ငါတို့ အသင်းလူစုံသွားပြီ
Vol. 23 Ch. 313
နင်ဂျာကိုရေထဲသို့ ပြန်လည်ပစ်ချပြီးသည့်နောက်တွင် ခပ်လှမ်းလှမ်းရှိ သစ်ပင်မှာ တရှဲရှဲမြည်လာတော့သည်။
အနက်ရောင်ပုံရိပ်သုံးခုမှာ အလွန်အမင်း သက်ဝင်လှုပ်ရှားနေ၏။ ၄င်းတို့မှာ အမှောင်ထုနှင့်တစ်သားတည်းဖြစ်စေမည့် မန္တာန်အသုံးပြုထားသည်ဖြစ်ရာ တစ်စုံတစ်ယောက်က သူတို့အား တိုက်ရိုက်ကြည့်ရှုနေပင်လျှင်တောင်မှ ၄င်းတို့တည်ရှိနေမှုအား ထောက်လှမ်းနိုင်ရန် ခက်ခဲလှပေသည်။
“ခိုဂျီစံကတော့ အသတ်ခံလိုက်ရပြီ။ မာစတာ ဟတခဲ ရွှန်းရွှန်းရှိ ကျွန်တော်တို့ သူ့အတွက် လက်စားချေရမယ်” အနက်ရောင် အရိပ်တစ်ခုမှ ဒေါသဖြင့် ပြောလာ၏။
“အလျင်မလိုစမ်းနဲ့” အဖြူရောင်ဆံပင်နှင့်လူကြီးက အန်လင်းနှင့် သူ၏ အဖွဲ့အား အလေးအနက်စိုက်ကြည့်ကာ ပြောလာ၏။ “ခိုဂျီစံက စိတ်ဝိညာဥ် ပျိုးထောင်ခြင်း ကနဦးအဆင့်ဖြစ်နေပြီ။ အဲ့လူက ရေကန်အခြေက သူ့တည်ရှိမှုကို အာရုံခံနိုင်ပြီး သတ်ပစ်နိုင်တယ် ဆိုကတည်းက အရမ်းအစွမ်းထက်နိုင်တယ်။ အဲ့ဒီ့အပြင် ငါတို့က သူ့သူငယ်ချင်းတွေရဲ့ စွမ်းအင်အဆင့်ကို မသိသေးဘူး။ အခြေအနေတွေကို အရင်ဆုံးစောင့်ကြည့်တာ အကောင်းဆုံးပဲ”
“ဒါဆိုရင် ခိုဂျီစံအတွက် လက်စားမချေပေးတော့ဘူးလား” နောက်ထပ် အနက်ရောင် အရိပ်တစ်ခုက ပြင်းပြစွာပြောလာ၏။
“သောချာပေါက် လက်စားချေရမှာပေါ့။ ဒါပေမဲ့ အခုက အချိန်မတန်သေးဘူး။ “ဟတခဲ ရွှန်းရွှန်းရှိက တုံ့ပြန်လိုက်၏။ “ကောင်းကင်ဘုံရေကန်က ချန်ပိုင်တောင်မှာ စွမ်းအင်တွေ အသိပ်သည်းဆုံးနေရာပဲ။ ရှားပါး ရတနာပဲဖြစ်ဖြစ် ပျက်စီးခြင်းပဲ ဖြစ်ဖြစ် ပေါ်လာမယ်ဆိုရင် အဲ့ဒီမှာပဲပေါ်လာလောက်မယ်။ အဲ့လိုအရာတွေ ပေါ်လာပြီဆိုတာနဲ့ အရာအားလုံးက ကသောင်းကနင်းဖြစ်လာပြီးတော့ ကန့်သတ်မဲ့ တိုက်ပွဲဖြစ်လာလိမ့်မယ်။ ငါတို့က ချောင်းမြောင်းတိုက်ခိုက်ခြင်းရဲ့ ဆရာသခင်တွေပဲ။ တိုက်ပွဲစမှ အဲ့ဒီလူတွေကို သတ်မယ်ဆို ငါတို့အတွက် ပိုလွယ်ကူလိမ့်မယ်”
တခြားသော အနက်ရောင် အရိပ်နှစ်ခုမှာ ထောက်ခံခေါင်းညိမ့်လာ၏။ သူတို့ ဆရာသခင်၏ အားအင်နှင့် သတိကြီးမှုတို့ဟာ ၄င်းတို့ကြာရှည်အောင်မြင်ရခြင်း၏ သော့ချက်ပင်ဖြစ်သည်။ ခိုဂျီစံကို သတ်ခဲ့သည့်ထိုလူအား အနည်းငယ်ပိုပြီး အသက်ရှည်ဖို့ ခွင့်ပြုထားလိုက်ပါမည်။
“ပိုပြီး စွမ်းအားကြီးတဲ့ ကျင့်ကြံသူတွေ လာနေပြီ” ဟတခဲ ရွှန်းရွှန်းရှိက လေထုထဲသို့ မော့ကြည့်ရင်းဆိုလာ၏။
သူသည် ဓားပျံကိုစီးကာ အန်လင်းဘေးသို့ ဆိုက်ရောက်လာသော ကျင့်ကြံသူနှစ်ယောက်ကို တွေ့လိုက်ပေ၏။
ထိုမြင်ကွင်းက နင်ဂျာများကို ပိုမို ထိတ်လန့်သွားစေပါတော့သည်။
ထိုနှစ်ယောက်မှာ ဓားပျံစီးနှင်းနိုင်သည်ဖြစ်ရာအနည်းဆုံးတော့ သေချာပေါက် စိတ်ဝိညာဥ်ပျိုးထောင်ခြင်းအဆင့် ကျင့်ကြံသူများ ဖြစ်ပေလိမ့်မည်။ ဆိုလိုသည်မှာ အန်လင်းတို့ အသင်းမှာ ပိုမို အင်အားကောင်းမွန်လာသည်ဖြစ်၏။
“စိတ်မပူပါနဲ့။ သူတို့က စိတ်ဝိညာဥ်ပျိုးထောင်ခြင်းအဆင့် ကျင့်ကြံသူနှစ်ယောက်တည်းပါ။ သူတို့က ငါလောက် အစွမ်းမထက်သ၍ ဘာမှလုပ်နိုင်မှာ မဟုတ်ဘူး” ဟတခဲ ရွှန်းရွှန်းရှိက ယုံကြည့်မှု အပြည့်ဖြင့်ဆိုလာ၏။
သိပ်မကြာမီမှာပင် နောက်ထပ် အမျိုးသားတစ်ဦးက ဓားပျံစီးကာ ပျံသန်းလာပြန်သည်။
ထိုသူမှာ သူ၏ အရှိန်အဝါအား လုံးဝ မှေးမှိန်မထားရာ ၄င်း၏ ပတ်ပတ်လည်တွင် အရှိန်အဝါများက လှိုင်းများသဖွယ် ပျံသန်းနေပေ၏။ ထိုသူ၏ အရှိန်အဝါ အားအင်မှာ ဟတခဲရွှန်းရွှန်းရှိကိုယ်တိုင်ထက်ပင် သာလွန်နေပေသည်။ ထိုသူမှာလည်း အန်လင်း၏ဘေးသို့ ဆင်းသက်သွား၏။
ဟတခဲရွှန်းရွှန်းရှိ၏ နှုတ်ခမ်းမှာအနည်းငယ်တွန့်ကွေးသွားသော်လည်း သူ၏နောက်လိုက် နင်ဂျာများကို အားပေးရန် စကားဆိုလိုက်၏။
“ငါတို့က ချောင်းမြောင်းတိုက်ခိုက်ခြင်းရဲ့ ဆရာသခင်တွေလေ။ ငါတို့ထက် သန်မာတဲ့ ရန်သူတွေကို မရေမတွက်နိုင်အောင် ရှင်းလစ်ပစ်ပြီးပြီပဲ။ သူတို့ရဲ့ သာလွန်နေတဲ့ ကျင့်ကြံခြင်းအခြေခံက ငါ့တို့အတွက် ဘာအဓိပ္ပာယ်မှမရှိပါဘူး”
တစ်ခြားသော နှစ်ယောက်မှာ သဘောတူညီစွာခေါင်းညိမ့်လာကြ၏။ သူတို့၏ နင်ဂျာသက်တမ်းတစ်လျောက် မည်သူ့ကိုမှ မကြောက်ရွံ့ဖူးပါချေ။
ထိုအခိုက်အတန့်မှာပင် တခြားသော ပန်းရောင်လမ်းကြောင်းတစ်ခုသည် တိမ်များကို ဖြတ်သန်း၍ ပေါ်ပေါက်လာပြန်၏။
မိန်းမလှလေးတစ်ဦးက ကောင်းကင်မှဆင်းသက်လာကာ အန်လင်းဘေးသို့သက်ဆင်းလာခဲ့၏။ သူမ၏ အရှိန်အဝါမှာ သမုဒ္ဒရာပြင်ကဲ့သို့ကျယ်ပြန့်ပြီး သူမသည် အစွမ်းထက် နတ်ဘုရားမ တစ်ပါးဖြစ်ပုံရ၏။
ဟတခဲရွှန်းရွှန်းရှိက လုံးဝကို တိတ်ဆိတ်သွားလေတော့သည်။
“အသင်းခေါင်းဆောင်...” နောက်လိုက်များထဲမှ တစ်ဦးက ကြောက်လန့်တကြား အော်ဟစ်လာ၏။
“မင်းတို့အကုန်လုံး ငါတို့ရဲ့တာဝန်က ဘာလဲဆိုတာ မှတ်မိတယ်မလား” ဟာတခဲရွှန်းရွှန်းရှိက မေးလာ၏။
“ကျွန်တော်တို့က ရှားပါးရတနာအတွက်တိုက်ခိုက်ပြီးတော့ ဘယ်အခက်အခက်ကိုမဆို ကျော်လွှားဖို့ ဒီကိုရောက်လာကြတာပါ” တစ်ခြားသော နှစ်ယောက်ကပြန်ဖြေလာ၏။
“မှန်တယ်။ နင်ဂျာတွေအနေနဲ့ ငါတို့ရဲ့ တာဝန်ကရော ဘာလဲ” ဟတခဲ ရွှန်းရွှန်းရှိက ဆက်ပြောလာ၏။
“ကျွန်တော်တို့ရဲ့ တာဝန်က အရာအားလုံးထက် ကျွန်တော်တို့ အသက်ကို စတေးရမယ်ဆိုရင်တောင်မှ တာဝန်ကို ဦးစားပေးဆောင်ရွက်ရမှာ ဖြစ်ပါတယ်” နင်ဂျာနှစ်ဦးထဲမှ တစ်ဥိီးက စိတ်အားထက်သန်စွာဖြေလာ၏။
“ကောင်းတယ်။ မင်းတို့က ကိုယ့်နေရာကို သေချာသိသားပဲ။ ငါတို့ရဲ့ အဓိကရည်ရွယ်ချက်က မစ်ရှင်ကို ပြီးမြောက်အောင်လုပ်ဖို့ပဲ။ ကလဲ့စားချေဖို့မဟုတ်ဘူး။ ခိုဂျီစံရဲ့ သေဆုံးခြင်းက အမှန်တကယ်ကို ကံဆိုးမိုးမှောင်ကျသွားတာပဲ။ ဒါပေမဲ့ ငါတို့က အားလုံးထက် မစ်ရှင်ကို အဓိက ဦးစားပေး လုပ်ဆောင်ရမယ်” ဟတခဲရွှန်းရွှန်းရှိက အခိုင်အမာပြောလာ၏။
“ငါတို့အသင်းခေါင်းဆောင်ရဲ့ ပညာရှိမှုကတော့ ပြိုင်စံရှားပဲ” နင်ဂျာနှစ်ဦးက တစ်ညီတစ်ညွတ်တည်း ရေရွတ်လိုက်လေ၏။
နင်ဂျာသုံးဦးက သူတို့၏ အသက်များကို ပြန်လည် တန်ဖိုးဖြတ်နေစဥ် အတောအတွင်း အန်လင်းတို့မှာလဲ ခုခံကာကွယ်ရေး မန္တာန်ရေးဆွဲခြင်း ပြီးဆုံးသွားလေပြီဖြစ်သည်။
“ဟူး ပြီးသွားပြီ။ ဒါက တိုက်ချီ စွမ်းအင်ပေါ်ပေါက်လာရေးကို ဖီးနစ်မီးတောက်၊ရွှေရောင် လျှပ်စီးပေါ်ပေါက်လာရေးနဲ့ နှစ်ဆပေါင်းစည်းထားတာ။ ဝိညာဥ်ဖွဲ့စည်းခြင်းအဆင့် ကြင့်ကြံသူတွေဝင်လာရင်တောင်မှ သေချာပေါက်ကို ပြင်းပြင်းထန်ထန် ဒဏ်ရာရစေမှာ။” စုရှောင်လန်က ရွှင်မြူးတက်ကြွစွာ လက်ခုပ်တီးလာ၏။
ရွှမ်ယွမ်ချန်က ပျင်းယိစွာ အကြောလျော့ပြီးနောက် “ငါ ခဏလောက် တရားထိုင်လိုက်အုံးမယ်”
“အလုပ်ကြိုးစားပေးလို့ ကျေးဇူးပါ။ ငါးတွေ ကျက်တဲ့ အခါမင်းကို ခေါ်လိုက်မယ်နော်။ ကောင်းကင်ဘုံ ရေကန်က ငါးတွေက အရမ်းကို အရသာရှိတာ” အန်လင်းက သူ့ရှေ့က မီးအားဆော့ကစားနေရင်းဖြင့် ပြုံးပြီးပြောလာ၏။
မကြာမီမှာပင် စွဲမက်ဖွယ်ငါးကင်၏ ရနံ့မှာ လေထုထဲသို့ သင်းပျံ့လာတော့၏။
ယောင်မင်ရှီနှင့် ဟူကွမ်တို့မှာ မီးတောက်ပေါ်ရှိ ငါးကင်အား အရောင်တောက်တောက် မျက်လုံးများဖြင့်ငေးကြည့်ကာ နှုတ်ခမ်းတစ်သပ်သပ်ဖြစ်နေကြ၏။
အရသာကောင်းလား မကောင်းဆိုတာက နောက်မှဖြစ်သည်။ အရေးကြီးသည့် အချက်မှာ သူတို့၏ အိုင်ဒဲလ်က သူတို့အတွက် ချက်ပေးထားတာဖြစ်၏။
အိုင်ဒဲလ် ကိုယ်တိုင်ချက်ကျွေးသော ငါးကင်ကို စားရသည်မှာ အလွန်အမင်း ကံကောင်းလှသည်ဖြစ်၏။ မစင်အရာဖြစ်နေပင်လျှင်တောင်မှ သူတို့က တစ်ကိုက်မှ မကျန်အောင် စားပစ်မည်ဖြစ်သည်။
လျှိုချင်ဟွမ်မှာလည်း သူမ၏ ဖုန်းကို ဘေးသို့ချထားကာ အန်လင်းဆီသို့ ဖြည်းဖြည်းချင်းလျှောက်လာကာ မီးဖိုပေါ်မှ ငါးကို စိတ်ဝင်တစားကြည့်ရှုနေလေ၏။
ယနေ့တွင်တော့ သူမသည် အပန်းရောင်နှင့် အပြာရောင်ပါရှိသော သင်္ဘောသား ယူနီဖောင်းကို ဝတ်ဆင်ထားပြီး ခရမ်းရောင်ခေါင်းစည်းများဖြင့် နှစ်ဖက်မြောက်ကာစည်းထားပေသည်။ သူမ၏ ပြည့်မျိုးမှဲ့မထင် သွင်ပြင်များနှင့် သူမ၏ အဝတ်အစားတွဲဖက်လိုက်သောအခါမှာတော့ အလွန်အမင်း ဆွဲဆောင်မှုရှိပြီး အားအင်ပြည့်ဝသော တွဲဖက်မှုကို ဖြစ်ပေါ်စေတော့သည်။
အန်လင်းက သူ့၏ ယာယီစားဖိုမှုအလုပ်တွင် အလွန်အမင်း သစ္စာစောင့်သိပြီး သူ့၏ မျက်လုံးများက ငါးအပေါ်မှာပဲ မြဲမြံနေကာ လျှိုချင်ဟွမ်ဆီသို့ မရောက်သည်မှာ အလွန် သနားဖို့ကောင်းလှပေသည်။
သူက လှန်လိုက်၊လှီးလိုက်၊ဟင်းခတ်အမွှေးအကြိုင်ထည့်လိုက်နှင့်ပင် ထပ်တလဲလဲပြုလုပ်နေ၏။ သူ၏ လှုပ်ရှားမှုများမှာ အလွန်အမင်း ချောမွေ့နေကာ လေ့ကျင့်ထားသကဲ့သို့ပင်။
“ဟေ့ဟေ့ အဲဒါ ဘာဟင်းခတ်အမွှေးအကြိုင်အမျိုးအစားလဲ”
“အဲဒါက ကျက်ပြီလားဟင်ဦးအနံ့လေးက မွှေးလိုက်တာ”
“ငါ့မှာ နှစ်တစ်ရာ သစ်သီးနဲ့ ဝိညာဥ္ဆီနည်းနည်းရှိတယ်။ ငါတို့ အဲဒါတွေ နည်းနည်းထည့်လို့ရလား”
လျှိုချင်ဟွမ်အတွက် ငါးကင်ခြင်းသည် အတော်လေး စိတ်ဝင်စားဖွယ်ကောင်းသည်မို့ သူမ၏ နှုတ်ခမ်းအား မေးခွန်းမျိုးစုံ ထွက်လာစေတော့၏။
ပထမဆုံး ငါးကင်က အသင့်ဖြစ်နေလေပြီ။
လျှိုချင်ဟွမ်၊ဟူကွမ်နှင့် ယောင်မင်ရှီတို့မှာ မျှော်တလင့်လင့်နှင့် ပါးစပ်သပ်လိုက်လေ၏။
သို့သော် အန်လင်းမှာ ပထမဆုံးငါးကင်အား အနီးနားတွင် တရားထိုင်နေသော စုရှောင်လန်ဆီသို့ ကမ်းပေးလိုက်၏။
စုရှောင်လန်က ငါးကင်ကို အပြုံးလေးနှင့်လက်ခံကာ ပြောလာ၏။ “ကျေးဇူး”
“ရပါတယ်။ မင်းကြိုက်တယ်ဆို ထပ်ကင်ပေးမယ်လေ” အန်လင်းက ပျော်ရွှင်စွာပြန်ဖြေလိုက်၏။
ထို့နောက်တွင်မူ သူက အလွန်ကောင်းမွန်သော စိတ်အခြေအနေဖြင့် တခြားသော ငါးများကင်ခြင်းဆီသို့ ပြန်လည်စိတ်နှစ်ထားပေတော့၏။
လျှိုချင်ဟွမ်မှာ ဒေါသကြောင့် အံကြိတ်ကာ ခက်ထန်သောအမူအရာဖြင့် အန်လင်းကို စိုက်ကြည့်ပြီး ဆိုလာ၏။
“ဟေး မင်းက ဘာလို့ အဲ့လောက်တောင်ဘက်လိုက်ရတာလဲ။ ငါက မင်းဘေးမှာ တစ်လျှောက်လုံး အားပေးနေတာတောင်မှ ပထမဆုံးငါးကင်ကို စုရှောင်လန်ကို ပေးပြီးတော့ ငါ့ကို ပြန်ပေးဆပ်လိုက်တာပေါ့လေ”
“ကျွန်တော့ကို အားပေးတယ်” အန်လင်းက မျက်လုံကို လှန်လိုက်ပြီးနောက် “မင်းလုပ်တာက ငါ့ကို နှောက်ယှက်တာပဲရှိတာကို...”
လျှိုချင်ဟွမ်မှာ အန်လင်း၏ အင်္ကျီလက်ဖျားကို ဒေါသတကြီးဆောင့်ဆွဲလိုက်ကာ “မင်းဘာပြောပြော ဂရုမစိုက်ဘူး။ ဒုတိယမြောက်ငါးကတော့ ငါ့အတွက်ဖြစ်ရမယ်...”
“ဟုတ်ပြီ” အန်လင်းက တည်တည်ကြည်ကြည်ပင်ခေါင်းညိမ့်လိုက်၏။ “စုရှောင်လန်က နောက်ထပ်ငါးကို မလိုချင်တော့ဘူးဆိုရင် ဒုတိယတစ်ခုကမင်းအတွက် ဖြစ်စေရမယ်”
လျှိုချင်ဟွမ် “...”
သိမ်မကြာခင်မှာပင် ထျန်းလင်းလင်းနှင့် မြွေဖြူ ဝိညာဥ်တို့မှာလဲ အသင်းဆီသို့ ပူးပေါင်းလာကြ၏။
ထျန်းလင်းလင်းမှာ အလွန်စကားများပြီး ပွင့်လင်းသည်ဖြစ်ရာ မကြာမီမှာပင် အသင်းနှင့် ဝင်ဆံ့သွားလေတော့၏။
မြွေဖြူဝိညာဥ်မှာမူ မထင်မှတ်လှစွာ အလွန်ရှက်တတ်ပြီး သိုသိုသိပ်သိပ်နေတတ်သူဖြစ်နေ၏။ သူမက တိတ်ဆိတ်မသွားခင်မှာ ကိုယ်တိုင်မိတ်ဆက် ခပ်တိုတိုလေးပဲ ပြောလာခဲ့သည်။ မှတ်သားစရာတစ်ခုတည်းရှိသည်ကတော့ သူမသည် အန်လင်းနှင့် ပတ်သတ်လျှင် အလွန်အမင်းတက်ကြွနေခြင်းပင်။
သူမက အန်လင်းအနားမှာပဲ ဝေ့လည်နေပြီး သူမ၏ စကားလုံးများမှာလဲ “စီနီယာ အဆိပ်သခင် ဒီဟာ”၊ “စီနီယာ အဆိပ်သခင် ဟိုဟာ” စသည့် စကားများနှင့် ပြည့်နှက်နေလေ၏။ သူမသည် ယောင်မင်ရှီ၊ဟူကွမ်တို့နှင့်ပူးပေါင်းကာ အထူးပရိသတ် သုံးဦးအဖွဲ့ကို ဖွဲ့ရန် သိပ်မကြာလိုက်ပါချေ။
မြွေဖြူဝိညာဥ်၏ သွင်ပြင်များမှာ အလွန်အမင်းကောင်းမွန်ပြီး နူးညံ့သည်ဟုဖော်ပြရန် အလွန်ပင် သင့်တင့်လှ၏။ သူမ၏ အသားအရေမှာ ကျောက်စိမ်းကဲ့သို့ဖြစ်ပြီး သူမတွင် ဘဲဥပုံသဏ္ဍာန် မျက်နှာလေးရှိ၏။ သူမ၏ ခါးလေးမှာ သေးသွယ်ပြီး ကျိုးလွယ်သည့် မိုးမခ ကိုင်းလေးကဲ့သို့ပင် သူမ၏ ဆံနွယ်ကလေးများမှာလဲ လှပသည့် ပန်းချီကားလေးထဲမှ ထွက်လာသကဲ့သို့ပင်ဖြစ်၏။
သူမ၏ အလှအပ ကြောင့်ဖြစ်မည်ထင်သည် အန်လင်သည် ထိုအထူး စူပါပရိသတ်ကြောင့် စိတ်အနှောက်အယှက် သိပ်မဖြစ်ပါချေ။
ထိုသည်မှာ အဓိပ္ပာယ်တော့ရှိလှပေသည်။ နောက်ဆုံးတွင်တော့ အမျိုးသမီးလှလှလေးတစ်ဦးက သင့်အား စိတ်အားထက်သန်မှု၊ရိုသေလေးစားမှုများဖြင့် ကြည့်ရှုနေခြင်းက အမျိုးသားနှစ်ဦးက ထိုသို့ကြည့်ရှုနေခြင်းထက်တော့ ပိုမိုကောင်းမွန်လေ၏။ ပထမတစ်ခုမှာ စိတ်ဓာတ်မြှင့်တင်ပေးသည့် သဘောထားဆောင်ပေသည့် ဒုတိယတစ်ခုမှာတော့ စိတ်ဓာတ်ကျဖွယ် ကျက်သည်းထစရာပင်ဖြစ်လေ၏။
သို့ဖြစ်ပါ၍ အသင်းမှာ ပြည်ပြည့်ဝဝ စုစည်းပြီးဖြစ်ကာ နောက်တစ်နေ့ သင်္ချိုင်းဂူ ပွင့်လာသည်ကို စောင့်ရန်သာ လိုပါတော့သည်။
***