ဟွားနိုင်ငံက ကျင့်ကြံသူတွေကို သွားမရှုပ်နဲ့
Vol. 23 Ch. 317
ဟတခဲရွှန်းရွှန်းရှိက အရှက်ရသွားကာ သူ၏ အသက်ကို ဖက်နှင့်ထုတ်ကာ ချန်ကျင်းထျန်နှင့် စတင်တိုက်ခိုက်လာတော့၏။
အဆင့်မြင့် နင်ဂျာနှစ်ဦးကလည်း တိုက်ပွဲထဲသို့ ဝင်ရောက်ကာ သူတို့၏ မန္တာန် နည်းလမ်းများဖြင့် ချန်ကျင်းထျန်၏ ခံစစ်ထဲတွင် ဟာကွက်ကို ရှာဖွေနေကြ၏။
သို့သော်လည်း ချန်ကျင်းထျန်မှာ သူ၏ ကျွမ်းကျင်လှသည့် ဓားပညာဖြင့် လွယ်လွယ်ကူကူပင် ကိုင်တွယ်နေကာ အဆင့်မြင့်နင်ဂျာသုံးဦးမှာ အနားမကပ်နိုင်ပါချေ။
“ငလူး၊ ဒီလူက ဟွားနိုင်ငံမှာ အစီအရင် ထူးချွန်သူလို ကျော်ကြားတာမဟုတ်ဘူးလား။ ဘာလို့ သူ့ရဲ့ ဓားပညာက အရမ်းတော်နေရတာလဲ” ဟတခဲရွှန်းရွှန်းရှိက တိုက်ခိုက်ရင်းနှင့်ပင် ပိုမို ကြောက်လန့်လာတော့သည်။ သူသည် ဓားချက်များ၏ လှောင်အိမ်ထဲတွင် ပိတ်မိနေပြီး မသိလိုက်ချင်မှာပင် လွတ်မြောက်ရန်မှာ ဝေးကွာလှသည့် အိပ်မက် တစ်ခုဖြစ်လာပါတော့သည်။
ချန်ကျင်းထျန်က ခပ်ဖွဖွပြုံးလိုက်၏။ သူ့ကဲ့သို့ ဝတုတ် တစ်ယောက်သည်ပင်လျင် ဓားအင်မော်တယ်အိပ်မက်ရှိလေ၏။
သူအား အစီအရင် ထူးချွန်သူတစ်ယောက်အဖြစ် ညွှန်းဆိုရခြင်းမှာ သူ၏ အစီအရင်ဖန်တီးခြင်း ပါရမီမှာ မာစတာယွီမူဆီမှ အထူးချီးမွမ်းခြင်းကို ခံရသည်မို့ပင်။ သို့ပေသိ သူသည် ဓားအတတ်ကိုလည်း ဝါသနာပါသည်ဖြစ်ရာ သူ၏ ဓားစွမ်းအင်မှာလည်း အစီအရင်ဖန်တီးြခင်းစွမ်းအင်ထက်ပင် ပိုမိုအားသန်ပေ၏။
“နဂါးညီနောင် အင်အားပြသခြင်းကို မြည်းကြည့်လိုက်စမ်း”
ချန်ကျင်းထျန်က သူ့၏ ဓားအား အောက်ဖက်သို့ လွှဲခုတ်လိုက်သည့်အခါတွင် ရေနဂါးကိုးကောင် ဖြစ်ပေါ်လာပြီး လက်နက်ကိုင် ရန်သူများကို တိုက်ခိုက်လေတော့၏။
ဟတခဲရွှန်းရွှန်ရှိက နည်းပညာကိုကြည့်ရှုရင်း အံ့အားသင့်နေတော့၏။ နဂါးညီနောင် အင်အားပြသခြင်းဆို ဘာလို့ နဂါးက ကိုးကောင်ဖြစ်နေရတာလဲဟ
သူက နောက်ပြန်ဆုတ်လိုက်ကာ နဂါးကိုးကောင်ကို ခုတ်ပိုင်းလိုက်သော်လည်း ချန်ကျင်းထျန်ကမြင်ကွင်းထဲမှ ပျောက်သွားသည်ကို သိလိုက်ရ၏။
ဟတခဲရွှန်းရွှန်းရှိက ပတ်ဝန်းကျင်အား သတိကြီးစွာကြည့်ရှုလိုက်သည့်အခါ ချန်ကျင်းထျန်က တခြားသော အဆင်မြင့်နင်ဂျာ၂ဦးထံသို့ ဦးတည်နေကြောင်း သိလိုက်ရ၏။ နင်ဂျာတစ်ဦးက နှစ်ပိုင်းဖြတ်ခံရပြီးဖြစ်ကာ တစ်ခြားတစ်ဦးမှာမူ အစီအရင်ထဲတွင် ပိတ်မိနေသည်ဖြစ်၏။
ဟတခဲရွှန်းရွှန်းရှိက ချက်ချင်းပင် ဒေါသတကြီး ရှုံ့တွလိုက်၏။ “baka”
ထို့နောက် သူက မဆိုင်းမတွပင် လှည့်ပြေးလေတော့သည်။
ဤသည်မှာ နည်းဗျူဟာဆိုင်ရာ တပ်ဆုတ်ခြင်းပင်။
သူ့၏သွေးသောက်ရဲဘော်များက သူလွတ်မြောက်ရန်အတွက် ထိုဝတုတ်ကို အချိန်ဆွဲပေးထားတာဖြစ်သည်။ သူက သူတို့၏ စတေးမှုကို အချည်းအနှီး အဖြစ်မခံနိုင်ပါပေ
ဒုတိယမြောက် အဆင့်မြင့် နင်ဂျာကို သတ်ပြီးနောက်တွင်တော့ အဝေးဆီသို့ ပြေးနေသော ဟတခဲရွှန်းရွှန်းရှိကိုကြည့်ကာ သရော်ပြုံးပြုံးလိုက်ပြီးနောက်
“မင်းက တကယ်ပဲ ပြေးလို့လွတ်မယ်ထင်နေတာလား”
ဟတခဲရွှန်းရွှန်းရှိသည် သေခြင်းတရားမှ လွတ်မြောက်လာပြီဟု ခံစားရသော်လည်း သူ့ပတ်ဝန်းကျင်မှ နေရာလွတ်မှာ ရုတ်တရက် ထူးဆန်းလာလေ၏
ဟင် သူပဲစိတ်ထင်နေတာများလား
သူကနောက်သို့လှည့်ကြည့်လိုက်သောအခါတွင်တော့ အပြာရောင် လခြမ်းသဏ္ဍာန်အလင်းတန်းတစ်ခုက သူ့ဆီသို့ ဦးတည်လာနေသည်ကိုတွေ့လိုက်၏။
သူ့၏ ခန္ဓာကိုယ်မှာ တုန်ယင်နေပြီး ကြက်သီးများကလည်း နှလုံးသားထဲထိတိုင် ဖြာတက်လာတော့၏။
ထို့နောက်တွင်တော့ အပြာရောင် လခြမ်းကွေးက ပျောက်ကွယ်သွားလေတော့သည်။
တိတိကျကျ ပြောရပါကမူ လရောင်းဝိုင်းက သူ့၏ နောက်တွင် ပေါ်လာခြင်းပင်။
ဟတခဲရွှန်းရွှန်းရှိ မသိခဲ့သည်ကတော့ သူ့ကဲ့သို့ကြီးမြတ်သူတစ်ယောက်က ယခုလိုနေရာမျိုးတွင် သေဆုံးရမည်ဆိုတာကိုပင်ဖြစ်၏။
လရောင်ဝိုင်းက စုချန်းရန်ဘေးသို့ ပြန်လည်ရောက်ရှိလာကာ စွမ်းအားပြည့် နတ်သမီးတစ်ပါးကဲ့သို့ ကခုန်နေတော့၏။
မရေမတွက်နိုင်သော ကျင့်ကြံသူတို့၏ သွေးများက ကောင်ကင်ဘုံရေကန်ကို သွေရောင်စွန်းနေစေတော့သည်။
ပြိုင်ဘက်ကင်းအောင်နိုင်သူများကတော့ စိတ်ဝိညာဉ်စပျိုးခြင်း နောက်ဆုံးအဆင့် ငါးဦးပင်။
သွေးမျိုးနွယ်စု၊ဝံပုလွေနက် မျိုးနွယ်စု၊နင်ဂျာများ၊ပုန်းနေကြသော မှော်ဆရာများ၊DNA စစ်သည်တော်များနှင့် တခြားသော နိုင်ငံခြားဟအားအင်များက အမြစ်ပြတ်သုတ်သင်ရှင်းလင်းခံလိုက်ရပေ၏။
တိုက်ပွဲတွင် ဝင်မပါရသေးသည့် ကျန်ရစ်သော ကျင့်ကြံသူများသည်တော့ နေရာတွင် မြဲမြဲရပ်နေကြ၏။ သူတို့သည် ကောင်ကင်ဘုံရေကန် လေထုအထက်ရှိ နတ်ဘုရားကဲ့သို့ ပုံရိပ်များအား မော့ကြည့်ရင်း စကားတစ်ခွန်မျှပင် မဆိုရဲပါချေ။
တောအုပ်အတွင်းတွင်တော့ ဂျပန် Onmyoji များက ကြောက်လန့်တုန်လှုပ်နေကြ၏။ အဆုံးတွင်တော့ သူတို့မှာ သက်ပြင်းချကာ နုတ်ထွက်လိုက်တော့၏။
“ဟွားနိုင်ငံက ကျင့်ကြံသူတွေက မယုံနိုင်အောင်ကို စွမ်းအားကြီးလွန်းတယ် ...ငါတို့တွေ တပ်ဆုတ်ကြရအောင်”
လေပေါ်တွင်မြောနေသည့် အဖြူရောင် အလုံးကြီးတစ်ခုက အံ့အားသင့်ဖွယ် စာရင်းအင်းများကို စုစည်းပြီးနောက်တွင်တော့ မီနိုင်ငံဆီသို့ ပြန်လည် ပြန်သန်းသွားတော့၏။ တစ်ခုသောအထူး လျှို့ဝှက် ဌာနတစ်ခု၏ အတွင်း၌ သုတေသန အဖွဲ့တစ်ခုက စာရင်းအင်းများကို အထိန်တလန့် ကြည့်ရှုနေကြ၏။
တိုက်ပွဲတွင်မပါဝင်ရသေးသော ကျင့်ကြံသူများ အားလုံးက တပ်ပြန်ဆုတ်ခဲ့ရ၏။ ဤနေရာ၌ ရှိသော ရတနာသည် သူတို့လက်ထဲမရောက်နိုင်သော တစ်စုံတစ်ခုပင်ဖြစ်၏။
လူတိုင်းသည် ဟွားနိုင်ငံမှ ကျင့်ကြံသူများအတွက် နားလည်မှုအသစ်တစ်ခုတိုးလာခဲ့ပေ၏။ အတိုချုံးဆိုရသော် သူတို့သည် စိတ်ကူးမရနိုင်လောက်သည်အထိ အစွမ်းထက်၏။
သူတို့ မျက်မြင်ကိုယ်တွေ့ကြုံလိုက်ရသည့် တိုက်ပွဲမှာ ရိုးတွင်းခြင်ဆီထိတိုင် ကြောက်လန့်စေ၏။
မည်သည့် အခြေအနေအောက်တွင်မှာမှ ဟွားနိုင်ငံမှ ကျင့်ကြံသူများကို သွားမရှုပ်လေနှင့်။
ထိုသည်မှာ မကြာခင်၌ပင် ကျောက်တိုင်ထက်ရေထိုးထားသည့် ထုတ်မပြောဖွယ်ရာ စည်းမျဥ္းတစ်ခုဖြစ်လာပေလိမ့်မယ်။ ထိုသို့မဟုတ်ပါက သူတို့၏ စိတ်ဝိညာဉ်ပျိုးထောင်ခြင်းအဆင့် ကျင့်ကြံသူများကပင် သင်တို့တစ်မိသားစုလုံးအား အလွယ်တကူ ဖျက်ဆီးနိုင်ပေ၏။
“ကျေးဇူးပဲ ညီအစ်ကို၊ရန်သူတွေ အားလုံးကို အမြစ်ဖြတ်သုတ်သင်ပြီးပြီမို့ ကျွန်တော်တို့ အပျက်အစီးထဲဝင်တော့မယ်။ ကျွန်တော်တို့ ပြန်လာတဲ့အခါ အရက်အတူသောက်ဖို့ ဖိတ်ခေါ်ပါတယ်” အန်လင်းက ချန်ကျင်းထျန်ဆီသို့ ပျံသန်းသွားကာ ပြုံးပြလိုက်၏။
ထိုသူက သူတို့အဖွဲ့ဘက်တွင် ပါမည်ဟု ဆုံးဖြတ်လိုက်ကတည်းက အန်လင်းသည် ထိုသူအား မိတ်ဆွေအဖြစ်သတ်မှတ်ထားပြီးဖြစ်သည်။
ချန်ကျင်းထျန်သည်လည်း အိမ်မက်ကဲ့သို့ ခံစားနေရသည်ပင်။ သူတို့က အမှန်တကယ် အနိုင်ရလိမ့်မည်ဟု မည်သူက ထင်ပါလိမ့်မည်နည်း။ ထိုသည်မှာ ကြီးမားလှသည့် အောင်မြင်မှုတစ်ခုပင်ဖြစ်၏။
“သေချာတာပေါ့။ မင်းတို့ ပြန်လာတဲ့အချိန်ကျရင် အဝသောက်ကြတာပေါ့ကွာ” ချန်ကျင်းထျန်က ပျော်ရွှင်စွာ လက်ခံသဘောတူလိုက်၏။
ထိုသူနှစ်ဦးမှာ တစ်ဦးနှင့် တစ္ဦးမနှုတ်ဆက်ခင်တွင် ဖုန်းနံပါတ်များ လဲလှယ်ခဲ့ကြ၏။
ဒီတစ်ကြိမ်တွင်တော့ သူတို့၏ ကျောက်စိမ်း အစီအရင်များကို အသက်သွင်းသည်ကို မည်သူကမှ မဟန့်တား ရဲပဲ အာကာသ ဝင်ပေါက်ဆီသို့ တိတ်တဆိတ် ဝင်ရောက်ပျောက်ကွယ်သွားတော့၏။
ချန်ကျင်းထျန်က သူတို့ငါးဦးအား ငေးကြည့်ကာ တောင့်တောင့်တတ သက်ပျင်းချရင်း
“ငါ့ဆရာက အပျက်အစီးက ငါနဲ့မဆိုင်ဘူးလို့ပြောပြီး ဒီကိုလာတာကို ဆန့်ကျင်သတိပေးခဲ့တယ်။ ငါက သူ့ကို မယုံခဲ့ဘူး။ အပျက်အစီးက လူတိုင်းနဲ့ဆိုင်တာပေါ့။ ငါက ဝင်ခွင့်ရဖို့ အစိုးရကို လျှောက်ရအုံးမှာလား။ ဒါပေမဲ့ အခုတော့ ငါ့ဆရာရဲ့ စကားတွေနောက်က အကြောင်းပြချက်ကို သိလိုက်ပါပြီ။ တစ်ချို့ အရာတွေက ရိုးရိုးလေးပဲ ငါနဲ့ မသတ်ဆိုင်ခဲ့ဘူး...”
“ဘာပဲဖြစ်ဖြစ် ဒီကိုလာတာ အကောင်းတော့ရှိပါတယ်။ နိုင်ငံခြားက ကျင့်ကြံသူတွေကို မောင်းထုတ်ပြီးတော့ ဟွားနိုင်ငံရဲ့ ဂုဏ်သတင်းကို မြှင့်တင်ပေးနိုင်ခဲ့တယ်လေ” တခြား အမျိုးသား ကျင့်ကြံသူတစ်ဦးက ပြောလာ၏။
ချန်ကျင်းထျန်က ထိုသူ၏ စကားများတွင် အနည်းငယ် တုံ့ဆိုင်းသွားပြီး အပြုံးဖွဖွလေးဖြင့် ခေါင်းညိမ့်လာခဲ့၏။ လေပြည်ဖွဖွ ဖြတ်သန်းတိုက်ခတ်လာသောအခါ သူက သူ့၏ လက်ကို နောက်တွင် ချိတ်ထားလိုက်၏။ သူ၏ ဝတ်ရုံက လေပြည်ထဲတွင် ညင်သာစွာ လှုတ်ခတ်သွားပြီး အဝေးတစ်နေရာသို့ ငေးကြည့်နေတော့သည်။
ထိုအခိုက်အတန့်၌ပင် လေယာဥ္မှူးမျက်မှန်ဝတ်ဆင်ထားသည့် အမျိုးသားတစ်ယောက်က ၄င်းဘေးရှိ အမျိုးသမီးလှလှလေးဆီသို့လှည့်ကာ အပြုံးတစ်ခုနှင့် ဆိုလာ၏။
“Mr အန်လင်းရဲ့ ကောင်းကင်ဘုံရေကန်ဆီသို့ ခရီးသွားခြင်းမှာ စွန့်စားစရာ တစ်ခုမှမရှိဘူးလို့ ငါမပြောဘူးလား။ မင်းက ငါ့ကို ပိုပြီး ယုံထားသင့်တယ်။”
အမျိုးသမီး နှုတ်ခမ်းများကို တွန့်ကွေးလိုက်ပြီး
“ဟုတ်ပါပြီ ဒက်ထိမှန် အကြားအမြင်ရသူကတော့ နာမည်တစ်လုံးနဲ့ အသက်ရှင်တာပါ” (အသည်းကွဲသမားလေး အကြားအမြင်ပညာရှင်ကို ဒက်ထိမှန် အကြားအမြင်ရသူလို့ပြောင်းလိုက်ပါမယ်နော်)
အမျိုးသမီးက ဒက်ထိမှန် အကြားအမြင်ရသူအား မျက်လုံးလှန်လိုက်ပြီးနောက် သူမ၏ ဗျက်စောင်းကို အပြုံးလေးနှင့် သိမ်းဆည်းလိုက်၏။
“ဘယ်သူထင်မှာလဲ တစ်ခါက 'အခြေခံဓားနည်းလမ်းများ စုစည်းမှု အပြည့်အစုံ'စာအုပ်ကို ကျွန်မဆီက စိတ်ဝိညာဉ်ကျောက်တုံး ငါးတုံးနှင့် ဝယ်သွားတဲ့ ကျင့်ကြံသူက အခုတော့ စွမ်းအားထက် ဓားအင်မော်တယ် ဖြစ်လာမယ်လို့လေ”
ထိုအမျိုးသမီးမှာ ချိုသာသည့် အသံပိုင်ရှင် နတ်သမီးလေးမှလွဲ၍ တခြားသူမဟုတ်ပါပေ။ သူမက တစ်ချိန်က သူ၏ရုပ်ဆိုးလှသော ဓားသိုင်းကျွမ်းကျင်မှု မြင်ကွင်းအား သည်းမခံနိုင်တော့သဖြင့် 'အခြေခံဓားနည်းလမ်းများ စုစည်းမှု အပြည့်အစုံ'စာအုပ်အား အန်လင်းကို ကြော်ငြာပေးခဲ့သူဖြစ်၏။
နှစ်နှစ်ကြာပြီးသည့်နောက်တွင် အန်လင်းက ဝံပုလွေနက် နတ်ဘုရားအား တစ်ချက်တည်းနှင့် အပြတ် ရှင်းလင်းပစ်နိုင်မည်ဟု မည်သူက ထင်လိမ့်မည်နည်း။ ဘဝဆိုသည်က အမှန်တကယ်ကို ခန့်မှန်းလို့ မရနိုင်တာပဲဖြစ်၏ ....
ဒက်ထိမှန် အကြားအမြင်ရသူက ခေါင်းငြိမ့်လိုက်ကာ “လူတိုင်းမှာ သူတို့ရဲ့ ကိုယ်ပိုင် ကံကြမ္မာရှိတယ်။ သူများကို မနာလိုဖြစ်နေလို့လဲ ဘာမှအသုံးမဝင်ဘူး။ မင်းကိုယ်မင်းကောင်းအောင်လုပ်ဖို့ပဲ စွမ်းအင်ကို ထိန်းသိမ်းထားသင့်တယ်။ အဲဒါဆိုရင်တော့ မင်းက သဘာဝတရားကြီးကို အာခံနိုင်တဲ့ နောက်တစ်ယောက်ဖြစ်နိုင်တာပဲလေ”
ချိုသာသည့် အသံပိုင်ရှင် နတ်သမီးလေးက အရေးမစိုက်ဟန်ဖြင့်ပင် “ငါကတော့ သဘာဝတရားရဲ့ လမ်းစဥ္ကို ဆန့်ကျင်ချင်တာ တစ်ခုမှရှိမနေပါဘူး။ ဆိုတော့ ငါက ဘာလို့ အာခံချင်ရမှာလဲ။ ငါအဲဒါကို မြွေဖြူ ဝိညာဥ္အတွက်ပဲ ချန်ထားလိုက်ပါမယ်”
ဒက်ထိမှန် အကြားအမြင်ရသူက ခေါင်းငြိမ့်လိုက်ပြီးနောက် ထိုသူနှစ်ယောက်တည်း သဘောပေါက်သည့် အပြုံးများ တိတ်တဆိတ်ဖလှယ်လိုက်လေတော့၏။
ထိုသူများက ပစ္စည်းများသိမ်းကာ ကောင်းကင်ဘုံရေကန်မှ ထွက်ခွာလာတော့၏။
'ကမ္မာပေါ်ရှိ ကျင့်ကြံသူများအားလုံး စုပေါင်းကာ ကမ္ဘာကြီးအား ကာကွယ်ကြမယ်'ဂရုချက်ထဲတွင် အံအားသင့်ဖွယ် သတင်းများက တစ်ဖြန် မွှေနှောက်နေပြန်တော့၏။
ဂရုက မကြာမီပင် အုပ်အော်သောင်းနင်းနှင့် ပေါက်ကွဲထွက်မတက်ပင် ...
ကယ်တင်ရှင်_ “သေစမ်း။ Mr.အန်လင်းနဲ့ သူ့ရဲ့အဖွဲ့က စောက်ရမ်းကြမ်းတာဟေ့။ သူတို့က တကယ့်ကို အကုန်လုံးကို အမှုန့်ခြေပစ်ကြတာ”
တောက်ဆရာ နွားကြီး_”အဲ့လို ဂန္တဝင် တိုက်ပွဲကြီးကို ကိုယ်တိုင်မတွေ့လိုက်ရတာ နာတယ်ကွာ”
ဥာဏ်အလင်းရနေသည့် ငပျင်းလေး_”အဲဒါဆို ဒီတစ်ခေါက် Mr.အန်လင်းက အပေါင်းအသင်းတွေအများကြီးရှိပြီးတော့ နောက်ဆုံးတော့ အပျက်အစီးထဲကို ဝင်ဖို့ လူစုနေတာပေါ့”
ဓားအင်မော်တယ်မြစ်စိမ်း_”ငါတို့ အသင်းမှာလဲ အံ့အားသင့်လောက်အောင် အထူးဝင်ခွင့်ရတဲ့ ကံကောင်းတဲ့အဖွဲ့ဝင် နှစ်ယောက်ရှိတယ်”
တောက်ဆရာနဂါးနီ_”အဲဒါ ဘာလို့ ငါမဟုတ်ရတာလဲ(ငိုနေသော emoji)”
အနုမြူနတ်မိမယ်_”မင်းလို အသုံးမကျတဲ့သူကို ဘယ်သူကရွေးမှာလဲ(မထီမဲ့မြင်ပြုသော emoji)”
တိမ်တိုက်ရှာဖွေ တောက်ဆရာ_”+ ၁”
နတ်ဆရာနဂါးနီ_”...”
ကောင်းကင်နတ်မိမယ် တည်ငြိမ်_”ငါအခုအရမ်းစိတ်ဆိုးနေတယ်နော်။ သူတို့က ငါ့ကို တစ်ခုခုဖုံးကွယ်ထားတယ်ဆိုတာ ငါသိတယ်”
တုန်ဖန်ရွှယ် အန်လင်းနှင့် ထျန်းလင်းလင်းတို့၏ ထူးဆန်းသည့် ပုံစံကို ပြန်လည်အမှတ်ရကာ သူမ၏ ရင်ဘတ်မှာ ဒေါသကြောင့် တင်းကြပ်သွားတော့၏။
ဂရုချက်မှာတော့ ဆွေးနွေးမှုများဖြင့် လှုပ်လှုပ်ရှားရှားရှိနေဆဲပင်။
အန်လင်းနဲ့ တခြားသူတွေက အာကာသ ဝင်ပေါက်ဆီကိုဖြတ်ပြီး ဝင်သွားပြီဖြစ်သည်။
ထိုသည်မှာ စွန်စားခန်းအသစ်တစ်ခုအတွက် အချိန်ပင် ဖြစ်ပေ၏။
***