← Chapters

အခန်း (၁၀၆၁-၁၀၆၂)

Vol. 89 Ch. 1061-1062

အခန်း (၁၀၆၁-၁၀၆၂)

Vol. 89 Ch. 1061-1062

အခန်း ၁၀၆၁ -

နောက်ဆုံးကိုယ်ပွား ... ။

“ ဟိတ် ... ။ ”

စုရီမှ နောက်မဆုတ်ဘဲ ရှေ့သို့သာ တိုးဝင်သွားပြန်သည်။ သူ့ဦးတည်ရာအရပ်သည် အမျိုးသမီးရုပ်သေးထံဖြစ်၏။

“ စွပ် ... ။ ”

“ ဟမ့် ... ။ ”

“ ဘုန်း ... ။ ”

လမ်းတစ်လျှောက် လှံတစ်စင်းသည် သူ့ပုခုံးကိုထိုးဖောက်သွားပြီး တံဆိပ်တစ်ခုမှာ ကျောပြင်ပေါ်သို့ ကျရောက်လာခဲ့၏။

သို့သော် သူ့ဓားသည် ဝင်စားခြင်းဥပဒေ သယ်ဆောင်လျက် ထိုအမျိုးသမီးရုပ်သေးအပေါ် နေရာမှာတင် သတ်ပစ်နိုင်လိုက်သည်။

ဤသည်မှာ ဆုတ်ခွာရန်လမ်းကို မထားရစ်တော့ဘဲ အသက်ဖြင့်ပေးဆပ်ကာ သတ်ခြင်းမည်ချေ၏။

“ ဒီကောင် တကယ် မခံနိုင်တော့ဘူးထင်တယ်။ ”

နတ်အရိပ်များ သေဆုံးနေခြင်းသည် အပ်ချုပ်သမားကို မျက်မှောင်ကြုတ်သွားစေကာ သံသယများလည်း ပါးလျလာစေ၏။

ချက်ချင်း သွေးရောင်ဓားတစ်လက်ကို ထုတ်ယူလျက် သတ်ဖြတ်လိုစိတ်များ ပေါက်ကွဲ ထွက်လုနီးပါး ဖြစ်လာခဲ့ချေပြီ။ သို့သော် ဆက်၍ စောင့်ကြည့်နေဆဲဖြစ်၏။

“ ဘန်း ... ။ ”

တိုက်ပွဲမှာ ဆက်လက် ဖြစ်ပွားနေသည်။ မကြာခင် နောက်ထပ်နတ်အရိပ်တစ်ပါးခမျာ အမှုန်အဖြစ်သို့ ပေါက်ကွဲသွားတော့၏။

“ စွပ် ... ။ ”

အကျိုးဆက်အနေဖြင့် စုရီသည်လည်း မသက်သာလှချေ။ လှံဖျားသည် သူ့ကျောပြင်မှ တဆင့် နှလုံးသားထံ တိုးဝင်လာခဲ့၏။

“ ဆရာ ... ။ ”

ချင်းတျန်တစ်ယောက် မျက်ရည်များ မရပ်မနား ကျဆင်းလာသည်။ ဆရာသခင်ကို ဤမျှဆိုးရွားသော အခြေအနေဖြင့် ပထမဆုံး မြင်ဖူးခြင်းပေပင်။

“ ခရစ် ... ။ ”

“ ဝုန်း ... ။ ”

စုရီမှ နာကျင်မှုကို မခံစားရသကဲ့သို့ ထိုလှံရိုးကိုဖမ်းဆုပ်ကာ အပိုင်းပိုင်းချိုးပစ်လိုက် လေသည်။ သို့သော် သက်ရောက်မှုများကြောင့် မြေပြင်ပေါ် ပြုတ်ကျလုနီးပါးယိမ်းယိုင်သွား၏။

သည့်စဉ် နောက်ဆုံးကျန်ရှိနေသော လှံတစ်စင်းကိုထုတ်ယူလျက် ထိုနတ်အရိပ်သည် စုရီထံပစ်ပေါက်လာတော့သည်။

“ ဝှစ် ... ။ ”

တစ်ဖက်တွင် စုရီသည်လည်း ခေါင်းမော့ကြည့်လျက် သူ့ဓားဖြင့် ချက်ချင်းပင် ပြန်လည်ပစ်ပေါက်လိုက်၏။ ပြင်းထန်သော ပေါက်ကွဲမှုကြီးနှင့်အတူ နတ်အရိပ်ခမျာ လုံးဝပျက်စီးသွားတော့သည်။

“ ဘောင်း ... ။ ”

သူ့ထံမှ လှံသည်လည်း စုရီ၏ ရင်ဘတ်ထဲဖောက်ဝင်လာချေပြီ။ ချင်းတျန်ခမျာ ဝိညာဉ်မဲ့သွားသည့်အလား မှင်သပ်သွား၏။

နတ်အရိပ်လေးပါးစလုံး သေဆုံးသွားသော်လည်း ဆရာသခင်သည် လုံးဝ တောင့်မခံနိုင်တော့ချေ။ တစ်ဖက်တွင် ရန်သူမှာ တိုက်ပွဲပင်မဝင်သေးဘဲ စောင့်ကြည့်နေ၏။

ဆရာသခင်အတွက်မူ စိုးရိမ်စရာပေပင်။ သို့သော် စုရီသည်အရာအားလုံးကို လျစ်လျူရှုပြီး ချက်ချင်းပင် ဆေးတစ်လုံးသောက်လျက် တရားထိုင်လိုက်သည်။

အပ်ချုပ်သမားသည် ထိုမြင်ကွင်းထံ တိတ်ဆိတ်စွာဖြင့် စိုက်ကြည့်နေ၏။ သူ့ရင်ထဲ ဝေခွဲမရသေးပုံပေပင်။ ချင်းတျန်တစ်ယောက် သည်ပင် ရှုပ်ထွေးစွာဖြင့် ငေးကြည့်နေခဲ့၏။

“ အဟွတ် အဟွတ် ... ။ ”

များမကြာခင် စုရီခန္ဓာကိုယ်သည် အနည်းငယ်တုန်ရင်ပြီး ချောင်းတဟွတ်ဟွတ် ဆိုးလာတော့သည်။

“ ဆရာ ... ။ ”

သို့မှသာ ချင်းတျန်သည် သတိဝင်လာပြီး စုရီကိုဖေးမရန် ပြေးသွားလိုက်တော့လေသည်။ ထိုမြင်ကွင်းများကြောင့် အပ်ချုပ်သမားသည် မျက်ခုံးပင့်လျက်၊

“ မင်း တော်တော်အသက်ပြင်းတာပဲ။ ”

-ဟု ရေရွတ်လိုက်သည်။ စုရီက ‌ဒဏ်ရာများကုသခြင်းကို ချက်ချင်းရပ်နားလျက် မတ်တပ်ထရပ်ကာ၊

“ မင်းကို မသတ်ရသေးသရွေ့ ငါ မသေနိုင်သေးဘူး။ ”

-ဟု တုန့်ပြန်လိုက်၏။

“ ဟားဟားဟား ... ။ ”

ဤတစ်ကြိမ်တွင် အပ်ချုပ်သမားက သဘောကျစွာ ရယ်မောတော့သည်။

“ ဒါပေမဲ့ ... မင်း သေရမယ်လို့ ငါလောင်းကြေးထပ်တယ်။ ”

“ ဒါဆို မင်းဘာလို့ မလှုပ်ရှားသေးတာလဲ။ ”

“ မင်းအသက်ကိုယူဖို့ ... ငါကိုယ်တိုင် မလိုပါဘူး ဇီးရိုးဝမ်း မင်းဘာလုပ်နေတာလဲ။ ”

“ ဝှစ် ... ။ ”

ရုတ်တရက် စုရီကိုတွဲထူထားသော ချင်းတျန်၏သွယ်လျသော လက်ချောင်းများမှာ စုရီလည်ပင်းထံ ကုပ်ဆွဲလာတော့၏။ ဤမျှ နီးကပ်သော အကွာအဝေးအတွင်း စုရီအတွက် တုန့်ပြန်ရန် အချိန်မရှိတော့ချေ။

မည်သူသည် သံသယဝင်ဝံ့မည်နည်း။ အပ်ချုပ်သမားမှ ပြုံးလိုက်သည်။ ဤသည်မှာ သူ၏ နောက်ဆုံးသော ဝှက်ဖဲပေပင်။ သို့သော် ရုတ်တရက် သူ့အပြုံးများ အေးခဲသွား၏။

အဘယ့်ကြောင့်ဆိုသော် ချင်းတျန်၏ လက်ချောင်းများသည် သုံးလက်မအကွာတွင် ရပ်တန့်သွားခြင်းဖြစ်၏။

သူမပုခုံးပေါ် သိုင်းဖက်ထားသော စုရီလက်တစ်ဖက်သည် လည်ပင်းထံသို့ ဦးစွာ ဖမ်းဆုပ်ထားပြီးဖြစ်နေချေပြီ။

“ မင်း ... ။ ”

အပ်ချုပ်သမားတစ်ယောက် မျက်နှာပျက်သွားသည်။ စုရီမှ ချင်းတန်လက်ကို အသာအယာဖယ်ရှားပစ်ကာ၊

“ ချင်းတျန်ကို ဓားစာခံအဖြစ် ဟောင်ဖေးကွမ်းဆီ အပ်လိုက်တည်းက မင်းလို ကောက်ကျစ်တဲ့အဖိုးကြီးက အလွယ်တကူ ပြန်ပေးမှာ မဟုတ်ဘူးဆိုတာ ငါသိတယ်။ ”

-ဟု ပြန်ဖြေလေသည်။

ယခုအချိန်၌ ချင်းတျန်မျက်ဝန်းများမှာ နီမြန်းအေးစက်နေပြီး ကပ်ဘေးအငွေ့အသက် အချို့ စတင် ဖုံးလွှမ်းလာတော့၏။

“ မင်း ငါ့ကို ရှာတွေ့တည်းက ဒီသံသယသေချာသွားတယ် ငါဘယ်အရပ်ကိုပဲ ပြေးပြေး ... ချင်းတျန်ကို မျက်ဝန်းအဖြစ် အသုံးပြုပြီး မင်းရှာတွေ့တယ် ... ။ ”

“ ဒါဆို မင်းဘာလို့ အခုလို အန္တရာယ်ကြားထဲ ဝင်လာရတာလဲ။ ”

“ ငါ ဒီလိုမလုပ်ရင် မင်းလို မြေခွေးအိုတစ်‌ကောင်က အပြင်လောကကို ထွက်လာနိုင်ပါ့မလား။ ”

“ ဟမ့် ... ကိုယ့်တပည့်ကိုတောင် ပြန်အသုံးချနေတာပဲ ... မင်းကတကယ့်ကို လူယုတ်မာ။ ”

အပ်ချုပ်သမားက နှာခေါင်းရှုံ့လျက် လှောင်ပြောင်လိုက်သည်။ စုရီမှ မျက်ခုံးပင့်ကာ၊

“ မင်း ... အခုထိ ငါနဲ့တိုက်ဖို့ သတ္တိ မရှိသေးဘူးလား ... ။ ”

-ဟု မေးမြန်းလိုက်တော့၏။ အပ်ချုပ်သမားတစ်ယောက် ချက်ချင်းပင် တိတ်ဆိတ်သွားလေသည်။ စုရီက သူ့ထံမှ စကားကိုမစောင့်ဘဲ သက်ပြင်းချကာ၊

“ ဒါပေမယ့် မင်းကိုဖမ်းမိဖို့အတွက် ဒီလိုကစားရတာ ငါတကယ်ကိုပင်ပန်းပါတယ်။ ”

-ဟု ညည်းညူလိုက်၏။

“ ဒါဆို မင်းရဲ့ဒဏ်ရာတွေက ဟန်ဆောင်နေတာလား။ ”

“ ဟမ့် ... ငါ့ဒဏ်ရာတွေက ဟန်ဆောင်နေတာနဲ့ တူလို့လား။ ”

“ မတူပါဘူး ... ငါ့ရဲ့နည်းလမ်းတွေနဲ့ စစ်ဆေးပြီးသား ... ဒါဟာ အစစ်ပဲ။ ”

“ ဟားဟားဟား ... မှန်တယ်၊ ငါ့ရဲ့ ဒဏ်ရာတွေကအစစ်ပဲ ဒါမှလည်း မင်းယုံမှာ မဟုတ်လား ဒါပေမဲ့ ... မင်းကတိုက်ဖို့သတ္တိ မရှိသေးတာ နှမျောစရာပဲ။ ”

အပ်ချုပ်သမားတစ်ယောက် ရင်ထဲ ထိတ်ခနဲဖြစ်သွားပြီး ချက်ချင်းပင် လှည့်၍ ထွက်ပြေးတော့၏။

သို့သော် ပတ်ဝန်းကျင်တစ်ခုလုံး လက်ဝါးကြီးတစ်ခုဖြင့် ဖမ်းဆုပ်ခြင်းခံလိုက်ရ သကဲ့သို့ အေးစက်တောင့်တင်းသွားသည်။

စုရီ၏ အရှိန်အဝါသည်လည်း ချက်ချင်း ပြောင်းလဲသွားသည်။ သွေးရောင်လွှမ်းနေသော ဒဏ်ရာများမှာ မျက်စိရှေ့တင်ပျောက်ကွယ်ပြီး ကုန်ခန်းနေသောစွမ်းအားများ ပြန်လည် ဖြည့်တင်းလာတော့၏။

“ မင်းမှာ ဘာပြောစရာရှိသေးလဲ။ ”

အပ်ချုပ်သမားက အံကြိတ်လျက်၊

“ ငါက ကိုယ်ပွားတစ်ခုပဲ ... သေဖို့ ပြင်ဆင်ထားပြီးသားပါ။ ”

-ဟု ပြောကြားလိုက်သည်။

“ ဟားဟားဟား ... ကိုယ်ပွားလေး သေတာတဲ့လား ဒါပေမယ့် ထပ်ပြီးရှုံးနိမ့်သွားတဲ့ အရသာကတော့ အစစ်အမှန်ပဲမဟုတ်လား။ ”

အပ်ချုပ်သမားမှ ပျက်နှာပျက်ယွင်းသွားကာ သက်ပြင်းချလျက်၊

“ မင်းမှာ ဒဏ်ရာတွေကို ချက်ချင်း ပျောက်ကင်းစေမယ့် ဆေးမျိုးရှိနေတာကို ... ငါ မသိလိုက်ဘူး ...

... ဘာလို့ငါ့ကို မသတ်သေးတာလဲ ... ငါ့ကိုအရှုံးပေးခိုင်းချင်လို့လား ... ဒါဆိုရင်တော့ စိတ်မကောင်းပါဘူး ကိုယ်ပွားတစ်ခုဆုံးရှုံးရတာ ငါ့အတွက်ကြီးမားတဲ့ ဆုံးရှုံးမှုဖြစ်ပေမယ့် ငါ ဘယ်တော့မှ ဦးညွှတ်မှာ မဟုတ်ဘူး။ ”

-ဟု ကြေငြာလိုက်သည်။

“ ဒါနဲ့ ငါမေးပါရစေ ... ဒါဟာ မင်းရဲ့ နောက်ဆုံး ကိုယ်ပွားလား။ ”

“ ဘာလဲ ... ငါ ထပ်ပေါ်လာမှာကို ကြောက်နေတာလား ဟားဟားဟား။ ”

“ မင်း မှားနေပြီ ... ဒီနေ့ ငါမင်းကို အနိုင်ယူရုံတင် မဟုတ်ဘဲ မင်းရဲ့ကိုယ်ပွားတွေ အားလုံးကိုပါ တစ်ခါတည်းဖျက်ဆီးပစ်မှာ။ ”

“ ဟမ့် ... ငါ့မှာ ကိုယ်ပွား ဘယ်လောက်ရှိလဲဆိုတာ မင်းသိလို့လား။ ”

ဤတစ်ကြိမ်တွင် စုရီမှပြန်မဖြေဘဲ သူ့လက်ဝါးကိုဖွင့်ပြလိုက်ရာ ကြေးဒင်္ဂါးတစ်ပြား ထွက်ပေါ်လာသည်။

ထိုကြေးပြားကို မြင်သောအခါတွင် အပ်ချုပ်သမားတစ်ယောက်အပြုံးများ ချက်ချင်း အေးခဲသွားတော့၏။

***

အခန်း ၁၀၆၂ –

အပ်ချုပ်သမား၏ အဆုံးသတ်။

ကြေးဒင်္ဂါးပြားသည် ဝိုင်းစက်ပြီး မျက်နှာပြင်တွင် လေးထောင့်ပုံစံအမှတ်အသား တစ်ခုပါရှိ၏။ ရိုးရှင်းကာ ဟောင်းနွမ်းနေချေပြီ။

ယခင်က အပ်ချုပ်သမားသည် ကျဲ့ခုန်းဘုံကျောင်းတော်သို့ လာရောက်စဉ် ဤဒင်္ဂါးကိုပေးအပ်ခဲ့ခြင်းဖြစ်၏။ အတွင်း၌ ရှေးဟောင်းပစ္စည်းရောင်းဝယ်သူ ပိတ်မိနေ သည်ဟု အသိ ပေးခဲ့သည်။

ထိုစဉ်က စုရီသည် ဝိညာဉ်အသိဖြင့် စစ်ဆေးကြည့်ရာ ကြေးပြားအတွင်း လျှို့ဝှက် ဆန်းကြယ်သော တားမြစ်စွမ်းအားတစ်ခု ရှိနေကြောင်း သိရှိထား၏။

ထိုတံဆိပ်သည် အတင်းအကြပ် ဖျက်ဆီးပါက ကြေးဒင်္ဂါးပျက်စီးသွားနိုင်သဖြင့် သိမ်းဆည်းခဲ့ခြင်းပေပင်။ ထိုအချိန်ကတည်းက သူ့တွင် သံသယအနည်းငယ် ရှိနေခဲ့သည်။

လွန်ခဲ့သော နှစ်ပေါင်းများစွာက ရှေးဟောင်းပစ္စည်းရောင်းဝယ်သူသည် အပ်ချုပ်သမားကို အကြီးအကျယ် လှည့်စားခဲ့ဖူးသည်။

အပ်ချုပ်သမား၏ အကျင့်စရိုက်အရ ဤမျှလွယ်လွယ်နှင့် လွှတ်ပေးမည် မဟုတ်ချေ။ ထို့ကြောင့် ယခုအခါတွင် ဒင်္ဂါးပြားထုတ်ယူကာ စမ်းသပ်ကြည့်ခြင်းဖြစ်သည်။

အပ်ချုပ်သမား၏ တုန်လှုပ် ချောက်ချားသွားသော မျက်နှာအမူအရာကို မြင်လိုက်ရသည့်အခါမှသာ စိတ်ထဲတွင် ရှင်းလင်းသွားတော့၏။

“ ငါ တကယ်နားမလည်တာက ... ဒီကြေးဒင်္ဂါးထဲကလျှို့ဝှက်ချက်ကို ဘယ်လိုများ မင်းသိသွားတာလဲ။ ”

အပ်ချုပ်သမားသည်လည်း အတန်ကြာအောင် ဆိတ်ဆိတ်နေပြီးမှ သက်ပြင်းချလျက် ပြန်လည်မေးမြန်းလာသည်။

“ ငါ မှန်းဆကြည့်တုန်းပါ။ ”

စုရီက ပြန်ဖြေသည်။ ထို့ကြောင့် အပ်ချုပ်သမားတစ်ယောက် မျက်လုံးပြူးသွားပြီး မယုံကြည်နိုင်ဟန်ဖြင့်၊

“ ဒါဆို မင်းဆီပေးခဲ့တုန်းက အထဲမှာ ငါ့ရဲ့ကိုယ်ပွားတစ်ယောက် ချိပ်ပိတ်ထားတယ် ဆိုတာ မင်းကြိုသိနေခဲ့တာလား။ ”

“ ဟားဟားဟား ... မသိပါဘူး၊ အခုမင်းပြောမှသိသွားတာ။ ”

ဤအဖြေသည် အပ်ချုပ်သမားကို လုံးဝမျက်လုံးပြူးလျက် မျက်နှာမည်းမှောင် သွားစေတော့သည်။

“ မင်း လူယုတ်မာပဲ ငါ့ကိုလှည့်စားတယ်။ ”

“ မင်း ငါ့ကို ကြေးဒင်္ဂါးပေးတာဟာ စေတနာကောင်းနဲ့ မဟုတ်ဘူးဆိုတာကိုတော့ သတိထားမိတယ် အခုစမ်းကြည့်လိုက်တော့မှ တကယ်ပဲ အဖြေထွက်လာတာပါ။ ”

စုရီမှ ပြုံးရယ်လျက် ရှင်းပြလာသဖြင့် အပ်ချုပ်သမားခမျာ ရင်ဘတ်တစ်ခုလုံး နိမ့်ချည် မြင့်ချည် ဖြစ်သွားသည်။ စုရီက မေးစေ့ကို ပွတ်လျက် အလေးအနက် စဉ်းစားကာ၊

“ အခုတော့ ငါသေချာပေါက် နာလးည်သွားပြီ မင်းမှာကိုယ်ပွားနှစ်ယောက်ပဲ ကျန်တော့တယ် တစ်ယောက် ငါ့ရှေ့က မင်း ဖြစ်ပြီး နောက်တစ်ယောက်ကတော့ ဒီကြေးဒင်္ဂါးထဲက လူပဲ ...

... မင်းရဲ့ နောက်ဆုံးကိုယ်ပွားကို ငါ့အနားမှာပို့ထားဝံ့တဲ့ မင်းရဲ့သတ္တိနဲ့ကတော့ တကယ့်ကို ချီးကျူးစရာပါ။ ”

အန္တရာယ်အရှိဆုံးနေရာသည် အလုံခြုံဆုံးပေပင်။ မိမိကို အမုန်းဆုံးဖြစ်သော အပ်ချုပ်သမားသည် သူ့နောက်ဆုံးကိုယ်ပွားကို စုရီအနားသို့ ပို့ထားလိမ့်မည်ဟု မည်သူ ထင်ထားမည်နည်း။

“ ဟမ့် ... ငါ့ကိုယ်ပွားတွေ အကုန်ပျက်စီးသွားလည်း ငါ့အတွက်တော့ ဘာမှမဟုတ်သေးပါဘူး။ ”

အပ်ချုပ်သမားက သူ့ကိုယ်သူ တည်ငြိမ်မှုပြန်၍ရယူကာ ပြောကြားလိုက်၏။ စုရီမှ ခေါင်းခါယမ်းလျက်၊

“ ကိုယ်ပွားတွေ ပျက်စီးကုန်တာက မင်းရဲ့မူလခန္ဓာကို မထိခိုက်စေနိုင်တာမှန်တယ် ဒါပေမဲ့ ဒီကိုယ်ပွားတွေ မရှိတော့ရင် မင်းရဲ့ မူလခန္ဓာကိုယ် ရောက်လာတဲ့အခါ ...

... ဒီလောကကြီးအကြောင်း ဘာမှမသိသေးတဲ့ မျက်စိကန်းတစ်ယောက်လို ဖြစ်နေရလိမ့်မယ် ...

.. ဒါဆို မင်းရဲ့ မူလခန္ဓာကိုယ်က ငါ့အကြောင်းဘာမှမသိဘဲ ငါ့ကိုရန်သူအဖြစ် မြင်နိုင်မှာမဟုတ်ဘူး ... ငါ့အတွက်ကတော့ ငါ မင်းကိုရန်သူအဖြစ်သိနေတာမို့ လက်ဦးမှု ရယူနိုင်တယ် မဟုတ်လား။ ”

ထိုသို့ပြောလျှက် စုရီက တစ်စုံတစ်ခုကို သတိထားမိသွားပြီး၊

“ အိုး ... နေဦး၊ ငါနားလည်ပြီ မင်း ကြေးဒင်္ဂါးထဲမှာထားခဲ့တဲ့ အဲဒီကိုယ်ပွားဟာ ဒီလောကမှာကျန်ထားခဲ့မယ့် နောက်ဆုံးသတင်း အချက်အလက်ပဲ မဟုတ်လား ...

... ဒီလိုနည်းလမ်းနဲ့ မင်းရဲ့ မူလခန္ဓာ ဆင်းသက်လာတဲ့ အခါကျရင် ငါ့ကိုချက်ချင်း ရှာတွေ့နိုင်ပြီး လက်ဦးမှုရယူနိုင်မယ်။ ”

ယခုမှသာ စုရီသည် အပ်ချုပ်သမား၏ အစီစဉ်တစ်ခုလုံးကို နားလည်သဘောပေါက် သွားတော့၏။ မြေခွေးအိုကြီး၏ ပရိယာယ်မှာ အမှန်ပင်ကြောက်စရာ ကောင်းလှသည်။

“ ရှေးဟောင်းပစ္စည်း ရောင်းဝယ်သူ အသက်ရှင်သေးလား။ ”

“ အဲဒီအဖိုးကြီးက ကြယ်မုန်တိုင်း တားမြစ်နယ်မြေမှာ ပိတ်မိနေတယ် ကံကောင်း ရင်တော့ အသက်ရှင်နေဦးမှာပါ။ ”

စုရီမှ မေးလိုက်သည်။ အပ်ချုပ်သမားက အေးစက်သော အမူအရာဖြင့် ပြန်ဖြေလေသည်။ စုရီမှ မျက်မှောင်ကြုတ်သွားကာ၊

“ ကြယ်မုန်တိုင်း တားမြစ်နယ်မြေ။ ”

-ဟု ရေရွတ်လိုက်၏။ အပ်ချုပ်သမားက သူ့ထံပြန်ကြည့်ကာ၊

“ အဲဒီတုန်းက ... ငါ လူလွှတ်ပြီး အဲဒီအဘိုးကြီးကို လိုက်သတ်ခိုင်းတာနောက်ဆုံး ငါ့လူတွေ အကုန်သေကုန်ပြီး အဲဒီအဘိုးကြီး သတင်းပျောက်သွားရတယ် ...

... ငါ့လူတစ်ယောက် မသေခင် သတင်းပို့လာတာတော့ အဲဒီအဘိုးကြီးက မြူနှင်းတွေဖုံးနေတဲ့ ဘုံကျောင်းတစ်ခုထဲကို ဝင်သွားတယ်တဲ့ ... မင်း သူ့ကို ရှာချင်ရင် လိုက်သွားကြည့်နိုင်တယ်။ ”

ထိုသို့ပြောပြီးနောက် အပ်ချုပ်သမားမှ တိုက်ပွဲဝင်လိုသော ဆန္ဒများ ပျောက်ဆုံးလျက် ငြိမ်သက်သွား၏။ စုရီက ပြုံးရယ်လျက်၊

“ မင်း နောက်ထပ် ပရိယာယ်တွေ သုံးနေပြန်ပြီလား။ ”

-ဟု မေးမြန်းသည်။

“ ဟားဟားဟား ... မင်း ဘယ်လိုထင်လဲ။ ”

စုရီက ခဏမျှ စဉ်းစားလိုက်ပြီး၊

“ ဒီတစ်ခါတော့ မင်းကို ငါယုံတယ် ဘာလို့လဲဆိုရင် အဲဒီတားမြစ်နယ်မြေမှာ မင်းက ငါ့ကိုသေစေချင်နေတာမဟုတ်လား။ ”

“ မှန်တယ် ... ငါ့ဘဝမှာ မင်းလို ပြိုင်ဘက်မျိုးနဲ့တွေ့ရတာ တကယ်ကျေနပ်စရာ ကောင်းလွန်းတယ် ... ဒီစကြဝဠာကြီး တစ်ခုလုံးမှာရှိတဲ့ ...

... ရှေးဟောင်းအင်အားစုတွေကို ငါ မျက်စိထဲမထည့်ပေမဲ့၊ မင်းတစ်ယောက်ကိုတော့ ငါ တကယ် လေးစားပါတယ်။ ”

“ နှမြောစရာပဲ။ ”

အပ်ချပ်သမား စကားကို စုရီမှ ခေါင်းရမ်းတုန့်ပြန်သည်။ အပ်ချုပ်သမားခမျာ မျက်ခုံးပင့်လျက်၊

“ ဘာကို နှမြောစရာလဲ။ ”

-ဟု ပြန်မေး၏။

“ အမှန်အတိုင်း ကြားချင်လား။ ”

“ ပြောစမ်းပါ။ ”

“ အရင်တုန်းကရော အခုအချိန်မှာရော ... ငါမင်းကိုတစ်ခါမှ ငါ့ရဲ့ပြိုင်ဘက်အဖြစ် မျက်စိထဲ မထည့်ခဲ့ဖူးဘူး။ ”

“ ဟမ့် ... ငါနားလည်ပါတယ် ငါတို့က တာအိုချင်းမတူဘူး မင်းက ဓားသမားဖြစ်ပြီး သတ်ဖြတ်ခြင်းကို ရှာဖွေတယ်၊ ငါကတော့ အမှားအယွင်းမရှိတဲ့ ပရိယာယ်တွေကို နှစ်ခြိုက်တယ်။ ”

“ ဒါတာအိုနဲ့မဆိုင်ပါဘူး ... မင်းရဲ့ ဗျူဟာလို့ခေါ်နေတဲ့ အဲဒီနည်းလမ်းတွေအားလုံး အောက်တန်းကျလွန်းလို့ ရွံရှာနေမိတာ။ ”

ဤတစ်ကြိမ်တွင် အပ်ချုပ်သမားသည် ဆက်ပြောရန် စိတ်ကုန်သွားဟန်ဖြင့် ဦးခေါင်းကို ညွှန်ပြကာ၊

“ မင်းဒီလို စကားတွေနဲ့ ပြောနေမယ့်အစား ငါ့ကိုသတ်လိုက်တော့။ ”

-ဟု တောင်းဆိုလိုက်၏။

“ ချင်းတျန်ရဲ့ ကိုယ်ပေါ်က တံဆိပ်ကို ဖယ်ရှားမယ့် နည်းလမ်းကိုပြောပြရင် ငါမင်းကို နာကျင်မှုမရှိဘဲ သေခွင့်ပေးမယ်။ ”

“ အဲဒီလောက် ပြဿနာလေးက မင်းကို မခက်ခဲစေပါဘူး။ ”

“ ငါ အလုပ်ရှုပ် မခံချင်ဘူး။ ”

အဆုံးတွင် အပ်ချုပ်သမားသည် စုရီနှင့်ပြန်လှန်ငြင်းခုန်ရန် စိတ်ပျက်သွားခဲ့ကာ သက်ပြင်းချလျက် ကျောက်စိမ်းပြားတစ်ခုကို ကမ်းပေးလိုက်ပြီး၊

“ ငါ့ကိုဓားနဲ့ မသတ်ပါနဲ့ ... ဖြစ်နိုင်ရင် ဝင်စားခြင်းဥပဒေရဲ့စွမ်းအားကို တစ်ခါလောက် ခံစားသွားပါရစေ။ ”

-ဟု တောင်းဆိုတော့၏။

“ ကောင်းပြီ။ ”

စုရီက ကျောက်စိမ်းပြားကို လက်ခံယူလိုက်ပြီး ဓားအလင်းဖြင့် တစ်ချက် တောက်ထုတ်လိုက်သည်။

“ ရွှပ် ... ။ ”

ဝင်စားခြင်းဥပဒေ အပြည့်အစုံ ထွက်ပေါ်လာပြီး အပ်ချုပ်သမားထံ လွှမ်းခြုံ ကုန်တော့၏။

လျှို့ဝှက်ဆန်းကြယ်လှသော ပြန်လည် မွေးဖွားခြင်းရေကန်၊ နာကျည်းခြင်းပင်လယ်ပြင်၊ ဝင်စားခြင်းပလက်ဖောင်း အစရှိသည်တို့ကို တဖျပ်ဖျပ်မြင်လိုက်ရသည်။

“ စိတ်ဝင်စားစရာပဲ။”

ဤသည်မှာ အပ်ချုပ်သမားအတွက် နောက်ဆုံးစကားဖြစ်ချေ၏။ သူ့ခန္ဓာကိုယ်သည် ထိုစွမ်းအားအောက်တွင် တဖြည်းဖြည်းပဲ့ကြွေ ပျောက်ကွယ်သွားနေသည်။ အဆုံး၌ မေးခွန်း တစ်ခု မေးမြန်းလာ၏။

“ နတ်ဘုရားတွေရဲ့ ပဋိညာဉ်က ... ဘာဖြစ်လို့ ဝင်စားခြင်းဥပဒေကိုခွင့်မပြုရတာလဲ ဆိုတာ ... ငါ အမြဲတမ်း နားမလည်ခဲ့ဘူး ... မင်းရောသိလား။ ”

“ ဟင့်အင်း ... ငါလည်း အဲဒီအဖြေကို အမြဲတမ်း ရှာဖွေနေတုန်းပဲ။ ”

စုရီက တိုးတိုးလေး ပြန်ဖြေ၏။ သို့သော် အပ်ချုပ်သမားသည် ထိုအဖြေကိုကြားနိုင်ခြင်း မရှိတော့ချေ။ အမှုန်အဖြစ်သို့ ပြောင်းလဲကာ ပျောက်ကွယ်သွားပြီဖြစ်သည်။

စုရီက ခဏမျှ ငြိမ်သက်စွာ ရပ်နေလိုက်ပြီးနောက် ချင်းတျန်ခေါ်ဆောင်ကာ လှည့်ထွက်လာခဲ့၏။

ယနေ့တွင် သူသည် လော့ဝူတောင်ရှေ့၌ ဟောင်ဖေးကွမ်းကိုအနိုင်ယူပြီး သေလွန်ဝိညာဉ် ရာပေါင်းများစွာ သတ်ပစ်ခဲ့သည်။

အင်မော်တယ်ဆန္ဒဝိညာဉ် (၁၆)ပါး သည်လည်း သူ့လက်တွင် ပျက်စီးသွားတော့၏။ အထူးသဖြင့် အပ်ချုပ်သမားကို သတ်နိုင်ခဲ့ခြင်း အပေါ် အကျေနပ်ဆုံးပေပင်။

“ ချွင် ... ။ ”

တားမြစ်နယ်မြေ အပြင်ဘက်သို့ ရောက်ရှိသောအခါတွင် စုရီသည် ခဏမျှရပ်တန့် လိုက်ပြီးနောက် အင်မော်တယ် တားမြစ်မြေသို့ လည်ပြန်ငေးကြည့်လိုက်၏။

“ ချွင် ... ။ ”

သည့်နောက် ကြေးဒင်္ဂါးပြားကို လေထဲပစ်တင်လိုက်ရာ ကြေးဒင်္ဂါးပြားသည် တဝဲလည်လည်ဖြစ်သွားပြီး သူ့လက်ဝါးထဲ ပြန်လည်ကျဆင်းလာခဲ့သည်။

“ ဒီကိုယ်ပွားကို ... ငါမင်းအတွက် သိမ်းထားပေးမယ် မင်းရဲ့မူလခန္ဓာဆင်းလာတဲ့ အခါ ငါးစာအဖြစ်သုံးပြီး ငါဖမ်းမယ်။ ”

စကားဆုံးသည်နှင့် ကြေးဒင်္ဂါးပြားကို သိမ်းဆည်းလျက်ဖြင့် ဆက်လက်ပျံသန်းကာ ထွက်ခွာသွားတော့၏။ ချင်းတျန်သည်လည်း သူ့နောက်ပါးမှ လိုက်ပါလာခဲ့သည်။

ထိုနေ့တွင် လော့ဝူတောင် တိုက်ပွဲသတင်းသည် ကြယ်လွင်ပြင်အနှံ့ပျံ့နှံ့ပြီး လူတိုင်းကိုတုန်လှုပ်သွားစေ၏။

“ နန်းတော်သခင်ကွမ်ကျူးက ... အင်မော်တယ်ဆန္ဒဝိညာဉ်တွေကို တကယ် သတ်လိုက်တာလား။ ”

“ အရမ်းကြမ်းလိုက်တာ ... သေမျိုးတစ်ယောက်က အင်မော်တယ်တွေကို တကယ်သတ်နိုင်တာပဲ။ ”

“ မယုံနိုင်ဘူး ... နယ်ပယ်ဘုရင်တစ်ပါးက ဒီလောက်အစွမ်းထက်လား။ ”

လူအများသည် စိတ်လှုပ်ရှားစွာဖြင့် ထိုအကြောင်းကို ဆွေးနွေးနေကြသည်။ စုရီ၏ ဂုဏ်သတင်းမှာ ဤတိုက်ပွဲကြောင့် လုံးဝပင် အထွတ်အထိပ် ရောက်ရှိသွား၏။

တစ်ချိန်တည်းမှာပင် နောင်လာမည့် အခြေအနေကို စိုးရိမ်သူများသည်လည်း ရှိနေ ကြလေသည်။

ရှေးဟောင်းအင်အားစုများနှင့် အင်မော်တယ်မျိုးရိုးမိသားစုများသည် စုရီနှင့် ရန်ငြိုးဖွဲ့ပြီဖြစ်ရာ နောင်တွင်ပိုမိုပြင်းထန်သော တိုက်ပွဲကြီးများ ဖြစ်လာဖွယ် ရှိနေချေပြီ။

All Chapters