အံ့ချီးမီးတောက်ပေါ်ထွက်လာမှု
Vol. 23 Ch. 323
လင်းရှန်က ကြယ်စင်ခုနှစ်သွယ်ဓားကို ဆင့်ခေါ်လိုက်ပြီး အန်လင်းဆီသို့ ခုတ်ပိုင်းလိုက်လေ၏။
ဓားက ကြယ်ခုနှစ်စင်း၏ စွမ်းအားနှင့် ပြည့်နှက်နေကာ အလွန်တောက်ပသောအလင်းရောင် ထွန်းလင်းနေ၏။ ထိုသည်က လေထုအား ခရမ်းရောင် အလင်းတစ်ခုနှင့် ဖြတ်သန်းသွားပြီး အရာအားလုံးကို ဖျက်စီးပစ်ကာ ခုတ်ပိုင်းချလိုက်လေတော့သည်။
အားကြီးလှသည့် ဓားချက်နှင့် ရင်ဆိုင်ရသောအခါ အန်လင်းက သူ့ဓားအား တည်တည်ငြိမ်ငြိမ်နှင့်ပင် မြှောက်လိုက်၏။
ဘုန်း...
ဓားချက်က ခရမ်းရောင် အလင်းတန်းနှင့် ပေါက်ကွဲသွားကာ မျှော်စင်ကို နှစ်ပိုင်းပိုင်းလိုက်လေတော့သည်။
အန်လင်းက နောက်သို့ ခြကျော်ှမ်းများစွာ ဆုတ်သွားကာ သူ့ကိုယ်တွင်းမှ သွေးများက အပြင်းအထန် လှုပ်ရှားသွားပြီး ဤထိုးနှက်ချက် နောက်က အင်အားကို အသံတိတ် တွက်ချက်နကျော်ေ၏။
လင်းရှန်၏ ဓားချက်က စိတ်ဝိညာဥ်ဖွဲ့စည်းခြင်း အလယ်အလတ်အဆင့် ကျင့်ကြံသူတစ်ဦး၏ အင်အားပြည့် ထိုးနှက်ချက်နှင့် နှိုင်းယှဥ်နိုင်ပေသည်။
ကြည့်ရသည်မှာ သူက တိုက်ပွဲပညာရှိတို့၏ စွမ်းအားကို လျော့တွက်ထားမိပုံပင်။
ဝှစ်...
စုချန်ရန်သည်လည်း စတင်တိုက်ခိုက်လာ တော့သည်။ သူမ၏ အပြာဖျော့ဖျော့ လရောင်ဝိုင်းက လေထုကိုဖြတ်၍ အကြီးအကဲ၏ ရှေ့တွင် ရုတ်တရက် ပေါ်လာလေ၏။
ယဲ့ချုံရှန်က ခြေလှမ်းဝက်မျှ နောက်ဆုတ်သွားပြီး သူ့လည်ပင်းတွင် ကြက်သွေးရောင် ပုတီးကုံးတစ်ခု ပေါ်လာ၏။
ပုတီးစေ့ ၉၉စေ့က ကျော်ထဲတွင် တွဲလောင်းကျနေကာ ကာကွယ်ရေးဖွဲ့စည်းခြင်းတစ်ခုကို တည်ေဆောက်လိုက်ပြီး ထူးဆန်းသည့် စွမ်းအင်တစ်ခုကို ထုတ်လွှတ်ရင်း ယဲ့ချုံရှန်၏ ခန္ဓာကိုယ်ကို ခြံရံလိုက်၏။
လရောင်ဝိုင်းက မန္တာန်ဖွဲ့စည်းခြင်းနှင့် တိုက်မိကာ နားစည်ကွဲစေနိုင်လောက်သည့် ရိုက်ခတ်သံကြီး ထွက်ပေါ်လာသော်လည်း ဖြတ်သန်းရန်တော့ မဖြစ်နိုင်ပါပေ။ စုချန်းရန်၏ မျက်နှာက မဲမှောင်လာကာ သူမ၏ လရောင်ဝိုင်း နောက်ကွယ်မှ အားအင်ကို တိုးမြှင့်လိုက်၏။
လရောင်ဝိုင်းက အပြာရောင် ခပ်ရင့်ရင့်သို့ စတင်ပြောင်းလဲလာပြီးနောက် ကြက်သွေးရောင် ကာကွယ်ရေးဖွဲ့စည်းခြင်းပေါ်တွင် အက်ကြောင်းတစ်ခု ပေါ်လာတော့သည်။
ယဲ့ချုံရှန်၏ အမူအရာများက အင်တိုက်အားတိုက်အဖြစ် ပြောင်းလဲသွားကာ သူ့၏ လက်ခုပ်နှစ်ဖက်ကို ပူးလိုက်ပြီးနောက် အော်ဟစ်လာ၏။ “အံ့ချီး ပုတီးလုံး ပြန်လာခဲ့။”
ကြက်သွေးရောင် ပုတီများက နောက်ဘက်သို့ အလျင်အမြန် လည်ပတ်လာပြီး စုချန်ရန်ဆီသို့ ခုန်အုပ်လာသော မီးတောက်နေသည့် ဖီးနစ်တစ်ကောင် ဖြစ်ပေါ်လာ၏။
ဘုန်း...
မီးတောက်များက အပြင်ဘက်သို့ ပေါက်ကွဲထွက်လာကာ သူတို့ပတ်ဝန်းကျင်ရှိ အရာအားလုံးကို ဖုန်မှုန့်အဖြစ်သို့ မီးလောင်ပြာကျစေ၏။
ခန်းနားထည်ဝါလှသော အဓိက မျှော်စင်ကြီးက မီးတောက်နေသော ဖီးနစ်ငှက်ကြောင့် အဆောက်အဦး အပျက်အဖြစ်သို့ လျော့ချခံလိုက်ရသည်။
အန်လင်းက အနီးနားရှိ မီးတောက်ပင်လယ်ပြင်ကို စိုးရိမ်တကြီးကြည့်ရှုလိုက်သောအခါ လရောင်းဝိုင်း၏ ကာကွယ်ခြင်းခံလိုက်ရပြီး မီးတောက်ပင်လယ်ပြင်ထက်သို့ ခုန်ထွက်လာသော စုချန်းရန်ကို တွေ့လိုက်၏။ သူမ၏ ဆံပင်များက လေထဲတွင် အနည်းငယ် ဖရိုဖရဲနှင့် တဖြတ်ဖြတ်ခတ်နေသော်လည်း ပြင်းထန်ဒဏ်ရာ ရရှိသည့်ပုံတော့မပေါ်ပါချေ။
အန်လင်းက သက်ပြင်းချလိုက်တော့၏။
“သူများကို သွားစိတ်ပူဖို့ အချိန်ရှိတယ်ပေါ့။”
လင်းရှန်က ရုတ်တရက် ပြောလာ၏။
အလွန်စွမ်းအားကြီးလှသော ဓားချက်တစ်ခုက အန်လင်းအပေါ်သို့ ရုတ်တရက် သက်ဆင်းလာ၏။
ဓားချက်၏ အကြွင်းအကျန် စွမ်းအင်ကပင် သူတို့အောက်ရှိ တောင်ကြီးကို တုန်ခါစေနိုင်ရန် လုံလောက်လေသည်။
ကျိုင်ရှင်းဂိုဏ်က တပည့်များက သူတို့အထက်ရှိ ကမ္ဘာကြီးကွဲအက်စေနိုင်လောက်သော တိုက်ပွဲကို ကြည့်ရှုကာ တစ်ချို့မှာ သူတို့အသက်အတွက် ထွက်ပြေးကုန်ကြပြီး တစ်ချို့မှာတော့ အံအားသင့်ကာ ငေးကြည့်နေကြ၏။
လင်းရှန်း၏ ဓားချက် ရည်ရွယ်ရာမှာ အဆုံးအစမဲ့ သောစွမ်းအင်များနှင့် ပြည့်နှက်နေ၏။
အန်လင်းက နောက်ခြေထောက်ကို မြဲမြဲရပ်ကာ ခုခံခြင်းကို ပြုလိုက်လေသည်။
လင်းရှန်က တိုက်ပွဲ၏ ထိုအခိုက်တွင်တော့ အလွန်အမင်း စိုးရိမ်လာကာ “ဘာလဲဟ။ မင်းက တိုက်ပွဲချီကို သုံးနေတာမဟုတ်ဘူး။ မင်းတို့က ဘာကောင်တွေလဲ။”
“သေလူတွေက စကားအများကြီး မပြောသင့်ဘူး။” အန်လင်း၏ မျက်လုံးက နှင်းကဲ့သို့ အဖြူရောင်ပြောင်းသွားပြီး မိစ္ဆာရှင်းဓားကို အဖြူရောင်လေပြင်းများက လှည့်ပတ်လာ၏။ သူက လေကဲ့သို့ လျင်မြန်စွာ လှုပ်ရှားကာ တိတ်ဆိတ်သောအဖြူရောင် ဓားချက်တစ်ခုက လေထဲတွင် ပေါ်လာ၏။
“ပထမဆုံးသော နည်းလမ်း... လေပြင်းဓား...”
တိုက်ပွဲပညာရှိ အစွမ်းအား အဆင့်တွင် ကြမ်းတမ်းသော အတိုင်းအတာ ရှိပြီးဖြစ်ရာ အချိန်ထက်မဆွဲ ချင်တော့ပါချေ။
လင်းရှန်က ချက်ချင်းပင် သေဆုံးလုဆဲဆဲ အာရုံတစ်ခုကို ခံစားလိုက်ရ၏။
သူကချက်ချင်းပင် သူ့၏လျှာထိပ်ကိုကိုက်လိုက်ပြီးနောက် ပါးစပ်အပြည့် သွေးများကိုထွေးထုတ်လိုက်၏။
“သွေးကြယ်ခုတ်ချက်...”
ကြယ်စင်ခုနှစ်သွယ်ဓားက သွေးအဆီအနှစ်၏ စွမ်းအားကြောင့် ဆတိုးသွားကာ သူ့ပတ်လည်ရှိ ခရမ်းရောင် အလင်းက အင်တိုက်အားတိုက် ကျယ်ပြန့်လာပြီး အန်လင်း၏ လေပြင်းဓားနည်းလမ်းနှင့် တိုက်မိသွား၏။
ဘုန်း...
အလွန်အမင်း အစွမ်းထက်လှသော အရှိန်အဝါနှစ်ခုက တိုက်မိသွားပြီး ဓားဦးမှာ သူတို့ပတ်လည် ပေတစ်ရာမှ မြေကြီးအား ဖုန်မှုန့်အဖြစ်သို့ လျော့ချလိုက်၏။ လင်းရှန်နှင့် အန်လင်း နှစ်ဦးစလုံးက ပြင်းထန်လှသော ပေါက်ကွဲမှုကြောင့် နောက်ပြန်လန်သွားတော့၏။
လင်းရှန်က အန်လင်းအား ကြောက်လန့်တကြားကြည့်လိုက်၏။ သူက ထို စွမ်းအားအကြီးဆုံး နည်းလမ်းကို မသုံးခဲ့ပါက အခုလေးတင် သေဆုံးသွားလောက်ပြီဖြစ်သည်။ အန်လင်း၏ ဓားပတ်လည်တွင် အဖြူရောင် လေများပြန်လည်ဖြစ်တည်လာသည်ကို မြင်သောအခါ သူ့မျက်ခွံများက စတင်ကြုံ့သွားတော့၏။
“ပထမဆုံးသော နည်းလမ်း... လေပြင်းဓား...”
လင်းရှန်က သူ့ကိုယ်သူ ကျိန်ဆိုလိုက်ပြီး သူ့လျှာထိပ်ကို ထပ်မံကိုက်ကာ နောက်ထပ် သွေးအဆီအနှစ် ပါးစပ်အပြည့် ထုတ်လိုက်၏။
“သွေးကြယ်ခုတ်ချက်...”
ကြယ်စင်ခုနှစ်သွယ်ဓား ပတ်လည်ရှိ ခရမ်းရောင် အရှိန်အဝါက ထပ်မံကျယ်ပြန့်လာကာ လေပြင်းဓားနည်းလမ်းနှင့် ထပ်မံတိုက်မိသွားပြန်၏။
ဘုန်း...
နှစ်ဦးစလုံးက နောက်တစ်ကြိမ် နောက်ပြန်လဲကျသွားကာ လင်းရှန်က သွေးအဆီအနှစ်ချို့တဲ့မှုကြောင့် သတိလစ်မတက်ဖြစ်သွားတော့၏။
အဖြူရောင် လေပြင်း စီးကြောင်းများက အန်လင်း၏ ဓားပတ်လည်တွင် ထပ်မံပေါ်လာပြန်သည်။
“ပထမဆုံးသော နည်းလမ်း... လေပြင်းဓား...”
လင်းရှန်း၏ မျက်လုံးထဲတွင် အမှောင်ထုက ပေါ်ထွက်လာကာ လျှာကိုထပ်မံကိုက်ပြီး စတုတ္ထ အကြိမ်မြောက်သော ပါးစပ်အပြည့် သွေးကိုထပ်မံထွေးထုတ်လိုက်၏။ “သွေးကြယ် ခုတ်ချက်...”
သို့သော်...
သူက ရုတ်တရက် သူ့၌ သွေးအဆီအနှစ် မကျန်ရှိတော့သည်ကို သိလိုက်ရ၏။ ထို့ကြောင့်သူ့၏ ကြယ်စင်ခုနှစ်သွယ်ဓားကို စွမ်းအားမမြှင့်နိုင်တော့ပါ။
ထိတ်လန့်သည့်အမူအရာက သူ့မျက်နှာပေါ်တွင် ပေါ်လာကာ အဆုံးမရှိသောနောင်တနှင့် အကြောက်တရားများက သူ့နှလုံးထဲတွင် ဖြစ်တည်လာတော့သည်။ “မဖြစ်ဘူး...”
လင်းရှန်က အန်လင်းကို ချေမှုန်းရန် သူ့ဓားကို မြှောက်ဖို့ကြိုးစားလိုက်သော်လည်း သူ့စွမ်းအား၏ အမြန်နှုန်းမှာ အန်လင်းနှင့် မယှဥ်နိုင်သည်ကို သိလိုက်ရ၏။
ဇွက်...
သွေးများက နေရာအနှံ့ ပျံ့ကျဲသွားပြီး လင်းရှန်က တော့ာက်ရွံထိတ်လန့်နေဆဲမျက်နှာနှင့်ပင် မြေပြင်ပေါ်သို့ လဲကျ သေဆုံးသွားတော့လေသည်။
အစွမ်းထက်လှသော တိုက်ပွဲပညာရှိ၊ ကျိုင်ရှင်းဂိုဏ်က ဂိုဏ်းချုပ် လင်းရှန်မှာ လျှာတွင် သွေးအဆီအနှစ်ချို့တဲ့ ခြင်းကြောင့် သေဆုံးသွား၏။
ယဲ့ချုံရှန်သည်လည်း အလွန်အန္တရာယ်များသော အခြေအနေသို့ စုချန်းရန်က တွန်းအားပေးခြင်းကို ခံနေရသည်။
သူမ၏ လရောင်ဝိုင်းက သူမအား ချက်ချင်း တိုက်ခိုက်ကာ ချက်ချင်း ခုခံရန်ခွင့်ပြုလေ၏။ သို့သော် ယဲ့ချုံရှန်က ဆက်တိုက် တပ်ဆုပ်ရန်သာ တတ်နိုင်ပေသည်။ လင်းရှန်၏ သေဆုံးခြင်းကို မြင်တွေ့ရပြီးနောက် စိတ်ပိုင်းဖြတ်ပြီးသော အမူအရာက သူ့မျက်နှာပေါ်တွင် ပေါ်လာ၏။
“ကြယ်မိစ္ဆာမီးတောက်...”
ယဲ့ချုံရှန်ကအော်ဟစ်ကာ မြေကြီးကို ဆောင့်နင်းလိုက်၏။ စွမ်းအားကြီးလှသော တိုက်ပွဲချီအမြောက်အများက တောင်ကိုဖြတ်ကာ တောင်၏အလယ်ဗဟိုဆီသို့ ကူးသွားလေတော့သည်။
သူသည် ကြယ်မိစ္ဆာမီးတောက်ကို အသုံးပြုရန်အပြင် တခြားရေွးချယ်စရာမရှိတော့ပါ။ သူက မြောက်မြားစွာသော ဝေဖန်မှုများကို ခံရမည်ဖြစ်သော်လည်း သူအထွက် တခြားသော ထွက်ပေါက်မရှိပါချေ။
ဂျိန်း...
တောက်ကြီးက စတင်လှုပ်ရမ်းကာ တုန်ခါလာ၏။
မကြာမီမှာပင် ခရမ်းရောင် မီးတောက်အမြောက်အမြားက တောင်ကိုဖြတ်ကာ ကောင်းကင်ဆီသို့ ထိုးတက်သွား၏။
အကန့်အသတ်မဲ့သော မီးတောက်များက ပေါက်ကွဲထွက်လာကာ ကောင်းကင်ကြီးအား ပူပြင်းလှသော ခရမ်းရောင်ပင်လယ်ပြင်အဖြစ်သို့ ပြောင်းလဲပစ်၏။
ခရမ်းရောင်ပင်လယ်ပြင်ထဲတွင် အဖြူရောင် မီးတောက်များရှိနေပြီး ခရမ်းရောင် ကောင်းကင်ထဲရှိ ကြယ်များကဲ့သို့ ဖြစ်နေတော့သည်။
အန်လင်းက ခရမ်းရောင် လေထဲရှိ မီးတောက်ကို အထိတ်တလန့် မော့ကြည့်လိုက်၏။ သူက ထိုမီးတောက်များက ထွက်လာသော အလွန်အမင်း အန္တရာယ်များသည့် အငေွ့အသက်များကို ခံစားမိသည်။
“ဟား...ဟား...ဟား... ကြယ်မိစ္ဆာမီးတောက်က ကုန်းမြေကြီးပေါ်က အံ့ချီးမီးတောက်လေးခုထဲက တစ်ခုကွ။ တိုက်ပွဲနတ်ဘုရားတောင်မသိတဲ့ ကျိုင်ရှင်းဂိုဏ်ရဲ့ အကြီးမားဆုံး လျှို့ဝှက်ချက် တစ်ခုပဲ။ မင်းတို့လို စွမ်းအားကြီးတဲ့ လူတွေအတွက်တော့ ဒီမီးတောက်တွေထဲမှာ သေဆုံးရတာ ကွက်တိပါပဲ။” ယဲ့ချုံရှန်က ကြမ်းကြမ်းတမ်းတမ်းရယ်မောကာ သူ့၏အရေပြားက ပူးကပ်ခံနေရသကဲ့သို့ နီမြန်းနေတော့သည်။
“ဒင်း... ဒင်...”
ထိုအချိန်မှာပင် အန်လင်း၏စိတ်ထဲတွင် စနစ်က ရုတ်တရက် အချက်ပြလာတော့၏။
သူ့၏မျက်လုံးများက အရောင်တောက်သွားကာ စနစ်ကို ချက်ချင်းဖွင့်ကြည့်လိုက်၏။
“လက်ခံသူက အံ့ချီးမီးတောက်၏ အနီးဆုံးနေရာတွင် ရောက်ရှိနေသည်ကို ထောက်လှမ်းမိသည့်အတွက် အောက်ပါအထူးတာဝန်ကို ပေးအပ်လိုက်သည်...”
“ကျန်းချီကုန်းမြေကြီးရှိ အံ့ချီးမီးတောက် လေးခုကိုစုပ်ယူရမည်။ လက်ခံသူသည် စစ်မှန်မီးတောက်၏ တောင်ပံကျင့်ကြံခြင်းနည်းလမ်းကို အသုံးပြုကာ စုပ်ယူနိုင်သည်။”
“တာဝန်အောင်မြင်ပါက စစ်မှန်မီးတောက်၏ တောင်ပံ ကျင့်ကြံခြင်းနည်းလမ်းနှစ်ခုကို လက်ခံ ရရှိမည်ဖြစ်သည်။”
“တာဝန်ကျရှုံးပါက ပူပြင်းမီးတောက်ကို သုံးရက်ခံရမည်ဖြစ်သည်။”
“မှတ်ချက်...တာဝန်အား တစ်လအတွင်းတွင် အပြီးဆောင်ရွက်ရမည်ဖြစ်သည်။ တာဝန်အား ငြင်းပယ်ခွင့်မရှိပါ။”
အန်လင်းက စနစ်အား အသံတိတ်ဆဲရေ နေရင်း အမူအရာမှာ တုံ့ဆိုင်းသွား၏။
ငလူး၊ အံ့ချီးမီးတောက်တွေက အဲ့လောက်ပဲ စျေးပေါသလား...
ရှောင်ယန်က အံချီးမီးတောက်အားလုံး ရပြီးတော့ မီးတောက်နတ်ဘုရားဖြစ်လာခဲ့သည်။ သို့သော် အန်လင်းမှာတော့ ကျင့်ကြံခြင်းနည်းလမ်း ဒုတိယအဆင့်ထိသာ ရရှိနိုင်မည် ဖြစ်သည်။ (ရှောင်ယန်ဆိုတာက တစ်ခြားဝတ္ထုတစ်ခုထဲက ဒီလိုမျိုးပဲ မီးတောက်ကိုစုပ်ယူတဲ့ ဇာတ်ကောင်ပါ)
စောက်ရေးမပါမှု တစ်သိန်းပဲဟေ့...
ရှောင်ယန်သည်တော့ အံ့ချီမီးတောက်များရရှိရန် ကျရှုံးခဲ့ပင်လျှင် အားပေးမည့် လှပသည့် မာဒူဇာ ဇနီးမယားလေးရှိ၏။ (ရှောင်ယန်ပါတဲ့ စာအုပ် နောက်တစ်အုပ်ထဲမှာ သူက မာဒူဇာလို ဇနီးရှိတယ်တဲ့)
သို့သော် သူသည်တော့ ကျရှုံးခဲ့ပါက သုံးရက်တိုင်တိုင် မီးကျွမ်းခြင်းခံရမည်။
အန်လင်းက စနစ်ကို ကြိမ်ဆဲနေတုန်းမှာပင် ယဲ့ချုံရှန်က တစ်ဟုန်ထိုး ဝင်တိုက်လာ၏။
“ငါ့ရဲ့ ကြယ်မိစ္ဆာမီးတောက်တွေရဲ့အောက်မှာ မီးလောင်ပြာကျသွားစမ်း...” ယဲ့ချုံရှန်က လက်ကိုေဝ့ယမ်းလိုက်သည်နှင့် လေထဲမှ ခရမ်းရောင် မီးတောက်များက စတင် လှုပ်ရှားလာတော့သည်။ “ကြယ်မိစ္ဆာမီးတောက်တွေ သူတို့ကို ဝါးမျိုပစ်လိုက်စမ်း...”
ဘုန်း...
လေထဲရှိ မီးတောက်များက ဂြိုလ်နှစ်ခုပါသော မီးတောက်နဂါး အသွင်သို့ ပြောင်းစပြုလာ၏။
ခရမ်းရောင် မီးတောက်နဂါးများ ပတ်ဝန်းကျင်ရှိ လေထုမှာ ချက်ချင်းပင် အလွန်မြင့်မားသော အပူချိန်နှင့် တလက်လက်ထလာကာ တောင်ပေါ်ရှိ သက်ရှိအပင်အများအား ပြာများအဖြစ်ပြောင်းသွားစေတော့သည်။
စုချန်းရန်က လေထဲရှိ ခရမ်းရောင် နဂါးကို မော့ကြည့်ကာ အံကြိတ်လိုက်ပြီး လေထဲသို့ ခုန်ထွက်ရန် ပြင်ဆင်လိုက်သော်လည်း လက်တစ်စုံက သူမ၏ ပုခုံးအား ခိုင်မာစွာ ချုပ်ကိုင်လာတော့သည်။
“ကျွန်တော့ကို ခွင့်ပြုပါ” အန်လင်းက တက်ကြွစွာပြုံးပြလာ၏။
ခရမ်းရောင် မီးတောက်နဂါးက လှိုဏ်ဂူကဲ့သို့ ပါးစပ်များကိုဖွင့်ကာ မရပ်တန့်နိုင်သည့် အားအင်ဖြင့် သူတို့ဆီသို့ ဆင်းသက်လာတော့သည်။
အန်လင်းက မြေကြီးတော့သို့ စောင့်နင်းလိုက်ပြီး ခရမ်းရောင် မီးတောက်နဂါး ဆီသို့ ကျည်ဆံ တစ်တောင့်ကဲ့သို့ ပျံသန်းသွားတော့သည်။
“ဟား...ဟား...ဟား... သူကတကယ့်ကို ငတုံးကောင်ပဲ။ ကြယ်မိစ္ဆာမီးတောက်က သူ့ကို ကြွပ်ကြွပ်ကြော်ဖြစ်အောင် မီးကျွမ်းစေလိမ့်မယ်။” ယဲ့ချုံရှန်က အန်လင်း ခရမ်းရောင် မီးနဂါးဆီသို့ပျံသန်းသွားသည်ကိုကြည့်ကာ စိတ်လှုပ်ရှားစွာ ဟက်ဟက်ပက်ပက်ရယ်မောလာတော့၏။
ကလဲ့စားချေလိုက်နိုင်ခြင်းမှ ပျော်ရွှင်မှုများက သူ့တစ်ကိုယ်လုံးသို့ ပျံ့နှံ့သွားတော့၏။
အံ့ချီးမီးတောက်ထဲရှိ စွမ်းအင်မှာ တိုက်ပွဲနတ်ဘုရားများကိုပင် ခြိမ်းခြောက်မှုတစ်ခုဖြစ်လေ၏။ မီးနဂါးဆီသို့ တည့်တည်ကြီး ပျံသန်းသွားသည့် အမျိုးသားမှာမူ သေချာပေါက် ပြာကျသွားပေလိမ့်မည်...
သို့သော်လည်း ယဲ့ချုံရှန်၏ အပြုံများက ထို့နောက်မှာပင် ချက်ချင်းအေးခဲသွားကာ အလန့်တကြား မျက်လုံးများ ပြူးကျယ်သွားတော့၏။
“ဘာ... ဘာတွေဖြစ်နေတာလဲ။” သူက ခရမ်းရောင် မီးနဂါးကို ငေးကြည့်နေပြီး တစ္ဆေတစ်ကောင်တွေ့လိုက်သကဲ့သို့ပင် တုန်ရီလာတော့၏။
ကျော်ထဲတွင် ခရမ်းရောင် မီးနဂါးက အန်လင်းဆီသို့ ပါးစပ်ဖွင့်ကာ ခုန်အုပ်ပြီးနောက် သူ့ကိုဝါးမျိုတော့မည့်အချိန်တွင် ထိုအစား အန်လင်းက ပါးစပ်ဖွင့်ကာ နဂါးကို ဝါးမျိုပစ်လိုက်၏...
***