← Chapters

နည်းနည်းကျန်သေးလား၊ ငါကဗိုက်ဆာနေသေးတယ်

Vol. 23 Ch. 324

နည်းနည်းကျန်သေးလား၊ ငါကဗိုက်ဆာနေသေးတယ်

Vol. 23 Ch. 324

ခရမ်းရောင် မီးတောက်နဂါးကို မျိုချပြီးနောက် အန်လင်းက အထက်သို့ ဆက်လက်တက်သွား၏။

စစ်မှန်မီးတောက်၏ တောင်ပံ ကျင့်ကြံခြင်းနည်းလမ်း၏ သက်ရောက်မှုအောက်တွင် အံ့ချီးမီးတောက်များက သူ့၏ စွမ်းအင်ဗဟိုချက်ဆီသို့ ဝင်ရောက်လာ၏။ သူက ပူပြင်းလောင်ကျွမ်းမှုကို မခံစားရပဲ နှစ်သက်ဖွယ် အနွေးဓာတ်လေး တစ်ခုသာ ရေနွေးငွေ့များ ရူရှိုက်လိုက်သကဲ့သို့ ခံစားလိုက်ရသည်။

သူက နဂါး၏ခေါင်းပိုင်းကို မျိုချလိုက်ပြီး ခါးပိုင်းနှင့် နောက်ဆုံးအမြီးထိတုိင်ပင်။

မီးတောက်အသေးလေးတစ်ခုက အဝေးသို့ ထွက်ပြေးရန်ကြိုးစားလာ၏။ ထိုသည်မှာ ကြယ်မိစ္ဆာမီးတောက်၏ မူလရင်းမြစ်မှလွဲ၍ တခြားမဟုတ်ပါ။

သို့သော် ထိုသည်က အန်လင်း၏ ပါးစပ်ဆီမှ မလွတ်မြောက်နိုင်ကာ သူ့၏ အစာအိမ်ဆီသို့ ဝါးမျိုခံလိုက်ရ၏။

“ဂေ့...”

အန်လင်းက ကျယ်လောင်စွာ လေပျို့လိုက်ပြီး နောက်ဆုံးကျန်ရစ်သည့် အရသာကို ခံစားနေသကဲ့သို့ နှုတ်ခမ်းသပ်လိုက်၏။

“စတော်ဘယ်ရီပြီးတော့ နည်းနည်းလေး ပူစပ်စပ်အရသာရတယ်”

သူက အနည်းငယ်တွေးတောလိုက်ပြီးနောက် နောက်ဆုံး တန်ဖိုးဖြတ်ခြင်းကို ပြုလုပ်လိုက်၏။

ယဲ့ချုံရှန်က ပါးစပ်အဟောင်းသားဖြစ်နေကာ “...”

စုချန်းရန် : “...”

စနစ်ထဲရှိ စစ်မှန်မီးတောက်၏ တောင်ပံ ကျင့်ကြံခြင်းနည်းတွင် ကြယ်တစ်ပွင့် ပေါ်လာ၏။

အန်လင်းက ကျေနပ်အားရစွာ ခေါင်းငြိမ့်လိုက်ပြီး မြေပြင်ဆီသို့ ဖြည်းညင်းစွာ ဆက်သက်လာပြီး ယဲ့ချုံရှန်ဆီသို့ လျှောက်လာတော့၏။

ယဲ့ချုံရှန်၏ ခြေေထာက်များက ပျော့ခွေသွားကာ တော့ာက်လန့်တကြား မြေပေါ်သို့လဲကျသွား၏။

ကြယ်မိစ္ဆာမီးတောက်က အံ့ချီးမီးတောက်လေးခုထဲတွင် ယဥ်ပါးအောင်မလုပ်နိုင်ဆုံးဖြစ်၏။ အန်လင်းက မီးတောက်တစ်ခုလုံးကို မျိုချပြီးသည်ကို မြင်ပြီးနောက်တွင် မည်ကဲ့သို့ အထိတ်တလန့်မဖြစ်ပဲ ရှိပါမည်နည်း။

“မင်းမှာ နောက်ထပ် အံ့ချီးမီးတောက်တွေ ကျန်ေသးလား။ ငါ ထပ်ပြီး ဗိုက်ဆာနေသေးတယ်။” အန်လင်းက ပြုံး၍မေးလာ၏။

ယဲ့ချုံရှန်က အလန့်တကြားဖြင့် ခေါင်းကို ဘယ်ညာခါယမ်းကာ တုန်ရီနေသောအသံဖြင့်ဆိုလာ၏။ “မရှိဘူး... မရှိဘူး... ငါတို့မှာ ဒီတစ်ခုပဲ ရှိတာ။ ပေးဟောင်အင်ပါယာရဲ့ တိုက်ပွဲ ဧကရာဇ် ဇီယမ်မှာလဲ တစ်ခုရှိတယ်။ အဲဒါကလွဲလို့ ငါ တခြားဘာမှ မသိတော့ဘူး။”

စိတ်ပျက်သွားသည့် အမူအရာက အန်လင်း၏ မျက်နှာပေါ်တွင် ပေါ်လာပြီး “ငါလဲ အဲဒါကို သိပြီးသားပါ။”

အန်လင်း၏ အေးစက်သော အမူအရာကိုမြင်ပြီးနောက် ယဲ့ချုံရှန်က ခွင့်လွတ်မှုအတွက် တောင်းခံတော့မည့်ဆဲဆဲတွင် ထိုအစားသူက အနက်ရောင် အလင်းတန်းတစ်ခု၏ မြင်ကွင်းနှင့် မိတ်ဆက်ခံလိုက်ရသည်။

ယဲ့ချုံရှန်က ကြယ်မိစ္ဆာ မီးတောက်၏ သက်ရောက်မှုကြောင့် ဒဏ်ရာများစွာရနေပြီးဖြစ်ကာ အန်လင်း၏ ရုတ်တရက်တိုက်ခိုက်မှုတွင် လုံးဝပင် မတုံ့ပြန်နိုင်ပါပေ။

ဇွက်...

ကြမ်းပြင်ပေါ်တွင် သွေးများပြန့်ကျဲသွားပြီးနောက် ကျိုင်ရှင်းဂိုဏ်မှ အကြီးအကဲ ယဲ့ချုံရှန်၏ အဆုံးသတ်ကို ညွှန်ပြနေ၏။

အန်လင်းက ဓားကိုပြန်လည် သိမ်းဆည်းလိုက်ပြီးနောက် သူ့ဘေးမှ အမျိုးသမီးဆီသို့ ညင်သာသောအပြုံးလေးနှင့် လှည့်လာခဲ့၏။ “နောက်ထပ် ပစ်မှတ်တစ်ခုကို သွားကြစို့။”

စုချန်းရန်က သူမ၏ မျက်လုံးလှလှလေးများကို အံဩတကြီး တဖြတ်ဖြတ်ခတ်လိုက်ပြီး “နင်... နင်က မီးတွေအများကြီးကို စားပစ်လိုက်တာ။ နင့်ရဲ့ အစာအိမ်က မီးကျွမ်းမသွားဘူးလား။”

အန်လင်းက ရွှင်မြူးတက်ကြွစွာ ပြုံပြလာကာ “မဟုတ်ပါဘူး။ ဆန့်ကျင်ဘက်ပဲ ငါက နေလို့အရမ်း ကောင်းနေတယ်။”

“အို...” စုချန်းရန်က စိတ်ရှုပ်ထွေးစွာ ခေါင်းငြိမ့်လာသော်လည်း အခြေအနေများကိုမူ နားမလည်နိုင်သေးပါချေ။ သူမက သူမ၏လရောင်ဝိုင်းပေါ်သို့ ခုန်တက်ကာ အန်လင်းနှင့်အတူ နောက်ထပ်ဦးတည်ရာဆီသို့ ပျံသန်းလာခဲ့သည်။

ကျိုင်ရှင်းဂိုဏ်မှ ကျန်ရှိနေသော တပည့်များက အဝေးဆီသို့ ပျံသန်းသွားသော ပုံရိပ်နှစ်ခုကို အမူအရာမဲ့ ငေးကြည်နေကြပြီး တစ်စုံတစ်ခုက သူတို့၏ နှလုံးသားထဲတွင် ကွဲကြေသွားသကဲ့သို့ ခံစားနေရကြ၏။

မီးကျွမ်းနေသည့် ကတုတ်ကျင်း တစ်တန်းကြီးက တောင်တန်းများတွင် နက်ရှိုင်းစွာ နစ်မြုပ်နေပြီး ပတ်ပတ်လည်၌ အဆောက်အဦးပျက်များ၊ မရေမတွက်နိုင်သော အလောင်းများက မြေပြင်ပေါ်တွင် ပြန့်ကျဲနေ၏။

ထိုအရာများအားလုံးက အလွန်အမင်း အိပ်မက်ဆန်နေေပသည်။ သူတို့ဂိုဏ်း အကြီးအကဲမှ ကြယ်မိစ္ဆာမီးတောက်မှ ဖြစ်တည်လာသော ခရမ်းရောင် မီးနဂါးကို ဆင့်ခေါ်ပြီးသည့်တိုင် ထိုသူနှစ်ဦးကို မသတ်နိုင်ပါပေ... သူတို့၏ ကျိုင်ရှင်းဂိုဏ်က လုံးဝကို ပြိုလဲသွားကျော်ပြီ။

ဓားအင်မော်တယ် အန်လင်းနှင့် မြင့်မြတ်လရောင် အပျိုစင်တို့က ကျိုင်ရှင်းဂိုဏ်ကို ပေါ်တင် ကျူးကျော်လာကာ ဂိုဏ်းချုပ် လင်းရှန်နှင့် ဂိုဏ်းအကြီးအကဲ ယဲ့ချုံရှန်တို့အား သုတ်သင်လိုက်တော့၏။

အံ့ချီးမီးတောက်လေးခုထဲမှ တစ်ခု၊ ကြယ်မိစ္ဆာမီးတောက်မှာလည်း ဓားအင်မော်တယ်အန်လင်းက မျိုမချမီတွင် ခေတ္တမျှသာပေါ်လာခဲ့သည်။

ထိုသတင်းက အိုရှင်းအင်ပါယာအတွင်းတွင် လှုပ်ခတ်မှု အကြီးကြီးဖြစ်လာစေပြီးနောက် ကျန်းချီကုန်းမြေကြီးတစ်ခုလုံးပင် ပျံနှံ့သွားတော့၏။

လူတိုင်းက သူတို့နားပင် သူတို့မယုံကြည်နိုင်ဖြစ်ကာ မျက်လုံးများ ပြူးကျယ်သွားတော့၏။

ထိုသည်မှာ အိုရှင်းအင်ပါယာ၏ စွမ်းအားအထက်ဆုံးဂိုဏ်းဆယ်ဂိုဏ်းထဲမှ ကျိုင်ရှင်းဂိုဏ်းဖြစ်၏။ သူတို့၏ ဂိုဏ်းချုပ်နှင့် အကြီးအကဲ နှစ်ဦးစလုံးက တိုက်ပွဲပညာရှိအဆင့် စစ်သည်တော်များဖြစ်သည်။ ဤကဲ့သို့ ထိပ်တန်း ဂိုဏ်းတစ်ခုကို ကျူးကျော်ဝင်ရောက်ပြီး အစွမ်းထက်ဖြစ်တည်မှု နှစ်ခုအား သုတ်သင်ရှင်းလင်းပစ်နိုင်သည်အထိ မည်သို့သောအင်အားများ ထိုအတွဲက ပိုင်ဆိုင်ထားပါ သနည်း။ ကြယ်မိစ္ဆာမီးတောက်သည်ပင်လျှင် ပေါ်ထွက်လာမှု ပြုလုပ်သော်လည်း အဆုံးတွင် မျိုချခြင်းကို ခံလိုက်ရသည်။

ထိုအတွဲ ပိုင်ဆိုင်ထားသော စွမ်းအင်က ရိုရှင်းလှစွာ စိတ်ကူး၍ပင် မရနိုင်အောင်ပင်ဖြစ်၏။

လူတိုင်းက ဓားအင်မော်တယ်အန်လင်း၏ တိုက်ပွဲနတ်ဘုရားများကို စိန်ခေါ်သည့်စကားများကို ပြန်လည်အမှတ်ရလာတော့၏။

သူတို့အားလုံးက လွန်ခဲ့သော ရက်အနည်းငယ်က ထိုသည်မှာ ဘာမှမဟုတ်ဟု တွေးထားကြတာဖြစ်ပြီး လူတိုင်းက သူသည် သူ့၏ အင်အားကို ကျော်လွန်ကာ မနိုင်ဝန်ထမ်းသည့် ငတုံးတစ်ကောင်ဟု တွေးထားသည်ဖြစ်၏။

သို့သော် ယခုတွင်မူ ရုတ်တရက် ထိုစကားလုံးများက ရယ်စရာမကောင်းတော့ပါချေ။

ကျိုင်ရှင်းဂိုဏ်ကို မြေကြီးဆီသို့ ခြေမှုန်းပြီး အံ့ချီး မီးတောက်တစ်ခုအား မျိုချပစ်နိုင်သော အမျိုးသား ဆိုသည်မှာ တိုက်ပွဲနတ်ဘုရားများအတွက် အာရုံစိုက်ရန် လုံလောက်ပါပေသည်။

“ဟီး... ဟီး... မကြာခင် ပွဲကြီးလမ်းကြီး ကြည့်ရတော့မယ် ထင်တယ်...”

“ကိစ္စတွေက တဖြည်းဖြည်းကြီးလာပြီ တိုက်ပွဲနတ်ဘုရား ရှုမင်က ဒီအတိုင်း ထိုင်နေတော့မှာ မဟုတ်ဘူး။ သူက သေချာပေါက် မကြာခင်မှာ တစ်ခုခု လုပ်တော့မှာ။”

“ဖြစ်ပျက်သွားတာတွေ အားလုံးပြီးတဲ့နောက် သူက ဓားအင်မော်တယ် အန်လင်းနဲ့ မြင့်မြတ်လရောင် အပျိုစင်တို့ကို သူ့ရဲ့ စွမ်းအားအဖြစ် စုပ်ယူနိုင်မယ်မထင်ဘူး။ သေစေနိုင်လောက်တဲ့ ကမ္ဘာကြီးကို နှစ်ခြမ်းခွဲမဲ့ တိုက်ပွဲတော့ ဖြစ်တော့မယ်ထင်တယ်။”

“ငါကတော့ ဓားအင်မော်တယ် အန်လင်းနဲ့ မြင့်မြတ်လရောင် အပျိုစင်တို့က ထွက်ပြေးမယ်လို့ ခံစားနေရတယ်။ သူတို့က သန်မာပါတယ်။ ဒါပေမဲ့ တိုက်ပွဲ နတ်ဘုရားကို အနိုင်တိုက်ဖို့ဆိုတာကတော့ သူတို့အတွက် မဖြစ်နိုင်ဘူး။ ငါကတော့ သူတို့က တိုက်ပွဲပညာရှိနောက်ဆုံးအဆင့်လောက်လို့ ထင်တယ်။”

“ဟုတ်တယ်။ အဆင့်တစ်ဆင့်တည်းဆိုပေမဲ့ ကောင်းကင်နဲ့ မြေကြီးလို ကွာခြားတယ်။ တကယ်လို့ ဓားအင်မော်တယ် အန်လင်းက တိုက်ပွဲ နတ်ဘုရား ရှုမင်ကို အနိုင်တိုက်နိုင်တယ် ဆိုရင် သူက ကျန်းချီကုန်းမြေကြီးပေါ်က စတုတ္ထ မြောက် တိုက်ပွဲနတ်ဘုရား ဖြစ်လာနိုင်တယ်။”

လူတိုင်းက အန်လင်းနှင့် စုချန်းရန်တို့ အကြောင်း ပြောဆိုနေကြစဥ်တွင် နောက်ထပ်သော အံ့အားသင့်ဖွယ် သတင်းတစ်ခုက အိုရှင်းအင်ပါယာဆီသို့ ဝင်ရောက်လာတော့၏။

ခက်ထန်သားရဲဂိုဏ်းမှ တိုက်ပွဲဧကရာဇ်အဆင့်ရှိ မကောင်းဆိုးဝါးနှစ်ကောင်မှာ ဟူကွမ်အမည်ရှိ အမျိုးသား တစ်ဦး၏ သတ်ဖြတ်ခြင်းကို ခံလိုက်ရသည်။

တိုက်ပွဲဧကရာဇ်အဆင့် စစ်သည်တော် ငါးဦးနှင့်ကြာပန်းကိုးပွင့် မိစ္ဆာဂိုဏ်းသည်လည်း အမြစ်ဖြတ်သုတ်သင်ခြင်းခံလိုက်ရ ပေသည်။ သို့သော် တရားခံမှာမူ အနန္တ စိတ်ဝိညာဥ် တောက်ဆရာ သို့မဟုတ် ရွှမ်ယွမ်ချန်ဟုလည်း ကျော်ကြားသော အမျိုးသား တစ်ဦးတည်းပင် ဖြစ်၏။

အိုရှင်းအင်ပါယာထဲရှိ စွမ်းအားအကြီးဆုံးဂိုဏ်း ဆယ်ဂိုဏ်းထဲမှ တစ်ခုဖြစ်သော အနက်ရောင် နိဗ္ဗာန်ဘံုများဂိုဏ်းသည်လည်း အမျိုးသမီးတစ်ဦး၏လက်တွင် မြေပြင်သို့ ပြားပြားဝပ် ပျက်စီးသွား၏။ သူမက တိုက်ပွဲ ပညာရှိအဆင့် ဂိုဏ်းချုပ်ကို လက်တစ်ဖက်တည်းနှင့် ရှင်းလင်းကာ အထူးမီးတောက်နတ်သမီး သို့မဟုတ်ပါက စုရှောင်လန်ဟူသော ဘွဲ့အမည် ကို ပေးအပ်ခံထားရသည်။

အိုရှင်အင်ပါယာမှ လူများက မကြာသေးမီက အဖြစ်အပျက်များကြောင့် စကားလုံးများထက်ကျော်လွန်ကာပင် အံအားသင့်နေကြ၏။ သူတို့အားလုံးသည် အစွမ်းထက် ပုဂ္ဂိုလ်အများအပြားက ဤကမ္ဘာပေါ်တွင် မည်သို့မည်ပုံ ရုတ်တရက် ပေါ်ထွက်လာသည်ကို နားမလည်နိုင်ပဲ ရှိနေကြ၏။ မိစ္ဆာဂိုဏ်းများက အလွန်အမင်း ကြောက်လန့်နေကြပြီး မကောင်းသည့် အလုပ်များကို ဆက်လက် မလုပ်ဆောင်ရဲတော့ပါပေ။

လူတိုင်း၏ စိတ်ထဲတွင် အတွေးတစ်ခုရှိနေလေ၏။ အိုရှင်းအင်ပါယာကြီးက မြေလှန်ခံရတော့မည်။

အိုရှင်းအင်ပါယာ၏ မြို့တော်၊ ရှင်းကျင်းမြို့...

အန်လင်းနှင့် စုချန်းရန်တို့က မြို့တော်၏ လမ်းများအပေါ်တွင် ဟိုဟိုသည်သည် လျှောက်ကြည့်နေကြသည်။

သူတို့သည်လည်း ပျံ့နှံ့နေသည့် သတင်းများအားလုံးကို သဘာဝအလျှောက် ကြားပြီးပြီဖြစ်သည်။ အန်လင်း၏ ပထမဆုံးသော တုံ့ပြန်ချက်မှာ အနန္တစိတ်ဝိညာဥ်တောက်ဆရာနှင့် အထူးမီးတောက်နတ်သမီးဆိုသည့် နာမည်များမှာ မည်ကဲ့သို့ တုံးအလှသော နာမည်ပြောင်များ ဖြစ်သလဲဆိုတာပင်။ သို့သော်လည်း သူ့၏ သူငယ်ချင်းများအားလုံးက ထို တုံးအလှသည့် ဘွဲ့အမည်များကို ဖန်တီးပြီး သူ့၏ အာရုံဝင်စားမှုကို ဆွဲဆောင်နေခြင်းဖြစ်ကြောင်း သိထားပြီးဖြစ်သည်။

“ငါက တကယ့်ကို ရှောင်လန်၊ ရွှမ်ယွမ်ချန်တို့နဲ့ တတ်နိုင်သမျှ အမြန်ဆုံး ပြန်တွေ့ချင်နေပြီ။”

စုချန်းရန်၏ အပြုံးက ခပ်နွေးနွေး နွေလေပြည်လေးကဲ့သို့ပင်။ သူက သရေစာမုန့်တစ်ခုကို ဝါးရင်း ပြောလာသည်မှာ လွန်စွာ ကြည်နူး တက်ကြွဟန် ပေါ်နေတော့သည်။

မြင့်မြတ်လရောင် အပျိုစင်အား လူကိုယ်တိုင် မတွေ့ဖူးပါက ထိုကဲ့သို့ ချစ်စဖွယ် အမျိုးသမီးငယ်လေးနှင့် ကြောက်မက်ဖွယ် မြင့်မြတ်လရောင် အပျိုစင်တို့အား မည်သူကမှ ဆက်စပ်မိလိမ့်မည်မဟုတ်ပါပေ။

“ဟုတ်ပြီ။ အဲဒါဆိုလဲ သူတို့ကို ဒီမှာေစာင့်ကြတာပေါ့။” အန်လင်းက သူမ၏ ပိုးသားကဲ့သို့ ဆံပင်လေးအား အပြုံးလေးနှင့် ဖွလိုက်၏။

စုချန်းရန်က ခေါင်းကိုပွတ်ပေးသည်ကို သဘောကျနေသည့် ကြောင်ပေါက်လေးတစ်ကောင်ကဲ့သို့ မျက်လုံးမှိတ်လိုက်လေသည်။

နေရောင်ခြည်က သူတို့အပါ်တွင် ဖြာကျနေကာ လိုက်ဖက်ညီလှသော အတွဲတစ်တွဲ၏ မြင်ကွင်းပုံရိပ်ကို ဖြစ်ပေါ်နေစေ၏။

လွန်ခဲ့သည့် ရက်အနည်းငယ်က သူတို့၏ ဆက်ဆံရေးကို အနည်းငယ် ပိုမိုနီးကပ်လာစေ၏။

အန်လင်းနှင့် စုချန်းရန်တို့က အိုရှင်းအင်ပါယာ၏ မြို့တော်ဆီသို့ ဦးတည်ရာ လမ်းကြောင်းတွင် အလွန်သိသာထင်ရှားလှသော အဖျက်အစီးကြောင်းကြီးကို ရည်ရွယ်ချက်ရှိရှိ ချန်ရစ်ထားခဲ့၏။ သူတို့၏ သူငယ်ချင်းများက အာရုံစိုက်နေသရွေ့ သူတို့က နောက်ဆုံး အကြီးအကဲဆီသို့ ဆက်လက်သွားရောက်နိုင်မည့် ရှင်းကျင်းမြို့တွင် ပြည်လည် ဆုံစည်းသင့်သည်။

အန်လင်းနှင့် စုချန်းရန်တို့က စားသောက်ဆိုင် တစ်ခုထဲသို့ ဝင်ရောက်သွားကာ အရသာရှိသည့် အစားအသောက်များ မှာလိုက်လေသည်။

တိုက်ပွဲပညာရှိနှစ်ဦး၏ သိုလှောင်လက်စွပ်က ထောက်ပံ့ပေးထားသည်မို့ ငေွကြေးက ပြဿနာမဟုတ်ပါပေ။ သူတို့၏ လက်နက်များက အန်လင်းအတွက် အသုံးမဝင်သည်မှာတော့ နှမြောစရာ ကောင်းလှပေသည်။ သူတို့က တိုက်ပွဲချီ ထည့်သွင်းခြင်းကိုသာ တုန့်ပြန်မည် ဖြစ်ပြီး သက်ရှိစွမ်းအင်ကို တုန့်ပြန်လာစေရန် ပြုပြင်မွမ်းမံခြင်းများ ပြုလုပ်ရန် လိုအပ်ပေသည်။

အန်လင်းက အစားအသောက်ခုံမင်သူကြီးဖြစ်ကာ သူတို့ရောက်သမျှ နေရာတိုင်းမှ အစားအသောက်ကောင်းများအားလုံးကို မြည်းစမ်းပြီးဖြစ်၏။ သူက အထူးသဖြင့် တိုက်ပွဲချီ ပြန်လည် ဖြည့်ပေးမည့် အသားဟင်းများကို နှစ်သက်၏။ အထိအတွေ့မှာ အလွန်ကောင်းမွန်လှပြီး အရသာမှာလည်း ထို့အတူပင် ထို့ကြောင့် အန်လင်းအား အစားကျူးသူတစ်ဦး အဖြစ် ပြောင်းလဲသွားစေလေသည်။

စုချန်းရန်က အလွန် ယဥ်ကျေးလှပြီး သူမ၏ အစားအစားများကို ကျက်သရေရှိရှိနှင့် လူကြီးလူကောင်းကဲ့သို့ နူးနူးညံ့ညံ့စားနေ၏။

ဘေးဝိုင်းမှ ကြည့်ရှုသူများအတွက်တော့ သူမစားနေသည်ကို ကြည့်ရသည်မှာပင် နှစ်လိုဖွယ် ဖြစ်နေလေတော့သည်။

သူတို့နှစ်ဦးက စားသောက်ပွဲကြီးအား နှစ်ခြိုက်သုံးဆောင်နေစဥ်မှာပင် ကမ္ဘာကြီး တုန်လှုပ်စေနိုင်သော တစ်ခြားသတင်း တစ်ခုက ကုန်းမြေကြီးတစ်ခုလုံးတွင် စတင်ပျံနှံ့လာတော့၏။

တိုက်ပွဲ နတ်ဘုရား ရှုမင်က ဓားအင်မော်တယ် အန်လင်းနှင့် မြင့်မြတ်လရောင် အပျိုစင်တို့အား ဆယ်ရက်အတွင်း ရှင်းကျင်းတောင်ပေါ်သို့ တိုက်ပွဲ ဖိတ်ခေါ်လိုက်လေတော့သည်။

***

All Chapters