← Chapters

ကုန်းမြေကြီးတစ်လွှား ကျော်ကြားခြင်း

Vol. 23 Ch. 322

ကုန်းမြေကြီးတစ်လွှား ကျော်ကြားခြင်း

Vol. 23 Ch. 322

ကျန်းချီကုန်းမြေကြီးတစ်လျှောက်တွင် တောမီးကဲ့သို့ ပျံ့နှံ့ကျော်သောသတင်း တစ်ခုရှိလေပြီး မကြာမီမှာပင် အိုရှင်းအင်ပါယာဆီသို့ ကျော်ရှိလာတော့၏။

တိုက်ပွဲဧကရာဇ်အများအပြားအား သုတ်သင်ရှင်းလင်းပစ်ပြီး အိုရှင်းအင်ပါယာမှ အထူးကိုယ်စားလှယ်ပင် ရှုံးနိမ့်သွားဆုံး အန်လင်းဟု အမည်ရသည့် ဓားအင်မော်တယ်တစ်ဦးရှိ၏။ ထို့နောက်တွင်တော့ သူက တိုက်ပွဲနတ်ဘုရား ရှုမင်အား လူသိရှင်ကြားစိန်ခေါ်ကာ သူ့ကိုစိတ်တိုအောင်လုပ်ပါက အိုရှင်းအင်ပါယာအား မြေလှန်ပစ်မည်ဟု ကြေငြာထား၏။

ကုန်းမြေကြီးတော့ရှိ လူတိုင်းက ထိုသတင်းကို ကြားရသည်နှင့် အလွန်အမင်း ထိတ်လန့်သွားတော့သည်။

တိုက်ပွဲနတ်ဘုရားများက ဤကုန်းမြေကြီးတော့တွင် မလွှမ်းမိုးနိုင်သော ဖြစ်တည်မှုများဖြစ်ပြီး သူတို့၏ ခွန်အားမှာ ပြိုင်ဘက်ကင်းဖြစ်ကာ တော်ဝင်မင်းဆက်၏ထိပ်ဆုံးအဆင့်ကဲ့သို့ ဆက်ဆံခံရ၏။

သာမာန်လူတစ်ဦးအတွက်မူ တိုက်ပွဲနတ်ဘုရားများမှာ ကောင်းကင်မှ ကျော်မင်းကြီးတစ်စင်းကဲ့သို့ပင်။ သူတို့မှာ လက်လှမ်းမမီလောက်သည့် နေရာတွင်တည်ရှိနေပြီး မည်သူကမှ သူတို့အား ဒေါသထွက်အောင် မလုပ်ရဲပေ။

သို့သော် ဓားအင်မော်တယ် အန်လင်းက အခြေခံအားဖြင့် ကောင်းကင်ဘုံကိုပင် ဂရုမစိုက်ဘူးဟု ကြော်ငြာလိုက်ခြင်းပင်။

တိုက်ပွဲနတ်ဘုရား၏ ဒေါသကို ရန်စမိသည့် နောက်ဆုံးဆုံး တိုက်ပွဲပညာရှိ၏ အုတ်ဂူတွင် ပေသုံးဆယ်ခန့်ပင်ရှည်လျားဆုံး မြက်ပင်များ ပေါက်နေကြောင်း လူတိုင်းကသိသည်ဖြစ်၏။

ရူးနေပြီ၊ သူက တကယ့်ကို ရူးနေပြီ။

ထိုသည်မှာ သတင်းကိုကြားသောလူတိုင်း၏ ထပ်တူညီဆုံး တုံ့ပြန်မှုပင်ဖြစ်သည်။

ကျန်းချီ ကုန်းမြေကြီး၏ မြောက်ပိုင်းရှိ ပေးဟောင် အင်ပါယာတွင်...

မြို့တော်အတွင်းရှိ စားသောက်ဆိုင်ငယ်လေးတစ်ခုထဲတွင် အန်လင်း၏ သတင်းအကြောင်းကို ဆွေးနွေးနေသော လူတစ်ချို့ရှိလေ၏။

“ဟေး... အိုရှင်းအင်ပါယာမှာ ဘာဖြစ်နေလဲ ဆိုတာကြားပြီးပြီလား။”

“အဲ့အကြောင်းကို မကြားဖို့ဆိုတာ မဖြစ်နိုင်ဘူးလေ။ အခုလောလောဆယ် လူတိုင်းပါးစပ်ဖျားမှာ ရေပန်းစားနေတဲ့ ခေါင်းစည်းက အဲဒါပဲကို။ တိုက်ပွဲနတ်ဘုရားကို တစ်စုံတစ်ယောက်က ရန်သွားစရဲတာ ဘယ်လောက်တောင်ကြာပြီလဲ။ အန်လင်းက သုံးရက်ထက်ပိုပြီး အသက် မရှင်ချင်တော့တဲ့ ငတုံးကောင်ဆိုတာ လုံးဝသေချာတယ်။”

“ကျွတ်...ဒီကမ္ဘာကြီးတော့မှာ အဲ့လို ရဲရင့်တဲ့စစ်သည်တော်တွေ ရှိနေလိမ့်အုံးမယ်လို့ ဘယ်သူက ထင်မှာလဲ...”

“ရဲရင့်တယ်...သူက သူ့ရဲ့ကိုယ်ပိုင် အင်အား ကိုတောင် မခန့်မှန်းတတ်တဲ့ ငတုံးတစ်ကောင်သာသာပါကွာ။ သူ့လိုလူမျိုးတွေက သိပ်မကြာခင်မှာပဲ ကမ္ဘာကြီးကနေ ပျောက်ကွယ်သွားရမှာပါ”

“အဲ့ဒါ အမှန်ပဲ။ တိုက်ပွဲ နတ်ဘုရား ရှုမင်က အရမ်း အစွမ်းထက်လွန်းတယ်။ အထူးသဖြင့် သူက အံ့ချီးလက်နက်ရပြီးသွားတဲ့နောက်လေ။ သူတစ်ယောက်တည်းနဲ့ သုတ်သင်ရှင်းလင်းခဲ့တဲ့ တိုက်ပွဲပညာရှိတွေ တစ်ဒါဇင်ကျော်တယ်။ ရူးနေတဲ့သူကပဲ သူ့ကို အဲ့လို စိန်ခေါ်ရဲမှာ”

အနီးအနားရှိ စားပွဲတွင်ထိုင်နေသော အဖြူရောင်  ဝတ်ရုံနှင့် အမျိုးသားသည် သူ့တို့၏စကားဝိုင်းကိုကြားပြီးနောက် ချက်ချင်းပင် တုံ့ဆိုင်းသွားတော့၏။

သူ့၏ နွေးထွေး ချောမောလှသော မျက်နှာပြင်သည် အမူအရာမဲ့သွားတော့၏။

အဆုံးတွင်တော့ သူက ကျယ်လောင်စွာ တစ်ခစ်ခစ် ရယ်မောလာကာ တစ်ဆိုင်လုံးရှိ ဧည့်သည်များ၏ အာရုံစိုက်မှုကို ဆွဲဆောင်လိုက်လေသည်။

“အိုရှင်း အင်ပါယာ ဟုတ်လား။ အိုရှင်းအင်ပါယာ ငါ့ကို စောင့်နေစမ်း”

အမျိုးသားက ရှေးဟောင်းဓားတစ်လက်ကို ဆွဲထုတ်လိုက်ပြီးနောက် အင်အားကြီးမားလှသည့် ဓားက ကောင်းကင်နှင့် မြေကြီးကြားတွင် ပေါက်ကွဲထွက်လာတော့သည်။

သူက ဓားပေါ်သို့တက်ကာ လေထဲသို့ ပျံသန်းသွားပြီး အံအားသင့်နေသော ပွဲကြည့်သူ အများအပြားကို ချန်ရစ်ထားခဲ့တော့သည်။

အိုရှင်းအင်ပါယာအတွင်း၌ဝယ် အန်လင်းနှင့် စုချန်းရန်တို့က ဒုက္ခပင်လယ်ဝေနေလေ၏။

ချောင်ရန်း နိုင်ငံတော်...

အားလုံးသိထားသည့်အတိုင်း ချွန်ချောင်ဓားဂိုဏ်းမှာ သူတို့၏ ဓားနည်းလမ်းများ တိုးတက်လာစေရန် တစ်နှစ်တွင် အသက်ပေါင်းရာချီ စတေးလျှက်ရှိနေ၏။ သို့သော် သူတို့အား မည်သူက ရန်တန့်နိုင်စေမည်နည်း။

သူတို့မှာ ကုန်းမြေတစ်ဝှမ်းလုံးကို အုပ်စိုးထားသော အလွန်အမင်း အစွမ်းထက်သည့်ဂိုဏ်းဖြစ်၏။ သို့ဖြစ်ပါ၍ သူတို့မှာ ဘုရားသခင်၏ လက်တုံ့ပြန်ခြင်းမှ ဖယ်ချန်ထားရန် ကံဇာတာဖန်နေသည်လား။

ဟုတ်ပါပြီ။ ကျုပ်တို့အတွဲက ထိုသူများကို ကမ္ဘာမြေကြီးပေါ်မှ ပျောက်ကွယ်သွားစေကြပါစို့လေ။

အန်လင်းက ဓားတစ်ချောင်းကို ကိုင်ကာ ဂိုဏ်းထဲသို့ဝင်ရောက်ပြီး သူတို့၏ တိုက်ပွဲဧကရာဇ်အဆင့် ခေါင်းဆောင်အား နေရာမှာပင် ချက်ချင်းသုတ်သင်ရှင်းလင်းလိုက်လေသည်။

စုချန်းရန်၏ လရောင်ဝိုင်းမှာ သေမင်း၏တံစဥ်ရှည် ကဲ့သို့ပင် တိုက်ပွဲဘုရင်အဆင့် အကြီးအကဲများကို အညှာအတာမဲ့ သတ်ဖြတ်နေတော့သည်။

သို့ဖြစ်ပါ၍ ချွန်ချောင်ဓားဂိုဏ်းမှာ တစ်ရက်တည်းနှင့်ပင် ချေမှုန်းခံလိုက်ရ၏။

ဟောဂွီ နိုင်ငံတော်...

သွေးနဂါး မိစ္ဆာဂိုဏ်းမှာ သူ့တို့ဝန်းကျင်ရှိ နယ်မြေတစ်ဝိုက်အား ပတ်ဝန်းကျင်ရှိ ဂိုဏ်းများအားလုံးကို လက်အောက်ခံအဖြစ် သွပ်သွင်းကာ လွှမ်းမိုးထား၏။ သူတို့တွင် စွမ်းအားကြီး စစ်သည်တော်များ အများအပြားရှိကာ သူတို့၏အဆင့်မှာလဲ ကြောက်မက်ဖွယ် ခုခံကာကွယ်ခြင်းအစွမ်းကို မြှင့်တင်ပေးထား၏။ သို့ဖြစ်၍ သူတို့ပိုင်နက်ထဲတွင် မည်သူက သူတို့အား တားဆီးနိုင်မည်နည်း။

အန်လင်းနှင့်စုချန်းရန်က သွေးနဂါး မိစ္ဆာဂိုဏ်းသို့  ဝင်ရောက်ကာ သူတို့၏စစ်သည်တော်များအားလုံးကို စကားတစ်ခွန်းမှ မပြောပဲ စတင်သတ်ဖြတ်လေတော့သည်။

မိစ္ဆာဂိုဏ်းထဲမှ တိုက်ပွဲဧကရာဇ် နှစ်ဦးမှာ သူတို့ သုတ်သင်ချေမှုန်းခံရပြီး သွေးများက မြစ်ချောင်းကဲ့သို့ စီးဆင်းကာ အလောင်းများက ဂိုဏ်းထဲတွင်တောင်လိုပုံမနေခင်မှာပင် လွတ်မြောက်ရန် အခွင့်အရေး တစ်ခုပင် မရလိုက်ပါချေ...

ကမ္ဘာကြီးက တစ်နေ့မှာတော့ သွေးနဂါး မိစ္ဆာဂိုဏ်းကို ဖယ်ရှားလိုက်နိုင်လေပြီ။

ပိုင်ရန် နိုင်ငံတော်၊ ဖီးနစ်နိုင်ငံတော်...

ကြောက်မက်ဖွယ်ရာ အမြစ်ပြတ်သုတ်သင်ခြင်း တသီတတန်းကြီးက ကုန်းမြေကြီးတစ်လွှား ကျော်ကြားနေကာ လူတိုင်းကို အံ့အားသင့်ကာ ကြောက်ရွံ့ရိုသေစေတော့သည်။

အတိတ်တွင် အန်လင်းနှင့် စုချန်းရန်တို့ကို မည်သို့ သဘောထားစေကာမူ ယခုလက်ရှိတွင် လူများက သူတို့အား ရိုးတွင်းခြင်ဆီထိတိုင် ကြောက်လန့်နေကြ၏။ အနည်းဆုံးတော့ လူအတော်များများက သူတို့၏ ခွန်အားကို သံသယမဝင်တော့ပါပေ။

ဓားအင်မော်တယ် အန်လင်းနှင့် မြင့်မြတ်လရောင် နတ်သမီး စုချန်းရန်ဆိုသည့် ဂုဏ်သတင်းများက ကုန်းမြေကြီးတစ်ခုလုံးတွင် ကျော်ကြားနေပေ၏။

သို့ပေမဲ့ သူတို့၏ ထူးခြားအပြုအမူများအားလုံးထဲမှ အကျော်ကြားဆုံးဆုံး အပြုအမူမှာ ကျိုင်ရှင်းဂိုဏ်းပင်ဖြစ်၏။

ထိုသည်မှာ အိုရှင်းအင်ပါယာထဲတွင် အကြီးဆုံးဂိုဏ်း ဆယ်ဂိုဏ်းထဲမှ တစ်ခုဖြစ်သည်။

သူတို့၏ ပိုင်နက်မှာလည်း အင်ပါယာ၏ အရှေ့ဘက် နယ်ပယ်တစ်ခုလုံး နီးပါးဖြစ်ကာ နိုင်ငံပေါင်း ၁၂ခုခန့်ကိုပင် လွှမ်းမိုးထားသော အမှန်တကယ့်ကို ပုဂ္ဂိုလ်ကျော်ကြီးဖြစ်၏။

ဂိုဏ်းချုပ် လင်းရှန်နှင့် အကြီးအကဲ ယဲ့ချုံရှန်တို့ နှစ်ဦးမှာ တိုက်ပွဲပညာရှိအဆင့်စစ်သည်တော်များ ဖြစ်ကြသည်။

၄င်းတို့မှာ ကုန်းမြေကြီးတစ်ခုလုံးတွင် ကျော်ကြားသော ဖြစ်တည်မှုများဖြစ်ပြီး ထို့ကြောင့်ပင် သူတို့မှာ မကောင်းမှုများနှင့် ဝေးကွာနေနိုင်ပြီး တိုက်ပွဲနတ်ဘုရားကိုယ်တိုင်ပင် သူတို့၏ပိုက်နက်ထဲတွင် သူတို့နှင့် မတိုက်ခိုက်ချင်ပါပေ။

တောင်များဝန်းရံနေသည့် ဂိုဏ်းအတွင်းတွင် မြောက်များစွာသော ဇိမ်ခံ နန်းတော်များနှင့် ပွဲကြည့်စဥ်များ ရှိလေ၏။

အမြင့်မားဆုံးသော တောင်ထိပ်ပိုင်းတွင် ခရမ်းရောင်အလင်းတစ်ခု ထွက်နေသော အဆောက်အဦးတစ်ခု ရှိသည်။ ထိုသည်မှာ အလွန်လှပပြီး အိပ်မက်ဆန်ကာ တစ်ခြားကမ္ဘာမှ အဆောက်အဦးတစ်ခုအလား ထင်မှတ်ရ၏။

ဤသည်မှာ ကျိုင်ရှင်းဂိုဏ်း၏ အဓိက မျှော်စင်တစ်ခုဖြစ်ပြီး ဂိုဏ်းတစ်ခုလုံး၏ ဗဟိုချက်ပင်။

“ကြယ်မိစ္ဆာမီးတောက်ရဲ့ ကျင့်ကြံခြင်းက အခြေအနေဘယ်လိုလဲ။”

ကောင်းမွန် နူးညံ့သည့် သွင်ပြင်နှင့် အမျိုးသားက ကြည်လင်ပြီး ကလေးတစ်ဦးကဲ့သို့ လတ်ဆတ်သောအသံဖြင့် အဓိက မျှော်စင်ထဲတွင် ခေါက်တုံ့ခေါက်ပြန် လျှောက်ရင်း မေးလာ၏။

ခရမ်းရောင် ဝတ်ရုံနှင့် အဖိုးအိုက အရိုအသေပေးကာ ပြန်ဖြေလာ၏။ “ဂိုဏ်းချုပ်၊ ကြယ်မိစ္ဆာမီးတောက်က သူ့ကိုယဥ်ပါးအောင်လုပ်တဲ့ ကြိုးပမ်းမှုကို အတော်လေး ခံနိုင်ရည်ရှိနေတယ်။ ကျွန်တော်တို့က စိတ်ဝိညာဥ်တားဆီးခြင်း ဖွဲ့စည်းမှုသုံးတာတောင် မအောင်မြင်ပါဘူး”

နူးညံဆုံး သွင်ပြင်နှင့်အမျိုးသားမှာ ကျိုင်ရှင်းဂိုဏ်းချုပ် လင်းရှန်မှလွဲ၍ တခြားသူမဟုတ်ပါပေ။

လင်းရှန်က မျက်မှောင်ခပ်ဖွဖွကြုတ်လိုက်ပြီး “ငါတို့က သူ့ကို ယဥ်ပါးအောင်မလုပ်နိုင်တာနဲ့ပဲ ငါတို့ရဲ့ နည်းလမ်းက မှားနေတယ်လို့ မဆိုလိုပါဘူး။ ငါတို့ရဲ့ ဖွဲ့စည်းခြင်းက လုံလုံလောက်လောက် စွမ်းအားမကြီးသေးတာဖြစ်မယ်။ ဖွဲ့စည်းခြင်းထဲကို ထည့်ဖို့ နောက်ထပ် ဝိညာဥ် နှစ်သန်းရှာလာခဲ့”

ခရမ်းရောင် ဝတ်ရုံနှင့် အဖိုးအိုက သူ့၏စကားများတွင် တုန်လှုပ်သွားသော်လည်း ခေါင်းငြိမ့်နာခံရန်သာ တတ်နိုင်ပေသည် “ဟုတ်ကဲ့ ဂိုဏ်းချုပ်”

အနီးအနားမြို့ရှိ လူများကို ထပ်မံ သွေးဆောင်ရမည့်ပုံပင်။ ဒီတစ်ခေါက်တွင် မည်သည့် ဆင်ခြေသုံးသင့်သနည်း။

မိစ္ဆာသားရဲ ကျူးကျော်ဝင်ရောက်ခြင်းလား။ သဘာဝ ဘေးအန္တရာယ်လား။

သူတစ်ကိုယ်တည်း တွေးဆနေစဥ်မှာပင် သူ့အောက်မှ မြေကြီးက ရုတ်တရက် တုန်ခါလာကာ နားစည်ကွဲစေနိုင်လောက်သည့် တိုက်ခတ်သံကြီး ပေါ်လာလေ၏။

ဘုန်း...

အချက်ပေး ဥဩနှင့် သတိပေး နှိုးဆော်ချက်များက ကျိုင်ရှင်းဂိုဏ်းထဲတွင် ရူးလောက်အောင် ထွက်ပေါ်လာ၏။

“ရန်သူ၊ ရန်သူ ကျူးကျော်လာတာ ရှိတယ်...”

“တစ်စုံတစ်ယောက်က ဂိုဏ်းထဲကို အင်အားသုံး ကျူးကျော်လာတယ်...”

ကျိုင်ရှင်းဂိုဏ်မှ တပည့်များက သူတို့၏ လက်နက်များကို အသင့်အနေအထားနှင့် ထုတ်လာ၏။

လူအိုကြီး၏ မျက်နှာတော့တွင် ရက်စက်သော အမူအရာ ပေါ်လာ၏။ ကျိုင်ရှင်းဂိုဏ်းကို ပေါ်တင် တိုက်ခိုက်ရဲသော တစ်စုံတစ်ဦးရှိလိမ့်မည်ဟု မည်သူက ထင်မည်နည်း။ သူတို့က အသက်ရှင်ရသည်ကို စိတ်ကုန်နေပြီလား။

“ဟွန့်... ဘယ်သူက သေဖို့ကို ဒီလောက်စိတ်ပါ နေသလဲ ငါကြည့်အုံးမယ်”

အဖိုးအို၏ နောက်ကျော၌ ခရမ်းရောင် တောင်ပံတစ်စုံက ပေါ်လာကာ ရုတ်ရုတ်သဲသဲဖြစ်နေသည့် နေရာကို ပျံသန်းသွား၏။

“အို... ယောက်ျားတစ်ယောက်နဲ့ မိန်းမတစ်ယောက်” အဖိုးအိုက လေထဲတွင် ရပ်နေကာ အင်အားကြီးစွာ အော်ဟစ်လိုက်၏။ “ဘယ်သူက ကျိုင်ရှင်းဂိုဏ်ကို ကျူးကျော်လာရဲတာလဲ။ ချက်ချင်း လက်နက်ချစမ်း”

ဝှစ်...

အပြာရောင်အလင်းတန်းတစ်ခုက ဖြတ်သန်းသွားသည်။

ခရမ်းရောင်ဝတ်ရုံနှင့် အဖိုးအိုက နှစ်ခြမ်းပိုင်းခံလိုက်ရပြီး သူ့၏ အသက်ကို ထိထိရောက်ရောက် အဆုံးသတ်လိုက်၏။

ဓားအင်မော်တယ် အန်လင်းနှင့် မြင့်မြတ်လရောင်အပျိုစင်တို့က သူတို့၏ ရန်သူများကို ထောပတ်ထဲကိုဖြတ်သန်းသွားသော ဓားပူပူ နှစ်ချောင်းကဲ့သို့ သုတ်သင်ရှင်းလင်းလိုက်ကြ၏။

သူတို့က သတ်ဖြတ်ခြင်းနှင့် ဖျက်ဆီးခြင်းလမ်းကြောင်းတစ်ခုကို သူတို့နောက်တွက် ချန်ထားခဲ့သော စွမ်းအားထက်လှသည့် လူသတ်လက်နက် နှစ်ခုကဲ့သို့ပင် အဓိက မျှော်စင်ဆီသို့ လျှောက်သွားကြတော့၏။

ဘုန်း...

အဓိက မျှော်စင်ပတ်လည်တွင် ရှိသော မန္တာန်ဖွဲ့စည်းခြင်းက ပြိုပျက်သွားကာ သူတို့နှစ်ဦးက ကိုယ်ပိုင်အိမ်ဆီသို့ ဝင့်ကြွားစွာ လျှောက်လှမ်းသကဲ့သို့ ဝင်သွားတော့၏။

ဂိုဏ်းချုပ် လင်းရှန်က တိတ်ဆိတ်စွာ ထိုင်နေပြီး သူတို့အား အဝေးမှနေ၍ အကဲခတ်နေလေ၏။ တိုက်ပွဲအပြီး ဤနေရာထိတိုင်အောင် ရောက်လာကြသော ထိုနှစ်ဦးမှာ လုံးဝပင် ထိခိုက်မှုမရှိပဲ အသက်ရှုပင် မပြင်းနေသည်ကို မြင်ပြီးနောက်တွင်တော့ သူ့၏ တည်ငြိမ်လှသောအမူအရာက အနည်ငယ်ပြောင်းသွားလေ၏။

လင်းရှန်၏ ဘေးတွင်အနီရောင် ဝတ်ရုံနှင့် လူကြီးတစ်ယောက်က ထိုင်နေကာ ထိုသူမှာ ကျိုင်ရှင်းဂိုဏ်၏ အကြီးအကဲ ယဲ့ချုံရှန်ပင်။

တိုက်ပွဲပညာရှိနှစ်ဦး၏ စုပေါင်းအင်အားမှာ ကမ္ဘာပေါ်ရှိ လူအတော်များများ၏ နှလုံးသားထဲသို့ အကြောက်တရားများ စိမ့်ဝင်နိုင်ရန်လုံလောက်၏။ သို့တိုင်အောင် အမျိုးသားနှင့် အမျိုးသမီး မှာမူ တည်တည်တံ့တံ့အမူအရာပင် မပြပါချေ။

“ဓားအင်မော်တယ် အန်လင်း၊ မြင့်မြတ်လရောင် အပျိုစင် ကျိုင်ရှင်းဂိုဏ်က သင်တို့ကို အမှားလုပ်ထားတာမရှိသလို မင်းတို့နဲ့ တွေ့တောင်မတွေ့ဖူးပါဘူး။ အဲ့ဒီတော့ မင်းတို့နှစ်ယောက်က ဒီနေ့ ဘာလို့ ဒီကို ရောက်လာတာလဲ။” လင်းရှန်က ဖြည်းညင်းစွာပြောလာ၏။

ဂိုဏ်းကြီးတစ်ခုကို ကျူးကျော်ဝင်ရောက်လာရဲသည်ဖြစ်ရာ သူတို့မှာ ကျော်ကြားနေသည့်အတွဲဖြစ်နိုင်သည်မှာ သိသာလှပေ၏။ သို့သော်လည်း လင်းရှန်က တိုက်ပွဲပညာရှိနှစ်ဦးနှင့် ရင်ဆိုင်ရသည်ကိုတောင် ဤမျှအထိ အကြောက်အလန့်မရှိလောက်မည်ဟု မမျှော်လင့်ထားပါပေ။

အန်လင်းက သူ့၏ ဓားကို မြေပြင်ပေါ်တွင် ထိုးစိုက်လိုက်ပြီး ကြည်လင်သောအသံဖြင့်ဆိုလာ၏။ “မင်းက ငါတို့အပေါ်မှားထားတာမရှိပါဘူး။ ဒါပေမဲ့ ကျိုင်ရှင်းဂိုဏ်က နှစ်တိုင်း တပည့် တစ်သန်းကျော်ခေါ်ပြီးတော့ သူတို့အားလုံးကလဲ ဘယ်တော့မှ ပြန်မလာကြဘူးတဲ့။ အဲ့ဒါက လွန်ခဲ့တဲ့ နှစ်နှစ်အတွင်း ပိုဆိုးလာတယ်တယ်တဲ့... ငါက လျှောက်ပတ်ကြည့်ဖို့အတွက် ကျိုင်းရှင်းဂိုဏ်းကို အလည်လာဖို့ ဆုံးဖြတ်လိုက်တာ။ ဒါပေမဲ့ တပည့်က တစ်ထောင်လောက်ပဲ တွေ့တယ်။ တခြားသူတွေက ဘယ်ရောက်သွားလဲ။ ငါက စိတ်ပူလို့ပါ...”

ယဲ့ချုံရှန်က မျက်မှောင်ကြုတ်လိုက်ပြီး ကြီးမားသော အရှိန်အဝါကို အန်လင်းနှင့်စုချန်းရန်ဆီသို့ ပို့လွှတ်ကာ စူးစူးဝါးဝါး အော်လာ၏။ “မင်းတို့က ဒီလိုကိစ္စမှာ နှာခေါင်းဝင်ရှုပ် ချင်တယ်ဆိုတာ သေချာရဲ့လား။”

အန်လင်းက လုံးဝကို အနှောက်အယှက်မဖြစ်သောပုံရကာ တည်ငြိမ်စွာ ပြောလာ၏။

“ငါက တရားမျှတမှုရဲ့ ကိုယ်စားလှယ်တော်ပဲ။ ငါက ဘုရားသခင်ရဲ့ အလုပ်တွေကို လုပ်ပေးနေတဲ့ ဓားအင်မော်တယ်။ ငါက မတရားမှုမှန်သမျှကို ဆန့်ကျင်မှာ။ ငါက ဘာလို့ မင်းတို့ ကိစ္စမှာ ဝင်ရှုပ်လို့ မရရမှာလဲ။”

လင်းရှန်က နှုတ်ခမ်းများကို တွန့်ကွေးလိုက်ပြီးနောက် “စောက်ကျိုးနည်း ဘယ်လို ငတုံးကောင်လဲ”

ယဲ့ချုံရှန်: “...ငါတော့ သူတို့ကို သတ်ပစ်ရမယ် ထင်တယ်။”

ဘုန်း...

သူက သူ့၏ အရှိန်အဝါကို သူ့ပတ်ပတ်လည်တွင် လှုပ်ခတ်နေသော လှုိင်းများသဖွယ် ထိမ်ချန်ထားခြင်းမရှိ ထုတ်လွှတ်လိုက်သောအခါ သူတို့၏ပတ်လည်၌ လှိုင်းဂယက်ငယ်လေးများပင် ပေါ်လာတော့၏။

အန်လင်းက စုချန်းရန်နှင့်အတူ ရပ်နေပြီး သူတို့နှစ်ဦးမှာလည်း သူတို့၏ အစွမ်းထက် အရှိန်အဝါများ ထုတ်လွှတ်လိုက်လေသည်။

သူတို့ပတ်လည်တွင် လေပြင်းများက တိုက်ခတ်နေပြီး ဆန့်ကျင်ဘက် အရှိန်အဝါများက အပြန်အလှန် တိုက်ခိုက်နေကြပြီး စွမ်းအင်ပေါက်ကွဲမှု အလယ်တွင် မျှော်စင်တစ်ခုလုံးကို လှုပ်ရမ်းတုန်ခါစေ၏။

သို့ဖြစ်ပါ၍ ကမ္ဘာမြေကြီးကို အက်ကွဲစေနိုင်သော တိုက်ပွဲတစ်ခုက ကျိုင်ရှင်းဂိုဏ်းအတွင်း ဖြစ်ပေါ်လာတော့သည်။

***

All Chapters