← Chapters

အဲဒါ တကယ့်ကို အံ့အားသင့်ဖွယ်ပဲ

Vol. 23 Ch. 319

အဲဒါ တကယ့်ကို အံ့အားသင့်ဖွယ်ပဲ

Vol. 23 Ch. 319

အဲဒါကို သူလုပ်လိုက်တာလား။

လူတိုင်း၏ စိတ်ထဲတွင် တစ်ပုံစံတည်း တွေးနေသည်ဖြစ်၏။

ချန်မန်က အသံထွက်ကာ တံတွေးမျိုးချလာ၏။ အစောပိုင်းလေးကပင် သူက အန်လင်းကို လှည်းပေါ်က ပစ်ချတော့မလို့ဖြစ်သည်။ ပြန်တွေးကြည့်သောအခါ ထိုသည်မှာ အကျိုးအကြောင်းမဆီလျော်သော အယူအဆပင်။ သူသည် အန်လင်းက မည်မျှထိ စွမ်းအားကြီးသည်ကို သိပါက နောင်နှစ်တစ်ထောင်မှာပင် ထိုသို့မတွေးရဲပါချေ။

လူတိုင်းက အန်လင်းသည် အလွန်အမင်းစွမ်းအားကြီးသည့် ပုဂ္ဂိုလ်တစ်ဦးဖြစ်​သည်ကို နောက်ဆုံးတွင် လိုက်လျောညီထွေ ဖြစ်သွားပြီးနောက် သဘောထားများ ပြောင်းပြန်ပြောင်းသွားကာ သူ့အားအလေးပေး ဆက်ဆံလာကြ၏။

သူတို့သည် သူတို့ရှိသမျှ အစားအစာနှင့် ရေများ ပေးအပ်သည်။ ထိုအရာများသည် ကန္တာရခရီးသည်များအတွက် အလွန်အရေးကြီးကြသော်လည်း သူတို့သည် နောင်တမရှိပေးလာကြ၏။

ချန်မန်သည်လည်း အန်လင်းအား ရိုရိုသေသေတောင်းပန်ရန် အားစိုက်ထုတ်လာ၏။

မည်သို့ပင်ဆိုစေ အန်လင်းသည် ထိုသူတို့၏ သဘောထားကို အမှန်ပင် စိတ်ထဲမထားသည်ဖြစ်ရာ မသိလိုက်မသိဘာသာဖြင့် လက်ကို ဝေ့ယမ်းပြကာ သူတို့နေရာသူတို့ ပြန်ခိုင်းလိုက်၏။

ပိုင်ရှုယန်က အန်လင်းဘေးသို့လာကာ သူမ၏ မျက်လုံးများသည်လည်း သိသိသာသာပင် တောက်ပနေ၏။ သူမက မေးချင်သည့် မေးခွန်းများ အများအပြားရှိသော်လည်း မေးရန် အနည်းငယ်ကြောက်ရွံ့နေပေသည်။

“မင်းရဲ့ ကမ္ဘာအကြောင်းပြောပြ။ ငါက ငါ့ကမ္ဘာရဲ့ ရှု့ထောင်နဲ့ ပြန်ပြီး အခြေချကြည့်ရမယ်။ “

“ဟုတ်တယ်။ ငါက ဂြိုလ်သားပဲ” အန်လင်းက ဂရုမထားပဲ ဆိုလာ၏။

ပိုင်ရှုယန် “...”

အင်အားကြီး ပုဂ္ဂိုလ်တစ်ယောက်ဖြစ်သည့် အလျောက် သူ့၏ စကားလုံးများနှင့် အမူအရာများသည်ပင် အလွန်အမင်း ထူးခြားနေ၏။

စိတ်တည်ငြိမ်အောင် ပြန်လည်ပြုလုပ်ပြီးသည့်နောက်တွင် ပိုင်ရှုယန်က အန်လင်းအား ကျန်းချီကုန်းမြေကြီးကို အကြမ်းဖျင်း မိတ်ဆက်ပေးလိုက်၏။

သူတို့မှာ ယခုလောလောဆယ်တွင် ယွင်နိုင်ငံ ကုန်းမြေ၏ တစ်စိတ်တတစ်ပိုင်း ဖြစ်သော လွင့်မြော တိမ်တိုက် ကန္တာရထဲတွင် တည်ရှိနေသည်။

ကျန်းချီ ကုန်းမြေကြီးတွင် အံ့ချီး မီးတောက်ကြီး လေးခု၊အံ့ချီး လက်နက်များ ငါးခု နှင့်အတူ အင်ပါယာကြီး သုံးခုရှိ၏။

လွင့်မြော တိမ်တိုက် တိုင်းပြည်မှာ အိုရှင်း အင်ပါယာ၏ တွဲဆက်ပြည်နယ်တစ်ခုဖြစ်ကာ အင်ပါယာတိုင်းက တိုက်ပွဲ နတ်ဘုရားတစ်ဦးခေါင်းဆောင်အနေနှင့် ရှိလေ၏။ ထို ကန္တာရ ခရီးသွားများက လွင့်မြောတိမ်တိုက် တိုင်းပြည်၏ မြို့တော် လော့ယွင်သို့ ကုန်စည်များ သယ်ယူပို့ဆောင်းခြင်းဖြစ်သည်။

အန်လင်းက ပိုင်ရှုယန်၏ ဖော်ပြချက်ကို နား​ေထာင်ပြီး ချက်ချင်းပင် စူးစမ်းလိုစိတ်အပြည့်နှင့် မေးလာ၏။ “မင်းရဲ့ အမြင်အရဆိုရင် ငါက ကျန်းချီ ကုန်းမြေကြီး ပေါ်မှာ ဘယ်အဆင့် စစ်သည်တော် ဖြစ်မလဲ”

ပိုင်ရှုယန်၏ မျက်နှာသည် ဖြူဖြော့သွားပြီးနောက်  အလန့်တကြားပြန်ဖြေလာ၏။ “စီနီယာ၊ရှင့်ရဲ့အားအင်က ကျွန်မတွေ့ဖူးသမျှအားလုံးရဲ့ အထက်မှာပဲ။ ကျွန်မရှင့်ရဲ့ အားအင်ကို မဆုံးဖြတ်ပေးရဲပါဘူးရှင်”

ကျန်းချီ ကုန်းမြေကြီးမှာ အားအင်အထူးပြု ကမ္ဘာကြီးဖြစ်ပြီး သင့်ထက် သန်မာသော တစ်စုံတစ်ယောက်၏ အားအင်ကို ဆုံးဖြတ်ပေးသည်မှာ အလွန်အမင်း မလေးမစားသည့်အပြုအမူဖြစ်၏။ သူမက အန်လင်းကို သူမ၏ နှလုံးသားထဲမှ လေးစားသည်ဖြစ်ရာ သူ့မေးခွန်း၏ အဖြေကို မပေးရဲပဲရှိနေ၏။

“အဲဒါဆို တိုက်ပွဲဘုရင်က ငါအခုပြသလိုက်တဲ့ အားအင်မျိုးကို လုပ်နိုင်တယ်လို့ ထင်လား” အန်လင်းက တစ်ခြားရှုထောင့်မှ စမ်းကြည့်လေ၏။

ပိုင်ရှုယန်က သူ၏ စကားများကြောင့် တုံ့ဆိုင်းနေကာ အချိန်အတော်ကြာ တွေဝေနေပြီးမှ ပြန်ဖြေလာ၏။ “ကျွန်မရဲ့ သက်တမ်းတိုတိုလေးမှာ အများကြီးတော့ မတွေ့ဖူးဘူး။ ဒါပေမဲ့ တစ်ခါတော့ တိုက်ပွဲဘုရင်တွေကြားက တိုက်ပွဲကို မြင်ဖူးတယ်။ ဒါပေမဲ့ ကျွန်မပြောနိုင်ကတော့ အဲ့လို ကြေညက်မက်ဖွယ် တိုက်ခိုက်မှုကို ပြုလုပ်နိုင်တဲ့ တိုက်ပွဲ ဘုရင်တွေကိုတစ်ခါမှ မမြင်ခဲ့ဖူးဘူး”

အန်လင်းက ခေါင်းငြိမ့်လိုက်၏။ ယခု ဓားချက်မှာ သူ့ဓား၏ အခြေခံ အေးဆေးတည်ငြိမ်သော လှိုင်းလေးပင်။ ထိုအဓိပ္ပာယ်မှာ သူသည် ယခုကုန်းမြေကြီးပေါ်တွင် အနည်းဆုံးတော့ တိုက်ပွဲ ဧကရာဇ်အဆင့် စစ်သည်တော်တစ်ဦးနှင့် တူညီလေသည်။

တိုက်ပွဲဆရာကြီး၊တိုက်ပွဲ စိတ်ဝိညာဉ်၊တိုက်ပွဲ ဘုရင်၊တိုက်ပွဲ ဧကရာဇ်၊တိုက်ပွဲ ပညာရှိနှင့် တိုက်ပွဲ နတ်ဘုရား။ ထိုသည်တို့မှာ ဤကုန်းမြေကြီးပေါ်ရှိ စစ်သည်တော်များအတွက် အဆင့်သတ်မှတ်ချက် ငယ်စဥ္ကြီးလိုက်ဖြစ်၏။ ကြည့်ရသလောက်ဆိုလျှင် လွင့်မြောတိမ်တိုက် နိုင်ငံတွင် အင်အားအကြီးဆုံး စစ်သည်တော်မှာ တိုက်ပွဲ ဧကရာဇ်အဆင့်သာဖြစ်ပြီး တိုက်ပွဲ ပညာရှိမှာ စစ်သည်တော် ပိရမစ်၏ ထိပ်ပိုင်းတွင်ဖြစ်သည်။ တိုက်ပွဲ နတ်ဘုရားများသည်ကတော့ ထိုပိရမစ်၏ ထိပ်ဆုံးတွင်ရှိကြသော စွမ်းအားထက် ဖြစ်တည်မှုများ ဖြစ်ကာ ကုန်းမြေကြီး တစ်ခုလုံးပေါ်တွင်လည်း သုံးယောက်သာရှိသည် ဖြစ်၏။ အန်လင်းသည် ထိုသူများမည်မျှထိ စွမ်းအားကြီးသည်ကို အလွန်အမင်းသိချင်နေတော့သည်။

ပိုင်ရှုယန်သည် အချိန်အတော်ကြာထိ တိတ်ဆိတ်နေပြီးနောက် သူမကို စိတ်အနှောက်အယှက်ပေးနေသော တွေ့ရှိချက်တစ်ခုအား ထုတ်ဖော်ရန် သတ္တိများ စုစည်းလိုက်၏။ “စီနီဟာ အန်လင်း၊ရှင်သုံးလိုက်တဲ့ စွမ်းအင်ကလေ ...ကျွန်မနဲ့ အတော်လေး မရင်းနှီးဘူးလို့ ခံစားရတယ်”

“မင်းပြောချင်တာက အဲဒါ တိုက်ပွဲချီမဟုတ်ဘူးလို့လား” အန်လင်းက အပြုံးဖြင့် မေးလာ၏။

“ဟုတ်တယ်...” ပိုင်ရှုယန်က စိတ်လှုပ်ရှားစွာ ခေါင်းငြိမ့်ပြီး အန်လင်းက ယခုစကားဝိုင်း၏ ခေါင်းစည်းကို ဆန့်ကျင်သည့် ပုံမရသည်ကို စူးစမ်းပြီးသည့်အခါမှ ဆက်ပြောရဲလေ၏။ “ကျွန်မတို့လို တိုက်ပွဲချီနဲ့ လေ့ကျင့်ခံခဲ့ရတဲ့လူတွေက တိုက်ပွဲထဲက တိုက်ပွဲချီ စီးဆင်းမှုကို ထောက်လှမ်းနိုင်တယ်။ ကျွန်မက ရှင်ခုဏက သုံးလိုက်တဲ့ ဓားချက်မှာ စွမ်းအင်ပမာဏ အများကြီးကိုပဲ ထောက်လှမ်းနိုင်ပြီးတော့ တိုက်ပွဲချီတော့ မပါဘူး ...”

အန်လင်းက ခပ်ဖွဖွ ပြုံးလိုက်ပြီးနောက် “အဲ့အကြောင်းကို အများကြီး တွေးမနေနဲ့”

ပိုင်ရှုယန်က နာနာခံခံခေါင်းငြိမ့်ကာ အဖြေကို ဆက်လက် အစ်အောက် မမေးရဲပါချေ။

အန်လင်းက ယခု ဘာတွေဖြစ်နေသလဲ ဆိုသည်ကို နားလည်စပြုလာပြီဖြစ်သည်။ တိုက်ပွဲချီဆိုတာ ဒီကုန်းမြေကြီးပေါ်မှာပဲတည်ရှိတဲ့ စွမ်းအင်တစ်မျိုးဖြစ်မည်။ သို့သော် သူ့အသုံးပြုလိုက်သည့် သက်ရှိစွမ်းအင်မှာ ပျံ့နှံ့တည်ရှိစွမ်းအင်မျိုးဖြစ်ကာ မည်သည့်နေရာတွင်မဆိုအသုံးပြုနိုင်၏။

စွမ်းအင်အမျိုးအစားတစ်ခုက တစ်ခြားတစ်ခုထက် သာလွန်နေမလားဆိုသည်ကို သူမသိသော်လည်း တိုက်ပွဲချီသည် သက်ရှိများကို ဆင့်ကဲပြောင်းလဲစေနိုင်သောကြောင့် အထင်မသေးသင့်ပါချေ။

သူတို့သည် လော့ယွင်မြို့သို့ နောက်တစ်နေ့တွင် ရောက်လာခဲ့၏။

အန်လင်းက သူ့ရှေ့ရှိ ခန်းနားလှသည့်မြို့ကြီးအားငေးကြည့်ကာ လူများပြည့်နှက် စည်ကားနေသည့် လမ်းမထက်ကို ငေးကြည့်ရင်း စိတ်လှုပ်ရှားစွာ သက်ပျင်းမချပဲ မနေနိုင်တော့ပါပေ။ နောက်ဆုံးတော့ သူက ဝိညာဥ္ကူးပြောင်းလာခြင်းပင် ....

“စီနီယာ အန်လင်း၊ရှုယန်က အခုထွက်သွားပါတော့မယ်။ တစ်ခုခုများ အလိုရှိခဲ့ရင် ပိုင်နန်တော်ကိုလာပြီး ကျွန်မကို ရှာလိုက်ပါ”

ပိုင်ရှုယန်က ခပ်ဖွဖွ အရိုအသေပေးကာ အန်လင်းအား နှုတ်ဆက်လိုက်တော့၏။

သူမ စကားကြောင့် အန်လင်း၏ မျက်လုံးများက  အရောင်တောက်လာကာ “ငါအခုချက်ချင္းကို လိုနေတာ တစ်ခုရှိတယ်။ ငါမြေပုံတစ်ခုကို ဘယ်နားကဝယ်လို့ရမလဲသိလား။ ပိုအသေးစိတ်ကျတဲ့မြေပုံဖြစ်လေ ပိုကောင်းလေပဲ”

ပိုင်ရှုယန်က ခပ်ဖွဖွပြုံးကာ “ရှင် ကျွန်မနဲ့ ပိုင်နန်းတော်ကို ပြန်လိုက်ခဲ့လို့ရတယ်။ အဲ့မှာ ဒီကုန်မြေကြီး တစ်ခုလုံးရဲ့ မြေပုံရှိတယ် ဒါပေမဲ့ အိုရှင်းအင်ပါယာအတွင်းထဲက ပိုင်နက်နယ်​မြေကိုပဲ သေချာအသေးစိတ် မှတ်တမ်းတင်ထားတာ”

အန်လင်းက ခေါင်းညိမ့်ကာ ပိုင်ရှုယန်နှင့်အတူ ပိုင်နန်းတော်ဆီသို့ အဖော်ပြုလိုက်လာတော့၏။

ပိုရှုယန်သည် လွင့်မြောတိမ်တိုက်တိုင်းပြည်မှဗိုလ်ချုပ်တစ်ဦး၏ သမီးဖြစ်၏။ သူမက ပိုင်နန်းတော်အတွင်း၌ အာဏာအများကြီးမရှိသော်လည်း အန်လင်းအား စာအုပ်တစ်ချို့ငှားရန် စာကြည့်တိုက်ထဲသို့ ခေါ်သွားနိုင်သော အခွင့်အာဏာတော့ရှိ​ေလသည်။

အန်လင်းက စာကြည့်တိုက်ထဲတွင် ကျန်းချီကုန်းမြေကြီးတစ်ခုလုံး၏ မြေပုံကိုတွေ့လိုက်၏။ မြေပုံပေါ်တွင် အိုရှင်း အင်ပါယာ၊ရှီလင်း အင်ပါယာနှင့် ပေးဟောင် အင်ပါယာတို့မှာ အထင်ရှားဆုံးဖြစ်ကာ လွင့်မြောတိမ်တိုက် နိုင်ငံသည် အိုရှင်းအင်ပါယာ၏ နယ်နမိတ်ပေါ်ရှိ တွဲဆက်ပြည်နယ်လေးတစ်ခုသာဖြစ်သည်။ မြေပုံပေါ်မှ တခြားနိုင်ငံများနှင့် နှိုင်းယှဥ္ပါကမူ ထိုသည်မှာ အလွန်သေးငယ်သည့်ပမာဏ အဖြစ်ဖော်ပြရမည်ဖြစ်၏။

ကုန်းမြေကြီး တစ်လျောက် ​​ကျော်ကြားသောအံ့ချီးမီးတောက်ကြီးလေးခုနှင့် အံ့ချီးလက်နက်ငါးခုလဲ ရှိလေ၏။ ၄င်းတို့မှာ ရှေ့ဟောင်းကုန်းပြင်နယ်ပယ် တစ်လျှောက်တွင် ပြန့်နှံ့နေသည်ဟု ပြောကြ၏။

သိရသလောက်ဆိုလျင် အိုရှင်းအင်ပါယာ၏ တိုက်ပွဲနတ်ဘုရား ရှုမင်တွင် အံ့ချီး လက်နက်တစ်ခုပိုင်ဆိုင်ထားပြီး ပေးဟောင်အင်ပါယာ၏ တိုက်ပွဲ ဧကရာဇ် ဇီယန်တွင် အံ့ချီးမီးတောက်တစ်ခုပိုင်ဆိုင်ထားလေသည်။ ကျန်ရစ်သည့် အံ့ချီးမီးတောက်များနှင့် အံ့ချီးလက်နက်များမှာ မည်သည့်နေရာတွင်ရှိနေသည်ကို မသိရပါ။

ဟုတ်ပြီ။ သူက ရှေးဟောင်းကုန်းပြင်နယ်ပယ်ကို သွားပြီးရှာဖွေမည်ဟု ဆုံးဖြတ်လိုက်၏။

ဆုံးဖြတ်ချက်ချပြီးသည့်အခါတွင်တော့ မုတ်ဆိတ်ရှည်ရှည်နှင့် သက်လတ်ပိုင်း အမျိုးသားတစ်ဦးက စာကြည့်တိုက်ထဲရှိ ပိုင်ရှုယန်ဆီသို့ လျောက်လာ၏။

“ယန်လေး ဘုရားမတာပဲ မင်းပြန်ရောက်လာပြီ”

“အခုက ကမ္ဘာကြီးက အရမ်းလုံခြုံတဲ့နေရာ မဟုတ်တော့ဘူး။ နန်တော်ထဲမှာပဲနေ။ အပြင်ထွက်ပြီး ဆေးဖက်ဆိုင်ရာ ပါဝင်ပစ္စည်းတွေ စွန့်စားရှာမနေနဲ့တော့”

ထိုသူက တည်ငြိမ်လှသောလေသံဖြင့် ပြောသော်လည်း သူ့အသံမှာ ငြင်းလို့မရနိုင်သော အာဏာစက်ဖြင့် လှောင်ပိတ်နေ၏။

“အဖေ ကျွန်မတော့ အဲ့လိုမလုပ်နိုင်ဘူး။ ကျွန်မက ဆရာဝန်တစ်ယောက်လေ” ပိုင်ရှုယန်က ငြင်းဆိုလာ၏။

သူမ၏ အလုပ်အကိုင်အတွင် အရေးအကြီးဆုံးမှာ လက်တွေ့အတွေ့အကြုံများ စုစည်းရန်ပင်ဖြစ်၏။ သူမက နန်တော်ထဲ၌ပင် တစ်ချိန်လုံးနေနေပါက မည်သည့်တိုးတက်မှုမှ ရှိလိမ့်မည်မဟုတ်ပါချေ။

လူကြီးက ခေါင်းခါလိုက်ကာ”အဖေက မင်းကို တားချင်လို့ တားနေတာမဟုတ်ပါဘူး။ သကျောင်းနိုင်ငံမှာ ဘာဖြစ်သွားသလဲဆိုတာ မင်းမကြားဘူးလား”

“သကျောင်းနိုင်ငံမှာ ဘာဖြစ်လို့လဲ” ပိုင်ရှုယန်က မည်သည့်သတင်းမှ မရသေးတာ သိသိသာသာပင်။

လူကြီးက တည်တည်ကြည်ကြည်နှင့် ပြောလာ၏။

“သကျောင်းနိုင်ငံရဲ့ ဘုရင်က အသတ်ခံလိုက်ရပြီ။ ကြားရသလောက်တော့ သူလိုချင်တက်မက်မိတဲ့အမျိုးသမီးကို အဓမ္မတွန်းအားပေးဖို့ ကြိုးစားရင်းနဲ့ အဲ့ဒီ့အမျိုးသမီးရဲ့ အသတ်ခံလိုက်ရတာတဲ့။ နောက်ဆက်တွဲတိုက်ပွဲကြောင့် တော်ဝင်နန်းတော်ထဲက အားကောင်းမောင်းသန် စစ်သည်တော်တွေ အားလုံးနီးပါး သေဆုံးပြီး ဒဏ်ရာရတယ် ..သကျောင်း နိုင်ငံကလည်း လုံး၀မငြိမ်မသက်ဖြစ်နေပြီးတော့ နိုင်ငံတဝှမ်းလုံး  အဓိကရုဏ်းတွေ ဆူပူအုံကြွမှုတွေ ဖြစ်နေတယ်”

အန်လင်းက သူ့စကားများကို အနည်းငယ်စိတ်ဝင်စားနေ၏။ သကျောင်းနိုင်ငံက လွင့်မြောတိမ်တိုက်နိုင်ငံရဲ့ အိမ်နီးချင်း မဟုတ်ဘူးလား။ သူတို့ရဲ့ ဘုရင်က လွင့်မြောတိမ်တိုက်နိုင်ငံက ဘုရင်လိုပဲ တိုက်ပွဲဧကရာဇ် အဆင့်လောက်ရှိသင့်သည်။ ထိုသို့ဆိုပါက အထက်ကပြောခဲ့သည့် အမျိုးသမီးသည် အတော်အတန် အစွမ်းထက်ပေလိမ့်မည်။

သူသည် တပါးသူ၏ ကံဆိုးခြင်း၌ အနည်းငယ် စိတ်ပျော်ရွှင်နေသည်ကို ဝန်ခံရပေလိမ့်မည်။ အမျိုးသမီးတစ်ဦးအား အတင်းအဓမ္မသိမ်းပိုက်ရန် ကြိုးစားခြင်းက အသက်ဆုံးစေသည်မှာ ထိုဘုရင်အတွက် ထိုက်တန်ပေ၏။

“အဲ့ အမျိုးသမီးက ဘယ်သူလဲ။ သူက ဘယ်လိုလုပ် အဲ့လောက်ထိ သန်မာနေရတာလဲ” ပိုင်ရှုယန်၏ အမူအရာများမှာ ထိန့်လန့်မှုနှင့် သိလိုစိတ်များ ပြည့်နှက်နေ၏။

လူကြီးက ခေါင်းခါကာ မျက်မှောင် ခပ်ဖွဖွကြုတ်ရင်း ဆိုလာ၏။ “အဲဒါက ထူးဆန်းတာပဲ။ သူမက ငါတို့ရဲ့ အစွမ်းထက် စစ်သည်တော်မှတ်တမ်းတွေနဲ့ တစ်ခုမှမကိုက်ဘူး။ သူမရဲ့ လက်နက်က အတော်လေးထူးဆန်းတဲ့ အပြာရောင် လရောင်ဝိုင်းတစ်ခုပဲ။ သူမက အတော်လေး လျှို့ဝှက်ဆန်းကြယ်တဲ့လူဖြစ်ပြီးတော့ သူမပြောတဲ့ စကားကလည်း နိုင်ငံခြားက နားမလည်နိုင်တဲ့ ဘာသာစကားတဲ့ ...ဘာပဲဖြစ်ဖြစ် ငါပြောချင်တာက မင်းနန်းတော်အပြင်ကိုထွက်ပြီး မစွန့်စားခင် ဒါတွေ အကုန် ငြိမ်သွားအောင် စောင့်လိုက်အုံး”

လူကြီး၏စကားများသည် အန်လင်း၏ ခေါင်းထဲ၌ မိုးခြိမ်းသံတစ်ခု ကဲ့သို့ပင်။

အပြာရောင် လရောင်ဝိုင်း။ နားမလည်နိုင်တဲ့ ဘာသာစကား။

သူ့အားစိတ်လှုပ်ရှားမှုကြောင့် တုန်ရီလာစေသော အတွေးတစ်ခုက သူ့စိ်တ်ထဲတွင် ရုတ်တရက်ပေါ်လာလေ၏။

***

All Chapters