← Chapters

ဒီ စိတ်ဝိညာဉ်ပျိုးထောင်ခြင့်အဆင့်က ဘယ်လိုတောင်လဲဟ

Vol. 23 Ch. 316

ဒီ စိတ်ဝိညာဉ်ပျိုးထောင်ခြင့်အဆင့်က ဘယ်လိုတောင်လဲဟ

Vol. 23 Ch. 316

ဝံပုလွေနက် နတ်ဘုရားအသတ်ခံရပြီးနောက်တွင် သွေးနတ်ဘုရား ဒူခေးသည် ရှေ့တက်လာရန် တွန့်ဆုတ်သွားတော့၏။

မည်သည်က ပိုအရေးကြီး သနည်း။ အပျက်အစီးထဲသို့ ဝင်ရောက်ခွင့်သည်လား။ သူ့၏ အသက်သည်လား။ သေချာပေါက် သူ့၏ အသက်ပင်ဖြစ်၏။

ထိုအခိုက်၌ ပျော့ပြောင်းပြီး ကျက်သရေရှိလှသည့် မိုးပြာရောင် ဝတ်ရုံနှင့် အမျိုးသမီးတစ်ဦးက သူ့ထံသို့ တစ်ဟုန်ထိုးဝင်ရောက်တိုက်ခတ်လာ၏။

ဒူခေး၏ အမူအရာသည် ပြင်းထန်လာ၏။ ထိုအမျိုးသမီးက စိတ်ဝိညာဥ်စပျိုးခြင်းနောက်ဆုံးအဆင့်ပဲ ရှိသေးတာဖြစ်၏။

ငါက သူ့ကို သတ်၊ကျောက်စိမ်း အဆောင်ကိုယူပြီး အပျက်အစီးထဲကို ပြေးဝင်သွားလိုက်ရင်ရော ....

သူက ဓားနက်နဲ့ ကျင့်ကြံသူကို ရှုံးနိုင်လောက်ပေမဲ့ သူ့ရဲ့အသက် စွမ်းအင်က ဝံပုလွေနက် နတ်ဘုရားထက်တော့ အစွမ်းထက်သည်ဖြစ်၏။ သူက သေစေနိုင်လောက်သည့် ဓားဒဏ်ရာ အများအပြားရလျှင်တောင်မှ အသက်ရှင်နိုင်သေး၏။ ထိုသို့ဆိုလျှင် သူက အဘယ်ကြောင့် မစွန့်စားပဲ နေရမည်နည်း။ ဝံပုလွေနက်နတ်ဘုရားကို သတ်လိုက်တဲ့ ကျင့်ကြံသူနဲ့ ထိပ်တိုက်မတွေ့သ၍ သူသည် အဆင်ပြေလောက်သည်ဖြစ်၏။

ဒူခေးသည် အနက်ရောင်ဓားနှင့် ကျင့်ကြံသူကို စူးစိုက်ကြည့်လိုက်ရာ မိုးပြာရောင် ဝတ်ရုံနှင့် အမျိုးသမီးမှာ  သူ့ထံသို့ တိုက်ခိုက်လာသည့်အချိန်တွင် ထိုသူကမူ လှုပ်ရှားမှု မလုပ်သည်ကို မြင်လိုက်လေ၏။

ကြမ်းတန်းခက်ထန်သော အမူအရာက သူ့မျက်နှာပေါ်တွင်ပေါ်လာ၏။

ဟုတ်ပြီ လုပ်ကြတာပေါ့

ဒူခေးက သူ့၏ ကြက်သွေးရောက်လှံတံကို ဆင့်ခေါ်လိုက်ပြီနောက် မိုးပြာရောင် ဝတ်ရုံနှင့်အမျိုးသမီးဆီသို့ အစွမ်းကုန် ခုန်အုပ်လိုက်လေတော့၏။

စူးစူးဝါးဝါး အသံတစ်ခုက လေထုထဲတွင် ပျံ့နှံ့သွားပြီးနောက် သက်ရှိစွမ်းအင်များက သူ့၏ လှံတံပတ်လည်တွင် သမုဒ္ဒယာသဖွယ် ရွှေ့လျားသွားတော့သည်။

ထိုသည်မှာ စွမ်းအင်အပြည့်နင့် ထိုးနှက်ချက်တစ်ခုဖြစ်ကာ သူ့၏ တစ်ခုတည်းသော ဦးတည်ချက်မှာ ထို အမျိုးသမီး၏ နှလုံးကို တစ်ချက်တည်းနှင့် ထိုးဖောက်ရန် ဖြစ်သည်။

ထိုအမျိုးသမီး၏ လက်ထဲ၌ အသွားတစ်ဖက်က အလွန်ပူပြင်းလှသည့် မီးတောက်များနှင့် လောင်ကျွမ်းနေပြီး အခြားတစ်ဖက်က လျှပ်စီးများ တစ်ဖြောက်ဖြောက်မည်နေသည့် အသွားရှည် ဓားတစ်ခု ပေါ်လာလေသည်။

ဓားသွားက အောက်ဘက်သို့ ဟက်တက်ခွဲပစ်ပြီးနောက် ကောင်းကင်နှင့်မြေကြီးက တဖိမ့်ဖိမ့်တုန်နေတော့၏။

ဒူခေး၏ နှလုံးသားထဲတွင် အကြောက်တရားများ ပြည့်နှက်လာကာ မျက်လုံးများ ပြူးကျယ်လာတော့၏။ သူ့၏ ကြက်သွေးရောင် လှံတံမှာ သူမ၏ စွမ်းအားကြီးမားလွန်းလှသည့် ခုတ်ချက် အောက်တွင်နှိမ်နင်းခံလိုက်ရကာ သူ၏ ခန္ဓာကိုယ်မှာလဲ နှစ်ခြမ်းခွဲခြင်းကို ခံလိုက်ရတော့သည်။

ဓားရှည်မှာ အောက်ဖက်သို့ ဆက်တိုက် ကျရောက်သွားပြီးနောက် ကောင်းကင်ဘုံရေကန် တစ်ခုလုံးသည်ပင် သူမ၏ ဓားချက်အောက်တွင် နှစ်ခြမ်းကွဲသွားလေတော့သည်။ လျှပ်စီးများ ပေါက်ကွဲထွက်လာကာ ပူပြင်းလှသည့် မီးတောက်က ရေများအား ဆူပွက်လာစေသည်အထိ အပူချိန် တိုးလာစေတော့၏။

နှစ်ပိုင်း ဖြတ်ခံလိုက်ရသည့် သွေးနတ်ဘုရား၏ ခန္ဓာကိုယ်မှာ မချိတင်ကဲ ဝေဒနာဖြင့် နာနာကျင်ကျင် အော်ညည်းနေဆဲပင်။

ပူးပြင်းမီးတောက်များက သူ၏ခန္ဓာကိုယ်နှစ်ပိုင်းဆီတွင် လောင်းကျွမ်းနေဆဲဖြစ်ကာ ကြောက်မက်ဖွယ် လျှပ်စီးများက သူ့ခန္ဓာကိုယ်နှင့် ဝိညာဥ္အား နောက်ဆုံးပမာထိ ကုန်ဆုံးသွားစေတော့၏။ ၄င်းက သူ၏ စွမ်းအားကြီးလှသည့် အသက်စွမ်းအင်လေးက သတိပြုဖွယ် အရှိန်နှုန်းဖြင့် ပျောက်ကွယ်လာသည်ကိုခံစားမိလေ၏။

သွေးမျိုးနွယ်စုမှာ သူတို့၏ လွန်စွာအင်အားကြီးလှသည့် အသက်စွမ်းအင်​ကို ဂုဏ်ယူလေ့ရှိကြ၏။ သူတို့၏ ခန္ဓာကိုယ်မှာ နှစ်ပိုင်းဖြတ်ခံလိုက်သည်ဆိုလျှင်တောင်မှ ပြန်လည်အသက်သွင်းနိုင်ကြပေ၏။ သို့ပေသိ ယခု လက်ရှိ အခြေအနေအရ ဓားချက် တစ်ချက်သည်ပင်လျှင် သွေးနတ်ဘုရားကို နှိမ်နင်းရန် လုံလောက် သည့်ပုံပင်။

ဒူခေး၏ မျက်နှာထက်တွင် စိတ်ပျက် အားငယ်ခြင်းများ ပြည့်နှက်နေသည့်အပြင် သူ့နှလုံးသားထဲ၌လည်း ကျယ်လောင်စွာ အော်ဟစ်နေ၏။

“ဒီ စိတ်ဝိညာဉ်ပျိုးထောင်ခြင်း အဆင့်က ဘယ်လိုတောင်လဲ။ ဒီလို အကြီးအကျယ် ပျက်စီးခြင်းအထိ တိုက်ခိုက်မှုကို ပြုလုပ်နိုင်တာတောင်မှ သူမက စောက်ကျိုးနည်း စိတ်ဝိညာဉ် ပျိုးထောင်ခြင်း အဆင့်ပဲ ရှိသေးတယ်လို့ လာပြောနေတာလားဟ”

ထို မိုးပြာရောင် ဝတ်ရုံနှင့် အမျိုးသမီးမှာတော့ စုရှောင်လန်မှလွဲ၍ တခြားသူမဟုတ်ပါချေ။

သူမက သူမ၏ နဂါးစာကလေးဓားသွားကို ကိုင်ဆောင်ကာ ဂုဏ်ယူဝင့်ကြွားစွာပြုံးရင်း လေထဲ၌ ရပ်နေလေ၏။ သူမသည် ကမ္ဘာမြေပေါ်သို့ သက်ဆင်းလာသည့် အပျိုစင်နတ်ဘုရားတစ်ပါးကဲ့သို့ပင် နှစ်ပိုင်း​ြဖတ်ခံလိုက်ရသည့် ခန္ဓာကိုယ်အား အေးစက် တည်ငြိမ်စွာ ကြည့်နေလေ၏။

အစွမ်းထက်လှသည့် သွေးနတ်ဘုရား ဒူခေးမှာ မီးတောက်နှင့် လျှပ်စီးတို့၏ ပေါင်းစပ်ခြင်းကြောင့် မီးခိုးမှုန်များအဖြစ် အဆင့်လျော့ချခံလိုက်ရ၏။

“ဟာ ... တစ်ချက်တည်းနဲ့ သတ်လိုက်တာလား”

ကျင့်ကြံသူအားလုံးသည် သူတို့မျက်စိရှေ့ရှိ မြင်ကွင်းအား ကြောက်လန့်တကြား ငေးကြည့်နေကြ၏။

ဟွားနိုင်ငံမှ ကျင့်ကြံသူများကတော့ သူမအား လေးစားမှု၊ကြောက်ရွံ့ရိုသေမှုအပြည့်ဖြင့် ငေးကြည့်လာ၏။

သွေးနတ်ဘုရားများသည် သူတို့၏ ကြောက်မက်ဖွယ် အသက်စွမ်းအင်ကြောင့် ဂုဏ်သတင်းကြီးမားကြ၏။ စိတ်ဝိညာဉ် ပျိုးထောင်ခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်၏ ဓားတစ်ချက်တည်းဖြင့် နှိမ်နင်းခံလိုက်ရသည်မှာ သူ့အတွက်တော့ ရိုးရိုးရှင်းရှင်းပင်လက်မခံနိုင်ဖွယ်ပင်။ အမှန်တရားမှာ သူတို့ မျက်စိရှေ့တွင် ပေါ်ထွက်လာပြီ ​ြဖစ်သော်လည်း သူတို့မှာ ၄င်းတို့ မျက်မြင်တွေ့လိုက်သည်များကို လက်ခံရန် ခက်ခဲလှပေ၏။

အန်လင်းကိုယ်တိုင်ပင် အနည်းငယ် အံ့အားသင့်နေရ၏။ သူမ ရှန်ရင်၏ အ​မွေကို ဆက်ခံပြီးနောက် စုရှောင်လန်၏ တိုက်ခိုက်စွမ်းအင်ကို ပထမဆုံးမြင်ရသည်ဖြစ်၏။ သူမက အလွန်အမင်း အစွမ်းထက်လာသည်ကို သိပေမဲ့ သွေးနတ်ဘုရားကို တစ်ချက်တည်းနှင့် နှိမ်နင်းနိုင်မည်ဟူ၍တော့ မထင်မှတ်ပါချေ။

သူမ၏ နှစ်ခုပေါင်း သွေးမျိုးဆက်နှင့် အင်မော်တယ် လက်နက် နဂါးစာကလေးဓားတို့သည် အမှန်တကယ်ပင် ကြောက်မက်ဖွယ် ပေါင်းစပ်မှုဖြစ်သွားလေ၏။

တခြားနိုင်ငံမှ ကျင့်ကြံသူများ အားလုံးကမူ ကြောက်လွန်း၍ အလွန်ပင်တုန်လှုပ်နေကြ၏။

သို့ပေသိ သူတို့၏ အိပ်မက်ဆိုးက ယခုမှ အစပင် ရှိသေးပေသည်။

စုချန်းရန်က သူမ၏ လရောင်းဝိုင်းပေါ်မှအမျိုးသားမရှိသည့် ကျွန်ပေါ်သို့ ဖြတ်သန်းသွားသည့်အလား အနက်ရောင် ဝံပုလွေအုပ်ဆီသို့အပြာရောင် အလင်းတန်းနှင့် ဦးတည် ပျံသန်းသွားတော့၏။ ဝံပုလွေများက မည်မျှ အစွမ်းထက်ကြစေကာမူ တစ်ချက်တည်းနှင့်ပင် အပိုင်းပိုင်း အဖြတ်ခံလိုက်ရတော့၏။

တန်မန်ရှီသည်တော့ သံချပ်ကာအပြည့်နှင့် DNA စစ်သည်တော်များကို ရင်ဆိုင်နေရသည်ဖြစ်၏။ သူသည်လည်း ဓားချက်တိုင်းတွင် အခက်အခဲမရှိ ချေမှုန်းသုတ်သင်နေတာဖြစ်သည်။

သတ္တုသံချပ်ကာလား။ ဟက်တက်ခွဲလိုက်မယ်

မီးတောက်များ၊ရေခဲများ၊လေပြင်း ဓားသွားများလား။ ဒုံးပျံများ၊လေဆာ အမြောက်များ၊လျှပ်စစ်သံလိုက် လက်နက်များလား။

ထိုအရာများအားလုံးသည် လွှမ်းမိုးဖွယ် ဓားချက်တစ်ချက်တည်းနှင့် အပြတ်ရှင်းခံလိုက်ရ၏။

မီနိုင်ငံမှ လာကြသည့် DNA စစ်သည်တော်များ အားလုံးသည် လျင်မြန်လွန်းလှသည့် အောင်မြင်မှုအောက်တွင် အရေးနိမ့်သွားကြတော့၏။

သူတို့သည် စိတ်ဝိညာဉ် ဖွဲ့စည်းခြင်းအဆင့်အောက်မှ ကျင့်ကြံသူများမကျော်လွှားနိုင်သည့် စစ်သည်တော်များအဖြစ် ​ကျော်ကြားကြသော်လည်း ယခုတွင်တော့ စိတ်ဝိညာဉ်ပျိုးထောင်ခြင်းအဆင့် ကျင့်ကြံသူတစ်ဦးထံမှ ​ချေမှုန်းခြင်းကိုခံလိုက်ရသည်။

ရွှမ်ယွမ်ချန် က သွေးနတ်ဘုရားနှစ်ယောက်၏ နောက်​ကျောသို့ ကြီးမားသည့်ဒဏ်ရာနှစ်ခု ခုတ်ပိုင်းလိုက်ရင်း တိုက်ခိုက်လိုက်သည့်အခါ သွေးများက နေရာအနှံ့ပန်းထွက်လာတော့၏။

“ဒီ ကျင့်ကြံသူတွေက ဘယ်ကနေ ရောက်လာတာလဲ။ သူတို့က မာစတာ ဒူခေးကိုတောင် သတ်လိုက်နိုင်တယ်”

သွေးနတ်ဘုရားများထဲမှ တစ်ဦးက ရွှမ်ယွမ်ချန်က သူနောက်ကို မလိုက်တော့ပဲ သက်ပျင်းချလိုက်သည်ကို ရှာဖွေတွေ့ရှိသွားလေ၏။

“သူတို့ အားလုံးက အဲ့သုံးယောက်လို စွမ်းအားမကြီးတာ ကံကောင်းတာပဲ။ ကြည့်ရတာ ငါတို့ကတော့ နောက်ရက်တိုက်ပွဲအတွက် အသက်ရှင်ကျန်ခဲ့မယ်ထင်တယ်” တခြားသွေးနတ်ဘုရားတစ်ယောက်က စိတ်ပြေလျော့သည့် အမူအရာနှင့် ဆိုလာ၏။

“အသင်္ချေ စိတ်ဝိညာဉ် ကံကြမ္မာ-သေစမ်း” ရွှမ်ယွမ်ချန်၏ နှုတ်မှ အော်ဟစ်လာ၏။

သွေးနတ်ဘုရားများ၏ နောက်​ကျောရှိ ဒဏ်ရာမှာ ရုတ်တရက် စတင်ပြီး ပုတ်သိုးလာကာ သူတို့၏ အသက်စွမ်းအားသည်လည်း သိသိသာသာအရှိန်နှင့် ကုန်ဆုံးသွားတော့၏။

“အား ....ငလူး၊အဲဒါက ဘာကြီးလဲဟ”သွေးနတ်ဘုရားတစ်ဦးက နာကျင်စွာအော်ဟစ်လာ၏။ ထိုသူက သူ၏ အဖော်အားကြည့်လိုက်သည့်အခါ ထိုသူသည်လည်း သူနှင့်ထပ်တူ စိတ်ပျက်အားငယ်သည့် မျက်နှာထားချိတ်ဆွဲထားသည်ကို သိလိုက်ရ၏။

သူ့တွဲဖက်၏ မျက်နှာမှာ ​ရှုံ့တွလာကာ ဆံပင်များသည်လည်း အဖြူရောင်သို့ ပြောင်းသွားပြီး သူတို့၏ အသက်သွေးသည်လည်း တဖြည်းဖြည်းခမ်းခြောက်သွားတော့၏။

“မဟုတ်ဘူး” သွေးနတ်ဘုရားက ကြောက်လန့်တကြီး အော်ဟစ်လာသော်လည်း နောက်ကျသွားပြီ ဖြစ်သည်။

ရွှမ်ယွမ်ချန်မှာတော့ သူတို့ကို ကြည့်ရန်ပင် မအားပါချေ။ သူက ပုန်နေသော မှော်ဆရာများနောက်သို့ လိုက်ရန် လှည့်သွားတော့၏။

...

ဂျပန် နင်ဂျာသုံးယောက်သည်မူ သူတို့၏ ကိုယ်ဖျောက်မန္တာန် နည်းလမ်းကိုအသုံးပြုကာ ကောင်းကင်ဘုံရေကန်အနီးတွင် ပုန်းကွယ်နေကြ၏။ သူတို့က အကြောက်တရားဖြင့် တုန်လှုပ်နေကာ သူတို့၏ ဆီးအိမ်များသည်လည်း ဗလာပဲ ကျန်လေတော့သည်။

အစတွင်တော့ သူတို့သည် ရောရောထွေးထွေးဖြစ်နေချိန်တွင် ကျောက်စိမ်းအစီအရင်ကိုခိုးရန် ရည်ရွယ်ထားသည်ဖြစ်ပြီး အန်လင်း၏ ဝံပုလွေနက် နတ်ဘုရားအား တစ်ချက်တည်းနှင့် သုတ်သင်လိုက်သည်ကိုမြင်တာ တပ်ဆုပ်လာခဲ့တော့သည်။

ဟတခဲ ရွှန်းရွှန်းရှိက ချက်ချင်းပင် အန်လင်းတို့ အာရုံမစိုက်မိအောင်နေရန် ဆုံဖြတ်ချက်ချလိုက်ကာ တခြားအသင်းမှ အဖွဲ့ဝင်များကိုပဲ မြင်ကွင်းရှေ့တွန်းပို့ထားလေ၏။

“အဲ့ မိန်းမက အားနည်းပုံပဲ။ သူက စိတ်ဝိညာဉ်စပျိုးခြင်းနောက်ဆုံးအဆင့်ပဲရှိသေးတာ။ ငါတို့သူ့ကို သွားပြီး လုပ်ကြံသတ်ဖြတ်ရမယ်”

“ငါတို့ အသင်းခေါင်းဆောင်ရဲ့ ဥာဏ်ပညာကတော့ ပြိုင်စံရှားပဲဟေ့”

သူတို့သွားရောက်တိုက်ခိုက်ရန် အခွင့်အရေးမရခင်မှာပင် ထိုအမျိုးသမီးက သွေးနတ်ဘုရားကို တစ်ချက်တည်းနှင့် သုတ်သင်လိုက်၏။

ဟတခဲ ရွှန်းရွှန်းရှိ  “....”

တခြား နင်ဂျာနှစ်ယောက်မှာလဲ ကြောက်လန့်စွာ တုန်ယင်နေတော့၏။ သူတို့က သွားရောက်မတိုက်ခိုက်ရသေးသည်ကိုပင်အလွန်အမင်း ဝမ်းသာနေတော့လေသည်။

“တခြားသူတွေကို ရှာကြည့်ကြတာပေါ့” ဟတခဲ ရွှန်းရွှန်းရှိက အံကိုကြိတ်လျက် ကျောက်စိမ်းအစီအရင် ရှိနေသော တခြားသူများကို စောင့်ကြည့်နေလေတော့သည်။

သူတို့ထဲမှ တစ်ယောက်က ဝံပုလွေနက် မျိုးနွယ်စုကို အနိုင်တိုက်ပြီး တစ်ခြားတစ်ယောက်မှာမူ DNA စစ်သည်တော်များကို လက်တစ်ဖက်တည်းနှင့် သတ်ဖြတ်လိုက်ကာ နောက်ဆုံးတစ်ဦးသည်တော့ သွေးနတ်ဘုရားနှစ်ဦးအား ထူးဆန်းသည့် နည်းလမ်းဖြင့် သတ်ဖြတ်လိုက်ကာ ယခုတွင်တော့ ပုန်းနေသော မှော်ဆရာများဆီသို့ သွားနေလေ၏။

ဟတခဲ ရွှန်းရွှန်းရှိက သူ၏ခြေထောက်များက သူ့အောက်တွင် ပျောက်ဆုံးသွားသည်ဟု ခံစားလိုက်ရ၏။

ငလူး၊အဲ့ ထူးထူးဆန်းဆန်း စိတ်ဝိညာဉ်စပျိုးခြင်းအဆင့် ကျင့်ကြံသူတွေက ဘယ်ကရောက်လာတာလဲဟ။

ထိုသူများ၏ ခေါင်းဆောင်ကို မည်သို့ မည်ပုံ လုပ်ကြံသတ်ဖြတ်မည်ဟု တွေးခဲ့သည်ကို ပြန်လည် အမှတ်ရသောအခါ သူ့၏ သွေးသားများက အကြောက်တရားဖြင့် တဆတ်ဆတ်တုန်လာတော့သည်။

“အဖွဲ့ခေါင်းဆောင် ...ကျွန်တော်တို့ နည်းဗျူဟာဆိုင်ရာ တပ်ဆုတ်သင့်သလား” နင်ဂျာတစ်ဦးက မနေနိုင်ပဲ မေးလာခဲ့၏။

ဟတခဲရွှန်ရွှန်းရှိက ထိုအကြံပြုချက်က အလွန်အမင်း ကျိုးကြောင်းသင့်သည်ဟု ခံစားရကာ ချက်ချင်းပင် ခေါင်းငြိမ့်လာတော့၏။

“ဟုတ်တယ်။ ငါတို့ နင်ဂျာတွေအတွက် နံပါတ်တစ် အရည်အချင်းက ပိုကောင်းဖို့အတွက် အရှက်တကွဲဖြစ်ခြင်းကို သည်းခံရမယ်”

သို့ဖြစ်ပါ၍ ထိုသုံးယောက်သည် တိတ်တဆိတ်ပင် နောက်ကြောင်းပြန်ဆုတ်ခွာသွားတော့၏။

“ဟားဟား ဂျပန်ကောင် ဆန်ကုန်မြေလေးတွေ ဒီအနီးတဝိုက်က တစ်နေရာရာမှာ ရှိနေတယ်ဆိုတာ ငါသိတယ်”

အသံကျယ်ကြီးတစ်ခုက သူတို့ဘေးမှ ရုတ်တရက်ပေါ်လာတော့၏။

သူတို့ သုံးယောက် လှည့်ကြည့်လိုက်သောအခါ အစီအရင်ကို ကိုင်ထားသော စပ်ဖြဲဖြဲ အပြုံးနှင့် ဝတုတ်တစ်ယောက်ကိုတွေ့လိုက်၏။ ထိုဝတုတ်သည်ကား အစီအရင်ထူးချွန်သူ ချန်ကျင်းထျန်မှလွဲ၍ တခြားသူမဟုတ်ပါချေ။

ရွှေရောင် အစီအရင်က နင်ဂျာသုံးဦးဘေးတွင် ရုတ်တရက်ပေါ်ထွက်လာ၏။

“နောက်ဆုတ်” ဟတခဲ ရွှန်းရွှန်းရှိက သတိပေး အော်ဟစ်လိုက်၏။

ဘုန်း

ကြောက်မက်ဖွယ် မီးတောက်ပေါက်ကွဲမှုကြီးက  ထိုသုံးယောက်ဆီသို့ ဦးတည်တိုက်ခိုက်လာကာ တောအုပ်ကြီးတစ်ခုလုံး ပေတစ်ရာအတွင်း အလင်းပေးနေတော့၏။

“ဟားဟား ငါ့အစီအရင်တွေရဲ့ အရသာကို မြည်းကြည့်ကြစမ်း။ မင်းတို့ ဘယ်မှ မသွားရဘူး”

ချန်ကျင်းထျန်က မဖောက်ထွင်းနိုင်သည့် အဖြူရောင် အတားအဆီး အစီအရင် သုံးခုကို နင်ဂျာများ၏ ရှေ့သို့ ပစ်ထုတ်လိုက်ပြီး သူတို့၏ လွတ်မြောက်ရာလမ်းကြောင်းကို ပိတ်ဆို့ထားလိုက်၏။

“ငါမင်းကို သတ်မယ်” ဟတခဲ ရွှန်းရွှန်းရှိက ချန်ကျင်းထျန်အား ကြက်သီးထဖွယ်အကြည့်များ ပို့လွှတ်လိုက်တော့၏။

ချန်ကျင်းထျန်က စိတ်ဝိညာဉ်ပျိုးထောင်ခြင်း နောက်ဆုံးအဆင့်ကျင့်ကြံသူ တစ်ဦးသာဖြစ်ပြီး ထိုထူးထူးဆန်းဆန်း ကျင့်ကြံသူများထဲမှ တစ်ယောက်မဟုတ်လေရာ ဟတခဲရွှန်းရွှန်းရှိအတွက် ကြောက်စရာမရှိပါချေ။

“သူ့ကို သတ်ကြစမ်း” ဟတခဲ ရွှန်းရွှန်းရှိက အမိန့်ပေးလိုက်ရင်း တဟုန်ထိုး ဝင်ရောက်တိုက်ခိုက်လာ၏။

ကျန်ရှိသည့် နင်ဂျာနှစ်ဦးမှာလည်း ချန်ကျင်းထျန်ဆီသို့ သေဆုံးခြင်း အရောင်များတောက်ပနေသည့် ခွန်အိုင်ဓားများကိုင်ဆောင်ရင်း ခုန်အုပ်လိုက်လေ၏။

“ကွန်တုန် မီးမြွေ” ချန်ကျင်းထျန်သည် နောက်ထပ်သော အစီအရင်တစ်ခုကို ပစ်လွှတ်လိုက်ကာ ထိုသည်က ထောင်ပေါင်းများစွာသော အစွယ်ချွန်ချွန်များနှင့်မီးတောက်မြွေများသဖွယ် အသွင်ပြောင်းသွားကာ သူ၏ လက်နက်ကိုင်ရန်သူများဆီသို့ ပျံသန်းသွားတော့၏။

အဆင့်မြင့် နင်ဂျာများက ရေနဂါးဂျူစစ်များ လွှတ်ကာ မီးတောက်မြွေများနှင့် တိုက်ခိုက်စေပြီး ကျယ်လောင်သည့် ပေါက်ကွဲမှုကြီးက ငွေ့ရည် နှင့်ဆီပွင့်များသဖွယ် လေထဲသို့ ပျံ့နှံ့လာတော့၏။

လျှပ်စီးကြောင်းတစ်ခုက ရေငွေ့များကို ဖြတ်သန်းကာ ချန်ကျင်းထျန်ဆီသို့ ထိုးဖောက်သွားတော့၏။ လျှပ်စီးကြောင်း၏ မူလရင်းမြစ်မှာ ဟတခဲရွှန်းရွှန်းရှိက အသုံးပြုလိုက်သော ချီဒိုရီ နည်းပညာပင် ဖြစ်၏။

ထိုသည်မှာ ဟတခဲရွှန်းရွှန်းရှိ၏ အကောင်းဆုံး လုပ်ကြံသတ်ဖြတ်ခြင်းနည်းလမ်းများထဲမှ တစ်ခုဖြစ်လေ၏။ အစီအရင်များကိုပဲ မီခိုနေရသည့်ကျင့်ကြံသူ ဝတုတ်လေးအတွက်တော့ ထိုသည်မှာ သေချာပေါက် အသက်နုတ်မည့်နည်းလမ်းပင်ဖြစ်၏။

သို့သော်ငြားလည်း ထိုအခိုက်အတန့်မှာပင် ချန်ကျင်းထျန်၏ အောက်တွင်ရှိသော ဓားပျံသည် ရုတ်တရက် သူ့၏ လက်ထဲသို့ ကူးပြောင်းလာတော့သည်။

ဝှီး

ဓားချက်က လေကိုဖြတ်သန်းကား ပြီးပြည့်စုံသည့် လမ်းကြောင်းတစ်ခုကို လှီးဖြတ်ပြီး ဟတခဲရွှန်းရွှန်းရှိ၏ ချီဒိုရီ ဂျူစစ်နှင့် တိုက်မိသွားတော့သည်။

ဘုန်း

ကျယ်လောင်လှသည့် အသံကြီး ဖန်တီးကာ ကြောက်မက်ဖွယ်ပေါက်ကွဲမှုကြီးတစ်ခု ဖြစ်ပေါ်လာ၏။

ဟတခဲရွှန်းရွှန်းရှိက သူ့၏ သွေးထွက်နေသောလက်ကို ကြည့်ရင်း နောက်ဘက်သို့ ခလုပ်တိုက်ကာ ရွေ့သွားတော့သည်။ သူက ချန်ကျင်းထျန်ကို မယုံသင်္ကာကြည့်ရင်း တရုတ်လို စကားဆိုလာ၏။ “ဘာလဲဟ မင်းက အစီအရင်ကျွမ်းကျင်သူလို့ ငါကထင်နေတာ”

ချန်ကျင်းထျန်က သူ့၏ဓားကို ကျက်သရေရှိစွာ ဝှေ့ယမ်းလိုက်ရင်း သူ၏ အရှိန်အဝါများက ဓားအင်မော်တယ် တစ်ယောက်အဖြစ်သို့ ပြောင်းလဲသွားတော့၏။ “ဒီက ဝတုတ်လေးက ဓားနဲ့ သိပ်မလိုက်လို့ပါဗျာ”

ဟတခဲ ရွှန်းရွှန်းရှိ “...Baka”

***

All Chapters