ့်မည်။

ကြယ်တာရာ ပါရဂွန် ခန္ဓာကိုယ် ဖွဲ့စည်းရာ၌ ဖြစ်တည်ခဲ့သည့် မဟာ တာအို သုံးပါးထံမှ ကောင်းချီးများသာ မရှိခဲ့ပါက၊ ထို့အပြင်... ဖမ်းဆုပ်ရခက်သော ထာဝရ အော်ရာစွမ်းအားကို ထိန်းချုပ်နိုင်စေသည့် အဆုံးမဲ့ ပဲ့တင်ထပ် နယ်မြေ သာ မရှိခဲ့ပါက သူသည် ၎င်းကို ဖန်တီးနိုင်ခဲ့မည် မဟုတ်ပေ။

ဝေ့ဝူယင်သည် သာမန် စံနှုန်းများကို အတိုင်းအဆမရှိ ကျော်လွန်ကာ အတုမဲ့ ဖန်တီးခြင်း၏ အဂ္ဂိရတ် ကြယ်တာရာများ အဆင့်သို့ ရောက်ရှိသွားသောအခါ ဆေးဖော်စပ်ခြင်း လုပ်ငန်းစဉ် တစ်လျှောက်လုံး ထာဝရ အော်ရာ ကို ထိန်းသိမ်းထားနိုင်ရန် အဆင့်ငါး အသန့်စင်ဆုံး မြူနှင်းအရည် ကို အသုံးပြုခဲ့ရသည်။ ၎င်းသည် သူ၏ အောင်မြင်မှု လေးကြိမ်အတွင်း ပိုင်ရှု ၏ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်နှင့် သူ၏ အခြားသော မှော်သန့်စင် ဆေးအိုး ကို ပျက်စီးလုနီးပါး ဖြစ်စေခဲ့သည်။

ထို့အပြင် ပြီးခဲ့သော လအနည်းငယ်အတွင်း ဆေးဖော်စပ်ခြင်း လုပ်ငန်းစဉ် တစ်လျှောက်လုံး သူ အသုံးပြုခဲ့သော အမတေ နှင့် စွမ်းအင်များကို သူတို့ အာရုံမခံစားနိုင်ခဲ့ကြပေ။ ရိုးရိုးရှင်းရှင်း ပြောရလျှင် သူတို့သည် သာလွန်ခြင်းအဆင့် အရည်အသွေး များကို အာရုံမခံစားနိုင်ခဲ့ကြပေ။ ထို့ကြောင့် သူတို့သည် ၎င်း၏ အပြစ်အနာအဆာကင်းသော အခြေအနေကိုသာ ခံစားနိုင်ခဲ့ပြီး ၎င်းကို အထွတ်အထိပ် အဆင့် အရည်အသွေး အဖြစ် အလိုအလျောက် သတ်မှတ်လိုက်ကြခြင်း ဖြစ်သည်။

ကျိန်ဆိုထားခဲ့သည့် အဂ္ဂိရတ် ကျိန်စာ အရ သူတို့၏ မသိနားမလည်မှုများကို ပြင်ဆင်ပေးရမည်ဟူသော တာဝန်ဝတ္တရားမျိုး ဝေ့ဝူယင်တွင် မရှိခဲ့ပေ။ ထို့အပြင် သူတို့၏ အကဲဖြတ်မှုမှာလည်း မမှားယွင်းခဲ့ပေ။ အထွတ်အထိပ် အဆင့် ရှိသော ထုတ်ကုန်များသာလျှင် ၎င်းတို့၏ အဆင့်ထက် ကျော်လွန်သော သာလွန်ခြင်းအဆင့် နှင့် ပေါင်းစပ်နိုင်ခြေ ရှိသည်။ ထိုသဘောတရားအရ ၎င်းသည် အထွတ်အထိပ် အဆင့် ပင် ဖြစ်ပေသည်။

သို့သော် ၎င်း၏ အာနိသင်များသည် မည်သည့် ခန့်မှန်းချက်များနှင့်မျှ နီးစပ်မည် မဟုတ်ပေ။ သာလွန်ခြင်းအဆင့် အရည်အသွေး ရှိသော အမိန့်တော်ဆေးရည် ကို အနီးကပ် လေ့လာခြင်း မရှိဘဲ ၎င်းက မည်သို့သော အရာများကို လုပ်ဆောင်နိုင်မည်ကို သူကိုယ်တိုင်ပင် မသိရှိခဲ့ချေ။

အတုမဲ့ ဖန်တီးခြင်း၏ အဂ္ဂိရတ် ကြယ်တာရာများ နှင့် အဆုံးမဲ့ ပဲ့တင်ထပ် နယ်မြေ ကို ပိုင်ဆိုင်ထားသော်လည်း တန်ခိုးရှင် အဆင့် သို့မဟုတ် ထာဝရ အော်ရာ နှင့် ပတ်သက်၍ ဝေ့ဝူယင် နားလည်နိုင်စွမ်းမှာ အလွန်တရာ နိမ့်ကျလွန်းနေခဲ့သည်။ ၎င်းက မည်သို့ လုပ်ဆောင်နိုင်မည်ကို သိရှိရန် သူ့အတွက် အခွင့်အရေး အလွန်နည်းပါးလှသည်။

'ဒါက ဘာလဲဆိုတာကို သူတို့သာ သိခဲ့မယ်ဆိုရင် အစွမ်းကုန် သန့်စင်ခြင်း ဂလက်ဆီ အတွင်းမှာ စစ်ပွဲတစ်ခု ဖြစ်လာနိုင်တယ်... မဟုတ်ဘူး၊ သေချာပေါက်ကို ဖြစ်လာလိမ့်မယ်... ဒီထုတ်ကုန် မွေးဖွားလာတာက ဂလက်ဆီ တွေကြားက စစ်ပွဲတစ်ခုကို မီးမွှေးပေးနိုင်တယ်...'

ဝေ့ဝူယင်သည် ရှုပ်ထွေးသော ခံစားချက်များ မြင့်တက်လာမှုနှင့်အတူ တွေးတောနေမိသည်။ သို့သော် ၎င်းကို ထုတ်ဖော်ပြသပြီးနောက် အထွတ်အထိပ် သူတော်စင် အချို့က ကမ်းလှမ်းမှုများ ပေးပို့လာသောအခါ သူက ၎င်းကို ပြန်လည်သိမ်းဆည်းလိုက်သည်။

အံ့ဩစရာကောင်းလှစွာဖြင့် ထျန်းရှီကျောက်ရွှမ် ၊ စူးဟောင်ရန် ၊ ကောင်းကင်ရှန့်ထို တန်ခိုးရှင် ကြီးထွားခြင်း ၊ ရွှေရောင် ညဉ့်ဦးယံ အရှင်သခင် နှင့် ကောင်းကင်ရှန့်ထို လောကအသွင်ပြောင်းခြင်း တို့သည် ဤတိုတောင်းသော ဆက်သွယ်ခွင့် အချိန်ကာလကို အသုံးပြုကာ တိုက်ရိုက် သတင်းပို့မှုများ ပြုလုပ်ခဲ့ကြသည်။ ကြီးကြပ်သူများ၏ အဆင့်အတန်းအရ သူတို့သည် ၎င်းကို ဖုံးကွယ်ထားရန်ပင် မကြိုးစားခဲ့ကြချေ။

ပရိသတ်ကြီးမှာမူ တုန်လှုပ်ချောက်ချားနေကြသည်။ ဝေ့ဝူယင် သည် တစ်ကြိမ်တစ်ခါမျှ မဖြစ်ဖူးသော ဆေးဖော်စပ်ခြင်းဖြင့် လေးပွဲတွင် နှစ်ပွဲကို အနိုင်ရရှိသွားခဲ့သည်။ ထိုအရာက သူ့ကို အစစ်အမှန် ကောင်းကင်ရှန့်ထို အဂ္ဂိရတ်ပညာရှင် တစ်ဦး ဖြစ်လာစေခဲ့သည်။ နယ်ခြားသား တစ်ဦးအဖြစ် သူ၏ အဆင့်အတန်းသည် တိုးတက်လာခဲ့ပြီး ဒေသခံ တစ်ဦး မဟုတ်သည့်တိုင် ဂလက်ဆီ တစ်ခုလုံးရှိ အဂ္ဂိရတ် အာဏာပိုင်များ အနေဖြင့် ထိပ်တန်း ဆယ်ဦးစာရင်းဝင် ဖြစ်လာခဲ့သည်။

သို့သော် ထိုအရာကပင် သူတို့၏ မိုးကုပ်စက်ဝိုင်း များ ခုနစ်ဦးစလုံးကို ရှုံးနိမ့်လုနီးပါး အခြေအနေသို့ တွန်းပို့ခံလိုက်ရသည်။ သူတို့သည် ထိုအသိကြောင့် ဖြစ်ပေါ်လာသော တုန်လှုပ်မှုများကို မဖုံးကွယ်နိုင်ခဲ့ပေ။ ပထမပွဲစဉ်သည် ညစ်ပတ်သော လှည့်ကွက်တစ်ခု ဖြစ်ခဲ့သော်လည်း ဒုတိယပွဲစဉ်တွင်မူ မည်သူက အနိုင်ရသည်နှင့် ပတ်သက်၍ ဆင်ခြေပေးစရာ မရှိတော့ချေ။ ဝေ့ဝူယင် က သူတို့ကို အပြည့်အဝ လွှမ်းမိုးသွားခဲ့ပြီ ဖြစ်သည်။

အစွမ်းကုန် သန့်စင်ခြင်း ဂလက်ဆီ ၏ အဂ္ဂိရတ် တာအို တွင် ဥဿုံ အဂ္ဂိရတ် ပြိုင်ပွဲ များ သည် သနားညှာတာမှု ကင်းမဲ့လှသည်။ သင် မည်သို့ ရှုံးနိမ့်ခဲ့သည်ကို မည်သူကမျှ ဂရုမစိုက်ကြဘဲ သင် ရှုံးနိမ့်သွားသည်ဆိုသောအချက်ကိုသာ ဂရုစိုက်ကြသည်။ နောက်ဆုံးတွင် ဘဝဆိုသည်မှာ အနိုင်ရရှိသူများကိုသာ အမှတ်ရနေတတ်ပြီး နင်းတက်သွားသော ကျောက်တုံးများသည် နောက်မှ တွေးမိသောအရာများသာ ဖြစ်ပေသည်။

***

All Chapters