အခန်း (၃၂၁-၃၂၂)
Vol. 33 Ch. 321-322
အခန်း။ ၃၂၁
မိစ္ဆာကျင့်ကြံသူ သေဆုံးသွားချိန်တွင် သူ၏ စွမ်းရည်ပြမျက်နှာပြင်ပေါ်၌ ပေါ်လာသော အချက်အလက်များမှာ
[ကောက်ယူနိုင်သော ပစ္စည်းများကို တွေ့ရှိသည်။ အောက်ပါတို့မှ တစ်ခုကို ရွေးချယ်ပါ]
[စွမ်းအင်: ၈၉ မှတ်]
[မြေဓာတ်သဟဇာတဖြစ်မှု အနည်းငယ် တိုးမြင့်ခြင်း]
[ယင်ဓာတ်သဟဇာတဖြစ်မှု အနည်းငယ် တိုးမြင့်ခြင်း]
[ရွေးချယ်လိုပါသလား]
ကြည့်ရသည်မှာ ထိုမိစ္ဆာကျင့်ကြံသူသည် ယင်နှင့် မြေဓာတ်နှစ်မျိုးတွဲ ဝိညာဉ်အမြစ်ကို ပိုင်ဆိုင်ထားပုံပင်။ သို့သော် မြေဓာတ်မှာ လုံယီအတွက် အသုံးမဝင်လှသဖြင့် သူသည် တတိယမြောက် ရွေးချယ်မှုကိုသာ တုံ့ဆိုင်းခြင်းမရှိဘဲ ရွေးချယ်လိုက်သည်။
သူ၏ စိတ်ထဲတွင် အေးမြသော ခံစားချက်တစ်ခု ဖြတ်ပြေးသွားသော်လည်း အခြား ထူးထူးခြားခြား ပြောင်းလဲမှုတော့ မရှိခဲ့ချေ။ ယခင် အတွေ့အကြုံများအရ ဝိညာဉ်အမြစ်ကို အလယ်အလတ်အဆင့်သို့ ရောက်ရန်ဆိုလျှင် ဤကဲ့သို့သော သဟဇာတဖြစ်မှု မြှင့်တင်ခြင်းပေါင်း ဆယ်ဂဏန်း၊ ရာဂဏန်းအထိ လိုအပ်မည်ပင်။
ထို့နောက် ကြွက်မိစ္ဆာ သေဆုံးချိန်တွင် ပေါ်လာသည်မှာ
[ကောက်ယူနိုင်သော ပစ္စည်းများကို တွေ့ရှိသည်။ အောက်ပါတို့မှ တစ်ခုကို ရွေးချယ်ပါ]
[စွမ်းအင်: ၆၆ မှတ်]
[မြေဓာတ်သဟဇာတဖြစ်မှု အနည်းငယ် တိုးမြင့်ခြင်း]
[ပါရမီ: မြေလျှိုးအတတ် (မြေကြီး၏ အဆီအနှစ်နှင့် အနည်းငယ် ဆက်သွယ်နိုင်ပြီး မြေဆီလွှာထူထပ်သော ပတ်ဝန်းကျင်တွင် နေရာရွှေ့ပြောင်းနိုင်သည်)]
[ရွေးချယ်လိုပါသလား]
မြေလျှိုးအတတ်လား။
လုံယီ၏ စိတ်ထဲတွင် ဝမ်းသာလုံးဆို့သွားရသည်။ အမည်ကို ကြားရုံနှင့်တင် ဤအတတ်၏ အသုံးဝင်ပုံကို သူ ကောင်းကောင်း နားလည်သည်။ တိုက်ပွဲဝင်ရာတွင်ဖြစ်စေ ထွက်ပြေးလွတ်မြောက်ရန်ဖြစ်စေ အလွန်အစွမ်းထက်သော ပါရမီတစ်ခုပင်။ သူသည် ထိုပါရမီကို ရွေးချယ်လိုက်ရာ စွမ်းရည်ပြမျက်နှာပြင်တွင် ချက်ချင်းပင် စာကြောင်းသစ်တစ်ခု တိုးလာတော့သည်။
[မြေလျှိုးအတတ်: အခြေခံအဆင့် 0/10]
ထို့နောက် သူသည် စွမ်းအင် ၁၀ မှတ်ကို အသုံးပြုကာ အဆင့်မြှင့်လိုက်သည်။
[မြေလျှိုးအတတ် 0/10 → မြေလျှိုးအတတ် 0/30 + မြေဝိညာဉ်သဲ ၁ ပွင့် လိုအပ်သည်]
တပြိုင်နက်တည်းမှာပင် သူ တစ်ခါမှ မသိဖူးသေးသော မှတ်ဉာဏ်သစ်များမှာ သူ၏ ဦးနှောက်အတွင်းသို့ အစီအရီ စီးဝင်လာတော့သည်။
မြေကြီးသည် ယခင်ကကဲ့သို့ မာကျောသော အရာဝတ္ထုတစ်ခု မဟုတ်တော့ဘဲ သူနှင့် ရင်းနှီးကျွမ်းဝင်သော အစိတ်အပိုင်းတစ်ခုကဲ့သို့ ခံစားလာရသည်။ သူသည် စိတ်ကို တည်ငြိမ်အောင်ထားပြီး မြေပြင်ပေါ်သို့ ခြေတစ်လှမ်း ချလိုက်ရာ သူ၏ခြေထောက်မှာ ရေထဲသို့ နှစ်ဝင်သွားသကဲ့သို့ပင် မြေကြီးထဲသို့ ချောမွေ့စွာ တိုးဝင်သွားတော့သည်။
ဤစွမ်းရည်သည် နောင်တစ်ချိန်တွင် အသက်ဘေးမှ လွတ်မြောက်ရန် သို့မဟုတ် ရန်သူကို အလစ်အငိုက် တိုက်ခိုက်ရန်အတွက် အဖိုးမဖြတ်နိုင်သော လက်နက်တစ်ခု ဖြစ်လာပေလိမ့်မည်။ လုံယီသည် မိစ္ဆာကျင့်ကြံသူ၏ အလောင်းကို အမြန်ဆုံး မီးရှို့ကာ ဖျက်ဆီးလိုက်ပြီး အထောက်အထားများကို ဖျောက်ဖျက်လိုက်သည်။
သူ၏ အစွမ်းအစအမှန်ကို ဂိုဏ်းမှလူများ သိသွား၍ မဖြစ်သေးပေ။ အထူးသဖြင့် ဝိညာဉ်စွမ်းအား နိမ့်ပါးသော တပည့်တစ်ဦးက ဝိညာဉ်သန့်စင်ခြင်း နောက်ဆုံးအဆင့် ကျင့်ကြံသူကို သတ်ဖြတ်နိုင်ခဲ့သည်ဆိုသော သတင်းမှာ အန္တရာယ်များလွန်းသည်။
သူသည် ပါရမီစွမ်းရည်ကို ရွေးချယ်လိုက်သည်နှင့်တစ်ပြိုင်နက် စွမ်းရည်ပြမျက်နှာပြင်ပေါ်တွင် [မြေလျှိုးအတတ် အခြေခံအဆင့် ၀/၁၀]ဟူသော စာသားအသစ်တစ်ခု တိုးလာခဲ့သည်။
ထို့နောက် သူသည် စွမ်းအင် ၁၀ မှတ်ကို ထပ်မံအသုံးပြုလိုက်ရာ [မြေလျှိုးအတတ် အခြေခံအဆင့် ၀/၁၀ → မြေလျှိုးအတတ် ကျွမ်းကျင်စပြုအဆင့် ၀/၃၀ + မြေဝိညာဉ်သဲ ၁ ပွင့်] သို့ ပြောင်းလဲသွားတော့သည်။
ထိုအခါ ဆန်းကြယ်လှသော မှတ်ဉာဏ်အသစ်များ သူ၏စိတ်ထဲသို့ စီးဝင်လာခဲ့သည်။
မှတ်ဉာဏ်များထဲတွင် လုံယီသည် သာမန် မြေအောင်းကြွက်လေးတစ်ကောင် ဖြစ်သွားခဲ့သည်။ သူသည် သိပ်သည်းလှသော သစ်တောကြီးအတွင်း သူ၏ မျိုးနွယ်စုဝင်များနှင့်အတူ နေထိုင်ကာ နေ့စဉ်နှင့်အမျှ မြက်မြစ်များနှင့် တီကောင်များကို ရှာဖွေစားသောက်ရင်း သိန်းငှက်၊ မြေခွေး စသည့် ရန်သူများ၏ ဘေးမှလည်း အသည်းအသန် ရှောင်တိမ်းနေခဲ့ရသည်။ ဤသည်မှာ ငြီးငွေ့ဖွယ်ကောင်းသော တိရစ္ဆာန်ဘဝလေးတစ်ခုပင်။
တစ်နေ့တွင်မူ သူသည် မြေအောက်လှိုဏ်ဂူအဟောင်းကြီးတစ်ခုအတွင်းသို့ မတော်တဆ ပြုတ်ကျသွားခဲ့သည်။ သူ ပြန်နိုးလာချိန်တွင် နို့နှစ်ရောင် အရည်များ ပြည့်နေသော ရေကနငယ်လေးတစ်ခုအတွင်း ရောက်ရှိနေသည်ကို တွေ့လိုက်ရသည်။
ထိုအရည်များမှ ထွက်ပေါ်နေသော မွှေးပျံ့သည့်ရနံ့ကြောင့် သူသည် မနေနိုင်ဘဲ အနည်းငယ် သောက်ကြည့်လိုက်မိသည်။
ဂူခေါင်မိုးပေါ်ရှိ စူးရှသော ကျောက်စက်ပန်းဆွဲများ၏ ထိပ်ဖျားမှ ဖြူဖွေးသော အရည်စက်များမှာ တောက်... တောက်... ဟု မြည်ကာ အဆက်မပြတ် ကျဆင်းနေကြသည်။ သူသည် ထိုနေရာ၌ ရက်အတော်ကြာ နေထိုင်ပြီး ကျောက်စက်နို့ရည်များကို သောက်သုံးကာ အသက်ဆက်ခဲ့သည်။ သို့သော် အချိန်ကြာလာသည်နှင့်အမျှ ပျင်းရိလာသဖြင့် တောအုပ်ထဲသို့ ပြန်ရန် ဆုံးဖြတ်လိုက်တော့သည်။
ထို့ကြောင့် ထိုမြေအောင်းကြွက်လေးသည် မြေပျော့များကို ရှာဖွေပြီး လှိုဏ်ခေါင်းတူးရန် ကြိုးစားတော့သည်။ အလင်းရောင်လည်းမရှိ၊ လမ်းညွှန်သူလည်းမရှိဘဲ သူ၏ ဗီဇအသိစိတ်တစ်ခုတည်းဖြင့်သာ အသည်းအသန် တူးခဲ့ရသည်။ မောပန်းလာလျှင် ကျောက်စက်နို့ရည်ကို ပြန်သောက်ကာ အားမွေးရသည်။
တစ်နေ့တွင်မူ သူသည် သူ၏ ရှေ့မှ မြေသားများနှင့် ဆက်သွယ်နိုင်စွမ်း ရှိလာကြောင်း သိလိုက်ရသည်။ လက်သည်းများဖြင့် အပင်ပန်းခံ တူးနေရန်ပင် မလိုတော့ဘဲ မြေသားများမှာ သူ၏ရှေ့တွင် အလိုအလျောက် လမ်းပွင့်သွားကြတော့သည်။
လက်တွေ့လောကတွင်မူ လုံယီသည် မျက်လုံးများကို ပြန်ဖွင့်လိုက်သည်။
မြေလျှိုးအတတ် ပါရမီကို ရရှိလိုက်ချိန်တွင် သူ၏ခြေဖဝါးအောက်ရှိ မြေပြင်ကြီးမှာ သက်ရှိတစ်ခုကဲ့သို့ပင် သူ ခံစားလိုက်ရသည်။ မြေကမ္ဘာ၏ နှလုံးခုန်သံ သို့မဟုတ် ထူးခြားသော စည်းချက်တစ်ခုကို သူ ကြားနေရသည်။
လုံယီသည် မြေကမ္ဘာနှင့် ဆက်သွယ်ရန် ကြိုးစားလိုက်သည်။
နောက်တစ်ခဏတွင်မူ သူ၏အောက်ရှိ မြေပြင်မှာ ဘေးတစ်ဖက်တစ်ချက်သို့ အလိုအလျောက် ပွင့်ဟသွားပြီး သူသည် ရေထဲသို့ ငုပ်လျှိုးဝင်သွားသကဲ့သို့ပင် မြေအောက်ထဲသို့ လျင်မြန်စွာ နစ်ဝင်သွားတော့သည်။ သူ နစ်ဝင်သွားသည်နှင့်အမျှ ယခင်က ပွင့်ဟသွားသော မြေသားများမှာလည်း သူ့နောက်ကွယ်တွင် အလိုအလျောက် ပြန်လည် ပိတ်သွားခဲ့သည်။
လုံယီ လုံးဝပျောက်ကွယ်သွားပြီးနောက် မြေပြင်မှာမူ ဘာမှမဖြစ်ခဲ့သကဲ့သို့ အလွန်ပင် ပြောင်ချောနေဆဲပင်။
မြေအောက် တစ်ကိုက်ခန့်အကွာတွင် လုံယီကို ဗဟိုပြု၍ သူ၏ခန္ဓာကိုယ် ပတ်လည်တစ်ပေဝန်းကျင်၌ မြေသားများမရှိဘဲ ဟာလာဟင်းလင်း ဖြစ်နေသည်။ သူ၏မျက်ဝန်းများအတွင်းသို့ စစ်မှန်သောခွန်အားများ စီးဝင်သွားသောအခါ နီရဲသော အလင်းတန်းများ ထွက်ပေါ်လာပြီး မြေအောက်ကမ္ဘာ၏ မှောင်မိုက်မှုမှာ လုံယီအတွက် အတားအဆီး မဟုတ်တော့ပေ။
ညိုမှိုင်းသော မြေစေးများနှင့် ကျောက်ခဲအကျိုးအပဲ့များ ရောယှက်နေပြီး ဆံပင်အမျှင်လေးများကဲ့သို့ သေးငယ်သော မြက်မြစ်များမှာ မြေသားအလွှာများကြားသို့ ထိုးဖောက်ဝင်ရောက်နေကြသည်။ မီးခိုးရောင် တီကောင်များ၊ ပုရွက်ဆိတ်နက်များနှင့် အမည်မသိ ဖြူဖွေးသော ပိုးလောင်းလေးများမှာ လုံယီ၏ လှုပ်ရှားမှုကြောင့် လန့်ဖျန့်ကာ ဟိုဟိုဒီဒီ ပြေးလွှားနေကြတော့သည်။
ဤသည်မှာ လုံယီအတွက် ပထမဆုံးသော မြေအောက်ခရီးစဉ်ဖြစ်ရာ အလွန်ပင် ဆန်းသစ်ပြီး စိတ်ဝင်စားစရာ ကောင်းသည်။ သူသည် မြေကမ္ဘာနှင့် ဆက်လက်ဆက်သွယ်ရန် ကြိုးစားကြည့်ရာ ပိုမိုနက်ရှိုင်းစွာ ငုပ်လျှိုးနိုင်ကြောင်း တွေ့ရှိရသည်။ သို့သော် ပိုမိုနက်လေ ပို၍ခက်ခဲလေဖြစ်ပြီး သူ၏ စိတ်စွမ်းအားနှင့် ခွန်အားကို သိသိသာသာ ကုန်ခမ်းစေသည်။
မြေအောက် တစ်ကိုက်အနက်တွင် သူ၏ လမ်းလျှောက်နှုန်းမှာ သာမန်လူတစ်ဦးထက် နှစ်ဆခန့် ပိုမြန်သည်။ သူ လျင်မြန်စွာ ရွေ့လျားနေစဉ်အတွင်း မြေသားများမှာ ဘေးတစ်ဖက်တစ်ချက်သို့ အလိုအလျောက် ပွင့်ပေးနေကြသည်။ ကြွက်မိစ္ဆာကြီး၏ မြေလျှိုးအတတ်အဆင့်ကို မီရန်မှာမူ အလှမ်းဝေးနေသေးသကဲ့သို့ ကျင့်ကြံသူများ အသုံးပြုသော သတင်းကျော်ကြားလှသည့် မြေလျှိုးမှော်အတတ်နှင့်မူ နှိုင်းယှဉ်၍ပင် မရသေးချေ။
သို့သော် လုံယီ သိထားသလောက်မူ ထိုမှော်အတတ်သည် အဆင့်မြင့်မှော်ပညာရပ်တစ်ခုဖြစ်ပြီး အခြေခံအုတ်မြစ် တည်ဆောက်ခြင်းအဆင့်ကျင့်ကြံသူကြီးများအတွက်ပင် ထူးခြားသောအစွမ်းဟု သတ်မှတ်ကြသည်။ သူကမူ ယခုမှ စတင်သင်ယူသူ အဆင့်သာရှိသေးသဖြင့် နောင်တစ်ချိန်တွင် တိုးတက်ရန် အခွင့်အလမ်းများစွာ ရှိနေသေးသည်။
ခဏမျှ လေ့လာပြီးနောက် လုံယီသည် မြေပေါ်သို့ ပြန်တက်လာပြီး အလောင်းများကို စတင်
စစ်ဆေးတော့သည်။ သူရရှိလိုက်သော တိုက်ပွဲသိမ်းပစ္စည်းများမှာ ငွေစက္ကူ တန်ဖိုးတစ်
ထောင်ကျော်အပြင် အမည်းရောင်သံမှို မှော်လက်နက် လေးခု၊ အရောင်စုံ အဆောင်စက္ကူ ခုနစ်ရွက်၊ အရှိန်မြှင့်ရန် နတ်မင်းခြေလှမ်းအဆောင်နှစ်ရွက်၊ ကာကွယ်ရေးအတွက် ချပ်ဝတ်အဆောင်သုံးရွက်နှင့် လုံယီ မသိသေးသော အမည်းရောင်အဆောင်စက္ကူ နှစ်ရွက်တို့ ဖြစ်သည်။ ထိုအမည်းရောင်အဆောင်များအကြောင်းကိုမူ ရုံရွှယ်ကျန်းကို မေးမြန်းရန် သူ ဆုံးဖြတ်လိုက်သည်။
ဝိညာဉ်စွမ်းအားဖြည့်ဆေး၏ အရည်အသွေးမှာ လုံယီ၏ဂိုဏ်းရှိ ဆေးလုံးများနှင့် မယှဉ်နိုင်ချေ။ အရသာမှာ သာမန်မျှသာဖြစ်ပြီး ဆေးလုံးများ၏ ပုံသဏ္ဌာန်မှာလည်း မညီမညာ ဖြစ်နေသည်။
စကျင်ကျောက်အရွယ် မီးခိုးရောင် ပုတီးစေ့တစ်လုံးက လုံယီ ယခင်ဘဝက ကစားခဲ့သော စကျင်ကျောက်လေးများနှင့် ဆင်တူသည်။ မိစ္ဆာကျင့်ကြံသူက ၎င်းကို အမည်းရောင် ပိုးအိတ်ငယ်လေးအတွင်း ထည့်ကာ ရင်ဘတ်တွင် အမြတ်တနိုး သိမ်းဆည်းထားခြင်းကို ကြည့်ခြင်းအားဖြင့် အလွန်အဖိုးတန်သော အရာဖြစ်ကြောင်း သိသာသည်။
ဒါက ဘာလဲ။
လုံယီသည် သိချင်စိတ်ဖြင့် မီးခိုးရောင်ပုတီးစေ့ကို လက်ထဲတွင် ဆုပ်ကိုင်ထားလိုက်ရာ ရုတ်တရက် သူ၏မျက်နှာရိပ်မျက်နှာကဲမှာ လုံးဝပြောင်းလဲသွားတော့သည်။
သူ၏အာရုံထဲတွင် ပတ်ဝန်းကျင်တစ်ခုလုံးမှာ ငြိမ်သက်အေးချမ်းသွားပြီး လောက၌ သူတစ်ယောက်တည်းသာ ကျန်ရှိတော့သကဲ့သို့ ခံစားလိုက်ရသည်။ အမှန်စင်စစ် ပြင်ပလောက ပျောက်ကွယ်သွားခြင်းမဟုတ်ဘဲ သူ၏စိတ်ထဲရှိ ရှုပ်ထွေးမှုများ ငြိမ်သက်သွားခြင်းသာ ဖြစ်သည်။ သူ၏စိတ်အခြေအနေမှာ အစွန်းမရောက်ဘဲ အေးချမ်းတည်ငြိမ်သွားကာ လောကီအပူအပင်နှင့် ဆူညံသံအားလုံးမှ ကင်းဝေးသွားသကဲ့သို့ပင်။
သူသည် သု၏ကျင့်စဉ်များကို ပြန်လည်ဆင်ခြင်ကြည့်ရာတွင် အချိန်အတော်ကြာ တစ်ဆို့နေခဲ့သော သွေးနှောင်ဖွဲ့ခြင်းအတတ်၏ သဘောတရားမှာ သိသိသာသာ ပွင့်လင်းလာသကဲ့သို့ ခံစားလိုက်ရသည်။
ဒါက တကယ့်ကို အဖိုးမဖြတ်နိုင်တဲ့ ရတနာပဲ။
လုံယီသည် မီးခိုးရောင်ပုတီးစေ့ကို လက်မှလွှတ်လိုက်သောအခါ ဝမ်းမြောက်ဝမ်းသာ ဖြစ်မိသော စိတ်ခံစားချက်များ ပြန်လည်ဝင်ရောက်လာပြီး သူ၏ရှေ့မှကမ္ဘာကြီးမှာလည်း ပြန်လည်သက်ဝင်လှုပ်ရှားလာတော့သည်။
သူသည် အလေးအနက် စဉ်းစားမိသည်။ မိစ္ဆာကျင့်စဉ်များကို လေ့ကျင့်သော မိစ္ဆာကျင့်ကြံသူများသည် စိတ်ဖောက်ပြန်လွယ်ပြီး စိတ်ဓာတ်ကြမ်းတမ်းကာ အစွန်းရောက်တတ်ကြသည်။ ထို့ပြင် ရူးသွပ်ပြီး ကိုယ့်ကိုကိုယ် အနာတရဖြစ်အောင် လုပ်တတ်သည့် အခြေအနေမျိုးလည်း ခဏခဏ ကြုံတွေ့ရလေ့ရှိသည်။ ဤမီးခိုးရောင်ပုတီးစေ့၏ မကောင်းသော စိတ်ခံစားချက်များကို ဖယ်ရှားပေးနိုင်စွမ်းမှာ မိစ္ဆာကျင့်ကြံသူတစ်ဦးအတွက် အထွတ်အထိပ်ရတနာတစ်ခုပင်။
သို့သော် ဤကဲ့သို့သော ရတနာမျိုးသည် ဝိညာဉ်သန့်စင်ခြင်း နောက်ဆုံးအဆင့် ကျင့်ကြံသူတစ်ဦး လက်ဝယ်ထားရှိနိုင်လောက်သည့် အရာမျိုးမဟုတ်ပေ။
လုံယီ တွေးတောနေစဉ်မှာပင် သူ၏ခါးရှိ အလောင်းသိုလှောင်အိတ်မှာ လှုပ်ရှားလာပြီး အိတ်
မျက်နှာပြင်မှာ ဖောင်းကြွလာတော့သည်။ လုံအာအပြင်သို့ ထွက်ချင်နေသည်မှာ ထင်ရှားသည်။ လုံယီ စိတ်ဖြင့် ညွှန်ကြားလိုက်သည်နှင့် သူ၏ရှေ့တွင် မြင့်မားသော ပုံရိပ်တစ်ခု ပေါ်လာတော့သည်။
သွေးရောင်သန်းနေသော ပယင်းရောင်မျက်ဝန်းများရှိသည့် လုံအာသည် လုံယီ၏လက်ထဲမှ မီးခိုးရောင်ပုတီးစေ့ကို စူးစိုက်ကြည့်နေသည်။
“မင်း ဒါကို လိုချင်လို့လား”
လုံအာ၏ စိတ်ထဲမှ တောင့်တမှုကို လုံယီ ခံစားလိုက်ရသဖြင့် ပုတီးစေ့ကို လုံအာထံ ကမ်းပေးလိုက်ရာ လုံအာသည် ၎င်းကို လှမ်းယူပြီး ပါးစပ်ထဲသို့ ငုံလိုက်တော့သည်။
“ဟေ့”
လုံယီမှာ လန့်သွားပြီး လုံအာကို ပြန်ထွေးထုတ်ရန် အသည်းအသန် အမိန့်ပေးလိုက်သည်။ သို့သော် စစ်ဆေးကြည့်လိုက်သောအခါ လုံအာသည် ပုတီးစေ့ကို မျိုချလိုက်ခြင်းမဟုတ်ဘဲ ပါးစပ်ထဲတွင် ငုံထားရုံသာဖြစ်ကြောင်း သိလိုက်ရသဖြင့် စိတ်အေးသွားတော့သည်။ လုံအာ ပုတီးစေ့ကို ငုံထားချိန်တွင် သူ၏ခန္ဓာကိုယ်ပတ်လည်ရှိ အေးစက်ခက်ထန်သော အရှိန်အဝါမှာ သိသိသာသာ လျော့ပါးသွားသကဲ့သို့ပင်။
ဟင်….
လုံယီ အသေးစိတ် ထပ်မံစစ်ဆေးရန် ပြင်နေစဉ်မှာပင် နောက်ဘက်မှ အလျင်စလို ပြေးလာသော ခြေသံများကို ကြားလိုက်ရသည်။ နောက်သို့ လှည့်ကြည့်လိုက်သောအခါ ကျောက်စိမ်းကဲ့သို့ ဖြူဖွေးအေးစက်သော အသားအရေနှင့် ထူးကဲလှပသော မျက်နှာပိုင်ရှင် မိန်းကလေးတစ်ဦး ဝမ်းသာအားရ ပြေးလာသည်ကို မြင်လိုက်ရသည်။
“လုံ... လုံယီ ဒါ နင် တကယ်ပဲလား နင် မသေဘူးပေါ့... နင် တကယ်ပဲ အဆင်ပြေရဲ့လား”
မွှေးပျံ့သော ရနံ့လေးနှင့်အတူ ယို့ချင်းယီသည် လုံယီထံသို့ အရှိန်အဟုန်ဖြင့် ပြေးဝင်လာပြီး သူ့ကို တင်းကျပ်စွာ ဖက်ထားလိုက်ရာ လုံယီမှာ ကြောင်အမ်းအမ်း ဖြစ်သွားတော့သည်။
အခန်း။ ၃၂၂
လုံယီသည် ခေတ္တမျှ စဉ်းစားလိုက်ပြီး တစ်ဖက်လူ အနေရခက်မသွားစေရန်အတွက် သူကိုယ်တိုင်လည်း တုံ့ပြန်သည့်အနေဖြင့် ပြန်ဖက်တွယ်လိုက်သည်။
သူ၏လက်များမှာ သူမ၏ သေးသွယ်သော ခါးလေးကို ရစ်ပတ်ထားမိရာ အရိုးမရှိသကဲ့သို့ နူးညံ့လှပြီး အသားအရေမှာလည်း အလွန်တရာ ချောမွေ့နေသည်ကို ခံစားလိုက်ရသည်။ တစ်ချိန်တည်းမှာပင် သူ၏ရင်ထဲ၌ အနည်းငယ် စိတ်လှုပ်ရှားမှုကိုလည်း မရှောင်လွှဲနိုင်ဘဲ ဖြစ်ခဲ့ရသည်။
မည်သို့ပင်ဆိုစေ ယို့ချင်းယီသည် သူ၏အစွမ်းအစအမှန်ကို မသိရှိဘဲနှင့် ယခုကဲ့သို့ ပြန်လာခြင်းမှာ သူမ၏အသက်ကို ရင်းပြီး စွန့်စားခဲ့ခြင်းပင်။
သူတို့နှစ်ဦးသည် အချိန်အတော်ကြာ တင်းကျပ်စွာ ဖက်ထားမိကြပြီးနောက်မှ ယို့ချင်းယီသည် လက်ကို လွှတ်လိုက်တော့သည်။ သူမသည် လုံယီကို စိုက်ကြည့်ရန်ပင် ရှက်ရွံ့နေပုံရပြီး ကျောက်စိမ်းကဲ့သို့ ဖြူစင်သော ပါးပြင်ပေါ်တွင် နီမြန်းသော အသွေးအယောင်များ ယှက်သန်းနေတော့သည်။
"နင်... နင် အဆင်ပြေနေတာ တကယ်ကို ကောင်းတာပဲ"
ခြင်လေးတစ်ကောင် မြည်သံကဲ့သို့ တိုးညှင်းလှသော အသံဖြင့် ပြောလိုက်သည်။
"ကံကောင်းလို့ပဲ... ပညာရှင်တစ်ယောက် အနားက ဖြတ်သွားပြီး အဲ့ဒီမိစ္ဆာကျင့်ကြံသူကို ခြောက်လှန့်မောင်းထုတ်ပေးခဲ့လို့ပါ"
လုံယီက ပြောလိုက်သည်။ ထိုမီးခိုးရောင်ပုတီးစေ့ကြောင့်ပင်လား မသိသော်လည်း သူသည် မိစ္ဆာကျင့်ကြံသူကို သတ်ခဲ့သည့်အချက်ကို ဗီဇအရ ဖုံးကွယ်ထားလိုက်သည်။
ထို့ပြင် သူက သတ်ခဲ့သည်ဟု ပြောလျှင်ပင် မည်သူကမှ ယုံကြည်ကြမည်မဟုတ်ချေ။
"တကယ်ကို ကောင်းတာပဲ။ နောက်တစ်ခါ အဲ့ဒီပညာရှင်ကြီးနဲ့ တွေ့ရင် ငါတို့ သေသေချာချာ ကျေးဇူးတင်ရမယ်..."
ယို့ချင်းယီမှာမူ လုံယီ၏ စကားများထဲတွင် မည်မျှအထိ အမှန်တရားပါသည်ကို ဂရုမစိုက်တော့ချေ။
သူ အသက်ရှင်နေသည်ကို မြင်လိုက်ရရုံနှင့် သူမအတွက် အလွန်ပင် ပျော်ရွှင်နေရပြီဖြစ်သည်။
ခေတ္တမျှကြာသော်...
"အစ်ကိုလုံ... အဲ့ဒီမိစ္ဆာကျင့်ကြံသူလည်း ပျောက်သွားပြီဆိုတော့ ငါတို့ ဂိုဏ်းကိုပဲ ပြန်ကြမလား"
ယို့ချင်းယီ၏ စိတ်လှုပ်ရှားမှုများမှာ ပုံမှန်အတိုင်း ပြန်ဖြစ်သွားခဲ့ပြီဖြစ်ရာ သူမ၏ မျက်နှာတွင် အရင်ကကဲ့သို့ အေးစက်သော အမူအရာ ပြန်လည်ပေါ်ပေါက်လာသည်။ ဤသည်ကို မြင်
သောအခါ လုံယီမှာ အနည်းငယ် နှမြောမိသွားသည်။ ယခုကဲ့သို့ အကာအကွယ်မဲ့သော သူမ၏ အမူအရာမျိုးကို နောက်တစ်ကြိမ် မြင်တွေ့ရရန် ခဲယဉ်းပေလိမ့်မည်။
"ကောင်းပြီလေ"
လုံယီက ခေါင်းညိတ်သဘောတူလိုက်ပြီးနောက် ခေတ္တစဉ်းစားကာ ထပ်ပြောလိုက်သည်။
"ဒီနေ့ ငါ့ကို ကူညီခဲ့တဲ့ ပညာရှင်က သူရှိနေတာကို တခြားသူတွေ သိမှာ မလိုလားဘူး"
ယို့ချင်းယီက လုံယီကို အဓိပ္ပာယ်ပါပါ စိုက်ကြည့်လိုက်ပြီး "ကောင်းပါပြီ ငါ ဒါကို လျှို့ဝှက်ထားပေးပါ့မယ်။ ဂိုဏ်းကိုပြန်ရောက်ရင် ငါတို့နှစ်ယောက်စလုံး ကံကောင်းလို့ လွတ်မြောက်လာခဲ့တာလို့ပဲ ပြောလိုက်မယ်"
ယို့ချင်းယီသည် ငတုံးမဟုတ်ပေ။ လုံယီ၏စကားများမှာ အမှန်တရားမဟုတ်နိုင်ကြောင်း သူမ ခန့်မှန်းမိသော်လည်း လုံယီနှင့် တစ်လေသံတည်း ထွက်ရန် သူမက သဘောတူလိုက်ခြင်းပင်။
ထို့နောက် သူတို့နှစ်ဦးသည် ကျန်းကျီချန်းနှင့် ရန်ဟိုင်ရင်းတို့၏ ရုပ်အလောင်းများနှင့် ပစ္စည်းများကို စုစည်းကာ သိုလှောင်အိတ်များအတွင်းသို့ ထည့်လိုက်ကြတော့သည်။
နောက်ထပ် ပြဿနာများ မဖြစ်ပွားစေရန်အတွက် သူတို့နှစ်ဦးသည် ထိုနေ့မှာပင် ဂိုဏ်းသို့ အမြန်ဆုံး ပြန်လာခဲ့ကြသည်။
အတွင်းစည်းတပည့်နှစ်ဦး သေဆုံးသွားခြင်းမှာ သေးငယ်သော ကိစ္စမဟုတ်ပေ။ ထို့ကြောင့် စည်းကမ်းထိန်းသိမ်းရေးခန်းမမှ အကြီးအကဲသည် သူတို့အား စစ်ဆေးမေးမြန်းရန် ဆင့်ခေါ်ခဲ့သလို ဂိုဏ်းသို့ အရင်ဆုံး ပြန်ရောက်နှင့်နေသော တုရှင်းကိုလည်း ခေါ်ယူခဲ့သည်။
ယို့ချင်းယီနှင့် ကျန်နှစ်ဦးမှာ မိစ္ဆာကျင့်ကြံသူနှင့် မတွေ့ဆုံမီ ဖြစ်ပျက်ခဲ့သည့် အကြောင်းအရာများကို တစ်ညီတစ်ညွတ်တည်း ထွက်ဆိုခဲ့ကြရာ ထူးခြားမှုမရှိပေ။ မိစ္ဆာကျင့်ကြံသူနှင့် တွေ့ဆုံပြီးနောက်ပိုင်း အဖြစ်အပျက်နှင့် ပတ်သက်၍လည်း သူတို့သုံးဦး၏ ထွက်ဆိုချက်မှာ ဆင်တူနေသည်။ ဝိညာဉ်သန့်စင်ခြင်း နောက်ဆုံးအဆင့် ကျင့်ကြံသူကို မယှဉ်နိုင်သဖြင့် အရပ်မျက်နှာအသီးသီးသို့ ခွဲကာထွက်ပြေးခဲ့ကြကြောင်း ကံမကောင်းစွာဖြင့် တပည့်နှစ်ဦးမှာ မိစ္ဆာကျင့်ကြံသူ၏ လိုက်လံသတ်ဖြတ်ခြင်းကို ခံလိုက်ရကြောင်းသာ တင်ပြခဲ့ကြသည်။
သူတို့၏ ထွက်ဆိုချက်မှာ အလွန်ပင် ယုတ္တိရှိနေသဖြင့် စည်းကမ်းထိန်းသိမ်းရေး အကြီးအကဲမှာလည်း မေးခွန်းထုတ်စရာ မရှိတော့ပေ။ သို့သော် အကြီးအကဲ၏ မျက်နှာမှာ ညှိုးငယ်နေပြီး ထိုမိစ္ဆာကျင့်ကြံသူ၏ နောက်ကြောင်းကို ဆက်လက်စုံစမ်းရန်အတွက် အမွေခံတပည့်အဆင့်ရှိသော တာဝန်တစ်ခုကို ထုတ်ပြန်ခဲ့သည်။
သူတို့ သုံးဦး စည်းကမ်းထိန်းသိမ်းရေးခန်းမမှ ထွက်လာကြသောအခါ...
“ဂျူနီယာညီမလေးယို့ ဂျူနီယာညီလေးလုံ... မင်းတို့နှစ်ယောက်လုံး အဆင်ပြေပြေနဲ့ ပြန်ရောက်လာတာ တကယ်ကို ဝမ်းသာစရာပဲ”
နှာခေါင်းချွန်ချွန်နှင့် တုရှင်းဆိုသူမှာ သူတို့နှစ်ဦးကို ငါးစာအဖြစ် ပစ်ထားခဲ့ပြီး အရင်ဆုံး ထွက်ပြေးခဲ့သည်ကို လုံးဝ မမှတ်မိတော့သည့်အလား ဟန်ဆောင်ကောင်းသည်။ သူသည် လုံယီတို့အနားသို့ သဘာဝကျကျ ချဉ်းကပ်လာပြီး “အရင်က ကိစ္စနဲ့ ပတ်သက်လို့တော့... မင်းတို့လည်း သိတဲ့အတိုင်း အစ်ကိုက ဝိညာဉ်စွမ်းအား အလယ်အလတ်အဆင့်မှာပဲ ရှိသေးတာဆိုတော့ အဲ့ဒီနောက်ဆုံးအဆင့် မိစ္ဆာကောင်ကို မယှဉ်နိုင်ခဲ့ဘူး။ ဒါပေမဲ့ စိတ်မပူပါနဲ့ ငါ အခု လိုအပ်တဲ့ ရတနာတွေကို စုဆောင်းမိပြီဆိုတော့ ကျင့်ကြံခြင်းထဲ ပြန်ဝင်ပြီးတာနဲ့ နောက်ဆုံးအဆင့်ကို သေချာပေါက် တက်လှမ်းနိုင်မှာပါ။ အဲ့ဒီအခါကျရင် ဒီလိုမျိုးတွေ ထပ်မဖြစ်စေရဘူးလို့ ကတိပေးပါတယ်”
တုရှင်းသည် စကားပြောနေရင်း နောက်ဆုံးအဆင့်ကို တက်လှမ်းမယ်ဆိုသည့် စကားလုံးကို တမင်တကာ အလေးပေး ပြောဆို သွားသည်။ ၎င်းမှာ လုံယီနှင့် ယို့ချင်းယီတို့ကို ဖိအားပေးကာ ခြိမ်းခြောက်လိုက်ခြင်းဖြစ်ပြီး သူတို့၏ စိတ်ထဲတွင် မကျေနပ်ချက်များ ရှိနေပါကလည်း ပြန်လည် မတုံ့ပြန်ရဲအောင် သတိပေးလိုက်ခြင်းပင်။
“အစ်ကိုတု... အဲ့ဒီအတွက် စိတ်ထဲထားမနေပါနဲ့။ ဘေးအန္တရာယ်နဲ့ တွေ့တဲ့အခါ ကိုယ့်
အသက်ကိုယ် ကာကွယ်တာက လူ့သဘာဝပဲဥစ္စာ”
လုံယီက အေးအေးဆေးဆေးပင် ပြန်ပြောလိုက်သည်။
ဂိုဏ်းတူညီအစ်ကိုများ မဆိုထားနှင့် လင်မယား သို့မဟုတ် မောင်နှမအရင်းများပင် အသက်ဘေးနှင့် ကြုံလျှင် တစ်ယောက်တစ်ပေါက် ထွက်ပြေးကြသည်မှာ ဆန်းသည့်ကိစ္စမဟုတ်ပေ။ သို့သော် တုရှင်းသည် သူတို့ကို မိစ္ဆာကျင့်ကြံသူနှင့် တိုက်ခိုက်ရန် ငါးစာအဖြစ် အသုံးချပြီးမှ ကိုယ်လွတ်ရုန်းသွားခြင်းမှာမူ တစ်မူထူးခြားနားသည်။
နောင်တစ်ချိန်တွင် အခွင့်အရေးသာ ရလာခဲ့မည်ဆိုလျှင် လုံယီအနေဖြင့် သူ့ကို ကောင်းကောင်းကြီး ပညာပေးရန် ဝန်လေးနေမည် မဟုတ်ပေ။
ယို့ချင်းယီကမူ အပေါ်ယံ အယဉ်အကျေး စကားများပင် မပြောလိုတော့သဖြင့် တုရှင်းကို တစ်ချက်ကလေးပင် လှည့်မကြည့်တော့ဘဲ လှည့်ထွက်သွားတော့သည်။ ထိုအပြုအမူကြောင့် တုရှင်း၏ မျက်မှောင်များ ကြုတ်သွားပြီး မျက်နှာတစ်ခုလုံး မှောင်မှောင်မည်းမည်း ဖြစ်ကျန်ရစ်ခဲ့သည်။
တပည့်များနေထိုင်ရာ တောင်ကုန်းသို့ ပြန်လာသည့် လမ်းတွင်
"အစ်ကိုလုံ... ရှင် ကျွန်မအသက်ကို နောက်တစ်ကြိမ် ထပ်ကယ်ခဲ့ပြန်ပြီ။ ဒီကျေးဇူးကို ကျွန်မ ဘယ်လိုများ ဆပ်ရမလဲဟင်"
ယို့ချင်းယီ၏ တိုးညှင်းနူးညံ့လှသော အသံမှာ လူတစ်ယောက်ကို စိတ်ကူးယဉ်စရာများစွာ ဖြစ်ပေါ်စေနိုင်သည်။
"မိန်းကလေးယို့... ဒါကို စိတ်ထဲ သိပ်အလေးမထားပါနဲ့။ အဲ့ဒီအချိန်တုန်းက ကျွန်တော်က ကိုယ့်ကိုကိုယ် ကာကွယ်ခဲ့တာလည်း ပါပါတယ်"
လုံယီက ပြုံးလျက် ပြန်ပြောလိုက်သည်။
"တကယ်လို့ အားလပ်တဲ့အချိန်ရှိရင် ကျွန်တော့်အတွက် လရောင်နှင်းရည်ဒါမှမဟုတ် ရေခဲဝိညာဉ်လိုမျိုး ရတနာတွေကိုပဲ စုံစမ်းပေးထားပါဦး"
"ကောင်းပါပြီ... ရှင် အရင်ကလည်း ပြောဖူးတာ ကျွန်မ မှတ်မိပါတယ်"
"နောက်ပြီး ကျွန်တော် စိတ်ဝင်စားမယ့် တာဝန်တွေရှိရင်လည်း ကျွန်တော့်ကိုယ်စား လက်ခံပေးပါဦး"
လုံယီက နောက်ထပ်တောင်းဆိုချက်တစ်ခု ပြုလုပ်လိုက်သည်။
အလောင်းထိန်းချုပ်ရေးဂိုဏ်း၏ စည်းမျဉ်းသစ်အရ အပြင်စည်းတပည့်များသည် အတွင်းစည်းတပည့်များအတွက်သာ သီးသန့်ဖြစ်သော တာဝန်များကို ယူနိုင်သော်လည်း အတွင်းစည်းတပည့်တစ်ဦး ပါဝင်ရမည်ဟု သတ်မှတ်ထားသည်။ လုံယီသည် သူ၏ ဝိညာဉ်
အမြစ်ကို မြှင့်တင်ရန်နှင့် ယင်ဓာတ်သဟဇာတဖြစ်မှုကို တိုးမြှင့်ရန်အတွက် ယင်မိစ္ဆာများ ရှိနိုင်မည့်နေရာများကို ကြိုတင်သိရှိရန် လိုအပ်သည်။
ဤအတွက် ဂိုဏ်း၏ ကြီးမားလှသော သတင်းကွန်ရက်ကို အသုံးပြုရန်မှာ မရှိမဖြစ်လိုအပ်သည်။ ဥပမာအားဖြင့် ကျောက်နိုင်ငံအတွင်း ဆူပူသောင်းကျန်းနေသော ယင်မိစ္ဆာများကို နှိမ်နင်းရမည့် တာဝန်မျိုးကို ယူခြင်းအားဖြင့် သူသည် ရည်မှန်းချက်နှစ်ခုကို တစ်ပြိုင်နက် အောင်မြင်နိုင်မည်ဖြစ်သည်။
လုံယီတွင် အခြားတောင်းဆိုချက် မရှိတော့သည်ကို မြင်သောအခါ ယို့ချင်းယီသည် စိတ်အေးသွားသလို ခံစားရသော်လည်း အလိုလိုနေရင်း တစ်စုံတစ်ခု လိုအပ်နေသကဲ့သို့လည်း ဖြစ်နေမိသည်။
ဂူဗိမာန်သို့ ပြန်ရောက်သောအခါ လုံယီသည် ပုတီးစေ့အကြောင်းကို ဆက်လက်သုတေသနပြုသည်။ ထိုပုတီးစေ့မှာ လုံအာအတွက် အလွန်ပင် အကျိုးရှိကြောင်း သူတွေ့ရှိရသည်။ ၎င်းသည် လုံအာ၏ ခန္ဓာကိုယ်ထဲတွင် နှစ်ရှည်လများ စုပုံနေသော အအေးဓာတ်များကို ဖြေဖျောက်ပေးနိုင်ပြီး သူ၏ အသားအရေမှာလည်း လူသားတစ်ဦးကဲ့သို့ တဖြည်းဖြည်း နီမြန်းကာ စိုပြည်လာစေသည်။
တကယ်လို့ ဒီအတိုင်းသာဆိုရင်...
ရဲတင်းလှသော အကြံအစည်တစ်ခု လုံယီ၏ စိတ်ထဲတွင် ပေါ်ပေါက်လာသည်။ သို့သော် ယခုအချိန်မှာ အချိန်ကောင်း မဟုတ်သေးပေ။ အအေးဓာတ်များ လုံးဝဥဿုံ လွင့်စင်သွားမည့် အချိန်အထိ သူ စောင့်ဆိုင်းရမည်ဖြစ်သည်။ တစ်ချိန်တည်းမှာပင် လုံယီသည် သူ၏ ပိုင်ဆိုင်မှု ပစ္စည်းများကို စနစ်တကျ ပြန်လည် စုစည်းတော့သည်။
လုံယီ၏ လက်ဝယ်တွင် နတ်မင်းခြေလှမ်းအဆောင်၊ ချပ်ဝတ်အဆောင်နှင့် ကြည်လင်သောနှလုံးသားအဆောင်အပါအဝင် အဆောင်စက္ကူ ဆယ်ရွက်ခန့် ရှိနေပြီဖြစ်သည်။
မိစ္ဆာကျင့်ကြံသူထံမှ ရရှိခဲ့သော အမည်မသိ အမည်းရောင်အဆောင်စက္ကူနှင့် ပတ်သက်၍မူ ရုံရွှယ်ကျန်းကို မေးမြန်းကြည့်ရာ ၎င်းမှာ စိတ်ညှို့အဆောင်ဖြစ်ကြောင်း သိလိုက်ရသည်။ ဤအဆောင်သည် ကျင့်ကြံသူများအတွက် အသုံးမဝင်သော်လည်း စိတ်ဓာတ်ပျော့ညံ့သော သာမန်လူသားများကိုမူ စိတ်ဝေဝါးသွားစေကာ မိမိသိလိုသော သတင်းအချက်အလက်များကို ထုတ်ဖော်ပြောကြားလာအောင် ပြုလုပ်နိုင်သည်။
လက်နက် သုံးခုရှိကာ ဥက္ကာခဲသံဖြင့် ပြုလုပ်ထားသော ပုဆိန်မှာ မိစ္ဆာကျင့်ကြံသူနှင့် တိုက်ခိုက်စဉ်အတွင်း သိသိသာသာ ပျက်စီးသွားခဲ့သည်။ ဤအချက်က လုံယီကို လူသားတို့၏ သာမန်လက်နက်များမှာ မသေမျိုးလမ်းစဉ်၏ မှော်ဝင်လက်နက်များနှင့် ထိပ်တိုက်တွေ့ပါက အလွယ်တကူ ပျက်စီးနိုင်ကြောင်း သတိပြုမိစေသည်။
ပိုခိုင်ခံ့တဲ့ ကုန်ကြမ်းတစ်ခုခုရှာပြီး မသေမျိုးလမ်းစဉ် နည်းစနစ်တွေသုံးပြီး သွန်းလုပ်ထားတဲ့ ပုဆိန်တစ်လက် ငါလိုအပ်တယ်
ကျန်လက်နက်နှစ်ခုမှာ ငါးပါးဓာတ်ဂိုဏ်းမှ ကျင့်ကြံသူအမျိုးသမီး၏ ပျံသန်းနိုင်သော ဓားမြှောင်နှင့် မိစ္ဆာကျင့်ကြံသူထံမှ ရရှိခဲ့သည့် အမည်းရောင်သားအမိ သံမှိုမှော်လက်နက်တို့ ဖြစ်ကြသည်။ ကျင့်ကြံသူတစ်ဦးအနေဖြင့် မှော်လက်နက်တစ်ခုကို အသုံးပြုနိုင်ရန် ဝိညာဉ်သန့်စင်ခြင်း အလယ်အလတ်အဆင့်သို့ ရောက်ရှိရမည့်အပြင် ဝိညာဉ်အာရုံ စတင်ဖြစ်ပေါ်ရန်လည်း လိုအပ်သည်။
လုံယီ၏ စိတ်ဝိညာဉ်ကျင့်ကြံမှုမှာ အလယ်အလတ်အဆင့် ကျင့်ကြံသူတစ်ဦးထက် မနိမ့်ကျဘူးဟု သူယုံကြည်သော်လည်း စိတ်ဝိညာဉ်အာရုံကို ထိန်းချုပ်ရန် သီးသန့်နည်းစနစ်မရှိသေးသဖြင့် မှော်လက်နက်များကို စနစ်တကျ ထိန်းချုပ်နိုင်ရန် စမ်းတဝါးဝါး ဖြစ်နေဆဲပင်။ အမည်မသိ မီးခိုးရောင်ပုတီးစေ့မှာ သူပိုင်ဆိုင်သမျှထဲတွင် တန်ဖိုးအရှိဆုံးပစ္စည်းဖြစ်နိုင်ပြီး သူတစ်ပါးကို အလွယ်တကူ ထုတ်မပြသင့်ပေ။
ထို့ပြင် ငါးပါးဓာတ်ဂိုဏ်း ကျင့်ကြံသူအမျိုးသမီးထံမှ ရရှိထားသော သိုလှောင်အိတ်ကိုလည်း မည်သို့ဖွင့်ရမည်ကို နောက်မှ ရှာကြံရဦးမည်ပင်။ ထိုအိတ်ထဲတွင် ရတနာများ ရှိနေမည်ကို သူခံစားမိသဖြင့် ရတနာတောင်ကြီးကို စောင့်ကြပ်နေရသော်လည်း တူးဖော်ခွင့်မရသည့် ခံစားချက်မှာ အတော်လေး ခံရခက်သည်။
လုံယီက သူ၏ပစ္စည်းများကို စုစည်းနေစဉ်...
မိစ္ဆာကျင့်ကြံသူ အသတ်ခံခဲ့ရသည့် တောအုပ်အတွင်းသို့ ဝတ်စုံနက်ဝတ် ပုံရိပ်အချို့ ရုတ်တရက် ပေါ်ပေါက်လာသည်။ သူတို့သည် ခြေဆုံးခေါင်းဆုံး လုံခြုံစွာ ဖုံးကွယ်ထားပြီး နီရဲသော မျက်လုံးတစ်စုံသာ ပေါ်နေ၏။
"ဒီငတုံးရဲ့ လုပ်ပုံကိုင်ပုံက စနစ်တကျမရှိဘူး။ အခုတော့ အလောင်းထိန်းချုပ်ရေးဂိုဏ်းဝင်တွေလက်ချက်နဲ့ သေသွားပြီ။ သူ့အလောင်းတောင် ပြာဖြစ်သွားတာပဲ ဘာကြောင့်သေလဲဆိုတာတောင် ရှာလို့မရတော့ဘူး"
"သူသေတာက အကြောင်းမဟုတ်ပေမဲ့ သန့်စင်သောရန်ဓာတ် ဘေးဒုက္ခပုတီးစေ့ကိုပါ ပေးလိုက်ရတာကတော့ တကယ်ကို သေသင့်တဲ့ အပြစ်ပဲ"
"စကားများမနေနဲ့တော့ အဲ့ဒီပုတီးစေ့ကို အမြန်ဆုံး ပြန်ယူရမယ်။ သခင်ကြီးက အတော်လေး ဒေါသထွက်နေတာ။ ငါတို့ပါ အပြစ်ပုံချမခံရအောင် သတိထားရမယ်"
"အလောင်းထိန်းချုပ်ရေးဂိုဏ်းက ဒီတာဝန်မှာ ဘယ်တပည့်တွေ အသက်ရှင်ကျန်ခဲ့လဲဆိုတာ စုံစမ်းစမ်း။ ဘယ်နည်းနဲ့ဖြစ်ဖြစ် သခင်ကြီးရဲ့ ရတနာကို ပြန်ယူရမယ်"
သစ်သားကို လွှဖြင့်တိုက်နေသကဲ့သို့ ရှတတ အသံဆိုးများဖြင့် သူတို့အချင်းချင်း အလျင်အမြန် ဆွေးနွေးလိုက်ကြသည်။ ခဏအကြာတွင် ထိုဝတ်စုံနက်ဝတ် ပုံရိပ်များမှာ ထိုနေရာမှ ပျောက်ကွယ်သွားတော့သည်။
သူတို့ရပ်ခဲ့သော နေရာရှိ မြေပြင်မှာ မီးလောင်ထားသကဲ့သို့ မည်းနက်သွားပြီး ပတ်ဝန်းကျင် မီတာတစ်ရာအတွင်းရှိ သစ်ပင်ပန်းမန်များမှာလည်း ဝါခြောက်သွေ့သွားကာ ငှက်နှင့် ပိုးမွှားများမှာလည်း အလောင်းပုံကြီးဖြစ်သွားတော့သည်။ ထိုနေရာမှာ ခြောက်ကပ်ပြီး သက်မဲ့မြေရိုင်းတစ်ခုအဖြစ်သို့ ပြောင်းလဲသွားတော့သည်။