← Chapters

အစ်ကိုကြီးချန်ရဲ့ ဝှက်ဖဲ

Vol. 23 Ch. 325

အစ်ကိုကြီးချန်ရဲ့ ဝှက်ဖဲ

Vol. 23 Ch. 325

တိုက်ပွဲနတ်ဘုရား ရှုမင်၏ ဖိတ်ခေါ်ခြင်းက မြစ်ထဲသို့ ပစ်လိုက်သော ဗံုးတစ်လုံးကဲ့သို့ပင်။ ထိုသည်မှာ မကြာမီက အဖြစ်အပျက်များ အားလုံးအပေါ်တွင် တိုက်ပွဲနတ်ဘုရား ရှုမင်၏ ပထမဆုံးသော လူသိရှင်ကြား ကြေညာချက် ဖြစ်ပြီး ထိုသည်မှာ သူ့၏ကိုယ်ပိုင်အင်အားအလျှောက် ဥပမာတစ်ခုထားရှိမည်ဖြစ်ကြောင်း သူ့၏ ဆုံးဖြတ်ချက်ကို ထင်ဟပ်နေတော့သည်။

ထိုသည်အပြီး သိပ်မကြာမီမှာပင် ဓားအင်မော်တယ် အန်လင်းသည်လည်း အဆိုပြုချက်အတိုင်း သူက ဆယ်ရက်အကြာတွင် မြင်ကွင်းဆီသို့ ရောက်လာမည်ဟု ကြေညာလိုက်၏။

အိုရှင်းအင်ပါယာနှင့် ကျန်းချီကုန်းမြေကြီးတစ်ခုလုံး အတွင်းရှိ အစွမ်းထက် ပုဂ္ဂိုလ်များ အားလုံးက ထိုသည်ကို ကြားသည်နှင့် အံ့အားသင့်သွား ကြတော့သည်။ လူတိုင်းက နှစ်တစ်ရာအတွင်း စိတ်လှုပ်ရှားဖွယ်အကောင်းဆုံးသော တိုက်ပွဲကို မျက်မြင်တွေ့ရန် အားသန်နေကြသည်မို့ မကြာမီပင် ရှင်းကျင်းတောင်မှာ ကုန်းမြေကြီးတစ်ခုလုံးရှိ ခရီးသွားများ၏ ပန်းတိုင်ဖြစ်လာတော့၏။

ကုန်းမြေကြီးတစ်ခုလုံးက ဆယ်စုနှစ် တစ်ချို့ကြာအောင် ငြိမ်းချမ်းရေးကို ထိန်းသိမ်းထားနိုင်သော်လည်း ယခုတွင်တော့ လူတိုင်းက နောက်ဆုံးတွင် ကမ္ဘာပေါ်ရှိ စွမ်းအားအကြီးဆုံး ဖြစ်တည်မှုတစ်ချို့ကြားက တိုက်ပွဲကို မျက်မြင်တွေ့ရန် အခွင့်အရေးရလာပြီဖြစ်၏။ သူတို့တိုက်ပွဲ၏ ရလာဒ်မှာ သမိုင်းစာပေများထဲတွင် မှတ်တမ်းတင်ထားမည်မှာ သံသယဖြစ်ဖွယ် မရှိပါချေ။

ထိုသမိုင်းဝင်တိုက်ပွဲကို ရှေ့ဆုံးတန်းမှ ကြည့်ရှုရန်အတွက် ရှင်းကျင်းတောင်သို့ ရောက်ရှိစုစည်းနေပြီးသော လူများစွာ ရှိလေ၏။

ပေးဟောင်အင်ပါယာ၊ ကြိုးကြာဖြူ ရေကန်ကျွန်း...

ခရမ်းရောင် ဝတ်ရုံနှင့် သက်လတ်ပိုင်း အမျိုးသားတစ်ဦးက ပုလ္လင်ပေါ်တွင် ပျင်းရိစွာ ထိုင်နေလေ၏။ သူက မျက်တောင်ခတ်လိုက်သည့်အခါ ပူပြင်းလှသော နေရောင်အသေးစားလေးက သူ့မျက်လုံး တစ်ဖက်စီမှ ထွက်ပေါ်လာကာ ကြည့်ရှုသူများကို အန္တရာယ် အငွေ့အသက်များ ပေးနေလေ၏။

“ဇီယန် မင်း ရှင်းကျင်းတောင်ကို မသွားဘူးလား။” ပုလ္လင်ဘေးတွင် ရပ်နေသော အကြံပေးခေါင်းဆောင် လုဇွယ်ယွီက သိလိုစိတ်ဖြင့် မေးလာ၏။

“ကြည့်စရာ ဘာမှမရှိပါဘူး။ အဆင့်မတူတဲ့ အသက်ဖွဲ့စည်းခြင်းနှစ်ခုရဲ့ တိုက်ပွဲတစ်ခုပဲလေ။ သူတို့က အဆင့်ခြင်း ဘယ်လောက်ပဲ နီးကပ်နေနေ သူတို့က တိုက်ပွဲနတ်ဘုရား မရောက်မချင်း အဖြကတစ်ခုပဲရှိတယ်။” ယုံကြည်မှု အပြည့်နှင့် အပြုံးတစ်ခုက တိုက်ပွဲနတ်ဘုရား ဇီယန်၏  မျက်နှာတွင်ပေါ်လာတော့သည်။ ထိုသည်မှာ အရင်က တစ်ခါမှပင် မရှုံးဖူးသေးသော တိုက်ပွဲနတ်ဘုရား တစ်ဦး၏ အကြွင်းမဲ့ ယုံကြည်မှု အပြုံးပင်ဖြစ်လေ၏။

အကြံပေးခေါင်းဆောင်က ခေတ္တမျှတုန့်ဆိုင်းသွားပြီးနောက် ဆက်လက်ပြောလာ၏။ “ငါ ဓားအင်မော်တယ် အန်လင်းနဲ့ မြင့်မြတ်လရောင် အပျိုစင်တို့ကို လေ့လာမှုနည်းနည်းလုပ်ခဲ့တယ်။ သူတို့အသုံးပြုတဲ့စွမ်းအားက တိုက်ပွဲချီမဟုတ်ပဲ ကောင်းကင်နဲ့မြေကြီးရဲ့စွမ်းအင်ဆိုပြီး အတည်မပြုရသေးတဲ့ သတင်းတွေလည်း ပျံ့နေတယ်...”

တိုက်ပွဲနတ်ဘုရား ဇီယန်က ချက်ချင်းပင် မျက်လုံးဖွင့်လာလေတော့သည်။

ဘုန်း...

လေထဲတွင် နေရောင်ထိုးချက်တစ်ခု ပေါ်လာလေ၏။

ပူပြင်းလှသော အပူလှိုင်းများက အပြင်ဘက်သို့ ဖြာထွက်လာကာ သူ့ပတ်လည်ရှိ လေထုကို အရောက်တောက်လာစေပြီး ချက်ချင်းပင် ကြိုးကြာဖြူရေကန်ထဲမှ ရေများက အငွေ့ပျံသွားလေတော့သည်။

“ကျွတ်... အဲဒါက ချစ်စရာ ရေကန်လေး တစ်ခုကို... မင်းနောက်တစ်ခါဆို ကိုယ့်ကိုကိုယ် နည်းနည်း ထိန်းချုပ်နိုင်မလား။” လုဇွယ်ယွီက နဖူးမှ ချွေးစက်များကိုသုတ်ရင်း အမဲရောင် ရေခဲကျောက်စိမ်း တစ်ခုကို ထုတ်လိုက်ပြီး သူကိုယ်သူ အေးစေလိုက်၏။

တိုက်ပွဲနတ်ဘုရား ဇီယန်က သူ့၏ မကျေမနပ် စကားမျာကို လျစ်လျူရှုကာ သူ့မျက်လုံးမှ တောက်ပနေသည့် မျက်စိကြိမ်းဖွယ် အလင်းရောင်များနှင့် မတ်တပ်ရပ်လိုက်ကာ “ရှင်းကျင်းတောင်ကို သွားကြစို့...”

မြွေဝိညာဥ် အင်ပါယာအတွင်း၌ အရာအားလုံးမှာ ထူးဆန်းလှစွာ တိတ်ဆိတ်နေ၏။ အင်ပါယာထဲမှ နိုင်ငံသားတစ်ချို့ကြားမှ ဆွေးနွေးမှုများမှလွဲ၍ အဆင့်မြင့် စစ်သည်တော်များက တစ်စိတ်တဝမ်းတည်း တိတ်ဆိတ်နေတော့သည်။ ထိုတိတ်ဆိတ်မှုက မည်သည်ကို ရည်ညွှန်းနေသည်ကို တစ်ယောက်မှ မသိပါချေ။

တောက်ပပြီး နေသာသည့် နေ့လယ်ခင်းတစ်ခုတွင်...

အန်လင်းနှင့် စုချန်းရန်တို့က နောက်ဆုံးတွင်တော့ ရှင်းကျင်းမြို့၌ ငါးရက်မြောက်နေ့တွင် ရွှမ်ယွမ်ချန်နှင့် ထိပ်တိုက်တွေ့ပါတော့သည်။

“အစ်ကိုကြီးချန်... ကျွန်တော်တို့က နောက်ဆုံးတော့ အစ်ကို့ကိုတွေ့ရပြီပဲ။”

အန်လင်းက သူ့အား ခပ်တင်းတင်း ဖက်ထားလိုက်တော့၏။

“ဟီး... ဟီး... ငါလဲ မင်းနဲ့ တိုက်ပွဲနတ်ဘုရား ကြားက သေစေနိုင်လောက်တဲ့ တိုက်ပွဲအကြောင်းကြားတယ်။ ငါက မင်းကို အားပေးဖို့အပြန် ပြန်မလာပဲ ဘယ်နေနိုင်မလဲ။” ရွှမ်ယွမ်ချန်က မျက်နှာတွင် နွေးထွေးသောအပြုံးလေးနှင့် ပြောလာ၏။

“ဟင်း... အသင်းခေါင်းဆောင်အနေနဲ့ လူတိုင်းကို ပြန်စုရမှာ ကျွန်တော့ရဲ့ တာဝန်ပါ။ ကျွန်တော့ရဲ့ အသင်းအတွက်ဆို တစ်ကမ္ဘာလုံးကို ရန်သူလုပ်ရမယ်ဆိုလဲ ဘာအရေးလဲ။” အန်လင်းက တည်ကြည်သော မျက်နှာဖြင့် သက်ပျင်းချလာ၏။

ရွှမ်ယွမ်ချန်၏ နှုတ်ခမ်းများက တွန့်သွားပြီးနောက် ပြောစရာ စကားများ ပျောက်ရှနေလေ၏။

ထိုအခိုက်တွင် စုချန်းရန်က ချက်ချင်းပင် ကျက်သရေရှိလှသော အပြုံးလေးနှင့် ပြောလာ၏။ “ခွန်အားကြီးပြီး ရဲစွမ်းသတ္တိရှိတဲ့ ခေါင်းဆောင်တစ်ယောက်ရဲ့ တန်ဖိုးက တာဝန်သိခြင်းပဲ...”

“ပြောတာကောင်းတယ်...” အန်လင်းက စုချန်းရန်ကို သဘာတူညီစွာ ကြည့်လာ၏။

စုချန်းရန်က သူမကိုယ်သူမ အလွန်ကျေနပ်နေပုံရကာ ခပ်ဖွဖွပြုံးလာတော့သည်။

ရွှမ်ယွန်ချန်၏ ရင်ဘတ်က သူမ၏ စကားများကြောင့် တင်းကြပ်လာတော့၏။ အတန်းဖော် စုချန်းရန်က အန်လင်းကြောင့် ပျက်စီးသွား ပြီလား။

...

“တုန်ဖူစားသောက်ဆိုင်က ငါတို့ရဲ့ ဌာနချုပ် ဖြစ်လိမ့်မယ်။ ငါတို့က နေ့ခင်းဘက်ကျရင် အတန်းဖော်တွေကို လိုက်ရှာပြီးတော့ ညကျရင် ဒီမှာပြန်စုံမယ်ဆို ဘယ်လိုသဘောရလဲ။” ရွှမ်ယွန်ချန်က ဝိုင်တစ်ခွက်ကို မော့သောက်ရင်း အကြံပြုလာ၏။

အန်လင်းက အတွေးတစ်ခု ရုတ်တရက် ပေါ်မလာခင်တွင် ခေါင်းငြိမ့်လိုက်ပြီး “အစ်ကိုကြီးချန်၊ အစ်ကိုက မန္တာန်ဖွဲ့စည်းခြင်းတွေမှာ တော်တယ်မလား။ ဘာဖြစ်လို့ ဒီတည်းခိုခန်းထဲက သက်ရှိစွမ်းအင်ကို ဖော်ထုတ်နိုင်တဲ့ အကြီးစား မန္တာန်ဖွဲ့စည်းခြင်းကို မတည်ဆောက်တာလဲ။ အဲ့နည်းနဲ်ဆိုရင် ကျွန်တော်တို့ အသင်းက အဖွဲ့ဝင်တွေက အနီးနားမြို့တွေထဲ ရောက်နေရင် သူတို့က ဒီတည်းခိုခန်းကို သက်ရှိစွမ်းအင်ရဲ့ မူလအရင်းအမြစ်ကို အခြေခံဖို့ ရောက်လာကြမှာ။”

ရွှမ်ယွမ်ချန်၏ မျက်လုံးများက အရောင်တောက်သွားကာ “အဲဒါ အကြံကောင်းပဲ။ ဒီကျန်းချီကုန်းမြေကြီးပေါ်မှာ ဘယ်သူမှ သက်ရှိစွမ်းအင်ကို ခြေရာမခံနိုင်ဘူး။ အဲဒါက ငါတို့အသင်း အဖွဲ့ဝင်တွေကို လူစုဖို့ တကယ့်ကို အလွန်အမင်း  နားလည်လွယ်တဲ့ နည်းလမ်းဖြစ်မယ်။”

သူတို့က ချက်ချင်းပင် လုပ်ငန်းစလိုက်ကြသည်။ ရွှမ်ယွမ်ချန်က မန္တာန်ဖွဲ့စည်းခြင်းကို စတင်တည်ဆောက်နေစဥ်တွင် အန်လင်းက တည်းခိုဆောင်မှ အခန်းတစ်ချို့ ငှားလိုက်လေ၏။

အန်လင်းနှင့် စုချန်းရန်တို့က မန္တာန်ဖွဲ့စည်းခြင်းတွင် မကျွမ်းကျင်သည်မို့ ထိုင်ကာ နေကြာစေ့စားနေကြတော့သည်။

မန္တာန်ဖွဲ့စည်းခြင်းက ပြီးဆုံးသွားသည့်အခါတွင် သက်ရှိစွမ်းအင်အများအပြားကို ပတ်ပတ်လည် ငါးကီလိုမီတာမှ အာရုံခံနိုင်လေ၏။

ရှင်းကျင်းမြို့ရှိမှာ သေချာပေါက် ကြီးမားလှသည်မို့ ဤသည်မှာ တစ်မြို့လုံး ခြုံငုံမိနိုင်သည့်နေရာတော့မဟုတ်ပါချေ။

ထို့ကြောင့် အန်လင်း၊ စုချန်းရန်နှင့် ရွှမ်ယွန်ချန်တို့က တခြားအဖွဲ့ဝင်များကိုရှာဖွေရန် ဦးတည်ရာ သုံးနေရာခွဲလာကြ၏။

အန်လင်း၏ တိုက်ပွဲ မတိုင်မီ နှစ်ရက်အထိ သူတို့က ဟူကွမ်နှင့် ယောင်မင်ရှီကိုရှာတွေ့ကာ စုရှောင်လန်ကတော့ သက်ရှိစွမ်းအင်၏ လမ်းညွှန်မှုနောက်ကိုလိုက်ခြင်းဖြင့် တည်းခိုဆောင်ကို ရှာတွေ့လေသည်။

ထို့ကြောင့် ဆယ်ေယာက်တွင် ခြောက်ယောက်စုမိကာ လေးယောက်ကတော့ ပျောက်နေဆဲပင်။

အန်လင်းက လျှိုချင်ဟွမ် နှင့် တန်ရှီမန်တို့ကို စိတ်မပူပါ။ သူတို့က တိုက်ပွဲနတ်ဘုရားကို သွားပြီးမစိန်ခေါ်သရွှေ့ မည်သူကမှ သူတို့အား မထိနိုင်ပါချေ။ သို့သာ်လည်း အန်လင်းအား အတော်လေး စိတ်ပူစေသော ထျန်းလင်းလင်းနှင့် မြွေဖြူဝိညာဥ်တို့၏ သတင်းကိုမူ မကြားရသေးပေ။

အယူအဆအားဖြင့်ပြောရမည်ဆိုပါက သူပြုလုပ်ခဲ့သော ကိစ္စကြီးများ အပြီးတွင် ကျန်သည့် အဖွဲ့ဝင် လေးယောက်လုံးက တစ်မ္ဘာတည်းတွင်ရှိနေပါက သူရှင်းကျင်းမြို့တွင်ရှိနေသည်ကို သေချာပေါက်သိသင့်သည်။ သို့သော်လည်း သူတို့က ရှင်းကျင်းတစ်မြို့လုံးကို ရှာပြီးသော်လည်း သူတို့ကို ရှာမတွေ့သေးပါချေ။ ထိုသည်မှာ အလွန် စိတ်ရှုပ်ထွေးစေပါသည်။

အန်လင်းက စိတ်ရှုပ်ထွေးမှုများကို ချိုးနှိမ်လိုက်ပြီး တည်ခိုဆောင်မှ လူတိုင်းကို လာမည့် တိုက်ပွဲနတ်ဘုရားနှင့် တိုက်ပွဲအကြောင်းဆွေးနွေးရန် စုစည်းလိုက်၏။

ယောင်မင်ရှီ၏မျက်လုံးများက အရူးအမူး အလင်းရောင်များနှင့် တောက်ပနေကာ “အစ်ကိုကြီးအန်၊ ကျွန်တော်ထင်တာတော့ အစ်ကိုက တိုက်ပွဲနတ်ဘုရား ရှုမင်ကို မျှမျှတတတိုက်ခိုက်ပြီး သူ့ကို မြေပေါ်မှာ နင်းထားသင့်တယ်လို့ထင်တယ်။ အဲဒါဆို အစ်ကို့ရဲ့ နာမည်က ကမ္ဘာတစ်ခုလုံးမှာ ကျော်ကြားပြီးတော့ အစ်ကိုကလဲ သမိုင်းစာအုပ်တွေထဲမှာ ထာဝရ ရှန်သန်နေတော့မှာ။ အဲဒါက ဘယ်လောက်တောင်မိုက်လိုက်သလဲ။”

ဟူကွမ်ကလည်း သဘောတူညီစွာ ခေါင်းငြိမ့်လာပြီး “ဟုတ်တယ်။ အဲဒါပြီးရင်လဲ အစ်ကိုက တိုက်ပွဲနတ်ဘုရား ဇီယန်နဲ့ တိုက်ပွဲနတ်ဘုရား ပိုင်ချောင်ကိုပါ လက်အောက်ခံအဖြစ် ချေမှုန်းပစ် ဒါဆိုရင် ကမ္ဘာကြီးရဲ့ အုပ်ချုပ်သူ ဖြစ်လာမှာ”

အန်လင်း: “...”

သူ့၏ အရူးအမူးပရိသတ်များ၏ မျက်လုံးထဲတွင် သူက ပြိုင်ဘက်ကင်းနေပြီး ကမ္ဘာကြီး၏ အုပ်ချုပ်သူ ဖြစ်လာသည်မှာ မှန်ကန်နေမည်ဖြစ်သည်။

စုရှောင်လန်၏ စဥ်းစားပုံမှာ အနည်းငယ် ပို၍ လက်တွေ့ကျလေ၏။ “တိုက်ပွဲနတ်ဘုရား တစ်ယောက်ရဲ့ ခွန်အားကို ငါတို့မသိသေးဘူး။ တကယ်လို့သူက စိတ်ဝိညာဥ်ဖွဲ့စည်းခြင်း နောက်ဆုံးအဆင့်ပဲဆိုရင်တော့ နင်နဲ့ စုချန်းရန်မှာ အခွင့်အရေးရှိတယ်။ ဒါပေမဲ့ သူက အဲဒါထက် အများကြီး ပိုအစွမ်းထက်နေတယ်ဆိုရင်တော့ အန္တရာယ်များလွန်းတယ်။ နင်က သူနဲ့ ပြိုင်ကိုပြိုင်ရမယ်မှ မဟုတ်တာပဲ။ အဲ့တော့ သွားပြိုင်လဲ အကျိုးမရှိပါဘူး...”

စုရှောင်လန်၏ ရည်ရွယ်ချက်များက အတော်လေး ရှင်းလင်းပါသည်။ သူတို့၏ ရည်ရွယ်ချက်မှာ ကမ္ဘာကြီး၏ အုပ်ချုပ်သူ ဖြစ်လာမည့်အစား ရှောင်ယန်သင်္ချိုင်းဂူဖြစ်၏။ သူက တိုက်ပွဲနတ်ဘုရားကို ဒီအတိုင်းထားလိုက်လို့ ရပါသည်။ မည်သည့်အချိန်တွင် တိုက်ခိုက်ရမည်၊ မည်သည့်အချိန်တွင်စစ်ပွဲများကို ရှောင်ရမည်ကို သိရန်အရေးကြီး၏။ သူမ၏ အကြံပြုချက်က အန္တရာယ်များသည့် တိုက်ပွဲကို အားစိုက်မည့်အစား တခြားအဖွဲ့ဝင်များကို ရှာဖေွရန်နှင့် ရှောင်ယန်သင်္ချိုင်းဂူမှ အမွေအနှစ်များကို ရှာရန်သာ အာရုံစိုက်သင့်သည်ဟူ၍ပင်။

ရွှမ်ယွမ်ချန်၏ မျက်နှာထက်တွင် အလေးအနက် မျက်နှာထားက ပေါ်လာပြီး “အိုရှင်းအင်ပါယာက သတင်းအချက်အလက်နဲ့ အရင်းအမြစ်တွေ ပေါများတယ်။ ငါတို့က ဒါကြီးကို ငါတို့အတွက် ယူလိုက်မယ်ဆိုရင် အကျိုးတော့ရှိမယ်လို့ ထင်တယ်။ သင်္ချိုင်းဂူရဲ့ သတင်းတချို့လဲ ဒီမှာရှိလောက်မယ်။ အဲ့တော့ သူ့ဆီကို ဒီညသွားပြီး အလစ်အနိုင်တိုက်တာက အကြံကောင်းလို့ ထင်တယ်။ ခြောက်ေယာက်တစ်ယောက်က နှစ်ေယာက်တစ်ေယာက်ထက်တော့ အမြဲတမ်း ပိုကောင်းတယ်လေ။”

သူ့၏ရည်ရွယ်ချက်များကလည်း အလွန်ရိုးရှင်းလှပါသည်။

ဤ အဓိပ္ပာယ်မရှိ ကြိုတင်စီမံခြင်းများထက် လူတိုင်းစုစည်းပြီး တိုက်ပွဲနတ်ဘုရားကို အရင်ဆုံး အနိုင်တိုက်မည်။

အန်လင်းက အလေးအနက် တွေးရင်း သူ့၏ မေးစေ့ကို ပွတ်သပ်နေ၏။

ဤတိုက်ပွဲနတ်ဘုရားက သူ့ကို ဖြားယောင်းကာ သတ်ရန်ကြိုးစားနေသည်မှာ သိသာလှ၏။ နောက်ဆုံးတွင်တော့ အင်ပါယာတစ်ခု၏ အုပ်ချုပ်သူအတွက်တော့ ဒုက္ခများဆက်တိုက်ဖန်တီးနေသော စွမ်းအားကြီး ပုဂ္ဂိုလ်မှာ ဆူးတစ်ချောင်းကဲ့သို့ပင်။ သူက အန်လင်းကို သတ်နိုင်ပါက ကမောက်ကမနှင့် မငြိမ်မသက်မှု အားလုံးကို ဖြေရှင်းပြီးရုံသာမက ကမ္ဘာကြီးကိုလဲ စံနမူနာပြနိုင်ပေသည်။

သူက လွန်ခဲ့သော ရက်များက တိုက်ပွဲနတ်ဘုရားများကို အနည်းငယ် လေ့လာထား၏။ သမိုင်းမှတ်တမ်းများအရ သာမန် တိုက်ပွဲပညာရှိများမှာ တိုက်ပွဲနတ်ဘုရားက တစ်ချက်တည်းနှင့် သတ်ပစ်နိုင်သော အမြောက်စာများပင်။ သို့သော်လည်း တိုက်ပွဲပညာရှိနောက်ဆုံးအဆင့် စစ်သည်များကမူ နောက်ဆုံးတိုက်ခိုက်မှုအထိ ကျော်နိုင်ကြသော်လည်း တိုက်ပွဲနတ်ဘုရား၏ ပိုမိုအစွမ်းထက်သော နည်းလမ်းများအောက်တွင် ကျဆုံးမည်ပင်ဖြစ်သည်။ သို့သာ်လည်း တိုက်ပွဲနတ်ဘုရားများက 'Return To Void'စွမ်းအားကြီး ပုဂ္ဂိုလ်များကဲ့သို့ ကာလံဒေသံကို ထိန်းချုပ်နိုင်သည့် မှတ်တမ်းများမရှိပါချေ။ ထိုသည်မှာ အနည်းဆုံးသော အပြုသဘောဆောင်သည့် ရလာဒ်တစ်ခုပင် ဖြစ်သည်။

“တကယ်လို့ ငါတို့ကသာ တိုက်ပွဲနတ်ဘုရားကို အနိုင်ပိုင်းနိုင်ရင် ရေှ့လျှောက်အရာရာတိုင်းက ငါတို့အတွက် ပိုပြီးလွယ်သွားတော့မှာ”

“တိုက်ပွဲနတ်ဘုရား ရှုမင်က အခု ရှင်းကျင်းတောင်မှာ ရောက်နေပြီ။ ဒါပေမဲ့ ငါတို့က သူ့ရဲ့ စွမ်းအားကို မတိုင်းတာနိုင်ေသးဘူး။ အဲဒါကြောင့်မို့ ခြောက်ယောက်တစ်ယောက်တိုက်ပွဲမှာတောင် သူ့ကိုနိုင်ပါ့မလား မသေချာဘူး။” အန်လင်းသည်လည်း အနည်းငယ် တုံ့ဆိုင်းနေသည်မှာ သိသိသာသာပင်။

မရိုးမသား အပြုံးတစ်ခုက ရွှမ်ယွမ်ချန်၏ မျက်နှာတွင် တော့လာပြီး “TNT တန်ဆယ်သန်းနဲ့ ညီမျှတဲ့ ပေါက်ကွဲအားရှိတဲ့ အဏုမြူဗုံးကိုသုံးရင်ရော။”

အန်လင်း၊ စုရှောင်လန်နှင့် စုချန်းရန်တို့အားလုံး သူ့၏ အကြံပြုချက်တွင် သိမ့်သိမ့်တုန်သွားကြ၏။

သူတို့က အဏုမြူဗုံး တန်ဆယ်သန်းက မည်မျှစွမ်းဆောင်နိုင်သည်ဟူသော ပမာဏကို သိရှိပြီးဖြစ်၏။ ထိုသည်က ပုရွက်ဆိတ် မျိုးနွယ်စု၏ ကြီးမားလှသော အသိုက်ကြီးအား ကုန်းမြေကြီးပေါ်မှ ချက်ချင်းပင် ရှင်းလင်းပစ်နိုင်သည်။

ရွှမ်ယွမ်ချန်က ထိုသည်များထဲမှ နောက်တစ်ခုကို ပိုင်ဆိုင်ထားမည်ဟု မည်သူက တွေးမိပါမည်နည်း။ ထိုသည်မှာ နောက်ဆုံးစီရင်ချက်လက်နက် တစ်ခုပါပင်။

“အဲဒါက ငါ စိတ်ဝိညာဥ်ကျောက်တုံး အများကြီးနဲ့လဲထားတဲ့ ငါ့ရဲ့ ဝှက်ဖဲချပ်လေ။ အဲဒါဆိုရင်ရော ဘယ်လိုလဲ။” ရွှမ်ယွန်ချန်က စိတ်လှုပ်ရှားစွာ ပြောလာ၏။

အန်လင်း၏ မျက်နှာက အနည်းငယ် တွန့်ကွေးသွား၏။ ဘယ်အချိန်ကတည်းက အစ်ကိုကြီးချန်ရဲ့ ဝှက်ဖဲက အဏုမြူဗုံးတစ်လုံး ဖြစ်လာတာလဲ...

အတန်ကြာအောင် တုံ့ဆိုင်းနေပြီးနောက် သူက ဆုံးဖြတ်ချက်တစ်ခုကို ချလိုက်လေတော့သည်။

“ဟုတ်ပြီ။ အဲ့ဒီ တိုက်ပွဲနတ်ဘုရားရှုမင်ကို ကမ္ဘာမြေကြီးရဲ့ နည်းပညာကို မြည်းခိုင်းကြတာပေါ့...”

***

All Chapters