← Chapters

အခန်း (၅-၆)

Vol. 1 Ch. 5-6

အခန်း (၅-၆)

Vol. 1 Ch. 5-6

အခန်း(5) မမျှော်လင့်ထားသော အလှည့်အပြောင်း

မကြာမီမှာပင် ကောရွှေနှင့် ရင်းနှီးသော ကျောင်းသားအချို့က ထရပ်လိုက်ကြပြီး ယောင်ပင်းကို ဝိုင်းရန် ဖြည်းဖြည်းချင်း လျှောက်လာကြသည်။

ထိုအထဲမှ လောင်ကွေဟု နာမည်ပြောင်ရှိသော ကောင်လေးတစ်ဦးက အပြုံးတစ်ခုဖြင့် ပြောလာသည်။

“ကောရွှေ.. မင်းရဲ့ ချစ်သူကို လာပြီးမြူဆွယ်ချင်နေတဲ့ ကောင်ရှိနေတာပဲ၊ ဘာလုပ်ရမလဲသာ ပြောလိုက်၊ ငါတို့ မင်းဘက်က ရှိတယ်!”

အထက်တန်းကျောင်းသားဘဝမှာ ပျင်းစရာကောင်းလွန်းသောကြောင့် သူတို့က တစ်ခုခု လုပ်ရန်အတွက် စောင့်ဆိုင်းနေကြလေသည်။

မည်သို့ပင်ဖြစ်စေ ဤအချိန်တွင် ဆရာတစ်ယောက်မှ လာလိမ့်မည် မဟုတ်ပေ။

ယောင်ပင်းမှာ နာကျင်မှုကြောင့် မျက်နှာတစ်ခုလုံးတွန့်လိမ်နေသော ကျန်းရှောင်ပေကို ကြည့်လိုက်ပြီး ထိုကျောင်းသားများကို ဂရုမစိုက်နိုင်တော့ပေ။

သူသည် မနေ့ညက ထိတ်လန့်ဖွယ်ရာဝတ္ထုများကု ဖတ်ခြင်းမှ ရရှိထားသော ကြောက်ရွံ့ခြင်းတန်ဖိုးများကို အသုံးပြုကာ “နွားမျက်ရည်” တစ်ပုလင်းကို အမြန်ဝယ်ယူပြီး သူ၏ မျက်လုံးထဲသို့ ခပ်လိုက်သည်။

သူ ကျန်းရှောင်ပေကို ထပ်မံကြည့်ရှုလိုက်သည့်အချိန်တွင်တော့ ကျန်းရှောင်ပေက အနက်ရောင် မြူခိုးများဖြင့် လွှမ်းခြုံနေသည်ကို မြင်တွေ့လိုက်ရ၏။

ယောင်ပင်း ကျန်းရှောင်ပေကို ကြည့်နေချိန်မှာပင် အနက်ရောင်မြူခိုးများအတွင်းမှ မည်းနက်သောခေါင်းတစ်လုံးက ရုတ်တရက် ထွက်ပေါ်လာပြီး ယောင်ပင်းအား ကြောက်မက်ဖွယ်ကောင်းသော အပြုံးဖြင့် ပြုံးပြလိုက်လေသည်။

ကျန်းရှောင်ပေ၏ လှပသော မျက်နှာပေါ်တွင်လည်း ထူးဆန်းသော အပြုံးတစ်ခု ပေါ်ပေါက်လာ၏။

ယောင်ပင်း ကျောစိမ့်သွားရသည်။

ဤထိတ်လန့်ဖွယ်ရာ အတွေ့အကြုံမှာ အဘယ်ကြောင့် လယ်ဗယ်(3)ဟု သတ်မှတ်ထားရခြင်းကို သူ နောက်ဆုံး၌ နားလည်သွားတော့သည်။

သူ၏ ချစ်သူဟောင်းမှာ ဤမျှ ရက်စက်ကြမ်းကြုတ်သော သတ္တဝါအဖြစ် ပြောင်းလဲသွားသည်ကို မြင်တွေ့ရခြင်းမှာ မိုရှောက်ယောင်နှင့်အတူ တစ္ဆေကိုတွေ့ခဲ့ရသည်ထက် ပို၍ ထိတ်လန့်ဖွယ် ကောင်းနေခဲ့သည်။

“မသေချင်ရင် ငါ့လမ်းက ဖယ်စမ်း!”

ယောင်ပင်း သူ၏လမ်းကို ပိတ်ထားသော လောင်ကွေကို အေးစက်စွာ ပြောလိုက်၏။

လိပ်ကြီး၏ မျက်လုံးများက ပြူးကျယ်သွားပြီး လှောင်ပြောင်လိုစွာအော်ဟစ်လိုက်သည်။

“ဟိုး... ဟိုး... အားလုံး ကြားလိုက်ကြလား၊ ယောင်ပင်းက ငါ့ကိုတောင် ခြိမ်းခြောက်ရဲနေပြီ”

“လာစမ်း... ငါနဲ့ လိုက်ခဲ့၊ ပန်းတွေ ဘာလို့ နီနေရလဲဆိုတာ မင်းကို ငါ သင်ပေးမယ်”

သူတို့သည်က အတန်းထဲတွင် အမြဲတစေ ဗိုလ်ကျနေသူများ ဖြစ်ကြပြီး ယောင်ပင်းကို တစ်ခါမျှ အလေးမထားခဲ့ကြပေ။

လောင်ကွေက ယောင်ပင်း၏ ပခုံးကို ဖက်လျက် အပြင်သို့ အတင်းအကျပ် ဆွဲထုတ်သွားတော့၏။

ထိုအချိန်မှာပင် နာကျင်မှုကြောင့် တွန့်လိမ်နေသော ကျန်းရှောင်ပေက ရုတ်တရက် မတ်တပ်ရပ်လိုက်ပြီး လိပ်ကြီးပေါ်သို့ ခုန်အုပ်ကာ သူ၏ နားရွက်ကို ကိုက်လိုက်လေတော့သည်။

*

လူတိုင်း အံ့အားသင့်သွားကြ၏။

အထူးသဖြင့် ကောရွှေနှင့် ယောင်ပင်းကို ဝိုင်းထားသော ကျောင်းသားများမှာ ထိတ်လန့်တုန်လှုပ်သွားကြပြီး နောက်သို့ ခြေလှမ်းအတော်များများ ဆုတ်ခွာသွားကြသည်။

သူတို့သည်က ကောရွှေနှင့် ကျန်းရှောင်ပေတို့၏ ဇာတ်လမ်းကို အကုန်သိထားကြသူများဖြစ်သည်။

မူလက ဤအခွင့်အရေးကို အသုံးချကာ ယောင်ပင်းကို ကျောင်းမှနှင်ထုတ်ရန် ကြံစည်ထားသော်လည်း ကျန်းရှောင်ပေက ရုတ်တရက် လောင်ကွေကို တိုက်ခိုက်လိမ့်မည်ဟု လုံးဝ မထင်မှတ်ထားခဲ့ကြပေ။

ဖူဟိုင်ဖုန်း၏ ကြောက်ရွံ့ခြင်းတန်ဖိုး - +၁၀၀၀။

ကောရွှေ၏ ကြောက်ရွံ့ခြင်းတန်ဖိုး - +၂၀၀၀။

လောင်ကွေ၏ ကြောက်ရွံ့ခြင်းတန်ဖိုး - +၃၀၀၀။

…

မျက်နှာပြင်၏ အောက်ခြေညာဘက်ထောင့်ရှိ ကြောက်ရွံ့ခြင်းတန်ဖိုးများကအရှိန်အဟုန်ဖြင့် ထိုးတက်လာတော့သည်။

... ဒါမျိုးလည်း ရတာပဲလား!

ဤမျက်နှာပြင်က သူ၏ ကြောက်ရွံ့မှုကိုသာမက အခြားသူများ၏ ကြောက်ရွံ့မှုကိုပါ စုဆောင်းနိုင်သည်ကို ယောင်ပင်း ရုတ်တရက် သဘောပေါက်သွားသည်။

ဤအတိုင်းသာဆိုလျှင် ကြောက်ရွံ့ခြင်းတန်ဖိုး တစ်သိန်းပြည့်ရန်မှာ အသေးအဖွဲမျှသာ ဖြစ်ပေတော့မည်။

မကြာမီမှာပင် သူ့အနေဖြင့် “ရှင်သန်ခြင်းနှင့် သေဆုံးခြင်းကျမ်း” ကို ဝယ်ယူရန် လုံလောက်သော ကြောက်ရွံ့ခြင်းတန်ဖိုးများကို ရရှိတော့မည်ပင်။

သို့သော် သူသည် မပျော်နိုင်သေးပေ။

လက်ရှိတွင် ကျန်းရှောင်ပေသည်က တစ္ဆေပူးကပ်ခြင်း ခံထားရပြီး သူမ၏ အခြေအနေမှာလည်း အလွန်အမင်း အန္တရာယ်ကြီးနေခဲ့သည်။

“ကောရွှေ... ငါ့ကို ကယ်ပါဦး”

လောင်ကွေမှာ သူ၏ နားရွက်ကို ကျန်းရှောင်ပေက ကိုက်ထားသဖြင့် နာကျင်မှုကြောင့် မျက်နှာရှုံ့မဲ့လျက် ကောရွှေထံ အကူအညီ တောင်းခံလာလေသည်။

လောင်ကွေက ကောရွှေကို သူတို့၏ ခေါင်းဆောင်အဖြစ် အမြဲတစေ အားကိုးခဲ့သူ ဖြစ်၍ ဘေးဒုက္ခကြုံရချိန်တွင် သူ၏ ခေါင်းဆောင်ကို ပထမဆုံး သတိရမိခဲ့သည်။

ကောရွှေသည်လည်း ထိတ်လန့်သွားပြီး ကျန်သည့်ကျောင်းသားများကို အမြန်အမိန့်ပေးလိုက်သည်။

“မင်းတို့က ဘာရပ်ကြည့်နေတာလဲ၊ လောင်ကွေကို သွားကယ်ကြလေ”

သူက တခြားလူများကို အမိန့်ပေးနေသော်လည်း သူကိုယ်တိုင်ကတော့ ရှေ့သို့ မတိုးဝံ့ဘဲ နောက်သို့သာ ခိုး၍ ဆုတ်နေလေသည်။

ကျန်းရှောင်ပေ၏ ပုံစံမှာ ကြောက်စရာ ကောင်းလွန်းသဖြင့် သူကိုယ်တိုင် အထိခိုက်မခံလိုပေ။

ထိုအခါမှ ကျောင်းသားများမှာ သတိဝင်လာကြပြီး လောင်ကော်ကို ကျန်းရှောင်ပေ၏ လက်ထဲမှ လုယူရန် ရှေ့သို့ ပြေးဝင်သွားကြ၏။

သို့သော် သူတို့ ခုန်အုပ်လိုက်သည့် အချိန်မှာပင် ကျန်းရှောင်ပေက နောက်သို့ ရုတ်တရက် ဆုတ်လိုက်ပြီး လောင်ကွေ၏ နားရွက်ကို ကိုက်ဖြတ်ပစ်လိုက်လေသည်။

“အား...”

ရှောင်ကွေ၏ အော်ဟစ်သံက ချက်ချင်းပင် ထွက်ပေါ်လာတော့၏။

စိတ်မကောင်းစရာကောင်းစွာဖြင့် သူ အော်ဟစ်လို့ပင် မဆုံးသေးမီမှာပင် ကျန်းရှောင်ပေက ထပ်မံ ခုန်အုပ်လိုက်ပြီး လောင်ကွေ၏ ကျန်ရှိသော နားရွက်တစ်ဖက်ကိုပါ ထပ်မံ ကိုက်ဖြတ်လိုက်ပြန်သည်။

ကျန်းရှောင်ပေ၏ လှုပ်ရှားမှုများမှာ အလွန်ပင် လျင်မြန်လှသဖြင့် ကျောင်းသားများမှာ တုံ့ပြန်ရန်ပင် အချိန်မရလိုက်ကြပေ။

ဖူဟိုင်ဖုန်း၏ ကြောက်ရွံ့ခြင်းလယ်ဗယ် - +၂၀၀၀။

ကောရွှေ၏ ကြောက်ရွံ့ခြင်းလယ်ဗယ် - +၃၀၀၀။

လိပ်ကြီး၏ ကြောက်ရွံ့ခြင်းလယ်ဗယ် - +၄၀၀၀။

…

မျက်နှာပြင်ပေါ်ရှိ ကြောက်ရွံ့ခြင်းလယ်ဗယ်များက ဆက်လက် ထိုးတက်နေဆဲပင်။

လောင်ကွေက အလွန်ပင် ကြောက်လန့်နေပြီး ကောရွှေထံ အော်ဟစ်အကူအညီတောင်းနေပြန်သည်။

“ကောရွှေ... ငါ့ကို ကယ်ပါဦး”

သူသာ တစ်ခုခုဖြစ်ပါက ကာကွယ်ပေးမည်ဟု ကောရွှေက ကတိပေးထားခဲ့ဖူးသောကြောင့်သာ သူ့အား အမြဲတမ်း မျက်နှာချိုသွေးနေခဲ့ခြင်း ဖြစ်သည်။

မမျှော်လင့်ဘဲ အမှန်တကယ် ပြဿနာတက်လာသည့်အချိန်တွင်တော့ ကောရွှေကပုန်းနေခဲ့သည်။

တခြားကျောင်းသားများမှာလည်း ပို၍ ထိတ်လန့်သွားကြပြီး ကြောင်အကာ ရပ်နေကြ၏။

ကျန်းရှောင်ပေမှာ ကြောက်စရာ ကောင်းလွန်းသဖြင့် သူတို့ပါ ဒုက္ခရောက်ကုန်မည်ကို စိုးရိမ်နေကြခြင်း ဖြစ်လေသည်။

ကျန်းရှောင်ပေက လောင်ကွေကို တိုက်ခိုက်လိမ့်မည်မှန်းသာ သိခဲ့ပါက သူတို့လည်း ရှေ့ထွက်၍ ဆရာလုပ်ခဲ့ကြမည် မဟုတ်ပေ။

ကောရွှေနှင့် တခြားကျောင်းသားများက ကြောက်ရွံ့တုန်လှုတ်နေကြသည်ကို မြင်သောအခါ ယောင်ပင်းက နှာခေါင်းရှုံ့လျက် ပြောလိုက်သည်။

“မင်းတို့က အမြဲတမ်း လူမိုက်လုပ်နေကြတာမလား၊ အခုကျတော့ ဘာဖြစ်တာလဲ၊ ကြက်သူခိုးတွေလို ဖြစ်ပြီး လောင်ကွေကို မကယ်ရဲတော့ဘူးလား”

ကောရွှေနှင့် သူ၏ အပေါင်းအဖော်များမှာ အတန်းထဲတွင် အမြဲတမ်း မောက်မာရိုင်းစိုင်းနေကြသူများ ဖြစ်သဖြင့် ယောင်ပင်းက သူတို့ကို ကြည့်မရသည်မှာ ကြာလှပြီပင်။

ယနေ့က သူတို့ကို ပညာပေးရန် အကောင်းဆုံး အခွင့်အရေးပင် ဖြစ်ပေတော့မည်။

ကောရွှေနှင့် သူ၏ သူငယ်ချင်းများအပါအဝင် အတန်းဖော်များမှာ ကြောင်အသွားကြ၏။

ယောင်ပင်း ဘာကို ဆိုလိုတာလဲ။

သို့သော် ယောင်ပင်း၏ စကားကြောင့် ကျန်သည့် အတန်းဖော်များမှာ သတိဝင်လာကြသည်။

“ဟုတ်တယ် ကောရွှေ၊ လိပ်ကြီးကို မြန်မြန်သွားကယ်လိုက်ပါလား.. မဟုတ်ရင် သူ ကျန်တဲ့ နားရွက်တစ်ဖက်ပါအဖြတ်ခံရတော့မယ်”

“မင်းတို့ကအရင်းနှီးဆုံး သူငယ်ချင်းတွေမလား၊ မြန်မြန်သွားကယ်စမ်းပါ၊ ဘာရပ်ကြည့်နေတာလဲ!”

…

ကောရွှေမှာ ဒေါသထွက်လွန်းသဖြင့် သွေးအန်မတတ် ဖြစ်သွားရ၏။

ယောင်ပင်း ပြောခဲ့သည့် စကားမှာ ဤကဲ့သို့ အကွက်ဆင်ရန် စောင့်နေခြင်းဖြစ်ကြောင်းကို သူ သိလိုက်ရပြီ။

အကယ်၍ သူသာ ယနေ့ လောင်ကွေကို မကယ်ခဲ့ပါက သူက သစ္စာမရှိသူ ဖြစ်သွားမည်ဖြစ်ပြီး သိက္ခာအားလုံး ကျဆင်းသွားပေလိမ့်မည်။

သို့သော် ကျန်းရှောင်ပေ၏ ကြောက်မက်ဖွယ်ပုံစံကို မြင်နေရသဖြင့် သူ မည်သို့ ရှေ့သို့ တိုးဝံ့ပါမည်နည်း။

ကောရွှေ လောင်ကွေကို စိတ်ထဲမှ ကျိန်ဆဲနေမိသည်။ အဘယ်ကြောင့် ကျန်းရှောင်ပေနှင့် ဤမျှအထိ နီးနီးကပ်ကပ် သွားနေရသနည်း။

ယခုတော့ ကိုက်လည်း အကိုက်ခံရသကဲ့သို့ သူ့ကိုပါ အတင်းအကျပ် ကယ်ခိုင်းနေကြပြီ မဟုတ်ပါလား။

လောင်ကွေကို ကူညီမည့်သူ မရှိသည်ကို မြင်သောအခါ ယောင်ပင်းက တံတွေးတစ်ချက် ထွေးလိုက်ပြီး သူ့အင်္ကျီကော်လာကို ကိုင်ထားသော ကျောင်းသားအား အော်ဟစ်လိုက်သည်။

“လွှတ်စမ်း မင်းတို့ မကယ်ရင် ငါပဲ ကယ်မယ်”

ဤအတိုင်းသာ ဆက်သွားပါက လူသေသည်အထိ ဖြစ်သွားနိုင်သည်ကို သူ သိနေ၏။

ထိုကျောင်းသားမှာလည်း ချက်ချင်းပင် လက်ကို လွှတ်ပေးလိုက်သည်။

အခြေအနေက အလွန်ပင် အန္တရာယ်များလှသဖြင့် ယောင်ပင်းက သေတွင်းထဲ ဆင်းချင်သည်ဆိုပါက သူ တားဆီးမည် မဟုတ်ပေ။

ပို၍ အရေးကြီးသည်မှာ ကောရွှေပင် ကြောက်နေချိန်တွင် ယောင်ပင်းက ရှေ့ထွက်ရဲမည်လားဆိုသည်ကို သူ မြင်တွေ့လိုနေခြင်း ဖြစ်သည်။

အတန်းထဲရှိ အခြားကျောင်းသားများမှာလည်း အံ့အားသင့်နေကြ၏။

သူ့ကို အမြဲဗိုလ်ကျခဲ့သော လောင်ကွေကို ယောင်ပင်းက သွားကယ်မည်ဆိုသည့်အပေါ် သူတို့ အံ့သြနေကြသကဲ့သို့ ကောရွှေတို့ပင် မလုပ်ရဲသောအရာကို ယောင်ပင်းက လုပ်ရဲမလားဆိုသည်ကိုလည်း သိချင်နေကြပေသည်။

မရေမတွက်နိုင်သော မျက်လုံးများ၏ ကြည့်ရှုမှုအောက်တွင် ယောင်ပင်းက လိပ်ကြီးနှင့် ကျန်းရှောင်ပေတို့ထံသို့ သွားခဲ့လေသည်။

သူက သူ၏ အိတ်ကို အမြန်ဖွင့်ကာ အဆောင်လက်ဖွဲ့တစ်ခုကို ထုတ်ယူလိုက်ပြီး ကျန်းရှောင်ပေ၏ နဖူးပေါ်သို့ လျင်မြန်စွာ ကပ်လိုက်လေသည်။

ကျန်းရှောင်ပေကို လွှမ်းခြုံထားသော အနက်ရောင်မြူခိုးများမှာ ချက်ချင်းပင် ငြိမ်ကျသွား၏။ ထိုမြူခိုးများက မည်မျှပင် ရုန်းကန်သည်ဖြစ်စေအဆောင်လက်ဖွဲ့၏ ထိန်းချုပ်မှုအောက်မှ လွတ်မြောက်နိုင်ခြင်း မရှိပေ။

အဆောင်လက်ဖွဲ့၏ ထိန်းချုပ်မှုကြောင့် ကျန်းရှောင်ပော သူမ၏ ပါးစပ်ကို အလိုအလျောက် ဖွင့်လိုက်ပြီး လောင်ကွေ၏ နားရွက်ကို လွှတ်ပေးလိုက်တော့သည်။

လောင်ကွေက ကံကောင်းစွာ ကျန်ရှိနေသော သူ၏ နားရွက်ကို မယုံကြည်နိုင်စွာ စမ်းသပ်ကြည့်ပြီးနောက် ငိုယိုအော်ဟစ်လျက် စာသင်ခန်းထဲမှ ပြေးထွက်သွားလေတော့သည်။

*

အခန်း(6) ကတိ

ယောင်ပင်းမှလွဲ၍ ကျန်သည့်သူများမှာ သူ၏ လက်ထဲရှိ အဆောင်လက်ဖွဲ့ကို မမြင်နိုင်ကြပေ။

အတန်းဖော်များ၏ အမြင်တွင်တော့ ယောင်ပင်းက လေထဲတွင် လက်ဟန်ခြေဟန် တစ်ခုခုလုပ်လိုက်ပြီး ကျန်းရှောင်ပေ၏ နဖူးကို အားပါပါ ရိုက်လိုက်သည်ဟုသာ ထင်မြင်ကြပေသည်။

သို့သော် ဤရိုးရှင်းသော လုပ်ဆောင်ချက် နှစ်ခုတည်းဖြင့်ပင် မတိုင်မီက ကြောက်မက်ဖွယ်ကောင်းနေသော ကျန်းရှောင်ပေမှာ လုံးဝ ငြိမ်သက်သွားခဲ့ပြီပင်။

ပို၍ အရေးကြီးသည်မှာ ကျောင်းသားအများအပြား မကယ်ရဲခဲ့သော လောင်ကွေကို ယောင်ပင်းက ကယ်တင်နိုင်ခဲ့ခြင်းပင် ဖြစ်သည်။

ဤသည်မှာ အံ့သြဖွယ် ကောင်းလွန်းလှပေသည်။

တိတ်ဆိတ်နေခဲ့သည်။

အတန်းထဲတွင် လုံးဝတိတ်ဆိတ်နေခဲ့လေ၏။

မည်သူကမျှ သူတို့မြင်တွေ့လိုက်ရသည်ကို မယုံကြည်နိုင်ကြပေ။

ကောရွှေ အပါအဝင်..

သူ၏ မျက်လုံးများမှာ ပြူးကျယ်နေ၏။

သူ မြင်လိုက်ရသည်ကို မယုံကြည်နိုင် ဖြစ်နေရသည်။

သူ၏ အမြင်တွင်တော့ ဤပျော့ညံ့သည့်ငတုံးက အတန်းဖော်များ၏ ရှေ့တွင် အလွယ်တကူပင် လူစွမ်းကောင်း လုပ်သွားသည် မဟုတ်ပါလား။

အခြေအနေကသူထင်သလောက် မဆိုးလောက်ပေ။

ယောင်ပင်းက ကံကောင်းသွားတာနေမှာ။

ဤသို့တွေးတောရင်း ကောရွှေက ချောင်းအနည်းငယ် ဟန့်လိုက်ပြီး ကျန်းရှောင်ပေထံသို့ အမြန်လျှောက်သွားကာ သူမကို “စိုးရိမ်ဟန်” ဖြင့် စစ်ဆေးကြည့်ရှုလိုက်၏။

ထို့နောက်တွင် ကျောင်းသားတစ်ဦးအား လောင်ကွေ၏ ကိုက်ဖြတ်ခံလိုက်ရသော နားရွက်ကို ကောက်ခိုင်းလိုက်သည်။

သူက အေးဆေးတည်ငြိမ်သော လေသံဖြင့် ပြောခဲ့သည်။

“ငါ စောစောက ဗိုက်နည်းနည်း နာနေလို့ မင်း လူစွမ်းကောင်း လုပ်ခွင့်ရသွားတာ၊ အခု သွားလို့ရပြီ.. ငါ့ချစ်သူကို ငါကိုယ်တိုင်ပဲ ဂရုစိုက်မယ်၊ သူမက ဘာမှမဖြစ်ဘူး မင်းက ကံကောင်းသွားရုံပဲ...”

ကောရွှေကထိုသို့ ပြောဆိုနေရင်း ကျန်းရှောင်ပေကို သူ၏ ရင်ခွင်ထဲသို့ ပိုင်စိုးပိုင်နင်းနိုင်စွာ ဆွဲသွင်းလိုက်လေသည်။

အကယ်၍ ဟိတ်ဟန်ကြီးလှသော သခင်လေးကောရွှေက ကြောက်တတ်သည်ဟု အတန်းဖော်များ သိသွားပါက ကျောင်းတွင် သူ မည်သို့ မျက်နှာပြဝံ့ပါမည်နည်း။

သူ၏ သိက္ခာကို သူကိုယ်တိုင် ပြန်ဆယ်ရပေလိမ့်မည်။

ကျန်းရှောင်ပေမှာ ယခုအချိန်တွင်ငြိမ်သက်နေပြီဖြစ်ရာ သူမ မည်သည့်အရာမှမဖြစ်တော့ဟု သူ ယူဆလိုက်သည်။

သူသာ ယောင်ပင်းကို နှိမ်ချနိုင်ပြီး ကျန်းရှောင်ပေကို သူကိုယ်တိုင် ထိန်းချုပ်လိုက်သည်ဟု ပြောဆိုနိုင်ပါက အတန်းထဲတွင် သူ၏ သြဇာမှာ ပြန်လည် တည်မြဲနေဦးမည်ပင်။

ယောင်ပင်းက ကျန်းရှောင်ပေကို တစ်ချက်တည်းဖြင့် ငြိမ်သက်သွားအောင် လုပ်နိုင်ခဲ့သဖြင့် အတန်းဖော်များက သူ့ကို လေးစားသော မျက်လုံးများဖြင့် ကြည့်နေကြသော်လည်း ကောရွှေ၏ စကားကြောင့် သူတို့၏ စိတ်ထဲတွင် သံသယများ ဝင်ရောက်လာကြပြန်သည်။

ကောရွှေ ပြောသကဲ့သို့ပင်။ ကျန်းရှောင်ပေက မည်သည့်အရာမှ မဖြစ်တော့ဘဲ ယောင်ပင်းက ကံကောင်းသွားခြင်းသာ ဖြစ်နိုင်သည်လား။

ကောရွှေ၏ အစီအစဉ်မှာ ကောင်းမွန်သော်လည်း သူ ကျန်းရှောင်ပေကို ဖက်လိုက်သည့် အချိန်တွင် သူမ၏ နဖူးပေါ်ရှိ အဆောင်လက်ဖွဲ့ကို မတော်တဆ ပုတ်ချမိသွားကြောင်း သူ လုံးဝ သတိမပြုမိခဲ့ပေ။

မျက်လုံးမှိတ်နေသော ကျန်းရှောင်ပေက ချက်ချင်းပင် မျက်လုံးများကို ဖွင့်လိုက်တော့သည်။

သူမ၏ မျက်လုံးများမှာ သွေးရောင်လွှမ်းနေလေ၏။

သူမ၏ အကြည့်များမှာလည်း ကြောက်မက်ဖွယ်ကောင်းလွန်းပေသည်။

သူ၏ သိက္ခာပြန်ဆယ်ရန်သာ အာရုံရောက်နေသော ကောရွှေကတော့ ဤသည်ကို လုံးဝ မမြင်တွေ့လိုက်ရပေ။

“ကောရွှေ... ပြေး!”

“သခင်လေးကောရွှေ... ကျန်းရှောင်ပေကို အမြန်တွန်းထုတ်လိုက်တော့..”

ကောရွှေက ကျန်းရှောင်ပေ၏ အပြောင်းအလဲကို မမြင်သော်လည်း အခြားကျောင်းသားများက မြင်တွေ့လိုက်ရသဖြင့် သူ့အား စိုးရိမ်တကြီး သတိပေးကြလေသည်။

ကောရွှေ တောင့်ခဲသွားပြီး သူ၏ ရင်ခွင်ထဲရှိ ကျန်းရှောင်ပေကို တုန်တုန်ရင်ရင်ဖြင့် ငုံ့ကြည့်လိုက်မိ၏။

သူတို့၏ မျက်လုံးများ ဆုံသွားကြသည်။

“အား...”

ကောရွှေက သိက္ခာကို ဂရုမစိုက်နိုင်တော့ဘဲ အော်ဟစ်ကာ ကျန်းရှောင်ပေကို တွန်းထုတ်လိုက်၏

သူ တွန်းထုတ်လိုက်သည့် ခဏမှာပင် ကျန်းရှောင်ပေက လှုပ်ရှားလိုက်ပြီး သူ့ကို လှမ်းဖမ်းလိုက်လေသည်။

ကောရွှေအသည်းအသန် ရုန်းကန်နေစဉ်အတွင်း ကျန်းရှောင်ပေက ကောရွှေ၏ ဘောင်းဘီကို ဆွဲမိသွား၏။

ဗြိ..

အသံကျယ်ကျယ် တစ်ခုနှင့်အတူ ကောရွှေ၏ ဘောင်းဘီက ကျန်းရှောင်ပေ၏ ဆွဲဖြဲမှုကြောင့် တစ်စစီ ဖြစ်သွားတော့သည်။

ကျန်းရှောင်ပေ၏ ပထမအကြိမ် တိုက်ခိုက်မှုမှာ လွဲချော်သွားသော်လည်း သူမက ကောရွှေထံသို့ ထပ်မံ၍ ခုန်အုပ်လိုက်ပြန်၏။

ယခုတစ်ကြိမ်တွင် ကျန်းရှောင်ပေသည် ကောရွှေ၏ အဓိကအရင်းအမြစ်ကို အမိအရ ဆုပ်ကိုင်လိုက်လေတော့သည်။

“အား...”

“လွှတ်စမ်း”

ကောရွှေ အလွန်အမင်း ထိတ်လန့်သွားသည်။

အကယ်၍ ထိုပစ္စည်းသာ မရှိတော့ပါက သူ့အနေဖြင့် မိသားစုလုပ်ငန်းကို ဆက်ခံရန် အခွင့်အရေး မရှိတော့ရုံသာမက အမျိုးသမီးများနှင့်လည်း ပျော်ပါးနိုင်တော့မည် မဟုတ်ပေ။

ချက်ချင်းဆိုသလိုပင် ကောရွှေ၏ မျက်နှာက သေလုမြောပါး ဖြူဖျော့သွားတော့သည်။

ကောရွှေ၏ ကြောက်ရွံ့ခြင်းလယ်ဗယ် - +၅၀၀၀!

“မင်းတို့ ဘာရပ်ကြည့်နေတာလဲ၊ ငါ့ကို မြန်မြန် လာကယ်ကြဦး”

ကောရွှေက သူ၏ အဖိုးတန် အင်္ဂါအစိတ်အပိုင်းကို အသည်းအသန် ကာကွယ်ရင်း ထိတ်လန့်စွာ ရပ်တန့်ရနေသော ကျောင်းသားများကို အော်ဟစ်ခိုင်းစေလေသည်။

အခြားကျောင်းသားများမှာ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြသော်လည်း မည်သူမျှ ရှေ့သို့ မတိုးဝံ့ကြပေ။

ဆန့်ကျင်ဘက်အနေဖြင့် ကျန်းရှောင်ပေ၏ ဆုပ်ကိုင်ထားမှုကသာ ပို၍ပင် တင်းကြပ်လာခဲ့၏။

ကောရွှေ၏ ကြောက်ရွံ့ခြင်းလယ်ဗယ် - +၁၀၀၀၀!

ကောရွှေ၏ ကြောက်ရွံ့ခြင်းလယ်ဗယ် - +၂၀၀၀၀!

…

ယောင်ပင်းသည် သူ၏ မျက်နှာပြင်ပေါ်ရှိ ကြောက်ရွံ့ခြင်းတန်ဖိုးများက ငါးသောင်းကျော်အထိ ထိုးတက်သွားသည်ကို တွေ့လိုက်ရသည်။

အကယ်၍ ကောရွှေသာ နောက်ထပ် ခဏမျှ ထပ်၍ ခံနိုင်ရည်ရှိမည်ဆိုပါက ယောင်ပင်း၏ ကြောက်ရွံ့ခြင်းတန်ဖိုး တစ်သိန်းကို အမှန်တကယ် ရရှိတော့မည်ပင်။

“ယောင်ပင်း... မြန်မြန်... ငါ့ကို ကယ်ပါဦး”

အလွန်အမင်းထိတ်လန့်နေသော ကောရွှေက အံသွားများကို တင်းတင်းကြိတ်ကာ ယောင်ပင်းထံသို့ အရှက်မရှိ အကူအညီ တောင်းခံလိုက် ရလေတော့သည်။

ဤအခိုက်အတန့်တွင် ကောရွှေမှာ နောင်တများဖြင့် ပြည့်နှက်နေရသည်။

သေစမ်း... သိက္ခာဆယ်ဖို့နဲ့ ကြွားဖို့ လုပ်မိတဲ့အတွက်ကြောင့် ဒီလိုဒုက္ခမျိုးနဲ့ ကြုံရတယ်လို့!

အကယ်၍ ကျန်းရှောင်ပေသာ သူမ၏ လက်ကို အနည်းငယ်မျှ ထပ်ညှစ်လိုက်ဦးမည်ဆိုပါက သူ၏ ယောက်ျားဘဝမှာ လုံးဝ ပြီးဆုံးသွားပေလိမ့်မည်!

အလွန်အမင်း ကြောက်လန့်နေစဉ်အတွင်း ကောရွှေက သူ၏ ပေါင်ကြား၌ ပူနွေးမှုကို ခံစားလိုက်ရပြီး ပြင်းထန်လွန်းသော ဆီးနံ့ကြီးမှာလည်း စာသင်ခန်းအတွင်းသို့ ချက်ချင်း ပျံ့နှံ့သွားတော့သည်။

*

ဆီးနံ့ကို ရရှိလိုက်ကြသော ကျောင်းသားများမှာ ရုတ်တရက် သဘောပေါက်သွားကြသည်။

ဟိတ်ဟန်ကြီးလှသော သခင်လေး ကောရွှေက အမှန်တကယ်ပင် ကြောက်လန့်ပြီး ဆီးထွက်ကျသွားခဲ့ချေပြီ။

ဤသည်မှာ အလွန်ပင် အရှက်ရဖွယ် ကောင်းလှချေပေ၏။

ကောရွှေသည်လည်း ရှက်စရာကောင်းကြောင်း သိထားသော်လည်း သူ၏ ယောက်ျားဘဝ အသက်သွေးကြောမှာ ကျန်းရှောင်ပေ၏ လက်ထဲတွင် ရောက်ရှိနေသဖြင့် အလျှော့ပေးရန်မှလွဲ၍ အခြားရွေးချယ်စရာ မရှိနေခဲ့ပေ။

သူသည် သိက္ခာကို ဂရုမစိုက်နိုင်တော့ဘဲ သူ အမြဲတစေနှိမ့်ချကာ ပုရွတ်ဆိတ်လိုကောင်ဟု ခေါ်ဝေါ်ခဲ့သော ယောင်ပင်းအား အရှက်မရှိ အကူအညီ တောင်းခံရတော့သည်။

မည်သို့ပင်ဖြစ်စေ သူ၏ အဖိုးတန်အင်္ဂါကို အရင်ဆုံး ကယ်တင်ရမည် မဟုတ်ပါလား။

ဆုံးရှုံးသွားသော သိက္ခာကိုတော့ တစ်နေ့တွင် ပြန်လည်ရယူမည်ဟု သူတေးထားခဲ့သည်။

ယောင်ပင်းက နှာခေါင်းရှုံ့လိုက်လေသည်။

အမြဲတမ်း မောက်မာလွန်းသော ကောရွှေက ယခုအချိန်တွင် မတတ်သာ၍သာ အကူအညီ တောင်းခံနေခြင်းဖြစ်ကြောင်းကို သူ မသိဘဲ မနေပါချေ။

ဤနေရာမှာ စာသင်ခန်း ဖြစ်သဖြင့် ယောင်ပင်းသည်လည်း တစ်စုံတစ်ဦး သေဆုံးသွားသည်အထိ လွှတ်ထား၍ မရနိုင်ချေ။

သို့သော်လည်း ကောရွှေကို ပညာပေးရန်ကတော့ လွယ်ကူလှပေသေး၏။

ယောင်ပင်းက စတိုးဆိုင်အတွင်း၌ ရှာဖွေပြီး သူ၏ ကြောက်ရွံ့ခြင်းတန်ဖိုးများကို အသုံးပြုကာ “တစ္ဆေထိန်းချုပ် အဆောင်လက်ဖွဲ့” တစ်ခုကို ဝယ်ယူလိုက်သည်။

ထို့နောက် ၎င်းကို ထုတ်ယူ၍ ကျန်းရှောင်ပေ၏ နဖူးပေါ်သို့ လျင်မြန်စွာ ကပ်လိုက်ပြီး ကောရွှေအား ပြောလိုက်သည်။

“ငါ မင်းကို ကယ်ပေးနိုင်တယ်၊ ဒါပေမဲ့ မင်း အချက်နှစ်ချက်ကို သဘောတူရမယ်၊ ပထမအချက်က ရှောင်ပေနဲ့ လမ်းခွဲရမယ်၊ ဒုတိယအချက်က ငါ့ကို တောင်းပန်ရမယ်”

ကောရွှေက ပျာပျာသလဲ သဘောတူလိုက်သည်။

“ကောင်းပြီ၊ ကောင်းပြီ၊ ငါသဘောတူတယ်၊ မင်း... မင်း ငါ့ကို မြန်မြန် ကယ်စမ်းပါ”

ယခုအချိန်တွင် သူ၏တန်ဖိုးကြီးအစိတ်အပိုင်းကို ကယ်တင်နိုင်မည်ဆိုလျှင် အချက်နှစ်ဆယ်ဖြစ်လျှင်ပင် သူ သဘောတူလိမ့်မည်။

ယောင်ပင်းက ခေါင်းငြိမ့်ပြလိုက်သည်။

“ကောင်းပြီ၊ မင်း နောက်ဆုတ်လို့ ရပြီ”

ကောရွှေက မယုံကြည်နိုင်သော မျက်နှာထားဖြင့် မေးလိုက်၏။

“ဒါပဲလား”

ကောရွှေ သံသယဖြစ်သည်က မဆန်းပေ။

ကောရွှေနှင့် အခြားအတန်းဖော်များ၏ အမြင်တွင်တော့ ယောင်ပင်းက ကျန်းရှောင်ပေ၏ နဖူးကို ရိုးရိုးလေး ရိုက်လိုက်သည်ဟုသာ မြင်တွေ့ရခြင်း ဖြစ်ပေသည်။

ဤမျှဖြင့် ကျန်းရှောင်ပေကို အမှန်တကယ် နှိမ်နင်းနိုင်ပါမည်လား။

သို့သော် ကောရွှေက ချက်ချင်းပင် ယုံကြည်သွားရသည်။

ယောင်ပင်းက သာမန်ကာလျှံကာ ရိုက်လိုက်ပြီးနောက်တွင် မတိုင်ခင်က ကြောက်မက်ဖွယ်ကောင်းနေသော ကျန်းရှောင်ပေက ချက်ချင်းပင် တောင့်ခဲသွားပြီး မလှုပ်မယှက်တော့ဘဲ ရပ်တန့်သွားခဲ့သည်မဟုတ်ပါလား။

ကောရွှေ သက်ပြင်းချနိုင်ပေပြီ။

သူသည် ထိတ်လန့်တုန်ယင်လျက် ခြေလှမ်းအနည်းငယ် ဆုတ်ခွာလိုက်ပြီး သူ၏ ယောက်ျားဘဝကို ကယ်တင်နိုင်ခဲ့သည်။

ထို့နောက်တွင် ကောရွှေက ကျောခိုင်းကာ စာသင်ခန်းထွက်ပေါက်ဆီသို့ ပြေးထွက်သွားတော့၏။

“ရပ်လိုက်စမ်း”

ယောင်ပင်းက အေးစက်စွာ ပြောလိုက်သည်။

“မင်း ငါ့ကို ကတိပေးထားတဲ့ အချက်တွေကရော ဘယ်လိုလဲ”

ကောရွှေ ကတိဖျက်မည်ကို ယောင်ပင်းက ကြိုတင်တွေးဆထားပြီး ဖြစ်သဖြင့် နောက်ထပ် အစီအစဉ်ကို ပြင်ဆင်ထားပြီး ဖြစ်ပေသည်။

ကောရွှေက လူကျင့်ဝတ်ကို မသိနားမလည်သဖြင့် သူကိုယ်တိုင် သင်ခန်းစာ ပေးရလိမ့်မည်။

ယောင်ပင်း ပြောဆိုပြီးသည်နှင့် အေးစက်သောအသံတစ်ခုက ကြားဖြတ်နှောင့်ယှက်လိုက်သည်။

“သူက မင်းကို ဘာကတိတွေ ပေးထားလို့လဲ”

ချက်ချင်းပင် အတန်း(6)၏ တံခါးဝ၌ လူရိပ်တစ်ခု ပေါ်လာပေသည်။

အတန်းထဲရှိ ကျောင်းသားများ အားလုံး ထိတ်လန့်သွားကြလေသည်။

ရောက်ရှိလာသူမှာ ကျောင်းစည်းကမ်းထိန်းသိမ်းရေးဌာနမှ ဒါရိုက်တာရန်ပိုင်ရှင်း ဖြစ်နေခဲ့သည်။

ပို၍ အရေးကြီးသည်မှာ ရန်ပိုင်ရှင်းသည်က ကောရွှေ၏ ဦးလေးအရင်း ဖြစ်နေလေ၏။

ရန်ပိုင်ရှင်းသည်က သူ၏လူကို အလွန်အမင်း အကာအကွယ်ပေးတတ်သူဖြစ်ကြောင်း ပင်းဟိုင်ကျောင်းသားများ အားလုံး သိထားကြသည်။

ကောရွှေက သူတစ်ပါးကို ဗိုလ်ကျလျှင် သူက ပြေလည်အောင် ဖြေရှင်းပေးတတ်သော်လည်း တစ်စုံတစ်ဦးက ကောရွှေကို ဗိုလ်ကျလျှင်တော့ ရန်ပိုင်ရှင်းသည် ထိုသူကို လွှတ်ပေးမည်မဟုတ်ချေ။

ယခင်က ကောရွှေကြောင့် ကျောင်းထုတ်ခံခဲ့ရသော ကျောင်းသားများမှာ ရန်ပိုင်ရှင်းနှင့် အနည်းနှင့်အများ ပတ်သက်သည်ဟု ပြောနိုင်သည်။

ယောင်ပင်းအတွက် အန္တရာယ်ရှိနေပြီပင်။

All Chapters