← Chapters

အခန်း (၂၂၅-၂၂၆)

Vol. 22 Ch. 225-226

အခန်း (၂၂၅-၂၂၆)

Vol. 22 Ch. 225-226

အပိုင်း (၂၂၅) - ရှီနန်တောင်ကို ပစ်မှတ်ထားခြင်း

ကျောက်ချုံးယွဲ့က ဆိုသည်

"ဒါဆို ခင်ဗျား ပြင်ဆင်ထားသင့်တယ်... စောလေ ကောင်းလေပဲလေ... ကျွန်တော်တို့ မြန်မြန် လှုပ်ရှားဖို့ လိုတယ်... လင်းကုရဲ့ အဆင့်အတန်းအရဆိုရင် ချန်ယွီက လင်းကုနဲ့ ပူးပေါင်းဖို့ ချင်းယဲ့ခန်းမကို ကိုယ်စားပြုဖို့ အရည်အချင်း မမီပါဘူး... ဒါကြောင့် လင်းကူဆီမှာ ချင်းယဲ့ခန်းမ ခေါင်းဆောင်နဲ့ ပတ်သက်တဲ့ သဲလွန်စတွေ သေချာပေါက် ရှိမှာပဲ..."

...

ထိုနေ့ မွန်းလွဲပိုင်းတွင် ကူချူတုန်းနှင့် ယွမ်ရှုတို့ ဈေးဝယ်ရာမှ ပြန်လာပြီးနောက် ကူမော့သည် ယွမ်ရှုကို နှုတ်ဆက်လိုက်သည်။

စံအိမ်ပိုင်ရှင် ဖြစ်သူ ယွမ်ရှုသည် မွန်းတည့်ချိန်က ကျောက်ချုံးယွဲ့ လာရောက်ခဲ့ကြောင်းကို သေချာပေါက် သိထား၏။ သူမသည် ကူမော့ ရုတ်တရက် ထွက်ခွာသွားရခြင်းမှာ တံခါးခြောက်ချပ်အဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်မှု တစ်ခုခုကြောင့် ဖြစ်မည်ဟု ချက်ချင်း ခန့်မှန်းမိသဖြင့် သူ့ကို မေးခွန်းထုတ်ခြင်း သို့မဟုတ် အတင်းအကျပ် ဆက်နေစေခြင်းမျိုး မပြုလုပ်ခဲ့ချေ။ သူမသည် ကူချူတုန်းနှင့် ခေတ္တမျှ စကားပြောဆိုပြီးနောက် ဦးညွှတ်ကာ လိုက်ပို့နှုတ်ဆက်ခဲ့သည်။

ကူမော့သည် ကူချူတုန်းကို ခေါ်ကာ တံခါးခြောက်ချပ်အဖွဲ့သို့ ရောက်ရှိသွားချိန်တွင် ကျောက်ချုံးယွဲ့မှာ ကြာမြင့်စွာကတည်းက ပြင်ဆင်ထားပြီး သူ့ကို စောင့်ဆိုင်းနေ၏။ သူသည် ကူမော့နှင့် ကူချူတုန်းတို့အတွက် မြင်းကောင်းများကို ချက်ချင်း ယူဆောင်လာပေးပြီး အမိန့်တစ်ခွန်းဖြင့် လူတစ်စုကို ဦးဆောင်ကာ ထန်အန်းခရိုင်သို့ ထွက်ခွာသွားလေတော့သည်။

ကျောက်ချုံးယွဲ့ ကိုယ်တိုင် ရွေးချယ်ထားသော ကျွမ်းကျင်သူများဖြင့် ဖွဲ့စည်းထားသည့် ဤအဖွဲ့သည် ပေါ့ပေါ့ပါးပါးနှင့် လျင်မြန်စွာ ခရီးနှင်ခဲ့ကြရာ တတိယနေ့တွင် ထန်အန်းခရိုင်သို့ ရောက်ရှိလာကြ၏။ သူတို့သည် ချက်ချင်းပင် အဖွဲ့သုံးဖွဲ့ ခွဲလိုက်ကြသည်။ တစ်ဖွဲ့က ခရိုင်အစိုးရရုံးနှင့် စစ်သားများထံမှ အကူအညီတောင်းရန် ဖြစ်ပြီး၊

နောက်တစ်ဖွဲ့က လင်းကူ ထွက်ပြေးမည့် သတင်းများ မပေါက်ကြားစေရန် လင်းမိသားစု စံအိမ်ကို စောင့်ကြည့်ရန် ဖြစ်ကာ၊ တတိယအဖွဲ့ဖြစ်သော ကျောက်ချုံးယွဲ့၊ ကူမော့၊ ကူချူတုန်း နှင့် တံခါးခြောက်ချပ်အဖွဲ့မှ နာမည်ကျော် အရာရှိအချို့ ပါဝင်သော အဖွဲ့မှာ အဘွားအိုလင်းကို တွေ့ဆုံခွင့် တောင်းရန် လင်းမိသားစု စံအိမ်သို့ တိုက်ရိုက် သွားရောက်ခဲ့ကြသည်။

လင်းမိသားစု စံအိမ်မှာ သာမန် ရွာလေးတစ်ရွာအဖြစ် ထင်ရသော်လည်း ၎င်း၏ လုံခြုံရေးမှာ အတော်လေး တင်းကျပ်လှသည်။ လူဦးရေ နည်းပါးသော်လည်း အားလုံးမှာ ရာထူးကြီးမားသော လင်းမိသားစု၏ အကြီးအကဲများသာ ဖြစ်ကြပြီး လင်းမိသားစု၏ အစစ်အမှန် အကြီးအကဲဖြစ်သော အဘွားအိုလင်း လည်း ထိုနေရာတွင် ရှိနေ၏။

ဟောင်းနွမ်းနေသော ဝင်းတစ်ခုအတွင်း...

အဘွားအိုလင်း ညစာစားနေစဉ် လင်းမိသားစုမှ လူငယ်တပည့်တစ်ဦး ရောက်လာပြီး သူမကို ဦးညွှတ်လျက် အသိပေးလိုက်သည်

"အဘွားအို... တံခါးခြောက်ချပ်အဖွဲ့က တပ်မှူးချုပ် ကျောက်ချုံးယွဲ့နဲ့ ယွင်ကျိုးပြည်နယ်က မဟာသူရဲကောင်း ကူမော့တို့ အဘွားအိုကို လာလည်ကြပါတယ်..."

အဘွားအိုလင်း၏ မျက်နှာမှာ မည်သည့် အမူအရာမျှ မရှိဘဲ သူမ၏ ပန်းကန်လုံးကို ဖြည်းညင်းစွာ ချလိုက်ပြီး ညင်သာစွာ လက်ကမ်းလိုက်၏။ အနီးတွင် အစေခံနေသော အစေခံမလေးက ချက်ချင်းပင် သဘောပေါက်ပြီး မြွေခေါင်းပုံစံ တောင်ဝှေးကို သူမထံ ယူဆောင်လာပေးသည်။

အဘွားအိုလင်းက တောင်ဝှေးကို ဆုပ်ကိုင်လျက် သက်ပြင်းဖွဖွ ချကာ ဆိုသည်

"လာရမယ့် အရာက လာမှာပါပဲ..."

ချက်ချင်းပင် သူမသည် အပြင်သို့ လှမ်းထွက်သွားပြီး ဝင်းတံခါးဝသို့ လျင်မြန်စွာ ရောက်ရှိသွားရာ ထိုနေရာတွင် ကူမော့နှင့် သူ၏ အဖွဲ့ကို တွေ့လိုက်ရ၏။

သူမက အသံကျယ်ကြီးဖြင့် နှုတ်ဆက်လိုက်သည်

"တပ်မှူးချုပ် ကျောက်... သူရဲကောင်းကူ... ကျုပ်ရဲ့ အိမ်ငယ်လေးဆီ လာလည်တာ ကျုပ်အတွက် ဂုဏ်ယူစရာပါပဲ... ဧည့်ဝတ်မကျေတာတွေ ရှိရင် ခွင့်လွှတ်ပေးပါ..."

ကျောက်ချုံးယွဲ့က အလျင်အမြန် ပြေးသွားပြီး ဦးညွှတ်လျက် ဆိုသည်

"အဘွားအို... အဘွားအိုက ဘာလို့ အပြင်အထိ ထွက်လာရတာလဲ... ကျွန်တော်တို့ကို အသိပေးလိုက်ရင် ကျွန်တော်တို့ ဝင်လာမှာပေါ့..."

ကူမော့၊ ကူချူတုန်းနှင့် အခြားသော နာမည်ကျော် အရာရှိများကလည်း ဦးညွှတ်ကာ အဘွားအိုလင်းကို နှုတ်ဆက်ကြ၏။

အဘွားအိုလင်းက အဖွဲ့ကို ဝင်းအတွင်းသို့ ခေါ်ဆောင်သွားပြီး ခွေးခြေခုံအချို့ ယူလာပေးရန် တစ်စုံတစ်ဦးကို ညွှန်ကြားလိုက်သည်။ ၎င်းတို့မှာ ကျေးလက်ဒေသများတွင် အတွေ့ရအများဆုံး ခုံအမျိုးအစားများ ဖြစ်ပြီး ဟောင်းနွမ်းနေသော ဝင်းလေးနှင့် အလွန်ပင် လိုက်ဖက်လှပေသည်။

ကျောက်ချုံးယွဲ့သည် အဘွားအိုလင်း၏ ဘေးတွင် ထိုင်ကာ သာမန် အဘွားအို တစ်ဦးကို လာရောက်လည်ပတ်သည့် သာမန် လူငယ်တစ်ဦးအလား ပေါ့ပေါ့ပါးပါး စကားပြောနေ၏။

ကူမော့သည် လက်ဖက်ရည်ကို အေးအေးဆေးဆေး သောက်နေပြီး တံခါးခြောက်ချပ်အဖွဲ့မှ အရာရှိများမှာ တစ်ခါတစ်ရံ ရယ်မောကာ အဘွားအိုလင်းနှင့် ကျောက်ချုံးယွဲ့တို့၏ စကားဝိုင်းတွင် ဝင်ရောက် ပြောဆိုကြသည်။

ခေတ္တမျှ စကားပြောပြီးနောက် အဘွားအိုလင်းက ပြုံးလျက် ဆိုသည်

"တပ်မှူးချုပ် ကျောက်... ရှင်က အစိုးရ အလုပ်တွေနဲ့ အရမ်း အလုပ်များနေတာကိုး... ဒီအဘွားအိုနဲ့ စကားလာပြောရုံသက်သက်တော့ လာတာ မဟုတ်လောက်ဘူးထင်တယ်... ပွင့်ပွင့်လင်းလင်းပဲ ပြောပါတော့..."

ကျောက်ချုံးယွဲ့က အလျင်အမြန် ပြန်လည်ဖြေကြားသည်

"ဟုတ်ပါတယ်... ဒါပေမဲ့ အဘွားအိုကို လာလည်တာကလည်း တကယ်ပါပဲ..."

အဘွားအိုလင်းက ပြုံးလျက် ဆိုသည်

"မင်း အဲဒီလို လုပ်ဖို့ ဆန္ဒရှိတာ ကောင်းပါတယ်... တိုက်ရိုက်ပဲ ပြောပါတော့... ငါ အသက်ကြီးပေမဲ့ အကျိုးအကြောင်းတော့ နားလည်ပါသေးတယ်... တပ်မှူးချုပ် ကျောက် ကိုယ်တိုင် လာရတယ်ဆိုတော့ မိသားစုထဲက လူငယ်တစ်ယောက်ယောက် ပြစ်မှုတစ်ခုခု ကျူးလွန်ထားလို့ ဖြစ်ရမယ်..."

ကျောက်ချုံးယွဲ့က ဖြည်းညင်းစွာ ရှင်းပြလေသည်

"အဘွားအို... ဒါဆို ကျွန်တော် အမှန်အတိုင်းပဲ ပြောပါ့မယ်... လင်းမိသားစုရဲ့ လက်ရှိ အကြီးအကဲ လင်းကူ နဲ့ သူ့သား လင်းရှန်ရှီး တို့ဟာ ချင်းယဲ့ခန်းမနဲ့ ပူးပေါင်းကြံစည်နေတယ်လို့ သံသယရှိပါတယ်... လင်းကူနဲ့ လင်းရှန်ရှီးတို့ဟာ ချင်းယဲ့ခန်းမနဲ့ တကယ် ပူးပေါင်းနေတဲ့သူတွေ ဖြစ်ကြောင်း သက်သေပြနိုင်မယ့် ခိုင်မာတဲ့ အထောက်အထား ကျွန်တော့်ဆီမှာ ရှိပါတယ်..

. အရင်တုန်းက ချန်မိသားစုရဲ့ အကြီးအကဲ ချန်သော့သော့ အသတ်ခံရတုန်းက လင်းရှန်တုန်းက တာအိုဆရာရွှမ်ချန်နဲ့ ပူးပေါင်းနေတယ်လို့ အပြင်ပန်းမှာ ထင်ရပေမဲ့၊ တကယ်တမ်းကျတော့ အဲဒါက လင်းချွမ်ကို ဖြုတ်ချဖို့အတွက် လင်ကူနဲ့ လင်းရှန်ရှီးတို့ ဖန်တီးထားတဲ့ အစီအစဉ်တစ်ခု သက်သက်ပါပဲ..."

ကျောက်ချုံးယွဲ့ အံ့အားသင့်သွားရသည်မှာ အဘွားအိုလင်း အလွန် ထိတ်လန့်ပြီး ဒေါသထွက်မည်ဟု သူ ထင်မှတ်ထားခဲ့သော်လည်း၊ သူမသည် မမျှော်လင့်ဘဲ အလွန် တည်ငြိမ်နေပြီး မည်သည့် ခံစားချက်မျှ မရှိဘဲ တည်ငြိမ်နေခြင်း ပင် ဖြစ်သည်။

အဘွားအိုလင်းက သူမ၏ လက်ထဲရှိ ပုတီးစေ့များကို ဖြည်းညင်းစွာ စိပ်ရင်း နူးညံ့စွာ ဆိုသည်

"တကယ်တော့ ငါလည်း တစ်ခုခုကို သတိထားမိနေလို့ မကြာသေးခင်ကမှ တိတ်တဆိတ် စုံစမ်းနေခဲ့တာပါ... တပ်မှူးချုပ် ကျောက် ဆီမှာ သက်သေရှိနေပြီဆိုမှတော့ သူ့ကို ဖမ်းလိုက်ပါ... ငါ မတားပါဘူး၊

ဒါပေမဲ့ တပ်မှူးချုပ် ကျောက် ကို တရားမျှတမှု ရှိဖို့နဲ့ တခြားလူတွေကို မပါဝင်ပတ်သက်စေဖို့တော့ ငါ မျှော်လင့်ပါတယ်... လင်းမိသားစုက ကြီးမားပြီး လူတွေလည်း အများကြီး ရှိတာဆိုတော့ အားလုံးက ချင်းယဲ့ခန်းမနဲ့ ပူးပေါင်းနေကြတာ မဟုတ်ပါဘူး..."

ကျောက်ချုံးယွဲ့က ပြန်လည်ပြောကြားသည်

"အဲဒါကတော့ သေချာပါတယ်... အဘွားအို... အကြီးအကဲလင်းကို သူ့ရဲ့ အပြစ်တွေအတွက် ပေးဆပ်ဖို့နဲ့ လင်းမိသားစုရဲ့ ဂုဏ်သိက္ခာကို ထိန်းသိမ်းဖို့ နည်းလမ်းတစ်ခု ကျွန်တော် ပေးနိုင်ပါတယ်... ချင်းယဲ့ခန်းမက နှစ်ပေါင်းများစွာ အန္တရာယ် ပေးနေခဲ့တာပါ...

တကယ်လို့ အကြီးအကဲလင်းကသာ ချင်းယဲ့ခန်းမကို အမြစ်ပြတ် ချေမှုန်းဖို့ ကျွန်တော်တို့ကို ကူညီပေးမယ်ဆိုရင် သူ့ကို ဖမ်းဆီးဖို့ တခြား ပြစ်မှုတစ်ခု ပြောင်းလဲ စီစဉ်ပေးပြီး လင်းမိသားစုရဲ့ ဂုဏ်သိက္ခာကို ထိန်းသိမ်းပေးနိုင်ပါတယ်..."

အဘွားအိုလင်းက လက်ဆုတ်လျက် ဆိုသည်

"ဒါဆိုရင်တော့ တပ်မှူးချုပ် ကျောက်ကို ကျေးဇူးအများကြီး တင်ပါတယ်..."

ထိုသို့ပြောပြီးနောက် သူမက မတ်တတ်ရပ်ကာ ပြောလိုက်သည်

"သွားကြစို့လေ... ငါ အခုပဲ မင်းတို့နဲ့ လိုက်ခဲ့မယ်..."

ကျောက်ချုံးယွဲ့မှာ အလွန် ဝမ်းသာသွားပြီး အဘွားအိုလင်းကို ကူညီတွဲပေးရန် အလျင်အမြန် ထရပ်လိုက်၏။

သူသည် သက်ပြင်းရှည်ကြီးတစ်ခုကိုလည်း ချလိုက်မိသည်။ အဘွားအိုလင်း ဤမျှ နားလည်မှု ရှိလိမ့်မည်ဟု သူ မထင်ထားခဲ့ချေ။ သို့သော် ပြန်စဉ်းစားကြည့်လျှင် ဤသည်မှာ မျှော်လင့်ထားသင့်သော အရာပင် ဖြစ်သည်။ အဘွားအိုလင်း၏ ပြတ်သားသော လုပ်ရပ်များနှင့် အမြော်အမြင် ကြီးမားမှုများသာ မရှိခဲ့ပါက၊ လင်းမိသားစုသည် ယခုထိ ဒုတိယ သို့မဟုတ် တတိယတန်းစား မိသားစုတစ်ခုအဖြစ်သာ ရှိနေမည်ဖြစ်ပြီး ယခုကဲ့သို့ ဂုဏ်ကျက်သရေမျိုးကို ရရှိခဲ့မည် မဟုတ်ချေ။

လင်းကုနှင့် လင်းရှန်ရှီးတို့ကို ကာကွယ်ခြင်းနှင့် လင်းမိသားစု တစ်ခုလုံးကို ကာကွယ်ခြင်းကြား ရွေးချယ်မှုမှာ အဘွားအိုလင်းကဲ့သို့ ပြတ်သားသူ တစ်ဦးအတွက် ခက်ခဲသော ရွေးချယ်မှုတစ်ခု မဟုတ်ပေ။

...

ထန်အန်းခရိုင်၊ လင်းမိသားစု စံအိမ်။

အဘွားအိုလင်းသည် အစေခံမလေး တစ်ဦး၏ အကူအညီဖြင့် ကူမော့နှင့် သူ၏ အဖွဲ့ကို လင်းမိသားစု စံအိမ်အတွင်းသို့ ခေါ်ဆောင်သွား၏။ ကျောက်ချုံးယွဲ့သည် လူအများအပြား ခေါ်ဆောင်လာခြင်း မရှိဘဲ လင်းမိသားစု ရွာသို့ သူနှင့်အတူ သွားခဲ့သော အရာရှိများကိုသာ ခေါ်ဆောင်လာခဲ့သည်။

လူအများအပြား ခေါ်ဆောင်လာရန် မလိုအပ်ချေ၊ ယင်းက သံသယဖြစ်ဖွယ်ရာများကိုသာ ဖြစ်ပေါ်စေမည် ဖြစ်သည်။

လင်းမိသားစု စံအိမ်အတွင်းသို့ ဝင်ရောက်လာချိန်တွင် ကျောက်ချုံးယွဲ့နှင့် သူ၏ အဖွဲ့သည် လင်းမိသားစုအပေါ် အဘွားအိုလင်း၏ ထိန်းချုပ်မှု မည်မျှအထိ ကြီးမားကြောင်းကို ကိုယ်တိုင် မျက်မြင်တွေ့ရှိခဲ့ရသည်။ သူမသည် အကြီးအကဲ နေရာမှ အနားယူခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီဖြစ်ပြီး စံအိမ်တွင် နေထိုင်ခြင်း မရှိတော့သော်လည်း သူမ၏ အကြည့်တစ်ချက်ကပင် အစစ်အမှန် အကြီးအကဲဖြစ်သော လင်းကုထံသို့ သတင်းသွားပို့မည့် မည်သူ့ကိုမဆို တားဆီးရန် လုံလောက်လှပေသည်။

အဘွားအိုလင်းသည် သူမ၏ အဖွဲ့ကို လင်းကူ၏ စာကြည့်ခန်းသို့ တိုက်ရိုက် ခေါ်ဆောင်သွား၏။ လင်းကူမှာ စာရင်းစာအုပ်များကို စစ်ဆေးနေပြီး သူမ ရောက်ရှိလာသည်ကို လုံးဝ မသိရှိခဲ့ချေ။

တံခါးဝတွင် သူမနှင့် သူမ၏ အဖွဲ့ကို မြင်လိုက်ရသောအခါ လင်းကုမှာ အနည်းငယ် အံ့အားသင့်သွားပြီး နှုတ်ဆက်ရန် အလျင်အမြန် မတ်တတ်ရပ်ကာ မေးမြန်းလိုက်သည်

"အဘွား... ဘာလို့ လာတာလဲ... ကျွန်တော့်ဆီကို ဘာလို့ လူမလွှတ်ပြီး အကြောင်းမကြားတာလဲ..."

ထို့နောက် သူသည် ကျောက်ချုံးယွဲ့နှင့် ကူမော့တို့ကို ဦးညွှတ်လျက် နှုတ်ဆက်လိုက်သည်

"တပ်မှူးချုပ် ကျောက် ကို ဂါရဝပြုပါတယ်၊ သူရဲကောင်းကူ ကို ဂါရဝပြုပါတယ်..."

ကျောက်ချုံးယွဲ့သည် တံခါးခြောက်ချပ်အဖွဲ့၏ တပ်မှူးချုပ်အဖြစ် သိုင်းလောက ကိစ္စရပ်များကို စီမံခန့်ခွဲရန် တာဝန်ရှိပြီး၊ လင်းကူမှာ ယခုအခါ လင်းမိသားစု၏ အကြီးအကဲဖြစ်သလို ယခင်ကလည်း အဆင့်မြင့် အဖွဲ့ဝင်တစ်ဦး ဖြစ်ခဲ့ရာ သဘာဝကျကျပင် ကျောက်ချုံးယွဲ့နှင့် မကြာခဏ အဆက်အသွယ် ရှိခဲ့သည်။ ကူမော့မှာမူ ယခင်က လင်းမိသားစုသို့ လာရောက်လည်ပတ်ခဲ့ဖူးပြီး ချန်သော့သော့ ကိစ္စနှင့် ပတ်သက်၍ နှုတ်ဆက် စကားပြောဆိုခဲ့ဖူး၏။

ကျောက်ချုံးယွဲ့နှင့် ကူမော့တို့က လက်အုပ်ချီလျက် ပြန်လည် နှုတ်ဆက်လိုက်ကြသည်။

လင်းကူ အဘွားအိုကို ထိုင်ခုံသို့ ကူညီပို့ဆောင်ရန် အလျင်အမြန် သွားခဲ့သော်လည်း၊ သူမက သူ့ကို လက်ဝှေ့ယမ်းကာ ဖယ်ရှားလိုက်ပြီး ပြောကြားသည်

"ဒီမှာပဲ ရပ်ပြီး စောင့်နေ..."

လင်းကူ ဇဝေဇဝါဖြင့် မေးမြန်းသည်

"အဘွား.. ကျွန်တော် ဘာကို စောင့်နေရမှာလဲ..."

အဘွားအိုက လေးနက်သော လေသံဖြင့် ပြန်လည်ဖြေကြားသည်

"လူတစ်ယောက်ကို စောင့်နေတာ..."

"ဘယ်သူ့ကိုလဲ..."

အဘွားအိုက မဖြေခဲ့ချေ။

လင်းကူ၏ မျက်နှာပေါ်တွင် မည်သည့် အမူအရာမျှ မပြသော်လည်း သူ၏ စိတ်ထဲတွင်တော့ စတင် စိုးရိမ်လာပြီ ဖြစ်သည်။ တိတိကျကျ ပြောရလျှင် ကူမော့နှင့် ကျောက်ချုံးယွဲ့တို့နှင့်အတူ အဘွားအို ပေါ်လာသည်ကို မြင်လိုက်ကတည်းက သူ အနည်းငယ် ခန့်မှန်းမိပြီး ဖြစ်၏။

စာကြည့်ခန်းအတွင်းရှိ လေထုမှာ အလွန် တင်းမာနေသည်။

ခဏအကြာတွင် တံခါးအပြင်ဘက်မှ ခြေသံများ ထွက်ပေါ်လာပြီး လင်းရှန်ရှီး ဝင်လာကာ ပြောကြားလိုက်သည်

"အဖေ... အဖေ ကျွန်တော့်ကို တွေ့ချင်တယ်ဆို... အော်..."

လင်းရှန်ရှီးသည် ထိုင်ခုံတွင် ထိုင်နေသော အဘွားအိုကို မြင်သောအခါ အံ့အားသင့်သွားပြီး နှုတ်ဆက်ရန် အလျင်အမြန် ရှေ့သို့ တိုးလာကာ မေးမြန်းလိုက်သည်

"အဘွား... အဘွား ရောက်လာတာပဲ... တပ်မှူးချုပ် ကျောက်... သူရဲကောင်းကူ... ဘာကိစ္စများ ရှိလို့ ဒီကို ရောက်လာကြတာလဲ..."

"ဒူးထောက်စမ်း!"

အဘွားအိုလင်းကအဘွားအိုလင်းက အေးစက်စွာ အော်ဟစ်လိုက်၏။

လင်းရှန်ရှီးမှာ ထိတ်လန့်တုန်ယင်သွားပြီး သူ၏ ခြေထောက်များ ခွေယိုင်သွားကာ မြေပြင်ပေါ်သို့ ဘုန်းခနဲ ဒူးထောက်ကျသွားလေသည်။

ထို့နောက် အဘွားအိုလင်းက လင်းကုကို ကြည့်ကာ ဆိုသည်

"မင်းလည်း ဒူးထောက်စမ်း..."

လင်းကူသည် လင်းမိသားစု၏ အကြီးအကဲဖြစ်ပြီး အသက် ငါးဆယ်အရွယ် အဘိုးတစ်ဦး ဖြစ်သော်လည်း၊ အဘွားအို၏ စကားကို ကြားသည်နှင့် တုံ့ဆိုင်းမနေဘဲ ဒူးထောက်ချလိုက်၏။

အဘွားအိုလင်းက လေးနက်သော လေသံဖြင့် မေးမြန်းသည်

"မင်းတို့ဘာသာ ဝန်ခံမှာလား၊ ဒါမှမဟုတ် ငါကိုယ်တိုင် စစ်ဆေးရမလား..."

အမှန်တကယ်တော့ လင်းရှန်ရှီးကို ခေါ်ယူလိုက်သည်ကို မြင်သောအခါ လင်းကူ၏ နှလုံးသားမှာ ကျဆင်းသွားခဲ့ပြီ ဖြစ်သော်လည်း နောက်ဆုံးအဆင့် မရောက်မချင်း ဘာကိုမှ ဝန်မခံဘူးဟူသော မူကို ဆုပ်ကိုင်ထားလျက် သူက ပြန်လည်ပြောကြားသည်

"ကျွန်တော်တို့ ဘာအမှားလုပ်မိလဲ ဆိုတာ မသိပါဘူး၊ ကျေးဇူးပြုပြီး ရှင်းပြပေးပါ အဘွား!"

"မင်းတို့ ဝန်မခံချင်ဘူးဆိုရင်တော့ ခဏလောက် ထပ်စောင့်ကြသေးတာပေါ့!"

အဘွားအိုလင်းက ဆိုသည်။

လေထုမှာ အေးစက်ပြီး ဖိနှိပ်မှု ရှိနေဆဲ ဖြစ်၏။

စာကြည့်ခန်းအတွင်း၌ လူတိုင်း တိတ်ဆိတ်နေကြပြီး၊ လင်းကုနှင့် သူ၏သား လင်းရှန်ရှီးတို့မှာ မြေပြင်ပေါ်တွင် ဒူးထောက်နေကြကာ သူတို့၏ မျက်နှာများပေါ်မှ ချွေးစေးများ အဆက်မပြတ် စီးကျနေသည်။

ခေတ္တမျှ ကြာပြီးနောက်...

လင်းမိသားစု တပည့်အချို့သည် တံခါးဝတွင် ပေါ်လာပြီး အလောင်းတစ်လောင်းကို သယ်ဆောင်လာကာ လင်းကူ၏ ဘေးတွင် ညင်သာစွာ ချထားလိုက်ကြ၏။

လင်းကုသည် အလောင်း၏ မျက်နှာကို မြင်လိုက်ရသောအခါ လုံးဝ မျှော်လင့်ချက် မဲ့သွားတော့သည်။ ဤသူမှာ လွန်ခဲ့သော ရက်အနည်းငယ်က လင်းရှန်ရှီး၏ အစေခံအဖြစ် ဟန်ဆောင်ကာ သူတို့နှင့် လာရောက် ဆက်သွယ်ခဲ့သော ချင်းယဲ့ခန်းမ အဖွဲ့ဝင် ပင် ဖြစ်သည်။

ဤသူသည် အမြဲတမ်း တခြားသူတစ်ယောက်အဖြစ် ဟန်ဆောင်လေ့ရှိပြီး အလွန် သတိထားကာ လှုပ်ရှားတတ်သူ ဖြစ်သည်။ ယုတ္တိဗေဒအရဆိုလျှင် သားအဖ နှစ်ယောက်သည် သူ၏ အစစ်အမှန် သရုပ်ကို မသိသင့်ပေ။ သို့သော် သူတို့သည် ချင်းယဲ့ခန်းမ၏ ထိန်းချုပ်မှုမှ လွတ်မြောက်လိုသဖြင့် သူတို့၏ လမ်းကြောင်းများကို ခြေရာခံခဲ့ရာ၊ ဤလူ၏ အပြင်ဘက် သရုပ်မှန်မှာ မြို့တွင်းရှိ သာမန် ဖိနပ်ချုပ်သမား တစ်ဦး ဖြစ်ကြောင်း သိရှိခဲ့ကြသည်။

ယခုအခါ ဤလူသည် အသတ်ခံလိုက်ရပြီး အဘွားအိုလင်းက သူတို့၏ ဘေးတွင် လာချထားပေးခြင်း ဖြစ်သည် ။ဆိုလိုရင်းမှာ ရှင်းလင်းနေပြီ ဖြစ်၏။

လင်းကူနှင့် လင်းရှန်ရှီးတို့ နှစ်ဦးစလုံး၏ ရင်ထဲတွင် မျှော်လင့်ချက်မဲ့မှုများ ဖြစ်ပေါ်လာသည်။

သူတို့သည် ချင်းယဲ့ခန်းမနှင့် ပူးပေါင်းကြံစည်မှုမှာ လုံးဝ ဖော်ထုတ်ခံလိုက်ရပြီဖြစ်ကြောင်း နားလည်လိုက်ကြ၏။

"မင်းတို့က လင်းမိသားစု တစ်ခုလုံးကို သေတွင်းထဲ ဆွဲချချင်နေတာလား၊ ဒါမှမဟုတ် သဘောဆန္ဒအလျောက် ဝန်ခံမှာလား..."

အဘွားအိုလင်းက တည်ငြိမ်စွာ မေးမြန်းလိုက်သည်။

လင်းကူသည် မြေပြင်ပေါ်၌ ဒူးထောက်လျက် အဘွားအိုလင်းကို ဦးညွှတ်ကာ ဆိုသည်

"အဘွားအို... လင်းကု အမှားလုပ်မိမှန်း သိပါပြီ... ကျွန်တော် ချင်းယဲ့ခန်းမရဲ့ လှည့်စားခြင်းကို ခံခဲ့ရပြီး မိသားစု အကြီးအကဲ နေရာကို ရယူဖို့ သူတို့နဲ့ ပူးပေါင်းခဲ့မိတာပါ... အစကနေ အဆုံးအထိ ဒီကိစ္စမှာ ကျွန်တော်နဲ့ ကျွန်တော့်သား နှစ်ယောက်ပဲ ပါဝင်ခဲ့တာပါ၊ တခြား ဘယ်သူမှ မပါဝင်ပါဘူး..."

အဘွားအိုလင်းက သက်ပြင်းချလျက် ကျောက်ချုံးယွဲ့ကို ကြည့်ကာ ပြောကြားလိုက်သည်

"တပ်မှူးချုပ် ကျောက်... ရှင် မေးချင်တာ ရှိရင် မေးလို့ရပါပြီ..."

ကျောက်ချုံးယွဲ့က အနည်းငယ် ခေါင်းညိတ်ပြပြီး လင်းကုကို ကြည့်ကာ ဆိုသည်

"အကြီးအကဲလင်း... မင်းတို့နဲ့ ချင်းယဲ့ခန်းမကို ဆက်သွယ်ပေးခဲ့တဲ့သူက ပေ့တိုခရိုင်က ရှောင်လျဲ့ရဲ့ ဇနီး ချန်ယွီ ဖြစ်ပေမဲ့၊ မင်းရဲ့ အဆင့်အတန်းအရဆိုရင် ချန်ယွီက မင်းနဲ့ ပူးပေါင်းဖို့ ချင်းယဲ့ခန်းမကို ကိုယ်စားပြုဖို့ အရည်အချင်း လုံးဝ မမီပါဘူး...

မင်းက ချင်းယဲ့ခန်းမ ခေါင်းဆောင်နဲ့ သေချာပေါက် ဆက်သွယ်ခဲ့ရမှာပဲ... မင့်အနေနဲ့ သက်ဆိုင်ရာ သဲလွန်စတွေ အားလုံးကို ကျွန်တော့်ကို ပြောပြနိုင်မယ်လို့ မျှော်လင့်ပါတယ်... အကယ်၍ ချင်းယဲ့ခန်းမကို ဖျက်ဆီးဖို့ ကျွန်တော်တို့ တံခါးခြောက်ချပ်အဖွဲ့ကို တက်တက်ကြွကြွ ကူညီပေးမယ်ဆိုင် မင်းနဲ့မင်းသားအတွက် စွဲချက်တွေကို ကျွန်တော် ပြောင်းလဲပေးနိုင်ပြီး လင်းမိသားစုရဲ့ ဂုဏ်သိက္ခာနဲ့ ရှင်တို့ နှစ်ယောက်စလုံးရဲ့ သိက္ခာကို ထိန်းသိမ်းပေးမယ်လို့ အဘွားအိုကို ကျွန်တော် ကတိပေးထားပါတယ်..."

"ကျေးဇူးတင်ပါတယ်..."

လင်းကုက ပြောကြားသည်

"ကျွန်တော် တကယ်ပဲ ချင်းယဲ့ခန်းမ ခေါင်းဆောင်နဲ့ တွေ့ခဲ့ဖူးပါတယ်၊ ဒါပေမဲ့ သူက ထိုက်ရွှီး နတ်ဘုရားသံချပ်ကာ ကို ဝတ်ထားတော့ သူ့ရဲ့ မျက်နှာအစစ်ကို ကျွန်တော် မမြင်ခဲ့ရပါဘူး... ကျွန်တော်တို့ တွေ့တဲ့ အချိန်မှာ သူက ကျွန်တော့်ရဲ့ အာရုံတွေနဲ့ အမြင်အာရုံကို လှည့်စားဖို့ အထူးပြုလုပ်ထားတဲ့ ထမ်းစင်တစ်ခုကို သုံးပြီး အိမ်ငယ်လေး တစ်လုံးဆီ ခေါ်သွားခဲ့တာပါ..."

"ဒါပေမဲ့ ကျွန်တော်တို့ လင်းမိသားစုမှာ ခြေရာခံ လက်နက် နှစ်ခု ရှိတယ်ဆိုတာကိုတော့ သူ မသိခဲ့ဘူးလေ... တစ်ခုက လမ်းကြောင်းကို မှတ်သားနိုင်ပြီး နောက်တစ်ခုက ထူးခြားတဲ့ အနံ့သဲလွန်စကို ချန်ထားခဲ့နိုင်တာ... အဲဒီနှစ်ခုကို တွဲသုံးလိုက်ရင် ခြေရာခံတဲ့ နေရာမှာ ပြိုင်ဘက်ကင်းပဲလေ၊ အဲဒါကြောင့် ချင်းယဲ့ခန်းမ ခေါင်းဆောင် ပေါ်လာတဲ့ နေရာကို ကျွန်တော် ရှာတွေ့ခဲ့တာပါ..."

လင်းကုက ဘေးရှိ အလောင်းကို ညွှန်ပြကာ ဆက်ပြောသည်

"နောက်ပိုင်းမှာ ဒီ ချန်ဆန်း ကနေတစ်ဆင့်... ဒီလူကနေတစ်ဆင့်ပေါ့... ကျွန်တော်တို့က သူ့ကို အဆင့်အတော်များများ နောက်ယောင်ခံလိုက်ပြီး သူ့နောက်ကွယ်က လူက ဆန်းယွမ် ကုန်သည်အသင်း ဥက္ကဋ္ဌ လျိုဆန်းယွမ် ဖြစ်ကြောင်း ဖော်ထုတ်နိုင်ခဲ့တယ်... လျိုဆန်းယွမ်ကို စောင့်ကြည့်နေရင်းနဲ့ သူနဲ့ ချင်းယဲ့ခန်းမ ခေါင်းဆောင်တို့ တွေ့ဆုံတဲ့ ပုံစံကို ကျွန်တော်တို့ ရှာဖွေတွေ့ရှိခဲ့တာပါ..."

ကျောက်ချုံးယွဲ့က အလျင်အမြန် မေးမြန်းလိုက်သည်

"သူတို့ ဘယ်မှာလဲ... ပုံစံက ဘာလဲ..."

လင်းကုက ခေတ္တမျှ စဉ်းစားပြီးနောက် ပြန်လည်ဖြေကြားသည်

"မင်း လုံးဝ တွေးမိမှာ မဟုတ်တဲ့ နေရာတစ်ခုပါပဲ ရှီနန်တောင် လေ..."

ကျောက်ချုံးယွဲ့၏ မျက်နှာအမူအရာ အနည်းငယ် ပြောင်းလဲသွားပြီး မေးမြန်းသည်

"အဓိပ္ပာယ်က ချင်းယဲ့ခန်းမရဲ့ နောက်ကွယ်မှာ ရှိနေတာက ချွန်းယန်ဘုရားကျောင်း ပေါ့..."

လင်းကုက ခေါင်းယမ်းလျက် ဖြေကြားသည်

"ကျွန်တော် မသိဘူး... အဲဒါက ချွန်းယန်ဘုရားကျောင်းက တိကျတဲ့ လူတစ်ယောက်လား၊ ဒါမှမဟုတ် ဂိုဏ်းတစ်ခုလုံးလား ဆိုတာ ပြောရခက်ပါတယ်... အဲဒါအပြင် ရှီနန်တောင် က အရမ်းကြီးတာလေ... ချွန်းယန်ဘုရားကျောင်း တစ်ခုတည်း ရှိတာမှ မဟုတ်တာ... တောင်ပေါ်မှာ တာအိုဘုရားကျောင်း ဆယ်ဂဏန်းလောက် ရှိတယ်... ချင်းယဲ့ခန်းမက ရှီနန်တောင်မှာ တမင် ပုန်းနေတာလည်း ဖြစ်နိုင်တာပဲ... စကားပုံတစ်ခု ရှိတယ်လေ၊ 'အန္တရာယ်အများဆုံး နေရာက အဘေးကင်းဆုံး နေရာ' တဲ့..."

ကျောက်ချုံးယွဲ့ မျက်မှောင်ကြုတ်သွားပြီး စိတ်မသက်မသာ ဖြစ်မှုကို ခံစားလိုက်ရ၏။

လင်းကုက ဆက်လက်ပြောပြသည်

"ဆန်းယွမ် ကုန်သည်အသင်းက ရှီနန်တောင်မှာရှိတဲ့ တာအိုဘုရားကျောင်းတွေနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ အများကြီး ရှိတယ်လေ... သူတို့က ဆယ်ရက်တစ်ခါ ရှီနန်တောင်ကို ကုန်ပစ္စည်းတွေ ပို့ပေးလေ့ ရှိတယ်... ကျွန်တော်နဲ့ ချင်းယဲ့ခန်းမ ခေါင်းဆောင် တွေ့ဆုံခဲ့တဲ့ နေရာက တာအိုဘုရားကျောင်း တစ်ခုမှာပါ၊ အဲဒါက လျိုဆန်းယွမ်နဲ့ အချိန်အကြာကြီး ပူးပေါင်းဆောင်ရွက်ခဲ့တဲ့ ဘုရားကျောင်းတွေထဲက တစ်ခုပေါ့..."

အပိုင်း (၂၂၆) - ရှီနန်တောင်ကို ပစ်မှတ်ထားခြင်း ( အပိုင်း ၂)

ထိုသို့ပြောပြီးနောက် လင်းကုက ကူမော့ကို ရုတ်တရက် ကြည့်ကာ ဆိုသည်

"ဒါနဲ့ ဆရာကြီးကူ... ခင်ဗျားနဲ့ ပတ်သက်တဲ့ တခြား ကိစ္စတစ်ခု ရှိသေးတယ်... ချင်းယဲ့ခန်းမက ခင်ဗျားအပေါ်မှာ လျှို့ဝှက် ရည်ရွယ်ချက်တချို့ ရှိနေပုံရတယ်နော်..."

လင်းကု၏ စကားများကို ကြားသောအခါ ကူမော့က ဇဝေဇဝါဖြင့် မေးမြန်းလိုက်သည်

"ကျွန်တော့်ကို အကွက်ဆင်နေတာလား..."

"ဟုတ်ပါတယ်..."

လင်းကုက အတည်ပြုသည်

"ချင်းယဲ့ခန်းမက ယွမ်မိသားစုရဲ့ သမီးကြီး ယွမ်ရှုကို ပြန်ပေးဆွဲဖို့ ရည်ရွယ်ထားတာပါ... ဒီကိစ္စမှာ ချင်းယဲ့ခန်းမက ခင်ဗျားကို အဲဒီကို ရောက်လာအောင် ဆွဲဆောင်ဖို့ ရမ္မက်မိစ္ဆာ ရှန်းကွမ်ရှန်းကို တမင် ငှားရမ်းခဲ့တာလေ..."

"သူတို့ရဲ့ ရည်ရွယ်ချက်ကတော့ ရှန်းကွမ်ရှန်းရဲ့ ကိုယ်ဖျော့ပညာကို သုံးပြီး ခင်ဗျားကို ထောင်ချောက်ထဲ သွေးဆောင်ကာ အရှင်လတ်လတ် ဖမ်းဖို့ပါပဲ... ချင်းယဲ့ခန်းမမှာ ဘယ်သူ့ကိုမဆို ရုပ်သေးရုပ်အဖြစ် ထိန်းချုပ်နိုင်တဲ့ ရုပ်သေးဆေးလုံး တစ်လုံး ရှိတယ်လေ..."

"သိသာတာကတော့ သူတို့က ရှန်းကွမ်ရှန်းရဲ့ ကိုယ်ဖျော့ပညာကို အထင်ကြီးလွန်းသွားပြီး ဆရာကြီးကူရဲ့ သိုင်းပညာကို အထင်သေးသွားတာပဲ... နောက်ဆုံးမှာတော့ သူတို့ ကျရှုံးသွားရုံတင် မကဘူး၊ ဒီကိစ္စက အားနည်းချက် တစ်ခု ဖြစ်သွားခဲ့တာပဲ..."

ကျောက်ချုံးယွဲ့က အံ့အားသင့်စွာဖြင့် ရေရွတ်လိုက်သည်

"ဒဏ္ဍာရီလာ ရုပ်သေးဆေးလုံး ဟုတ်လား... ချင်းယဲ့ခန်းမမှာ တကယ်ပဲ ဒီလိုပစ္စည်းမျိုး ရှိနေတာလား..."

ကူမော့သည် ရုပ်သေးဆေးလုံးအကြောင်း တစ်ခါမှ မကြားဖူးသဖြင့် သံသယဖြင့် မေးမြန်းလိုက်သည်

"တပ်မှူးချုပ် ကျောက်... ခင်ဗျား ဒါကို သိလို့လား..."

ကျောက်ချုံးယွဲ့က ရှင်းပြလေသည်

"လွန်ခဲ့တဲ့ အနှစ်သုံးဆယ်ကျော်လောက်က သိုင်းလောကမှာ တစ်ချိန်က နာမည်ကြီးခဲ့တဲ့ ကူရှန်း ဆိုတဲ့ မိစ္ဆာဆရာကြီး တစ်ယောက် ရှိခဲ့တယ်... သူက ရုပ်သေးဆေးလုံး လို့ခေါ်တဲ့ ကူဆေးလုံး တစ်မျိုးကို တီထွင်ခဲ့တာလေ... ဒီဆေးလုံးက တခြားလူတွေကို ရုပ်သေးရုပ်တွေအဖြစ် ပြောင်းလဲပြီး ထိန်းချုပ်နိုင်တယ်... တစ်ဖက်လူက ဘယ်လောက်ပဲ အစွမ်းထက်ထက်၊ အဆင့်အတန်း မြင့်မြင့်၊ ရုပ်သေးဆေးလုံးကို စားမိသွားတာနဲ့ သူတို့ရဲ့ ရုပ်သေးရုပ် ဖြစ်သွားပြီး လုံးဝ သစ္စာခံသွားတော့တာပဲ..."

ကူချူတုန်းက အံ့သြတကြီးဖြင့် မေးမြန်းလိုက်သည်

"အဲဒီလောက်တောင် ကြောက်စရာကောင်းတာလား... ဒါဆိုရင် အဲဒီ ကူရှန်း က လောကကြီးကိုတောင် သိမ်းပိုက်နိုင်မှာပေါ့..."

ကျောက်ချုံးယွဲ့က ခေတ္တမျှ တုံ့ဆိုင်းသွားပြီးနောက် ဆက်ပြောသည်

"မဟုတ်ပါဘူး... နောက်ဆုံးမှာတော့ အဲဒီ ကူမိစ္ဆာ က သိုင်းလောက တစ်ခုလုံးရဲ့ လိုက်လံ သတ်ဖြတ်ခြင်းကို ခံလိုက်ရတယ်လေ... လူတွေကြားထဲမှာ ရုပ်သေးဆေးလုံး သုံးလုံးပဲ ကျန်ခဲ့တယ်... အင်း... နှစ်ပေါင်းများစွာ ဒီဆေးလုံး သုံးလုံးကို လိုက်ရှာနေကြတဲ့သူတွေ ရှိသလို၊ ဆေးဖော်စပ်နည်းကို ရှာနေတဲ့သူတွေလည်း ရှိတယ်...

ဒါပေမဲ့ ဘယ်သူမှ ရှာတွေ့တယ်လို့ ကျွန်တော် မကြားဖူးပါဘူး... ချင်းယဲ့ခန်းမဆီမှာ ဒါ တကယ်ရှိနေလိမ့်မယ်လို့ ကျွန်တော် မထင်ထားခဲ့ဘူး... ခင်ဗျားရဲ့ သိုင်းပညာနဲ့ ဂုဏ်သတင်းအရဆိုရင် ခင်ဗျားသာ ချင်းယဲ့ခန်းမရဲ့ ထိန်းချုပ်မှုကို ခံလိုက်ရရင် သိုင်းလောကအတွက် သေချာပေါက် ကြီးမားတဲ့ ဘေးဒုက္ခကြီး ဖြစ်သွားမှာပဲ... ကံကောင်းထောက်မစွာနဲ့ ချင်းယဲ့ခန်းမရဲ့ စစ်ဆင်ရေးက ကျရှုံးသွားခဲ့လို့ပါ..."

ကူမော့ မျက်မှောင်အနည်းငယ် ကြုတ်သွားပြီး စုန့်တန်းယန်ကို ရုတ်တရက် သတိရသွား၏။ ဤလူအပေါ် သံသယမှာ ပိုမို ကြီးမားလာသည်။

တိုက်ဆိုင်စွာပင် သူ ချင်းကျိုးမှ ထွက်ခွာရန် ပြင်ဆင်နေချိန်တွင် ချင်းယဲ့ခန်းမက ရှန်းကွမ်ရှန်းကို အသုံးပြု၍ သူ့ကို ဆက်နေစေရန် သွေးဆောင်ခဲ့သည်။ ထို့နောက် ချင်းယဲ့ခန်းမ၏ စစ်ဆင်ရေး ကျရှုံးသွားချိန်တွင် စုန့်တန်းယန်က ချင်းကျိုးမှ ထွက်ခွာသွားစေရန် သခင်မလျှူ၏ သဲလွန်စများကို အချိန်ကိုက် ပေးပို့လာခဲ့ပြန်သည်။

...

ကူမော့သည် ချင်းယဲ့ခန်းမက သူ့အပေါ် မည်သို့ ရည်ရွယ်ချက်များ ရှိနေကြောင်းကို စဉ်းစားနေစဉ်မှာပင်၊ ကျောက်ချုံးယွဲ့သည် လင်းကူနှင့် သူ၏သား လင်းရှန်ရှီးတို့ထံမှ သိသင့်သိထိုက်သည်များ အားလုံးကို သိရှိသွားခဲ့ပြီ ဖြစ်သည်။

တာဝန်များကို ချက်ချင်း ခွဲဝေချထားလိုက်၏။ အဖွဲ့တစ်ဖွဲ့က လင်းကူနှင့် လင်းရှန်ရှီးတို့ကို စောင့်ကြပ်ရန် လင်းမိသားစု အိမ်တော်တွင် ကျန်ရစ်ခဲ့ပြီး၊ အခြေအနေကို တတ်နိုင်သမျှ ကြာရှည်စွာ လျှို့ဝှက်ထားရန် တာဝန်ယူရသည်။ အခြား အဖွဲ့တစ်ဖွဲ့ကိုမူ လျိုဆန်းယွမ်ကို စောင့်ကြည့်ရန် စေလွှတ်လိုက်သည်။

ကျောက်ချုံးယွဲ့သည် လျိုဆန်းယွမ်အပေါ် မျှော်လင့်ချက် ကြီးကြီးမားမား မထားခဲ့သလို၊ သူ့ကို တိုက်ရိုက် ဖမ်းဆီးရန်လည်း မရဲခဲ့ချေ၊ အဘယ်ကြောင့်ဆိုသော် သူ သတိထားမိသွားမည်ကို စိုးရိမ်သောကြောင့် ဖြစ်သည်။ ထိုကဲ့သို့သော သူမှာ သေမင်းတမန် အဖွဲ့ဝင် သို့မဟုတ် ချင်းယဲ့ခန်းမ၏ သစ္စာခံတစ်ဦး ဖြစ်နိုင်ပြီး ချင်းယဲ့ခန်းမနှင့် အဆက်အသွယ် ချက်ချင်း ဖြတ်တောက်သွားမည်မှာ သေချာလှသည်။

ထို့ကြောင့် ကျောက်ချုံးယွဲ့ ဦးဆောင်သော တတိယအဖွဲ့သည် လျိုဆန်းယွမ် ပူးပေါင်းဆောင်ရွက်နေသော တာအိုဘုရားကျောင်းများမှ စတင်ကာ ရှီနန်တောင်သို့ တိတ်တဆိတ် သွားရောက် စုံစမ်းရန် ချက်ချင်း ထွက်ခွာခဲ့ကြသည်။

ကူမော့နှင့် ကူချူတုန်းတို့ကလည်း သဘာဝကျကျ အတူတကွ လိုက်ပါသွားကြသော်လည်း၊ သူတို့ အံ့အားသင့်ရသည်မှာ အဘွားအိုလင်းကလည်း လိုက်ပါခွင့်ပြုရန် တောင်းဆိုလာခြင်း ပင် ဖြစ်သည်။

သို့သော် အဘွားအိုလင်း၏ ဖိနှိပ်ထားသော ဒေါသများကို အာရုံခံမိသောအခါ ကူမော့နှင့် အခြားသူများမှာ သူမ ဘာကြောင့် လိုက်ချင်နေရသည်ကို ချက်ချင်း နားလည်သွားကြ၏။ အဘွားအိုလင်းသည် ချင်းယဲ့ခန်းမကို ပြာကျသွားစေရန် ဆန္ဒရှိနေပုံရသည်။

မည်သို့ပင်ဆိုစေ လင်းမိသားစုမှာ မျိုးဆက်တစ်ခုပြီးတစ်ခု ဆုတ်ယုတ်လာနေခဲ့သည် မဟုတ်ပါလား။ သူတို့သည် လင်းချွမ်နှင့် လင်းကုတို့ကို မနည်း အားကိုးနေခဲ့ရသော်လည်း ယခုအခါ ချင်းယဲ့ခန်းမက ထိုနှစ်ယောက်စလုံးကို ဖျက်ဆီးပစ်လိုက်ပြီ ဖြစ်သည်။

လင်းချွမ်၏ ဂုဏ်သိက္ခာမှာ သူ၏သား လင်းရှန်တုန်းကြောင့် ပျက်စီးသွားခဲ့ပြီဖြစ်ပြီး လင်းကူ၏ ကံကြမ္မာမှာလည်း ခန့်မှန်းရ လွယ်ကူလှသည်။ အဘွားအိုလင်းအနေဖြင့် အဆက်အသွယ်များကို အသုံးပြုနိုင်လျှင်ပင် သူသည် သေဒဏ်မှ လွတ်ကင်းနိုင်သော်လည်း ကြီးလေးသော ပြစ်ဒဏ်များကိုတော့ သေချာပေါက် ရင်ဆိုင်ရမည် ဖြစ်သည်။ လင်းမိသားစုသည် လင်းကူနှင့် သူ၏သား လင်းရှန်ရှီးတို့ကို စွန့်ပစ်လိုက်ရန်သာ ပိုများလေသည်။

မျိုးဆက်ကွာဟမှု ပြဿနာနှင့် ရင်ဆိုင်နေရသော လင်းမိသားစုမှာ ယခုအခါ အပြင်းအထန် ထိခိုက်နစ်နာသွားခဲ့ပြီဖြစ်ရာ သူတို့၏ ကံကြမ္မာမှာ အခြေခံအားဖြင့် ဆုံးဖြတ်ပြီးသား ဖြစ်သွားခဲ့ပြီ။

အဘွားအိုလင်း၏ ရှုထောင့်မှ ကြည့်လျှင် သူမ၏ ရင်ထဲတွင် အမုန်းတရားများ အမှန်တကယ် ပြည့်နှက်နေမည် ဖြစ်သည်။ လင်းမိသားစုသည် သူမ၏ ဦးဆောင်မှုအောက်တွင် တိုးတက်လာခဲ့ပြီး အထွတ်အထိပ်သို့ ရောက်ရှိခဲ့သည်။ မျိုးဆက်သစ်များမှာ အမီမလိုက်နိုင်ခဲ့သော်လည်း တည်ငြိမ်မှုကိုတော့ ထိန်းသိမ်းထားနိုင်ခဲ့ကြသည်။

သို့သော် ယခု သူမ အသက်အရွယ် ကြီးရင့်လာပြီး ဘဝ၏ နောက်ဆုံးအချိန်သို့ ရောက်ရှိနေချိန်တွင် လင်းမိသားစု ဆုတ်ယုတ်သွားသည်ကို အကူအညီမဲ့စွာ စောင့်ကြည့်နေရသဖြင့် သူမ၏ ရင်ထဲရှိ အမုန်းတရားများမှာ ဖော်ပြ၍ပင် မရနိုင်ချေ။

ထို့ကြောင့် ကျောက်ချုံးယွဲ့နှင့် အခြားသူများက သူမ၏ ဆုံးဖြတ်ချက်ကို နားလည်သဖြင့် ကန့်ကွက်ခြင်း မပြုခဲ့ကြချေ။ မည်သို့ပင်ဆိုစေ အဘွားအိုလင်းမှာ မဟာသိုင်းဆရာကြီး တစ်ဦးဖြစ်ပြီး ချင်းကျိုးပြည်နယ်၏ တတိယမြောက် အစွမ်းအထက်ဆုံး သိုင်းဆရာကြီး ဖြစ်သည်။ အသက်အရွယ် ကြီးရင့်နေပြီ ဖြစ်သော်လည်း သူမ၏ သိုင်းပညာစွမ်းရည်များမှာ ပြင်းထန်နေဆဲ ဖြစ်၏။

ကောင်းကင်ယံပညာရှင်ကို ဖမ်းဆီးစဉ်က ကူမော့ ကိုယ်တိုင် မျက်မြင်တွေ့ရှိခဲ့ရပြီး ဖြစ်သည်။ အသက် ရှစ်ဆယ်ကျော်နေပြီ ဖြစ်သော်လည်း အဘွားအိုလင်းမှာ မြင်းစီးခြင်း သို့မဟုတ် တိုက်ခိုက်ခြင်းများတွင် လုံးဝ အားနည်းသွားခြင်း မရှိခဲ့ချေ။

ကျောက်ချုံးယွဲ့က အစီအစဉ်များကို ချမှတ်ပြီးနောက် လူအနည်းငယ် ပါဝင်သော အဖွဲ့ငယ်တစ်ခုသည် ရှီနန်တောင်သို့ လျင်မြန်စွာ ကြိုတင် ထွက်ခွာသွားခဲ့သည်။ ကျန်အဖွဲ့များကမူ သံသယမဖြစ်စေရန် ဖြည်းညင်းစွာ လိုက်ပါလာခဲ့ကြ၏။

...

ရှီနန်တောင်၊ ချင်းကျိုးပြည်နယ်ရှိ အကျော်ကြားဆုံး တောင်တန်း။

ရှီနန်တောင်သည် ချင်းကျိုးပြည်နယ်၏ မြောက်ပိုင်းရှိ ခရိုင်အတော်များများကို ဖြတ်သန်း တည်ရှိပြီး၊ လှိုင်းလုံးများအလား အဆုံးမရှိသော တောင်ထွတ်များ စုဝေးနေသည့် ကျယ်ပြန့်သော တောင်တန်းကြီး တစ်ခု ဖြစ်သည်။

ချင်းကျိုးပြည်နယ်၏ အင်အားအကြီးဆုံး ဂိုဏ်းဖြစ်သော ချွန်းယန်ဘုရားကျောင်းသည် ရှီနန်တောင်၏ ထိပ်တွင် တည်ရှိသည်။

၎င်း၏ တည်နေရာကြောင့် တာအို ရသေ့များစွာကို ဆွဲဆောင်နိုင်ခဲ့ပြီး ထိုနေရာတွင် ဘုရားကျောင်းများ လာရောက် တည်ဆောက်ခဲ့ကြရာ ရာစုနှစ်များစွာအတွင်း ဘုရားကျောင်း အရေအတွက်မှာ မရေမတွက်နိုင်အောင် များပြားလာခဲ့ပြီး ယခုအခါ ရာချီ၍ ရှိနေပြီ ဖြစ်သည်။

၎င်းသည် တစ်နိုင်ငံလုံးတွင် လုံဟူတောင် (နဂါးကျားတောင်) ပြီးလျှင် ဒုတိယမြောက် အကျော်ကြားဆုံး တာအိုတောင်တန်း ဖြစ်လာခဲ့သည်။ ဤဘုရားကျောင်းများထဲမှ အချို့မှာ ချင်းကျိုး သိုင်းလောကတွင် ပထမတန်းစား ဂိုဏ်းများအဖြစ်ပင် သတ်မှတ်ခံထားရပြီး၊ အားလုံးက လူမသိသူမသိ ဘုရားကျောင်းငယ်လေးများ မဟုတ်ကြပေ။ သို့သော် ချွင်းချက်မရှိ သူတို့အားလုံးက ချွန်းယန်ဘုရားကျောင်းကို သူတို့၏ မူလအစအဖြစ် အသိအမှတ်ပြုထားကြ၏။

ရှီနန်တောင်၏ တောင်ခြေတွင် မြို့များနှင့် ကျေးရွာများစွာ ရှိနေသည်။

ကျောက်ချုံးယွဲ့၊ ကူမော့နှင့် သူတို့၏ အဖော်များသည် ရုပ်ဖျက်ကာ မြို့တစ်မြို့သို့ ရောက်ရှိလာပြီး တည်းခိုရန် တည်းခိုခန်းငယ်လေး တစ်ခုကို ငှားရမ်းလိုက်ကြသည်။ ထို့နောက် ကျောက်ချုံးယွဲ့သည် သူ၏ လူများကို ဦးဆောင်ကာ တောင်ပေါ်သို့ တက်၍ သဲလွန်စများကို စုံစမ်းခဲ့ရာ၊ နောက်ဆုံးတွင် ရှီနန်တောင်ပေါ်ရှိ သတိမထားမိလောက်သော တာအိုဘုရားကျောင်းငယ် သုံးခုကို ဖော်ထုတ်နိုင်ခဲ့သည်။

ရက်အနည်းငယ် အကြာတွင် ဆန်းယွမ် ကုန်သည်အသင်း၏ လျိုဆန်းယွမ်သည် ထုံးစံအတိုင်း တောင်ပေါ်သို့ ကုန်ပစ္စည်းများ စတင် ပို့ဆောင်နေပြီဖြစ်ကြောင်း သတင်းရရှိခဲ့၏။

မြို့ငယ်လေးရှိ တည်းခိုခန်းအတွင်း၌...

ကျောက်ချုံးယွဲ့သည် စာကို လက်ခံရရှိပြီးနောက် အဘွားအိုလင်း၊ ကူမော့နှင့် ကူချူတုန်းတို့ကို ချက်ချင်း ခေါ်ယူကာ အခြေအနေကို ရှင်းပြလိုက်သည်။

ကျောက်ချုံးယွဲ့က ဆိုသည်

"အခု တာအိုဘုရားကျောင်း သုံးခုက သံသယရှိတယ်ဆိုတာ ကျွန်တော် အတည်ပြုထားပြီးပြီ... လျိုဆန်းယွမ်နဲ့ ချင်းယဲ့ခန်းမ ခေါင်းဆောင်တို့ တွေ့ဆုံခဲ့တဲ့ နေရာက အဲဒီအထဲက တစ်ခုပဲ... မနက်ဖြန် လျိုဆန်းယွမ် တောင်ပေါ် တက်လိမ့်မယ်... ခင်ဗျားတို့ ဒီကနေပဲ သတင်းစောင့်မလား၊ ဒါမှမဟုတ် အတူတူ သွားကြမလား..."

ကူမော့က ဖြေကြားလိုက်သည်

"အတူတူ သွားကြတာပေါ့... တကယ်လို့ မနက်ဖြန် ချင်းယဲ့ခန်းမ ခေါင်းဆောင် ပေါ်လာရင် ကျွန်တော် ဒီအခွင့်အရေးကို လက်လွတ်မခံနိုင်ဘူး..."

အဘွားအိုလင်းက သာမန် တောင်ဝှေးတစ်ခုကို ဆုပ်ကိုင်ထားရင်း လေးနက်သော လေသံဖြင့် ဆိုသည်

"ချင်းယဲ့ခန်းမကြောင့် လင်းမိသားစု လုံးဝ ပျက်စီးလုနီးပါး ဖြစ်ခဲ့ရတာ... ငါ သေချာပေါက် လိုက်ရမယ်..."

ကျောက်ချုံးယွဲ့က သဘောတူလိုက်သည်

"ကောင်းပြီ... မနက်ဖြန် ခင်ဗျားတို့ အားလုံး သာမန် ဘုရားဖူးတွေလို ဟန်ဆောင်ထားကြ... တကယ်လို့ မနက်ဖြန်သာ ချင်းယဲ့ခန်းမ ခေါင်းဆောင် ပေါ်လာရင် သူ လွတ်မြောက်ဖို့ အခွင့်အရေး လုံးဝ မရှိစေရဘူး..."

နောက်တစ်နေ့အတွက် အစီအစဉ်များကို အကျဉ်းချုံး ဆွေးနွေးပြီးနောက် အဖွဲ့သည် သူတို့၏ အခန်းများသို့ အသီးသီး ပြန်သွားခဲ့ကြ၏။

ကူချူတုန်းက ကူမော့နောက်မှ လိုက်လာရင်း ရယ်မောကာ

"အစ်ကို မြင်လိုက်လား... တပ်မှူးချုပ် ကျောက် က ချွန်းယန်ဘုရားကျောင်းကို တိုက်ခိုက်ဖို့ ပြင်ဆင်နေတာ ဖြစ်မယ်... ဒီရက်ပိုင်းအတွင်း တံခါးခြောက်ချပ်အဖွဲ့က ကျွမ်းကျင်သူ အများကြီးကို နေရာအနှံ့မှာ ပုန်းနေဖို့ လွှတ်ထားတာလေ..."

ကူမော့က ပြန်လည်ဖြေကြားသည်

"ဒါက ပုံမှန်ပါပဲ... ရိုးရိုးသားသား ပြောရရင် သဲလွန်စတွေကို ဒီအထိ စုံစမ်းပြီးတဲ့ နောက်မှာတော့ ချင်းယဲ့ခန်းမရဲ့ နောက်ကွယ်မှာ ချွန်းယန်ဘုရားကျောင်း ရှိနေတယ်ဆိုတာ အခြေခံအားဖြင့် အတည်ပြုနိုင်သွားပြီလေ... ချွန်းယန်ဘုရားကျောင်းရဲ့ အကာအကွယ်သာ မရှိရင် ချင်းယဲ့ခန်းမက ရှီနန်တောင်ပေါ်မှာ ဘယ်လိုလုပ် ပုန်းနေနိုင်မှာလဲ..."

"အဲဒါအပြင် ချင်းယဲ့ခန်းမက အင်အားစု အများကြီးကို ထိန်းချုပ်နိုင်တာဟာ အဲဒီလူတွေနဲ့ အပေးအယူ လုပ်ပြီး သွယ်ဝိုက်တဲ့ နည်းလမ်းနဲ့ ထိန်းချုပ်ထားတာ ဖြစ်ပေမဲ့၊ အခြေခံကျတဲ့ လိုအပ်ချက် တစ်ခု ရှိနေတယ်... ချင်းယဲ့ခန်းမဟာ ချင်းကျိုးပြည်နယ်က အင်အားစု အားလုံးနဲ့ အရမ်းကို ရင်းနှီးကျွမ်းဝင်နေပြီး သူတို့ရဲ့ အတွင်းရေးတွေကို သိထားမှသာ သူတို့ရဲ့ သူလျှိုတွေကို အခုလို တိတ်တဆိတ် ထည့်သွင်းထားနိုင်မှာလေ..."

"ပြီးတော့ နောက်တစ်ခုက..."

ကူမော့က ဆက်ပြောသည်

"ထိုက်ရွှီး နတ်ဘုရားသံချပ်ကာ ပဲ... ချွန်းယန်ဘုရားကျောင်းက ခိုးယူခံရတယ်ဆိုတဲ့ ကိစ္စကို နာမည်ရဖို့နဲ့ ထိုက်ရွှီး နတ်ဘုရားသံချပ်ကာကို သိုင်းလောကမှာ တရားဝင် ပြဿနာရှာခွင့် ရဖို့အတွက် တမင် ဖန်တီးခဲ့တာလေ... ဒါကြောင့် အချုပ်ပြောရရင် ချင်းယဲ့ခန်းမနဲ့ ချွန်းယန်ဘုရားကျောင်းတို့က ခွဲခြားလို့မရအောင် ဆက်စပ်နေတယ်ဆိုတာ အခု အတော်လေး သေချာနေပြီ...

တကယ့်ကို တစ်ဖွဲ့တည်း ဖြစ်နေတာလည်း ဖြစ်နိုင်တယ်၊ တစ်ဖွဲ့က အပြင်ပန်းမှာ လှုပ်ရှားပြီး နောက်တစ်ဖွဲ့က လျှို့ဝှက် လှုပ်ရှားနေတာမျိုးပေါ့... တကယ်လို့ ဒါသာ မှန်ခဲ့ရင် တပ်မှူးချုပ် ကျောက် အနေနဲ့ တံခါးခြောက်ချပ်အဖွဲ့ရဲ့ အထက်တန်းလွှာ အင်အားတွေကို မပေါင်းစည်းဘဲနဲ့ ချင်းယဲ့ခန်းမကို ဖြုတ်ချနိုင်မှာ မဟုတ်ဘူး..."

ကူချူတုန်းက ခေါင်းညိတ်ပြလျက် ဆိုသည်

"အစ်ကို... ချင်းယဲ့ခန်းမ ခေါင်းဆောင်က စုန့်တန်းယန် ဖြစ်ဖို့ အလားအလာ အရမ်း များတယ်လို့ ကျွန်မ ထင်တယ်... သူက ရှန်းကွမ်ရှန်းကို သုံးပြီး အစ်ကို့ကို သူ့ရဲ့ ရုပ်သေးရုပ် ဖြစ်လာအောင် သွေးဆောင်ခဲ့တာလေ... အစီအစဉ် ကျရှုံးသွားတော့ အစ်ကို ကိစ္စတွေကို ဖျက်ဆီးပစ်မှာ စိုးရိမ်လို့ သခင်မလျှူရဲ့ သဲလွန်စတွေကို ချက်ချင်း သုံးပြီး အစ်ကို ချင်းကျိုးကနေ ထွက်သွားအောင် လမ်းကြောင်းလွှဲလိုက်တာပဲ..."

ကူမော့က ခေါင်းယမ်းလျက် ပြန်ပြောသည်

"ဒါပေမဲ့ အရမ်း ချောမွေ့လွန်းနေတယ်လို့ ငါ ထင်တယ်..."

ကူချူတုန်းက ဇဝေဇဝါဖြင့် မေးမြန်းသည်

"ဘာကို ဆိုလိုတာလဲဟင်..."

ကူမော့က မျက်မှောင်ကြုတ်လျက် ရှင်းပြလေသည်

"တစ်ယောက်ယောက်က ငါနဲ့ တပ်မှူးချုပ် ကျောက် ကို လမ်းပြနေတယ်လို့ ခံစားရတယ်... သဲလွန်စ အမျိုးမျိုးက စုံစမ်းဖို့ ခက်ခဲပုံရပေမဲ့၊ အားလုံးက တစ်ခုနဲ့တစ်ခု ဆက်စပ်နေပြီး ငါတို့ကို စုန့်တန်းယန်ဆီ တမင်တကာ ဦးတည်ပေးနေသလိုပဲ... အင်း... ငါ အလွန်အကျွံ တွေးနေတာလည်း ဖြစ်နိုင်ပါတယ်..."

"အစ်ကို... အစ်ကို့ရဲ့ သံသယတွေက မှန်တယ်လို့ ကျွန်မ ထင်တယ်..."

ကူမော့က ရယ်မောလျက် ဆိုသည်

"နင်ကတော့ ငါပြောတာ မှန်သမျှ အကုန် ထောက်ခံနေတော့တာပဲ..."

ကူချူတုန်းက ခပ်ဖွဖွ ရယ်မောပြီး သူမ၏ ခေါင်းကို ကုတ်လိုက်ကာ ရုတ်တရက် တစ်ခုခုကို သတိရသွားပြီး ပြောလိုက်သည်

"အော်... ဟုတ်သားပဲ အစ်ကို... ရေခဲပိုးကောင် ရဲ့ အအေးအဆိပ်နဲ့ ဖော်စပ်ခိုင်းထားတဲ့ ဆေးမှုန့်က ရပြီနော်... အခု လိုချင်ပြီလား..."

"အတော်ပဲ..."

ကူမော့က ဆိုသည်

"ငါ့ကို အခုပဲ ပေးလိုက်..."

ကူချူတုန်းက သူမ၏ စာအုပ်သေတ္တာထဲကို မွှေနှောက်ရှာဖွေပြီး ကြွေပုလင်းလေး တစ်လုံးကို ဆွဲထုတ်ကာ ကူမော့ထံ ကမ်းပေးရင်း မေးလိုက်သည်

"အစ်ကို... ဒါကို ဘာအတွက် လိုတာလဲဟင်..."

ကူမော့က ကြွေပုလင်းလေးကို ယူလိုက်ရာ ထိလိုက်သည်နှင့် အရိုးထိအောင် အေးစက်လှသော အအေးဓာတ်ကို ခံစားလိုက်ရ၏။ ကူချူတုန်းအတွက် သူ သန့်စင်ပေးခဲ့သော ရေခဲပိုးကောင်မှာ အလဟဿ မဖြစ်ခဲ့ကြောင်း စိတ်ထဲမှ ချီးကျူးလိုက်မိသည်။

ကူမော့က ရှင်းပြလေသည်

"ထိုက်ရွှီး နတ်ဘုရားသံချပ်ကာ နဲ့ တိုက်ခိုက်ပြီး ထွက်ပြေးခွင့် ပေးလိုက်ရပြီးတဲ့နောက်မှာ သဲလွန်စ ချန်ထားခဲ့နိုင်တဲ့ ဆေးမှုန့်တစ်မျိုး ဖော်စပ်ဖို့ ငါ စဉ်းစားမိတာ... သိုင်းလောကထဲမှာ သွားလာတဲ့အခါ ဝရမ်းပြေးတွေကို ဖမ်းဖို့အတွက် ဒါက အရမ်း အသုံးဝင်လိမ့်မယ်..."

ကူချူတုန်းက သံသယဖြင့် မေးမြန်းသည်

"အစ်ကိုက ဆေးဖော်တတ်တယ်လား..."

ကူမော့က ရယ်မောလျက် ဆိုသည်

"ထိပ်တန်းအဆင့်ပဲ..."

"ကြွားနေပြန်ပြီ..."

ကူမော့က ပြုံးလိုက်သော်လည်း ထပ်မံ၍ မရှင်းပြတော့ချေ။

သူသည် အဆိပ်ကျမ်းနှင့် ဆေးကျမ်း နှစ်ခုလုံး၏ အမြင့်ဆုံး လျှို့ဝှက်လက်စွဲများကို ပိုင်ဆိုင်ထားပြီး သူ၏ နက်နဲလှသော အတွင်းအားနှင့် ပေါင်းစပ်လိုက်သောအခါ သူ၏ ဆေးပညာနှင့် အဆိပ်ပညာ စွမ်းရည်များမှာ ဆေးကျမ်းနှင့် အဆိပ်ကျမ်းတို့ကို တည်ထောင်သူများထက်ပင် များစွာ သာလွန်နေပြီ ဖြစ်သည်။ သူ့ကို ထိပ်တန်း သမားတော်ဟု ခေါ်ဆိုခြင်းမှာ ချဲ့ကားပြောဆိုခြင်း လုံးဝ မဟုတ်ပေ။

နဂါးလှေလှော်ပွဲတော် နီးကပ်လာသည်နှင့်အမျှ ရှီနန်တောင်မှာ ပိုမို စည်ကားလာခဲ့၏။ မကြာသေးမီက မိုးခဏခဏ ရွာနေပြီး ကောင်းကင်မှာ အမြဲတမ်း မှိုင်းညို့နေကာ အချိန်မရွေး မိုးရွာနိုင်သည့် အခြေအနေ ရှိနေသော်လည်း ကောင်းချီးမင်္ဂလာ တောင်းခံရန် တောင်ပေါ်သို့ တက်လာသူ အရေအတွက်မှာ တိုးလာနေပြီး တာအိုဘုရားကျောင်း အသီးသီးမှာလည်း နေ့စဉ် ဘုရားဖူးများဖြင့် ပြည့်ကျပ်နေသည်။ ဆန်းယွမ် ကုန်သည်အသင်း၏ ဥက္ကဋ္ဌ လျိုဆန်းယွမ်သည် ထုံးစံအတိုင်း အမွှေးတိုင်များ၊ ငွေစက္ကူများ၊ သစ်သီးများနှင့် ဟင်းသီးဟင်းရွက်များ တင်ဆောင်လာသော သူ၏ အသင်းမှ ကုန်တင်ယာဉ်တန်းကို ဦးဆောင်ကာ ရှီနန်တောင်သို့ ဝင်ရောက်လာခဲ့၏။

ဤပစ္စည်းများမှာ အထူးတလည် တန်ဖိုးကြီးလှသည် မဟုတ်သော်လည်း အကျိုးအမြတ် ရာခိုင်နှုန်းမှာ ကြီးမားလှပြီး၊ ဆန်းယွမ် ကုန်သည်အသင်းက တာအိုဘုရားကျောင်း ဆယ်ခုကျော်နှင့် ပူးပေါင်းဆောင်ရွက်နေသဖြင့် ပမာဏမှာလည်း အလွန် များပြားလှပေသည်။ လျိုဆန်းယွမ်သည် ဤခရီးစဉ်ကို ဆယ်ရက်တစ်ကြိမ် လာရောက်လေ့ရှိပြီး နှစ်အနည်းငယ် အတွင်းမှာပင် မြောက်ပိုင်းခရိုင် တွင် နာမည်ကျော် သူဌေးကြီး တစ်ဦး ဖြစ်လာကာ ဆန်းယွမ် ကုန်သည်အသင်းကို တည်ထောင်ပြီး သူ၏ စီးပွားရေးကို သိသိသာသာ ချဲ့ထွင်နိုင်ခဲ့ကာ ဒေသတွင်း၌ ကြီးမားသော သြဇာလွှမ်းမိုးမှု ရှိနေသူ ဖြစ်သည်။

သို့သော်လည်း ဆန်းယွမ် ကုန်သည်အသင်း မည်မျှပင် ကြီးထွားလာပါစေ၊ လျိုဆန်းယွမ်ကမူ ရှီနန်တောင်သို့ ကုန်ပစ္စည်းများကို ကိုယ်တိုင် ပို့ဆောင်ရန် အမြဲ တောင်းဆိုလေ့ ရှိသည်။ အဘယ်ကြောင့်ဆိုသော် ထိုနေရာရှိ စီးပွားရေးမှာ သူ၏ အသက်မွေးဝမ်းကျောင်း ဖြစ်ကြောင်း သူ သိထားသောကြောင့်တည်း။

သူ၏ စီးပွားရေးသည် ရှီနန်တောင်ရှိ တာအိုဘုရားကျောင်း အသီးသီး၏ ရန်ပုံငွေ အထောက်အပံ့အပေါ် မှီခိုနေရုံသာမက သိုင်းလောကတွင် ကြီးပွားတိုးတက်ရန်အတွက် ရှီနန်တောင်၏ နာမည်ကိုလည်း အားထားနေရသည်။ အကယ်၍ ဤအဆက်အသွယ်ကိုသာ ဆုံးရှုံးသွားပါက သူ၏ ဆန်းယွမ် ကုန်သည်အသင်းမှာ ပြိုလဲသွားမည် ဖြစ်၏။

သေချာတာပေါ့... အခြား လျှို့ဝှက်ချက် တစ်ခုလည်း ရှိနေသေးသည်။

သူသည် ချင်းယဲ့ခန်းမ၏ အဆင့်မြင့် အဖွဲ့ဝင်တစ်ဦး ဖြစ်ပြီး ခန်းမခေါင်းဆောင်နှင့် တိုက်ရိုက် ဆက်သွယ်ခွင့် ရှိသူ ဖြစ်သည်။ ချင်းယဲ့ခန်းမ တစ်ခုလုံးတွင် သူသည် ထိပ်ဆုံး ငါးဦးစာရင်း၌ ပါဝင်ပြီး ခန်းမခေါင်းဆောင်နှင့် အမှန်တကယ် တွေ့ဆုံဖူးသူ အနည်းငယ်ထဲမှ တစ်ဦး ဖြစ်လေသည်။

ယနေ့သည် နောက်ထပ် ကုန်ပို့ရမည့်နေ့ ဖြစ်ပြီး သူ၏ အလုပ်အခြေအနေကို အစီရင်ခံရန် ခန်းမခေါင်းဆောင်နှင့် တွေ့ဆုံတော့မည် ဖြစ်၏။

လျိုဆန်းယွမ်သည် တာအိုဘုရားကျောင်း အသီးသီးသို့ ကုန်ပစ္စည်းများကို စနစ်တကျ ပို့ဆောင်ပေးခဲ့သည်။ သူသည် ဘုရားကျောင်း ဆယ်ခုကျော်နှင့် ပူးပေါင်းဆောင်ရွက်နေပြီး ထိုကျောင်းများမှာ တစ်ခုနှင့်တစ်ခု သိပ်မဝေးသော်လည်း အရမ်းလည်း မနီးလှပေ။ တောင်တန်းများအတွင်း တည်ရှိပြီး တောင်ထွတ်များစွာတွင် ပြန့်ကျဲနေ၏။ သူသည် နဂါးလှေလှော်ပွဲတော် အထိ သုံးရက်ဆက်တိုက် ကုန်ပစ္စည်းများ ပို့ဆောင်နေခဲ့ခြင်း ဖြစ်သည်။

လျိုဆန်းယွမ်သည် အဋ္ဌမမြောက် ဘုရားကျောင်းသို့ ကုန်ပို့ပြီးနောက် နဝမမြောက် ဘုရားကျောင်းသို့ ရောက်ရှိလာခဲ့၏။

သူ ကုန်ပစ္စည်းများ လွှဲပြောင်းပေးပြီးချိန်တွင် နေ့လယ်စာ စားချိန် ရောက်နေပြီ ဖြစ်သည်။ လျိုဆန်းယွမ်နှင့် သူ၏ လူများသည် ဘုရားကျောင်းတွင် အစာစားကာ အနားယူခဲ့ကြသည်။

လျိုဆန်းယွမ်သည် ကျေးဇူးတင်စကား ပြောကြားရန်နှင့် ကောင်းချီးမင်္ဂလာ တောင်းခံရန် ကျောင်းထိုင်ဆရာတော်ထံ သွားရောက်ခဲ့၏။

ကျောင်းထိုင်ဆရာတော်မှာ အသက် လေးဆယ်အရွယ် လူလတ်ပိုင်း တစ်ဦး ဖြစ်ပြီး သူ၏ အခန်းထဲတွင် တရားထိုင်နေသည်။ လျိုဆန်းယွမ် ဝင်လာသည်ကို မြင်သောအခါ သူက အနည်းငယ် ခေါင်းညိတ်ပြလိုက်၏။

လျိုဆန်းယွမ်က တံခါးကို ပိတ်လိုက်ပြီး အနားသို့ လျှောက်သွားကာ ဦးညွှတ်လျက် မေးမြန်းလိုက်သည် "ခေါင်းဆောင် ရှိလား..."

"ငါ မင်းကို စောင့်နေတာ အကြာကြီး ရှိပြီ..."

လျိုဆန်းယွမ်သည် အခန်း၏ ထောင့်တစ်နေရာသို့ အလျင်အမြန် သွားရောက်ကာ နံရံကို ညင်သာစွာ အကြိမ်အနည်းငယ် ခေါက်လိုက်၏။ ချက်ချင်းပင် နံရံမှာ အနည်းငယ် ပွင့်သွားပြီး တစ်ပေခန့် ကျယ်သော လျှို့ဝှက်တံခါး တစ်ခု ပေါ်လာသည်။

လျိုဆန်းယွမ် အလျင်အမြန် ဝင်သွားပြီးနောက် လျှို့ဝှက်တံခါးမှာ ချက်ချင်း ပြန်ပိတ်သွားလေသည်။

သို့သော် လျိုဆန်းယွမ်ရော ကျောင်းထိုင်ဆရာတော်ပါ သတိမထားမိလိုက်သည်မှာ ခေါင်မိုးပေါ်မှ တစ်စုံတစ်ယောက်က အမိုးပြားများကို မလျက် အတွင်းရှိ အခြေအနေကို ရှင်းလင်းစွာ ကြည့်ရှုနေခြင်း ပင် ဖြစ်သည်။ လျှို့ဝှက်တံခါး ပိတ်သွားသည်နှင့် ငွေအပ်တစ်ချောင်း ရုတ်တရက် ပျံသန်းလာပြီး ကျောင်းထိုင်ဆရာတော်မှာ တုံ့ပြန်ရန်ပင် အချိန်မရလိုက်ဘဲ သတိလစ်သွားတော့၏。

တိုက်ခိုက်လိုက်သူမှာ အခြားသူမဟုတ်ဘဲ သိုင်းလောကတွင် လက်နက်ပုန်း အသုံးပြုရာ၌ နာမည်ကျော်ကြားလှသော အဘွားအိုလင်း ပင် ဖြစ်လေသည်။

ကျောက်ချုံးယွဲ့က အဘွားအိုလင်းကို လက်မထောင်ပြလျက် ချီးကျူးလိုက်သည်

"အဘွားအိုရဲ့ စွမ်းရည်တွေက လျော့မသွားသေးဘူးပဲ..."

အဘွားအိုလင်းက ခပ်ဖွဖွ ရယ်မောလျက် ဆိုသည်

"အချိန်မဖြုန်းနဲ့၊ အလုပ်က ပိုအရေးကြီးတယ်..."

ချက်ချင်းပင် သူတို့နှစ်ဦးသည် ခေါင်မိုးပေါ်မှ အလျင်အမြန် ဆင်းလာကြ၏။ တစ်ချိန်တည်းမှာပင် ဝင်းအပြင်ဘက်မှ နောက်ထပ် ပုံရိပ်နှစ်ခု ပျံသန်းဝင်ရောက်လာသည် -။ကူမော့နှင့် ကူချူတုန်း တို့ ဖြစ်ကြသည်။

ကျောက်ချုံးယွဲ့သည် တံခါးဖွင့်ရန် သူ၏ အတွင်းအားကို အသုံးပြုလိုက်သဖြင့် မည်သည့် အသံမျှ မထွက်ပေါ်ခဲ့ချေ။ သူတို့ လေးဦးသည် အခန်းအတွင်းသို့ အလျင်အမြန် ဝင်ရောက်သွားကြသည်။

အဘွားအိုလင်းက ရှေ့သို့ လှမ်းထွက်ကာ နံရံကို ညင်သာစွာ ထိတွေ့လျက် ပြောကြားလိုက်သည်

"ဒီလျှို့ဝှက်တံခါး နည်းပညာက အရမ်း အစွမ်းထက်တယ်... ဖွင့်တဲ့ နည်းလမ်းက အမြဲတမ်း ပြောင်းလဲနေတာ၊ မတူညီတဲ့ နည်းလမ်း ၃၆ မျိုးတောင် ရှိတယ်..."

"အဲဒီလောက်တောင် အစွမ်းထက်တာလား..."

ကူချူတုန်းက မေးမြန်းလိုက်သည်။

"သေချာတာပေါ့၊ ဒါက သူလျှိုလုပ်ခံရတာနဲ့ နောက်ယောင်ခံလိုက်ခံရတာကို ကာကွယ်ဖို့ အထူး ဒီဇိုင်းဆွဲထားတာလေ..."

အဘွားအိုလင်းက ရှင်းပြသည်

"တကယ်လို့သာ ငါက ဒီဇိုင်းဆွဲမယ်ဆိုရင် သော့ခလောက် တစ်ခုတည်းကို ဖွင့်ဖို့ နည်းလမ်း ရာပေါင်းများစွာကိုတောင် ဖန်တီးနိုင်တယ်၊ အသုံးပြုတဲ့ အကြိမ်တိုင်းမှာ ပေါင်းစပ်ပုံတွေကို ပြောင်းလဲနေအောင်လို့လေ... ပုံစံကို သိတဲ့သူတွေပဲ ဖွင့်နိုင်မှာဖြစ်ပြီး၊ တူညီတဲ့ နည်းလမ်းကို ထပ်ခါတလဲလဲ သုံးရင် စက်ယန္တရားကို ချက်ချင်း အသက်ဝင်သွားစေပြီး အထဲက လူတွေကို သတိပေးလိုက်မှာ..."

ချက်ချင်းပင် အဘွားအိုလင်းသည် သူမ၏ နားကို နံရံတွင် ညင်သာစွာ ကပ်လိုက်၏။ ခဏအကြာတွင် သူမသည် နံရံကို ဖွဖွလေး ခေါက်လိုက်ရာ ထိုနေရာမှာ လျိုဆန်းယွမ် ခေါက်ခဲ့သော နေရာနှင့် လုံးဝ ကွဲပြားနေသည်။ သူမ၏ နောက်ဆုံးအကြိမ် ခေါက်လိုက်မှုနှင့်အတူ နံရံမှာ ပွင့်သွားပြီး လျှို့ဝှက်တံခါး တစ်ခု ပေါ်လာလေသည်။

ကျောက်ချုံးယွဲ့နှင့် အခြားသူများမှာ စိတ်ထဲမှ သက်ပြင်းချလိုက်မိကြသည်။ အဘွားအိုလင်း ရောက်လာ၍သာ တော်တော့သည်၊ မဟုတ်ပါက သူတို့ သေချာပေါက် ပေါ်လွင်သွားမည် ဖြစ်၏။ ကျောက်ချုံးယွဲ့က ချက်ချင်း ဦးဆောင်ဝင်ရောက်သွားပြီး အဘွားအိုလင်းက အနီးကပ် လိုက်ပါသွားကာ ကူမော့နှင့် ကူချူတုန်းတို့က အနောက်မှ လိုက်ပါသွားကြသည်။ သူတို့သည် ခုနစ်ပေ၊ ရှစ်ပေခန့် ရှည်လျားသော ကျဉ်းမြောင်းသည့် လမ်းကြောင်းတစ်ခုကို အလျင်အမြန် ဖြတ်သန်းသွားပြီးနောက် လင်းထိန်နေပြီး သိပ်မကြီးမားသော မြေအောက်နန်းတော် တစ်ခုသို့ ရောက်ရှိသွားကြ၏。

အတွင်း၌ အနက်ရောင် ဝတ်စုံဝတ် အမျိုးသား တစ်စုနှင့် လျိုဆန်းယွမ်ကဲ့သို့ သာမန်အဝတ်အစားများ ဝတ်ဆင်ထားသည့် ဘုရားဖူး ငါးဦး၊ ခြောက်ဦးခန့် ရှိနေသည်။ ကျောက်ချုံးယွဲ့က သူတို့ထဲမှ နှစ်ဦးကို မှတ်မိလိုက်သည် ။သူတို့မှာ ချင်းကျိုးမှ နာမည်ကျော် သိုင်းဆရာကြီးများ ဖြစ်ကြ၏။

စားပွဲ၏ ထိပ်ဆုံးတွင် ထိုင်နေသူမှာ ထိုက်ရွှီး နတ်ဘုရားသံချပ်ကာ ကို ဝတ်ဆင်ထားပြီး မျက်နှာကို ဖုံးကွယ်ထားလေသည်။

ကျောက်ချုံးယွဲ့နှင့် သူ၏ အဖော်များ အတင်း ဝင်ရောက်လာသည်နှင့် တစ်ပြိုင်နက်...

ခန်းမအတွင်းရှိ လေထုမှာ ချက်ချင်း တင်းမာသွားတော့၏။ နောက်တစ်ခဏတွင် အနက်ရောင် ဝတ်စုံဝတ် အမျိုးသားများနှင့် လျိုဆန်းယွမ်၏ ဘုရားဖူး အုပ်စုတို့သည် ကျောက်ချုံးယွဲ့နှင့် သူ၏ အဖွဲ့ကို တစ်ပြိုင်နက် တိုက်ခိုက်လာကြသည်။

ထက်မြက်သော ဓားများကို ကိုင်ဆောင်ထားပြီး လူသတ်လိုသည့် အရှိန်အဝါများ ထုတ်လွှတ်နေသော အနက်ရောင် ဝတ်စုံဝတ် အမျိုးသား ဆယ်ဂဏန်းခန့်သည် ကူမော့နှင့် သူ၏ အဖော်များဆီသို့ အမည်းရောင် ဒီရေလှိုင်းတစ်ခုအလား အကြောက်အလန့်မရှိ အဆက်မပြတ် ပြေးဝင်လာကြ၏။ လျိုဆန်းယွမ် အပါအဝင် ဘုရားဖူး ငါးဦးမှာလည်း ထူးဆန်းလောက်အောင် ပြတ်သားသော အမူအရာများဖြင့် လက်သီးများနှင့် လက်ဝါးချက်များ ထုတ်လွှတ်ကာ တိုက်ခိုက်မှုတွင် ပါဝင်လာကြသည်။

မှိန်ပျပျ လင်းနေသော လမ်းကြောင်းအတွင်း ကျောက်ချုံးယွဲ့၏ ပုံရိပ်မှာ ရုတ်တရက် ဖျတ်ခနဲ လှုပ်ရှားသွားပြီး မြားတစ်စင်းအလား ထိုးထွက်သွား၏။ သူ၏ ခြေလှမ်းများမှာ လျှပ်စီးလက်သကဲ့သို့ မြန်ဆန်လှပြီး လေပြင်းတစ်ချက်ကို ဖန်တီးကာ လမ်းကြောင်းအတွင်း ပြည့်နှက်နေသော ဖုန်မှုန့်များကို ချက်ချင်း လွင့်စင်သွားစေသည်။

သူ ရှေ့သို့ ပြေးဝင်သွားစဉ် သူ၏ ညာခြေထောက်မှာ မယုံနိုင်လောက်အောင် အရှိန်ဖြင့် ကန်ထွက်သွားရာ သာမန်မျက်စိဖြင့်ပင် မလိုက်နိုင်လောက်အောင် မြန်ဆန်ပြီး တိုးညင်းကာ စူးရှသော လေခွဲသံကို ထုတ်လွှတ်နေ၏။ သူ၏ ခြေထောက်မှာ အမည်းရောင် အရိပ်များအလား လေထဲတွင် လင်းလက် ခုန်ပေါက်နေပြီး ခြေတစ်ချက် ကန်လိုက်တိုင်း အနက်ရောင် ဝတ်စုံဝတ် အမျိုးသား တစ်ဦးစီ လွင့်ထွက်သွားလေသည်။

All Chapters