← Chapters

တစ်ခုခုကို စတင်ဖို့ သွားကြရအောင်

Vol. 23 Ch. 321

တစ်ခုခုကို စတင်ဖို့ သွားကြရအောင်

Vol. 23 Ch. 321

အန်လင်းနှင့် စုချန်းရန်က ပြန်လည်ပေါင်းစည်းခြင်း ပွေ့ဖက်မှုကို နှစ်ခြိုက်ခံစားနေကြစဥ္ တွင်ဒူအမ်ထျန်းယွီက မြေပြင်မှ တွားသွားကာ သရဲတစ်ကောင်တွေ့လိုက်သည့်ပုံဖြစ်နေလေ၏။

သူ့၏ မီးကျွမ်းနေသည့် ခန္ဓာကိုယ်ကို မတည်မငြိမ်ရပ်ရင်း သူ့၏ မှုန်ဝါးနေသည့် မျက်လုံးများကို ဖွင့်ကာ တစ်စုံတစ်ဦးက တစ်ကိုယ်ရေသမားများကို အနိုင်ကျင့်နေသည်ကို မြင်သည်နှင့် သွေးမအန်ပဲ မနေနိုင်တော့ပါချေ။ ('တစ်ကိုယ်ရေသမားများကို အနိုင်ကျင့်နေသည်' ဆိုတာကလေ မျက်စိရှေ့မှာ လာroပြနေတဲ့ အတွဲတွေကို ဆိုလိုချင်တာပါ)

“ငါလူး ဒူအမ်ထျန်းယွီ၊ခင်ဗျား စောက်ကျိုးနည်း ရူးနေတာလား” ဒုန်ထျန်က မြေပေါ်တွင် လဲနေရင်း အံကြိတ်နေလေသည်။

“အဟွတ်... သေချင်လဲ ကိုယ့်ဟာကို သွားသေလိုက်။ စောက်ကျိုးနည်း ကျွန်မတို့ကို ရှင်နဲ့ ခေါ်သွားဖို့ ကြိုးစားမနေနဲ့” ကောင်လင်က ပါးစပ်နှင့်အပြည့်သွေးတို့အား ထွေးထုတ်ပြီး ထထိုင်လာ၏။

တင်းမိုတစ်ဦးတည်းသာလျှင် မလှုပ်ရှားပဲ တိတ်ဆိတ်နေလေ၏။

ထိုသည်မှာ သူက စိတ်မဆိုး၍ မဟုတ်ပါချေ။ စိတ်မဆိုးနိုင်အောင် သေဆုံးသွားပြီဖြစ်၍ပင်။

ဒူအမ်ထျန်းယွီက အခြေအနေအား မည်သို့ရှင်းပြရမည်ကိုပင် မသိတော့ပါ။ သူက လျှပ်စီးနဂါးလေးကောင်ကို ထိုအမျိုးသမီးဆီသို့ ရည်ရွယ်သည်ဖြစ်သော်လည်း လျှပ်စီးနဂါးများက ရုတ်တရက် ဦးတည်ချက်ပြောင်းသွားကာ သူ့ထိန်းချုပ်မှုအောက်မှလွတ်သွားတာဖြစ်၏။ ဒီလောက် ကို့ရို ့ကားယားနိုင်သည့် တစ်စုံတစ်ရာကို မည်သို့ရှင်းပြရမည်နည်း။

သို့သော်လည်း သူသည် ငတုံးတစ်ယောက်မဟုတ်ပါပေ။ အခုလေးတင် ပေါ်လာသော အမျိုးသားက သူ့ထိန်းချုပ်မှု လွတ်သွားခြင်းနောက်ကွယ်က တရားခံဖြစ်နိုင်သည်ကို သူသိ၏။

“ဘာလဲ။ ခုဏတုန်းကတော့ သွေးနားထင်ရောက်နေတဲ့ ကောင်စုတ်လေးလို ဟန်ဆောင်နေတာမဟုတ်ဘူးလား။ မင်းရဲ့ သတ္တိတွေ ဘယ်ရောက်ကုန်ပြီလဲ”

အန်လင်းက ဒူအမ်ထျန်းယွီဆီသို့ ရက်စက်သည့် အပြုံးတစ်ခုနှင့် လျှောက်လာတော့၏။

ဒူအမ်ထျန်းယွီက မျက်နှာမဲ့လိုက်ပြီး အေးစက်စွာပြောလာ၏။ “မင်းက ဘယ်သူလဲ။ ငါက တိုက်ပွဲ နတ်ဘုရား ရှုမင်ရဲ့အမိန့်နဲ့ သကျောင်းနိုင်ငံရဲ့ ဘုရင်ကို သတ်သွားတဲ့ လူသတ်သမားကို သတ်ဖို့လာတာ။ မင်းက ငါ့အပေါ်ကို လက်တစ်ချောင်းတင်ရဲရင်တောင် အိုရှင်းအင်ပါယာရဲ့ ရန်သူအဖြစ် သတ်မှတ်ခံရလိမ့်မယ်”

“ဟီးဟီး အဲဒါဆို မင်းတို့ ဘုရင်က သူကြိုက်တဲ့လူကို စမ်းပြီး အဓမ္မပြုခွင့်ရှိတယ်ပေါ့။ ဒါပေမဲ့ သူ့ရဲ့ပစ်မှတ်ကတော့ ကိုယ့်ကိုကိုယ် ခုခံကာကွယ်ပိုင်ခွင့်မရှိဘူးဟုတ်လား”

“ဟုတ်ပြီ။ ငါသိပြီ။ ဒီကမ္ဘာမှာက အင်အားကအရာရာပဲ... ငါ စကားတွေပြောပြီး အချိန်ဖြုန်းမနေတော့ဘူး။ ငါ မင်းရဲ့ စက်ဆုတ်စရာအသက်ကို ချမ်းသာပေးလိုက်မယ်။ မင်းတို့ရဲ့ တိုက်ပွဲ နတ်ဘုရား ရှုမင်ဆီကို ပြန်လစ်ပြီးတော့ သူ့ကို ပြောလိုက်...ငါက မင်းတို့ အိုရီယို အင်ပါယာ ဒါမှမဟုတ် အိုရှင်းအင်ပါယာ ဘာပဲဖြစ်ဖြစ် စောက်ဂရုမစိုက်ဘူးလို့။ ငါက မင်းပုံစံကို မကြိုက်ဘူးဆိုရင် မင်းတို့ရဲ့ စောက်ကျိုးနည်း အင်ပါယာတစ်ခုလုံးကို ပြောင်းပြန်လှန်ပစ်မယ်” အန်လင်းက အလေးအနက်​ပြောလာ၏။

“မင်း ...လုပ်ရဲတယ်ပေါ့” ဒူအမ်ထျန်းယွီက သူ့အား ခပ်စိမ်းစိမ်းကြည့်ကာ ဒေါသတကြီး လက်သီးဆုတ်လိုက်၏။ သူသည် အန်လင်းက တိုက်ပွဲ နတ်ဘုရားရှုမင်နှင့် ခြိမ်းခြောက်သည်ကိုပင် လျစ်လျူရှုလိမ့်မည်ဟု မထင်မှတ်ထားပါချေ။

သို့ပေသိ သူက ဒေါသထွက်ရန်ပင်အချိန်မရလိုက်ပဲ အန်လင်း၏ ကန်ထုတ်ခြင်းကို ခံလိုက်ရပေ၏။

အန်လင်းက နောက်ထပ် ဒုန်ထျန်ဆီသို့ လျှောက်လာခဲ့သည်။

ဒုန်ထျန်က အန်လင်းက ဒေါသတကြီး ကြည့်ကာ

“မင်း ဒါအတွက် ပြန်ပေးဆပ်စေရမယ်”

“အို” အန်လင်းက အေးစက်စွာ ခေါင်းငြိမ့်လိုက်ပြီးနောက် သူ့ခေါင်းကို ဖြတ်ပစ်လိုက်လေတော့သည်။

ခေါင်းပြတ်သွားသော အချိန်တွင် ဒုန်ထျန်၏ မျက်လုံးများက အလန့်တကြားပြူးကျယ်နေဆဲဖြစ်၏။

“မင်းက သူ့ကို ဘယ်လိုလုပ် သတ်ရဲရတာလဲ” ဒူအမ်ထျန်းယွီက ဒေါသတကြီး အော်ဟစ်​လာတော့သည်။

“ငါ မင်းရဲ့ စက်ဆုတ်စရာ အသက်ကိုပဲ ချမ်းသာပေးမယ်လို့​ပြောပြီး ငါ့ရဲ့ကတိစကားကို ​သယ်သွားခိုင်းတာ” အန်လင်းက အေးစက်စွာပြောလိုက်ပြီးနောက် ကောင်လင်းဆီသို့ လျှောက်သွားလေ၏။

ကောင်လင်း၏ ကိုယ်ကြီးသည် ကြောက်လန့်တကြား တုန်ယင်နေပြီး ဆွဲဆောင်မှုရှိသည့်အပြုံးတစ်ခုကို တွန်းအားပေး ဖန်တီးလိုက်ကာ “ဓားအင်မော်တယ် အန်လင်း၊ကောင်လင်းက အရှင့်ရဲ့ ​ကျေးကျွန်ဖြစ်လာဖို့ ဆန္ဒရှိပါတယ်။ ကျွန်မကိုသာ အသက်ချမ်းသာပေးမယ်ဆိုရင် အရှင့်အတွက် ဘာမဆိုလုပ်ဖို့ ဆန္ဒရှိပါတယ်...”

သူမ၏ မီးကျွမ်းနေသည့် မျက်နှာနှင့် ဆွဲဆောင်မှုရှိသောအပြုံးကြီး လုပ်နေသည်ကို ပေါင်းလိုက်သောအခါ အန်လင်းပင် မျက်ရည်ဝိုင်းလာတော့၏။ “ငြင်းပါရစေ”

အနက်ရောင် အလင်းတစ်ခုက ဖြတ်သွားပြီးနောက် ကောင်လင်းသည်လည်း သုတ်သင်ခြင်းခံလိုက်ရပေသည်။

သူက ဒူအမ်ထျန်းယွီကို ပြန်ကြည့်လာပြီးနောက် “ဒီကနေ ထွက်သွားစမ်း။ မဟုတ်ရင်တော့ ငါ့လက်တွေက ချော်သွားနိုင်တယ်နော်”

ဒူအမ်ထျန်းယွီ၏ ခန္ဓာကိုယ်မှာ သူ့စကား​များ​ကြောင့် တုန်ယင်နေသော်လည်း ပြန်လည် မချေပရဲပဲ မပျော်မရွှင်နှင့် ထွက်သွားရန်သာ တတ်နိုင်ပါတော့သည်။

အရာအားလုံးက ပြီးဆုံးသွားလေပြီ။

အန်လင်းက သူ့၏ မိစ္ဆာရှင်းဓားကို ပြန်လည်သိမ်းဆည်းလိုက်ကာ သက်ပျင်းချလိုက်တော့၏။

စုချန်းရန်က သူမ၏ နုနုရွရွခြေလှမ်းလေးများဖြင့် သူ့ဆီသို့လျှောက်လာကာ သူမ၏ စိတ်ကူးယဥ္ ဖွယ်မျက်လုံးပြာလေးများနှင့် သူ့အား စူးစမ်းကြည့်ရှုလာ၏။ “မင်းက သူတို့ကို ဘာတွေပြောလိုက်တာလဲ။ ပြီးတော့ ဟိုလူကြီးကို ဘာလို့ သွားခွင့်ပေးလိုက်တာလဲ”

အန်လင်းက ပြုံးကာ သူတို့၏ အ​ပေးအယူကို ပြန်ပြောပြီးနောက် စုချန်းရန်အား သူတို့ရောက်နေသော ကမ္ဘာအကြောင်း အခြေခံအကျဥ္းချုပ်ပြောပြလိုက်၏။

စုချန်းရန်၏ မျက်လုံးများက အံ့ဩမှုကြောင့် ပြူးကျယ်သွားကာ “အဲဒါဆို မင်းက အခြေခံအားဖြင့် ဒီကုန်းမြေကြီးပေါ်က စွမ်းအားအကြီးဆုံး စစ်သည်တော်ကို စိန်ခေါ်လိုက်တာလို့ မဆိုလိုဘူးလား။ ဘာလို့ အဲ့လိုလုပ်ရတာလဲ”

အန်လင်းက အပြုံးလေးနှင့် သူ့ဆံပင်များကိုဖွလိုက်ပြီးနောက် “ဘာလို့လဲဆိုတော့ မင်းကိုတွေ့လို့လေ။ စဥ္းစားကြည့်စမ်း ငါတို့အဖွဲ့ဝင်တွေလဲ ဒီကမ္ဘာပေါ်က တစ်နေရာရာမှာ ရှိနေလောက်တယ်။ အဲဒါကြောင့် ငါက နာမည်ကြီးအောင်ကြိုးစားနေတာ။ ဒါပြီးရင် ငါတို့ကို ကုန်းမြေကြီးတစ်ခုလုံးက သိသွားမှာ အသေအချာပဲ...”

စုချန်းရန်၏ မျက်လုံးထဲ၌ သဘောပေါက်သည့် အလင်းတန်းများ ပေါ်လာပြီး “ဝါး၊အတန်းဖော် အန်လင်းက အရမ်းဥာဏ်ကောင်းတာပဲ”

အန်လင်းက သူမ၏ တောက်ပ ရွှင်မြူးသောအပြုံး၌ မသိလိုက်ပဲ မိန်းမောသွားကာ သူမ၏ အလှ၌ ခိုးပြီးသာ ပင့်သက်ရှိုက်လိုက်နိုင်လေတော့သည်။

သူတို့နောက်ထပ် ဘာလုပ်မလဲ ဆိုသည်ကတော့ အလွန်ပင် ရိုးရှင်းလှပေ၏။ သူတို့ကိုယ်သူတို့ ကုန်းမြေကြီး တစ်ခုလုံးပေါ်တွင် ကျော်ကြားအောင် ပြုလုပ်ပြီး အသင်းမှတခြားအဖွဲ့ဝင်များအား သူတို့တည်ရှိနေကြောင်းကို အသိပေးရမည်ဖြစ်သည်။

အန်လင်းနှင့် စုချန်းရန်က တခြားသောနားစရာနေရာကို ရှာတွေ့ကာ မီးဖို ဖိုလိုက်လေတော့သည်။

အန်လင်း၏ အသားကင်သည့်အရည်အချင်းမှာ အတွေ့အကြုံများဖြင့် သွေးထားသည်ဖြစ်ရာ မကြာခင်မှာပင် ကျွမ်းကျင်သူ တစ်ယောက်ကဲ့သို့ မီးဖိုတစ်ခုကို ပြုလုပ်ပြီးဖြစ်သည်။

သူက ကောင်းကင်ဘုံရေကန်မှ ငါးတစ်ချို့ကို သိုလှောင် လက်စွပ်ထဲမှထုတ်ပြီးကင်ကာ စုချန်းရန်အား အလွန်ပျော်ရွှင်စေတော့၏။

သူတို့နှစ်ယောက်သည် ကျန်းချီ ကုန်းမြေကြီးအကြောင်း စတင်ဆွေးနွေးလိုက်ကြ၏။

သူတို့၏ အတွေ့အကြုံများမှ တစ်ဆင့် စွမ်းအင်အဆင့်များအား အကြမ်းဖျင်း ခန့်မှန်းနိုင်လေသည်။

ထိုက်ချူကုန်းမြေကြီးပေါ်က ကျင့်ကြံသူများနှင့် နှိုင်းယှဥ္ကြည့်ရသော် တိုက်ပွဲ ဆရာကြီးနှင့် တိုက်ပွဲ စိတ်ဝိညာဉ်များမှာ တာအိုခန္ဓာအဆင့်နှင့် တူပြီး၊တိုက်ပွဲ ဘုရင်နှင့် တိုက်ပွဲဧကရာဇ်တို့မှာ စိတ်ဝိညာဥ်ပျိုးထောင်ခြင်းအဆင့်နှင့် တူလေသည်။ တိုက်ပွဲ ပညာရှိအတွက်မူ အန်လင်းနှင့် စုချန်းရန်တို့က အခုထိ ထိပ်တိုက်မတွေ့ဖူးသေးပေ။ သို့သော် သူတို့က စိတ်ဝိညာဥ်ဖွဲ့စည်းခြင်း အဆင့်နှင့် ညီနိုင်ပေသည်။

ထို့နောက် ဤကုန်းမြေကြီးပေါ်တွင် စွမ်းအားအကြီးဆုံး တိုက်ပွဲ နတ်ဘုရားများရှိလေ၏။ သူတို့က စိတ်ဝိညာဥ်ဖွဲ့စည်းခြင်း နောက်ဆုံးအဆင့် ဝန်းကျင်လောက် ဖြစ်နိုင်ပြီး သို့မဟုတ်ပါက ပိုပြီး သန်မာနေနိုင်ပေ၏...

သူတို့က တစ်ယောက်ကိုမှ မတိုက်ခိုက်ရသေးပေ။ ထို့ကြောင့် သူတို့က တိကျသည့် ခန့်မှန်းချက်ကို မပေးနိုင်သေးပါ။

ထိုက်ချူကုန်းမြေကြီးပေါ်မှ ကျင့်ကြံသူများနှင့် ဤကုန်းမြေကြီးပေါ်က စစ်သည်တော်များကြားမှ အားအင် ခြားနားချက်မှာ အတော်လေး ကြီးမားလောက်မည်ဟု တွက်ချက်နိုင်ပေသည်။

ထို့နောက်တွင်တော့ သူတို့နှစ်ဦးစလုံး စိတ်ရှုပ်ထွေးနေသော ခေါင်းစဥ္ ဆီသို့ ပြောင်းလိုက်ကြ၏။ ဒီရှောင်ယန် သင်္ချိုင်းဂူဆိုတာ သောက်ကျိုးနည်း ဘာကြီးလဲ။

အဲဒါက တခြားသောကမ္ဘာတစ်ခုဆီ ဝင်ပေါက်လား။ ထိုသည်မှာ အလွန်ကို မဖြစ်နိုင်သောအရာပင်။

ရှောင်ယန် သင်္ချိုင်းက ဤတခြားသောကမ္ဘာထဲက တစ်နေရာရာတွင် တည်ရှိနေသည်ဆိုသည့် တခြားဖြစ်နိုင်ချေ တစ်ခုရှိပြီး ထိုသည်မှာ ဤကမ္ဘာမှ ထွက်ခွာရန် နည်းလမ်းတစ်ခု ဖြစ်နိုင်လေသည်။ သို့သော် သူတို့ စိတ်ရှည်ရှည်ထားပြီး ထိုအရာကို ရှာဖွေရပေမည်...

မီးပုံက လောင်ကျွမ်းနေဆဲဖြစ်ကာ ရွှေရောင်မီးပွားလေးများက ပိုးစုန်းကြူလေးများကဲ့သို့ လေထုထဲတွင် တဖျတ်ဖျတ်လက်နေပေ၏။

စုချန်းရန်၏ ပြည့်စုံလှသော သွင်ပြင်များက မီးပုံကြောင့် ရွှေအိုရောင်ရောနှောနေကာ သူမအား အထူးတလှယ် ဆွဲဆောင်မှုရှိပုံ ပေါ်နေစေ၏။ “တခြားသူတွေ ဘယ်လိုနေမလဲမသိဘူး။ အထူးသဖြင့် မြွေဖြူဝိညာဥ္နဲ့ ထျန်းလင်းလင်း။ သူတို့က တာအို ခန္ဓာအဆင့်ပဲရှိသေးတာ။ ဒီ မရင်းနှီးတဲ့ လောကကြီးက သူတို့အတွက် အန္တရာယ်များလွန်းတယ်”

ထိုသည်မှာ စုချန်ရန်၏ စရိုက်တစ်မျိုးပင်။ သူမ၏ ကိုယ်ပိုင်ပြဿနာများ ဖြေရှင်းပြီးသည်နှင့် တခြားသူများအား စတင်စိတ်ပူလေတော့သည်။

“ထျန်းလင်းလင်းက တကယ့်ကို ဥာဏ်ကောင်းပြီး လိုက်လျောညီထွေဖြစ်တယ်။ သူက အဆင်ပြေမှာပါ။ မြွေဖြူဝိညာဥ္ကတော့ သူ့အကြောင်းကို အများကြီး သိပ်မသိဘူး။ အဲဒါကြောင့် သူမက နည်းနည်း စိတ်ပူစရာပဲ...” အန်လင်းက ခေါင်းငြိမ့်လိုက်၏။ ထိုနှစ်ယောက်မှာ လိုက်လံရှာဖွေရမည့် အသင်းထဲတွင် အားအနည်းဆုံးနှစ်ယောက်ဖြစ်သည်ဟု ခံစားရသည်။

ညတာက ရှည်လျားလှ၏။ သူတို့သည် တရားမထိုင်ခင် အချိန်အတော်ကြာအောင် စကားပြောခဲ့ကြသည်။

စုချန်းရန်က ထိုညသည် အလွန်တည်ငြိမ်ပြီး စိုးရိမ်သောကကင်းသည်ဟု ခံစားရ၏။ ထိုသည်မှာ သူမတစ်ယောက်တည်း မဟုတ်တော့သည်မို့ ဖြစ်နိုင်၏။

သူမ၏ ဘေးရှိ အမျိုးသားအား တစ်ချက်ခိုးကြည့်လိုက်သောအခါ မျက်ခုံးကြားတွင် စိတ်ဆုံးဖြတ်ထားသည့် စိတ်ဓာတ်ကြံ့ခိုင်မှုများကိုမြင်နိုင်ပြီး ချောမောကာ ယောက်ျားဆန်လှသောမျက်နှာ၏ မြင်ကွင်းက ဆီးကြိုလာ၏။ သူ့၏ တည်ရှိမှုက ကြည်လင်အေးချမ်းပြီး ငြိမ်းချမ်းသော ခံစားချက်ကိုပေးလေ၏ ...အဲဒါက လုံခြုံခြင်းလို့ခေါ်တဲ့ စိတ်ခံစားချက် များလား။

စုချန်းရန်က ထိုအတွေးဖြစ်ပေါ်လာသောအခါ မနေနိုင်ပဲ ရှက်သွေးဖြာသွားတော့၏။

သူမက မျက်လုံးကို အလျင်အမြန်ပိတ်ကာ တိတ်တဆိတ် တရားထိုင်ခြင်းကို ပြန်လည်စတင်လိုက်တော့သည်။

နေမင်းကြီးက ဝင်ရိုးစွန်းမှ ထွက်ပေါ်လာကာ အရောင်းအသွေးများသည်လည်း လောကကြီးဆီသို့ ပြန်လည်ရောက်ရှိလာတော့သည်။

အန်လင်းနှင့် စုချန်းရန် နှစ်ယောက်စလုံးသည် သူတို့၏ မျက်လုံးတောက်တောက်များကို ဖွင့်လာပြီး စွမ်းအင်များ ပြည့်လျှံနေကာ တစ်ခုခုလုပ်ရန် စိတ်အားထက်သန်နေတော့၏။

“တစ်ခုခုကိုစတင်ဖို့ သွားကြရအောင်”

အန်လင်းက တက်ကြွစွာ အကြံပြုလာတော့၏။

***

All Chapters