← Chapters

အခန်း (၉၁-၉၂)

Vol. 10 Ch. 91-92

အခန်း (၉၁-၉၂)

Vol. 10 Ch. 91-92

အခန်း (၉၁) ဝင်္ကပါကို နားလည်သဘောပေါက်ခြင်း

ထို့နောက် ချန်လော့က ကျင့်ကြံခြင်း ပါရမီနှင့် ပတ်သက်သော နောက်ထပ် စာအုပ် နှစ်အုပ်ကို ဖတ်ရှုရာတွင် နာရီဝက်ခန့် အချိန်ယူလိုက်ရ၏။

ကျင့်ကြံခြင်း ပါရမီနှင့် ပတ်သက်၍ သူ ပိုမို နက်ရှိုင်းသော နားလည်မှု တစ်ခုကို ရရှိခဲ့သည်။

ပထမ စာအုပ်တွင် ဖော်ပြထားသည့်အတိုင်း ပါရမီ ဆိုသည်မှာ အလွယ်ဆုံး ပြောရလျှင် လောကကြီးနှင့် သင် မည်မျှ နီးစပ်မှု ရှိသနည်း ဆိုသည်ပင် ဖြစ်၏။

မိမိနှင့် လောကကြီးကြား နီးစပ်မှု ပိုမြင့်လေလေ ဝိညာဉ်စွမ်းအင်ကို စုပ်ယူပြီး ကျင့်ကြံနိုင်သည့် အမြန်နှုန်း ပိုမြန်လေလေ ဖြစ်သည်။

နီးစပ်မှု အားနည်းလေလေ ကျင့်ကြံခြင်း လုပ်ငန်းစဉ်က ပိုနှေးကွေးလေလေ ဖြစ်၏။

သေချာတာကတော့ ဤနီးစပ်မှု အဆင့်ကို ပြင်ပအကူအညီ များမှတစ်ဆင့် "လေ့ကျင့်" နိုင်သည်။

ဤလေ့ကျင့်ခန်း နည်းလမ်းများကို ယေဘုယျအားဖြင့် အမျိုးအစား သုံးမျိုး ခွဲခြားထား၏။

တစ်မျိုးမှာ ကျောက်စိမ်းရောင် ဆေးလုံး ကဲ့သို့သော ဆေးလုံးများဖြင့် ကျင့်ကြံခြင်း ဖြစ်သည်။

သို့သော်လည်း ဤကဲ့သို့သော နည်းလမ်းများကို ယေဘုယျအားဖြင့် ကျင့်ကြံသူများ ရွှေအမြုတေအဆင့်သို့ မရောက်မီတွင်သာ အသုံးပြုကြ၏။

အဘယ်ကြောင့်ဆိုသော် ဆေးလုံးများ၏ အာနိသင်က ရွှေအမြုတေအဆင့် ရောက်ပြီးနောက် ကျင့်ကြံသူများ အတွက် သိပ်ပြီး အသုံးမဝင်တော့သောကြောင့် ဖြစ်သည်။

ရွှေအမြုတေအဆင့်အထိ ကျင့်ကြံနိုင်သော ကျင့်ကြံသူများသည် ယေဘုယျအားဖြင့် သူတို့၏ ပါရမီကို မြှင့်တင်ရန် ဆေးလုံးများ လိုအပ်လောက်အောင် ပါရမီ ညံ့ဖျင်းကြသည် မဟုတ်ပေ။

ထို့ကြောင့် ဤဆေးလုံး အမျိုးအစားကို ယေဘုယျအားဖြင့် ဂိုဏ်းကြီးများ၏ တိုက်ရိုက် ဆွေမျိုးများ အတွက်သာ အသုံးပြုလေ့ ရှိသော်လည်း ပါရမီ နိမ့်ကျသော ဂိုဏ်းသားများ အတွက်မူ အသုံးမဝင်ချေ။

ထို့အပြင် ဒုတိယ နည်းလမ်းမှာ "ကောင်းကင်ဘုံ နဲ့ ကမ္ဘာမြေကြီး ကနေ မွေးဖွားလာတဲ့ ရတနာ များနဲ့ ခန္ဓာကိုယ်ကို သန့်စင်ခြင်း" ဖြစ်၏။

ဥပမာအားဖြင့် မိုးကြိုးနှင့် မီးတောက် ခန္ဓာကိုယ်သွန်းလုပ်ခြင်း နှင့် နှင်းမြူ ဝိညာဉ်ဆေးကြောခြင်း ကဲ့သို့သော လုပ်ငန်းစဉ်များ ဖြစ်သည်။

သို့သော်လည်း ဤလုပ်ငန်းစဉ်များက ယေဘုယျအားဖြင့် အခြေခံအဖြစ် လုံလောက်သော ကျင့်ကြံမှု လိုအပ်၏။

မိုးကြိုးနှင့် မီးတောက် ခန္ဓာကိုယ်သွန်းလုပ်ခြင်း အတွက် အနည်းဆုံး ရွှေအမြုတေအဆင့် ကျင့်ကြံမှု လိုအပ်ပြီး အကောင်အထည်ဖော်ရန် ခန္ဓာကိုယ်ကျင့်ကြံမှု ပမာဏ တစ်ခုလည်း လိုအပ်သည်။

ဝင်္ကပါ၏ အလယ်ဗဟိုတွင် ထိုင်ပြီးနောက် မိုးကြိုးကပ်ဘေးးကို အသက်သွင်းရန် ဝင်္ကပါ၏ စွမ်းအားကို အသုံးပြုကာ မိမိ၏ ခန္ဓာကိုယ်နဲ့ စိတ်ကို ဆေးကြောရန် ကောင်းကင်နဲ့ မြေကြီး၏ စွမ်းအားကို အသုံးပြုရမည် ဖြစ်သည်။

ဤသို့ လုပ်ဆောင်ရခြင်း၏ နောက်ကွယ်ရှိ အခြေခံ သဘောတရားက အတော်လေး ရိုးရှင်းသည်။

မိုးကြိုးနှင့် မီးတောက် ဆိုသည်မှာ ကောင်းကင်နှင့် မြေကြီးကြားတွင် မွေးဖွားလာသော မီးတောက်များနှင့် လျှပ်စီးများ ရောနှောနေခြင်း ဖြစ်သည်။

၎င်းတို့သည် ကောင်းကင်နဲ့ မြေကြီးမှ မွေးဖွားလာခြငိး ဖြစ်သောကြောင့် ဤလောကနှင့် သူ၏ နီးစပ်မှုသည် အလွန်အမင်း မြင့်မားနေမည် ဖြစ်သည်။

ထို့ကြောင့် ကျင့်ကြံသူများသည် မိုးကြိုးနှင့် မီးတောက်များကို ဆင့်ခေါ်ရန် ဝင်္ကပါများကိုသုံး၍ မိမိကိုယ်ကိုယ် သန့်စင်ကာ လောကကြီးနှင့် သူတို့၏ နီးစပ်မှုကို မြှင့်တင်ကြ၏။

မိုးကြိုးနှင့် မီးတောက် အတွင်းရှိ စွမ်းအား တစ်စိတ်တစ်ပိုင်းကို စုပ်ယူလိုက်ခြင်းဖြင့် လောကကြီးနှင့် နီးစပ်မှုမှာ သဘာဝကျကျ တိုးလာမည် ဖြစ်သည်။

နှင်းမြူ ဝိညာဉ်ဆေးကြောခြင်း ၏ အကျိုးသက်ရောက်မှုကလည်း အတူတူနီးပါးပင်ဖြစ်၏။

တစ်ခုတည်းသော ကွာခြားချက်မှာ အသုံးပြုသည့် စွမ်းအား အမျိုးအစား ဖြစ်သည်။

သို့သော် နှင်းမြူ ဖြစ်စေ မိုးကြိုးနှင့် မီးတောက် ဖြစ်စေ အခြေခံအားဖြင့် ကောင်းကင်နှင့် မြေကြီးနှင့် အလွန် နီးစပ်မှု ရှိသောကြောင့် ၎င်းတို့သည် "နတ်ဘုရား ရတနာများ" ဖြစ်ကြ၏။

မိမိကိုယ်ကိုယ် သန့်စင်ရန် ဤကဲ့သို့သော ကောင်းကင်ဘုံ ရတနာများကို အသုံးပြုခြင်းသည် ကျင့်ကြံရန် ကောင်းကင်ဘုံမှ ငှားရမ်းခြင်း ဟု သတ်မှတ်နိုင်သည်။

သို့သော် ဤနည်းလမ်းက ရာနှုန်းပြည့် အောင်မြင်မည်ဟု အာမမခံနိုင်ပေ။

အမှန်တကယ်တွင် အောင်မြင်နိုင်ခြေက သိပ်မမြင့်မားဘဲ ဆယ်ပုံ တစ်ပုံခန့်သာ ရှိ၏။

လူသားများသည် ကောင်းကင်နှင့် မြေကြီးကြားတွင် မွေးဖွားလာကြပြီး သူတို့၏ ကိုယ်ပိုင် နေရာများ ရှိကြသည်။

နှင်းမြူ နှင့် မိုးကြိုးများမှာလည်း သူတို့၏ ကိုယ်ပိုင် နေရာများ ရှိတတ်ကြသည်။

သူတို့ကို အသုံးပြုပြီး ကိုယ့်ကိုယ်ကိုယ် သန့်စင်ခြင်းသည် သဘာဝတရားကို ဖီဆန်ခြင်းနှင့် အတူတူပင် ဖြစ်သည်။ တစ်နည်းအားဖြင့် ဤသည်မှာ "ကောင်းကင်ဘုံကိုဆန့်ကျင်ခြင်း”သာ ဖြစ်သည်။

ထို့ကြောင့် သဘာဝတရားက ဤသို့သော တည်ရှိမှုကို သည်းခံမည်မဟုတ်။

သူတို့၏ ပါရမီကို မြှင့်တင်ရန် ဤနည်းလမ်းကို အသုံးပြုသော လူဆယ်ယောက်တွင် ခုနစ်ယောက်က မိုးကြိုးပစ်ခံရပြီး သေဆုံးသွားကြလိမ့်မည်။

နောက်ထပ် ၂၀ ရာခိုင်နှုန်းက ပေါင်းစပ်မှု ပြီးနောက် ဖြစ်ပေါ်လာသော ခွဲထွက်ခြင်း ခံစားချက်ကြောင့် သေဆုံးသွားကြလိမ့်မည်။

မည်သို့ပင်ဆိုစေ ကိုယ်နှင့် မသက်ဆိုင်သော အရာတစ်ခုကို မိမိ၏ခန္ဓာကိုယ်ထဲသို့ ထည့်သွင်းခြင်းက တန်ပြန် သက်ရောက်မှုကို သေချာပေါက် ဖြစ်ပေါ်စေလိမ့်မည်။

နောက်ဆုံး တတိယမြောက် နည်းလမ်းကို "နိဗ္ဗာန်" ဟု ခေါ်၏။

ပြင်ပ အကူအညီ မလိုအပ်သော တစ်ခုတည်းသော နည်းလမ်း ဖြစ်သော်လည်း ကံမကောင်းစွာဖြင့် ပါရမီကို မြှင့်တင်သည့် ဤနည်းလမ်းက လွန်ခဲ့သော နှစ်သောင်းပေါင်းများစွာကတည်းက ပျောက်ကွယ်သွားခဲ့သည်။ ဤသို့ ဖြစ်ရခြင်းမှာ ကျင့်ကြံခြင်း နည်းလမ်းသည် အလွန် ကြောက်မက်ဖွယ် ကောင်းပြီး ကျရှုံးသွားသည်နှင့် တစ်ပြိုင်နက် သေချာပေါက် သေဆုံးရမည် ဖြစ်သောကြောင့်ဟု ဆိုကြ၏။ ဤနည်းလမ်းကို သိရှိသူများကလည်း ပါရမီကို တိုးတတ်လိုသည့် ဆွဲဆောင်မှုအောက်မှာတွင် တဖြည်းဖြည်း "ကျရှုံး" သွားခဲ့ကြရသည်။

အသက်ရှင်နေသေးသူများက ပါရမီ မြှင့်တင်ရန် ကြိုးစား အားထုတ်လိုစိတ် မရှိခဲ့ကြသဖြင့် တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့၏။

စာထဲတွင် ရေးထားသည်ကို ဖတ်ရှုပြီးနောက် ချန်လော့သည် သက်ပြင်းရှည်ကြီး ချလိုက်သည်။

"နိဗ္ဗာန် ဆိုတာက ကိုယ့်ကိုယ်ကိုယ် မျှော်လင့်ချက်မဲ့တဲ့ အခြေအနေ တစ်ခုခုထဲ ရောက်အောင် လုပ်ပြီးတော့မှ ပြာတွေထဲကနေ ပြန်လည် မွေးဖွားလာအောင် ကြိုးစားနေတာနဲ့ တူတယ်..."

"ကံမကောင်းစွာနဲ့ ကျင့်ကြံဖို့ နည်းလမ်း မရှိတော့ဘူး..."

"ဟူးး…တော်သေးတာက ငါကတော့မတူဘူး ငါ့ဆီမှာ ကျောက်စိမ်းရောင် ဆေးလုံးတွေနဲ့ စနစ် ရှိနေသေးလို့ပေါ့..."

ချန်လော့ ပြောလိုက်ချိန်တွင် သူ၏ မျက်နှာပေါ်၌ အပြုံးတစ်ခု ပေါ်လာ၏။

ကျောက်စိမ်းရောင် ဆေးလုံး၏ အာနိသင်များဖြင့် သူ၏ ပါရမီကို သိသိသာသာ မြှင့်တင်နိုင်သည်။

ကျောက်စိမ်းရောင် ဆေးလုံးနှင့် စနစ်၏ အကူအညီဖြင့် ဝိညာဉ်ပြောင်းလဲခြင်းအဆင့် အထိ ကျင့်ကြံရန်မှာ ကြီးမားသော ပြဿနာ မဟုတ်ဟု ချန်လော့ ခံစားမိ၏။

သို့သော် အကယ်၍ သူက အနာဂတ်တွင် ပိုမို မြင့်မားသော အဆင့်သို့ ရောက်ရှိလိုပါက စနစ်၏ အဆတစ်ရာ တိုးပွားစေသော အာနိသင်ဖြင့်ပင် သူ၏ ခွန်အားကို များများစားစား မြှင့်တင်နိုင်မည် မဟုတ်ပေ။

ပိုမို သန်မာလာစေရန် ကောင်းကင်ဘုံရတနာ များကို သန့်စင်ခြင်းကို အသုံးပြု၍ ပါရမီကို ထပ်မံ မြှင့်တင်ရန် လိုအပ်၏။

"ထားလိုက်ပါတော့... ဒါတွေက အခု ငါ စဉ်းစားသင့်တဲ့ အရာတွေ မဟုတ်ပါဘူး... ငါ ကျင့်ကြံဖို့ အာရုံစိုက်ပြီး ခွန်အားကို အရင် မြှင့်တင်သင့်တယ်..."

"မဟုတ်ရင် ရက်အနည်းငယ်နေလို့ ယွီယန်ဇီက ငါ့ကို နှင်ထုတ်လိုက်ရင် ကိုယ့်ကိုယ်ကိုယ်တောင် ကာကွယ်နိုင်မှာ မဟုတ်ဘူး... အဲဒါဆို ပိုဆိုးလိမ့်မယ်..."

ထိုသို့ ပြောပြီးနောက် ချန်လော့က ကျန်ရှိနေသော စာအုပ်များကို ထုတ်ယူလိုက်၏။

စာအုပ်အားလုံးက ဝင်္ကပါ မန္တာန်နှင့် သက်ဆိုင်သော စာအုပ်များ ဖြစ်ပြီး စုစုပေါင်း လေးအုပ် ရှိသည်။

ဒုတိယအဆင့် ဝင်္ကပါဆရာ တစ်ယောက် အတွက် လိုအပ်သော ဝင်္ကပါ အားလုံးလိုလို ပါဝင်သည့် ဤဝင်္ကပါ စာအုပ်များကို ချန်လော့ တစ်ချက် ကြည့်လိုက်၏။

အားလုံးက သာမန် ဝင်္ကပါများ ဖြစ်သော်လည်း ချန်လော့ အတွက်မူ လုံလောက်နေပြီ ဖြစ်သည်။

ဘာပဲဖြစ်ဖြစ် သူက ဝင်္ကပါဆရာ အဆင့်ကို မြှင့်တင်ဖို့ ဝင်္ကပါ အသစ်တချို့ ရှာဖို့ပဲ လိုတာလေ…

"ဝိညာဉ်ကျောက်တုံး ၁၀၀ ကို အသုံးပြု၍ အဆ ၁၀၀ တိုးပွားစေသော အာနိသင်ကို အသက်သွင်းလိုက်ပါပြီ..."

ချန်လော့က အဆတစ်ရာ တိုးပွားစေသော အာနိသင်ကို ထပ်မံ အသက်သွင်းလိုက်ပြီး ယခင်က စာအုပ်ထဲတွင် မြင်တွေ့ခဲ့ရသည့်အတိုင်း ဝင်္ကပါကို စတင် ခင်းကျင်းတော့၏။

စက်ဝိုင်းပုံစံ ဝင်္ကပါ တစ်ခုက ချန်လော့၏ လက်ဖဝါးပေါ်တွင် ဖြည်းညင်းစွာ ပုံဖော်လာပြီး ပိုမို ကြီးမားလာသည်။

သို့သော် ငါးစက္ကန့်ပင် မပြည့်မီ အချိန်အတွင်း ဝင်္ကပါက ရုတ်တရက် အရိပ်အယောင်မရှိ ပျောက်ကွယ်သွား၏။

"သင်က ဖုံးကွယ်ခြင်း ဝင်္ကပါ တစ်ခုကို ခင်းကျင်းဖို့ ကြိုးစားခဲ့တယ်... ဒါပေမဲ့ ကျရှုံးသွားတယ်..."

"အဆတစ်ရာ တိုးပွားသွားပြီးနောက် သင်အကြိမ်တစ်ရာ ကျရှုံးသွားပါပြီ..."

"သင် ဖုံးကွယ်ခြင်း ဝင်္ကပါနဲ့ ပတ်သက်ပြီး အသိအမြင် များစွာ ရရှိခဲ့ပြီး သင်၏ ဝင်္ကပါ မန္တာန်က အနည်းငယ် တိုးတက်လာပါပြီ..."

ထို့နောက် ချက်ချင်းပင် ဖုံးကွယ်ခြင်း ဝင်္ကပါနှင့် ပတ်သက်သည့် တုံ့ပြန်မှု မြောက်မြားစွာကို စနစ်က ချန်လော့၏ ဦးနှောက်ထဲသို့ ပို့လွှတ်ပေးလိုက်၏။

စက္ကန့်အနည်းငယ် အကြာတွင် ချန်လော့ ပြုံးလိုက်ပြီး ဝင်္ကပါကို ထပ်မံ အသုံးပြုလိုက်သည်။

စက်ဝိုင်းပုံစံ ဖုံးကွယ်ခြင်း ဝင်္ကပါက သူ၏ လက်ထဲတွင် ထပ်မံ ပုံဖော်လာ၏။

စက္ကန့်အနည်းငယ် အကြာတွင် ဝင်္ကပါက အစစ်အမှန် ဖြစ်တည်လာပြီး ချန်လော့က သူ၏ လက်ထဲရှိ ဝင်္ကပါကို မြေပြင်ပေါ်သို့ ဖြည်းညင်းစွာ ရွှေ့လိုက်သည်။

ဝီ…

ဝင်္ကပါ စတင် လည်ပတ်လာသည်နှင့်အမျှ လေထုထဲတွင် တုန်ခါမှု တစ်ခု ဖြစ်ပေါ်လာပြီး ချန်လော့ ရှိနေသော ဧရိယာ အတွင်းရှိ ဝိညာဉ်စွမ်းအင်များကို လုံးဝ အဆက်အသွယ် ဖြတ်တောက်လိုက်၏။

"သင်က ဖုံးကွယ်ခြင်း ဝင်္ကပါ တစ်ခုကို အောင်မြင်စွာ ခင်းကျင်းလိုက်တယ်... အဆတစ်ရာ တိုးပွားသွားပြီးနောက် သင်က ဖုံးကွယ်ခြင်း ဝင်္ကပါ အခုတစ်ရာကို ခင်းကျင်းပြီးသွားပြီ..."

"ဖုံးကွယ်ခြင်း ဝင်္ကပါအပေါ် သင်၏နားလည်သဘောပေါက်မှုက အလွန် မြင့်မားတဲ့ အဆင့်တစ်ခုကို ရောက်ရှိသွားပြီး... သင်၏ ဝင်္ကပါ မန္တာန်က အနည်းငယ် တိုးတက်လာပါပြီ..."

စနစ်၏ အသံကို ကြားသောအခါ ချန်လော့က အချိန်မဖြုန်းတော့ဘဲ နောက်ထပ် ဖုံးကွယ်ခြင်း ဝင်္ကပါ တစ်ခုကို ချက်ချင်း ခင်းကျင်းလိုက်၏။

ဤတစ်ကြိမ်တွင် ချန်လော့၏ နည်းစနစ်က ပို၍ပင် ကျွမ်းကျင်နေပြီး ရေတွက်၍ မရနိုင်သော ဖုံးကွယ်ခြင်း ဝင်္ကပါများကို ခင်းကျင်းခဲ့ဖူးသည့်အလား ပင်။

ထင်ထားသည့်အတိုင်း စနစ်၏ အသံက သူ၏ စိတ်ထဲတွင် ထွက်ပေါ်လာ၏။

"သင်က ဖုံးကွယ်ခြင်း ဝင်္ကပါ တစ်ခုကို အောင်မြင်စွာ ခင်းကျင်းလိုက်တယ်... အဆတစ်ရာ တိုးပွားသွားပြီးနောက် သင်က ဖုံးကွယ်ခြင်း ဝင်္ကပါ အခုတစ်ရာကို ခင်းကျင်းပြီးသွားပြီ..."

"ဖုံးကွယ်ခြင်း ဝင်္ကပါအပေါ် သင်၏နားလည်သဘောပေါက်မှုက အထွတ်အထိပ်ကို ရောက်ရှိသွားပြီ... သင်၏ ဝင်္ကပါ မန္တာန်က အနည်းငယ် တိုးတက်လာပါပြီ..."

ချန်လော့၏ နှုတ်ခမ်းထက်တွင် အပြုံးတစ်ခု ပေါ်လာ၏။

"ကျွတ်….. ပါရမီကို မြှင့်တင်ပြီးတာနဲ့ ဝင်္ကပါကို နားလည်သဘောပေါက်တာတောင် အရင်ကထက် အများကြီး ပိုမြန်လာတာပဲ ဟ..."

"အရင်က ဒုတိယအဆင့် ဝင်္ကပါ တစ်ခုကို နားလည်သဘောပေါက်ဖို့ ဆိုရင် အောင်မြင်ဖို့ အနည်းဆုံး သုံးကြိမ် ကြိုးစားရပြီး အထွတ်အထိပ်ကို ရောက်ဖို့ ဆယ်ကြိမ် ကြိုးစားရတယ်..."

"အခု တစ်ကြိမ် ကျရှုံးတာနဲ့ လုံလောက်ပြီ... သုံးကြိမ် ကျရှုံးရင် တိုက်ရိုက် အထွတ်အထိပ်ကို ရောက်သွားလိမ့်မယ် ထင်တယ်..."

"ဒီအခြေခံ ဝင်္ကပါ မန္တာန်တွေထဲက ဝင်္ကပါ မန္တာန် အားလုံးကို အထွတ်အထိပ်ရောက်အောင် ငါ သုံးရက် ကနေ ငါးရက်အတွင်း အပြည့်အဝ ကျင့်ကြံနိုင်လောက်တယ်..."

"အဲဒီအချိန်ကျရင် ဝင်္ကပါဆရာ အဆင့်ကလည်း ဒုတိယအဆင့် အထွတ်အထိပ်ကို ရောက်သွားလောက်ပြီ..."

အခန်း (၉၂) အကျိုးအမြတ်များ ရှာဖွေခြင်း

ငါးရက် ကြာပြီးနောက်

ကုတင်ပေါ်တွင် လှဲနေရင်း ချန်လော့က မျက်လုံးများကို ဖြည်းညင်းစွာ ဖွင့်လိုက်ရာ သူ၏ အကြည့်များတွင် ပင်ပန်းနွမ်းနယ်နေသည့် လက္ခဏာ တစ်ရပ် ရှင်းလင်းစွာ ပေါ်လွင်နေ၏။

ဤငါးရက်တာ ကာလအတွင်း သူက နေ့ဘက်တွင် ဝင်္ကပါကို ကျင့်ကြံပြီး ညဘက်တွင် ပါရမီကို မြှင့်တင်ရန် ကျောက်စိမ်းရောင် ဆေးလုံးကို အသုံးပြုခဲ့သည်။

ငါးရက် ကြာပြီးနောက် ဝိညာဉ်စွမ်းအင် စုပ်ယူသည့် သူ၏ အမြန်နှုန်းက သိသိသာသာ တိုးတက်လာကြောင်း ချန်လော့ ခံစားလိုက်ရ၏။

သို့သော် နောက်ဆက်တွဲ တိုးတက်မှု လေးကြိမ်က ပထမအကြိမ်လောက် သိသာထင်ရှားမှု မရှိကြောင်း ရှင်းလင်းနေသည်။

ချန်လော့၏ လက်ရှိ ဝိညာဉ်စွမ်းအင် စုပ်ယူမှု အမြန်နှုန်းမှာ ယခင်ကထက် အဆ ၂၀ မှ ၃၀ ခန့် ပိုမြန်လာ၏။

သို့သော် ဤအချက်အလက်ကို ချန်လော့က အလွန် ကျေနပ်နေပြီ ဖြစ်သည်။

ထို့အပြင် ချန်လော့၏ ဝင်္ကပါ ကျွမ်းကျင်မှုကလည်း အလွန် မြန်ဆန်စွာ တိုးတက်လာခဲ့၏။

ငါးရက်တည်းဖြင့် ဒုတိယအဆင့် နောက်ပိုင်းအဆင့် သို့ တိုက်ရိုက် ဝင်ရောက်သွားပြီး အထွတ်အထိပ်သို့ ရောက်ရန် နှစ်ရက် သို့မဟုတ် သုံးရက်သာ ကျန်တော့သည်။

သူ၏ ကျင့်ကြံမှု အဆင့်ကလည်း တိုးတက်လာ၏။ ကျင့်ကြံမှု လုံးဝနီးပါး မလုပ်တောင် သူသည် အခြေခံတည်ဆောက်ခြင်း ပဉ္စမအဆင့် သို့ ဝင်ရောက်သွားပြီး သူ၏ ခန္ဓာကိုယ်ကျင့်ကြံမှုက တတိယအကြိမ် သွန်းလုပ်ထားသော သံအရိုး အဆင့်သို့ ရောက်ရှိသွားသည်။

"နောက်ထပ် တစ်လလောက် တောင့်ခံထားပြီး ငါ့ရဲ့ ဝင်္ကပါဆရာ အဆင့်ကို ဒုတိယအဆင့် အထွတ်အထိပ် ရောက်အောင် မြှင့်တင်မယ်..."

"ငါ့ရဲ့ ကျင့်ကြံမှု အဆင့်ကလည်း အခြေခံတည်ဆောက်ခြင်းအဆင့် ကိုးဆင့်မြောက်အထိ ထိုးဖောက် ဝင်ရောက်နိုင်လောက်တယ်..."

"နောက်ပြီး ဒီ ကျောက်တုံးနဲ့ဆိုရင် ခန္ဓာကိုယ်ကျင့်ကြံမှုက တော်တော်လေး မြန်မြန် တိုးတက်လာနိုင်တယ်..."

ထိုသို့ ပြောရင်း ချန်လော့က သိုလှောင်အိတ်ထဲမှ နီရဲသော ကျောက်တုံး တစ်တုံးကို ထုတ်ယူလိုက်၏။

ဤကျောက်တုံးက ရန်ယွီတောင်ကြား ရှိ မြေအောက်ရေပူစမ်း တွင် ချန်လော့ တွေ့ရှိခဲ့သော သလင်းကျောက် ဖြစ်သည်။

ဤသလင်းကျောက်တွင် မြေအောက်အပူစမ်း၏ စွမ်းအားများ ပါဝင်၏။

ဤသလင်းကျောက်ဖြင့်ဆိုလျှင် သံအရိုး အဆင့်ကို ဖြတ်ကျော်ရန်မှာ ကြီးမားသော ပြဿနာ မဟုတ်ဟု ချန်လော့ ခံစားမိသည်။

"အင်းး သိုင်းကွက် တချို့လည်း ထပ်ပီးသင်ယူလိုက်ဦးမယ်... အခုလောလောဆယ် ငါ့မှာ သိုင်းကွက်တွေ မလုံလောက်ဘူး... ပြိုင်ဘက်က ငါ့ထက်နိမ့်ကျရင် သိပ်ပြဿနာ မရှိပေမဲ့ အကယ်၍ ခွန်အားချင်း တူနေရင် ငါ အရေးနိမ့်သွားလိမ့်မယ်..."

ထိုသို့ ပြောပြီးနောက် ချန်လော့က ပင်မခန်းမဆီသို့ ထပ်မံ လျှောက်သွား၏။

မကြာမီမှာပင် ချန်လော့ ပင်မခန်းမသို့ ရောက်ရှိသွားသည်။

ယွီယန်ဇီက ချန်လော့ကို တမင် ရှောင်နေသလား သို့မဟုတ် သူတို့က ဘယ်တော့မှ မဆုံတွေ့နိုင်မည့် ကံကြမ္မာဖြင့် ကျိန်စာတိုက် ခံထားရသလား ဆိုသည်ကို မသိနိုင်ပေ။

သူ ပင်မခန်းမသို့ ရောက်သောအခါ ယွီယန်ဇီ ထိုနေရာတွင် မရှိသေးကြောင်း တွေ့လိုက်ရ၏။

ကံကောင်းထောက်မစွာဖြင့် ပြီးခဲ့သည့်အကြိမ်က ကျမ်းစာကြည့်တိုက်မှ စာအုပ်များ သွားယူရန် သူ့ကို ကူညီပေးခဲ့သော ဂိုဏ်းသားကို သူ တွေ့လိုက်ရသည်။

သူ လိုချင်တာက ကျမ်းစာအုပ်သာ ဖြစ်ပြီး သူ့အတွက် တစ်ယောက်ယောက်က ယူပေးနိုင်သရွေ့ အခြား မည်သည့်အရာကမျှ အရေးမကြီးပေ။

ထို့ကြောင့် ချန်လော့က တိုက်ရိုက် လျှောက်သွားလိုက်၏။

ထိုဂိုဏ်းသားက ချန်လော့ကို မြင်သောအခါ အံ့အားသင့်သွားသည်။

သို့သော် ချန်လော့နှင့် ပထမဆုံး အကြိမ် တွေ့ဆုံစဉ်ကလောက်တော့ ကြောက်ရွံ့မှု မခံစားရတော့ချေ။

"အစ်ကိုကြီး ချန်လော့... ဘာများ အကူအညီ လိုလို့လဲ..."

ထိုဂိုဏ်းသားက ချန်လော့ကို အနည်းငယ် ပြုံး၍ ကြည့်လိုက်၏။

ချန်လော့ ပြီးခဲ့သည့်အကြိမ်က သူ့ကို ပေးခဲ့သော သိုလှောင်အိတ်…

အတွင်းရှိ အရာအားလုံးကို ရောင်းချလိုက်ရာ ဝိညာဉ်ကျောက်တုံး ၃၁၀ အမြတ်ရခဲ့သည်။

ဤသည်က အတွင်းဂိုဏ်းသား တစ်ယောက် အတွက် အလွန် ကြီးမားသော ငွေပမာဏ တစ်ခု ဖြစ်၏။

ဤငွေဖြင့် ချန်လော့အပေါ် သူ၏ အမြင်က များစွာ တိုးတက်လာခဲ့ပြီး ချန်လော့က ရက်စက်သည်ဟူသော ကောလာဟလများက ချဲ့ကားထားခြင်းသာ ဖြစ်သည်ဟုပင် သူ ခံစားလိုက်ရသည်။

အစ်ကိုကြီးချန်က အဲဒီလောက်လည်း မဆိုးပါဘူး…

"ဒါတွေက မင်း ငါ့အတွက် ကျမ်းစာကြည့်တိုက်ကနေ ယူပေးခဲ့တဲ့ ကျမ်းစာအုပ်တွေလေ... ငါ ဖတ်လို့ ပြီးသွားပြီဆိုတော့ ပြန်အပ်လို့ ရပြီ..."

ထိုသို့ ပြောရင်း ချန်လော့က ပါရမီမြှင်တင်မှုစာအုပ်နှင့် ဒုတိယအဆင့် ဝင်္ကပါဆရာနှင့် သက်ဆိုင်သော စာအုပ်များကို သူ့ထံ ကမ်းပေးလိုက်၏။

"ပြီးတော့ သွားရင်းလာရင်း အခြေခံတည်ဆောက်ခြင်းအဆင့် အတွက် သိုင်းကျမ်း စာအုပ် တချို့လောက် ငါ့ အတွက်ယူခဲ့ပေးဦး...."

ဂိုဏ်းသားက စိတ်လှုပ်ရှားစွာ ခေါင်းညိတ်ပြလိုက်၏။ "ဟုတ် ဒါဆို အစ်ကိုကြီး... ဘယ်လို သိုင်းကွက် အမျိုးအစား လိုချင်လဲ..."

ချန်လော့ တစ်ခဏမျှ စဉ်းစားလိုက်ပြီး "လက်သီး... လက်ဝါး နဲ့ ဓားသိုင်း သိုင်းကြမ်း တစ်အုပ်စီရယ်... ခြေထောက်သိုင်း တစ်အုပ်ရယ် ပေါ့..."

"ကောင်းပြီ... လောလောဆယ် အဲဒီလောက်ပါပဲ..."

ချန်လော့ပြောသည်ကို ကြားပြီးနောက် ထိုဂိုဏ်းသားက အချိန်မဖြုန်းတော့ဘဲ ကျမ်းစာကြည့်တိုက်ဆီသို့ လှည့်ပြေးသွားတော့၏။

"ဒါနဲ့ မင်း နာမည် ဘယ်လိုခေါ်လဲ မေးလို့ ရမလား..."

ချန်လော့က ရုတ်တရက် သတိရသွားပြီး မေးလိုက်သည်။

မည်သို့ပင်ဆိုစေ သူက ဆေးတောင်ထွတ်တွင် ဆက်ဆံရေး တည်ဆောက်ရန် အတန်ကြာအောင် နေရဦးမည် ဖြစ်ပြီး အနာဂတ်တွင် တစ်ဖက်လူထံမှ အကူအညီများ မကြာခဏ တောင်းဆိုရမည် ဖြစ်ရာ သူတို့၏ အမည်ကိုပင် မသိခြင်းက ကောင်းသောအရာ မဟုတ်ပေ။

"ဂိုဏ်းသား ယန်ကျင့် ပါ..." ဂိုဏ်းသားက နောက်လှည့်၍ ပြန်ဖြေလိုက်၏။

"ယန်ကျင့်... ကောင်းပြီ... ဒါဆို သွားတော့လေ..."

ယန်ကျင့်က ခေါင်းညိတ်ပြပြီး နောက်လှည့်သွားကာ သူ၏ မျက်နှာပေါ်တွင် ကျေနပ်ဂုဏ်ယူနေသည့် အရိပ်အယောင်တစ်ခု ပေါ်လာခြင်းကို မထိန်းချုပ်နိုင်ခဲ့ပေ။

"အစ်ကိုကြီးချန်က ငါ့နာမည်ကို မေးသွားတော့... သူက ငါ့ကို သူ့ရဲ့ နောက်လိုက် အဖြစ် လေ့ကျင့်ပေးချင်နေလို့များလား..."

ဤအရာကို တွေးမိသောအခါ ထိုဂိုဏ်းသား၏ ရင်ထဲတွင် ဝမ်းသာအားရဖြစ်လို့ နေသည်။

ချန်လော့မှာ နာမည်ဆိုးဖြင့် ကျော်ကြားသော်လည်း သူ၏ ဂုဏ်သတင်းက ကြီးမားနေဆဲ ဖြစ်၏။

ဂိုဏ်း တစ်ခုလုံးရှိ လူတိုင်းလိုလိုက ချန်လော့ ဟူသော အမည်ကို သိကြပြီး သူ ဘာတွေ လုပ်ခဲ့သလဲ၊ သူ့နောက်ကွယ်မှာ သူ့ဆရာက ဘယ်လို ကျောထောက်နောက်ခံ ပေးထားသလဲ ဆိုတာကို သိကြသည်။

ချန်လော့ကို ကျောထောက်နောက်ခံအဖြစ် ထားရှိခြင်းဖြင့် ချန်ရှင်းဂိုဏ်းတွင် သူ လိုချင်သမျှကို အခြေခံအားဖြင့် လုပ်ဆောင်နိုင်ပြီ ဖြစ်၏။

အတွင်းဂိုဏ်းသား အချို့ပင်လျှင် သူ့ကို အလွန် လေးစားစွာ ဆက်ဆံကြပေလိမ့်မည်။

ဤအရာကို တွေးမိသောအခါ ယန်ကျင့်က ပို၍ပင် ပျော်ရွှင်လာပြီး ကျမ်းစာကြည့်တိုက်ဆီသို့ ခုန်ပေါက်၍ သွားတော့၏။

…

မကြာမီမှာပင် ယန်ကျင့်က ကျမ်းစာကြည့်တိုက် အပြင်ဘက်သို့ ရောက်ရှိလာသည်။

သူက အစောင့်၏ နေရာကို တစ်ချက် ကြည့်လိုက်ရာ အစောင့်က အစားထိုး ခံလိုက်ရပြီ ဖြစ်ကြောင်း တွေ့လိုက်ရ၏။

သူ၏ ပထမဆုံး အတွေ့အကြုံမှ သင်ခန်းစာ ရထားပြီးဖြစ်သဖြင့် သူက သိပ်ဂရုမစိုက်တော့ဘဲ တိုက်ရိုက် လျှောက်သွားလိုက်သည်။

"အမိန့်စာပေးပါ..."

အစောင့်က ယန်ကျင့်ကို ကြည့်ပြီး အမိန့်စာ တောင်းလိုက်၏။

ယန်ကျင့် ခေါင်းယမ်းလိုက်ရာ သူ၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာသည်။

"အမိန့်စာ မရှိပါဘူး..."

အစောင့်က မျက်မှောင်ကြုတ်လိုက်၏။ "ဒါဆို ကျမ်းစာကြည့်တိုက်မှာ ဘာလာလုပ်တာလဲ..."

"သိုင်းကွက် လာယူတာပါ..."

"သိုင်းကွက် ယူဖို့ အမိန့်စာ လိုတယ်လေ..."

ယန်ကျင့်၏ အပြုံးက ပို၍ပင် တောက်ပလာ၏။

"အစ်ကိုကြီး ချန်လော့ ကိုယ်စား ငါ လာယူတာ..."

ချန်လော့ ဟူသော အမည်ကို ကြားလိုက်ရသောအခါ အစောင့်၏ အမူအရာက ချက်ချင်း အတော်လေး မသက်မသာ ဖြစ်သွား၏။

အချိန် အတန်ကြာ ကုန်လွန်သွားခဲ့သော်လည်း ချန်ရှင်းဂိုဏ်း အတွင်း ချန်လော့၏ ဩဇာလွှမ်းမိုးမှုက လုံးဝ လျော့ကျသွားခြင်း မရှိပေ။

တစ်ခဏမျှ စဉ်းစားပြီးနောက် အစောင့်မှာ မတ်တတ်ရပ်၍ ယန်ကျင့်ကို ကျမ်းစာကြည့်တိုက် အတွင်းသို့ ခေါ်သွားရုံမှလွဲ၍ အခြား ရွေးချယ်စရာ မရှိတော့ချေ။

ဤအချိန်၌ ယန်ကျင့်က ချန်လော့ကို သူ၏ နောက်ကွယ်ရှိ "သစ်ပင်ကြီး" အဖြစ် ထားရှိခြင်းဖြင့် ရရှိလာသော အသာစီးရမှုကို ခံစားရပြီးနောက် အလွန်အမင်း မောက်မာလာ၏။

"အစ်ကိုကြီး ချန်လော့ က ဘယ်လို သိုင်းကွက်မျိုး လိုချင်လဲ ဆိုတာ ပြောလိုက်လဲ ..." အစောင့်က မေးလိုက်၏။

ယန်ကျင့်က ချန်လော့၏ တောင်းဆိုမှုကို ထပ်မံ ပြောပြရန် ပြင်လိုက်စဉ် သူရုတ်တရက် စိတ်ပြောင်းသွားသည်။

“အကိုကြီးချန်လော့က ကျမ်းစာတိုက်ကနေ သိုင်းစာအုပ်တွေကို ငါ့ကို လာယူခိုင်းတာ... ပြီးတော့ ငါ ဘာသိုင်း စာအုပ်တွေ ယူတယ်ဆိုတာကို သူ သိမှာလည်း မဟုတ်ဘူးလေ…”

“ဒါဆိုရင် ဒီလိုအခိုက်အတန့်လေးမှာ ငါ အခွင့်ကောင်း ယူလိုက်သင့်တယ်မလား…”

ဤအရာကို တွေးမိသောအခါ ယန်ကျင့်က ပြုံးလိုက်ပြီး ညင်သာစွာ ချောင်းဟန့်လိုက်၏

"အဟမ်း... လက်သီး... လက်ဝါး... ဓား နဲ့ မှော်ပညာ သိုင်းကွက် တစ်အုပ်စီ လိုချင်တယ်... ပြီးတော့ 'ဆေးဆရာများ အတွက် ပြည့်စုံသော လမ်းညွှန်' တစ်အုပ်နဲ့ 'ဆေးဖော်စပ်ခြင်း လျှို့ဝှက်ချက်များ' တစ်အုပ်လည်း လိုချင်တယ်..."

ယန်ကျင့် လိုချင်သော သိုင်းစာအုပ် ခြောက်အုပ်အနက် ပထမ လေးအုပ်သာလျှင် ချန်လော့ လိုချင်သော စာအုပ်များ ဖြစ်၏။

နောက်ပိုင်းမှ 'ဆေးဆရာများ အတွက် ပြည့်စုံသော လမ်းညွှန်' နှင့် 'ဆေးဖော်စပ်ခြင်း လျှို့ဝှက်ချက်များ' တို့ကို သူက တောင်းဆိုခဲ့ခြင်း ဖြစ်သည်။

သူသည် ဆေးတောင်ထွတ်၏ အတွင်းဂိုဏ်းသား တစ်ယောက် ဖြစ်ကာ ၊ ဆေးတောင်ထွတ်သို့ ဝင်ရောက်သော အတွင်းဂိုဏ်းသား အားလုံးလိုလိုက ဆေးဆရာများ ဖြစ်ကြသဖြင့် သူလည်း ချွင်းချက် မဟုတ်ပေ။

သို့သော်လည်း သူ၏ ဆေးဖော်စပ်ခြင်း စွမ်းရည်များက အတော်လေး သာမန်သာ ဖြစ်၏။ သူ အတွင်းဂိုဏ်းသား တစ်ယောက် ဖြစ်လာသည်မှာ နှစ်နှစ်ခွဲ ရှိပြီ ဖြစ်သော်လည်း အစောပိုင်းအဆင့် ဆေးဆရာ တစ်ယောက်သာ ရှိသေးသည်။

သာမန် ပါရမီ၊ သာမန် အဆင့်အတန်း၊ အစွမ်းထက်သော ကျောထောက်နောက်ခံ မရှိ၊ အရင်းအမြစ်များ မရှိ၊ ပညာသင်ကြားပေးမည့် ဆရာ မရှိဘဲ ကျမ်းစာကြည့်တိုက်ရှိ သက်ဆိုင်ရာ ဆေးဖော်စပ်ခြင်း လျှို့ဝှက်ချက်များကို ရယူရန် နည်းလမ်းလည်း မရှိပေ။

သူ၏ တစ်သက်တာလုံး ဒုတိယအဆင့် ဆေးဆရာ အဆင့်သို့ ရောက်ရှိနိုင်မည် မဟုတ်ချေ။

သူသည် တစ်သက်လုံး ပထမအဆင့် ဆေးဆရာ အဖြစ်သာ နေရတော့မည်ဟု မူလက လက်ခံထားခဲ့သော်လည်း ယခု ချန်လော့၏ ပေါ်ပေါက်လာမှုက သူ့ကို ပြောင်းလဲရန် မျှော်လင့်ချက် ရောင်ခြည် တစ်ခု ပေးခဲ့၏။

ချန်လော့ ပေးခဲ့သော ဆုငွေကြောင့် သူသည် ဆေးဖော်စပ်ရာတွင် လိုအပ်သော ပစ္စည်း အမြောက်အမြားကို ဝယ်ယူနိုင်ခဲ့သည်။

ထို့အပြင် သူ လိုအပ်သော ဆေးဖော်စပ်စာအုပ် အချို့ကို ရယူရန် ချန်လော့၏ ဂုဏ်သတင်းကို အခွင့်ကောင်းယူကာ ဤနေရာသို့ လာရောက်ခဲ့ခြင်း ဖြစ်၏။

ဤနည်းအားဖြင့် သူ၏ ဆေးဖော်စပ်ခြင်း စွမ်းရည်များက ပို၍ ပို၍ လျင်မြန်စွာ တိုးတက်လာလိမ့်မည်။

ဖြစ်နိုင်တာကတော့ ငါ့တစ်သက်မှာ ဒုတိယအဆင့် ဆေးဆရာ တစ်ယောက်တောင် ဖြစ်လာနိုင်တယ်…

All Chapters