← Chapters

အစ်ကိုကြီးလင်းလား ... သူ အိပ်နေတယ်

Vol. 162 Ch. 2342

အစ်ကိုကြီးလင်းလား ... သူ အိပ်နေတယ်

Vol. 162 Ch. 2342

နွေးထွေးသည့် ခံစားချက် တစ်ခုက လင်းရီ၏ နှလုံးသားထဲ စီးဝင်လာခဲ့သည်။

သူ့အနားတွင် ဝန်းရံနေသည့် အလင်းတန်းတို့က သူမထံမှ ထွက်ပေါ်လာသည့်နှယ် ခံစားနေရသည်။

“ သွားကြစို့ … ရေအောက် ကမ္ဘာကြီးကို အတူကြည့်ကြမယ် …”

လီချူးဟန် ခေါင်းညိတ်လိုက်ပြီး သူမ ကြည့်ရသည်မှာ စိတ်လှုပ်ရှားနေဟန်ပင်။

သေးသွယ်သည့် သူမ၏ ခါးကို လင်းရီ လက်မောင်းဖြင့် ပွေ့ဖက်ထားရင်း ပင်လယ်ရေအောက်သို့ ငုပ်လိုက်၏။

အပြာရောင် ကမ္ဘာကြီးက ချက်ချင်း ဆိုသလို သူတို့ရှေ့တွင် ထွက်ပေါ်လာပြီး အရောင်စုံသည့် ငါးများက အုပ်စုလိုက် ကူးခတ်နေကာ ရေထဲတွင် သက်တံမျဉ်းတန်းတစ်ခုကို ဖန်တီးနေလျက် ရှိ၏။

လီချူးဟန်၏ မျက်ဝန်းများသည်လည်း ထိုအချင်းအရာ၏ ဖမ်းစားခြင်းကို ခံလိုက်ရ၏။

သူမ၏ နှုတ်ခမ်းထောင့်စွန်းတို့က ကဗျာဆန်ဆန် အပေါ်သို့ ကွေးညွှတ်သွားခဲ့ပြီး သဘာဝအလျောက် ပျော်ရွှင်နေသည့် စိတ်ခံစားချက်တို့ကို မျက်ဝန်းတစ်စုံက မည်သို့မျှ ဖုံးကွယ်မထားနိုင်ချေ။

လင်းရီ၏ အမြင်တွင် လီချူးဟန်က လူတိုင်းထက်ကို ဖြူစင်ပြီး အပြစ်ကင်းစင်သည့် ကလေးလေး တစ်ယောက်ဖြစ်သည်။ သူမက စိုးရိမ်ကြောင့်ကြမဲ့စွာ နေချင်သည်။ သို့သော် ကောင်းကင်ကြီးက ထိုသို့သော အခွင့်အရေးကို မပေးအပ်ခဲ့ပေ။ အနှီ စိတ်ခံစားချက်တို့အား သူမ၏ ရင်ဘက် အတွင်းထဲ၌သာ မြှုပ်နှံထားရ၏။

သို့သော် ဤ ရေအောက်လောကကြီးထဲတွင်တော့ လီချူးဟန် အရာအားလုံးကို လွှတ်ချနိုင်သည်။

သူမ စိတ်တိုင်းကျ လွတ်လပ်နိုင်ပြီး စစ်မှန်သည့် သူမ၏ ဘက်ခြမ်းကို အပြည့်အဝ ပြသနိုင်သည်။ ဤလောကကြီးထဲတွင် အပြည့်အ၀ နှစ်ဝင်ခံစား ပျော်ရွှင်နိုင်သည်။

ထို့နောက် လင်းရီသည် လီချူးဟန်ကို ပို၍ နက်ရှိုင်းသည့်နေရာသို့ ခေါ်ဆောင်သွားပြီး အလင်းရောင်သည်လည်း ဖြည်းဖြည်းချင်း မှိန်ပျလာခဲ့၏။ သို့သော် ယင်းက သူတို့၏ အမြင်ကို အနှောင့်အယှက် မဖြစ်စေခဲ့ပေ။

ဟိုမှဒီ ကူးခတ်နေကြသည့် ငါးအရေအတွက်က ပို၍ပင် များပြားလာခဲ့၏။

သူတို့ ဖြတ်သွားသည့် အချိန်၌ ငါးများအားလုံးက လင်းရီတို့ နှစ်ဦးအနား ဝိုင်းရံလာကြပြီး သူတို့ ပတ်လည်ဝန်းကျင်တွင် အကာအရံတစ်ခုနှယ် ဖြစ်လို့နေသည်။

ထိုအချိန်တွင် လီချူးဟန် သူမ၏ ခေါင်းကို ရုတ်ချည်းလှည့်လိုက်ပြီး အံ့အားသင့်သည့် စိတ်ခံစားချက်ကိုတော့ မျက်ဝန်းထဲ မဖုံးကွယ်နိုင်ခဲ့ချေ။

လင်းရီ ပြုံးလျက် ခေါင်းညိတ်ပြလိုက်ပြီး သူမနှင့် အတူ ရေအောက်သို့ ဆက်လက် ကူးခတ်သွားလိုက်၏။ အကြောင်းမူကား လီချူးဟန်က အရှေ့တွင် သန္တာကျောက်တန်း တစ်ခုကို မြင်တွေ့သွားခဲ့သောကြောင့်ပင်။

သူတို့တွေ သန္တာကျောက်တန်း အနီးသို့ ရောက်ရှိလာခဲ့ကြပြီး လီချူးဟန်က သန္တာကျောက်တုန်းကို မမှိတ်မသုန် စိုက်ကြည့်နေသည်။ ပထမဆုံးအကြိမ် ငါးပြတိုက်သို့ ရောက်ရှိလာသည့် ကလေးလေး တစ်ဦးနှယ် အရာအားလုံးကို သိချင်စိတ် ပြင်းပြနေတော့သည်။

စိုလွင်သည့် အရောင်အဆင်း၊ ပုံသဏ္ဌာန် အရွယ်အစား အမျိုးမျိုးနှင့် …

ထိပ်တန်း ခွဲစိတ်ဆရာဝန်တစ်ဦး အတွက်ပင် ဤသည်က လေးစားမှုပေးအပ်သင့်သည့် ဘဝ၏ အခြားသော အခြေအနေတစ်ရပ်ပင်။

သန္တာကျောက်တန်းကို စူးစမ်းပြီးနောက် လင်းရီက လီချူးဟန်၏ အနေအထားကို ချိန်ညှိပေးပြီး သူမကို သူ့ကျောပေါ်သို့ တက်စေလိုက်သည်။ ပြီးသည့်နောက် သူမကို သယ်ဆောင်ကာ ရေပြင်ညီအတိုင်း ပင်လယ်ထဲ၌ လက်ပစ်ကူးနေတော့၏။

ရေအောက်ထဲတွင် အချိန်က နှေးကွေးသွားခဲ့ပြီး မသိလိုက်ခင်မှာပဲ အချိန်တစ်နာရီနီးပါးခန့် ကုန်ဆုံးသွားခဲ့၏။ ရေငုပ်ဝတ်စုံရှိ အောက်ဆီဂျင်မီတာကလည်း ကုန်ဆုံးတော့မည် ဖြစ်ကြောင်း အချက်ပေးသံတို့ မြည်ဟည်းနေသည်။ လင်းရီ သူ၏ အနေအထားကို ပြန်လည် ချိန်ညှိလိုက်ပြီး လီချူးဟန်နှင့် အတူ လှေပေါ်သို့ ပြန်တက်ဖို့ ဟန်ပြင်လိုက်၏။

မိနစ် အနည်းငယ် ကြာပြီးနောက် သူတို့တွေ ရေအထက် ပြန်ပေါ်လာခဲ့ကြပြီး အောက်ဆီဂျင် မျက်နှာဖုံးများကို ချွတ်လိုက်ကြသည်။

“ ဘယ်လို ခံစားရလဲ …”

အားမရသေးသည့် စိတ်ခံစားချက်က လီချူးဟန်၏ မျက်နှာထက်တွင် အထင်းသား ဖြစ်ပေါ်နေပြီး လေးလံစွာ ခေါင်းညိတ်လာသည်။

“ ငါ အရင်က ဒါမျိုး တစ်ခါမှ မလုပ်ဖူးဘူး ….”

“ နောင်ကျ ထပ်လာကြတာပေါ့ … ငါတို့ မြို့မှာလည်း ဆိပ်ကမ်းရှိတာပဲဟာ တကယ်လို့ စိတ်ပါရင် အချိန်မရွေး ရေငုပ်လို့ရနေတာပဲ ….”

လီချူးဟန်က သူမ၏ ခေါင်းကို ခါယမ်းလိုက်သည်။ “ တစ်ခါတည်းဆို လုံလောက်ပါပြီ … အများကြီး လုပ်ရင် ပျော်ဖို့ကောင်းတော့မှာ မဟုတ်ဘူး ….”

“ အရူးမလေး … မင်းက သိပ်ရောင့်ရဲလွန်းတာပဲ ….”

လီချူးဟန် ညင်သာစွာ ပြုံးပြလာခဲ့၏။ ဂလက်ဆီကြီး တစ်ခုလုံးကိုပင် ပေးအပ်ချင်လောက်စေသည်အထိ ဆွဲဆောင်မှု ရှိလွန်းလှ၏။

နှစ်ယောက်မှာ လှေပေါ်သို့ ပြန်ရောက်လာခဲ့ကြသည်။ တစ်ကိုယ်လုံး ပင်လယ်ရေများနှင့် ရွှဲနစ်နေသဖြင့် ရေအတူ ချိုးကြ၏။

ရေချိုးနေစဉ် အတောအတွင်း လင်းရီသည် အခြေအနေကို လိုက်၍ လီချူးဟန်ကို အနည်းငယ် အခွင့်ကောင်း ယူလိုက်သေးသည်။

ပင်လယ်ထဲတွင် ခေတ္တခန့် ဆော့ကစားပြီးနောက် သူတို့တွေ ကမ်းခြေသို့ ပြန်လာခဲ့ကြသည်။ ထို့နောက် ဒေသတွင်းရှိ ရှော့ပင်းမောများသို့ သွားပြီး လီချူးဟန်အတွက် အင်္ကျီ အဝတ်အစားများ ဝယ်ပေး၏။ နှစ်သစ်ကူးကလည်း နီးကပ်လာပြီ ဖြစ်သဖြင့် အချိန်ကိုက်ပင်။

ဈေးဝယ်ထွက်ပြီးနောက် စုံတွဲက တည်းခိုခန်းသို့ ဦးတည်လိုက်ကြ၏။

ဤတစ်ကြိမ်တွင်တော့ သူတို့တွေ ကြယ်ငါးပွင့် ဟိုတယ်၌ မတည်းခိုဘဲ ထိုအစား နေရာရှုခင်းကောင်းမွန်သည့် အိမ်တစ်လုံးတွင် ငှားနေလိုက်ကြသည်။

အိမ်ပိုင်ရှင်က စားသောက်ဆိုင် အသေးစားလေးပင် ဖွင့်ထားပြီး နေရာအနှံ့နှံ့က လာရောက်လည်ပတ်သူများလည်း ရှိနေသည်။

ပြန်ရောက်လာခဲ့ပြီးနောက် စားသောက်ဆိုင်တွင် အရက်အတူသောက်ကြပြီး နေရာမျိုးစုံက ရောက်လာကြသည့် ခရီးသွားဧည့်သည်များနှင့် စကားလက်ဆုံကြကာ မိတ်ဆွေဖွဲ့နေကြသည်။ ဤသည်က လင်းရီကို ဘဝကြီးက အင်မတန် သာယာအေးချမ်းသည်ဟူသော ခံစားချက်မျိုး ဖြစ်ပေါ်စေသည်။

စကားပြောကောင်းလွန်းသွားသဖြင့် ညဉ့်နက်ပိုင်းမှ အိပ်ရာဝင်နိုင်ပြီး နောက်တစ်နေ့ နံနက်ခင်းတွင်တော့ မနက် ဆယ်နာရီ ထိုးပြီးသည့် အချိန်မှသာ အိပ်ရာက နိုးလာသည်။

မျက်နှာသစ်၊ သွားတိုက် ၊ ကိုယ်လက်သန့်စင်ပြီးနောက် လင်းရီသည် လီချူးဟန်ကို စန်းယာ့၏ အခြားသော နေရာများသို့ အလည်အပတ် ခေါ်သွားပေးသည်။

နောက်ဆုံးတွင်မှ ကျိုးဟိုင်သို့ ပြန်လာခဲ့ကြ၏။

လေယာဉ်ပေါ်က ဆင်းပြီးနောက် လင်းရီသည် လီချူးဟန်ကို လိုက်ပို့ပေးပြီး တက္ကစီ စီးကာ ကျီချင်းရန်၏ အိမ်သို့ ပြန်ရောက်လာခဲ့သည်။

အိမ်အပြန် လမ်းတွင် လင်းရီ သူ့နာရီကို တစ်ချက် ငုံ့ကြည့်လိုက်တော့ ငါးနာရီ ကျော်နေလေပြီ။

နေ့ရက်များကို ရေတွက်ကြည့်လိုက်တော့ နှစ်သစ်ကူးက နောက်လာမည့် နှစ်ရက်တွင် ဖြစ်၏။

ဒီနှစ်တော့ ကျိုးဟိုင်မှာပဲ နှစ်သစ်ကူးရမယ်ဆိုတော့ အလုပ်ရှုပ်စရာ သိပ်များများစားစား ရှိမယ်တော့ မထင်ဘူး … ဒါပေမယ့် အချိန်ရှာပြီး ဝမ်ရင်းနဲ့ ရန်စီတို့ဆီတော့ သွားလည်ရမယ် ….

ပြီးတော့ လီရှန်းဟွေ့ရဲ့ ကိစ္စလည်း စီစဉ်ပေးရဦးမယ် ….

သူ ပြန်ရောက်သည့် အချိန်၌ ကျီအန်းထိုက်တို့ စုံတွဲက အိမ်တွင် ရှိမနေကြချေ။ ဟော်ယွမ်ယွမ်ကတော့ ဧည့်ခန်းတွင် ရှိနေပြီး ကျီချင်းရန်နှင့် အတူ စကားပြောဆိုနေသည်။

သို့သော် သူအထဲသို့ ရောက်သည်နှင့် နှစ်ယောက်လုံးက သူ့အား ထူးဆန်းသည့် အကြည့်များဖြင့် ကြည့်နေသည်ကို သတိထားမိလိုက်သည်။ ယင်းက လင်းရီကို အတော်လေး မသက်မသာ ဖြစ်စေသည်။

“ ဘာလို့ ငါ့ကို အဲ့လိုမျိုး လာကြည့်နေတာ ….”

“ ရှင် ဒီကို ဘယ်လိုရောက်လာတာလဲ ….” ဟော်ယွမ်ယွမ်က လင်းရီကို တည့်တည့်စိုက်ကြည့်ပြီး မေးလိုက်သည်။

“ မင်းဘာတွေ လာပြောနေတာ … ငါ့အိမ်ငါတောင် ပြန်လာလို့ မရဘူးလားဟ ….”

“ ကျွန်မ အခုလေးတင်ပဲ ကောင်းကျုံးယွမ်နဲ့ ဖုန်းပြောပြီးတာ သူ ပြောတာ ရှင် သူတို့နဲ့ အတူရှိနေတယ်တဲ့ ….”

လင်းရီ “ …. “

သေစမ်း ….

လင်းရီ စိတ်ထဲ၌ ကျယ်လောင်စွာ အော်ဟစ်မိသွားခဲ့ပြီး တစ်ကိုယ်လုံး အေးစိမ့်သွားခဲ့တော့၏။

ဤအတောအတွင်း လီချူးဟန်နှင့် နှစ်ယောက်တည်း ကမ္ဘာ ဖြစ်နေသဖြင့် ချင်းဟန်နှင့် ကျန်သူများကို မေ့လျော့သွားခဲ့၏။

ဤသည်ကတော့ ကိုယ့်သေတွင်းကိုယ် တူးခြင်းပင်။

ကျီချင်းရန်နှင့် ဟော်ယွမ်ယွမ်တို့မှာ တစ်ခုခု မှားယွင်းနေသည်ကို သတိပြုမိသွားခဲ့ပြီး” ဒီကောင်တွေ ကျင်းရန်မှာ လတ်လျားလတ်လျား လိုက်လုပ်နေကြတာလား ….”

“ မင်းအဲ့လို ပြောလို့တော့ ဘယ်ရမှာ … သူတို့ ကိစ္စ တစ်ခုခု ရှိနေလို့နေမှာပေါ့ ….” လင်းရီ ပြောလိုက်ပြီး မျက်နှာအမူအရာကို အတတ်နိုင်ဆုံး ထိန်းသိမ်း၍ “ ကောင်းကြီး အကြောင်းလည်း မင်းသိရဲ့သားနဲ့ … အဲ့ကောင်က ချင်းဟန်နဲ့ လျန်ကြီးတို့ထက်ပိုပြီး လေးလေးနက်နက် ရှိတယ်လေ ….”

ဟော်ယွမ်ယွမ်မှာ သင်္ကာမကင်း ဖြစ်နေဆဲပင်။

လင်းရီအနားတွင် အချိန်အတော်ကြာအောင် နေလာပြီး သူ၏ ဘဝရန်ဘက် ဖြစ်သည့်အလျောက် ဟော်ယွမ်ယွမ်သည် သူ့အကြောင်းကို သိပ်နောကြေလွန်းလှသည်။

ဤမျှ မရိုးရှင်းမည်ကို သူမ စိတ်ထဲ ခံစားမိနေသည်။

မဟုတ်တာ တစ်ခုခုတော့ ရှိကို ရှိ၏။

“ မလှုပ်နဲ့ … ကျွန်မ သူ့ကို ဝီချက်ကနေ လှမ်းမေးလိုက်မယ် …”

ဟော်ယွမ်ယွမ် ဖုန်းထုတ်ပြီး‌ ကောင်းကျုံးယွမ်ထံ ဗွီဒီယိုကော ခေါ်ဆိုလိုက်သည်။

“ ယွမ်ယွမ် ….”

ဗွီဒီယိုကောက ချိတ်ဆက်သွားခဲ့ပြီး ကောင်းကျုံးယွမ်က ပြုံးလျက် နှုတ်ဆက်လာသည်။

လင်းရီ ခြေဖျားထောက်ပြီး လှမ်းကြည့်လိုက်တော့ ဟော်ယွမ်ယွမ်၏ ဖုန်းထဲတွင် ကောင်းကြီးတို့က ထမင်းစားနေသည်ကို မြင်တွေ့လိုက်ရ၏။

“ နင်တို့ အခု ဘယ်မှာလဲ …”

“ ငါတို့ စားနေတာလေ …” ကောင်းကျုံးယွမ် အမှန်အတိုင်း ဖြေလိုက်ပြီး “ ဘာလဲ … လွမ်းလို့လား …. မပူနဲ့ ….. ကိစ္စတွေက သိပ်မကြာခင် ပြီးတော့မှာ …. မနက်ဖြန် ပြန်လာခဲ့မယ် ဟုတ်ပြီလား ….”

လင်းရီ နှုတ်ခမ်းကိုက်မိသွားခဲ့သည်။

ကောင်းကျုံးယွမ် … ဒီကောင် … လိမ်တဲ့နေရာမှာ တကယ့် ဆရာကြီးပဲ … မျက်တောင်လေးတောင် တစ်ချက် မခတ်သွားဘူး …

ထိုစဉ် ဟော်ယွမ်ယွမ်မှာ အော်စကာဆု ပေးရလောက်သည့် သရုပ်ဆောင်မှုကို ပြုနေလျက် ရှိသည်။

သူမက သဘာဝကျစွာ ပြုမူနေသဖြင့် ကောင်းကျုံးယွမ်ပင် မည်သည့် အရာကိုမျှ မထောက်လှမ်းမိခဲ့ချေ။ နှစ်သန်းရာချီသည့် မြေခွေးအိုကြီးနှင့် နှိုင်းယှဉ်လိုက်လျှင်တော့ ကောင်းကျုံးယွမ်က ဝါနုနေဆဲပင်။

“ နင်တို့ လေးယောက်လုံး အတူ စားနေကြတာလား ….”

ဟော်ယွမ်ယွမ်က လိမ္မော်သီးတစ်စိတ်စားရင်း မေးမြန်းလိုက်၏။

“ အမ် …. အစ်ကိုကြီးလင်းကတော့ ဒီမှာ မရှိဘူး … သူ့အခန်းထဲမှာ အိပ်နေတယ် ….”

“ ဒီလောက် အစောကြီး ရှိသေးတာကို အဲ့ကောင်ကဘာလဲ … ဝက်လား …”

လင်းရီ “ …. “

ကျီချင်းရန်မှာ ရယ်ချင်စိတ်ကို အနိုင်နိုင်ထိန်းရင်း အသံမထွက်မိစေရန် ကြိုးစားနေရသည်။

ဇာတ်ထုပ်ကို ဖြည်းဖြည်းချင်း ဖြည်ပြသည့် ဒရာမာများ ကြည့်ရသည်ကို သူမ အင်မတန် နှစ်ခြိုက်၏။

“ မနေ့တုန်းက ငါတို့ကောင်တွေ အကုန်လုံး အရက်တွေ အရမ်း မူးနေခဲ့ကြတာလေ … ပြီးတော့ သူက ဒီနေ့ တစ်နေကုန်လုံးလည်း အလုပ်တွေ များနေတော့ အခန်းထဲဝင်ပြီး အနားယူနေတာ …” ကောင်းကျုံးယွမ် ပြောလိုက်သည်။

“ အိုကေ … မင်းလည်း လုပ်စရာရှိတာလုပ်တော့ … နောက်မှ ဆက်ပြောကြတာပေါ့ …”

“ ခဏလေးနေဦး …” ဟော်ယွမ်ယွမ် ပြောလိုက်ပြီး “ ငါ သူနဲ့ ပြောစရာရှိတယ် … သူ့ကို သွားနှိုးလိုက် ….”

“ အာ….” ကောင်းကျုံးယွမ်၏ အမူအရာ ပြောင်းလဲသွားခဲ့ပြီး “ သူက အခန်းထဲမှာ အိပ်နေတာလေကွာ … ငါက ဘယ်လိုလုပ် ခေါ်ပေးရမှာလဲ …. မင်းမှာ ပြောစရာ ရှိတယ်ဆိုလည်း သူ့ကို ဖုန်းခေါ်လိုက် …. လူက အိပ်ရေးမဝပါဘူးဆိုနေ သွားနှိုးလိုက်ရင် နောက်ဆက်တွဲ ပြဿနာတွေ ငါ မရှင်းနိုင်ဘူး … ဒါပဲ ဖုန်းချတော့မယ် …. ငါပြီးတာနဲ့ ဖုန်းပြန်ခေါ်လိုက်မယ် …”

ဗွီဒီယိုကောက အဆုံးသတ်သွားခဲ့ပြီး ဟော်ယွမ်ယွမ်က လင်းရီကို လှည့်ကြည့်လိုက်၏။

“ ဒီတော့ …. ရှင်က အိပ်နေတာပေါ့နော်….”

All Chapters