← Chapters

အခန်း (၁၀၆၇-၁၀၆၈)

Vol. 89 Ch. 1067-1068

အခန်း (၁၀၆၇-၁၀၆၈)

Vol. 89 Ch. 1067-1068

အခန်း ၁၀၆၇ –

ဝမ်ယဲ့ ... ။

စုရီတစ်ယောက် ချင်းတျန်အတွက် လက်စားချေသည့် ခရီးစဉ်မှ ပြန်လာပြီးနောက် တစ်ကိုယ်တည်း တံခါးပိတ်ကျင့်ကြံရန် ပြင်ဆင်တော့သည်။

ကျန့်မျိုးရိုးနှင့် ရှမျိုးရိုးသည်လည်း ဝမ်မိသားစုကဲ့သို့ အဆုံးသတ်မကောင်းလှချေ။ ရက်စက်ပြီး ပြတ်သားသော ဓားအောက်တွင် ငရဲခန်းအလား ပျက်စီးသွားရသည်။

အသိစိတ်ပင်လယ်အတွင်း၌ စုရီ၏ ဇာတိဓမ္မပုံရိပ်သည် ငရဲဘုံကိုးပါးဓားရှေ့၌ ပေါ်ပေါ်လာခဲ့သည်။

“ ဟေ့ ... မင်းရဲ့ကတိကို ဖြည့်ဆည်းပေးရမယ့် အချိန်ရောက်ပြီ။ ”

“ ချွင် ချွင် ... ။ ”

ထို့နောက် ဆဋ္ဌမမြောက် နတ်သံကြိုးထံ စိုက်ကြည့်ကာပြောကြားသည်။ များမကြာခင် နတ်သံကြိုးတုန်ခါလျက် တံဆိပ်တစ်ခု လေထဲ ပျံဝဲထွက်လာခဲ့သည်။

“ ဟေ့ ... တဲ့လား မင်းနည်းနည်းလောက် ယဉ်ယဉ်ကျေးကျေး မဆက်ဆံတတ်ဘူးလား။ ”

“ ဟားဟားဟား ... မင်းနဲ့ငါက တစ်ယောက်တည်းပဲလေ ဒီလိုတွေဂရုစိုက်နေဖို့ မလိုပါဘူး။ ”

“ မဟုတ်သေးဘူး၊ မင်း ငါ့ရဲ့တာအိုနဲ့ မပေါင်းစည်းခင်အထိ မင်းကမင်းပဲ၊ ငါက ငါပဲ မင်းဒါကို သိသင့်တယ် ... မှတ်ထား ငါ့မျိုးရိုးက ‘ဝမ်’ နာမည်က ‘ယဲ့’ ။ ”

“ ဝမ်ယဲ့လား ... မင်းနာမည်က အရမ်းမောက်မာလွန်းတယ်။ ”

စုရီက မျက်ခုံးပင့်သွားသည်။ ဝမ်ယဲ့ဟူသောအဓိပ္ပါယ်သည် ‘သခင်’ဟု အမည်ရချေ၏။ ဝမ်ယဲ့တစ်ယောက် တိတ်ဆိတ်သွားသည်။

သက်ရှိထင်ရှားရှိစဉ်က သူ့အမည်ရင်းကို သိသောသူတိုင်းသည် ကောင်းကင်အထက်ရှိ အနှိုင်းမဲ့ ပုဂ္ဂိုလ်ကြီးများသာ ဖြစ်သည်။

သို့သော် ထိုသူများသည် သူ့နာမည်ကို ထိုသို့ဝေဖန်ရန် မဝံ့ရဲချေ။ သူ့ကိုမုန်းတီးသူများမှ ‘အထိန်းအကွပ်မဲ့သော ဓားသမား’ဟု ခေါ်ဆိုကြ၏။

ယခုမူ တစ်ဖက်လူသည် သူ့နာမည်ကို ဝေဖန်နေသည်။ စုရီနှင့် စကားပြောခြင်းသည် သူ့ကိုများစွာ အနှောက်အယှက်ဖြစ်စေ၏။

နွေရာသီ အင်းဆက်တစ်ကောင်သည် ဆောင်းရာသီအကြောင်း နားမလည်နိုင်သည်မှာ သဘာဝပေပင်။

“ မြန်မြန်လုပ်ပါ၊ အချိန်က သိပ်မရှိဘူး။ ”

စုရီက တိုက်တွန်းလိုက်သည်။ ဝမ်ယဲ့မှ စိတ်ပျက်လက်ပျက်ဖြင့် သက်ပြင်းချလိုက်ပြီး နတ်ဘုရားအလင်းတန်းတစ်ခု ပေါ်လာကာ တံဆိပ်တစ်ခုကို လေထဲပေါ်လာစေ၏။

“ ဒါက ငါကောင်းကင်ဘုံလမ်းကို မစတင်ခင်နဲ့ စတင်ပြီးနောက်ပိုင်း ငါရရှိခဲ့တဲ့ ကျင့်ကြံခြင်း အတွေ့အကြုံတွေပဲ ... မင်းဒါကို ပေါင်းစည်းလိုက်ရင် အနှစ်သာရတွေကို အကုန်နားလည်သွားလိမ့်မယ် ...

... ဒါဆိုရင် ငါမင်းကို ဘယ်သူမှ မထိတွေ့ဖူးသေးတဲ့ ‘နယ်ပယ်ကျော်ဖြတ်ခြင်း လျှို့ဝှက်ချက်’နဲ့ ...

... ‘ပြိုင်ဘက်ကင်း ကောင်းကင်ဘုံ ခန္ဓာကိုယ်ကို သန့်စင်နည်းငါပေးမယ် ဒါမင်းကို သေမျိုးခန္ဓာနဲ့ နတ်ဘုရားတွေ၊ အင်မော်တယ် တွေကို ရင်ဆိုင်နိုင်လိမ့်မယ် ...

... မင်း အင်မော်တယ်အဆင့်ကို ရောက်တဲ့အခါ ရှေးဟောင်း အင်မော်တယ်ကြီး တွေကို ကျော်လွန်ပြီး ဘယ်သူမှ မရောက်နိုင်တဲ့ မဟာတာအိုကို ထုဆစ်နိုင်လိမ့်မယ်။ ”

ဝမ်ယဲ့အသံတွင် စိတ်အားထက်သန်မှုများ ပြည့်နှက်နေသော်လည်း ချက်ချင်းပင် သတိပေး စကားအချို့လည်း ဆိုလာခဲ့သည်။

“ သတိထားပါ ဒါက ကောင်းကင်ဘုံနယ်ပယ်ရဲ့ လျှို့ဝှက်ချက်တွေ ဖြစ်တဲ့အတွက် မင်းရဲ့ဝိညာဉ်ကို အလွယ်တကူ ရိုက်ချိုးပစ်နိုင်တယ် အခုချိန်မှာ မင်းက ‘နယ်ပယ် ဘုရင်’အဆင့်ပဲ ရှိသေးတာ။”

စုရီက ပြုံးလျက် စကားမဆိုတော့ဘဲ လေထဲရှိ တံဆိပ်ထံ လက်ညှိုးဖြင့် ထိလိုက်၏။ များပြားသော အချက်အလက်များ သူ့ဝိညာဉ်ထဲ ချက်ချင်းတိုးဝင်လာသည်။

ထိုခဏ၌ စုရီ၏စိတ်ဝိညာဉ်သည် ပေါက်ကွဲတော့မတတ် ဖောင်းကားလာ၏။ ယင်းသည် အလွန်များပြားလွန်းလှသည်။

အခြားသော ‘နယ်ပယ်ဘုရင်’ တစ်ဦးသာဆိုလျှင် စိတ်ဝိညာဉ်မှာ ချက်ချင်းပင် ကြေမွသွားနိုင်၏။ သို့သော် စုရီမှာမူ စူးရှသော နာကျင်မှုကိုသာ ခံစားရပြီး အပြည့်အဝ ခံနိုင်ရည်ရှိလာခဲ့သည်။

လက်ရှိအချိန်၌ သူသည် ‘ဝမ်ယဲ့’ အမည်ရှိသော ဓားသမားတစ်ယောက်အဖြစ် ပြန်လည်မွေးဖွားလာပြီဖြစ်သည်။

ကောင်းက်ငဘုံနယ်ပယ်၏ အတွေ့အကြုံများအားလုံး စိတ်ထဲစီးဝင်နေ၏။ ယင်းသည် စာအုပ်တစ်အုပ်ဖတ်ရုံဖြင့်သိသော အသိဉာဏ်မျိုးမဟုတ်ဘဲ ကိုယ်တိုင်တွေ့ကြုံ ခံစားနေရခြင်းပေပင်။

နတ်ဝိညာဉ်အဆင့် မတိုင်ခင် ပြင်ဆင်ရမည့်အရာများ၊ ကပ်ဘေးဒုက္ခများကို ကျော်ဖြတ်ပုံများနှင့် အောင်မြင်ပြီးနောက် ပြောင်းလဲမှုများ အားလုံးပါဝင်သည်။

ကောင်းကင်ဘုံနယ်ပယ် အဆင့်(၃)ဆင့် ဖြစ်သောနတ်ဝိညာဉ်အဆင့်၊ ပေါင်းစည်းခြင်းနှင့် တိမ်ပေါ်ပျံသန်းခြင်းအဆင့်၏ အနှစ်သာရများ ရိုက်နှိပ်ထားသလို ထင်ရှားလာသည်။

အချိန်များ ကုန်ဆုံးသွားပြီးနောက် စုရီတစ်ယောက် ရုတ်ချည်းသတိပြန်ဝင်လာ၏။ သူသည် နယ်ပယ်ကို မကျော်ဖြတ်ရသေးချေ။ သူ ခံစားရသည်မှာ အတွေ့အကြုံမျှသာဖြစ်ပြီး အစစ်အမှန်မဟုတ်ကြောင်း သတိဝင်လာ၏။

သို့သော် ဤအတွေ့အကြုံများကို အသုံးချပြီးနောက် ကိုယ်ပိုင်လမ်းလျှောက်လှမ်း ရပေမည်။ အကယ်၍ အတွေ့အကြုံများထဲတွင် နစ်မွန်းသွားပါက ဝမ်ယဲ့ထက် မည်သို့မျှ သာလွန်နိုင်တော့မည်မဟုတ်ချေ။

“ ငါဟာ နှလုံးသားနဲ့ဆန္ဒအတိုင်း လျှောက်လှမ်းမယ် လောကရဲ့လျှို့ဝှက်ချက်ကို နားလည်အောင်လုပ်မယ် အရာအားလုံးကို ငါ့အတွက်ကိုယ်ပိုင်လမ်းစဉ်အဖြစ် ...

... ပြောင်းလဲမယ် အသုံးချမယ် ... ငါ့ရဲ့ တာအိုနှလုံးသားကိုဘယ်အရာမှ မနှောင့်ယှက် နိုင်စေရဘူး။ ”

စုရီတစ်ယောက် ပြန်လည် တည်ငြိမ်သွားသည်။ ဝမ်ယဲ့၏ ဘဝကို ဘေးမှ စောင့်ကြည့်နေသူ တစ်ဦးကဲ့သို့ ထိုမြင်ကွင်းများ ပြတ်သားလာ၏။

ဤအခြေအနေဖြင့် တံဆိပ်အတွင်းရှိ အချက်အလက်များကို ပြောင်းလဲစစ်ထုတ်နေ တော့သည်။ များမကြာခင် သူ့မျက်ဝန်းများ ပြန်ပွင့်လာ၏။

“ အကုန်လုံး ပေါင်းစည်းပြီးပြီလား။ ”

ဝမ်ယဲ့တစ်ယောက် အံ့အားသင့်စွာဖြင့် မေးမြန်းလာ၏။ တစ်ဖက်လူမှ ဤမျှလွယ်လွယ် သူ့အတွေ့အကြုံများကို ပေါင်းစည်းနိုင် လိမ့်မည်ဟု မထင်ထားခဲ့ချေ။

စုရီက ခေတ္တမျှစဉ်းစားပြီး၊ ‘သိပ်ပြီး မခက်ခဲပါဘူး’-ဟု ခေါင်းညိတ်ပြလိုက်သည်။ ထိုအဖြေကြောင့် ဝမ်ယဲ့တံဆိပ်ခမျာ တိတ်ဆိတ်သွားတော့၏။

“ ငါတစ်ခု သတိထားမိတာရှိတယ် ... မင်းကောင်းကင်ဘုံကို လျှောက်လှမ်းစဉ်တုန်းက အုတ်မြစ်နဲ့စွမ်းအားက ငါ့ထက် အများကြီး နိမ့်ကျနေတာပဲ ...

... ဒါက ဘာကိုဆိုလိုတာလဲဆိုတော့ ငါသာ နယ်ပယ်ကို ကျော်ဖြတ်မယ်ဆိုရင် အနာဂတ်မှာ မင်းထက် အများကြီး သာလွန်သွားလိမ့်မယ်။ ”

“ ဟမ့် ... ကောင်းပြီ ... မင်းအတွက် ကျေးဇူးတင်စကားပြောဖို့ ဆန္ဒမရှိရင်တောင်မှ နည်းနည်းလောက် ယဉ်ယဉ်ကျေးကျေးလေး မပြောနိုင်ဘူးလား။ ”

“ ဟားဟားဟား ... ဘာပဲဖြစ်ဖြစ် ဒီအတွေ့အကြုံတွေက ငါ့အတွက်တကယ့်ကို အထောက်အကူ ဖြစ်စေပါတယ် ...

... အနည်းဆုံးတော့ မင်းထက် ဘယ်လိုသာအောင် လုပ်ရမလဲဆိုတာကို နားလည်သွားစေတယ် ကျေးဇူးပဲ။ ”

“ မင်း ... ဒါကို ယဉ်ကျေးတယ်လို့ ခေါ်တာလား ဒီလိုစကားအသုံးအနှုန်းမျိုးကို ကျေးဇူးတင်စကားလို့ခေါ်တာလား။ ”

ဤတစ်ကြိမ်တွင် ဝမ်ယဲ့မှ ဒေါသတကြီး အော်ဟစ်လိုက်၏။ သို့သော် စုရီမှ ဂရုမစိုက်ဘဲ၊

“ ကဲ ... အခု မင်းပြောတဲ့ ဘယ်သူမှ မရောက်တဲ့ ပြိုင်ဘက်ကင်းကောင်းကင်ဘုံရဲ့ လမ်းစဉ်အကြောင်း ပြောပြရမယ့် အချိန်ရောက်ပြီ။”

-ဟု တောင်းဆိုလိုက်သည်။

ဝမ်ယဲ့က သက်ပြင်းတစ်ချက်ကို ရှည်လျားစွာ ချလိုက်သည်။ ထို့နောက် စိတ်ကို တည်ငြိမ်အောင်ထားကာ၊

“ အရင်တုန်းက ကမ္ဘာကြီးဟာ အင်မော်တယ်လမ်းကို တိုက်ရိုက်သွားနိုင်တယ် အခုငါ့ရဲ့ အတွေ့အကြုံတွေက အင်မော်တယ် ဘုရင်အဖြစ်တောင် ရောက်ဖို့ ...

... လုံလောက်တယ် ဒါပေမယ့် နောက်ဆုံးမှာတော့ မင်းဟာငါ့လိုအင်မော်တယ် လမ်းရဲ့အဆုံးမှာ ရပ်တန့်သွားပြီး ရှေ့ဆက်လို့ မရနိုင်တော့ဘူး။ ”

-ဟု ပြောကြားလာ၏။ သူ့အသံတွင် အနည်းငယ် အထီးကျန်မှုနှင့် မကျေနပ်မှုများ ပါဝင်နေသည်။

“ ငါဟာ ကောင်းကင်ဘုံနယ်ပယ်ကို ကျော်ဖြတ်ဖို့အတွက် လောကကြီးအနှံ့အပြားဆီ လှည့်လည်ခဲ့တယ် ရှေးဟောင်းကျမ်းစာပေါင်း များစွာကို လေ့လာခဲ့တယ် ...

... ပျောက်ကွယ်သွားတဲ့ ဒဏ္ဍာရီခေတ်တွေကိုလည်း နှိုက်နှိုက်ချွတ်ချွတ် ရှာဖွေခဲ့တယ် ... နောက်ဆုံး ငါသိလိုက်ရတာက အင်မော်တယ်လမ်းအဆုံးမှာ လမ်းမရှိတော့ဘူး ဆိုတာပဲ ...

... ငါက မသန်မာလို့ မဟုတ်ဘူး ... အခွင့်အရေး၊ ကံကြမ္မာနဲ့ ကောင်းကင်ကြီးက ငါ့ကိုငြင်းပယ်နေလို့ပဲ။ ”

စုရီတစ်ယောက် ထိုခံစားချက်ကို နားလည်ပေးနိုင်၏။ သူသည်လည်း စုရွှမ်ကြွယ် ဘဝတွင် ဤနည်းတူ ခံစားခဲ့ရဖူး၏။

“ နတ်ဘုရားဖြစ်မဲ့ လမ်းစဉ်လား နတ်ဘုရားပဋိညာဉ်အရ ... ဖျောက်ဖျက်ခံလိုက် ရတာလား ... အင်မော်တယ်လမ်းရဲ့အထက်မှာ တကယ်ပဲ နတ်ဘုရားနယ်ပယ် ရှိနေတာလား။ ”

စုရီက စိတ်ဝင်စားသွားသည်။ ဝမ်ယဲ့မှ ခေါင်းယမ်းလျက်၊

“ နတ်ဘုရားဆိုတာ အမည်တစ်ခုပါပဲ အင်မော်တယ်ရဲ့အမြင်မှာ နတ်ဘုရားဆိုတာ အထက်မြတ်ဆုံး အမှတ်သင်္ကေတတစ်ခုပဲ ...

... ဆိုလိုတာက နတ်ဘုရားဆိုတာ သက်ရှိတစ်ယောက်ဖြစ်နိုင်သလို မဟာတာအိုရဲ့ စည်းမျဉ်းကြီးတစ်ခုလည်း ဖြစ်နိုင်ပါတယ် ဒါမှမဟုတ် သန်မာတဲ့ ထူးခြားသတ္တဝါ တစ်ဦးလည်း ဖြစ်နိုင်တယ် ...

... နောက်ဆုံးမှာတော့ သူတို့ဟာ ဘယ်လိုပုံစံပဲရှိရှိ ... အင်မော်တယ်လောကမှာ ရှေးကတည်းက လက်ခံထားတဲ့ အချက်တစ်ခု ရှိတယ် အဲဒါက အင်မော်တယ်လမ်းကို ...

... ကျော်လွန်ပြီး ခေတ်တစ်ခေတ်ရဲ့ ချုပ်နှောင်မှုတွေကို ရိုက်ချိုးပစ်နိုင်တဲ့သူဟာ နတ်ဘုရားပဲ ... ဒါက စွမ်းအားတစ်ခုကို ဘုံရည်ညွှန်းတဲ့အမည်။ ”

စုရီတစ်ယောက် တိတ်ဆိတ်သွား၏။ မည်သို့ပင်ဆိုစေကာမူ အင်မော်တယ်အထက်၌ နတ်ဘုရားနယ်ပယ် တစ်ကယ်ရှိချေပြီ။

“ ဒါတွေက မင်းအတွက်တော့ အလှမ်းဝေးပါသေးတယ် မင်းလည်းငါ့လိုပဲ အင်မော်တယ်လမ်းရဲ့ ထိပ်ဆုံးရောက်တဲ့အခါ ကောင်းကောင်းနားလည်လာမယ် ...

... အိုး ဟုတ်သားပဲ ... အကယ်၍ မင်းသာ ငါနဲ့ပေါင်းစည်းချိန်ရှုံးနိမ့်ခဲ့ရင်တော့ အဲဒီနေ့ကို မင်းဘဝမှာ မြင်ခွင့်မရှိတော့ဘူး။ ”

ဝမ်ယဲ့က လှောင်ပြောင်လိုက်သည်။

“ အင်မော်တယ်လမ်းအဆုံးက ပြတ်နေပြီဆိုတော့ အခုမင်းရှာတွေ့ထားတဲ့ အချက်အလက်တွေက နတ်ဘုရားဖြစ်ဖို့ လုံလောက်ရဲ့လား။ ”

“ မှန်တယ် ... ဒီလမ်းက အလွန်အမင်း တားမြစ်ထားတဲ့လမ်းပဲ ခေတ်အဆက်ဆက်မှာ ဒီလမ်းကိုလျှောက်တဲ့သူတိုင်း ဝိညာဉ်လွင့်စင်ပြီး ခန္ဓာကိုယ်ပါ ပျက်စီးကုန်ရတယ်။ ”

“ ဒါဆို မလုံလောက်ဘူးပေါ့ ... လမ်းက တကယ်ပဲဆုံးနေတာပဲ။ ”

စုရီက အံ့အားသင့်သွားသည်။

“ မဟုတ်ဘူး၊ တခြားသူတွေအတွက် လမ်းဆုံးပဲ မင်းအတွက်တော့ ခြွင်းချက်ရှိတယ် ဘာလို့လဲဆိုတော့ ဒီလမ်းဟာ နတ်ဘုရား ပဋိညာဉ်စွမ်းအားကို ဆန့်ကျင်နေလို့ပဲ ...

... ဒါကြောင့် နတ်ဘုရားပဋိညာဉ်ကို ဆန့်ကျင်နိုင်တဲ့ ဝင်စားခြင်းသံသရာစွမ်းအား ပိုင်ဆိုင်ထားတဲ့မင်းက အခွင့်အရေးရှိတယ်။ ”

ဝမ်ယဲ့က ယုံကြည်မှုအပြည့်ဖြင့် ရှင်းပြလာသည်။ စုရီတစ်ယောက် မျက်လုံးများ တောက်ပသွား၏။ သို့သော် ချက်ချင်းပင် တစ်စုံတစ်ရာကို ပြန်သတိရလာကာ၊

“ မင်းကိုယ်တိုင် မလျှောက်ဖူးဘဲနဲ့ ဘယ်လိုလုပ် ဒီလောက်သေချာနေရတာလဲ။ ”

-ဟု မေးခွန်းထုတ်လိုက်၏။

“ အဲဒီငရဲဘုံကိုးပါးဓားကနေ ငါသိလာတာ။ ”

“ ငရဲဘုံကိုးပါးဓားကနေ သိတာလား။ ”

စုရီက အံ့အားသင့်သွားသည်။ ဝမ်ယဲ့မှ ခေါင်းညိတ်လျက် ဆက်ဆက်ပြောကြား၏။

“ ဟုတ်တယ် ... ဒီဓားဟာ ... ထူးခြားဆန်းပြားတဲ့ နတ်ဘုရားရတနာတစ်ခုပဲ သူ့မှာ ငါတို့မသိနိုင်သေးတဲ့ လျှို့ဝှက်ချက်တွေ အများကြီးရှိနေပါတယ်။ ”

***

အခန်း ၁၀၆၈ –

အရာခပ်သိမ်းဖျက်သိမ်းခြင်း ဥပဒေနိယာမ။

“ တကယ်တော့ နတ်ဘုရားတွေရဲ့ ပိဋညာဉ်ကိုချိုးဖောက်တဲ့ ဒီလမ်းစဉ်အကြောင်း ငါတစ်ယောက်တည်း သိခဲ့တာမဟုတ်ဘူး သူတို့လည်း သိကြတယ်။ ”

ဝမ်ယဲ့က ဆိုသည်။

“ သူတို့ဆိုတာ ဘယ်သူတွေကို ပြောတာလဲ။”

“ ငါတို့ရဲ့ ပထမဘဝငါးခုပေါ့ ငါအသက်ရှင်စဉ်တုန်းက ငရဲဘုံကိုးပါးဓားမှာ နတ်သံကြိုးငါးချောင်းပဲ ရှိသေးတယ် ... သူတို့နဲ့ ပေါင်းစပ်ကြည့်ဖို့ အကြိမ်ကြိမ်ကြိုးစားတယ်။ ”

စုရီမှ အံ့အားသင့်သွားသည်။ ဝမ်ယဲ့သည်လည်း ဤသို့ကြိုးစားခဲ့လိမ့်မည်ဟု သူ မထင်ထားခဲ့ချေ။

“ ဒါပေမဲ့ ... ငါကျရှုံးခဲ့တယ်၊ အခု မင်းနဲ့တွေ့ပြီး ငါနားလည်သွားရတာက အတိတ် ဘဝတွေနဲ့ ပေါင်းစပ်ဖို့ဆိုတာ ဝင်စားခြင်း ဥပဒေ စွမ်းအားလိုအပ်တာပဲ။ ”

သူ့အသံတွင် နောင်တများသာမက မသိမသာ မနာလိုမှုများလည်း ပါဝင်နေသည်။ စုရီက ထိုခံစားချက်များကို အရေးမစိုက်ဘဲ ဆက်မေးလိုက်၏။

“ ဒါဆို မင်းမတိုင်ခင်က ဘဝငါးခုလည်း နတ်ဘုရားတွေရဲ့ပဋိညာဉ်ကို ချိုးဖောက်ရမယ် ဆိုတဲ့ ဒီလမ်းစဉ်အကြောင်းသိတယ်လို့ မင်း ဘယ်လိုများ ပြောနိုင်ရတာလဲ။ ”

“ ငါ စမ်းသပ်ကြည့်ခဲ့တာ အဲဒီတုန်းက နတ်ဘုရားပဋိညာဉ်တွေက ငါ့ကိုတွန်းထုတ်ပြီး သက်ရောက်မှုကို ခံခဲ့ရတယ် ... အဲ့ဒါက ဒီလောကက မဟုတ်တဲ့ ထူးဆန်းတဲ့ ...

... စွမ်းအားတစ်ခုပဲ အင်မော်တယ် လမ်းစဉ်ထက်တောင် ကျော်လွန်နေပြီး ... အဲဒီ စွမ်းအားက ရုတ်တရက် ပေါ်လာတာ ...

... သူက ငါ့ဝိညာဉ်ကို တိုက်ရိုက်ကြီး ရိုက်သတ်ပြီး ငါ့ရဲ့မှတ်ဉာဏ်တွေကိုဖျောက်ဖျက် ပစ်ဖို့ ကြိုးစားခဲ့တယ် ...

... ဒါပေမဲ့ နောက်ဆုံးမှာတော့ အဲဒီစွမ်းအားကို ငရဲဘုံကိုးပါးဓားက နှိမ်နင်း ပေးခဲ့ပြီး ငါအသက်ရှင်ခဲ့တယ် ... အဲ့ဒီနောက်မှာ ငရဲဘုံကိုးပါးဓားဟာ မယုံနိုင်စရာကောင်း လောက်အောင် ပြောင်းလဲသွားခဲ့တယ် ...

... တံဆိပ်ငါးခုရဲ့ စွမ်းအားတွေက တစ်ခုနဲ့တစ်ခု ချိတ်ဆက်တုန်ခါပြီး ကံကြမ္မာ မြစ်ကို ထင်ဟပ်စေခဲ့တယ် ...

... ကံကြမ္မာမြစ်ရဲ့အထက်မှာ ပုံရိပ်တစ်ခုပေါ်လာပြီး သူက ကံကြမ္မာမြစ်ကနေ လုံးဝလွတ်မြောက်နေသလိုပဲ။ ”

ဤနေရာအရောက်တွင် ဝမ်ယဲ့က သက်ပြင်းချလိုက်၏။ ထို့နောက် လေးလံသော အသွင်ဖြင့်၊

“ ငါ့ဘဝမှာ အချိန်ကာလတွေရဲ့ ကုန်လွန်မှုတွေနဲ့ သမိုင်းကြောင်းတွေအားလုံးကို မြင်တွေ့ခဲ့ဖူးတယ် ... ကမ္ဘာသစ်တွေ မွေးဖွားခြင်း၊ ပျက်စီးခြင်းကိုလည်း ...

... မြင်ရတယ် ဒါပေမဲ့ ကံကြမ္မာမြစ်က ဒီလောကမှာ တကယ်ရှိလိမ့်မယ်လို့ ငါတစ်ခါမှ မတွေးခဲ့မိဘူး ... ပြီးတော့ လူတစ်ယောက်က အဲဒီကံကြမ္မာမြစ်ရဲ့အထက်မှာ ရပ်နေနိုင် လိမ့်မယ်လို့လည်း လုံးဝမထင်ခဲ့ဘူး။ ”

စုရီမှ ဝမ်ယဲ့ပြောသမျှ နားထောင်ကာ မှင်သပ်သွားသည်။ ဤသည်မှာ သူမြင်ခဲ့ဖူးသော ကံကြမ္မာမြစ်နှင့် ပထမဘဝပေပင်။

ထိုမြစ်ကြီးသည် အဆုံးမရှိသော ဟင်းလင်းပြင်အတွင်း ဝင်ရောက်ပျောက်ကွယ် စီးဆင်းနေသည်။ အစမရှိ အဆုံးမရှိဘဲ ထာဝရ တည်ရှိနေပုံရ၏။

ခေတ်ကာလရေစီးကြောင်းသည် ထိုမြစ်ရေထဲတွင် လှိုင်းလုံးများအဖြစ် စီးဆင်းပြီး လောကရေးရာ အတက်အကျများမှာ ဝဲဂယက်များဖြစ်နေသည်။

အတိတ်၊ ပစ္စုပ္ပန်နှင့် အနာဂတ်တို့သည် သံသရာစက်ဝန်းကဲ့သို့ တရဟတ်လည်ပတ်ကာ လိုက်ပါနေ၏။ ထိုအကြောင်းကို စဉ်းစားမိတိုင်း တုန်လှုပ်နေရဆဲဖြစ်သည်။

လောကသခင်သည်လည်း ယင်းကို မြင်ခဲ့ဖူးသည်။ သို့သော် သူနှင့်မတူခဲ့ချေ။ သူက ထိုကံကြမ္မာမြစ်ထဲသို့ ရောက်ရှိသွားကာ နှစ်ကာလများ၏ ဖုံးလွှမ်းမှုကို ခံခဲ့ရသည်။

အဆုံး၌ လောကီရေးရာ လှိုင်းလုံးကြီး တစ်လုံးမှ သူ့ကို လွင့်စင်ထွက်စေခဲ့ခြင်းဖြစ်၏။ ဤနည်းဖြင့် ထိုကံကြမ္မာမြစ်အတွင်း သူမျောပါ နေခဲ့ဖူးသည်။ ထို့ကြောင့် ကံကြမ္မာမြစ် အကြောင်း သူအသိဆုံးပေပင်။

နောက်ဆုံးတွင် ဝင်စားခြင်း သံသရာစွမ်းအားကို အသုံးပြု၍ နိုးထလာကာ ထိုနေရာမှ လွတ်မြောက်ခဲ့ရသည်။

ထိုအချိန်တွင် ကံကြမ္မာမြစ်အထက်၌ ရပ်နေသော ဝေဝေဝါးဝါးလူရိပ်တစ်ရိပ်ကို သူ မြင်ခဲ့ရခြင်းဖြစ်၏။

တစ်ဖက်လူသည် ကံကြမ္မာမြစ်ထက်၌ ကျောက်ဆောင်ကြီးတစ်ခုကဲ့သို့ တည်ငြိမ်စွာ ရပ်နေပြီး ထာဝရ တည်ရှိနေပုံရသည်။

“ မင်းပြောတဲ့ လူကို ... ငါလည်း မြင်ခဲ့ဖူးတယ် ဒါ့ပြင် ငါတို့တွေစကားလည်း ပြောခဲ့ကြသေးတယ် သူဟာ ငါတို့ရဲ့ ပထမဆုံး ဘဝဖြစ်တယ်ဆိုတာ သေချာတယ်။ ”

စုရီ စကားကြောင့် ဝမ်ယဲ့ခမျာ ချက်ချင်းမှင်သပ်သွား၏။

“ မင်း တကယ်ပဲ သူနဲ့ စကားပြောခဲ့တာလား။ ”

“ အင်း ... မင်းရော မပြောခဲ့ဘူးလား။ ”

“ မပြောခဲ့ရဘူး ငါကနတ်ဘုရားတွေရဲ့ ပဋိညာဉ်ကြောင့် သက်ရောက်မှုခံနေခဲ့ရတုန်း အဲ့ဒီပုံရိပ်က ခဏလေးပဲ ပေါ်လာတာ ...

... သူက ငါ့ခန္ဓာပေါ်က နတ်ဘုရား ပဋိညာဉ်စွမ်းအားတွေကို ချေဖျက်ပေးလာခဲ့ပြီး အဝေးကနေ စကားတစ်ခွန်းပြောခဲ့တယ် သူက ဝင်စားခြင်းဥပဒေကို ပိုင်ဆိုင်တဲ့သူမှသာ ဒီလမ်းကို လျှောက်လှမ်းနိုင်မယ်တဲ့ ...

... အဲဒီစကားဆုံးတာနဲ့ ချက်ချင်း ပျောက်ကွယ်သွားတယ် ဒါကြောင့် နတ်ဘုရား နယ်ပယ်ကို တက်လှမ်းဖို့အတွက် နတ်ဘုရား ပဋိညာဉ်နဲ့ တားမြစ်ထားပြီး ...

... ပဋိညာဉ်ကို ဖျက်ဆီးနိုင်တဲ့သူဟာ တက်လှမ်းနိုင်လိမ့်မယ် မဟုတ်ရင် ကြိုးစားသူ အားလုံးချွင်းချက်မရှိသေခြင်းပဲ ... မင်းရောသူနဲ့ ဘာတွေဆွေးနွေးခဲ့ကြလဲဆိုတာ ငါ့ကို ပြောပြနိုင်မလား။ ”

စုရီမှ ခေတ္တမျှစဉ်းစားပြီးနောက် ဖုံးကွယ်မထားရန် ဆုံးဖြတ်လိုက်လေသည်။

“ သူပြောတာက ထာဝရအမှန်တရားနဲ့ ကံကြမ္မာဥပဒေကို နားလည်တဲ့အခါ တာအိုတွေ အားလုံးအထက်မှာ မင်းရပ်တည်နိုင်မယ် မင်းရဲ့ခြေဖျားအောက်မှာ ...

... ကမ္ဘာကြီး ပြောင်းလဲနေတာကို ကြည့်နိုင်တယ် ခေတ်တွေရဲ့အပြောင်းအလဲနဲ့ အံ့ဖွယ်လျှို့ဝှက်ချက်တွေကို ခံစားနိုင်တယ် ...

... သူဟာ ဓားသမားတစ်ယောက်အဖြစ် တာအိုအတွက်သံသရာထဲမှာ ရုန်းကန်ခဲ့ရတယ် အဆုံးမှာတော့ ဒီကမ္ဘာမှာ သူ့အတွက် ရန်သူ မရှိတော့ဘူး ဒါကြောင့် သူ့ကိုယ်သူ ...

... ရန်သူအဖြစ် ရှုမြင်ခဲ့တယ် ... နောက်ဆုံးမှာတော့ သူရှာဖွေနေတဲ့ အရာကို ဝင်စားခြင်းနဲ့ပဲ ရနိုင်မယ်ဆိုတာ သိသွားတယ်။ ”

“ ထာဝရအမှန်တရားနဲ့ ... ကံကြမ္မာဥပဒေ စည်းမျဉ်းကို နားလည်တိုင်ရင် ဒီလောကကြီးကို အထက်ကနေ ကြည့်နိုင်တာလား ... ဒါက နတ်ဘုရားတွေရဲ့စွမ်းအားလား ...

... မဟုတ်ဘူး ... ဒါ မမှန်နိုင်ဘူး ... နတ်ဘုရားစွမ်းအားက အတိတ်နဲ့ အနာဂတ်ကို ဆက်သွယ်နိုင်ကောင်း ဆက်သွယ်နိုင်ပေမယ့် ကံကြမ္မာကို လုံးဝ မထိန်းချုပ်နိုင်ပါဘူး ...

... ပြီးတော့ သူတို့က အချိန်မြစ်ကြီးကို မထိန်းချုပ်နိုင်တာမို့ ထာဝရဘဝဆိုတာလည်း လုံးဝမရကြပါဘူး။ ”

ဝမ်ယဲ့မှ တစ်ယောက်တည်းရေရွတ်၏။ သူ့စကားများကို နားထောင်နေသော စုရီသည် အနည်းငယ် ရှုပ်ထွေးလာသည်။ သို့သော် သူ မေးခွန်းမထုတ်မီ ဝမ်ယဲ့က မေးလာ၏။

“ သူ ... တခြား ဘာပြောသေးလဲ။ ”

“ သူက ဝင်စားခြင်းသံသရာကို ဆုပ်ကိုင်နိုင်တဲ့သူတွေမှသာ ကံကြမ္မာမြစ်ရဲ့ ထောင့်တစ်နေရာကို မြင်နိုင်တယ် အစ်ကိုချန်ရှ သူ့ကိုတကယ် မလိမ်ခဲ့ဘူးတဲ့။ ”

ချန်ရှလား ... ။ ”

ဝမ်ယဲ့ မှင်သပ်သွားသည်။

“ အဲ့ဒါ ဘယ်သူလဲ။ ”

“ ငါမသိဘူး သူ့စကားအရ ဝင်စားခြင်း ဥပဒေစည်းမျဉ်းကိုဆုပ်ကိုင်ထားနိုင်လို့ ငါဟာ ကံကြမ္မာမြစ်ကြီးရဲ့ ထောင့်တစ်နေရာကို နားလည်ပြီး သူနဲ့ဆုံခွင့်ရလာတာပါ ... ။ ”

ထိုစကားကို ကြားသောအခါ လုံးဝ စိတ်မထိန်းနိုင်တော့ဘဲ ဝမ်ယဲ့က၊

“ ဒါဆို သူက ငါတို့ရဲ့ ပထမဆုံး ဘဝ ငရဲဘုံကိုးပါးဓားရဲ့ ပိုင်ရှင် အစစ်အမှန်ပဲပေါ့ ဟုတ်တယ်မဟုတ်လား။ ”

-ဟု မေးမြန်းလိုက်၏။ စုရီမှ ခေါင်းညိတ်ပြလိုက်သည်။

“ ငါလည်း အဲ့ဒီလိုပဲ ထင်တယ်။ ”

“ ဒါပေမဲ့ သူက ကံကြမ္မာမြစ်ထက်မှာ ရပ်နေနိုင်တဲ့သူဆိုတော့ ထာဝရတည်ရှိနေတဲ့ ပုဂ္ဂိုလ်တစ်ယောက် မဟုတ်ဘူးလား ... ဘာလို့ ဝင်စားခြင်ရတာလဲ သူဘာကိုရှာနေတာလဲ။ ”

“ ငါလည်း ဒီမေးခွန်းရဲ့ အဖြေကို သိချင်နေတာပါ ဒါပေမဲ့ သူပြောသွားတာက ကိုးဂဏန်းက အထွတ်အထိပ်ပဲတဲ့ ... သူက ဒီဝင်စားခြင်းကို စတင်ခဲ့သူဖြစ်ပြီး ...

... ပိုမြင့်မားတဲ့ အဆင့်ကို ရောက်ရင် အဆုံးကအစဖြစ်လာလိမ့်မယ်တဲ့ ဒီခရီးလမ်းမှာ ငါနဲ့သူ ပေါင်းစပ်ခြင်းက ပြီးပြည့်စုံတဲ့ သံသရာ စက်ဝန်းတစ်ခု ဖြစ်သွားမယ်တဲ့ ...

... အဲဒီနေ့က ငါတို့ဆုံတွေမှုဟာ ကြိုတင်စီစဉ်ထားတာမဟုတ်ဘဲ ကံတရားနဲ့ ကံကြမ္မာမြစ်ကြောင့် ဆုံစည်းမှုပဲလို့လည်း သူပြောတယ် အဲ့ဒါကြောင့် ...

... ငါသာ ဒီဘဝမှာ ကျရှုံးသွားရင် ဒီအရာအားလုံးဟာ သူအပါအဝင် အဆုံးသတ် သွားနိုင်တယ်တဲ့။ ”

“ ဟမ့် ... အရာအားလုံးက မင်းနဲ့ အဆုံးသတ်သွားနိုင်မယ်တဲ့လား မင်းငါ့ကို အဲ့ဒီလူကိုသုံးပြီး ခြိမ်းခြောက်ဖို့ ကြိုးစား နေတာတော့ မဟုတ်ပါဘူးနော်။ ”

“ ဟားဟားဟား ငါက တခြားလူရဲ့ အရှိန်အဝါကို အားကိုးရအောင်အထိတော့ နိမ့်ကျမနေသေးပါဘူး။ ”

“ ငါ နားလည်ပါပြီ မင်းမှာ ဝင်စားခြင်း ဥပဒေကို ပိုင်ဆိုင်ထားလို့ ကံကြမ္မာမြစ်ကြီးရဲ့ ထောင်တစ်နေရာကို မြင်နိုင်ပြီး ငါတို့ရဲ့ ပထမဘဝနဲ့ ဆုံနိုင်ခဲ့တာပဲ ...

... ငါနဲ့ တခြားဘဝတွေကတော့ ဝင်စားခြင်းဥပဒေကို နားမလည်ကြတာမို့ ဒီလို အခွင့်အရေးမရှိဘူး ဒါကြောင့် ငါတို့ဟာ ငါတို့ရဲ့ ပထမဆုံးဘဝနဲ့ ဘယ်တော့မှ မဆုံတွေ့နိုင်ဘူး။ ”

အဆုံး၌ ဝမ်ယဲ့ခမျာ ဝမ်းနည်းပူဆွေးစွာ သက်ပြင်းချလိုက်သည်။ အရာအားလုံးသည် ဝင်စားခြင်းဥပဒေပေါ်တွင် မူတည်နေ၏။

အရေးအကြီးဆုံးမှာ သူတို့အားလုံးသည် စုရီဘဝအတွက် ဝင်စားပေးခဲ့ရသူများဖြစ်နေ၏။ စုရီသေဆုံးသော် အဆုံးသတ်ပေပင်။ ယင်းမှာ အဘယ့်ကြောင့် စုရီမဟုတ်ဘဲ သူ မဖြစ်ရ သနည်း။ အနည်းငယ် ခါးသီးချေပြီ။

“ ငါ ဒါတွေကို ပြောပြနေတာက ... မင်းကိုခြိမ်းခြောက်ဖို့ မဟုတ်ဘူး ငါသေရင် ငါ့တို့ အတိတ်ဘဝတွေအားလုံး မီးခိုးငွေ့တွေလိုမျိုး ပျောက်ကွယ်သွားရလိမ့်မယ်ဆိုတာ မင်းကို သိထားစေချင်လို့ပဲ။ ”

ဤတစ်ကြိမ်တွင် ဝမ်ယဲ့သည် ပြန်လည် ငြင်းခုံခြင်းမပြုဘဲ တိတ်ဆိတ်သွား၏။ အဆုံး၌ သက်ပြင်းချကာ၊

“ သူ ... တခြား ဘာပြောသေးလဲ။ ”

- ဟု မေးမြန်းလာသည်။ စုရီမှ ခေါင်းခါပြလိုက်၏။

“ ဒါပဲ သူပြောခဲ့တာ ... မသွားခင်မှာ ကံကြမ္မာမြစ်ထဲကနေ ငါ့အတွက် အရာခပ် သိမ်းဖျက်သိမ်းခြင်း ဥပဒေစည်းမျဉ်းကို ဆွဲထုတ်ပြီး ကမ်းပေးခဲ့တယ် ... ။ ”

“ အရာခပ်သိမ်း ဖျက်သိမ်းခြင်း ဥပဒေနိယာမလား အဲဒီဥပဒေမှာထူးခြားတာ ဘာရှိလို့လဲ။”

ဝမ်ယဲ့က စိတ်ဝင်စားလာ၏။

“ အဲဒီဥပဒေက ကံတရားကို ဖြတ်တောက်နိုင်ပြီး ကံကြမ္မာကို ကန့်သတ်ထား နိုင်တယ် ငါ့မှာရှိတဲ့ ဝင်စားခြင်း ကံတရား နှောင်ကြိုးတွေကို ဖျက်နိုင်မယ်။ ”

“ ကံကိုဖြတ်တောက်ပြီး ကံကြမ္မာကို ကန့်သတ်မယ်တဲ့လား ... ၊ ဒါ ... ဒါက ငါ့အပေါ် ပစ်မှတ်ထားနေတာလား၊ ဟမ့် ... မဟုတ်သေးဘူး ...

... ဒါက ကျန်တဲ့ဘဝတွေ အားလုံးကိုလည်း ပစ်မှတ်ထားနေတာပါ၊ ငါအခုမှ နားလည်တယ် ငါတို့ရဲ့ပထမဆုံးဘဝက မင်းအတွက် လမ်းခင်း ပေးခဲ့တာပဲ ဒီအရာခပ်သိမ်းဖျက်သိမ်းခြင်း ...

... ဥပဒေနိယာမနဲ့ဆိုရင် မင်းဟာ အတိတ်ဘဝတွေရဲ့ နှောင်ကြိုးတွေအောက်က ရုန်းထွက်နိုင်တယ် ငါတို့အားလုံး မင်းရဲ့နေရာကို အစားထိုးဖို့ဆိုတာ မဖြစ်နိုင်တော့ဘူး။ ”

ဝမ်ယဲ့က တည်ငြိမ်မှုကို လုံးဝ ဆုံးရှုံးသွားလေသည်။ ယင်းသည် သူ့အပေါ် လုံးဝဒေါသထွက်စေပြီး အားကိုးရာမဲ့ဖြစ်စေ၏။ သူသည် စုရီဘဝကိုအစားထိုးကာ ကံကြမ္မာ အသစ် ဖန်တီးနိုင်ရန် မသေခင်ကပင် ကြံရွယ်ထားခြင်းဖြစ်သည်။

ယခုကဲ့သို့ တစ်စုံတစ်ယောက်မှ သူ့အကြံအစည်ကို မြင်နိုင်ပြီး ကြိုတင်ကာကွယ် နိုင်သ်ည့ နည်းလမ်းပိုင်ဆိုင်နေသည်မှာ တရားမျှတမှုမရှိချေ။

သူကြိုးစားခဲ့သမျှ တက်လှမ်းခဲ့သမျှသည် အခြားသူစားသုံးရန် စိုက်ပျိုးခြင်းသာဖြစ်နေ၏။ လုံးဝ တရားမျှတမှုမရှိချေ။ စုရီက သူ့ရှေ့မှ ဝမ်ယဲ့ကိုငေးကြည့်ကာ အနည်းငယ် စိတ်သက်သာရာရသွားသည်။

သူသည်သာ အရာခပ်သိမ်းဖျက်သိမ်းခြင်း ဥပဒေကိုမရရှိထားသော် ဝမ်ယဲ့ကဲ့သို့ဘဝများကို ထိန်းချုပ်ရာတွင် သတိထားရပေမည်။

သူသည်သာ ဤအကြောင်းကို မဆွေးနွေးခဲ့သော် အခြားဘဝများ၌ မည်သည့် အတွေးများ ရှိနိုင်နေမည်ကို ခန့်မှန်းနိုင်မည် မဟုတ်ချေ။

ခဏအကြာတွင် ဝမ်ယဲ့က စိတ်ပျက်လက်ပျက်ဖြင့်၊

“ မင်း ဘာလို့ ဒီလောက်တောင် မကြောက်မရွံ့ ဖြစ်နေလဲဆိုတာ အံ့သြစရာ မရှိတော့ပါဘူး ... မင်းမှာ ယုံကြည်နေနိုင်စရာ အကြောင်းပြချက် ရှိနေတာကိုး။ ”

-ဟု မှတ်ချက်ပေးသည်။ သို့သော် စုရီမှခေါင်းရမ်းလျက်၊

“ ငါမင်းနဲ့ ယှဉ်ပြိုင်ပွဲမှာ ဒီဥပဒေကို လုံးဝမသုံးပါဘူး ဒီပွဲကိုငါ့နှလုံးသားအတွက် စမ်းသပ်မှုလို့ ခံယူထားတယ် မင်းမှာ ကြိုးစားခွင့်ရှိပါတယ်။ ”

-ဟု အသိပေးလိုက်သည်။ ထိုစကားကြောင့် ဝမ်ယဲ့မှ တိတ်ဆိတ်သွား၏။ မည်သည့်အရာများ ကြံစည်နေကြောင်း သူသာလျှင်အသိဆုံးပေပင်။

“ ဝမ် ... ။ ”

များမကြာခင် နတ်အလင်းတန်းတစ်ခု ပေါ်ထွက်လာပြီး တာအိုအမှတ်အသားတစ်ခု စုရီရှေ့ ထပ်မံပေါ်ထွက်လာ၏။

“ ဒီထဲမှာ နတ်ဘုရားနယ်ပယ်ကို လျှောက်လှမ်းဖို့လိုအပ်တဲ့ လျှို့ဝှက်ချက်တွေ ပါဝင်တယ် ... တခြားလူတွေအတွက် ဒါက ငရဲလမ်းပဲ ဒါပေမဲ့ ...

... မင်းအတွက်ကတော့ အဲဒီ နတ်ဘုရားတွေရဲ့ပဋိညာဉ်ကို ချိုးဖြတ်ဖို့အတွက် နည်းလမ်းတစ်ခု ဖြစ်လာလိမ့်မယ်။ ”

***

All Chapters