← Chapters

မင်းတို့ကို သတ်သွားရင်တောင် ပြဿနာမတက်ဘူး

Vol. 162 Ch. 2337

မင်းတို့ကို သတ်သွားရင်တောင် ပြဿနာမတက်ဘူး

Vol. 162 Ch. 2337

၎င်းတို့တွေ အချင်းချင်း တီးတိုးပြောဆိုနေစဉ်မှာပဲ အချုပ်ခန်းစောင့် အရာရှိများ၊ လျိုရှောင်တုန်းနှင့် အခြားသော ခေါင်းဆောင်ကြီးများက အကျဉ်းခန်းတံခါးဝသို့ ရောက်လာခဲ့ကြ၏။

လင်းရီက အိပ်မောကျနေစဉ် တုပေါင်းလုံနှင့် ကျန်ငါးယောက်က အညိုအမည်းစွဲပြီး စီတန်းရပ်နေတာကို မြင်တော့ လျိုရှောင်တုန်း ချက်ချင်းဆိုသလို အခြေအနေကို နားလည်သဘောပေါက်သွားခဲ့သည်။

“ မင်းတို့ မျက်နှာတွေက ဘာဖြစ်ထားတာလဲ ….” အချုပ်ခန်းစောင့် အရာရှိက မေးလိုက်၏။

“ အဲ့ကောင် လက်ချက်ပါ အရာရှိကြီး ….” တုပေါင်းလုံက လင်းရီကို ကြည့်လျက် ပြောဆိုလိုက်ပြီး “ ကျွန်တော်တို့ကို သူ ရိုက်တာပါ …..”

“ ကောင်းပြီ … တံခါးဖွင့်လိုက် ….”

လျိုရှောင်တုန်းက စကားဖြတ်ပြောလိုက်ပြီး တံခါးဖွင့်ဖို့ အမိန့်ပေးလိုက်သည်။ တစ်ဖက်ကလည်း ဘာမျှ ပြန်မပြောဝံ့ဘဲ အခန်းတံခါးကို ဖွင့်လိုက်လေသည်။

တုပေါင်းလုံ ခပ်ထေ့ထေ့ ပြုံးလိုက်၏။

စိတ်ထဲတွင်တော့ ….

“ မင်းနဲ့ လက်သီးချင်း ယှဉ်ထိုးလို့ မနိုင်တာ မှန်တယ် … ဒါပေမယ့် နိုင်တဲ့လူတွေ အမြဲရှိတယ် … ဒီနေရာက မင်း သောင်းကြမ်းချင်တိုင်း သောင်းကြမ်းလို့ ရတဲ့ နေရာမဟုတ်ဘူးကွ ချာတိတ်ရ ….”

တံခါးပွင့်လာသည်နှင့် လျိုရှောင်တုန်းက အထဲသို့ အလျင်အမြန် ဝင်ရောက်ကာ လင်းရီအား အကြိမ်ရေ အနည်းငယ်ခန့် လှုပ်နှိုးလိုက်၏။

“ လူကြီးမင်း လင်းရီ ….”

ဟမ် ….

ဤသည်ကို မြင်တော့ ရှိနေကြသည့်လူတိုင်း အံ့အားသင့်ကုန်ကြသည်။

ဘာတွေ ဖြစ်နေတာလဲ ….

အချုပ်သားတစ်ယောက်ကို အဲ့လို လေသံမျိုးနဲ့ စကားပြောနေတယ်ပေါ့ ….”

“ လူကြီးမင်းလင်းရီ …..”

လင်းရီ အိပ်ချင်မူးတူးနှင့် မျက်လုံးပွင့်လာခဲ့ပြီး လျိုရှောင်တုန်းက သူ့ရှေ့ရောက်နေတာကို မြင်တွေ့လိုက်ရ၏။

“ ခင်များက ဘာလို့ ဒီရောက်နေတာလဲ ….”

“ ဒါက …..”

လျိုရှောင်တုန်း အနည်းငယ် ကိုးရို့ကားယားနိုင်သလို ခံစားသွားခဲ့ရသည်။ သို့တိုင် အပြုံးတစ်ခုအား အတင်းလုပ်ယူပြုံးရင်း “ အားလုံး ရှင်းပြီးသွားပါပြီ … ဒီတိုင်း နားလည်မှုသွားရုံသပ်သပ်ပါ … ကျွန်တော် အခု ဒီရောက်လာတာက လူကြီးမင်းလင်းကို အပြင် ထုတ်ပေးဖို့ပါပဲ … ကျေးဇူးပြုပြီး …. ပြီးခဲ့တာတွေကို ပြီးတဲ့အတိုင်းပဲ ထားလိုက်ကြတာပေါ့ …. ကျွန်တော်တို့ကို ဗွေမယူပါနဲ့နော်….”

ဤစကားကြားတော့ တုပေါင်းလုံနှင့် အခြားသူများမှာ ပင့်သပ်ရှိုက်မိသွားခဲ့ကြသည်။

ငါတို့ ထင်ယောင်ထင်မှားတွေ မြင်နေရတာလား ….

အထက်မြင့် အရာရှိကြီးတစ်ယောက်က အထဲရောက်လာပြီး အချုပ်သားတစ်ဦးကို တရိုတသေ လေသံနဲ့ စကားပြောနေတယ် ….

ဒီကောင့်နောက်ခံက ဘယ်လောက်တောင် ကြီးနေလို့လဲ ….

“ ဘာကိစ္စ ခင်များက ကျုပ်ကို လာထုတ်ပေးရမှာ … ဖန်းချွင်းဝေကိုပဲ သွားခေါ်ခဲ့စမ်းပါ ….” လင်းရီ သမ်းဝေရင်း ပြောဆိုလိုက်၏။

“ ဒါက …..”

လျိုရှောင်တုန်း ချီတုံချတုံ ဖြစ်သွားခဲ့ပြီး “ အကြီးအကဲဖန်း … သူ … လာနိုင်မှာ မဟုတ်တော့ဘူး ….”

“ ဟမ် … ဘာလို့ မလာနိုင်တော့မှာ ….”

“ ငါ အခုလေးတင် သတင်းရတာ စုံစမ်းစစ်ဆေးရေး အသင်းက ဒီကို ရောက်လာနေပြီ … သူတို့တွေ စစ်ဆေးတဲ့ လုပ်ငန်းစဉ်ကို စတင်နေကြပြီ … အကြီးအကဲဖန်း ထွက်လာပြီး လူကြီးမင်းလင်းရီကို လာတွေ့ဖို့ ဖြစ်နိုင်မှာ မဟုတ်ဘး ….”

“ စုံစမ်းစစ်ဆေးရေး အသင်း ရောက်လာတယ် ဟုတ်လား ….”

လင်းရီ ဇဝေဇဝါ ဖြစ်သွားခဲ့၏။

သူလည်း စုံစမ်းစစ်ဆေးရေးအသင်းကို မခေါ်ခဲ့မိပါဘူး … အဲ့တာကို ဘယ်ကနေ ဘယ်လို ရောက်လာခဲ့ကြတာလဲတဲ့ …

သို့သော် ယခုအချိန်က ထိုကိစ္စရပ်များကို စဉ်းစားနေရမည့် အချိန်မဟုတ်သေးပေ။ သူ အပြင်သို့ ရောက်သွားသည်နှင့် အရာအားလုံး ရှင်းလင်းသွားပေလိမ့်မည်။

“ ဒါဆိုလည်း ကျုပ် အားနာမနေတော့ဘူးနော်… ကျုပ် သွားတော့မယ် ….”

“ ဟုတ် ဟုတ် ဟုတ် … အတူသွားကြတာပေါ့ ….”

လျိုရှောင်တုန်းက ဘေးသို့ ကပ်ရပ်လိုက်ပြီး ဖိတ်မန္တက ပြုသည့် လက်ဟန်အမူအရာကို ပြုလုပ်လိုက်သည်။ ပြီးသည့်နောက် တစ်ယောက်ပြီး တစ်ယောက် အချုပ်ခန်းထဲက ထွက်လာခဲ့ကြသည်။

ထိုမြင်ကွင်းကို မျက်မြင်ကြုံတွေ့လိုက်ကြရသည့် လူတိုင်း မယုံကြည်နိုင် ဖြစ်နေမိကြသည်။

သူတို့ ဘာပြောလို့ ပြောရမှန်းပင် မသိကြတော့ပေ။

လူအုပ်က ပြန့်ကျဲသွားခဲ့ပြီး အချုပ်ခန်း အစောင့်များကလည်း တံခါးကို သော့ပြန်ခတ်လိုက်ကြသည်။

“ ဟေး ညီကို … အဲ့ကောင်က ဘယ်သူတုန်း … ရာထူးမြင့်တဲ့ အရာရှိကြီးကတောင် သူ့ကို ဘာလို့ လေးလေးစားစားနဲ့ ဆက်ဆံနေရတာလဲတဲ့ ….” တုပေါင်းလုံက မေးမြန်းလိုက်၏။

“ ငါလည်း မသိဘူး … ဒါပေမယ့် ကြားမိတာတော့ အတော် ဖြုံဖို့ကောင်းတဲ့လူဆိုပဲ … သူ မင်းတို့ကောင်တွေကို မသတ်သွားတာပဲ ကံကောင်းလှပြီ ….” အချုပ်ခန်းစောင့် အရာရှိက ပြောလိုက်သည်။ “ ပြီးတော့ သူ မင်းတို့ကို သတ်သွားခဲ့ရင်တောင် ဘာပြဿနာမှ ရှိမှာ မဟုတ်ဘူး … ဘယ်လောက်တောင် ဖြုံဖို့ကောင်းလဲဆိုတာ အဲ့တာသာ စဉ်းစားကြည့်ပေါ့ကွာ ….”

တုပေါင်းလုံနှင့် ကျန်သူများအားလုံး တစ်ကိုယ်လုံး တုန်ယင်သွားခဲ့ကြသည်။ သူတို့အားလုံး သေမင်းလက်ထဲမှ လက်မတင်လေး လွတ်မြောက်ခဲ့ကြတာကို အမိအရ ခံစားမိသွားခဲ့ကြလေသည်။

….

လျိုရှောင်တုန်းက ရိုသေလေးစားမှု အပြည့်ဖြင့် လင်းရီကို အပြင်သို့ လိုက်ပို့ပေးသည်။ သူတို့ ရဲစခန်းက ထွက်လာသည့် အချိန်မှာပဲ ရဲကား နှစ်စင်း ချဉ်းကပ်လာသည်ကို မြင်တွေ့လိုက်ရ၏။

ပြီးသည့်နောက် တံခါးများ ပွင့်ဟလာပြီး ဖန်းမိသားစုဝင်များက တစ်ယောက်ပြီး တစ်ယောက် ထွက်ပေါ်လာကာ လင်းရီထံသို့ တန်းမတ်စွာ ပြေးလာခဲ့ကြ၏။

နောက်တစ်ကြိမ် ထပ်မံတွေ့ဆုံရာဝယ် … ၎င်းတို့၏ ကိုယ်စီ အနေအထားများက မတူညီကြတော့ပေ။

ဖန်းမိသားစုဝင်များက လင်းရီ၏ မျက်လုံးကို ရှောင်ဖယ်နေကြပြီး သူနှင့် အကြည့်ချင်း မဆုံဝံ့ဘဲ ဖြစ်နေကြသည်။

လင်းရီ ဖန်းချွင်းဝေထံ လျှောက်လှမ်းသွားပြီး ၎င်း၏ ပခုံးအား ပုတ်လိုက်သည်။ သူ ဘာမျှတော့ မပြောခဲ့ပေ။

ယခုအချိန်၌ အပိုစကားတွေ ပြောဖို့လည်း မလိုအပ်ပေ။ ဖန်းချွင်းဝေ၏ နေရာမှတစ်ဆင့် သူ၏ သွယ်ဝိုက် ပြောဆိုမှုကို နားလည်မည်ဖြစ်ကြောင်း သေချာသည်။

ရဲစခန်းထဲက ထွက်လာခဲ့ပြီးနောက် လင်းရီသည် တက္ကစီစီး၍ ဟိုတယ်သို့ ပြန်ရောက်လာခဲ့သည်။ ချင်းဟန်နှင့် ကျန်သူများကတော့ နှစ်ခြိုက်စွာ အိပ်မောကျနေကြ၏။

“ ပြန်ရောက်လာတာ မြန်လှချည်လားဟ ….”

လူတိုင်း ထပ်မံ၍ စုဝေးလိုက်ကြ၏။ သူတို့ အစက တွေးထင်ထားခဲ့သည်မှာ မွန်းလွဲပိုင်းလောက်အထိ လင်းရီ ပြန်ထွက်လာနိုင်ဦးမှာ မဟုတ် ဟူ၍ပင်။

“ မင်းတို့ကောင်တွေ တစ်ယောက်ယောက်ကို ဆက်သွယ်လိုက်ကြတာလား …. စုံစမ်းစစ်ဆေးရေး အသင်းက ဘာလို့ ဒီရောက်လာခဲ့တာလဲ …..”

“ အတွင်းရေးမှူးလျန် နေမှာပေါ့ ….” ချင်းဟန်က ပျင်းရိစွာ အကြောဆန့်ရင်း ပြောဆိုလိုက်ပြီး “ ဒီမနက်ခင်း ငါ အိပ်မယ်လုပ်တုန်းက သူ့ဆီကနေ ဖုန်းဝင်လာခဲ့တယ်လေ … မင်းဆီ ဆက်သွယ်မရလို့တဲ့ … အဲ့မှာ ငါလည်း ဘာတွေ ဖြစ်နေလဲ ပြောပြလိုက်တော့ သူ ကိုင်တွယ်ပေးမယ်ဆိုပဲ …..”

လင်းရီ ခေါင်းညိတ်လိုက်သည်။ လျန်ရူရွှယ်ကြောင့်ဆိုလျှင်တော့ ဤကိစ္စက ယုတ္တိရှိ၏။

“ သူက ငါ့ကို ဘာပြောချင်နေတာလဲတဲ့ …..”

“ သူ ပြောသွားတာ နှစ်သစ်ကူး ရောက်တော့မှာမို့လို့ ရန်ကျင်းကို ပြန်သွားပြီတဲ့ … “

လင်းရီ ခေါင်း တဆတ်ဆတ် ညိတ်လျက် “ အခု ကိစ္စကလည်း ပြီးသွားပြီဆိုတော့ ငွေ ၃ ဘီလီယမ်လည်း သိပ်မကြာခင် အကောင့်ထဲ ရောက်လာလောက်တယ် …”

“ ဒါဆို ငါတို့ကောင်တွေလည်း ကျိုးဟိုင် ပြန်ကြတာပေါ့ ….”

“ အင်း ……..” လင်းရီ ခေတ္တ ရပ်တန့်ပြီး “ ငါ မင်းတို့ကောင်တွေကို တစ်ခုလောက် အကူအညီတောင်းချင်တာ ရှိတယ် ….”

ချင်းဟန် လင်းရီကို ဆန်းစစ်သည့် မျက်လုံးတို့ဖြင့် ကြည့်လိုက်ပြီး “ မင်း ရန်ကျင်း မသွားချင်လို့ ငါတို့ကောင်တွေကို မင်းဘက်က ကာပြောပေးဖို့ ကြံနေတာတော့ မဟုတ်ဘူးမလား ….”

“ ညီကိုကောင်း ပီသလိုက်တာ … ငါ ပြောတောင် မပြောရသေးဘူး မင်းက သိနှင့်နေပြီ ….”

“ အစ်ကိုကြီးချင်း .. မင်းက သူ့ကိုယ်စား ကိုယ်စား အပြစ်ဝန်ခံတာတွေ များနေပြီဆိုတော့ ဒီအပိုင်းမှာ ဆရာတစ်ဆူတောင် ဖြစ်နေပြီပဲ …” ကောင်းကျုံးယွမ်က ကျယ်လောင်စွာ ရယ်မောလိုက်၏။

လင်းရီ ချင်းဟန်၏ နောက်ကျောသို့ သွား၍ သူ့ပခုံးအား နှိပ်နယ်ပေးလိုက်သည်။ “ မင်းတို့သုံးယောက် ရန်ကျင်း သွားပြီး ဟိုမှာ ရက်နည်းနည်းလောက် နေပေး … ပြီးရင် ငါ အချက်ပြတာကို စောင့် … ပြီးတာနဲ့ ငါတို့ကောင်တွေ အတူ ကျိုးဟိုင် ပြန်ကြမယ် ….”

“ ချီးပဲ ….”

လင်းရီက ယခုလို ပြုလုပ်ပြီး သူတို့ကို အသုံးချနေမှန်း သိသော်လည်း သုံးယောက်လုံးက စောဒက မတက်ခဲ့ကြချေ။ အကုန်လုံးက တစ်လှေတည်းစီးတွေ ဖြစ်ကြသဖြင့် ပြဿနာတွေ့လာလျှင်လည်း အတူရင်ဆိုင် ဖြေရှင်းကြရပေမည်။

“ မင်းကို ကာပြောပေးလို့ ရတယ် … ဒါပေမယ့် ကျေးဇူးသိတတ်မှု နည်းနည်းပါးပါးလေးတော့ ပြပေးဖို့ လိုတာပေါ့ … မနေ့က ငါတို့ သွားစားတဲ့ ကျင်းရန်ဟင်းပွဲတွေက တကယ်ကိုကောင်းတာ … ငါတို့ကို တစ်ဝိုင်းလိုက်တိုက် ….”

“ နောက်နေ့မှပဲ … ဒီနေ့တော့ အလျင်လိုနေလို့ အဆင်မပြေသေးဘူး ….”

“ နှစ်သစ်ကူးမတိုင်ခင် ရက်တွေ အများကြီး ကျန်နေသေးတာကို ဘာတွေ အဲ့လောက်ထိ အလျင်လိုနေတာ ….”

“ ငါ လျန်ရူရွယ်ကို သွားတွေ့မယ်လို့ မင်းတို့ကို ဘယ်ကောင်ပြောတုန်း … တစ်ခြားလူတွေလည်း ရှိသေးတယ်လေကွာ ….”

“ ငိုးမပဲ …..”

“ အိုကေ … ငါ အခု လစ်တော့မယ် … မင်းတို့ကောင်တွေ နားကြတော့ ….”

နှုတ်ဆက်ပြီးနောက် လင်းရီသည် ရန်ကျင်းသို့ ချက်ချင်း ဦးတည်လိုက်သည်။

မည်သို့ပင် ဆိုစေကာမူ၊ လျန်ရူရွှယ်က ယခုအချိန်တွင် ကိုယ်ဝန်ရှိနေသည်။ ရန်ကျင်းတွင် နှစ်သစ်ကူးမည် ဆိုသဖြင့် သူ့ဘက်က ဘာကိစ္စတွေပဲ ရှိနေပါစေ သူမထံသို့ သွားလည်ရမှာ ဖြစ်၏။

တက္ကစီနှင့် လေဆိပ်သို့ ထွက်လာရင်း ချင်ရင်ယွဲ့ထံသို့ လင်းရီ ဖုန်းခေါ်လိုက်သည်။

သူ့မိဘတွေက ကျီချင်းရန်ထံသို့ ရောက်ရှိနေကြောင်းကို သိရှိလိုက်ရ၏။

အတော်လေး စိတ်ဝင်စားဖို့ကောင်းလှသည်။ သူ့မိဘများကလည်း အချိန်စီမံခန့်ခွဲရေး ကျွမ်းကျင်သူများ ဖြစ်နေဟန်ပင်။

လျန်ရူရွယ် ထွက်ခွာသွားပြီးနောက်မှာပဲ သူတို့တွေက ကျီချင်းရန်၏ အိမ်သို့ ရောက်ရှိသွားခဲ့ကြသည်။ တိုင်မင်က ကွက်တိ ဖြစ်လွန်းလှ၏။

ဖုန်းချပြီး သိပ်မကြာမီ ကျီချင်းရန်က ဝီချက်မက်ဆေ့ချ် ပို့လာခဲ့၏။

ပေးပို့လာသည့် အကြောင်းအရာကတော့ လင်းရီ ထင်မှတ်ထားသည့် အတိုင်း ချင်ရင်ယွဲ့တို့ အိမ်ရောက်နေသည့် အကြောင်းပင်။

လျန်ရူရွှယ်၏ တည်ငြိမ်သည့် ဟန်အမူအရာနှင့် ဆန့်ကျင်ဘက်ဖြစ်စွာ ကျီချင်းရန်ကတော့ အနည်းငယ်မျှ စိတ်လှုပ်ရှားနေဟန်ပင်။

ချွေးမကောင်း တစ်ယောက် ဟူသည့် ပုံရိပ်ကို တည်ဆောက်ဖို့ အကောင်းဆုံး ကြိုးစားနေဟန်ရ၏။

ခေတ္တမျှ စကားပြောဆိုပြီးနောက် လင်းရီသည် လေဆိပ်သို့ ရောက်ရှိလာခဲ့ပြီး သီးသန့်လေယာဉ်ပေါ်သို့ တက်ရောက်လိုက်သည်။

ကျင်းရန်နှင့် ရန်ကျင်းက ဘယ်လောက်မျှ မဝေးပေ။ လေးဆယ်မိနစ်ခန့် ပျံသန်းပြီးနောက် ရန်ကျင်း လေဆိပ်သို့ ဆင်းသက်လာသည်။

လင်းရီ တက္ကစီတစ်စင်းငှားပြီး လျန်ရူရွှယ်၏ အိမ်သို့ ဦးတည်လိုက်၏။

လမ်းတွင် လီချူးဟန်ထံသို့ လင်းရီ ဖုန်းခေါ်လိုက်သည်။

“ အလုပ်ရှုပ်နေလား ….”

“ ဒီရက်ပိုင်းတော့ မရှုပ်ပါဘူး …” လီချူးဟန် ပြောလိုက်၏။ “ နှစ်သစ်ကူး နီးလာပြီဆိုတော့ လူတွေကလည်း ဆရာဝန်တွေနဲ့ သိပ်မတွေ့ချင်ကြဘူးလေ .. ဒီရက်ပိုင်း တော်တော်လေး အေးဆေး ဖြစ်နေတယ် ပြောရမယ် ….”

ဟွာရှရှိ လူများအတွက် နှစ်သစ်ကူး ပွဲတော်က အင်မတန် အရေးကြီးသည့် ပွဲတော် တစ်ရပ် ဖြစ်သည်။ နှစ်ဟောင်းကုန်ဆုံး၍ နှစ်သစ်တစ်နှစ်ကို စတင်မည်ဖြစ်သဖြင့် လူတိုင်းက ကျန်းမာပြီး ပျော်ရွှင်သည့် နှစ်သစ်တစ်နှစ်ကိုပဲ အလိုရှိကြသည်။

အင်မတန် နာမကျန်း ဖြစ်နေကြသည့် ဝေဒနာရှင်များကလွဲ၍ အများစုက နှစ်သစ်ကူးပွဲတော် ပြီးဆုံးသည်အထိ တောင့်ခံထားလေ့ရှိကြသည်။

ထို့ကြောင့်လည်း ယခုလို အချိန်မျိုးတွင် ဆေးရုံ၏ အလုပ်ဝန်က သိသိသာသာ လျော့ကျသွား၏။

“ မနက်ဖြန်အတွက် အချိန်စာရင်းက ဘယ်လိုလဲ … နားချိန်ရှိလား ….”

“ အင်း … ဒီည ညဆိုင်းလေ ….”

“ ခွင့်တိုင်လိုက် … လေယာဉ်လက်မှတ်ဖြတ်ထား ၊ စန်းယာ့ သွားပြီး ပျော်ပါးကြမယ် … ဆယ်နာရီမတိုင်ခင် ရောက်ပါစေ …”

“ ဟင် … တကယ် … အတည် ...”

All Chapters