အခန်း (၃၂၇-၃၂၈)
Vol. 33 Ch. 327-328
အခန်း။ ၃၂၇
"ဟူး... ရှုံးရင်ရှုံးတယ်လို့ ဝန်ခံတာပေါ့ ဝန်မခံစရာ ဘာရှိလဲ"
ယန်ကျီချန်က အေးစက်စွာ ပြောလိုက်သည်။
"ဟက်... ဒီကောင်ကတော့ အခုထိ ခေါင်းမာနေတုန်းပဲ"
"သူ ဟန်ဆောင်နေပါစေဦး ဒီနေ့တော့ ဆရာဝမ်ကြောင့် ငါတို့ ငွေတွေအများကြီး နိုင်ပြီ။ တောင်အောက်ဆင်းရင် ညီအစ်ကိုတွေကို ငါ ကောင်းကောင်း ကျွေးမွေးဧည့်ခံပါ့မယ်"
"ဟားဟားဟား... ဒီနေ့ ငါ တစ်ခုပဲ ပြောချင်တယ်။ မြူပြာတိမ်တိုက်မဟာမိတ်အဖွဲ့က ပင်လယ်လေးသွယ်အသင်းကို ဘယ်တော့မှ မယှဉ်နိုင်ဘူး"
ဝမ်ဖေးရွှင့်က ယန်ကျီချန်ကို အနိုင်ရရှိသွားသဖြင့် သူ၏ဘက်မှ လောင်းကြေးထပ်ထားသော ပင်လယ်လေးသွယ်အသင်းဝင်များမှာ အလွန်ပင် ဝမ်းသာအားရ ဖြစ်နေကြသည်။ လူအုပ်ကြီးမှာ ငွေများ နိုင်ရှိသွားသဖြင့် မျက်နှာများမှာ ဝင်းပနေကြပြီး ပျော်ရွှင်၍ မဆုံးနိုင်အောင် ရှိနေကြသည်။
တစ်ဖက်တွင်မူ မြူပြာတိမ်တိုက်မဟာမိတ်အဖွဲ့ဝင်များမှာ စိတ်ဓာတ်များ အောက်ဆုံးသို့ ထိုးကျသွားပြီး တစ်ဦးချင်းစီ၏ မျက်နှာမှာလည်း ကြည့်မကောင်းလောက်အောင် ပျက်ယွင်းနေသည်။ သို့သော်လည်း ရှုံးနိမ့်သွားသူများ ဖြစ်သဖြင့် ပင်လယ်လေးသွယ်အသင်းဝင်များ၏ လှောင်ပြောင်သမျှကို မည်သို့မျှ ပြန်လည် မချေပနိုင်ဘဲ အံကြိတ်ခံနေကြရရုံသာ ရှိတော့သည်။
ထိုအချိန်တွင် ဝမ်ဖေးရွှင့်၏ ဘေးမှ အရပ်ပုပု ဂျူနီယာညီလေးယဲ့သည် သူ၏ စေ့စပ်ထားသူကို မျှော်လင့်ချက်အပြည့်ဖြင့် ကြည့်လိုက်သည်။
"ယွဲ့ယွဲ့... ငါနဲ့အတူ လိုက်ခဲ့ပါတော့နော် ဟုတ်ပြီလား အတိတ်ကကိစ္စတွေကို မေ့လိုက်ပြီး ငါတို့ အသစ်က ပြန်စကြရအောင်"
ယန်ကျီချန်၏ မျက်ဝန်းထဲတွင် ထူးဆန်းသော အလင်းတစ်ခု ဖြတ်ပြေးသွားပြီးနောက် သူ၏ ဘေးမှ လှပသောအမျိုးသမီးကျင့်ကြံသူကို ကြင်နာစွာ မေးလိုက်သည်။
"ယွဲ့ယွဲ့... ငါ ရှုံးသွားပြီ။ မင်း သူတို့နောက်ကို လိုက်သွားချင်လား"
ထိုအလှပဂေးလေးမှာ ခိုင်မာသော အမူအရာကို ပြသလိုက်ပြီး ခေါင်းခါယမ်းကာ "ရှုံးတာက ရှုံးတာပဲ ကျွန်မက အလောင်းအစား ပစ္စည်းတစ်ခု မဟုတ်ဘူး" ဟု ပြောလိုက်သည်။
ထိုစကားကို ကြားလိုက်ရချိန်တွင် ဂျူနီယာညီလေးယဲ့မှာ မိုးကြိုးပစ်ခံလိုက်ရသည့်အလား တောင့်တောင့်ကြီး ရပ်ကျန်ရစ်ခဲ့သည်။ တစ်ချိန်တည်းမှာပင် ပင်လယ်လေးသွယ်အသင်းဘက်မှ ဆူညံနေသော အောင်ပွဲခံသံများမှာလည်း ရုတ်ချည်းပင် တိတ်ဆိတ်သွားတော့သည်။
"ဟားဟား... ကောင်းပြီလေ သွားကြစို့"
ယန်ကျီချန်က အလှပဂေးလေး ယွဲ့ယွဲ့၏ လက်ကိုဆွဲကာ ဝမ်ဖေးရွှင့်နှင့် အခြားလူများကို စိန်ခေါ်သည့်အကြည့်ဖြင့် တစ်ချက်ကြည့်ပြီးနောက် မော်ကြွားစွာ ထွက်ခွာသွားတော့သည်။
ဝမ်ဖေးရွှင့်သည် စိတ်ဓာတ်ကျနေသော သူ၏ဂျူနီယာညီလေးကို ကြည့်ရင်း မျက်နှာမှာ အတော်လေး ပျက်ယွင်းနေသည်။ သူ၏ ကိုယ်ပိုင်အလောင်းက တိုက်ပွဲတွင် အနိုင်ရခဲ့သော်လည်း ဂျူနီယာညီလေး၏ စေ့စပ်ထားသူကိုမူ ပြန်လည် မရယူပေးနိုင်ခဲ့ပေ။ ယနေ့တိုက်ပွဲ၏ ရလဒ်မှာ သိက္ခာအနည်းငယ် ပြန်ဆယ်နိုင်ခဲ့ခြင်းနှင့် ရင်ထဲက အမောကို ဖြေဖျောက်နိုင်ခဲ့ခြင်းသာ ရှိသည်။
"သွားကြစို့"
ဝမ်ဖေးရွှင့်က စိတ်ပျက်လက်ပျက် သက်ပြင်းချရင်း ပင်လယ်လေးသွယ်အသင်းသားများကို ဦးဆောင်ကာ ထွက်ခွာသွားသည်။
စောစောက ဆူညံပွက်လောရိုက်နေသော ဧည့်သည်တော်တောင်ထိပ်မှာ ခဏချင်းအတွင်းမှာပင် တိတ်ဆိတ်ခြောက်ကပ်သွားပြီး လူအနည်းငယ်သာ ကျန်ရစ်တော့သည်။ သို့သော် ထိုလူအနည်းငယ်ထဲတွင် လုံယီနှင့် ဝမ်ဝမ်ပိုင်တို့ ပါဝင်နေသည်။
"တောက်... တောက်... ငွေခုနစ်ထောင် ရှစ်ထောင်လောက် ထပ်တိုးလာပြန်ပြီ"
လုံယီက ငွေများပြည့်နှက်နေသော အိတ်ကို ဝမ်ဝမ်ပိုင်၏ မျက်စိရှေ့တွင် လှုပ်ခါပြလိုက်ရင်း "အစ်ကိုဝမ်... ခင်ဗျားရဲ့ ရက်ရောမှုကတော့ တကယ်ကို လေးစားစရာပဲဗျာ"
ဝမ်ဖေးရွှင့် အနိုင်ရရှိသွားခြင်းမှာ အမှန်စင်စစ် လုံယီ၏ နောက်ကွယ်မှ ကြိုးကိုင်မှုကြောင့်ပင်။ သူ၏ အထွတ်အထိပ်အဆင့်ရှိသော အလောင်းထိန်းချုပ်ခြင်းအတတ်နှင့် ထိန်းချုပ်ခြင်းပါရမီကြောင့် ထိုနေရာရှိ မည်သူမျှ တစ်စုံတစ်ရာ ထူးခြားမှုကို သတိမထားမိခဲ့ကြပေ။
ဝမ်ဝမ်ပိုင်ကမူ ဘာမှပြန်မပြောဘဲ ခါးသီးသော ဆေးလုံးတစ်လုံးကို မျိုချလိုက်ရသည့်အလား မျက်နှာပျက်ပျက်ဖြင့်ပင် စကားတစ်ခွန်းမှ မဆိုတော့ဘဲ လှည့်ထွက်သွားတော့သည်။
ထို့နောက် လုံယီသည် ယို့ချင်းယီနှင့် သူမ၏ သူငယ်ချင်း ပိယောင်ယောင်တို့ထံမှ ချေးယူထားသော အရင်းငွေ ငါးထောင်ကို ပြန်လည်ပေးအပ်လိုက်ပြီး သူတို့ကို ကောင်းကောင်းကြီး တည်ခင်းဧည့်ခံပါမည်ဟု စနောက်ကာ ပြောလိုက်သည်။
"ဂျူနီယာညီလေးလုံကတော့ လောင်းကစားနတ်ဘုရားဆိုတဲ့ ဘွဲ့နဲ့ တကယ်ကို ထိုက်တန်ပါတယ်"
ပိယောင်ယောင်က ချီးကျူးသည့်အကြည့်ဖြင့် "ဆရာဝမ်ရဲ့ ကြေးအလောင်းက ဝိညာဉ်ဝါးမျိုမြူထိသွားတုန်းက ငါတော့ တကယ်ကို ရှုံးပြီလို့ ထင်နေတာ။ ရှုံးရာကနေ နိုင်အောင် လုပ်သွားနိုင်လိမ့်မယ်လို့ မထင်ထားဘူး။ ဒါပေမဲ့ နင်ကတော့ အဲ့ဒီအချိန်မှာတောင် အေးအေးဆေးဆေးပဲနော်... နိုင်မယ်ဆိုတာကို ကြိုသိနေသလိုမျိုးပဲ။ နင်များ ဒဏ္ဍာရီထဲက ကောင်းကင်လျှို့ဝှက်ချက်ဟောကိန်းအတတ်တွေကို တတ်နေတာလား"
ပိယောင်ယောင်၏ စပ်စုလိုသော မျက်ဝန်းများမှာ လုံယီ့ထံသို့ ဝဲလည်နေသည်။ အကယ်၍ သူမဘေးတွင် ယို့ချင်းယီသာ မရှိပါက လုံယီ့ကို ခွဲစိတ်၍ စမ်းသပ်ကြည့်ချင်စိတ်များပင် ပေါက်နေလိမ့်မည်။
"မိန်းကလေးပိကလည်း နောက်နေပြန်ပြီ ဒါက ကံကောင်းလို့ပါဗျာ"
“ဂျူနီယာညီလေးလုံက ဂျူနီယာညီမလေးယို့နဲ့ ငယ်သူငယ်ချင်းမဟုတ်ဘူးလား”
“ကျွန်တော် ကျင့်ကြံဖို့ ပြန်တော့မယ် သွားပြီနော်”
လုံယီက အမျိုးသမီးနှစ်ဦးကို ပြုံးပြနှုတ်ဆက်ကာ လှည့်ထွက်လာခဲ့သည်။
ယို့ချင်းယီက ပိယောင်ယောင်ကို စိတ်တိုသည့်အရိပ်အယောင်များဖြင့် ကြည့်လိုက်ပြီး “နင် နောက်တစ်ခါ အဓိပ္ပာယ်မရှိတာတွေ လျှောက်ပြောနေဦးမယ်ဆိုရင် ငါနဲ့ ဘယ်မှလိုက်မလာနဲ့တော့”
“အို... ငါ့ရဲ့ ချစ်လှစွာသော ချင်းယီရယ် ငါက နည်းနည်းလေး စပ်စုချင်ရုံတင်ပါ”
ပိယောင်ယောင်က ယို့ချင်းယီ၏ လက်မောင်းကို ဖက်တွယ်ကာ သူမ၏ ပြည့်ဖြိုးလှသော ကိုယ်လုံးလေးဖြင့် မှီကပ်ရင်း ချွဲနွဲ့နေသည်။ သို့သော် သူမ၏ မျက်ဝန်းများကမူ ထွက်ခွာသွားသော လုံယီ၏ ကျောပြင်ဆီမှ မခွာသေးချေ။
“တကယ်ပဲ ကံကောင်းရုံသက်သက်ပဲလား”
သူမသာ ကြားနိုင်သော အသံတိုးတိုးလေးဖြင့် ရေရွတ်ကာ သံသယဝင်နေမိသည်။
...
အလောင်းထိန်းချုပ်ရေးဂိုဏ်း၊ ဝိညာဉ်စိုက်ပျိုးရေးနယ်မြေ၊ ဝူကျိုဇုန်။
ရှု... ရှု... ရှု
ရှု... ရှု... ရှု
ပိုးချည်မျှင်ကဲ့သို့ သေးသွယ်သော အနီရောင်စွမ်းအင်တန်းများသည် လေထဲတွင် ဟိုမှသည်သို့ ကူးခတ်သွားပြီး စိုက်ခင်းအတွင်းရှိ ပုရွက်ဆိတ်များ၊ ရွှေပိုးတောင်မာများ၊ အမည်းရောင် ဆူးပိုးကောင်များနှင့် အခြားသော ပိုးမွှားများကို အလွယ်တကူပင် သုတ်သင်ပစ်လိုက်သည်။ မီးရှူးမီးပန်းများကဲ့သို့ ဖောက်... ဖောက်ဟူသော အသံများနှင့်အတူ ပိုးကောင်များမှာ လေထဲတွင်ပင် ပေါက်ကွဲထွက်ကုန်ကြသည်။
စိုက်ခင်းဘေးတွင် မီးခိုးရောင်ဝတ်စုံဝတ်ထားသော ရဲရင့်သည့်အသွင်ရှိသည့် လူငယ်တစ်ဦးသည် မမြင်ရသော စောင်းတစ်လက်ကို တီးခတ်နေသကဲ့သို့ သူ၏လက်ချောင်းများကို သက်သောင့်သက်သာနှင့် အနုပညာဆန်စွာ ခါယမ်းနေသည်။ အားကောင်းလှသော အနီရောင်စွမ်းအင်တန်းများမှာ သူ၏ လက်ချောင်းထိပ်များမှ ထွက်ပေါ်လာခြင်းပင်။
သူ၏ဘေးတွင် အရပ်ရှည်ရှည်၊ ဆံပင်နှင့် မျက်ခုံးမရှိဘဲ မီးခိုးဖြူရောင် အရေပြားရှိသော ပုံရိပ်တစ်ခုက တိတ်ဆိတ်စွာ ရပ်နေသည်။ ၎င်း၏ ဟင်းလင်းပွင့်နေသော ရင်ဘတ်ပေါ်တွင် ဇီးပန်းပွင့်ပုံစံ အမှတ်အသားနှစ်ခုရှိပြီး တတိယမြောက် တစ်ခုမှာလည်း ခပ်ရေးရေး ပေါ်ထွက်နေပြီဖြစ်သည်။
ဝိညာဉ်သန့်စင်ခြင်း နောက်ဆုံးအဆင့်နဲ့ ညီမျှတဲ့ ကြေးအလောင်းတွေမှာလည်း ယင်
စွမ်းအင်သုံး ပိုးချည်မျှင်တိုက်ကွက်မျိုး ရှိပေမဲ့ အရှိန်မှာရော ဖျက်ဆီးနိုင်စွမ်းမှာရော ငါ့ရဲ့ အပြင်ဘက်စစ်မှန်သောခွန်အားကို မယှဉ်နိုင်ဘူးပဲ
ဝိညာဉ်အမြစ်ရဲ့ အရည်အသွေးက အခုထိ ညံ့ဖျင်းနေတုန်းပဲ။ ယင်ဓာတ်ရှိတဲ့ သတ္တဝါတွေ စုဝေးနေတဲ့နေရာတစ်ခုကို အမြန်ရှာဖို့ လိုအပ်နေပြီ။ အဲ့ဒီလိုမှမဟုတ်ရင် တစ်ကောင်ချင်းစီ လိုက်သတ်နေရတာက အချိန်ကုန်လွန်းတယ်။ ဝိညာဉ်အမြစ်ကို အလယ်အလတ်အဆင့်ရောက်အောင် ဘယ်တော့မှ မြှင့်တင်နိုင်မှာလဲ
ဖုန်းကျိုယွဲ့နဲ့ ပတ်သက်တဲ့ သတင်းကို ပင်လယ်လေးသွယ်အသင်းက ရပြီလား မသိဘူး။ သူကတော့ တခြားလူတွေနဲ့မတူတဲ့ ကိုယ်ခံပညာလမ်းစဉ်ကို လျှောက်လှမ်းနေတာ သေချာတယ်...
ထိုလူငယ်မှာ အခြားသူမဟုတ်ဘဲ ဂိုဏ်းထဲသို့ ရောက်ရှိလာခဲ့သည်မှာ သုံးနှစ်ရှိပြီဖြစ်သော လုံယီပင်။ သူသည် ပိုးမွှားများကို သတ်ဖြတ်ရင်း သူ၏ အနာဂတ်အစီအစဉ်များကို တွေးတောနေခြင်းပင်။
ဒီအဆင့်ပြီးရင် ပင်အန်းရွာကို ပြန်ဖို့ အခွင့်အရေး တစ်ခုခု ရှာရဦးမယ်
ပင်အန်းရွာတွင် လုံယီ့အတွက် မေ့ပစ်ရန် ခက်ခဲသော လူများ ရှိနေကာ ကျန်းဝေတာ၊ အဘိုးအိုရှီ၊ လျူယွမ်နှင့် ဝမ်ကျန်းဂိုဏ်းမှ အခြားတပည့်များပင်။
မသေမျိုးလမ်းစဉ်ကို ကျင့်ကြံသည်ဆိုသော်လည်း သံယောဇဉ်နှင့် ကျေးဇူးတရားများကို မေ့ပစ်ရမည်ဟု မဆိုလိုပေ။ လုံယီသည် သူ၏ အခြားသော အဆင့်အတန်းဖြစ်သည့် ဝမ်ကျန်းဂိုဏ်း၏ ပထမဆုံး ဂိုဏ်းချုပ်ဆိုသည်ကို တစ်ခါမျှ မေ့လျော့ခြင်း မရှိခဲ့ချေ။
တစ်ချိန်တည်းမှာပင် သူ၏ စိတ်ထဲ၌ ပုံရိပ်နှစ်ခုမှာ အပြန်အလှန် ပေါ်ထွက်နေကာ တစ်ဦးမှာ နှင်းပမာဖြူစင်သော အသားအရေ၊ ကျောက်စိမ်းကဲ့သို့ လှပသော နှာတံလေးနှင့် ဆွဲဆောင်မှုရှိသော မျက်ဝန်းအစုံကို ပိုင်ဆိုင်ထားသူဖြစ်ရာ မြင်သူတိုင်း ရုန်းမထွက်နိုင်လောက်အောင် ဖြစ်ရသည်။
အခြားတစ်ဦးမှာမူ အလွန်အရပ်ရှည်ပြီး ဂျုံရောင်အသားအရေရှိကာ ထင်ရှားသော မျက်နှာသွင်ပြင်နှင့်အတူ ရိုင်းစိုင်းသော ဆွဲဆောင်မှုအပြည့် ရှိနေသူ ဖြစ်သည်။
“ဟမ်”
ရုတ်တရက် လုံယီ၏ မျက်ခုံးများ တွန့်ချိုးသွားပြီး သူသည် မူလနေရာမှ ချက်ချင်းပင် ပျောက်ကွယ်သွားတော့သည်။
“အား”
နုနယ်သော အော်ဟစ်သံတစ်ခုနှင့်အတူ စိုက်ခင်းရှေ့တွင် ပုံရိပ်တစ်ခု ပေါ်ထွက်လာသည်။
“နင်ကတော့ တကယ်ကို အသည်းမာတာပဲ မိန်းမလှလေးတစ်ယောက်ကိုတောင် မညှာဘူး” လတ်တလောမှ သိကျွမ်းထားသည့် ပိယောင်ယောင်က သူမ၏ လက်မောင်းကို ပွတ်သပ်ရင်း ညည်းညူလိုက်သည်။ သူမ၏ နုပျိုလှပသော မျက်နှာလေးမှာ အထိမခံနိုင်လောက်အောင်ပင်။ ယခုအခါ သူမသည် မျက်ခုံးလေးများကို ကျုံ့ကာ လုံယီ့ကို မကျေမနပ် ကြည့်နေသည်။
ပိယောင်ယောင်သည် စကားပြောပြီးနောက် သူမ၏ အင်္ကျီလက်ကို မတင်လိုက်ရာ ကြာစွယ်ကဲ့သို့ ဖြူဖွေးနုနယ်သော လက်မောင်းလေး ပေါ်ထွက်လာသည်။ သို့သော် ထိုလက်မောင်းပေါ်တွင် ထင်ထင်ရှားရှား ညိုမည်းစွဲနေသော အကွက်တစ်ခု ရှိနေသည်။
“မင်းက ဟိုနားမှာ ခိုးကြောင်ခိုးဝှက် လုပ်နေတာကိုး မင်းမှန်း ငါမှမသိတာ”
လုံယီက မည်သည့်ခံစားချက်မျှ မပါသော အမူအရာဖြင့် “ဒါနဲ့... မင်း ဒီကို ဘာလာလုပ်တာလဲ”
“ဘာမှမရှိရင် လာလည်လို့ မရဘူးလား”
ပိယောင်ယောင်၏ မျက်ဝန်းများ ဝင်းပသွားပြီးနောက် လက်မောင်းကို ပြန်ဖုံးကာ မနီးမဝေးရှိ စိုက်ခင်းကို ကြည့်ပြီး အံ့သြတကြီး ပြောလိုက်သည်။
“ဝူဇုန်က စိုက်ခင်းတွေက ခြောက်ကပ်နေတာလို့ ငါ ကြားထားတာ။ အခုတော့ နင်က ဝိညာဉ်စိုက်ခင်းတစ်ခု ဖြစ်အောင် လုပ်ထားတာပဲ။ အလိုလေး... နင် တကယ်ကို တော်တာပဲ”
ပိယောင်ယောင်သည် စိုက်ခင်းအနီးသို့ ချဉ်းကပ်သွားချိန်တွင် မြေပြင်ပေါ်၌ ပြန့်ကျဲနေသော ပိုးကောင်အသေကောင်များကို မြင်လိုက်ရသဖြင့် သူမ၏ အမူအရာမှာ ပို၍ပင် အံ့အားသင့်သွားလေတော့သည်။
အခန်း။ ၃၂၈
“ရွှေပိုးတောင်မာပဲ... ဒီကောင်တွေရဲ့ အခွံက အရမ်းမာတာ။ သာမန်မှော်အတတ်တွေနဲ့တောင် ဒဏ်ရာရအောင်လုပ်ဖို့ မလွယ်ဘူး။ နင်က ဒီလောက်အများကြီး သတ်ထားနိုင်မယ်လို့ မထင်ထားဘူး"
“အမည်းရောင် ဆူးပိုးကောင်... ဒီကောင်တွေက အရမ်းမြန်ပြီး ကျင့်ကြံသူတွေရဲ့ ခန္ဓာကိုယ်ထဲကို ဖောက်ဝင်တတ်တာ ကာကွယ်ရတာ အင်မတန်ခက်တယ်"
“သစ်ရွက်စိမ်းပိုးကောင်... ဒီကောင်က သစ်ရွက်စိမ်းနဲ့တူလွန်းလို့ ခွဲခြားရတာ အရမ်းခက်တာ"
“ဂျူနီယာမောင်လေးလုံ... နင် ဒီကောင်တွေကို ဘယ်လိုသတ်လိုက်တာလဲ ယင်စွမ်းအင်သုံး မြားချက်အတတ်တစ်ခုတည်းနဲ့ဆိုရင်တော့ ဒီလောက်ထိမဖြစ်နိုင်ဘူး။ ငါကြားတာတော့ နင့်ရဲ့ ကိုယ်ခံပညာက အတော်လေး အားကိုးရတယ်ဆိုပဲ...”
ပိယောင်ယောင်က မနားတမ်း စကားပြောနေသော်လည်း လုံယီကမူ “အင်း”၊ “အော်”၊ “ဟဲဟဲ” ဆိုရုံမျှသာ အေးစက်စွာ တုံ့ပြန်နေသည်။
အချိန်ကြာလာသည်နှင့်အမျှ စကားပြောအလွန်ကောင်းသော သူမပင်လျှင် ရှေ့ဆက်ပြောရန် ခက်ခဲလာတော့သည်။
“ဒါနဲ့... နင့်ရဲ့ အလောင်းလောင်းကစားတာမှာ တစ်ခုခု လျှို့ဝှက်ချက်ရှိနေတာလား။ ကောင်းကင်လျှို့ဝှက်ချက်အတတ်ကို တကယ်ပဲ သင်ထားတာလား”
ပိယောင်ယောင်သည် နောက်ဆုံးတွင် သူမလာရင်းရည်ရွယ်ချက်ကို ထုတ်ပြောလိုက်တော့သည်။
“မသင်ထားပါဘူး”
လုံယီက ပြန်ဖြေသည်။
“မင်းမှာ တခြားကိစ္စမရှိတော့ရင် ဒီစိုက်ခင်းထဲမှာ မိုးရွာသွန်းခြင်းအတတ်လေးသုံးပြီး ငါ့ကို ကူညီပေးခဲ့ပါဦးလား။ အညောင်းပြေ အညာပြေပေါ့"
“တော်ပြီ... ငါလည်း ကျင့်ကြံဖို့ ပြန်ရတော့မယ်"
လုံယီက မည်သို့မျှ တုံ့ပြန်ခြင်းမရှိသည်ကို မြင်သောအခါ ပိယောင်ယောင်မှာ စိတ်မကျေမနပ်ဖြစ်သွားသော်လည်း တခြားနည်းလမ်းမရှိတော့ပေ။
သူမ ထွက်ခွာတော့မည့်ဆဲဆဲတွင် လုံယီက “ငါ ဘာလို့ အလောင်းလောင်းကစားတိုင်း နိုင်နေရလဲဆိုတာ မင်း တကယ်သိချင်လို့လား” ဟု မေးလိုက်သည်။
“သိချင်တာပေါ့”
ပိယောင်ယောင်၏ မျက်ဝန်းများ ဝင်းပသွားသည်။
“ဒါဆိုရင် ငါ့အတွက် ရတနာတစ်ခု ရှာပေး ဒါဆိုရင် မင်းကို ငါပြောပြမယ်"
“ဘာရတနာလဲ”
“ဒီအထဲက တစ်ခုခုဆိုရင် ရပြီ"
လုံယီသည် သူ၏ နက်ရှိုင်းသောယင်ကျင့်စဉ်ကို အဆင့်မြှင့်တင်ရန် လိုအပ်သော လရောင်
နှင်းရည်အပြင် သူ၏ အဓိကပါရမီများကို အဆင့်မြှင့်ရန် လိုအပ်သည့် ရေခဲဝိညာဉ်၊ လေစီးသီးနှင့် မြေကြောဝိညာဉ်ခြင်ဆီစသည့် ပစ္စည်းများကို စာရင်းချပြလိုက်သည်။
ထိုစာရင်းကို နားထောင်ပြီးနောက် ပိယောင်ယောင်မှာ သံသယများဖြင့် ပြည့်နှက်သွားပြီး “နင် ငါ့ကို လိမ်စားဖို့ ကြိုးစားနေတာတော့ မဟုတ်ပါဘူးနော်” ဟု မေးလိုက်သည်။
လုံယီက ခိုင်ခိုင်မာမာပင် ခေါင်းခါပြလိုက်သောအခါ ပိယောင်ယောင်မှာ ဝေခွဲမရသော သံသယများစွာဖြင့် ထွက်ခွာသွားရတော့သည်။
မဆိုးဘူး... နောင်ကျရင် ရတနာရှာဖို့ အဖော်တစ်ယောက် ထပ်တိုးတာပေါ့။
သူ့ကိုယ်သူ ခုခံရမည့် အနေအထားမှ တိုက်စစ်ဆင်နိုင်သည့် အနေအထားသို့ ပြောင်းလဲလိုက်နိုင်သဖြင့် လုံယီသည် ကျေနပ်နေမိသည်။
ပိယောင်ယောင်၏ အမူအရာနှင့် ဝတ်စားဆင်ယင်ပုံအရ သူမတွင် အထောက်အထား နောက်ခံတစ်ခုခု ရှိနိုင်ကြောင်း သိသာလှရာ သူမသည် သူ၏အဆင့်မြှင့်တင်ရေး ပစ္စည်းများကို ကူညီရှာဖွေပေးရန် အသင့်တော်ဆုံးသူ ဖြစ်သည်။ အကယ်၍ သူမက ရှာမပေးလျှင်လည်း နောက်နောင် သူ့ကို လာရောက်နှောင့်ယှက်တော့မည်မဟုတ်သဖြင့် အေးဆေးသွားမည်ပင်။ အကယ်၍ ရှာပေးခဲ့လျှင်လည်း ပစ္စည်းရလာသည့်အခါမှသာ အခြေအနေကြည့်၍ ဖြေရှင်းရုံသာ ရှိတော့သည်။
ပိယောင်ယောင်ကို လွှတ်လိုက်ပြီးနောက် လုံယီသည် လုံအာကို အလောင်းသိုလှောင်အိတ်ထဲသို့ ပြန်ထည့်ကာ တာဝန်ပေးအပ်ရေးခန်းမရှိရာသို့ ဦးတည်လိုက်သည်။ ထိုခန်းမသည် အလောင်းထိန်းချုပ်ရေးဂိုဏ်း၏ တောင်စဉ် ၁၃ လုံးထဲမှ တစ်လုံးဖြစ်သော ပျံသန်းကျောက်တောင်ပေါ်တွင် တည်ရှိသည်။
ပျံသန်းကျောက်တောင်မှာ မီတာ ၂၀၀၀ ခန့် မြင့်မားပြီး မြေမျက်နှာသွင်ပြင်မှာ မတ်စောက်ကာ သစ်ပင်သစ်တောများဖြင့် ထူထပ်သည်။ ဤတောင်၏ အမည်မှာ တောင်ထိပ်အနီးတွင် ဘဲဥပုံသဏ္ဌာန်ရှိသော နီနက်ရောင် ကျောက်တုံးကြီးတစ်ခုမှာ တောင်နံရံတွင် စောင်းလျက်သား မြှုပ်ဝင်နေခြင်းကြောင့် ဖြစ်ပေါ်လာခြင်းပင်။
ကြည့်ရသည်မှာ ပြုတ်ကျတော့မည့်အလား ထင်ရသော်လည်း ရာစုနှစ်ပေါင်းများစွာ လေဒဏ်မိုးဒဏ်ကို ကြံ့ကြံ့ခံကာ တစ်ချက်ကလေးမျှ လှုပ်ရှားခြင်း မရှိခဲ့ချေ။ ထိုကျောက်တုံးကြီး၏ မူလအစနှင့် ပတ်သက်၍လည်း ငြင်းခုံမှုများစွာ ရှိကြသည်။
အချို့က ၎င်းမှာ ကောင်းကင်မှ ကျလာသော ဥက္ကာခဲဟု ဆိုကြပြီး အချို့ကမူ တောင်၏ သဘာဝဖြစ်စဉ်တစ်ခုဟု ယူဆကြသည်။ အချို့ကမူ ရှေးယခင်က ဂိုဏ်းတွင်း ပဋိပက္ခများနှင့် ပြင်းထန်သော တိုက်ပွဲများကြောင့် ဖြစ်ပေါ်လာခြင်းဖြစ်သည်ဟု ပြောကြသည်။
လုံယီသည် ပျံသန်းကျောက်တောင်ပေါ်သို့ တက်လာခဲ့ရာ မကြာမီမှာပင် တာဝန်ပေးအပ်ရေးခန်းမ တည်ရှိရာနေရာသို့ ရောက်ရှိသွားတော့သည်။
တာဝန်ပေးအပ်ရေးခန်းမသည် အဖြူရောင်အလင်းတန်းများ လွှမ်းခြုံထားသော ခုနစ်ထပ်ရှိသည့် အနီရောင် ပြာသာဒ်အဆောက်အအုံကြီး ဖြစ်သည်။ သို့သော် ပုံမှန်အားဖြင့် တပည့်များအတွက် ပထမထပ်ကိုသာ ဖွင့်လှစ်ပေးထားလေ့ရှိပြီး ကျန်သောအထပ်များတွင် ဘာရှိသည်ကိုမူ မည်သူမျှ မသိကြပေ။
တာဝန်ပေးအပ်ရေးခန်းမအတွင်းသို့ လှမ်းဝင်လိုက်သောအခါ ခန်းမအကျယ်အဝန်းမှာ အလွန်ပင် ကျယ်ဝန်းလှပြီး ပွဲတော်တစ်ခု ကျင်းပနေသကဲ့သို့ ခမ်းနားထည်ဝါစွာ ပြင်ဆင်မွမ်းမံထားသည်ကို လုံယီ တွေ့လိုက်ရသည်။ ခေါင်းပေါ်တွင်လည်း ရောင်စုံမီးအိမ်များမှာ မမြင်ရသော အင်အားတစ်ခု၏ တွန်းပို့မှုကြောင့် အထက်အောက်၊ ဘယ်ညာသို့ လွင့်မျောနေကြသည်။ မီးအိမ်တစ်ခုချင်းစီ၏ မျက်နှာပြင်ပေါ်တွင် သေးငယ်သော အမည်းရောင် စာလုံးလေးများကို ရေးထိုးထားရာ ကျင့်ကြံသူတစ်ဦး၏ ထက်မြက်သော မျက်စိဖြင့် ရှင်းလင်းစွာ မြင်တွေ့နိုင်သည်။
[ဘင်းမြို့တွင် သေမင်းတမန်အလောင်းများသောင်းကျန်းနေပြီး လူဆယ်ဂဏန်းကျော်ကို ဒဏ်ရာရစေခဲ့သည်။ ချက်ချင်းနှိမ်နင်းရန် လိုအပ်သည်။... ဝိညာဉ်သန့်စင်ခြင်း အလယ်အလတ်အဆင့်ရှိသူများသာ၊ ကြာချိန် နှစ်လ၊ တာဝန်ပြီးဆုံးပါက ရလဒ်အပေါ်မူတည်၍ ဂုဏ်ပြုမှတ် ၅၀ မှ ၁၀၀ အထိ ရရှိမည်]
[တပည့်သစ်များကို ဦးဆောင်ရန်၊ မှတ်တမ်းတင်ရန်၊ မြေနေရာနှင့် ကိုယ်ပိုင်အလောင်းများ ခွဲဝေပေးရန်နှင့် သက်ဆိုင်ရာ အသိပညာများကို သင်ကြားပေးရန်... ဝိညာဉ်သန့်စင်ခြင်း အလယ်အလတ်အဆင့်ရှိသူများသာ၊ ကြာချိန် သုံးလ၊ တပည့်များ၏ သုံးလပတ် စာမေးပွဲရလဒ်ပေါ်မူတည်၍ ဂုဏ်ပြုမှတ် ၁၀၀ မှ ၃၀၀ အထိ ရရှိမည်]
[ဝမ်တောက်တောင်မှ အကြီးအကဲရွှီသည် ဝိညာဉ်မီးလျှံအတတ်ကျွမ်းကျင်သော ဆေးဖော်စပ်သူအကူ နှစ်ဦး လိုအပ်နေသည်။... ဝိညာဉ်သန့်စင်ခြင်း အလယ်အလတ်အဆင့်ရှိသူများသာ ကြာချိန် တစ်လ၊ တစ်ဦးလျှင် ဂုဏ်ပြုမှတ် ၆၀ ရရှိမည်]
[ချန်လုမြစ်တွင် မိစ္ဆာတစ်ကောင်၏ လက်ချက်ဟု ယူဆရသော လုပ်ရပ်ကြောင့် ငါးဖမ်းလှေ ခြောက်စင်း တိမ်းမှောက်ခဲ့ပြီး လူပေါင်းဆယ်ဂဏန်းခန့် သေဆုံးခဲ့သည်။ လွတ်မြောက်လာသူများ၏ ပြောပြချက်အရ မြစ်အောက်ခြေတွင် အရှည် တာ တစ်ဆယ်ခန့်ရှိသော ငါးခူနှင့်တူသည့် အမည်းရောင် ပုံရိပ်ကြီးတစ်ခုကို မြင်တွေ့ခဲ့ရသည်။ ဝိညာဉ်သန့်စင်ခြင်း အလယ်အလတ်အဆင့်နှင့် အထက်ရှိသူများသာ တာဝန်ပြီးဆုံးပါက ရလဒ်အပေါ်မူတည်၍ ဂုဏ်ပြုမှတ် ၅၀ မှ ၁၂၀ အထိ ရရှိမည်]
လုံယီသည် ယခင်က သူတို့ လုပ်ဆောင်ခဲ့ဖူးသော တာဝန်တစ်ခုကိုလည်း သတိထားမိလိုက်သည်
[ဝေမြို့တွင် ဝိညာဉ်သန့်စင်ခြင်း နောက်ဆုံးအဆင့်ရှိသော မိစ္ဆာကျင့်ကြံသူတစ်ဦး ပေါ်ထွက်လာပြီး အလယ်အလတ်အဆင့်ရှိသော အတွင်းစည်းတပည့် အများအပြား သေဆုံးခဲ့ပြီး ချက်ချင်း သုတ်သင်ရန် လိုအပ်သည်။ ဝိညာဉ်သန့်စင်ခြင်း နောက်ဆုံးအဆင့်ရှိသူများသာ ကြာချိန် သုံးလ]
အဆုံးတွင် သူ နားလည်သွားသည်မှာ မီးအိမ်အရောင်များ ကွဲပြားခြင်းက တာဝန်လက်ခံမည့်သူ၏ ကျင့်ကြံမှုအဆင့် လိုအပ်ချက်များကို ဖော်ပြနေခြင်းပင်။
အနီရောင်မီးအိမ်များမှာ အရေအတွက် အများဆုံးဖြစ်ပြီး လိုအပ်ချက် အနည်းဆုံးဖြစ်သည်။ ၎င်းတို့မှာ ဝိညာဉ်သန့်စင်ခြင်း အလယ်အလတ်အဆင့်ရှိသော အတွင်းစည်းတပည့်များနှင့် သင့်တော်သည်။ အစိမ်းရောင်မီးအိမ်များမှာမူ အရေအတွက် အနည်းငယ်သာရှိပြီး များသောအားဖြင့် ဝိညာဉ်သန့်စင်ခြင်း နောက်ဆုံးအဆင့်ရှိသော အမွေခံတပည့်များ ဖြစ်ရန် လိုအပ်သည်။ အရေအတွက် အနည်းဆုံးမှာ ခရမ်းရောင်မီးအိမ်များဖြစ်ပြီး ၎င်းတို့ပေါ်ရှိ စာလုံးလေးများကိုမူ လုံယီအနေဖြင့် ဖတ်၍မရအောင်ပင် ဝေဝါးနေသည်ကို တွေ့ရသည်။
အခန်း။ ၃၂၉
သို့သော် နောက်ဆုံးလိုအပ်ချက်အရ ၎င်းတို့ကို အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့်ရှိ အကြီးအကဲများသာ လက်ခံနိုင်ကြောင်း ဖော်ပြထားသည်။
ထို့ပြင် တာဝန်အားလုံးအတွက် သတ်မှတ်ချက်တူညီသော အဖြူရောင်မီးအိမ်အတွဲတစ်ခုလည်း ရှိနေသည်။
[ရှေးဟောင်းကျင့်ကြံသူ၏ လျှို့ဝှက်နယ်မြေကို စူးစမ်းရန်၊ ကျင့်ကြံသူ၏ ဂူဗိမာန်၊ ဝိညာဉ်ကြောနှင့် နေအေးမြက်တို့အတွက် နေနီဂိုဏ်း၊ သွေးစစ်ဂိုဏ်းတို့နှင့် ယှဉ်ပြိုင်ရန်...] ဤတာဝန်မှာ အတော်လေး အန္တရာယ်များပြီး ဝိညာဉ်သန့်စင်ခြင်း နောက်ဆုံးအဆင့်ရှိသူများသာ၊ လူဦးရေကန့်သတ်ချက်မရှိ၊ အချိန်ကန့်သတ်ချက်မရှိ]
လုံယီသည် သူနှင့်သင့်တော်မည့် တာဝန်များကို စတင်ရှာဖွေလိုက်ရာ အတန်ကြာပြီးနောက် နှစ်ခုသာ တွေ့ရှိတော့သည်။
[နက်ရှိုင်းသောနှင်းခဲတောင်တန်းတွင် တွင်းသုံးပေါက်အဆီအနှစ်သီးကို သွားရောက်စုဆောင်းရန်၊ ထိုနေရာတွင် ဝိညာဉ်မျက်နှာပင့်ကူများ မကြာခဏ ပေါ်ထွက်တတ်သည်... ဝိညာဉ်
သန့်စင်ခြင်း အလယ်အလတ်အဆင့်ရှိသူများသာ ကြာချိန် တစ်လ၊ ဂုဏ်ပြုမှတ် ၇၀ ရရှိမည်]
[လက်အောက်ခံမြို့တော်အကယ်ဒမီ၏ ဘေးတွင် ကျီးကန်းများမှာ လူများကို ရန်ပြုနေပြီး ကျောင်းသားအချို့၏ ကိုယ်တွင်းအင်္ဂါများကို ပျက်စီးစေကာ အရေပြားကိုလည်း ဗီဇပြောင်းလဲစေခဲ့သည်။ ထိုကျီးကန်းများကို သုတ်သင်ရန် လိုအပ်သည်... ဝိညာဉ်သန့်စင်ခြင်း အလယ်အလတ်အဆင့်ရှိသူများသာ ကြာချိန် နှစ်လ၊ ဂုဏ်ပြုမှတ် ၆၀ ရရှိမည်]
ဝိညာဉ်မျက်နှာပင့်ကူနှင့် ကျီးကန်း နှစ်မျိုးလုံးမှာ ယင်ဓာတ်ရှိသော မိစ္ဆာသတ္တဝါများဖြစ်ရာ ၎င်းတို့ကို သတ်ဖြတ်ခြင်းက သူ၏ ယင်ဝိညာဉ်အမြစ်ကို အားကောင်းစေမည်ဖြစ်သည်။
လုံယီသည် တာဝန်ပေးအပ်ရေးခန်းမ၏ ညာဘက်ရှိ ဧည့်ကြိုဌာနသို့ သွားရောက်ကာ “စီနီယာအစ်ကို... ကျွန်တော် ဒီတာဝန်နှစ်ခုကို လက်ခံလို့ ရမလား” ဟု မေးမြန်းလိုက်သည်။
သူက တာဝန်အကြောင်းကို ပြောပြလိုက်သောအခါ တစ်ဖက်မှ အပြာရောင်ဝတ်စုံဝတ် အလတ်ပိုင်းအရွယ် ကျင့်ကြံသူက “မင်းနဲ့အတူ လိုက်မယ့် အတွင်းစည်းတပည့် ပါသလား” ဟု မေးသည်။
“အရင်လက်ခံထားပြီးမှ လိုက်ခဲ့ဖို့ သူတို့ကို သွားခေါ်လို့ မရဘူးလား”
“မရဘူး... ဂိုဏ်းမှာ စည်းကမ်းရှိတယ်။ ဝိညာဉ်သန့်စင်ခြင်း အလယ်အလတ်အဆင့်နဲ့ အထက်ရှိတဲ့သူတွေပဲ တာဝန်လက်ခံခွင့်ရှိတာ။ အပြင်စည်းတပည့်တွေမှာ ဒီအခွင့်အရေး မရှိဘူး” အလတ်ပိုင်းအရွယ် ကျင့်ကြံသူက ခေါင်းကို တရစပ်ခါယမ်းရင်း ပြတ်ပြတ်သားသားပင် ပြောလိုက်သည်။
လုံယီမှာ ဘာမှမတတ်နိုင်ဘဲ ပြန်လှည့်လာခဲ့ရတော့သည်။ အခွင့်အရေးမှာ အလွန်နည်းပါးမှန်း သိသော်လည်း တစ်ခုခု အမြတ်ထုတ်နိုင်မလားဟု စမ်းသပ်ကြည့်ခဲ့ခြင်းသာ ဖြစ်သည်။ အခြေအနေအရ သူသည် အတွင်းစည်းတပည့်များ၏ အကူအညီကို ယူရမည်မှာ သေချာသွားပြီဖြစ်သည်။
သူနှင့် ရင်းနှီးသော အတွင်းစည်းတပည့်များမှာ ရုံရွှယ်ကျန်းနှင့် ယို့ချင်းယီတို့ ဖြစ်ကြသည်။ အကယ်၍ ယင်ဓာတ်ရှိသော မိစ္ဆာသတ္တဝါများ အများအပြားရှိမည်ဆိုပါက ထိုက်တန်သော်လည်း တစ်ကောင်နှစ်ကောင်အတွက်နှင့် ခရီးဝေးကြီးသွားရန် သူတို့ကို အကူအညီတောင်းနေရသည်မှာ မထိုက်တန်လှချေ။
ဒီနေရာကို ခဏခဏ လာကြည့်ရမယ်။ ယင်ဓာတ်ရှိတဲ့ သတ္တဝါတွေ အစုလိုက်အပြုံလိုက်ရှိတဲ့ နေရာမျိုး တွေ့မလားလို့
ပင်လယ်လေးသွယ်အသင်းကိုလည်း စုံစမ်းကြည့်ရမယ်။ သူတို့ဆီမှာက များသောအားဖြင့် ခိုင်မာတဲ့ သတင်းအချက်အလက်တွေ ရှိတတ်တာပဲ
သူသည် တပည့်များတောင်ထိပ်ရှိ သူ၏ဂူသို့ ပြန်ရောက်သောအခါ ဂူဝတွင် ရုံရွှယ်ကျန်းက စောင့်ကြိုနေသည်ကို တွေ့လိုက်ရသည်။
“အစ်ကိုရုံ... ဘာသတင်းကောင်းများ ပါလာလို့လဲ”
“တကယ်ပဲ သတင်းကောင်းပါပဲ”
ရုံရွှယ်ကျန်းက ပြုံးလျက် ပြောလိုက်သည်။
“ပြီးခဲ့တဲ့တစ်ခေါက် တာဝန်တုန်းက ငါတို့နဲ့အတူ လိုက်ခဲ့တဲ့ စီနီယာအစ်ကိုတူက အခု အဆင့်တက်သွားပြီလေ။ သူပြောတာတော့ အဲ့ဒီတုန်းက မိစ္ဆာကျင့်ကြံသူရဲ့ လိုက်လံတိုက်ခိုက်တာကို ခံခဲ့ရလို့ သူ၏ စွမ်းရည်တွေ နိုးကြားလာပြီး အခုလို အဆင့်တက်သွားတာဆိုပဲ”