← Chapters

ကမ္ဘာတည်အလှတရား

Vol. 162 Ch. 2339

ကမ္ဘာတည်အလှတရား

Vol. 162 Ch. 2339

“ ဟင် နင် နင် နင် ဒီကို ဘယ်လိုလုပ် ရောက်လာတာလဲ ….”

“ ငါ မစားရသေးလို့ မင်းဆီလာပြီး လာစားသောက်တာလေ ….”

လင်းရီ သူ့ဘေးရှိ ဘီယာပုလင်းကို ကောက်ကိုင်လိုက်ပြီး လျန်ရူရွှယ်ကို လက်ဟန်ပြလိုက်သည်။

ဧည့်ခန်းထဲရှိ လေထုအခြေအနေက အနည်းငယ် ကိုးရို့ကားယားနိုင်သွားခဲ့သည်။

“ အဲ့တာက ….”

လျန်ရူရွှယ် ချီတုံချတုံ ဖြစ်သွားခဲ့ပြီး သူမ၏ မျက်နှာတစ်ခုလုံး နီရဲလောင်ကျွမ်းလို့နေသည်။

“ ငါ ဘာအရက်မှ မသောက်ထားဘူးနော်….”

“ ဒါပေမယ့် မင်း ငါ့ကို ပြောတော့ အဘွားတို့ အိမ်မှာဆို … ဘယ်လို ဖြစ်ပြီး ဒီကို ရောက်နေတာလဲ ….”

“ ငါ့ဘာငါ ဒီကို လာတာလေ … နင်နဲ့ ဘာဆိုင်လို့ ….”

သူမ ဤအခြေအနေကို ရှင်းမပြနိုင်မှန်း လျန်ရူရွှယ်သိသည်။ အရှက်မရှိသည့်လူတစ်ယောက်နှယ် ပြုမူရုံသာ တတ်နိုင်သည်။ လင်းရီလည်း လူအများကြီး ရှေ့မှောက်တွင် လျန်ရူရွှယ်ကို ဖိအားပေး၍ မဖြစ်ကြောင်း နားလည်သဖြင့် သူမကို မျက်နှာသာ အနည်းငယ်ပေးလိုက်သည်။

လျန်ရူရွှယ် သူမ၏ စားပွဲသို့ ရောက်လာပြီး လင်းရီ နံဘေးတွင် ဝင်ထိုင်ကာ သူ့ခါးကြောအား ဆွဲဆိတ်လိုက်သည်။

“ ကောင်စုတ် … ငါ့ကို မပြောဘဲနဲ့ ဘာလို့ ရန်ကျင်း လာခဲ့တာ ….”

“ ပြောလိုက်ရင် မင်းကို လာပြီး စစ်ဆေးဖို့ဆိုတာ ဘယ်လိုလုပ် ဖြစ်နိုင်တော့မှာ ….”

“ ငါ့ကို ဘာစစ်ဆေးစရာရှိလို့ ….”

“ မရှိဘူးပေါ့ ….” လင်းရီ စားပွဲပေါ်ရှိ ဘီယာပုလင်းများကို ကြည့်လိုက်ပြီး “ ငါသာ နည်းနည်းနောက်ကျပြီးမှ ရောက်လာခဲ့ရင် ဒီ ပုလင်းတွေ အကုန် မင်းသောက်လို့ ကုန်နေလောက်ပြီ ….”

“ နင် ပြောသလောက်ကြီးလည်း မဆိုးပါဘူးဟာ ….” လျန်ရူရွှယ် ပြောဆိုလိုက်ရင်း စိတ်ထဲ အနည်းငယ် အပြစ်ရှိသလို ခံစားနေရသည်။

နှစ်ယောက်ကြားရှိ တကျက်ကျက် စကားဝိုင်းက အလျင်အမြန် အဆုံးသတ်သွားခဲ့ပြီး လူတိုင်းက စတင် စားသောက်ကြတော့သည်။

စားသောက်နေစဉ်အတွင်း လျန်ရူရွှယ်၏ မိတ်ဆွေများက လင်းရီအကြောင်းကို ပိုသိလာကြပြီး ခင်မင်ရင်းနှီးသွားခဲ့ကြသည်။

မွန်းလွဲသုံးနာရီထိုး၊ အရသာရှိသည့် အစားအသောက်များနှင့် ခွက်ချင်းတိုက်ပြီးနောက် လင်းရီနှင့် လျန်ရူရွှယ်တို့က စားပွဲဝိုင်းမှ ထွက်လာခဲ့ကြပြီး အပြင်သို့ လည်ပတ်ရန် အဆင်သင့် ဖြစ်နေကြသည်။

နှစ်ယောက်က အရင်ဦးဆုံး ဇာတ်ကား သွားကြည့်ကြ၏။ ပြီးသည့်နောက် ရှော့ပင်းထွက်ကာ အိမ်သို့ ပြန်လာခဲ့ကြသည်။

ရှန်းရှုရီက လင်းရီကို အပြင်လူကဲ့သို့ သဘောမထားဘဲ အိမ်တွင် နေခိုင်း၏။ လျန်ချွင်းရှောင်နှင့် လက်ဖက်ရည်သောက်ရင်း စကားပြောဆိုပြီးနောက် လင်းရီတို့ အနားယူသွားခဲ့ကြသည်။

နောက်တစ်နေ့ နံနက် စောစော ငါးနာရီဝန်းကျင်တွင် လင်းရီ အိပ်ရာက နိုးလာသည်။

အခြားသော ကိစ္စများ ရှိသဖြင့် လျန်မိသားစု အိမ်တွင် ကြာရှည် နေ၍ မဖြစ်ကြောင်း ပြောဆိုပြီးနောက် စန်းယာ့သို့ ထွက်ခွာလာခဲ့လိုက်သည်။ မနက် ဆယ်နာရီဝန်းကျင်တွင် လေဆိပ်ဝင်ပေါက်ဝ၌ လီချူးဟန်နှင့် တွေ့ဆုံသည်။

ရန်ကျင်းက အေးခဲနေသော်လည်း စန်းယာ့တွင်တော့ အပူချိန်က ၃၀ ဒီဂရီ ဆဲလ်စီးယပ်လောက် ရှိနေ၏။ နှစ်ခုက မတူညီသည့် ကမ္ဘာနှစ်ခုကဲ့သို့ပင်။

လီချူးဟန်က အဝါရောင်ပန်းပွင့်များပါဝင်သည့် ပေါ့ပါးသည့် အဖြူရောင် ဂါဝန်ကို ဝတ်ဆင်ထားကာ လေတစ်ဝှေ့တိုက်ခတ်သွားသည့် အချိန်တိုင်း ပိုးသားကဲ့သို့ ဆံနွယ်များက ပျံဝဲနေလျက် ရှိပြီး အင်မော်တယ်ဆေးတောင်ကြားတွင် သီးခြားပေါက်ရောက်နေသည့် အီသာရီရယ် သစ်ခွပန်းကဲ့သို့ လှပလွန်းလှသည်။

“ ဘယ်တုန်းကတည်းက ရောက်နေတာ … စောင့်တာ ကြာသွားပြီလား ….” လင်းရီ သူ့လက်မောင်းများဖြင့် လီချူးဟန်၏ ခါးကို ဖက်ရင်း မေးလိုက်သည်။

“ ငါလည်း အခုလေးတင်မှ ရောက်တာပါ ….” လီချူးဟန် ဆံပင်ကို စုစည်းလိုက်ပြီး မျက်ခုံးမျက်ဝန်းတို့က ပြုံးလို့နေသည်။

“ နင် ဒီကို အစောကြီး ထပြီး လာရမှာပေါ့ .. ဟိုတယ်ပြန်ပြီး ခဏလောက် နားဦးမလား ….”

“ ရတယ် … လေယာဉ်ပေါ်မှာ အိပ်ခဲ့ပြီးပြီ .. အပြင်ထွက်လည်ကြတာပေါ့ … ဒီကို လာဖို့က လွယ်တာ မဟုတ်ဘူး …. အိပ်ရင်းနဲ့ ဘာလို့ အချိန်ဖြုန်းနေမှာ …”

“ အင်းပါ … နင့် သဘောပါပဲ ….”

သူမ၏ နှလုံးသားထဲတွင် လီချူးဟန်သည် လင်းရီနှင့်အတူ အမြဲတမ်း အချိန်အတူ ကုန်ဆုံးဖို့ကို မျှော်လင့်ခဲ့ရသည်။

မနေ့တုန်းက ငြင်းဆန်လိုက်သည်က လင်းရီကို တွေးပေးပြီး သူ၏ တန်ဖိုးရှိသည့် အချိန်များအား မဖြုန်းတီးချင်ရုံမျှပင်။

နှစ်ယောက်က လေဆိပ် ဝင်ပေါက်ဝသို့ လက်ချင်းတွဲလျက် ထွက်ခွာလာခဲ့ကြပြီး တက္ကစီငှား၍ ပင်လယ်ဘက်ခြမ်းသို့ ထွက်လာခဲ့ကြသည်။

စန်းယာ့၏ ပင်လယ်ဘက်ခြမ်းတွင် လူတို့က အမြဲတစေ စည်ကားနေပြီး တစ်နှစ်ပတ်လုံး ခရီးသွားဧည့်သည်တို့ ပြည့်နှက်နေသည်။

နှစ်ယောက်က ကမ်းခြေကို ရောက်တော့ လီချူးဟန်က သူမ၏ ညှပ်ဖိနပ်ကို ချွတ်၍ ပျော့ပျောင်းနူးညံ့သည့် သဲပေါ်သို့ ခြေဗလာနှင့် လျှောက်လှမ်းကာ လင်းရီအား အပြစ်ကင်းစင်သည့် ကလေးလေး တစ်ယောက်နှယ် ပြုံးပြလိုက်၏။

လီချူးဟန်အတွက်တော့ ဤသည်က ရှားပါးသည့် အနားယူ ဇိမ်ခံချိန်ပင်။ လင်းရီကလည်း သူမဘေးနားတွင် ရှိနေသဖြင့် တစ်သက်လုံး အမှတ်ရနေမည့် အမှတ်တရမျိုး ဖြစ်၏။

နှစ်ယောက်က ကမ်းခြေနှင့် ပင်လယ်တို့ ဆုံသည့် ကမ်းနားစပ်အထိ လျှောက်လာခဲ့ကြသည်။ လီချူးဟန်က နှုတ်ဆိတ်လျက် လင်းရီ၏ လက်မောင်းကို ညင်သာစွာ ဖက်တွယ်ရင်း လမ်းလျှောက်နေသည်။ လှိုင်းတွန့် သေးသေးလေးများက ရံဖန်ရံခါ သူတို့၏ ခြေထောက်နှင့် ဒူးများသို့ ရိုက်ခတ်လာခဲ့၏။ အနောက်သဲပြင်တွင် ချန်ထားရစ်ခဲ့သည့် နှစ်ယောက်၏ ခြေလှမ်းများကလည်း ပင်လယ်ကြီး၏ တိုက်စားချေဖျက်မှုကို ထပ်ခါတလဲလဲ ခံစားနေရသည်။

ပင်လယ်လေပြေလေညှင်းတို့က သူမ၏ စကတ်များကို အပေါ်သို့ ဆက်တိုက် ပင့်လှန်သွားစေခဲ့ပြီး ဆံနွယ်များအား ရှုပ်ပွသွားသည်အထိ ကျီစယ်နေလျက် ရှိ၏။

သူမ၏ ကျက်သရေရှိလှသည့် ပုံရိပ်နှင့် ပင်လယ်ရေလှိုင်းလုံးတို့က သဘာဝ ပန်းချီကားတစ်ချပ်နှယ်

လှပ၊ လန်းဆန်း ၊ ရှင်းသန့်ပြီး မည်သည့် ပကာသနတို့မျှ ရှိမနေခဲ့ချေ။

လီချူးဟန်၏ နှလုံးသားထဲတွင် သူမ ဤအခိုက်အတန့်လေးမှာပဲ တစ်သက်လုံး နေချင်မိသွားခဲ့၏။ အချိန်သည် ရပ်တန့်နေပြီး သူတို့နှစ်ဦးက ဘေးနားကမ်းစပ်တွင် လမ်းကို ဖြည်းညှင်းစွာ လျှောက်လှမ်းနေကြမည်။

သူတို့ ဘယ်နေရာကိုပဲသွားသွား ၊ အမှတ်တရနှင့် ပျော်ရွှင်မှုတို့က ပြည့်နှက်နေပေမည်။

ကမ်းခြေတွင် နှစ်ယောက်အတူ လမ်းလျှောက်ပြီးနောက် လင်းရီက လီချူးဟန်ကို တစ်ခုခု စားဖို့ ခေါ်လာခဲ့၏။

ကြီးကျယ်ခမ်းနားသည့် မီချယ်လင်း စားသောက်ဆိုင် မဟုတ်။ ပင်လယ်ဘေးနားရှိသည့် သာမန် လမ်းဘေးဆိုင်လေး တစ်ခုမျှပင်။

ပြာလဲ့သည့် ပင်လယ်ကြီး၏ ရှုခင်း အငွေ့အသက်ကို ခံစားရင်း ၊ နှစ်ယောက်က နေ့လည်စာကို နှစ်ခြိုက်စွာ သုံးဆောင်နေခဲ့ကြသည်။

စားသောက်နေစဉ် လင်းရီနှင့် အကြည့်ချင်းဆုံတော့ လီချူးဟန်၏ မျက်ဝန်းတို့က လခြမ်းကွေးသဏ္ဌာန် မှေးကျဉ်းသွားခဲ့၏။

“ ပြည်ကြီးငါး အရသာက ဘယ်လိုနေလဲ ….”

“ အွန်း … ကောင်းတယ် … အစပ်လေးနဲ့ဆို ပိုလိုက်ဖက်တယ် ….”

လင်းရီ အစက ပြည်ကြီးငါး အရသာကို သိပ်မကောင်းဟု ဝေဖန်ချင်သော်လည်း လီချူးဟန် ပြောသည်ကို နားထာင်ပြီးနောက် မည်သို့ စကားဆက်ရမှန်း မသိတော့ပေ။

သူမက လိုအပ်ဆန္ဒတို့ နည်းပါးပြီး ကျေနပ်နှစ်သိမ့်လွယ်သည်။ သူမ၏ ပရော်ဖက်ရှင်နယ် အလုပ်ထက် ကျော်လွန်နေသည့် အရာများအပေါ် ထွေထူးလုပ်ပြီး အတွန့်တက်သည်တို့က ရှား၏။

သူမ ဤသို့ ဖြစ်နေသည့်အပေါ် လင်းရီ သိပ်ပြီးမှ သက်တောင့်သက်မသာ မဖြစ်ပေ။ သူမက တစ်ဖက်သူကို တွေးပေးလွန်းပြီး အားနာလွန်းသည်ဟု လင်းရီ ထင်မိ၏။ ထိုအကျင့်က မကောင်းပေ။

လေကြောင့် လွင့်ပြယ်သွားသည့် ဆံနွယ်စများကို လင်းရီ စုစည်းပေးရင်း “ အရသာက ချာနေတာ အရှင်းကြီးကို ဘယ်နားက ကောင်းရမှာ ….”

“ ဒီနေ့ အလုပ်မလုပ်ဘဲ အနားယူရလို့နေမှာပေါ့ … အတော်လေး ကောင်းနေပါပြီ … လောကကြီးထဲ ပြည့်စုံတဲ့အရာရယ်လို့ ရှိမှမရှိတာ … ငါတို့ ခံစားသက်ဝင်တဲ့အချိန်မှာ မပြည့်စုံမှုတွေကိုလည်း လက်ခံပေးဖို့လိုတယ်လေ …”

လင်းရီ စိတ်ထဲ ခံစားသွားခဲ့ရ၏။

ကြင်နာမှုက ကမ္ဘာလောကကြီးကို ပိုပြီး လှပသွားစေကြောင်းကို သူ နားလည်သွားခဲ့သည်။

“ သွားစို့ … ဗိုက်ပြည့်ပြီဆို ပင်လယ်ထဲ ခေါ်သွားပေးမယ် … ကမ်းခြေမှာပဲ လျှောက်သွားနေတာက ပျင်းဖို့ကောင်းတယ် …”

“ အင်း …”

လီချူးဟန် ပျော်ရွှင်စွာ ခေါင်းညိတ်လိုက်သည်။ သူမအတွက်ကတော့ လင်းရီနှင့် အတူ ရှိနေရသရွေ့ ဘယ်နေရာကိုပဲ သွားရသွားရ အဆင်ပြေသည်။ ပျင်းဖို့ကောင်းသည်ဟူသည့် အရာမျိုး ရှိမှာ မဟုတ်ပေ။

နှစ်ယောက်အတူ လမ်းလျှောက်လာရင်း ရွက်လှေငှားသည့် နေရာသို့ ရောက်ရှိလာခဲ့သည်။

ဤသည်က ဟွာရှရှိ အကြီးမားဆုံး သီးသန့် ရွက်လှေ ဆိပ်ကမ်းကြီးတစ်ခုပင်။ လင်းရီ၏ ဝမ်ကျန်းဆိပ်ကမ်းထက်ပင် အနည်းငယ် ကြီးမားနေလျက်ရှိ၏။

နောက် နှစ်အနည်းငယ်တွင် သူ၏ ဆိပ်ကမ်းက ကျော်တက်သွားတော့မှာဆိုသော်လည်း အရွယ်အစားနှင့် အရည်အသွေးကတော့ ကောင်းမွန်နေဆဲ ဖြစ်၏။

ဆိပ်ကမ်းတွင် လူ တစ်ချို့ ရှိနေပြီး အများစုက ငယ်ငယ်ရွယ်ရွယ်လေးများ ဖြစ်ကြကာ ဝတ်ကောင်းစားလှတို့ ဝတ်ဆင်ထားကြ၏။

အချို့သော မိန်းကလေးများမှာ ရေကူးဝတ်စုံများ ဝတ်ဆင်ထားကြပြီး အပေါ်တွင် ပါးလွှပြီး လှပသည့် ခြုံထည်များအား ဆင်မြန်းထားကြ၏။ အမြင်အေးပြီး ဆွဲဆောင်မှုလည်း ရှိစေသည်။

လီချူးဟန်၏ ရောက်ရှိလာမှုက နေရာရှိ လူတော်တော်များများ၏ အာရုံကို ဆွဲဆောင်သွားခဲ့သည်။

သူမ၏ အလှတရား၊ နေနှင့်လတို့ပင် မှေးမှိန်သွားလောက်စေမည့် ဆွဲဆောင်မှုက အကြည့်အများအပြားနှင့် တီးတိုး စကားသံများကို ဆူညံသွားစေခဲ့သည်။

ထိုသို့သော အခြေအနေမျိုးကို လင်းရီ ကျင့်သားရနေလေပြီ။ လူအုပ်ကြီး၏ နောက်တွင် စီတန်းရင်း လှေတစ်စင်းငှားကာ လီချူးဟန်နှင့် အတူ ပင်လယ်ထဲထွက်ပြီး ပျော်ပါးဖို့ ဟန်ပြင်လိုက်၏။

“ ဟိုးမှာ အချောလေး … ချောလိုက်တာ ကြည့်စမ်းပါဦး ….” ဆားဗစ်ကောင်တာရှိ ဆံပင်အရှည်နှင့် မိန်းကလေးတစ်ဦးက တောက်ပသည့် မျက်ဝန်းများဖြင့် ပြောလိုက်၏။

“ ငါ သတိထားမိတာကြာပေါ့ … ဒါပေမယ့် သူ့ကောင်မလေးကလည်း အလှလေးပဲနော်… သူ့ကို ကြည့်နေတဲ့ လူတွေဆို အများကြီးပဲ … မနာလိုလိုက်တာနော်… ငါသာ သူ့ရဲ့ တစ်ဝက်လောက်ပဲ ဆွဲဆောင်မှုရှိလိုက်ရင် ကြေးစား အသည်းလိုက်ခွဲလို့ ရနေပြီ ….”

“ နင်ကတော့ အဲ့တိုင်းချည်းပဲ …” ဆံပင်အရှည်နှင့် ကောင်မလေးက ရယ်မောလိုက်ပြီး “ ဒါပေမယ့် သူ့ကောင်မလေးက တကယ်လည်း လှတာ … ဟင်း … နှမြောဖို့ ကောင်းလိုက်တာနော်… သူသာ တစ်ကိုယ်တည်းဆိုလို့ကတော့ စကား သွားပြောပါတယ် ….”

“ နင်လား ပြောနိုင်မှာ … အချောလေး မြင်တာနဲ့ ခြေထောက်တွေ ပျော့ခွေ ကော့လန်နေမယ့် ကောင်မကများ …. ဟားဟား ….”

All Chapters