← Chapters

စရံ သန်းတစ်ရာ

Vol. 162 Ch. 2340

စရံ သန်းတစ်ရာ

Vol. 162 Ch. 2340

ဆံပင်အရှည်နှင့် မိန်းကလေးက ရှက်ကိုးရှက်ကန်း ဖြစ်သွားခဲ့သည်။ “ ပေါက်ကရတွေ မပြောစမ်းနဲ့ … ငါက သူနဲ့ စကားပြောမယ်လို့ပဲ ပြောတာ … တခြားထွေထူး ဘာမှ မပါပါဘူး ….”

“ အင်းပါ အင်းပါ … ငါ သဘောပေါက်ပါတယ် …. နင် မရှင်းပြလည်း ငါ သဘောပေါက်ပြီးသားပါ ….”

ထိုအချိန်မှာပဲ အသက် သုံးဆယ် အရွယ်ဝန်းကျင်ရှိ အမျိုးသား တစ်ဦးက ရောက်လာပြီး ထူးမခြားနားသည့် အမူအရာဖြင့် “ သူတို့လို ရုပ်ချောချောနဲ့ ကောင်တွေက တစ်ချက် ကြည့်လိုက်တာနဲ့ မရိုးသားတဲ့ကောင်တွေမှန်း သိသာတယ် … ချူစားတဲ့ဟာတွေက ခပ်များများနဲ့ …. သတိထား … မင်းတို့လို ငတုံးမလေးတွေ အလိမ်ခံနေရမယ် ….”

“ လျိုချွမ်း … နင် သူများကို လိုက်ပြီး စော်ကားမနေနဲ့ ….” ဆံပင်အတိုနှင့် ကောင်မလေးက ပြောလိုက်ပြီး “ လူကို အပေါ်ယံလောက်ကြည့်ပြီး လူကောင်းလား ၊ လူဆိုးလား ဝေဖန်ရအောင် နင့်ကိုယ်နင် ဘာထင်နေလို့ …”

“ ပြောနေစရာ လိုသေးလို့လား … လူတိုင်းလည်း မြင်သာနေတာကိုပဲ …” လျိုချွမ်းက ပြန်ချေပလိုက်ပြီး “ ရုပ်ချောတဲ့ကောင်တွေထဲ လက်ကြောတင်းတဲ့ကောင်တွေ မင်း မြင်ဖူးလားပြော … သူတို့ရဲ့ မျက်နှာ လှလှလေးကို အားကိုးပြီး လိုင်းပေါ်တင်မယ် … သူများတွေ မုန့်ဖိုးပေးတာကို သူတောင်းစားလို တောင်းမယ် … အင်တာနက် သူတောင်းစား တစ်ခေတ်ဆန်းတာပဲ …”

ပြောပြီးနောက် လျိုချွမ်းက လင်းရီကို ညွှန်ပြပြီး “ ပြီးတော့ အဲ့ကောင်မလေးကို ကြည့်လိုက် … ပုံစံကြည့်လိုက်ရင် အရမ်း ရိုးအမှန်းသိသာတယ် … အဲ့ကောင်ရဲ့ အပြောချိုချိုလေးတွေနဲ့ လှည့်စားခံထားရမှန်း ဘယ်သူမဆို ပြောနိုင်တယ် … ဒါကြောင့်မို့ မင်းတို့နှစ်ယောက်လည်း အဲ့လိုလူတွေကို ခေါင်းထဲ ထည့်မနေကြနဲ့ ….”

“ ငါကတော့ နင် ဒီတိုင်း မနာလို ဖြစ်နေတယ်လို့ ထင်တာပဲ … “ ဆံပင်အတိုနှင့် မိန်းကလေးက မျက်လုံးလှိမ့်လိုက်သည်။

“ မင်းတို့အဲ့မှာ စမှားတာပဲ … ငါ့မိဘတွေ နှစ်ယောက်လုံးက ပညာတတ်တွေ … ငါတို့မှာ အိမ်နှစ်လုံး အပိုင်ရှိတယ် …. ငါ့နာမည်နဲ့လည်း အိမ်တစ်လုံး ၊ ကားတစ်စင်း အပိုင်ရှိတယ် …. အရည်အချင်း ယှဉ်မယ်ဆို ငါကတောင် သူ့ထက်ပိုသာဦးမယ် ….”

“ အဲ့လိုတော့ ပြောလို့ ဘယ်ရမှာ … ငါတို့ ဒီဘက် စန်းယာ့မှာ ကုန်ကျစရိတ်က နည်းတာ မဟုတ်ဘူး … ဒီကို လာလည်နိုင်တဲ့ လူတိုင်းက အတော်လေး ချမ်းသာကြတဲ့ လူတွေချည်းပဲ ….”

“ မင်း ငယ်ပါသေးတယ် ကောင်မလေးရာ … လူတွေရဲ့ တကယ့်မျက်နှာအစစ်တွေကို မင်းမမြင်ဖူးသေးလို့ပါ …. မင်း ခဏနေ သိလာလိမ့်မယ် …”

ထိုသို့ ပြောပြီးနောက် အမျိုးသားက သူ့ အလုပ်နေရာသို့ သွားပြီး စတင် အလုပ်လုပ်ဖို့ အသင့်ဟန်ပြင်လိုက်သည်။

ထိုအချိန်တွင် လူတိုင်း၏ စကားပြောစရာ ခေါင်းစဉ်ဖြစ်နေသည့် လင်းရီနှင့် လီချူးဟန်တို့ကတော့ လူတန်းထဲတွင် တိတ်ဆိတ်စွာ တန်းစီနေကြလျက် ရှိ၏။

“ ရွှီး ရွှီး … ရို အလှလေး ….”

နှစ်ယောက် တန်းစီနေစဉ်မှာပဲ တစ်စုံတစ်ယောက်က လက်ကောက်မှုတ်ပြီး လီချူးဟန်ကို နှုတ်ဆက်လာသည်။

လင်းရီ ခေါင်းလှည့်ကြည့်လိုက်တော့ လူငယ်တစ်ချို့က သူတို့ဘေးတွင် ရောက်နေကြပြီး ပုံမှန်လေးပဲ ဝတ်စားထားကြ၏။

လီချူးဟန်၏ မျက်ခုံးတို့ အနည်းငယ် တွန့်ကွေးသွားခဲ့ပြီး မသိစိတ်အ‌လျောက် လင်းရီ၏ နောက်သို့ တိုးဝင်မိသွားခဲ့သည်။ ထိုသူများနှင့် သူမ စကားမပြောလိုပေ။

“ ငါတို့ ခဏနေ ပင်လယ်ထဲ ထွက်ကြမလို့ အတူ လိုက်ဦးမလား ….”

ဤသည်ကို မြင်တော့ လင်းရီ ဒေါသမထွက်သွားခဲ့ပေ။ ရယ်ချင်စရာ ကောင်းသည်ဟုပင် ခံစားနေရ၏။

အကယ်၍ ကျီချင်းရန်သာ ဤနေရာတွင် ရှိခဲ့မည်ဆိုပါက ၎င်းတို့အား စူးရဲသည့် အကြည့်တစ်ချက် ပေးလိုက်မည်ဖြစ်ပြီး ထိုသူများအား ရောရ မလွယ်ကူသည့် ခံစားချက်မျိုး ရရှိသွားစေလိမ့်မည်။

အကယ်၍ လျန်ရူရွှယ် ဖြစ်ခဲ့မည်ဆိုလျှင်လည်း သူမ၏ အဆင့်အတန်းကိုပါ မေ့လျော့ထားပြီး ထိုသူများကို အရှက်ရအောင် ဆဲဆိုပစ်လိမ့်မည်မှာ ကျိန်းသေသည်။

လီချူးဟန်တစ်ဦးတည်းကသာ သူ့နောက်သို့ အားကိုးတကြီးနှင့် ပြေးပုန်းလာခြင်း ဖြစ်၏။

“ ဟိုနားလေးမှာ မှန်တစ်ချပ် ထောင်ထားတယ် … အဲ့မှာ မှန်သွားကြည့်ပြီး ကိုယ်နဲ့ တန်ရာတန်ရာတွေပဲ လိုက်မှန်းစမ်းပါ …”

“ မင်း ….”

“ တော်တော့ စွန်းလေ့ … ငါတို့ ဒီလာတာ ပျော်ဖို့ … ရန်ဖြစ်ဖို့ မဟုတ်ဘူး ….”

ကောင်လေးက ကြမ်းတမ်းစွာ တုံ့ပြန်တော့မည့် အချိန်မှာပဲ သူနှင့်အတူ ပါလာသည့် အမျိုးသမီးတစ်ဦးက ဝင်ရောက်ဟန့်တားလိုက်သည်။ ဤသည်က အများပြည်သူ သွားလာလှုပ်ရှားသည့် နေရာဖြစ်သဖြင့် ရန်ဖြစ်ဖို့ မသင့်လျော်ပေ။

“ ဟမ့် … မင်း ကံကောင်းသွားတယ်လို့မှတ် ….” စွန်းလေ့က နှာမှုတ်လိုက်၏။

“ ခဏနေ အပြင်ရောက်ရင် အနီရောင်က ဘယ်လိုအရောင်လဲဆိုတာ မင်း သိအောင် ပြပေးမယ် ….”

လင်းရီ ညင်သာစွာ ခေါင်းခါယမ်းမိလိုက်သည်။ ဤလူများအား အလေးအနက်ထားမနေဘဲ လှေကားဖို့ ဆက်လက်တန်းစီနေလိုက်၏။

ဆယ့်ငါးမိနစ်ခန့် ကြာပြီးနောက် လင်းရီတို့ အလှည့်ရောက်လာပြီး သူ လျိုချွမ်းအားမေးလိုက်၏။

“ ရေငုပ်ကိရိယာတွေပါတဲ့ ရှစ်ယောက်စီး လှေတစ်စင်းဆိုရင် တစ်နာရီ ဘယ်လောက်ကျမလဲ ….”

လျိုချွမ်း လင်းရီကို ကြည့်လိုက်ပြီး “ တစ်နာရီကို ၃၂၀၀ … လှေကပ္ပတိန်ရဲ့ မောင်းပေးခက တစ်နာရီ ၁၈၀ … ကိုယ့်ရဲ့ မှတ်ပုံတင်ကို ဒီမှာ ထားခဲ့ဖို့ လိုမယ် …”

လျိုချွမ်းမှာ တစ်စုံတစ်ရာကြောင့် စိတ်တွေ ပျံ့လွင့်နေပြီး လင်းရီကို များများစားစား အာရုံထားမနေချေ။

ထိုကဲ့သို့သော ဈေးနှုန်းက သာမန်လူ တစ်ယောက် မတတ်နိုင်မည့် ပမာဏမျိုးဖြစ်၏။ တစ်ကြိမ်တစ်ခါလေး အပြင်ထွက်ဖို့ အနည်းဆုံး သောင်းဂဏန်းမျှ ကုန်ဆုံးရမည်က လူတော်တော်များများ လက်တွန့်ရလောက်သည့် ပမာဏမျိုးပင်။

ထို့ကြောင့် လီချူးဟန်ကိုပဲ သုံးလေးကြိမ်ခန့် သေချာ စိုက်ကြည့်နေခဲ့၏။

ဤအမျိုးသမီးက အနီးကပ်ကြည့်ရှုတော့မှ သူ စိတ်ကူးထားသည်ထက်ပင် ပိုလှနေသည်။ အထူးသဖြင့် သူမ ဘေးနား ဝန်းရံနေသည့် အေးချမ်းပြီး ကျော့ရှင်းလှသည့် အငွေ့အသက်တို့က မည်သည့် မိန်းကလေးတွင်မျှ မမြင်တွေ့ဖူးခဲ့သည့် အရှိန်အဝါမျိုးပင်။

“ ကပ္ပတိန် ဟုတ်လား ….” လင်းရီ ရေရွတ်လိုက်၏။

“ ပြဿနာ ရှိလို့လား … ကပ္ပတိန် မပါရင် မင်းတို့ ပင်လယ်ထဲ ဘယ်လိုမောင်းမှာ ….”

“ မလိုဘူး … ငါ့ဘာငါ မောင်းတတ်တယ် … ကပ္ပတိန်ခကို နှုတ်လိုက် … အပြင်လူတွေ ငါတို့နဲ့ အတူ ရှိနေမှာကို မလိုချင်ဘူး ….”

“ အဲ့လိုလုပ်ပေးဖို့ကတော့ မဖြစ်နိုင်ဘူး … လှေနဲ့ ကပ္ပတိန်ဆိုတာ ခွဲလို့ မရတဲ့ တစ်သားတည်းတွေ ….” လျိုချွမ်း ပြောလိုက်သည်။

“ ပြီးတော့ ကပ္ပတိန်က ပင်လယ်ခရီးမှာ လှေတစ်ခုခု ထိခိုက်သွားခဲ့ရင် ချက်ချင်း သိနိုင်သေးတယ် ….”

“ ဆိုတော့ … မင်း ပြောချင်တဲ့သဘောက ကပ္ပတိန် မပါရင် ငါ လှေကားလို့ မရဘူးပေါ့ ….”

ဝမ်ကျန်းဆိပ်ကမ်းသည်လည်း အလားတူ လည်ပတ်နေသဖြင့် ထိုသို့သော စည်းမျဉ်းစည်းကမ်းများကို နားလည်ပေးနိုင်သည်။ သို့သော် သူတို့ ဝမ်ကျန်းဆိပ်ကမ်းကတော့ ပိုပြီး ပြောင်းလွယ် ၊ ပြင်လွယ်ရှိ၏။ ကိုယ်တိုင် ရွက်လွှင့်၍လည်း ရပြီး တစ်စုံတစ်ရာ ထိခိုက်သွားခဲ့ပါက ဈေးကွက်ပေါက်ဈေးအတိုင်းပဲ ပြန်လျော်ပေးရသည်။

“ အမှန်ပဲ….”

လင်းရီ လက်လျှော့လိုက်တော့သည်။ သူက လီချူးဟန်နှင့် နှစ်ယောက်တည်း အတူ အချိန်ကုန်ဆုံးချင်သဖြင့် အပြင်လူရှိနေမည်ဆိုပါက မလွတ်မလပ် ဖြစ်ရ၏။

“ ထားလိုက်တော့ … ငါတို့ မငှားတော့ဘူး ….”

လင်းရီ တုံ့ဆိုင်းမနေဘဲ လီချူးဟန်နှင့်အတူ ထွက်ခွာဖို့ ဟန်ပြင်လိုက်သည်။

“ တကယ်လို့ မတတ်နိုင်ရင်လည်း ပိုသေးတဲ့ သုံးယောက်စီး လှေတစ်စင်း ငှားလို့ရနေတာပဲ … ဘာလို့ ဆင်ခြေတွေ ပေးနေရတာ … ပျင်းဖို့ ကောင်းလိုက်တာ ….”

လျိုချွမ်းက ထေ့ငေါ့လှောင်ပြောင်လိုက်၏။

လင်းရီ နောက်ပြန်လှည့်လာခဲ့ပြီး သူ့အား တစ်ချက်ကြည့်လိုက်သည်။ “ ငါ မတတ်နိုင်ဘူးလို့ မင်းပြောနေတာလား …”

“ ငါ အဲ့လို မပြောပါဘူး … ငါ့ကို လာပြီး မစွပ်စွဲနဲ့ ….” လျိုချွမ်းက ဂရုမစိုက်သည့် မျက်နှာပေးနှင့် ပြောလိုက်ပြီး သူ့ကိုယ်သူ အသာစီးဘက်က ရှိနေသကဲ့သို့ ပြုမူနေလျက် ရှိသည်။

“ ငါတို့ ဒီက ဈေးနှုန်းတွေက အတော်လေး မြင့်တော့ သာမန်လူတွေ မတတ်နိုင်တာ သာမန်ပဲ … ဒါတောင်မင်းက ဒီလို ဆင်ခြေမျိုးတွေ လာပေးနေတယ်ဆိုတော့ အရင်က တစ်ခါမှ မမြင်ဖူးရုံပါပဲ ….”

“ ဒီတော့ လှေပေါ်မှာ အပြင်လူ ပါတာ မလိုချင်တဲ့ ငါ့အမှားပေါ့ ဟုတ်လား ….”

“ မင်းက ကိုယ့်အတွက် ဘာက ကောင်းလဲ မသိတဲ့လူပဲ … ငါ မင်းကို လွတ်လမ်းပေးပြီးသား … ဒီတိုင်း အေးအေးဆေးဆေး ထွက်သွားလည်း ရနေတာပဲကို ဘာလို့ ပြန်လှည့်လာပြီး ငါနဲ့ အငြင်းပွားချင်နေရတာ ….”

“ မင်းက ငါနဲ့ ငြင်းရလောက်တဲ့အထိ အဆင့်မမီသေးဘူး … ဝမ်ကျန်း ဆိပ်ကမ်းမှာဆို ငါ စောနက တောင်းဆိုတဲ့ ဝန်ဆောင်မှုတွေ ရှိတယ် … မင်းတို့မှာတော့ မရှိဘူး … ကိုယ့်အမှားကိုယ် ပြင်ဆင်မယ့်အစား သူများကိုပဲ အရေးမပါတာတွေ လာပြီး အပြစ်တင်နေတယ်ဆိုတော့ မင်းတို့က အတော်လေး စိတ်ဝင်စားဖို့တော့ ကောင်းသားပဲ ….”

“ မင်းကများ ငါ့ကို လာပြောရတယ် ရှိသေး …” လျိုချွမ်း စိတ်အနှောင့်အယှက် ဖြစ်သွားခဲ့ပြီး “ ဝမ်ကျန်း ဆိပ်ကမ်းက အဲ့လို ဝန်ဆောင်မှုမျိုး ပေးတဘ်ဆိုတော့ ရတယ်လေ … ငါလည်း မင်းကို ပေးမယ် … မင်းတို့နှစ်ယောက်တည်း ပင်လယ်ထဲ သွားလို့ရတယ် … ဒါပေမယ့် ငှားခက ဈေးကြီးတယ် … မင်းတတ်နိုင်လား ….”

“ ဘယ်လောက်လဲ ပြောလိုက် ….”

“ သန်း တစ်ရာ …..”

ဟားဟားဟား …

ဤစကားကြားတော့ အနားတွင် ရပ်နေကြသည့် လူတိုင်း မနေနိုင်ဘဲ ကျယ်လောင်စွာ ရယ်မောမိသွားခဲ့ကြသည်။

“ ဒီကောင်က တကယ်ကြမ်းတာပဲ … ငှားခကို သန်းတစ်ရာတဲ့ … တမင် ခက်အောင်လုပ်နေတယ်ဆိုတာ အသိသာကြီး ….”

“ ဒင်းကိုက ဟန်များလွန်းပါတယ်ကွာ … ပင်လယ်ထဲ ထွက်မှာပါဆိုနေ ကပ္ပတိန်ကို မလိုချင်ဘူးတဲ့ … ငှားဖို့ မတတ်နိုင်ဘူးဆိုလည်း မတတ်နိုင်ဘူး ဈေးကြီးတယ်ပေါ့ … ဘာလို့ ဆင်ခြေတွေ ပေးနေတာ … လူက အမြင်ကပ်လည်း ကပ်ချင်စရာပဲ ….”

“ စိတ်ဝင်စားစရာပဲ … ဒီခပ်ချောချောနဲ့ကောင် ဘယ်လို တုံ့ပြန်မလဲဆိုတာ ငါသိချင်လာပြီ … သူတော့ သူ့အရှက်သူ ခွဲမိတာပဲ …”

အခြားလူများ၏ ဝေဖန် စကားကို လင်းရီ လျစ်လျူရှုထားပြီး သူ့ ဖုန်းကို ထုတ်လိုက်၏။

“ မင်းတို့ ကုမ္ပဏီ အကောင့်နံပါတ်က ဘာလဲ … ပိုက်ဆံ အခုချက်ချင်း လွှဲပေးလိုက်မယ် …”

All Chapters