← Chapters

ရှောင်ယန် သင်္ချိုင်း

Vol. 23 Ch. 314

ရှောင်ယန် သင်္ချိုင်း

Vol. 23 Ch. 314

ရှောင်ပိုင်တောင်၏ ကောင်းကင်ဘုံရေကန်တွင် ညဥ့်ဦးယံ ရောက်လာချေပြီ။

အထက်ကောင်းကင်ယံ၌ အ​ရောင်၅ရောင်ရှိသော အလင်းတန်းက ရုတ်တရက် ပေါ် ထွက်လာ၏။

ရေကန်ပြင်ထဲရှိ ရေပြင်မှာ ၄င်း၏အထက်ရှိ မှင်သက်ဖွယ်ရှုခင်းကို အလင်ပြန်ကာ ညကောင်းကင်ယံ၏ ပုံရိပ်ကို ကြေးမုံသဖွယ် ထင်ဟပ်နေစေ၏။

ရောင်၅ရောင်ရှိ အလင်းများက ခေတ္တမျှပင် ပေါ်လာသော်လည်း ချန်ပိုင်တောင် ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူအားလုံးနီးပါးမှာ ထိုမြင်ကွင်း၏ ဆွဲဆောင်ခြင်းကိုခံလိုက်ရပေသည်။

အန်လင်းနှင့် တခြားသူများကလည်း ထိုအရာကို သတိပြုမိရန် အချိန်မကြာလိုက်လိုက်ပါချေ။ သူတို့ အားလုံးပြုလုပ်ရန်မှာ အကာအကွယ်စည်းအတွင်း သင်္ချိုင်းဂူပွင့်လာသည် အထိစောင့်နေရန်သာဖြစ်သည်။

အစွမ်းထက် ကျင့်ကြံသူအမြောက်အများမှာ နေရာပေါင်းစုံမှ စုစည်းရောက်ရှိလာကာ အမှောင်အရိပ်များမှာ တောအုပ်အတွင်းဝင်ရောက်တိုးဝှေ့ကာ ၄င်းတို့ရောက်ရှိမှုကို သံတော်ဆင့်လျက်ရှိပေ၏။ လေထုမှာ အထူးသဖြင့် တည်ကြည်လာကာ တင်းမာစပြုလာပေပြီ။ တိုက်ပွဲက အကြာမီ အစပြုတော့မည့် သယောင် ဖြစ်နေလေ၏။ ထင်ထင်ရှားရှားတစ်စုံတစ်ခု ပေါ်ထွက်လာသည်နှင့် တစ်ပြိုက်နက် အရာရာတိုင်းသည် ကန့်သတ်မဲ့ တိုက်ပွဲအတွင်းသို့ ကျရောက်သွားမည် ဖြစ်ပေသည်။

ထျန်းလင်းလင်းနှင့် လျှိုချင်ဟွမ်မှာတော့ တိုက်ပွဲအတွင်းရောက်ရှိနေပြီး ဖြစ်သည်။

သူတို့မှာ ထျန်းလင်းလင်းက စိန်အဆင့်ထိရောက်ရှိနေပြီ ဖြစ်ကြောင်း ကြွားဝါထားသောLeague of Valor ဟုခေါ်သည့် ဂိမ်းအသစ် တစ်ခုကို ဆော့နေကြခြင်းပင်။ သူမမှာ လျှိုချင်ဟွမ်၏ ရိုက်နှက်ခြင်းကို ခံနေရသည်ဖြစ်၏။

သူမ မည်သည့်အတွက်ကြောင့် ဆက်လက်ဆော့နေသလဲဟု မေးပါကမူ...

ဘာလို့လဲဆိုတော့ အဲဒါပိုက်ဆံရလို့လေ

၂နာရီကြာ ဂိမ်းဆော့ပြီးတိုင်း စိတ်ဝိညာဉ် ကျောက်တုံး ၁၀၀ ရမည်ဖြစ်သည်။ အရူးများသာ ထိုအပေးအယူကို ငြင်းဆန်ပေလိမ့်မည်။

သေချာပေါက် သူမ မသိသည်ကတော့ စုစည်းညီညွတ် ကျင့်ကြံခြင်း ကျောင်းတော်ကြီးမှာတုန်းကဆို လျှိုချင်ဟွမ်က အန်လင်းအား နှစ်နာရီတိုင်းမှာ စိတ်ဝိညာဥ်ကျောက်တုံး ၁၀၀၀ ပေးခဲ့သည်ဆိုတာကိုပင်။

သို့သော် ထိုအရာမှာ အရေးမပါလှပေ။ ထျန်းလင်းလင်းသည်လည်း ထိုအကြောင်းအရာကို လုံးဝ မသိနိုင်ပါ။ သူမက ဖျက်ဆီးခံနေရသော်လည်း ပျော်ပျော်ရွှင်ရွှင်ကြီး ဆော့နေဆဲ ဖြစ်သည်။

လျှိုချင်ဟွမ်သည်လည်း ပျော်ရွှင်စွာ ဆော့ကစားနေလေ၏။

လူတိုင်းက ပျော်ရွှင်နေပေရာ ဤသည်မှာ နှစ်ဦးနှစ်ဖက် အကျိုးရှိသည့် အခြေအနေပင်ဖြစ်၏။

ကောင်းကင်ဘုံရေကန်၏ ဘေးဘက်ရှိ တောင်ပေါ်တွင်တော့ အန္တရာယ် အငွေ့အသက်များ ထုတ်လွှင့်နေသော ကြက်သွေးရောင် မျက်ဝန်းတစ်စုံမှာ သစ်ပင်များထဲမှ ချောင်းမြောင်းနေလေ၏။

ထိုမျက်ဝန်းများ၏ ပိုင်ရှင်မှာ ဒူခေးဟု အမည်ရသော အလွန်အမင်း ချောမောသည့် လူကြီး တစ်ဦးဖြစ်လေ၏။ ထိုသူမှာ သာလွန်သွေးနတ်ဘုရား တစ်ပါးဖြစ်ကာ အနောက်ပိုင်း သွေးမျိုးနွယ်စုများထဲတွင် စွမ်းအားအကြီးဆုံး ဖြစ်တည်မှုဖြစ်၏။ သို့ပေသိ ထိုသူမှာ ယခုတွင်မူ အလွန်အမင်း ဖရိုဖရဲနှင့် စိတ်မကောင်းဖွယ် အခြေအနေတွင်ရောက်ရှိနေပေ၏။ သူ့၏ အဝတ်အစားများနှင့် အနီရောင် ဝတ်ရုံကြီးမှာ ဖဲကြိုးများသဖွယ် တွဲလောင်းကျနေပြီး လမ်းမထက်က သူတောင်းစားများအသွင် ပေါက်နေလေတော့သည်။

“ဝေါင်းးး”

ထိုအခိုက်အတန့်တွင် အဝေးတောင်တန်းဆီမှ ဝံပုလွေ အူသံက ထွက်ပေါ်လာ၏။ အော်မြည်သံမှာ အဆုံးအစမရှိသော စွမ်းအားများ ပြည့်နှက်နေပုံရကာ အနီးနားရှိ တောင်တန်းများဆီသို့ပဲ့တင်ထပ်လာ၏။

“မာစတာ ဒူခေး၊ဝံပုလွေနက် မျိုးနွယ်စုက ကျွန်တော်တို့ကို စိန်ခေါ်နေပြီ” အနီရောင် ဝတ်ရုံနှင့် လူကြီးက အံကြိတ်ကာ ဆိုလာ၏။

ဒူခေးသည် အသံလာရာဆီသို့ ကြည့်ရှုလိုက်ရင်း သွေဆာလောင်သည့် အကြည့်များက ရုတ်တရက် ဖြတ်သန်းသွားကာ ချက်ချင်းပင် ပြန်လည်ပျောက်ကွယ်သွားတော့၏။

ဝံပုလွေနက် မျိုးနွယ်စု၏ ခေါင်းဆောင်မှာ အလွန်အင်အားကြီးလှသည်ဖြစ်ရာ သူ့အတွက်တော့ တိုက်ပွဲအတွင်း ဝင်ဆံ့သည့်နေရာ မရှိပါချေ။ ချန်ပိုင်တောင် နယ်ပယ်အတွင်းရှိ တိုက်ပွဲ၌ သူသည် အလျင်အမြန်ပင် ရှုံးနိမ့်သွားကာ ၁၅ကီလိုမီတာတိုင်တိုင် ထွက်ပြေးလာခဲ့ရသည်ဖြစ်၏။

“ငါတို့ အရင်ဆုံး ရှားပါးရတနာကိုပဲ ဦးစားပေးကြတာပေါ့။ ဝံပုလွေနက် မျိုးနွယ်စု အတွက်ကတော့ ..... သူတို့ ဒါအတွက် ပေးဆပ်ရလိမ့်မယ်” ဒူခေးက အေးစက်စွာ ပြန်ဖြေလာ၏။

ထိုအချိန်မှာပင် အန်လင်းနှင့် တခြားသူများသည်လည်း ဝံပုလွေ အူသံကို ကြားလိုက်၏။

အော်သံမှာ အလွန်အမင်း များပြားလှသည့် သွေးဆာလောင်မှုနှင့် ဒေါသများ ပြည့်နှက်နေသည် ဖြစ်ကာ ကောင်းကင်ဘုံ ရေကန် အနီးရှိ ကျင့်ကြံသူများအားလုံးကို ပွင့်ပွင့်လင်းလင်း စိန်ခေါ်နေသကဲ့သို့ပင်။

ထျန်းလင်းလင်းမှာ ဖြူ​ဖျော့သွားကာ အမှတ်တမဲ့ အန်လင်းအနားသို့ တဖြည်းဖြည်း တိုးကပ်သွား၏။

“ဝိုး အဲဒါ ဘယ်သူ့ ဝံပုလွေလဲ မသိဘူး။ အတော်လေး အသံကျယ်တာပဲ” လျှိုချင်ဟွမ်က အံ့ဩတကြီး ပြောလာ၏။

“အသံ ကျယ်တယ်။ ကျွန်တော့ ခွေးကတောင် ဒီထက် အသံကျယ်သေးတယ်” အန်လင်းက မထီမဲ့မြင်ပြန်ဖြေလာ၏။

“အဲ့အကောင်ကြီးက ညဖက်ကြီး ဘာလို့ အဲ့လိုရန်ပွဲ လုပ်နေတာလဲ။ ငါတို့က ဒီမှာ တရားထိုင်နေတာကို” စုရှောင်လန်က ညီးညူလိုက်၏။

“မိတ်လိုက်နေတာ ဖြစ်မှာပေါ့။ စိတ်ရှုပ်စရာ ကောင်းလိုက်တာ” တန်ရှီမန်က ပြောလာ၏။

ထျန်းလင်းလင်း “ရှင်တို့အားလုံးက ဘာလို့ အဲ့လောက်တည်ငြိမ်နေရတာလဲ။ ဒီလောက် အင်အားပြည့်တဲ့ ဟိန်းသံကြီးနဲ့ဆို အဲ့ဝံပုလွေက စိတ်ဝိညာဥ်ဖွဲ့စည်းခြင်းအဆင့် ဖြစ်နိုင်တယ်နော်”

နွေးထွေးလှသည့် အပြုံးလေး တစ်ပွင့်က ရွှမ်ယွမ်ချန်၏ မျက်နှာပေါ်တွင် ပေါ်လာကာ “ညီမလေး ထျန်း၊အဲ့ ဝံပုလွေက ညီမလေးကို ခြောက်လှန့်နေတာလား။ ကျွန်တော် အဲ့ကောင်ကြီးကို မင်းအတွက် သတ်ပေးရမလားဟင်”

“ထားလိုက်ပါ အစ်ကိုကြီးချန်ရေ၊ လိုလီလေးက အရာအားလုံးကို ကြောက်နေတာ။ မြွေလေးတစ်ကောင်ကတောင် သူ့ကိုကြောက်လန့်နေစေတာမို့ သူမကြောက်သမျှကို သတ်ပေးဖို့ဆိုတာ မဖြစ်နိုင်ပါဘူးဗျာ” အန်လင်းက လက်ကို ဝှေ့ယမ်းကာဆိုလာ၏။

“သင်္ချိုင်းဂူ ပွင့်လာတဲ့ အထိ ဒီမှာပဲ ငြိမ်ငြိမ်လေးထိုင် စောင့်နေကြရအောင်”

ထျန်းလင်းလင်းသည် မျက်နှာနီလာသည်အထိ ဒေါသဖြစ်လာသော်လည်း အန်လင်း၏ စကားများကို ချေပမပြောဆိုနိုင်ပါချေ။ အတော်ကြာပြီးမှသာ သူမက တုန့်ပြန်ချက်တစ်ခုကို ထုတ်ပြောလာနိုင်ပေ၏။ “လာလိမ်မနေနဲ့ ငါက ​မြွေဖြူဝိညာဥ်ကို မကြောက်ပါဘူးနော်”

အန်လင်း  “....”

ရွှမ်ယွမ်ချန်  “....”

လခွမ်း..... သူမ နာမည်ထဲမှာ 'မြွေ'ဆိုပြီး ပါတာကလွဲရင် မြွေဖြူဝိညာဉ်မှာ တကယ့်မြွေနဲ့တူတာ ဘယ်နားများရှိနေလို့လဲ

မင်းကတကယ်ပဲ တာအို နာမည်လေး နည်းနည်းနဲ့ ကြောက်တတ်နေမယ်ဆိုရင်တော့ ကိုယ်ဟာကိုသာ သတ်သေလိုက်သင့်တယ်။

ဟိန်းသံကြီးက တောထဲမှာ ပျံ့နှံ့သွားပြီးနောက်တွင်တော့ ကောင်းကင်ဘုံရေကန်တစ်ဝိုက်တွင် မည်သည့် အသံမှ မကြားရတော့ပေ။

လူတိုင်းသည် အမှောင်ထဲမှနေ၍ တိတ်တဆိတ် စောင့်စားနေလျှက်ပင်ရှိ၏။

ဝင်ရိုးစွန်းမှ နေမင်းကြီးသည် မြင့်တက်လာပေသည်။ ရွှေအိုရောင် နေရောင်ခြည် ခပ်မှိန်မှိန်လေးက ကောင်းကင်ဘုံရေကန်ဆီသို့ ကျရောက်နေပြီး ရေများကို ရွှေရောင်​ခြယ်နေပေ၏။

စွမ်းအင်များ အပြည့်နှင့် လေပြည်ညှင်းလေးက ဖြတ်သန်းတိုက်ခတ်ကာ လူတိုင်းကို သိသိသာသာပင် အားအင်ပြန်လည် ပြည့်ဝစေပေသည်။

အန်လင်းနှင့် တခြားသူများကတော့ ပိုမို လေးလေးနက်နက်ဖြင့် ကြီးပျင်းလာပြီဖြစ်သည်။

နောက်ဆုံးတွင်တော့ ကောင်းကင်ဘုံတရားရုံးက ကြိုတင်ခန့်မှန်းထားခဲ့သော ရှောင်ယန်သင်္ချိုင်းဂူ ပွင့်လာမည့်အချိန်သို့ ရောက်ရှိလာပြီ ဖြစ်သည်။

လေပြင်းနှင့် တိမ်တိုက်များက အထက်ကောင်းကင်ယံတွင် တိုးဝှေ့လှုပ်ရှားစ ပြုလာလေပြီ။

မရေမတွက်နိုင်သည့် လေပူဖောင်းလေးများက တည်ငြိမ်နေသည့် ကန်ရေမျက်နှာပြင်တွင် ရုတ်တရက် ပေါ်လာလေ၏။ ထိုအချိန်မှာပင် ကောင်ကင်နှင့် မြေကြီးကြားရှိ စွမ်းအင်များက ကောင်ကိုဘုံရေကန်၏ အလည်ဗဟိုသို့ စုစည်းစပြုလာ လေ၏။

ထိုအခိုက်အတန့်တွင် လူတိုင်းက မတ်တပ်ရပ်လိုက်ကြပြီး ၄င်းတို့မှာ အကွာအဝေးအက်ကွဲကြောင်း ပွင့်လာတော့မည့် အရိပ်အယောင်များ ဖြစ်ပေတော့သည်။

“အပျက်အစီး၊အဲဒါက ကမ္ဘာကူးနယ်ပယ်အပျက်အစီးပဲ”

တောထဲရှိကျင့်ကြံသူများက ရုတ်တရက် အော်ဟစ်လာလေတော့သည်။

သူသာမက လူတိုင်းသည် လှုပ်လှုပ်ရှားရှားဖြစ်လာကြတော့၏။

တောထဲရှိ နေရာပေါင်းစုံ၌ ပုန်းခိုနေကြသော မရေမတွက်နိုင်သည့် ပုံရိပ်များသည်လည်း ပေါ်ပေါက်လာလေတော့သည်။

တစ်ချို့သူများကတော့ သူများထက်နောက်ကျကျန်ခဲ့မည်ကို စိုးရိမ်တကြီးဖြင့် ကောင်းကင်ဘုံရေကန်၏ အနီးတစ်ဝိုက်တွင် စုစည်းပြီးဖြစ်လေသည်။

ကမ္ဘာမြေပေါ်တွင် ကမ္ဘာကူးနယ်ပယ် အပျက်အစီးတစ်ခု ပေါ်ပေါက်လာပြီးနောက် နှစ်ပေါင်းများစွာ ကြာမြင့်နေချေပြီဖြစ်သည်။ ဤသည်မှာ ကြီးမားလှသည့် ရတနာပေါ်ပေါက်လာခြင်းဖြစ်သည်မှာ သံသယဖြစ်ဖွယ် မရှိပါချေ။

ဘုန်း

ရေကန်ပတ်လည်ရှိ တောင်တန်းများသည် လှုပ်ယမ်းနေကာ ကန်ရေပြင်ထက်တွင် ရေလှိုင်းကြီးများက အလိုအလျောက် ပေါ်ပေါက်လာတော့၏။

စိတ်စွမ်းအင်များက သိပ်သည်းလှသည့် စွမ်းအင် ကျောက်တိုင်သဖွယ် ဖြစ်တည်လာပြီး ကောင်းကင်ဘုံဆီသို့ ချဲ့ထွက်သွားတော့၏။

ခွမ်း ....

ထိုသည်မှာ တစ်စုံတစ်ခု ကျိုးပဲ့သွားသကဲ့သို့ပင် ဖြစ်ကာ ပေ၃၀ နီးပါးရှိသော တံခါးဖြူလေး တစ်ချပ်က ရေကန်အလည်၌ ပေါ်ထွက်လာလေတော့၏။

ရုတ်တရက်ပင် မိုးကောင်းကင်၌ ကောင်ကင်ဘုံတေးဂီတများနှင့် အံ့ဖွယ် ၅ရောင်ခြယ် အလင်းတန်းများ ထွက်ပေါ်လာ၏။

ထိုသည်မှာ  အာကာသတံခါးပေါက်ပင်

ဘေးပတ်ဝန်းကျင်ရှိ စွမ်းအားမြင့် ဖြစ်တည်မှုအားလုံသည်လည်း လှုပ်လှုပ်ရှားရှား ဖြစ်လာတော့၏။

သွေးနတ်ဘုရား၊ဝံပုလွေနက် နတ်ဘုရား၊အထွတ်အထိပ် နင်ဂျာများ၊ဟွားနိုင်ငံမှ ကျင့်ကြံသူများ၊ပုန်းကွယ်နေသော မှော်ဆရာများ၊DNA စစ်သည်များ စသည်ဖြင့် ....

စွမ်းအားကြီး အရှိန်အဝါပေါင်းများစွာက ပေါက်ကွဲထွက်လာကာ အာကာသ ဝင်ပေါက်ဆီသို့ ဦးတည်လာကြတော့၏။

အန်လင်းတို့ အဖွဲ့သည်သာလျှင် တစ်စုံတစ်ခုကို အတည်ပြုရန်အတွက် ရပ်မြဲအတိုင်း ရပ်နေသည်ဖြစ်၏။

ဝင်ပေါက်ဆီသို့ အလျှင်အမြန်ဆုံးရောက်လာကြသည်မှာ ကြက်သွေးရောင်နှင့် အနက်ရောင် အလင်းတန်းများဖြစ်လေသည်။ ၄င်းတို့မှာ ဝင်ပေါက်ဆီသို့ တစ်ချိန်းတည်းလိုလိုမှာပင် ရောက်လာကြလေ၏။

“ထွက်သွားစမ်း ဆန်ကုန်မြေလေး သွေညစ် မျိုးနွယ်စုကောင်”

ဝံပုလွေနက် နတ်ဘုရားသည်  သူ၏ ခြေသည်းများဖြင့် မုန်းတိုင်းသဖွယ် လေပြင်းများ ဖြစ်ပေါ်စေကာ သေစေနိုင်လောက်သည့် စွမ်းအင်များ အပြည့်ဖြည့်ထားလေ၏။ သွေးနတ်ဘုရား ဒူခေးသည်လည်း သူ့၏ လှုပ်ရှားမှုကို ရပ်တန့်စေကာ ပြန်လည်တိုက်ခိုက်လာ၏။

“ဟား ဟား နောက်မှ တွေ့ကြမယ် သူတောင်းစား”

ဝံပုလွေနက် နတ်ဘုရားသည် အကွာအဝေး တံခါးဆီသို့ ဦးစွာရောက်ရှိလာသည်ဖြစ်ရာ အောင်မြင်မြူးကြွနေသည့် အမူအရာဖြစ်နေလေ၏။

ဘုန်း

ကျယ်လောင်လှသည့် ပေါက်ကွဲသံကြီးတစ်ခုက ပေါ်ပေါက်လာပြီးနောက် ကန်ရေမျက်နှာပြင်ထက်တွင် မရေမတွက်နိုင်သောလှိုင်းများ ပေါ်ထွက်လာ၏။

ဝံပုလွေနက် နတ်ဘုရားသည် ရေကန်ထဲသို့ မူးဝေကာ ပြုတ်ကျသွားတော့သည်။

“စောက်ကျိုးနည်း အဲဒါက ဘာကြီးလဲဟ”

သူ့၏ခေါင်းမှာ မဖျက်စီးနိုင်သည့် တစ်စုံတစ်ခုနှင့် ဝင်တိုက်မိသကဲ့သို့ပင်။ သူသည် အရှိန်အလွန်ပြင်းလှသည်ဖြစ်ရာ သူ့၏ ပတ်ဝင်ကျင်ရှိ အရာအားလုံးသည် စက်ဝိုင်းပုံသဏ္ဍာန် လည်နေလေတော့၏။

“ဟား ဟား ဟား .... ငတုံးကောင်”

ဒူခေးက ဟက်ဟက်ပက်ပက်လှောင်ရယ်ကာ အကွာအဝေး ဝင်ပေါက်ဆီသို့ သူ့လက်ထဲရှိ ကြက်သွေးရောင် လှံတံနှင့် တဟုန်ထိုး တိုက်ခိုက်လေတော့သည်။

ဘုန်း

သူသည် သူ့၏ လှံတံနှင့် အာကာသ ဝင်ပေါက်ဆီသို့ မတာဆီးနိုင်သည့် အားအင်များနှင့် ထိုးသွင်းနေလေတော့၏။

သို့သော်ငြားလည်း အလွန်ကြီးမားလှသည့် တုန့်ပြန်အားတစ်ခုနှင့် တွေ့ဆုံရပြီး မီတာ ၁၀၀ခန့် လွင့်ထွက်သွားစေကာ နှုတ်ခမ်းထောင့်မှ သွေးများ လိမ့်ဆင်းလာတော့၏။

“ဘာတွေ ဖြစ်နေတာလဲ”

“အကွာအဝေး ဝင်ပေါက်က ဝင်ခွင့်မရှိဘူးလား”

ဝံပုလွေနက် နတ်ဘုရား နှင့် သွေးနတ်ဘုရာနောက်မှလူများသည် ကြောက်လန့် တကြားဖြစ်ကုန်ကြတော့၏။

“ကျင့်ကြံခြင်းအခြေခံအလိုက် တားမြစ်ချက်တစ်ခုခုရှိနေတာများလား။ ငါ စမ်းကြည့်အုံးမယ်”

ဝတုတ်တုတ် ကျင့်ကြံသူတစ်ဦးက သူ့၏ ဓားဖြင့် အာကာသ ဝင်ပေါက်ဆီသို့ ရုတ်တရက် တိုက်ခိုက်လာ၏။ သူ့ဓား၏ ကြမ်းကြုတ်လှသော စွမ်းအင်က သူ့အောက်ရှိ ရေကန်မှ​ေရများကိုပင် နှစ်ခြမ်းကွဲသွားစေနိုင်လေသည်။

ထိုသူမှာ ချင် အင်မော်တယ်ဂိုဏ်မှ အစီအရင် ထူးချွန်သူဖြစ်ကာ စိတ်ဝိညာဥ်ပျိုးထောင်ခြင်း နောက်ဆုံးအဆင့် ကျင့်ကြံခြင်းအခြေခံ ရှိလေ၏။

ဘုန်း

တခြားသော အသံကြီးတစ်ခု ထွက်ပေါ်လာပြီးနောက်တွင် ထို ဖက်တီး၏ ခန္ဓာကိုယ်ကြီးသည် အာကာသ တံခါးပေါက်တွင် မြဲမြံစွာ ကပ်နေပြီး သူ့လက်ထဲမှ ဓားရှည်သည် မြစ်ပြင်ထဲသို့ကျဆင်းသွားကာ အလွန်သနားစဖွယ် မြင်ကွင်းကို ဖြစ်ပေါ်စေတော့၏။

အန်လင်းက ခပ်ဖွဖွ ပြုံးကာဆိုလာ၏။

“ဆိုတော့ကာ အဲ့ဒီ့ အကွာအဝေး ဝင်ပေါက်က ဘယ်သူ့ကိုမှ ဝင်ခွင့်ပြုမထားဘူးပေါ့လေ”

“ဒါဆိုရင်တော့ အခု ငါတို့အလှည့်ပဲဟေ့”

***

All Chapters