← Chapters

ထိပ်တန်းများ၏ တိုက်ပွဲ

Vol. 19 Ch. 264

ထိပ်တန်းများ၏ တိုက်ပွဲ

Vol. 19 Ch. 264

အခန်း (၂၆၄) ထိပ်တန်းများ၏ တိုက်ပွဲ

လင်းဖန်က သူ့ပင်ကိုစွမ်းရည်ကို အသက်သွင်းပြီးနောက် သူ့အသွင်ပြောင်းမှုက စိတ်ကူးယဉ်ထားသည်ထက် ကျော်လွန်၍ စွမ်းအားကြီးလာစေသည်။ သူက လက်သီးဆုပ်လိုက်သည့်အခါ ပေါက်ကွဲမှုတစ်ခု ဖြစ်သွားလေသည်။ သူက ကျေကျေနပ်နပ် ခေါင်းညိတ်လိုက်ပြီးနောက် စုယာဆီ တဟုန်ထိုးပြေးဝင်သွားရင်း သူ့ခြေလှမ်းအောက် စင်မြင့်ထက်တွင် အက်ကြောင်းရာများသာ ချန်ထားခဲ့သည်။

စုယာက တုံ့ဆိုင်းခြင်းမရှိ လက်ဝှေ့လိုက်သည့်အခါ သူမရှေ့တွင် ယခင်မျက်နှာဖုံးနှင့်လူ ထွက်ပေါ်လာသည်။ သူက လင်းဖန်ဆီမှ အားပြင်းပြင်း လက်သီးချက်ကို အချိန်မီ ခံယူလိုက်၏။

ဝုန်း…

ထိုအမျိုးသား၏ နံရိုးများက အစိတ်စိတ်အမြွာမြွာဖြစ်သွားပြီး လွင့်ထွက်သွားလေသည်။ ထိုလက်သီးချက်၏ လှိုင်းလုံးက စုယာဆီထိ ရောက်ရှိသွားပြီး သွေးအန်သွားစေသည်။

သူက တုံ့ဆိုင်းခြင်းမရှိ သူ့ရန်သူဆီ အဆုံးသတ်ဖို့ အလျင်အမြန် ပြေးသွားသည်။

သို့သော်လည်း သူက မျက်နှာဖုံးနှင့် လူကိုသာ ထိုးမိလိုက်ပြန်သည်။ စုယာက ထိုလူနှင့် အချိန်မီ နေရာချင်း လဲနိုင်လိုက်သည်။ ဤတစ်ကြိမ် ထိုလူ၏ ဦးခေါင်းကို ထိုးမိလိုက်သည့်အတွက် ဦးခေါင်းခွံ အက်ကွဲသွားစေသည်။ သို့သော် မျက်နှာဖုံးနှင့်လူက နာကျင်စွာ မအော်ဘဲ ကျေနပ်သာယာစွာ ညည်းနေသည်။

လင်းဖန်က ထိုတုံ့ပြန်မှုကြောင့် ဒေါသထွက်ကာ မရပ်မနား ဆက်တိုက် တိုက်ခိုက်နေသည်။ သူ့လက်သီးချက်များက လျင်မြန်လွန်း၍ အရိပ်များသာ ထင်ကျန်ခဲ့သည်။ လက်သီးချက်တစ်ချက်စီအပြီးတွင် အားကောင်းသော လှိုင်းလုံးများ ထွက်ပေါ်လာသောကြောင့် စင်မြင့်တစ်ခုလုံးကို တုန်ခါသွားစေသည်။ စက္ကန့်သုံးဆယ်ကြာမြင့်ပြီးနောက် ထိုမျက်နှာဖုံးနှင့်လူက လင်းဖန်ရှေ့တွင် လဲကျသွားသည်။

သို့သော် သူ့အရိုး ၂၀၆ ချောင်းလုံးက အမှုန့်ဖြစ်သွားသည့်အတွက် သူ့ကို မှတ်ပင် မမှတ်မိနိုင်တော့ပေ။ ထူးထူးဆန်းဆန်း မျက်နှာဖုံးက ပျက်စီးသွားသည့်အတွက် သူ့နှုတ်ခမ်းအထက်မှ ကျေနပ်ဖွယ်အပြုံးကို မြင်တွေ့နေရသည်။

လင်းဖန်အတွက် ကံဆိုးသည်က သူ အနိုင်ရမှုကို အောင်ပွဲ မခံနိုင်စဉ် မျက်နှာဖုံးနှင့်လူက စက္ကန့်ပိုင်းလောက် အရည်အဖြစ် ပြောင်းလဲသွားကာ အကောင်းအတိုင်း ပြန်ပေါ်လာသည်။ ထို့အပြင် သူ့အရှိန်အဝါက ယခင်ထက် ပိုအားကောင်းနေလေ၏။

လင်းဖန်က တစ်ခုခုမှားယွင်းနေမှန်း သတိပြုမိပြီးနောက် စုယာက အစိမ်းရောင်အလင်းလုံး ကိုင်ထားသည်ကို မြင်လိုက်ရသည်။ ထို့အပြင် ထိုအစိမ်းရောင်အလင်းက ပွဲကြည့်ပရိသတ်များထံမှ ရောက်ရှိလာခြင်း ဖြစ်၏။

ထိုအလင်းလုံးကို ကြည့်ရင်း လင်းဖန်က နာကျင်လာသလို ခံစားလိုက်ရသည်။

ထိုအစိမ်းရောင်အလင်းက ပို၍တောက်ပလာပြီးနောက် စုယာက ထိုအရာကို မျက်နှာဖုံးနှင့်လူဆီ ပစ်လွှတ်လိုက်သည်။ ထိုအခါ ထိုလူ၏ အရှိန်အဝါက သိသိသာသာ တိုးပွားလာသည်။

လင်းဖန်က ထိုမျက်နှာဖုံးနှင့်လူ မည်သို့ အလုပ်လုပ်နေကြောင်း နားလည်သွားလေသည်။ သူက နာကျင်မှု ခံစားရလေလေ ပို၍ အားကောင်းလာလေလေဖြစ်၏။ သူ့စိတ်ထဲ အလျင်အမြန် တွက်ချက်နေပြီး စုယာက ဤနည်းလမ်းကို သူမ ဘာသာ ကုသဖို့နှင့် အားကောင်းသည့် ခန္ဓာများပိုင်ဆိုင်ထားသည့် တခြားသူများကို တိုက်ခိုက်ဖို့အတွက် အသုံးပြုကြောင်း သိရှိသွားလေသည်။

မည်သို့ပင်ဆိုစေကာမူ လင်းဖန်က ဂရုမစိုက်ပေ။ သူက ယုံကြည်ချက်ရှိသည့် အကြောင်းအရင်းကောင်းတစ်ခု ရှိလေသည်။

ထိုမျက်နှာဖုံးနှင့်လူက ပွဲကြည့်ပရိသတ်ထံမှ နာကျင်မှုအားလုံးကို စုပ်ယူပြီးသည့်နောက်တွင် စွမ်းအားကြီးလာသည်။ ထို့ကြောင့် သူက ပါးစပ်ဟကာ အမှောင်အလင်းတန်းကို ပစ်ခတ်လိုက်သည်။ အလင်းတန်း ဖြတ်ပြေးသွားရာ လမ်းကြောင်းတစ်လျှောက်ရှိ အာကာပြင်က တုန်ခါသွားလေသည်။ သို့သော် အသုံးမဝင်ပေ။

ထိုအလင်းတန်းက လင်းဖန်ကို ထိလိုက်သည်နှင့် ပျောက်ကွယ်သွားပြီး ဘာတုံ့ပြန်မှုမှ မရှိလာခဲ့ပေ။ ရေကန်ထဲ ကျောက်တုံးပစ်ချလိုက်သလိုမျိုးနှင့် တူသော်လည်း လှိုင်းတွန့်ပင် ထမလာခဲ့ပေ။ ထိုလူက မရပ်တန့်ဘဲ ပါးစပ်မှ ဆက်၍ အလင်းတန်းများ ဆက်တိုက်ပစ်ခတ်နေသည်။ သို့သော် အသုံးမဝင်ချေ။

“ အချိန်ဖြုန်းမနေနဲ့” လင်းဖန်က ခနဲ့ပြုံးဖြင့် ပြောလိုက်သည် “ အရာအားလုံးက ဟွင်သွမ်းကနေ ဖြစ်တည်လာတာ။ တစ်ရက်ကျရင် အရာအားလုံးက အဲဒီဆီကို ပြန်သွားရမှာပဲ။ အခု ဒီဟာကို အဆုံးသတ်လိုက်ကြစို့”

သူက လက်ကို ဖြည်းဖြည်းချင်းမြှောက်လိုက်ပြီး “ မဟာမြူခိုး သုတ်သင်ခြင်း”

သူ့လက်ထဲမှ အဝါရောင်မြူခိုး ထွက်ပေါ်လာကာ ထိုမျက်နှာဖုံးနှင့် လူအား လွှမ်းခြုံသွားလေသည်။ ထို့နောက် သူက ပျောက်ကွယ်သွား၏။ အော်ဟစ်သံလည်း မရှိသလို ပေါက်ကွဲမှုလည်း မရှိပေ။ တုန်ခါနှုန်းလည်း မရှိသလို အသံလည်း မရှိပေ။ အလင်းတန်းလည်း မရှိလိုက်ပေ။ သူက ဤသို့သာ ပျောက်ကွယ်သွားလေ၏။

“ ဒီလိုဖြစ်နိုင်လို့လား” စုယာက ပြောလိုက်သည်။

“ ငါ့အတွက် ဘာမှမဖြစ်နိုင်တာ မရှိဘူး” လင်းဖန်က ပြောလိုက်သည်။

“ ဒါက ဘယ်လိုစွမ်းအားမျိုးလဲ” သူမက တုန်တုန်ယင်ယင်ဖြင့် မေးလိုက်သည်။

လင်းဖန်က ခပ်ယဲ့ယဲ့ပြုံးကာ “စကြဝဠာက ဟွင်သွမ်းအခြေအနေမှာ တည်ရှိတုန်းက မဟာမြူခိုး တည်ရှိခဲ့တယ်။ အဲဒါကြောင့် ဒီအရာနဲ့ ထိတွေ့သမျှအားလုံးကို ဗလာနတ္ထိ ဖြစ်အောင် လုပ်နိုင်တဲ့ စွမ်းရည်ရှိတယ်”

စုယာက ထိုအရာကိုကြားပြီး တုန်လှုပ်သွားသော မျက်နှာထားရှိသော်လည်း စိတ်အတွင်း၌မူ လှောင်ရယ်နေမိသည်။

ဒီလင်းဖန်က တိုက်ပွဲအတွင်းမှာ တကယ်ကို အမှားတွေအများကြီး လုပ်ခဲ့တာပဲ။ သူက ငါ့စကားကြောင့် လွယ်လွယ်ကူကူ စိတ်လှုပ်ရှားသွားရုံတင် မဟုတ်ဘူး။ တစ်ဖက်လူကိုလည်း လျှော့တွက်ပြီး ကြွစောင်းစောင်းနိုင်သေးတယ်။ တိုက်ပွဲမတိုင်ခင်ကတည်းက ငါ့စွမ်းရည်တွေကို လေ့လာခဲ့တာမျိုးလည်း မရှိဘူး။ သူ့စွမ်းရည်တွေကို တစ်ဖက်လူကိုတောင် ရှင်းပြနေသေးတယ်။

ဒါက သူ အလွှာနိမ့်မှာ ကြီးပြင်းခဲ့တဲ့ ရလဒ်ပဲနေမှာပေါ့။ သူ့ဘဝမှာ တကယ့်စိန်ခေါ်မှုမျိုးနဲ့ ကြုံတွေ့ဖူးတာ ဖြစ်ချင်မှ ဖြစ်လိမ့်မယ်။ သူ တိုက်ခိုက်ခဲ့တဲ့ ပါရမီရှင်အားလုံးက အလွယ်လေး အနိုင်ယူခဲ့တဲ့အပြင် သူ့မိသားစုက ဒီရုပ်ခန္ဓာ မနိုးထမလာမချင်း သူ့ကို အနိုင်ကျင့်တယ်ဆိုတော့ ဒီလိုကြွားဝါတဲ့ စရိုက်မျိုးဖြစ်လာတာ မထူးဆန်းပါဘူး

“ ရှင့်ပင်ကိုစွမ်းရည်က ဘယ်လောက်အားကောင်းကောင်း ကိစ္စမရှိဘူး” စုယာက အားနည်းဖျော့တော့စွာ ပြောလိုက်သည် “ ကျွန်မ လွယ်လွယ်ကူကူ ရှုံးနိမ့်မှာ မဟုတ်ဘူး”

ထို့နောက် သူမ၏ ခန္ဓာကိုယ်အထက် အမှတ်အသားများစွာ ပေါ်ထွက်လာပြီး အားကောင်းသည့် မြူခိုးလည်း ထွက်ပေါ်လာသည်။ ထို့နောက် လင်းဖန်ဆီ တစ်ရှိန်ထိုး ပြေးဝင်သွား၏။

လင်းဖန်က လက်ဖြောက်တစ်ချက် တီးလိုက်သည့်အခါ အဝါရောင်မြူခိုးများက သူမ၏ မြူခိုးများကို သုတ်သင်ပစ်လိုက်သည်။ ထို့နောက် လင်းဖန်က သူ့စွမ်းရည်ဖြင့် သူမအား ဖောက်ခွဲပစ်လိုက်သည်။

ထို့နောက်တွင် သူမက အားနည်းဖျော့တော့စွာဖြင့် ရှုံးနိမ့်ကြောင်း ဝန်ခံသွားသည်။

ထို့နောက် ပွဲကြည့်ပရိသတ်များက “လင်းဖန် လင်းဖန်”ဟု စတင်အော်ဟစ်ကြသည်။ ထိုပရိသတ်များ၏ အားပေးမှုများအကြား လင်းဖန်က အလွန်ကျေနပ်နေမိသည်။ နောက်ဆုံးတွင် လူအများက သူဘယ်လောက် လုပ်နိုင်စွမ်းရှိကြောင်း နားလည်သွားကြလေပြီ။ သို့သော် သူက မရပ်တန့်ဘဲ စုယာထက် တစ်ဆင့်မြင့်သည့် ကျန့်ဝူရွှမ်းကို စိန်ခေါ်လိုက်သည်။

ဒီတိုက်ပွဲက ခက်ခဲလိမ့်မည်မှန်း သိထားလေသည်။ သို့သော် လင်းဖန်က မကြောက်ရွံ့ပေ။ သူက ဟွင်သွမ်းနတ်ဆိုး နတ်ဘုရားခန္ဓာကိုယ်အပေါ် ယုံကြည်ချက် အပြည့်ရှိသည်။

လင်းဖန်က မှန်ကန်ပေသည်။ သူက ကျန့်ဝူရွှမ်း၏ ဓားချက်များအကြား အနည်းငယ် ရုန်းကန်လိုက်ရသော်လည်း နောက်ဆုံးအနိုင်ရသူက သူသာလျှင် ဖြစ်နေသေးသည်။

ထို့နောက် ပွဲကြည့်ပရိသတ်က သူ့ကို အားပေးချီးမြှောက်ကြသည်။ သူတို့က လင်းဖန်ကို ထိုမောက်မာသည့် ကောင်းကင်ပါရမီရှင်များအား နိမ့်ကျသည့် နောက်ခံနှင့်ပင် အနိုင်ယူနိုင်သည်ဟု ကြွေးကြော်ကြသည်။ ထို့ကြောင့် သူတို့က သူ့အား စိန်ခေါ်မှု ဆက်လုပ်ဖို့ ဆက်တိုက် တိုက်တွန်းကြသဖြင့် သူကလည်း လုပ်ခဲ့သည်။

လင်းဖန်က ဆေးလုံးတစ်လုံး သောက်လိုက်ပြီးနောက် ကျီစုန့်အား တိုက်ရိုက်စိန်ခေါ်ခဲ့သည်။ ဤတိုက်ပွဲက အဆင့်တစ်နှင့် အဆင့်နှစ် ကောင်းကင်ရုပ်ခန္ဓာနှစ်ခု ဒဏ္ဍာရီလာ ထိပ်တိုက်တွေ့ဆုံပွဲ ဖြစ်၏။ အသင်္ချေအင်ပါယာကမ္ဘာ၏ ခေတ်ကာလများစွာ တစ်လျှောက် မျိုးဆက်အနည်းငယ်သာ ဤသို့ဖြစ်ရပ်မျိုးကို ကြုံတွေ့ဖို့ ကံကြမ္မာဖန်တတ်ကြသည်။

တိုက်ပွဲက လူအားလုံး မျှော်လင့်ထားသလို ဖြစ်၏။

လင်းဖန်က ကျီစုန့်၏ ပင်ကိုစွမ်းရည်ကြောင့် ဒဏ်ရာအပြင်းအထန် ရရှိသွားသော်လည်း သူက နောက်ဆုံး အနိုင်ရရှိသူသာ ဖြစ်နေသေးသည်။ သူ့ပရိသတ်များကို ကျေနပ်စေရန်အတွက် ရက်အနည်းငယ်အနားယူပြီး တိထျန်းကို စိန်ခေါ်မည်ဟု ကြွေးကြော်ခဲ့သည်။ ထို့နောက် သူ အနိုင်ရပြီးလျှင် ဝမ်ဝေ့ကိုပါ စိန်ခေါ်မည်ဟု ပြောကြားခဲ့သည်။

လင်းဖန်က သူသည် ထိုနှစ်ယောက်အတွက် ပြိုင်ဘက် မဟုတ်သေးကြောင်း သိထားသော်လည်း သူက ပြင်ဆင်ထားလေ၏။ သူက ယခင်တိုက်ပွဲများက သင်ယူထားခဲ့ပြီး သူ့အင်အားများကလည်း သိသိသာသာ တိုးတက်လာခဲ့သည်။ ထို့အပြင် သူ့အင်အား တိုးတက်လာဖို့အတွက် ဇနီးသစ်လေး ရှီရှစ်နှင့် နှစ်ကိုယ်တူ ကျင့်စဉ်ကိုလည်း ကျင့်ကြံနိုင်သေးသည် မဟုတ်ပါလော။

ထို့ကြောင့် တိထျန်းနှင့် မရင်ဆိုင်ခင် လင်းဖန်က ရှီရှစ်သာမက သူ၏ တခြားဇနီးများ၊ ကိုယ်လုပ်တော်များနှင့်အတူ ကာမသုခ ခံစားရင်း ရက်ပိုင်းကြာ ကုန်ဆုံးခဲ့သည်။

………..

ထိုစဉ် တိုက်ပွဲစင်မြင့်အတွင်း ပရိသတ်များက လင်းဖန်ဆီ လက်ကိုမြှောက်ကာ ကျောက်ရုပ်ဖြစ်သွားသလိုမျိုး ရပ်တန့်သွားသည်ကို မြင်လိုက်ရသည်။

စုယာအတွက်မူ သူက ရပ်တန့်နေသည့် လင်းဖန်ကိုကြည့်ကာ လှောင်ပြောင် လိုက်၏။

ရှင့်ရဲ့ ပင်ကိုယ်စွမ်းရည်က အားကောင်းတဲ့ ခန္ဓာကိုယ်နဲ့ ပြိုင်ဘက်ကင်းစွမ်းအားကို ပေးစွမ်းထားပေမဲ့ ရှင့်စိတ်ကို ကာကွယ်မပေးနိုင်ဘူး။ ဒီလိုမျိုး အဟန့်အတားမရှိ ရည်ရွယ်ချက်တွေနဲ့ ဘယ်တော့မှ အဆုံးမသတ်တဲ့ တဏှာရမ္မက်တွေကြား ရှင် ကျွန်မဆီက လွတ်မြောက်မယ်လို့ ထင်နေလား။ ပြီးတော့ ဒီတစ်ကြိမ် ရှင့်ရဲ့ ဝိညာဉ်ကာကွယ်ရေး ရတနာကလည်း မကယ်နိုင်တော့ဘူး

သူမက လေးနှင့်မြားကို ထုတ်ကာ အသည်းကွဲမြားဟုခေါ်သည့် တိုက်ကွက်ဖြင့် ပစ်ခတ်လိုက်သည်။ ထိုမြားက လင်းဖန်ကို ထိမှန်သွားသော်လည်း ပြန်ကန်ထွက်လာခြင်း မရှိသလို အမှတ်အသားလည်း မချန်ထားရစ်ခဲ့ပေ။ သို့သော်လည်း သိပ်မကြာခင် သူက သေခါနီး ဝက်များထက်ပင် ပိုပြီး ကျယ်ကျယ်လောင်လောင် အော်ဟစ်နေသည်။

လင်းဖန်က ထိုသာယာမှုများမှ နိုးထလာပြီးနောက် သူ့ခန္ဓာကိုယ်အနှံ့ ဖြတ်ပြေးသွားသည့် ဆိုးဆိုးရွားရွား နာကျင်မှုမျိုးကို ခံစားလိုက်ရသည်။ ထိုနာကျင်မှုက ရုပ်ပိုင်းဆိုင်ရာ မဟုတ်ဘဲ စိတ်ပိုင်းဆိုင်ရာ ဖြစ်၏။ သူ့ဇနီးများက သူ့ရန်သူများနှင့် ဖောက်ပြန်သွားသလိုမျိုး ဖြစ်သည်။

သိပ်မကြာခင် သူက မြေပြင်ပေါ် လဲကျသွားပြီးနောက် သတိမေ့မြောသွားလေသည်။ ပွဲကြည့်ပရိသတ်များက ဘာဖြစ်သွားလဲဟု စဉ်းစားနေကြသည်။ လူတချို့ကတော့ အတွေးအတူတူ တွေးမိလိုက်ကြသည်။

ဘယ်လောက်တောင် ကြောက်ဖို့ကောင်းတဲ့ ပုံရိပ်ယောင်လဲ။ ဘယ်လောက်တောင် ကြောက်ဖို့ကောင်းတဲ့ ပင်ကိုစွမ်းရည်လဲ

စုယာ တစ်ယောက်တည်းသာ အဆုံးမဲ့စိတ်လိုအင်ဆန္ဒ ပုံရိပ်ယောင်ဟု ခေါ်သည့် ပင်ကိုစွမ်းရည်၏ ကြောက်မက်ဖွယ်အကြောင်းကို သိပေသည်။ ထိုအရာက ပစ်မှတ်ထားခံရသူ၏ လိုအင်ဆန္ဒနှင့် လိုလားချက်များအပေါ် မူတည်ပြီး ပြီးပြည့်စုံသော ပုံရိပ်ယောင်ကို ဖန်တီးနိုင်စွမ်း ရှိလေသည်။

သူတို့တွင် စိတ်ခံစားချက်နှင့် လိုအင်ဆန္ဒများ ရှိနေသရွေ့ ထိုစွမ်းအင်မှ လွတ်မြောက်နိုင်မည့်သူ မရှိပေ။

အခြေခံအကျဆုံး အသက်ရှင်ဖို့ စိတ်ခံစားချက် ရှိနေလျှင်ပင် …

အကယ်၍ လူတစ်ယောက်က စိတ်ခံစားချက် သို့မဟုတ် လိုအင်ဆန္ဒများ မရှိလျှင် ထိုလူက အသက်ရှင်နေခြင်း မဟုတ်ပေ။

လင်းဖန် ရှုံးနိမ့်သွားပြီးသည့်နောက်တွင် စုယာက ထွက်ခွာသွားသည်။ အကယ်၍ အခွင့်အရေးသာ ရပါက သူ့ကို နေရာမှာတင် သတ်ပစ်ချင်သော်လည်း ကျောင်းတော်က ခွင့်ပြုထားမည် မဟုတ်ကြောင်း သိလေသည်။

တိုက်ပွဲ ပြီးဆုံးသွားသည့်နောက်တွင် သူမက ဂိုဏ်း၏ မျှောလွင့်ရုံထဲသို့ ပျံသန်းသွားလေသည်။ သူမ ဝင်ရောက်သွားပြီးသည့်နောက် သက်ပြင်းချကာ ထိုင်လိုက်၏။ ပထမဆုံး သူမ လုပ်သည့်အရာက ကျမ်း ၇ခု မြောလွင့်နေသည့် အံ့ဖွယ်ပင်လယ်ကို စစ်ဆေးကြည့်ခြင်း ဖြစ်၏။

“ သူ့ ဟွင်သွမ်းချီဝင်လာတာကို တားဆီးဖို့ ငါ သူတို့ရဲ့ စွမ်းအားကို ထုတ်သုံးလိုက်ရတယ်။ ဒါပေမဲ့ သူတို့ချန်ခဲ့တဲ့ အစွန်းအထင်းက ငါထင်ထားတာထက် ပိုများနေတာပဲ” စုယာက ရေရွတ်လိုက်သည်။

အရာအားလုံး အဆင်ပြေကြောင်း သေချာအောင် လုပ်ပြီးနောက် သူမက တိုက်ပွဲစင်မြင့်တွင် အခြေအနေတစ်ခု ဖြစ်ပွားနေကြောင်း သိရှိလိုက်ရသည်။

All Chapters