ကျားကြီးဟိန်းဖို့ အချိန်ရောက်လေပြီ
Vol. 23 Ch. 315
“ငါစမ်းကြည့်မယ်”
တာအို ခန္ဓာအဆင့် ကျင့်ကြံသူတစ်ဦးက ရေပေါ်မှနေ၍ အာကာသ ဝင်ပေါက်ဆီသို့ တစ်ဟုန်ထိုး တိုက်ခိုက်သော်လည်း သွားတစ်ချောင်းကျွတ်ထွက်လာခြင်းသာ အဖတ်တင်လေ၏။
ကျင့်ကြံသူ အများအပြားက ဝင်ပေါက်ကို ဖြတ်ဝင်ဖို့ ကြိုးစားကြသော်လည်း နောက်ဆုံးတွင် အရှုံးနှင့်သာ ကြုံတွေ့ခဲ့ကြရ၏။
တစ်ချို့မှာ သူတို့၏ ခန္ဓာကိုယ်နှင့်ပင် ဝင်ပေါက်ဆီသို့ ပြေးဝင်ကြ၏။ တစ်ချို့မှာမူ သူတို့၏ လက်နက်များကို လွှတ်၍ တိုက်ခိုက်စေ၏။ တချို့က အင်မော်တယ် မန္တာန်များကို အသုံပြုကြပြီး တစ်ချို့မှာမူ မန္တာန်ဖွဲ့စည်းခြင်းများကို အသုံးပြုကြ၏ ....
အစပိုင်းမှ အလွန်အမင်း တက်ကြွ မွှန်ထူခြင်းများသည် ကျဆုံးခြင်းများစွာအပြီး၌ အနည်ထိုင်သွားကာ အစီအစဥ္ အသစ်တစ်ခုကို စဥ္းစားရန်အတွက် လူတိုင်းက တည်ငြိမ်သွားကြတော့၏။
အန်လင်းနှင့် တခြားသူများကမူ ယခု အချိန်တိုလေးအား အာကာသ ဝင်ပေါက်ဆီသို့ တဟုန်ထိုးတိုက်ခိုက်မည့် အခွင့်အရေးကို ပြုလုပ်ရန် အနားယူနေတော့၏။
သူသည် ဝင်ပေါက်ဆီသို့ ထျန်းလင်းလင်း၊မြွေဖြူဝိညာဥ်တို့့နှင့်အတူ သူ့၏ အနက်ရောင် အုတ်ခဲကိုစီးကာ ပျံသန်းသွားပြီးနောက် အဖွဲ့ထဲရှိ တခြား ၇ယောက်မှာလဲ ဓားပျံများစီးကာ ပျံသန်းလာတော့သည်။ သူတို့အဖွဲ့ထဲတွင် စိတ်ဝိညာဉ်ပျိုးထောင်ခြင်းအဆင့် ကျင့်ကြံသူ ၈ယောက်ရှိနေသည်ဖြစ်ရာ မည်သူကမှ သူတို့အဖွဲ့အား ရန်စရဲလောက်သည်အထိ မတုံးအ ကြချေ။ သွေးနတ်ဘုရားနှင့် ဝံပုလွေနက် နတ်ဘုရားတို့ပင် နေရာ၌ မြဲမြဲမြံမြံ ရှိနေဆဲပင်။
နင်ဂျာသုံးယောက်မှာမူ အမှောင်ထဲတွင် ပုန်းနေကာ သူတို့အား မျက်တောင်မခပ်တမ်း ကြည့်ရှုနေတော့၏။
“လျှိုချင်ဟွမ်၊ ထျန်းလင်းလင်းနဲ့ မြွေဖြူဝိညာဥ္ကို အရင်ဆုံးခေါ်သွားလိုက်” အန်လင်းက ညွှန်ကြားလာ၏။
ရှောင်ယန်သင်္ချိုင်းဂူထဲတွင် အခြေအနေ မည်သို့ရှိသည်ကို မည်သူမှ မသိသည်မို့ အားနည်းသည့်အဖွဲဝင်များအား လက်တွဲခေါ်ရန် ပိုမိုသန်မာသောသူကို လိုအပ်ပေသည်။ ထိုသည်မှာ အလားအလာရှိသော မည်သည့် မတော်တဆမှုကိုမဆို ကာကွယ်ရန် ပထမဆုံး ပြုလုပ်ရမည်ဖြစ်သည်။
လျှိုချင်ဟွမ်က ခေါင်းညိမ့်လိုက်ကာ သူမ၏အသက် စွမ်းအင်များကို လှည့်ပတ်စေရင်း ကျောက်စိမ်းအစီအရင်ကို အသက်သွင်းလိုက်လေ၏။
အဖြူရောင် စူးရှရှ အလင်းတန်းတစ်ခုက အာကာသ ဝင်ပေါက်ဆီမှ ထွက်ပေါ်လာပြီးနောက် လျှိုချင်ဟွမ်၏ ခန္ဓာကိုယ်မှာ ရွှေရောင် အမှုန်များအဖြစ် ပြိုကွဲပြီးနောက် ဝင်ပေါက်အတွင်းသို့ ဆွဲခေါ်ခြင်းခံလိုက်ရ၏။
မကြာမီမှာပင် ကောင်းကင်ဘုံရေကန်မှာ မနှစ်မြို့ဖွယ် တိတ်ဆိတ်ငြိမ်သက်ခြင်းဆီသို့ ကျရောက်သွားပြီးနောက် ၄င်းတို့ရှေ့ရှိ မြင်ကွင်းကို ငေးစိုက်ကြည့်နေသော လူတိုင်းမှာ အသက်ရှုမြန်လာကြလေတော့၏။
ထိုအခိုက်အတန့်၌ မြွေဖြူဝိညာဥ္သည်လည်း သူမ၏ ကျောက်စိမ်းအစီအရင်ကို အသက်သွင်းပြီးဖြစ်လေသည်။
ကျောက်စိမ်းအစီအရင် အသက်သွင်းပြီး ၁၀ စက္ကန့် အကြာတွင်တော့ ဝင်ရန်ခွင့်ပြုသည်ဖြစ်၏။
ငတုံးတစ်ယောက် မဟုတ်သရွေ့ လူတိုင်းက ဘာတွေဖြစ်နေသလဲဆိုတာ သိရှိပြီးဖြစ်သည်။
“အဲ့ ကျောက်စိမ်းအစီအရင်တွေက အာကာသ ဝင်ပေါက်ဆီကို ဝင်ဖို့ ခွင့်ပြုပေးတာပဲ”
“သူတို့အဖွဲ့ထဲက လူတိုင်း ကျောက်စိမ်းအစီအရင် ရှိတယ်မလား”
....
ကမ္ဘာကူးနယ်ပယ်အပျက်အစီးဆိုသည်မှာ မည်မျှထိ ဆွဲဆောင်မှုရှိသနည်း။ ထိုမေးခွန်း၏ အဖြေကို မကြာခင် သိရှိရမည် ဖြစ်သည်။
“လူသား ကျင့်ကြံသူတွေ မင်းတို့ရဲ့ ကျောက်စိမ်း အစီအရင်တွေကို ပေးမလား အသေခံမလား”
ဝံပုလွေနက် နတ်ဘုရားသည် ၄င်း၏ မျက်လုံးထဲတွင် သွေးဆာလောင်မှု အပြည့်ဖြင့် ထိုသူတို့အား စူးစိုက်ကြည့်နေကာ သူ့၏ စွမ်းအားထက်လှသည့် အရှိန်အဝါကို ထိန်ချန်ထားခြင်းမရှိ ထုတ်လွှတ်လိုက်ရာ အနက်ရောင် မုန်တိုင်းသဖွယ် လွှမ်းမိုးမှုက ၄င်း၏ ပတ်ပတ်လည်တွင် ပေါ်ပေါက်လာ၏။
စိတ်ဝိညာဥ်ပျိုးထောင်ခြင်းအဆင့် ကျင့်ကြံသူအနည်းငယ်သာရှိသည်ဖြစ်၍ ထိုသူများသည် အသက်ရှင်လိုပါက အမိန့်ပေးသည့်အတိုင်း လုပ်ရန်သာ တတ်နိုင်ပေတော့သည်။
မြွေဖြူဝိညာဥ္၏ ခန္ဓာကိုယ်မှာလဲ အာကာသ ဝင်ပေါက်ထဲသို့ ဝင်ရောက်ပျောက်ကွယ်သွားသည်ဖြစ်ရာ ထျန်းလင်းလင်းက အန်လင်းအား စိုးရိမ်တကြီး ကြည့်လိုက်၏။
“ဆက်လုပ်တော့ ငါတို့ သူတို့ကို တားထားလိုက်မယ်” အန်လင်းက အေးအေးဆေးဆေးပြန်ပြောလာ၏။
ထျန်းလင်းလင်းက အံကြိတ်လိုက်ရင်း သူမ၏ ကျောင်စိမ်း အစီအရင်ကို အသက်သွင်းလိုက်ပြန်၏။
ဝံပုလွေနက်က ဒေါသတကြီး အော်ဟစ်လာ၏။
“ငါမင်းကို သတ်မယ်”
သွေးနတ်ဘုရားသည်လည်း သွေးလှိုင်းများအထက် လက်ထဲ၌ ကြက်သွေးရောင်လှံတံကို ကိုင်ရင်း အန်လင်းနှင့် တခြားသူတို့အား တဟုန်ထိုးတိုက်ခိုက်လာပေ၏။
တစ်ချိန်တည်း၌ပင် နင်ဂျာများ၊DNA စစ်သည်တော်များ၊ပုန်းခိုနေသော မှော်ဆရာများ၊ဝံပုလွေ တသိုက်နှင့် သွေးမျိုးနွယ်စုအစရှိသည့် အားအင်အားလုံးတို့မှာ အန်လင်းနှင့် အခြားသူတို့အား တဟုန်ထိုး ထိုးစစ်ဆင်လာပေတော့၏။
ကျောက်စိမ်းအစီအရင် ၇ခုတည်းသာ ကျန်တော့ သည်မို့ ၄င်းတို့မှာ သေချာပေါက် ၁ခုတော့ရအောင် တိုက်ခိုက်ရမည်ဖြစ်သည်။
သူတို့တစ်ဖွဲ့တည်းသာ အခွင့်အရေးရသင့်သည်ဟု မည်သူကမှ မထင်ပါချေ။ ခွန်အားကြီးလှသောစိတ်ဝိညာဥ်ဖွဲ့စည်းခြင်းအဆင့် နှစ်ယောက်နှင့် စိတ်ဝိညာဉ်ပျိုးထောင်ခြင်း အဆင့်ကျင့်ကြံသူ နှစ်ဦးတို့မှာ တားဆီးမရနိုင်သော တပ်တစ်ခုအား ဖန်တီးနေ၏။
ရွှမ်ယွမ်ချန်သည် ဖွဲ့စည်းခြင်း ဓာတ်ပြားတစ်ခုအား ထုတ်ယူလိုက်၏။
ဘုန်း
ကြီးမားသော မန္တာန် ဖွဲ့စည်းမှုတစ်ခုက အာကာသ ဝင်ပေါက်၏ ပတ်ပတ်လည်တွင် ပေါ်ပေါက်လာ၏။
သန့်စင်သည့် ယန်အစွမ်းဖြင့် ပြည့်နေသည့်ပူပြင်းလှသည့် မီးတောက်များနှင့် ရွှေရောင် လျှပ်စီးကြောင်းများက တားဆီးမရနိုင်သော အားအင်များနှင့် ဖြာထွက်လာကာ လက်နက်ကိုင်ရန်သူများ အားလုံးကို အလဲထိုးသွားတော့၏။ တိုက်ခိုက်မှုကို ဦးဆောင်ကြသော သွေးနတ်ဘုရားနှင့် ဝံပုလွေနက် နတ်ဘုရားတို့ပင် နောက်ကြောင်းပြန်ဆုတ်ရပေသည်။
ထိုသည်မှာ စုရှောင်လန်နှင့် ရွှမ်ယွမ်ချန်တို့ ပြုလုပ်ထားသော ခုခံကာကွယ်ရေး မန္တာန် ဖြစ်တည်မှုမှလွဲ၍ တခြားမဟုတ်ပါပေ။ ရွှမ်ယွမ်ချန်က ထိုသည်ကို ဖွဲ့စည်းခြင်း ဓာတ်ပြားထဲတွင် ခတ္တမျှ ချိတ်ပိတ်ထားပြီး ယခုမှ လွတ်ပေးလိုက်ခြင်းဖြစ်သည်။
ပတ်ဝန်းကျင်ရှိ အားအင်များက သူတို့ ရှေ့ရှိ လွန်စွာအင်အားကြီးမားလှသည့် မန္တာန်ဖွဲ့စည်းခြင်းကို ကြောက်လန့်တကြား ငေးကြည့်နေကြ၏။
သွေးနတ်ဘုရားနှင် ဝံပုလွေနက် နတ်ဘုရားပင် မန္တာန်ဖွဲ့စည်းခြင်းကို ကြောက်ရွံ့မှုဖြင့် စိုက်ကြည့်နေကြ၏။
“မန္တာန် ဖွဲ့စည်းခြင်းထဲက စွမ်းအင် ပမာဏ က အကန့်အသတ်ရှိတယ်။ ငါတို့ ဝိုင်းပြီး တိုက်ခိုက်ရင် မကြာခင်မှာ ပြိုလဲသွားလိမ့်မယ်” ဝံပုလွေနက်၏ မျက်နှာတွင် ခက်ထန်သောအမူအရာတစ်ခုက ပေါ်ပေါက်လာ၏။
လူတိုင်းက ချက်ချင်းပင် မန္တာန်ဖွဲ့စည်းခြင်းကို ဦးတည်တိုက်ခိုက်လာပေတော့၏။
ဝုန်း ....
အဆက်မပြတ်သော အားကြီးတိုက်ခိုက်မှုများက မန္တာန်ဖွဲ့စည်းခြင်းကို ဦးတည်တိုက်ခိုက်နေခြင်းဖြစ်ရာ မကြာမီမှာပင် ဖွဲ့စည်းခြင်းက လှုပ်ယမ်းကာ တုန်ခါလာတော့၏။
ထျန်းလင်းလင်းသည် အာကာသ ဝင်ပေါက်ထဲသို့ ဝင်ရောက်ပြီးဖြစ်ကာ ယောင်မင်ရှီနှင့် ဟူကွမ်မှာလည်း သူမနောက်မှလိုက်သွားခြင်းပင်။
ထိုသူနှစ်ဦး အာကာသ ဝင်ပေါက်ဆီသို့ ဝင်သွားပြီးသည့်နောက်တွင် ခုခံကာကွယ်ရေး မန္တာန်ဖွဲ့စည်းခြင်း အတွင်းရှိစွမ်းအင်မှာလည်း ကုန်ဆုံးလုနီးနီးဖြစ်လာကာ ဖွဲ့စည်းခြင်းကိုယ်တိုင်မှာလည်း ပြိုကျလုနီးနီးဖြစ်နေလေပြီ။
အန်လင်းက ကျန်နေသည့် ၄ယောက်ကိုကြည့်ကာ အပြုံးလေးနှင့်ပြောလာ၏။
“ကဲ နောက်ထပ် ဘယ်သူသွားချင်လဲ”
စုရှောင်လန်၏ မျက်နှာထက်တွင် အပြုံးခပ်ဖွဖွပေါ်လာပြီး “နင်လဲ ငါတွေးသလို တွေးနေတာလား”
အသင်းထဲရှိ တခြားသော အဖွဲ့ဝင် ၃ယောက်မှာလည်း အပြုံးများနှင့် အန်လင်းကိုကြည့်လာ၏။
အန်လင်းသည် သဘောပေါက်သည့် အပြုံးဖြင့်သူ့၏ခေါင်းကို ကုတ်လိုက်ပြီးနောက်
“ဒါဆိုလဲ .... စကြမလား”
“ငါလဲ တိုက်ခိုက်ဖို့အတွက် လက်ယားနေတာကြာပြီ။ သူတို့က တကယ်ကြီး ငါတို့ကို အနိုင်တိုက်နိုင်မယ်လို့ ထင်နေကြတာလား”
တန်ရှီးမန်က ဟက်ဟက်ပက်ပက် ရယ်မောလာခဲ့၏။ သူ့ရဲ့ အသွားရှည် ဓားကတော့ လက်ထဲမှာပေါ်လာပြီဖြစ်သည်။
“ငါတို့ သူတို့ထဲက တစ်ယောက်ယောက်ကိုများ အသက်ရှင်ခွင့်ပေး အုံးမလား” ရွှမ်ယွမ်ချန်က သူ၏ ဓားကိုဆွဲထုတ်ကာ မေးလာ၏။
“သူတို့က ငါတို့ကို သတ်ချင်နေတာပဲ။ အဲ့တော့ ငါတို့ကလဲ သူတို့သူများကို ဆက်ဆံသလို ပြန်ပြီး ဆက်ဆံပေးရမှာပေါ့” အန်လင်းက ပြုံးလိုက်၏။
အနက်ရောင် လျှပ်စီးကြောင်းတစ်ခုက ကျရောက်လာပြီးနောက်ဆုံးတွင်တော့ မန္တာန် ဖွဲ့စည်းခြင်းမှာလည်း ကွဲကြေသွားတော့၏။
အန်လင်းနှင့် တခြားသူများ စတင်တိုက်ခိုက်တော့မည့်အချိန်တွင် မထင်မှတ်ဖွယ်ရာ ဖြစ်ရပ်များ ဖြစ်လာတော့၏။
ဟွားနိုင်ငံမှ ကျင့်ကြံသူ ၅ယောက်၊၆ယောက်ခန့်မှာ အန်လင်းနှင့် တခြားသူများထံသို့ ပျံသန်းလာကာ ၄င်းတို့ ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများကို ထိပ်တိုက်ရင်ဆိုင်လိုက်၏။
“မြန်မြန်လေး ဝင်သွားတော့။ အပျက်အစီးထဲက ရတနာက တိုင်းတစ်ပါးကသူတွေ လက်ထဲရောက်လို့ လုံးဝ မဖြစ်ဘူး” ဝတုတ်လေး ချန်ကျင်းထျန်က ပြောလာ၏။
“မြန်မြန်လေး ငါတို့က သူတို့ကို တားထားပေးမယ်” တခြားကျင့်ကြံသူတစ်ယောက်သည်လည်း အလေးအနက်ပြောလာ၏။
ထိုမြင်ကွင်းသည် အန်လင်းနှင့် တခြားသူများအား အံ့ဩမင်သက်စေ၏။
ထိုကျင့်ကြံသူများက အန်လင်းနှင့် တခြားသူများ အချိန်ရရန် ဘာမဆိုလုပ်မည်ဖြစ်သည်။
သွေးနတ်ဘုရားနှင့် ဝံပုလွေ နတ်ဘုရားတို့၏ ရှေ့မှောက်တွင် ထိုကျင့်ကြံသူများ သေဆုံးနိုင်သည်ဆိုသည်ကို လူတိုင်းနီးပါး သဘောပေါက်ကြ၏။
“ငါတို့က အပျက်အစီးအထဲကို ဝင်မှာတော့ သေချာပေါက်ပေါ့။ ဒါပေမဲ့ အရင်ဆုံး အဲ့ကောင်စုတ်တွေကို သတ်ရအုံးမယ်လေ” အန်လင်းက ချန်ကျင်းထျန်ကို မထိမဲ့မြင်ပြုံးပြကာ နတ်ဆိုးနှိမ်နင်း ဓားကို ဆွဲထုတ်လိုက်၏။
“မင်းဘာတွေပြောနေတာလဲ။ မင်းက ရန်ဖြစ်ချင်နေတာလား။” ချန်ကျင်းထျန်က သူ့၏ စကားများကြောင့် နောက်သို့ ဆုတ်သွား၏။
“ကယောင်ချောက်ခြားဖြစ်မနေနဲ့။ မင်းတို့ အကုန်လုံးသေပြီပဲ”
ဝံပုလွေနက် နတ်ဘုရားက အန်လင်းဆီသို့ တစ်ဟုန်ထိုး တိုက်ခိုက်လာပြီး သူ့၏ နက်မှောင်နေသည့် ခြေသည်းများကို သေနိုင်လောက်သင့် အားအင်ဖြင့် ကုတ်ခြစ်လာ၏။
အန်လင်း၏ မျက်လုံးများက နှင်းကဲ့သို့ အဖြူရောင်ပြောင်းသွားပြီး သူ့၏ ဓားပတ်လည်တွင် အဖြူရောင် လှိုင်းများ ပေါ်လာကာ ဝံပုလွေနက် နတ်ဘုရားဆီသို့ ကြောက်မက်ဖွယ် အရှိန်အဟုန်ဖြင့် တိုးဝင်းသွား၏။
အနက်ရောင် အလင်းတန်းနှင့် အဖြူရောင် အလင်းတန်း နှစ်ခုမှာ ခြောက်ခြားစဖွယ် ထိပ်တိုက်တွေ့ဆုံသွားတော့၏။
ထို့နောက်မှာတော့ ဝံပုလွေနက် နတ်ဘုရားနှင့် အန်လင်းတို့မှာ နေရာချင်း လဲလှယ်ပြီးဖြစ်နေ၏။
ဝံပုလွေနက် နတ်ဘုရားသည် သူ့၏ မျက်လုံးများကို မယုံသင်္ကာနှင့် ကြောက်လန့်တကြားဖွင့်ကာ
“ဘယ်လိုတောင် .... မင်းက စိတ်ဝိညာဥ်ပျိုးထောင်ခြင်းအဆင့် ကျင့်ကြံသူလေးပဲကို၊မင်းက စိတ်ဝိညာဉ်ပျိုးထောင်ခြင်းအဆင့် ကျင့်ကြံသူလေးပဲကို ....”
ကြီးမားလှသည့် ဟက်တက်ကွဲကြောင်းကြီး တစ်ခုက ဝံပုလွေနက် နတ်ဘုရား၏ နှုတ်သီးထိပ်မှအမြှီး ထိပ်တစ်လျောက်လုံး ကျယ်ပြန့်လာလေ၏။
RIP ...
မြေပြင်ပေါ်တွင် သွေးများ ပြန့်ကျဲကုန်တော့၏။
အံ့သားသင့်နေကြသော မရေမတွက်နိုင်သည့် စွမ်းအားကြီး ကျင့်ကြံသူတို့၏ အကြည့်များအောက်တွင် ဝံပုလွေနတ်ဘုရား၏ ခန္ဓာကိုယ်မှာ နှစ်ပိုင်းခွဲ ခံလိုက်ရလေသည်။
စွမ်းအားကြီး စိတ်ဝိညာဥ်ဖွဲ့စည်းခြင်းအဆင့် တစ်ဦးက တစ်ချက်တည်းနှင့်အသတ်ခံလိုက်တာဖြစ်သည်။
လူတိုင်းက မယုံကြည်နိုင်စွာ ထိတ်လန့် အံ့ဩနေကြ၏။
အန်လင်းနှင့် တခြားသူများကို ကာကွယ်ချင်နေသော ဟွားနိုင်ငံမှ ကျင့်ကြံသူများသည်လည်း ၄င်းတို့ မျက်စိရှေ့တွင် ဖြစ်ပျက်သွားသည့် အဖြစ်အပျက်အား မယုံကြည်နိုင်စွာ ကြောင်ငေးနေတော့သည်။
ဝံပုလွေနက် နတ်ဘုရားအား သုတ်သင်ပြီးသည့်နောက်တွင်တော့ သူ့ဓားရှိ သွေးများကို မထိမဲ့မြင် ခါချပြီးသည့်နောက် သူ့အားကြောက်လန့်တကြီး ငေးကြည့်နေသည့် ရန်သူများဆီသို့ အေးစက်စွာ အကြည့်ပို့လွှတ်လိုက်၏။
ထို့နောက်တွင်တော့ စုချင်းယွမ်၊စုရှောင်လန်၊ရွှမ်ယွမ်ချန်နှင့် တန်မန်ရှီတို့မှာလဲ တိုက်ခိုက်မှုဆီသို့ တဟုန်ထိုး ခုန်ဝင်လာကြ၏။
သူတို့မှာ သူတို့၏ ပြိုင်ဘက်များကို ထာဝရ အနားယူခြင်းသို့မပို့ဆောင်မီ အကြောက်တရားများကို နှလုံးသားထဲထိ အရင်ပို့ဆောင်ပေးမည်ဖြစ်သည်။
***