အဖော်မဲ့သူ တစ်ဦး
Vol. 23 Ch. 320
“ကျင့်ကြံသူကြီး ခင်ဗျာ၊အဲ့ဒီ့ လျှို့ဝှက်ဆန်းကြယ်တဲ့ အမျိုးသမီးက အခု ဘယ်မှာလဲ ဆိုတာသိလားဟင်” အန်လင်းက အမျိုးသားကြီး ဆီသို့လျှောက်သွားကာ အရိုအသေပေးလိုက်၏။
လူကြီးက ခပ်ဖွဖွ မျက်မှောင်ကြုတ်လိုက်၏။ ကျင့်ကြံသူဆိုတဲ့ အမည်က ဘာကြီးလဲ။ တစ်ခြားတစ်ယောက်ကို ရဲဘော်ရဲဘက်ကြီးလို့ ညွှန်းဆိုရမှာ မဟုတ်ဘူးလား။
လူကြီးက အများကြီးမတွေးတော့ဘဲ သူ့အား သူ့သမီး၏ သူငယ်ချင်းအဖြစ်သာ မှတ်ယူထားလိုက်လေ၏။
“သူမကို နောက်ဆုံးမြင်တာကတော့ သာကျောင်းနိုင်ငံရဲ့ အရှေ့ဖက်ကို ပျံသန်းသွားတာပဲတဲ့ ဒါပေမဲ့ သူမဘယ်မှာ ရှိနေသလဲဆိုတာကို ဘယ်သူမှ အတိအကျမသိကြဘူး”
“ကျေးဇူးပါဗျ” အန်လင်းက ခေါင်းညိမ့်လိုက်ရင်း ပိုင်ရှုယန်ဆီသို့ အပြုံလေးနှင့် ပြန်လှည့်သွား၏။
“ငါအရေးပေါ် လုပ်စရာလေးတစ်ခုပေါ်လာလို့ အခုသွားရတော့မယ်”
“နှုတ်ဆက်ပါတယ် စီနီဟာ အန်လင်း” ပိုင်ရှုယန်က အရေးပေါ် လုပ်စရာဆိုသည်က ဘာလဲဆိုတာ အကြမ်းဖျင်း သဘောပေါက်ပြီးဖြစ်၍ သူ့အား မတားဆီးတော့ပါချေ။
အနက်ရောင် အုပ်ခဲတစ်ခုက ရုတ်တရက်ပေါ်လာပြီးနောက် အန်လင်းက ကောင်းကင်ထက် တိမ်တွေဆီသို့ ပျံသန်းသွားတော့သည်။
“အဲ့ဒါက... ပျံသန်းပစ္စည်းမဟုတ်လားဘုရားရေ တိုက်ပွဲဘုရင် အဆင့်ရဲ့ အထက်က စွမ်းအားကြီး စစ်သည်တော်တွေပဲ စွမ်းဆောင်နိုင်တဲ့ နည်းလမ်းမလား” လူကြီးက အထိတ်တလန့် ပြောကာ သူ့သမီးဆီသို့ အကြည့်ပြောင်းလိုက်ပြီးနောက်
“ယန်လေး သူက မင်းရဲ့ သူငယ်ချင်းလား”
ပိုင်ရှုယန်က ကောင်းကင်မှ ဝေးသွားနေသည့် ပုံရိပ်လေးအားကြည့်ရင်း သူမ၏ ခေါင်းလေးကို တောင်းတောင်းတတ ခါရမ်းကာ “မဟုတ်ဘူး ...သမီးတို့က အခုမှတွေ့တဲ့ အသိတွေပါ...”
...
အန်လင်းက လေထဲတွင် သူ့၏ အုတ်ခဲကြီးပေါ်မှ သကျောင်းနိုင်ငံဆီသို့ ပျံသန်းလာခဲ့၏။
သူသည် အလွန်အမင်း စိတ်လှုပ်ရှားနေ၏။ အစပိုင်းတွင် ဤထူးဆန်းသည့် ကမ္မာကြီးဆီသို့ ဝိညာဥ္ကူးပြောင်းလာသည်မှာ သူတစ်ဦးတည်းရှိသည်ဟု တွေးနေတာဖြစ်သည်။ သို့သော် အခုတွင်တော့ ဆန်းကြယ်သည့် အမျိုးသမီးတစ်ဦး ရှိသည်ဟုဆိုကြ၏။
ထိုအမျိုးသမီးမှာ အမှန်တကယ်ပင် စုချန်းရန်ဖြစ်ပါကမူ တခြားလူတိုင်းက ဒီကုန်းမြေကြီးပေါ်တွင် ရှိနေနိုင်သည်။
ထိုသည်ကို တွေးရင်း သူကရှေ့ဆီသို့ အရှိန်တင်လာခဲ့၏။
သကျောင်းနိုင်ငံသည် လက်ရှိတွင် ကသောင်းကနင်းဖြစ်နေသော တိုင်းပြည်တစ်ခုပင်။
အင်ပါယာနန်းတော်ကြီးထဲရှိ အစွွမ်းထက် စစ်သည်တော်များ အားလုံးနီးပါးသည် တာဝန်ပြင်ပတွင် ရောက်ရှိနေသည်ဖြစ်ပြီး ဂိုဏ်ကြီးတစ်ချို့ကလည်း ယခုအခြေအနေအား အမြတ်ထုတ်ရန် ထကြွလာကြ၏။ သူတို့ထဲမှ တစ်ချို့က မင်းဆက်အသစ်တင်မြောက်ချင်နေကြပြီး တချို့မှာတော့ အိမ်နီးချင်းနိုင်ငံမှ စွမ်းအားကြီး စစ်သည်တော်များကို ဆက်သွယ်ကာ ကသောင်းကနင်းအခြေအနေများအတွက် တာဝန်ရှိသော လျှို့ဝှက်ဆန်းကြယ်အမျိုးသမီးကို လိုက်ဖမ်းရန် အကူအညီတောင်းနေကြ၏။
သို့ပေသိ မထင်မှတ်စရာ အလှည့်အပြောင်းတစ်ခုမှာ အမျိုးသမီးကို ခြေရာခံရန် လွှတ်လိုက်သော အဖွဲ့ သုံးဖွဲ့လုံးမှာ အသတ်ခံလိုက်ရပြီး သူတို့အထဲတွင် တိုက်ပွဲ ဧကရာဇ် လေးဦးတောင် ပါရှိလေ၏။
ထိုအဖြစ်အပျက်က အိုရှင်းအင်ပါယာကို ရိုးတွင်းခြင်ဆီထိတိုင် ကြောက်လန့်စေ၏။ တိုက်ပွဲ ဧကရာဇ်များသည် အင်ပါယာတစ်ခုလုံးမှာပင် အလွန်အမင်း စွမ်းအားကြီးသည့် စစ်သည်တော်များဖြစ်၏။ သူတို့ အတွက်တော့ ယခုကဲ့သို့ အလွန်မြန်ဆန်လှသည့် အောင်မြင်မှုအောက်တွင် ရှုံးနိမ့်ရသည်မှာ အလွန်အမင်းကြောက်မက်ဖွယ် သေင်္ကတ တစ်ခုပင်။
အိုရှင်းအင်ပါယာသည်ပင် စတုတ္ထမြောက် အဖွဲ့အတွက် အစွမ်းထက်စစ်သည်များကို တပ်ဖြန့်ချထားရ၏။
ထိုသည်မှလွဲ၍ တခြားနည်းလမ်း မရှိပါချေ။ သူတို့ တွဲဆက်ပြည်နယ်များထဲမှ တစ်ခု၏ ဘုရင်က အသတ်ခံလိုက်ရသည်ဖြစ်ပြီး ယင်းကိစ္စတစ်ရပ်လုံးမှာ ကမ္ဘာတစ်ဝှမ်း စောင့်ကြည့်ရာဖြစ်နေလေ၏။ သူတို့သည် တရားခံကို သတ်ကာ အရာအားလုံးကို အဆုံးသတ်ပြီး အိုရှင်း အင်ပါယာကို လာပြီးမရှုပ်သင့်ကြောင်း ကမ္ဘာကြီးကို ပြသရပေမည်။
နဂါးဝါဂိုဏ်၏ ဂိုဏ်ချုပ် ဒူအမ်မုယွင်၊ချင်ဂျီ ဂိုဏ်း၏ ဂိုဏ်ချုပ် ဒုန်ထျန်၊ပန်းပွင့် တစ်သောင်းဂိုဏ်၏ ဂိုဏ်ချုပ် ကောင်လင်၊ယမ်ချန် နိုင်ငံတော်၏ ဘုရင် တင်းမို နှင့် အိုရှင်း အင်ပါယာ၏ အထူးကိုယ်စားလှယ် ဒူအမ်ထျန်းယွီ တို့မှာ စတုတ္ထအဖွဲ့ ဖြစ်လေ၏။ သူတို့ ငါဦးစလုံးမှာ တိုက်ပွဲ ဧကရာဇ်များဖြစ်ကြ၏။
အထူးမှတ်သားရန်မှာ ဒူအမ်ထျန်းယွီမှာ တိုက်ပွဲ ပညာရှိအဆင့်နီးပါး စစ်သည်တော်ဖြစ်၏။ သူတို့က ပစ်မှတ်ကို တွေ့သည်နှင့် တစ်ပြိုင်နက် သူမကို နေရာမှာပင် သတ်ပစ်မည်ဖြစ်၏။
သူတို့က မကြာမီပင် ပစ်မှတ်ကို တွေ့ရှိသွားတော့သည်။
ပစ်မှတ်၌ မီးတောက်တစ်ချို့အပေါ်တွင် အကင်ခံနေရသော ယုန်တစ်ကောင်ရှိလေ၏။
ပစ်မှတ်သည် ယုန်အား အကျက်လွန်နေပြီ ဖြစ်ရာ ၄င်းမှာမဲနက်နေလေပြီ။
သတင်းအချက်အလက် ပေါင်းစုံမှာ သူတို့၏ ထူးချွန်အလုပ်သမားများဆီမှ ရရှိထားပြီးဖြစ်ကာ သူတို့ငါးယောက်သည် မြင်ကွင်းဆီသို့ အမြန်ပင် ချီတက်လာကြ၏။
ကောင်းကင်တွင် လမင်းကြီးက ထိန်ထိန်သာနေ၏။
သစ်တောစိမ်းတစ်ခုထဲတွင် မီးပုံတစ်ခု ရှိလေသည်။
အထူးကောင်းမွန်လှသော ကြန်အင်လက္ခဏာများနှင့် အမျိုးသမီးတစ်ဦးက မီးကျွမ်းနေသည့်ယုန်အား အမူအရာမဲ့ ငေးကြည့်နေ၏။
သူမသည် ရှောင်ယွဲ့ကို သတိရနေ၏။ သူမသည် သူမ၏ ညီမ ချန်အာကိုလွမ်း၏။ သူမ၏ မိသားစုနှင့် သူငယ်ချင်းများ အားလုံးကိုလဲ သတိရ၏။
လွန်ခဲ့သည့် ရက်အနည်းငယ်မှာ သူမအတွက် အိပ်မက်ဆိုးတစ်ခုပင်။
မဟုတ်ပါ။ သူမ၏ အိပ်မက်ဆိုးများပင်လျှင် ထိုမျှအထိ ကြောက်စရာမကောင်းပါချေ။
သူမသည် မရင်းနှီးသော ကမ္ဘာကြီးအား အားကိုးစရာတစ်ယောက်မှ မရှိပဲ ရောက်ရှိနေ၏။
သူမက ကြင်နာတတ်သော အမျိုးသားတစ်ဦးကို တွေ့ခဲ့သည်ဟု ထင်ထားသည်ဖြစ်၏။ သို့သော် သူမသိထားသည်မှာ မှားယွင်းနေကြောင်း ထိုသူ၏ မျက်လုံးထဲ၌ တဏှာများကို မြင်လိုက်ရသည့်အခါမှာ သိလိုက်၏။ ထိုအချိန်တုန်းက သူမသည် အနည်းငယ်မစဥ္းစားမဆင်ခြင်မိတာမှန်ပေမဲ့ သူမက ငတုံးတစ်ယောက်တော့မဟုတ်ပါပေ။ သူမက အမှားအမှန်ကို ခွဲခြားတတ်ကာ စည်းများကြားကို မည်သို့ ဖတ်ရှုရမလဲ နားလည်ပါ၏။
ထို့ကြောင့် သူမသည် ထွက်သွားရန် ရွေးချယ်ခဲ့သော်လည်း အမျိုးသားက သူ့အပေါ်တွင် မန္တာန် နည်းလမ်းကို အသုံးပြုပြီး သူမကို အဓမ္မ သိမ်းပိုက်ကာ သူမအား အလွန်ဆိုးဝါးသော အရာများပြုလုပ်လာ၏ ...အဆုံးတွင်တော့ သူမက ဒေါသအလျှောက် ထိုသူအားသတ်ပစ်မိခဲ့သည်။
ယခုတွင် ဒုက္ခပင်လယ်ဝေနေသည်မှာ သူမ၏ အပြုအမူကြောင့်သာဖြစ်သည်မှာ အသေအချာပင်။
သူမသတ်လိုက်သည့်လူကြီးမှာ အတော်လေး အရေးပါပုံရကာ မကြာခင်မှာပင် နေရာပေါင်းစုံမှ စစ်သည်တော်များ၏ လိုက်ဖမ်းခြင်းခံနေရ၏။
ထိုသူများက အဆုံးမရှိပါချေ။ အဖွဲ့တစ်ခုအား သတ်လိုက်လျှင် ပိုမို အစွမ်းထက်သည့် အဖွဲ့များက ထပ်လိုက်လာပေ၏။
သူမ မသေမချင်း သူတို့က လက်လျှော့မည့်ပုံ မရှိပါချေ။
တစ်လောကလုံးက သူမ၏ ရန်သူလို့ ခံစားနေရ၏။
သူမက ကောင်းကင်ကိုကြည့်ရန် မော့ကြည့်လိုက်သည်။ အမှောင်ထုထဲတွင် တောက်တောက်ပပလမင်းကြီးက ထွန်းလင်းနေသော်လည်း သူမ၏ နှလုံးသားကိုမူ နွေးထွေးမှု မပေးနိုင်ပါချေ။ အေးစက်သောအမှောင်ညက သူမအား စိတ်ပျက်အားငယ်မူများ သယ်ဆောင်လာပေး၏။ သူမက ဝမ်းနည်းမှုဖြင့် နှာခေါင်းရှုံ့လိုက်ပြီးနောက် သူမကိုယ်သူမ ရေရွတ်လိုက်၏။ “ငါဘာလုပ်ရမလဲ ...”
ဂျိန်း ...
စွမ်းအားကြီးမားသည့် အရှိန်အဝါ တစ်ခုက အဝေးဆီမှ သူမဆီသို့ ပျံသန်းလာ၏။
သူမက မတ်တပ်ထလိုက်ကာ မီးကျွမ်းနေသည့် ယုန်အား မြေကြီးပေါ်သို့ ပစ်ချလိုက်ပြီး သူမ၏ ကြွေထည်ကဲ့သို့ မျက်နှာပြင်ပေါ်တွင် ဝမ်းနည်းသည့် အမူအရာပေါ်လာ၏။
ဒါက နောက်တစ်ဖွဲ့လား
ယခုနှင့်ဆိုလျှင် ငါးကြိမ်မြောက်ရှိပြီ ဖြစ်ကာ သူတို့အားလုံးမှာ အစွမ်းထက် အရှိန်အဝါရှိလေ၏ ...
“ဟားဟားဟား မိစ္ဆာမ ဒီတစ်ခါ နင်ပြေးလို့ မလွတ်ပါဘူး”
ကျယ်လောင်သည့် အသံကြီးက လေထုထဲတွင် ပြည့်နှက်လာကာ ဒူအမ်ထျန်းယွီက တခြားသော တိုက်ပွဲ ဧကရာဇ်လေးဦးနှင့်အတူ ကောင်းကင်မှ ဆင်းသက်လာ၏။
သူမက ဒူအမ်ထျန်းယွီက ဘာပြောနေသလဲဆိုသည်ကို မသိပါပေ။ သို့ပေသိ ဒူအမ်ထျန်းယွီက သူ့ကိုယ်သူအတော်လေး ကျေနပ်နေပုံရ၏။
သူသည် စုချန်းရန်၏ အထူးကောင်းမွန်သည့် သွင်ပြင်များကို ကြည့်ရင်း အနည်းငယ်တုံ့ဆိုင်းသွားတော့၏။ အတွေးတစ်ခုက သူ၏ နှလုံးသားထဲတွင် ရုတ်တရက် ဖြစ်တည်လာသည်။ သူမကို အရှင်ဖမ်းသင့်သလား။ သူမကို မသတ်ခင် နည်းနည်းလောက်ပျော်လိုက်ရမလား
သို့ပေသိ ထို့နောက်မှာပင် အပြာရောင် အဝိုင်းတစ်ခုက ရုတ်တရက်လေထုကို ဖြတ်သန်းကာ ဒူအမ်မုယွင်၏ ကိုယ်ကို နှစ်ပိုင်း ဖြတ်လိုက်လေ၏။ သူသည် မည်သည့်တုံ့ပြန်မှုကိုမှ ပြုလုပ်ချိန်မရလိုက်ကာ အံ့အားသင့်သည့်အမူအရာနှင့်ပင် သေဆုံးသွားတော့၏။
ဒူအမ်ထျန်းယွီက အံ့အားတကြီး မှင်သက်နေတော့၏။ ပြိုင်ဘက်ကို ထိပ်တိုက်မတွေ့ရသေးပါက သူမ၏ စွမ်းအားက မည်မျှထိ ဆန်းကျယ်သည်ကို နားလည်နိုင်မည် မဟုတ်ပါချေ။ သူက တိုက်ပွဲချီ အနည်းကိုပင် အာရုံမခံ မိပါ ...
“ပုံစံချကြမယ်” သူက ချက်ချင်းပင် အော်ဟစ်လာ၏။
ယခုက သူ့၏ ပြိုင်ဖက်ကို တက်မက်နေရမည့် အချိန်မဟုတ်ပါချေ။ သူ ဂရုမစိုက်ဘူးဆိုလျှင် သူတို့အားလုံး ဒီနေရာမှာ သေသွားနိုင်၏။
ဒုန်ထျန်၊ကောင်လင်နှင့် တင်းမိုတို့မှာ ဒူအမ်မုယွင်၏ သေဆုံးမှုတွင် အလွန်အမင်းထိတ်လန့်နေကြသော်လည်း သူတို့အားလုံးမှာ အလွန်အမင်း အတွေ့အကြုံရှိလှသော တိုက်ပွဲ ဧကရာဇ် အဆင့် စစ်သည်တော်များဖြစ်၍ မကြာမီမှာပင် သူတို့၏ တည်ငြိမ်ခြင်းကို ပြန်လည်ရရှိပြီး လျှပ်စီး နဂါးလေးကောင် ဖွဲ့စည်းခြင်းကို ဖြစ်ပေါ်စေလိုက်၏။
ထိုသည်မှာ မူလက လျှပ်စီး နဂါးငါးကောင် ဖွဲ့စည်းခြင်း ဖြစ်၏။ သို့သော် ဒူအမ်မုယွင်က သေဆုံးသွားရာ လေးကောင်အဖြစ်သို့ လျော့ချလိုက်ရ၏။
ဘုန်း
တိုက်ပွဲချီက သူတို့၏ ပတ်ပတ်လည်တွင် ပေါ်ထွက်လာကာ လျှပ်စီးများက ကောင်းကင်တွင် ပေါက်ကွဲထွက်လာ၏။
ဒူအမ်ထျန်းယွီက ရှေ့ဆုံးမှနေ၍ သူတို့ လေးယောက်စလုံမှာ ပုံစံအတိုင်း မတ်တပ်ရပ်နေကာ ချက်ချင်းပင် သူ့အား တိုက်ပွဲ ပညာရှိ အဆင့်သို့ တိုးမြင့်ပေးလိုက်လေ၏။ သူ့၏ ဆတိုးအရှိန်အဝါများက သူ့ပတ်ပတ်လည်တွင် လေပြင်းမုန်တိုင်းများဖြစ်ပေါ်စေကာ ပေတစ်ထောင် ပတ်လည်ရှိ အပင်များကို အမြတ်မှ ကျွတ်ထွက်စေလေ၏။
အမျိုးသမီးက ခေါင်းကို မော့ကာ မတ်မတ်ရပ်နေပြီး အပြာရောင် လရောင်ဝိုင်းက သူမပတ်ဝန်းကျင်တွင် အလင်းရောင် အကာအကွယ်တစ်ခုကို ဖန်တီးကာ လျှပ်စီးနှင့် လေပြင်းများကို ခုခံနေ၏။
သူမက ကြီးမားလှသည် မန္တာန်ဖွဲ့စည်းခြင်း တစ်ခုအထဲတွင် ပိတ်မိနေကာ လေပြင်းနင့် လျှပ်စီးများက စွမ်းအား ကြီးမားလာသည်ကို သူမကခံစားမိသည်။
ဒူအမ်ထျန်းယွီက နီလာလံှရှည်တစ်ခုကို ကိုင်ဆောင်ကာ စုချန်းရန်ဆီသို့ ချိန်ရွယ်လိုက်၏။
“ဒါက လျှပ်စီးနဂါးလေးကောင် ဖွဲ့စည်းခြင်းပဲ။ အဲဒါက တိုက်ပွဲ ပညာရှိ အဆင့်ကိုတောင် ခက်ခဲတဲ့ အချိန်ပေးနိုင်တယ်။ အဲ့တော့ မင်းရဲ့ဆရာနဲ့တွေ့ဖို့ ပြင်ဆင်ထားလိုက်စမ်း”
သူက ငုံ့ကြည့်လိုက်ကာ သူမ၏ အမူအရာများထဲတွင် အကြောက်တရာများနှင့် အံ့အားသင့်မှုများကို မြင်တွေ့ကာ သူမအား နှိမ့်ချနိုင်ရန်မျှော်လင့်နေပေ၏။ သို့သော်လည်း သူက အပြာရောင်စူးရှရှ အလင်းတန်း တစ်ခု၏ မြင်ကွင်းနှင့်သာ မိတ်ဆက်ခြင်းခံလိုက်ရ၏။
ဒူအမ်ထျန်းယွီ၏ လည်ပင်းမှ အမွှေးများက ထောင်လာပြီးနောက် ချက်ချင်းပင် ဖွဲ့စည်းခြင်းမှ စွမ်းအင်များကို သူ့၏ ဓားအတွင်းသို့ စုစည်းလိုက်ပြီး လရောင်ဝိုင်းကို ခုတ်ပိုင်းလိုက်လေ၏။
ဘုန်း
ကြောက်မက်ဖွယ် စွမ်းအင် ပေါက်ကွဲမှုကြီးက ရလာဒ်အဖြစ် ထွက်ပေါ်လာပြီ သူတို့အောက်ရှိ မြေကြီးက တုန်ခါကာ ငလျင်လှုပ်လာတော့၏။
လရောင်ဝိုင်းက ဓားနှင့်တိုက်မိပြီးနောက် ဓားသွားအပေါ်တွင် အက်ကွဲကြောင်းတစ်ခု ပေါ်လာတော့၏။
ဒူအမ်ထျန်းယွီက မတ်မတ်မရပ်နိုင်ခင် နောက်သို့ ခြေလှမ်းများစွာဆုတ်သွားရသည်။
“နဂါးလေးကောင် ရိုက်ချက်”
ထိပ်လန့်သည့် အမူအရာက သူ့မျက်နှာထက်တွင် ပေါ်လာပြီး သူ့၏ စွမ်းအားအကြီးဆုံး မန္တာန်ဖွဲ့စည်းခြင်းကို ချက်ချင်းပင် ပြန်လည် အသက်သွင်းရန် နည်းနည်းလေးမှ အချိန်မဖြုန်းနေပါပေ။
ထိုအချိန်တွင် ဒုန်ထျန်၊ ကောင်လင်နှင့် တင်းမိုတို့အားလုံးမှာ သူတို့လက်များဖြင့် ချိတ်ပိတ်ခြင်းကို ပြုလုပ်နေပြီး သူတို့၏ တိုက်ပွဲချီကို ထိတ်ထိတ်ပျာပျာ လှည့်ပတ်စေတော့၏။
မိုးကြိုးလျှပ်စီးများက လေထုထဲတွင် ပေါက်ကွဲစပြုလာ၏။
မကြာမီမှာပင် လျှပ်စီးနဂါးလေးကောင်က တိမ်တိုက်များကို ဖြတ်သန်းကာ မြေပြင်ပေါ်သို့ ဆင်းသက်လာတော့၏။
အမျိုးသမီးက လျှပ်စီးနဂါးလေးကောင်ကို မော့ကြည့်ကာ သူတို့အထဲ၌ စွမ်းအင်ပမာဏ အများအပြား ပြည့်နှက်နေသည်ကို ခံစားလိုက်ရ၏။ သူမက ချက်ချင်းပင် လရောင်ဝိုင်းကို သူမဆီသို့ ဆင့်ခေါ်လိုက်ပြီး သူမ၏ ပတ်လည်၌ အပြာရောင် လရောင်အတားအဆီးတစ်ခု ဖန်တီးလိုက်၏။
“သေစမ်း” ဒူအမ်ထျန်းယွီက အဝေးမှနေ၍ သူ့၏ နီလာလှံရှည်ကို စုချန်းရန်ဆီသို့ ညွှန်ပြလိုက်၏။
တားဆီးမရနိုင်သော စွမ်းအင်နှင့် ကောင်းကင်မှ ဆင်းသက်လာတော့ လျှပ်စီးနဂါးလေးကောင်က ဒူအမ်ထျန်းယွီနှင့် တခြားသူများကို ဝင်တိုက်လိုက်တော့၏။
ဘုန်း
လျှပ်စီးများက အပြင်ဘက်သို့ ပေါက်ကွဲထွက်လာကာ အမှောင်ယံကို အလင်းပေးပြီး အောက်ခြေမှ မြေကြီးကို အမှုန့်ကြေစေတော့သည်။
စုချန်းရန်က သူမရှေ့မှ မြင်ကွင်းအား ငေးကြည့်ကာ အံ့ဩထိတ်လန့်သည့် အမူအရာများက သူမမျက်နှာထက်တွင် ပထမဆုံးအဖြစ်ပေါ်လာတော့၏။
ယခုတိုက်ပွဲအတွင်းတွင် ဒူယမ်ထျန်းယွီေကြာင့် ထိတ်လန့်အံ့အားသင့်ရသည်မှာ ပထမဆုံးအကြိမ်ပင်ဖြစ်သည်။
နောက်ဆုံးတွင်တော့ သူ့၏ ကိုယ်ပိုင် အဆုံးသတ်နည်းလမ်းကို သူ့အပေါ်တွင် နေ့တိုင်း ပြန်လည်အသုံးပြုနေသောလူအား ပုံမှန်အားဖြင့် တွေ့ရလေ့ မရှိပါချေ။
အနက်ရောင်ဝတ်အမျိုးသားတစ်ဦးက ကောင်းကင်မှ ဆင်းသက်လာကာ မြေပြင်ပေါ်သို့ ဆိုက်ရောက်လာ၏။
“စုချန်းရန်၊မင်းဆိုတာ ငါသိသားပဲ”
ရင်းနှီးပြီး စိတ်လှုပ်ရှားနေသည့် အသံတစ်ခုက သူမတစ်ကိုယ်လုံးကို အပျော်လွန်ကာ တုန်ယင်လာစေ၏။
သူမက ရှေ့ရှိ အမျိုးအသားကို အမူအရာမဲ့ငေးကြည့်နေကာ အောက်နှုတ်ခမ်းကို ခပ်တင်းတင်းကိုက်လိုက်ရင်း မျက်လုံးထဲတွင် မျက်ရည်များပြည့်နှက်လာတော့၏။
သူမ၏ စိတ်ခံစားချက်များက ဆည်ကျိုးသည့် ရေများကဲ့သို့ ထိုးထွက်လာ၏။ သူမ၏ ခြေထောက်များက အလိုလိုလှုပ်ရှားလာကာ သူမ၏ လက်မောင်းများကို ခပ်ကျယ်ကျယ်ဖွင့်ထားပြီးနောက် သူမ၏ရှေ့ရှိ အမျိုးသားအား ခပ်တင်းတင်းဖက်ထားလိုက်တော့သည်။
“ဝါး ...မင်း ဒီမှာရှိနေတာ ဘုရားမတာပဲ။ ငါက အရမ်းကြောက်နေခဲ့တာ။ ငါက ဒီကမ္ဘာမှာ ကျန်ခဲ့တဲ့ တစ်ယောက်တည်းသောသူလို့ ငါကထင်နေတာ ဝါးးး ...” စုချန်းရန်က အားကုန် ငိုကြွေးလာလေတော့သည်။
သူမက ယခုကဲ့သို့ မငိုရသည်မှာ အတော်ကြာပြီဖြစ်သည်။ သူမ၏ ကြွေထည်ကဲ့သို့ မျက်နှာလေးပေါ်တွင် မျက်ရည်များက အတားအဆီးမရှိ ကျဆင်းနေသော်လည်း သူမက ထိုသည်များကို သူမ၏ လက်ဖြင့် မသုတ်ရဲပါပေ။ သူမက အမျိုးသားအား လွတ်ပေးလိုက်ပါက ပုံရိပ်ယောင်အဖြစ် ပျောက်ဆုံးသွားမည်ကို လွန်စွာကြောက်ရွံ့နေ၏။
သေချာပေါက် အမျိုးသားမှာ တခြားသူမဟုတ်အန်လင်းပေ။ သူက စုချန်းရန်၏ နောက်ကျောကို ခပ်ဖွဖွပုတ်ပေးလိုက်ပြီး သူမ၏ ပိုးသားကဲ့သို့ ဆံနွယ်များမှ ထွက်လာသော ရနံ့မွှေးမွှေးကို ရှုရှိုက်ကာ “ငါအခု ဒီမှာရှိနေပြီလေ မကြောက်နဲ့တော့နော်”
***